Friday, December 6, 2013

မြစ်​ဆုံ ​စီ​မံ​ ကိန်း ​ပြန်​စ ​နိုင်​ ဟု ​လွှတ်​တော် ​ကော်​မ​တီ​ ဥ​က္က​ဋ္ဌ ​ပြော

(DVB)


လာ​မယ့်​  ၂၀၁၅ ​မှာ ​တက်​လာ​မယ့် ​သ​မ္မ​တ ​လက်​ထက်​ကျ​ရင် ​ရပ်​နား​ထား​တဲ့​  ​မြစ်​ဆုံ​စီ​မံ​ကိန်း​ကို ​နည်း​လမ်း​ရှာ​ပြီး ​ပြန်​လုပ်​လို့​ရ​ကြောင်း ​ပြည်​သူ့​လွှတ်​တော် ​သ​ယံ​ဇာ​တ​နဲ့ ​ပတ်ဝန်း​ကျင် ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​ဥ​က္က​ဋ္ဌ​က ​တ​ရုတ်​အ​စိုး​ရ ​ကိုယ်​စား​လှယ်​အ​ဖွဲ့ ​တ​ဖွဲ့​ကို ​ပြော​ကြား​လိုက်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ​လ​ထဲ ​တ​ရုတ်​ပြည်​သူ့ ​သ​မ္မ​တ​နိုင်​ငံ ​သ​ဘာဝ​ပတ်ဝန်း​ကျင်​နဲ့ ​သ​ယံ​ဇာ​တ ​ထိန်း​သိမ်း​ရေး​ကော်​မ​တီ​အ​ဖွဲ့​၀င်​တွေ ​နေ​ပြည်​တော်​လွှတ်​တော်​ရေး​ရာ ​ကော်​မ​တီ​ရုံး​ခန်း​ကို ​လာ​ရောက်​စ​ဉ် ​ပြော​လိုက်​တာ​လို့ ​တွေ့​ဆုံ​ပွဲ​တက်​ရောက်​ရာ​မှာ ​ပါဝင်​သူ​တ​ဦး​ဖြစ်​တဲ့ ​ဥ​တ္တ​ရ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဦး​မင်း​သူ​က ​ပြော​ပါ​တယ်။

လမ်းလျှောက်ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချမှုအပေါ် ကန့်ကွက်

(RFA)

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသူတွေကို ပုဒ်မ ၁၈ နဲ့ ထောင်ချအရေးယူတာကို ကန့်ကွက်ရှုံ့ချတယ်ဆိုပြီး လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရန်ကုန်မြို့၊ စမ်းချောင်း မြေနီကုန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မတရားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူနေတာတွေကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ကိုထက်အောင်လင်းက ပြောပါတယ်။

ခရစ္စမတ် ကို တော်လှန်ရေး အမြင်ဖြင့် ရှုမြင်ခြင်း

(Kachin Duwa)

တော်လှန်ရေး ဆိုတာ ဖိနှိပ်သူ လူတန်းစား ရှိနေလို့ ဖြစ်လာ ရတာချည်းပါ။

ဒါကြောင့် ဖိနှိပ်သူ လူတန်းစား ရှိနေသမျှ တော်လှန်ရေး ဆိုတာလဲ ရှိနေအုံးမှာပဲ။

ဖိနှိပ်သူ လူတန်းစား ဆိုတာလဲ ပုံစံအမျိုးမျိုးပြောင်းတတ်ကြပါတယ်။ ဒါကြောင့် တချို့က တော်လှန်ရကောင်းမှန်းတောင် မသိလိုက်တာတွေအများကြီးပါ။

ဥပမာ...

