Tuesday, December 17, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

(Kachin Duwa)

အန်အယ် ဒီပါတီကို အားပေး နေတဲ့ သာမန် လူငယ် တော်တော် များများဟာ အခြေခံ ဥပဒေ ပြင် ဆင်ရေးသည် ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်း တင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေ က ဒီအချက် ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြ ဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင် ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာ တာ တွေ့ရပါတယ်။

Monday, December 16, 2013

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉)

(မိုးမခ)



အောင်ဒင် ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၄၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃)
 
(၆) အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များအစည်းအဝေး

လိုင်ဇာညီလာခံက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဟာ နိုဝင်ဘာလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က အရာရှိများအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး တို့ပါဝင်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ခေါင်းဆောင်ပါတယ်၊