TNLA ၏ယမာန်နေ့ တိုက်ပွဲတွင် ဖွဲ့စည်းပုံပျက် လောက်အောင် အစိုးရတပ်ဖွဲ့ များ ထိခိုက်နိုင်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲ ကျေးရွာအုပ်စုရှိ နမ့်လိတ် တောင်တန်း၌ ယမာန် နေ့က ဖြစ်ပွားခဲ့သော (၄)နာရီကြာ တိုက်ပွဲတွင် အစိုးရတပ်များ ဖွဲ့စည်းပုံ ပျက်မတတ် ထိခိုက်ခဲ့သည် ဟု တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

 “ အခုထိ အဲဒီနေရာမှာ ၀ပ်နေတုန်းဘဲ။ မဆုတ်သေးဘူး။ တက်လဲ မလာဘူး။တက်လာ မလားဆိုပြီးတော့ ကျနော် တို့က စောင့်နေသေးတယ်။ ငြိမ်နေတာဘဲ။ ကြည့်ရတာ သူတို့ဖက်ကဖွဲ့ စည်းပုံ ပျက်မတတ် ထိထားပုံရတယ်။ ပြီး တော့ စစ်ကူလည်း ဒီနေ့ ရောက်မ လာဘူးဆိုတော့မပြောတတ်ဘူး၊ မဟုတ်ရင်  ဒီည စစ်ဆင်လာ နိုင်မလားမပြော တတ်ဘူး စောင့်ကြည့်ဦးမယ်။ဟု ဆိုပါသည်။

စစ်ဆင်ရေး ပြင်ဆင်နေမှု အပေါ် (KIA) တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်နှင့် ဆက်သွယ် မေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ် လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၃) လက် အောက်ခံ တပ်ရင်း (၁၂)ဧရိယာတွင် (၃) ရက်ခန့် တိုက်ပွဲများ ရပ်တန့်နေ ပါသည်။ ပြီးခဲ့ သည့် အောက်တိုဘာလ ဆန်းကတည်းက ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အစိုးရ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ နည်းဗျူဟာ များက စစ်ဆင်နေခဲ့ခြင်း ဖြစ် ပါသည်။

ဤစစ်ဆင်ရေးကို နေပြည်တော်မှ ကကကြည်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ ဦးဆောင်ပြီး ကန့်သတ်စစ် ဆင်ရေးမျိုးကို ဆင်နွှဲနေကြောင်း ဖမ်းမိသော စစ်သုံ့ပန်း တဦးက (KIA) အား ပြောကြားခဲ့ပါသည်။

အစိုးရတပ်နှင့် ကေအိုင်အေ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေ

အစိုးရ တပ်နှင့် ကေအိုင်အေ တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒပြ ခဲ့သူနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်

(RFA)

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသူတွေထဲက ကိုရန်နိုင်ထွန်းနဲ့ ကိုအောင်မင်းနိုင်တို့ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ပုဒ်မ ၁၈၊ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပါတယ်။

သူတို့လမ်းလျှောက်စဉ်က ဖြတ်လျှောက်သွားတဲ့ မြို့နယ် ၇ မြို့နယ်အတွက် ထောင်ဒဏ် ၇ လ (သို့မဟုတ်) ငွေဒဏ် ၇ သောင်းပေးဖို့ ရွေးချယ်ခွင့်ပေးခဲ့ ပါတယ်။
ဒါပေမဲ့ ငွေဒဏ်ကို လက်မခံခဲ့ဘူးလို့ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ မနီလာအောင်က ပြောပါတယ်။

လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ

(Eleven Media Group)

ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအနက် နှစ်ဦးကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င် ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန် ချမှတ်ခဲ့ပြီး ပျက်ကွက်ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် မြို့နယ်တရားရုံး ခုနှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ကျခံရန် အမိန့်ချမှတ်မှုကို ငြိမ်းချမ်းရေး လမ်းလျှောက်သူ နှစ်ဦးဖြစ်သည့် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်က မိမိတို့တွင် အပြစ်မရှိဟု ခံယူသဖြင့် ငွေဒဏ်အမိန့်ကို ပေးဆောင်ခြင်း မပြုခဲ့ပေ။ သို့ဖြစ်၍ တရားရုံး၏ အမိန့်ကို ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဦးစီ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် ခုနှစ်လကို ကျခံရမည်ဖြစ်သည်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန်ဖွရွာမှ ရွာသား ၂၀ ကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်းကို KIO ဗဟိုက မသိရှိသေးကြောင်း တုံ့ပြန်

(Eleven Media Group)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိ မန်ဖွကျေးရွာမှ ရွာသား ၂၀ ဦးကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်း ကို KIO ဗဟိုက မသိရှိရသေးကြောင်း သိ ရှိရပါသည်။

" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့ KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ဆီရောက်တာ မရှိသေးဘူး " ဟု KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

Thursday, December 5, 2013

တိုက်ပွဲပြင်းထန်သဖြင့် နမ့်လိတ်တောင်မှ TNLA တပ်ပေါင်းများ ဆုတ်ခွာ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့  ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

တိုက်ပွဲက ပြင်းထန်တယ်။  နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။ တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့ဟုဆိုပါသည်။

ကေအိုင်အေတပ်ရင်း (၈) ဒေသ နမ်လက်ဘွမ်တွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုင်အစိုးရ ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၈) ဒေသဖြစ်သော နမ်လက်ဘွမ်တွင် ဒီဇင်ဘာ (၄) ရက် နေ့လည် (၁၂း၃၀) နာရီ အချိန်မှ ညနေပိုင်းအထိ ကေအိုပ်အေ တပ်ရင်း (၈) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ ခမရ (၅၀၅) တပ်ရင်းများတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ရှမ်းပြည် မြောက်ပိုင်းဒေသများသို့ စစ်အင်းအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။

ကေအိုင်အေ တပ်မဟာ (၄)၊ တပ်ရင်း (၂) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုအစိုးရ ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၂)  ဒေသဖြစ်သော ဂျောန်မျန်ဘွမ်တွင် ကေအိုင်အေ တပ်ရင်း (၂) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခလရ (၁၂၇) တို့ ဒီဇင်ဘာ (၄) ရက်မနက် (၁၀း၃၀) နာရီ အချိန်ခန့်တွင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်မှာ ဦးတေဇ လုပ်သမျှ KIA စောင့်ကြည့်နေ

(Irrawaddy)

ကချင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ဆောင်နေ သည့် ဦးတေဇ အား ဒေသခံ လူထုအကျိုး၊ က ချင်ပြည်နယ် အကျိုးများနှင့် ပါတ်သက် ၍ စေတနာ ထား လုပ်ဆောင်ခြင်းများ ရှိ၊ မရှိ KIA က စောင့်ကြည့်နေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုလိုက်သည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန် အစိုးရစစ်တပ်အား ငွေကြေးနှင့် အခြားလှူဒါန်းမှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုများ လုပ်ဆောင်ခဲ့ခြင်းအပေါ် မနှစ်သက်ကြောင်း ရန်ကုန် ခရီးစဉ်အတွင်း ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်း ပြန်စလိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ရှိနေ

(Mizzima)

အများပြည်သူ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ခြင်းများမပြုရန် တားမြစ် ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယင်းကာလနောက်ပိုင်း ပြန်လည်အသက်သွင်းလိုသူများ လွှတ်တော်အတွင်း၌ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးရက်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ နိုဝင်ဘာ ၄ ရက် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘောထားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Wednesday, December 4, 2013

ဆီးဂိမ်းတွေ စိတ်ဝင်စားနေချိန် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာTNLA , KIO အဖွဲ့နဲ့ တိုက်ပွဲပြင်းထန်

(4.12.2013) ရက်နေ့ မြန်မာတပ်မတော် (ခလရ- ၁၂၃၊ ၁၄၃) နှင့် (၂၉၀) ပူးပေါင်းစစ်ကြောင်းတို့သည်
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲအုပ်စု နမ့်လိတ်တောင်တန်းတွင် ပျောက်ကျား အခြေစိုက်နေသော တအန်းတပ်မတော် တပ်ရင်း (၁၁၂) နှင့် ကချင်တပ်မတော် တပ်ရင်း( ၈) တို့၏ တပ်စခန်းများအား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် နေ့လည် ၁၂း၃၀ နာရီခန့်မှ ၁၃း၃၀ နာရီ ခန့်အထိ နှင့် ယခုညနေ (၁၆း၀၀ ) နာရီမှပြန်လည် စ တင် ထိုးစစ်ဆင်သဖြင့် ဆက်လက် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်နှင့် ကချင်ပူးပေါင်းတပ်ဖွဲ့အား အစိုးရတပ်မှ ပြင်းထန်စွာစစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ပူးပေါင်းတပ် များသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေး ရွာအုပ်စု နမ့်လိတ် တောင်တန်းတွင် လှုပ်ရှားနေသော ပလောင်နှင့် ကချင်တပ်ဖွဲ့များ အား ယနေ့ နေ့လည်မှစပြီး စတင် ထိုးစစ်ဆင် ခဲ့ရာတိုက်ပွဲ နှစ်ကြိမ် ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်ဟု ရှေ့တန်းရောက် တအာင်း တပ်မှူး တဦးက ဆိုပါသည်။

တိုက်ပွဲကတော့ နေ့လည် နေ့လည် (၁၂း၃၀) နာရီကနေ (၁၃း၃၀) နာရီအထိ တကြိမ်နဲ့ တခါညနေ (၁၆း၀၀)နာရီ ကနေ ဆက်ဖြစ်ပြန်တယ်။ နေ့လည် ပွဲကတော့ နေ့လည် (၁၂)နာရီက စပြီးတော့ သူတို့က ပလောင်နဲ့ ကချင်တပ်တွေ ရှိတဲ့ နေရာကို မှန်းပြီး လက်နက်ကြီးနဲ့ တလစပ် မနားတမ်း အရင်ပစ် တယ်။ ပြီးတော့မှ နာရီဝက်အကြာမှာမှ တောင်ကုန်းကို တက်ထိုးတာ ပေါ့နော်။ အဲဒါနဲ့ ၁၂နာရီခွဲ လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ ရှေ့ထွက်မိုင်းတွေ ကွဲသံကြားတယ်၊ အဲဒါနဲ့ ချက်ချင်း အသံတိတ် ကုန်တာဘဲဟု ဆိုပါသည်။

ဖက်ဒရယ် တပ်မတော်အတွက် ပြုပြင် ပြောင်းလဲရေး နည်းလမ်းများ လေ့လာ

(ရွှေဟင်္သာသတင်းဌာန)

ညီ ညွတ်သော တိုင်း ရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) သည် အခြား အဖွဲ့ဝင် များနှင့် အတူ Security of Sector Reform ဟူ သည့် လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေရာ တွင်ပြီးခဲ့သည့် ဒီဇင်ဘာ (၂)ရက်နေ့က စတင်လေ့လာပြီး (၃)ရက်ကြာ အမြင်ချင်းဖလှယ် ကြမည်ဟု ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာမှ ဆိုပါသည်။

ပေးတဲ့ ပညာရှင် အဖွဲ့ကတော့ အင်္ဂလန် အခြေစိုက်အဖွဲ့ပါ။ သူတို့အဖွဲ့က( UNFC) အဖွဲ့ဝင်တွေကို အိုင်ယာလန် နိုင်ငံကို ပို့ပေးတဲ့ အဖွဲ့ပေါ့။ အိုင်ယာလန်နဲ့ အင်္ဂလန်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာနိုင်ဖို့နဲ့ ရလာဒ်ကောင်းအပေါ် သုံးသပ်နိုင်အောင် စီစဉ်ပေးတဲ့ အဖွဲ့ကနေ ကမကထ လုပ်နေတာပါဟု ဆိုပါသည်။

အောင်မြင်သာဒေသခံများ မြစ်ဆုံဒေသတွင် အခြေချမနေထိုင်ရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးလာရောက်ပြောကြား

(Kachinwaves)

အောင်မြင် သာဒေသခံ များ မြစ်ဆုံဒေသ သို့ ပြန်လည်နေထိုင်ခြင်း ရှိမရှိ မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးပြီး ပြန်လည် အခြေချနေထိုင် သူများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲ ဆိုနိုင်ကြောင်း တန်ဖရဲ (မြစ်ဆုံ)ကျေးရွာ တွင် ပြန်လည်နေထိုင် ကာလုပ်ကိုင်စားသောက်နေ သည့် ဒေသခံများ အားပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် လာရောက်စစ်ဆေးချိန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခင်းဗျားတို့ကိုနေစရာနေရာပေးထားပြီးပြီ။ ဒီမှာနေလို့မရတော့ဘူး”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားကြောင်းအောင်မြင်သာဒေသခံတစ်ဦးမှဆိုသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ကချင်ပြောက်ကျား စစ်သည် များ၏ ဖက်ဆစ် ဂျပန် တော်လှန်ရေး

(Lachid Kachin)
(ဆောင်းပါး — မတ် ၁၄၊ ၂ဝ၁၃-အားပြန်လည်ဖေါ်ပြပေးလိုက်သည်။)


ကချင်လူမျိုးများသည် ပထမတန်းစား စစ်သည်များ (Kachins were the first class warrior) ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်တွင် ရေးသားလေသည်။ ထို့အတူ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်အတွင်း အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော ဖလက်ချာ ကလည်း ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) ဟူ၍ လည်းကောင်း၊ ဗြိတိသျှ ကချင်လေဗီးစ်တပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များဟု ရေးသားလေသည်။ ထို့ပြင် ကိုလိုနီခေတ် ရန်ကုန် တက္ကသိုလ် နောက်ဆုံး ပါမောက္ခချုပ် Hugh Tinker ကလည်း ဗိုလ်ချုပ်အောင်ဆန်း ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရာတွင် တရုတ်နယ်စပ်အရေး အတွက် လိုအပ်သော စစ်သည်များအဖြစ် အကူအညီ ရယူနိုင်ရန် ကချင်များအား ဖက်ဒရယ် ပြည်ထောင်စုတွင် ပါဝင်ရန် အတွက် စည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု …… အမည်ရှိသူ၏ စာအုပ်တွင် ရေးသားလေသည်။

ကချင်ပြည်နယ်တွင် လူအခွင့်အရေးနေ့ ဟောပြောပွဲကျင်းပမည်

(Jinghpawkasa)

ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် နိုင်ငံတကာ လူအခွင့်အရေးနေ့ အခမ်းအနား အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူအခွင့်အရေးချိုးဖောက် ချိုးဖောက်ခံရမှု အမြင့်ဆုံးဟုဆိုနိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထု ဟောပြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

အဆိုပါဟောပြောပွဲအား ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ မှ ပူပေါင်းပြီး ကချင်ပြည်နယ်မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်သည်။

Tuesday, December 3, 2013

တွေ့ဆုံ ဆွေးနွေးရေး ဖိတ်ကြားခြင်း နှင့် အစိုးရ တပ်အင်အား တိုးချဲ့ချထားမှု

(ရွှေဟင်္သာသတင်းဌာန)

ဒီဇင်ဘာလ အတွင်း တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ ကမ်းလှမ်း နေချိန်တွင် ပလောင်ဒေသ၌ အစိုးရစစ်အင်အား တိုးချဲ့ ချထားလျှက်ရှိ ကြာင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းက ဆိုပါသည်။

နမ့်ဆမ်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာ ဆိုရင် အရင်က တမြို့နယ်ကို တပ်ရင်း ()ရင်း ချထားရာကနေ အခု () ရင်း အထိ တိုးလာနေတယ်။ ပေါင်းလိုက်ရင် အနဲဆုံး (၁၅)ရင်းလောက်ကို တိုးထားတာ တွေ့ရတယ်။ တဖက်မှာလည်း အချိန်အားတာနဲ့ အစိုးရ ငြိမ်းချမ်းရေး စင်တာနဲ့ ကျနော်တို့ တွေ့ဖို့ ပြောထား တာရှိတယ်ဟု ဆိုပါသည်။

ပန်ဝါအထက် တရုတ်ဖက်ခြမ်းရှိ ဖရဲခက်ဒုက္ခသည်စခန်းကို တရုတ်အာဏာပိုင်များရွှေ့ခိုင်း

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဝိုင်းမော်မြို့နယ် ပန်ဝါအထက်  မှတ်တိုင်အမှတ် (၆) တရုတ် နယ်စပ်ရှိ ဖရဲခက် (Hpare Hkyet) စစ်ပြေး ဒုက္ခသည်စခန်းကို တရုတ်အစိုးရအာဏာပိုင်များက တိုက်ပွဲများငြိမ်သက်လာပြီ ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်း နေကြောင်း သိရသည်။

မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) စစ်ပြေးဒုက္ခသည်စခန်းသည် တရုတ်ပြည်ဘက်ခြမ်းတွင်ရှိပြီး ယခုချိန် ရာသီဥတုများအေးခဲနေချိန် ၎င်းမှတ်တိုင်စခန်းမှ ၁ မိုင်ခန့်အကွာတွင်ပြောင်းရွှေ့ထားရသောကြောင့် အခက်ခဲများရှိသည်ဟု ဒုက္ခသည်များပြောသည်။

နေရပ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ အစီ အစဉ်မှာ မြန်မာ အစိုးရက မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးကြမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာနဲ့ တသဘောတည်း ရပ်တည်ကြမယ် စသဖြင့် ညှိနှိုင်းဆွေးနွေးနေကြပေမယ့် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကတော့ အလှမ်းဝေးနေသေးတယ်လို့ ကချင်နှစ်ချင်းအဖွဲ့ချုပ်က သုံးသပ်ပါတယ်။ ဗွီအိုအေ မြန်မာသတင်းဌာနမှ ကိုသားညွှန့်ဦး က ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Samson Hkalam ကို တွေ့ဆုံမေးမြန်းထားပါတယ်။
 

နှစ် နှစ်ကျော်အတွင်း ပထမဆုံးအနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်း တစ်ခုမှ ဒုက္ခသည်များ မိမိတို့ဆန္ဒဖြင့် နေရပ်ပြန်

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၀န်သိုဘုန်းကြီးကျောင်း အတွင်း နှစ်နှစ်နီးပါးကြာ စစ်ရှောင်နေသော တာလောကြီးတိုက်နယ် စံကင်းကျေးရွာမှ ရွှေ့ပြောင်း ဒုက္ခသည်များသည် ပထမဆုံး အနေဖြင့် ဒီဇင်ဘာ ၂ ရက်က နေရပ်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

နေရပ်သို့ ပြန်လည်ပြောင်းရွှေ့သည့် အစီအစဉ်မှာ အစိုးရနှင့် ကေအိုင်အိုတို့၏ ညှိနှိုင်းမှုကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းဒုက္ခသည်တို့၏ ဆန္ဒအရ ပြည်နယ်အစိုးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြကာ လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် နေရပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, December 2, 2013

KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခြင်း

(Mizzima)

တရုတ် -မြန်မာနယ် စပ် လိုင်ဇာမြို့တွင် အခြေစိုက်ထားသည့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်သည် ခုနစ်နှစ်ကြာ ကာလအတွင်း ပြီးခဲ့သည့်နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဘုံသဘောတူညီချက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲရေး မူကြမ်းအပေါ် သုံးသပ်ရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ် ငြိမ်းချမ်း ရေးဆိုင်ရာများ၊ တိုင်းရင်သားများ၏ လိုလားချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွန်မော်နှင့် တွေ့ဆုံ မေး မြန်းထားသည်များကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သမ္မတသုံးသပ်ချက် လက်တွေ့နှင့်ကွဲပြားနေဟု တိုင်းရင်းသားအချို့ဆို

(Mizzima)


ပြည်တွင်းငြိမ်း ချမ်းရေး လုပ်ငန်း စဉ်များနှင့် ပတ်သက် ၍ အောင်မြင်သည့် အဆင့်ကို ရောက်နေပြီ ဟု နိုဝင်ဘာ ၃၀ ရက်မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်ပြောကြား သည့်အပေါ် လက်တွေ့ အခြေအနေများနှင့် ကွဲပြားမှုရှိနေသည်ဟု တိုင်းရင်းသား အဖွဲ့အချို့ဘက်မှ တုံ့ပြန်ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုင်းရင်းသားတို့ဘက်မှ လက်ရှိလုပ်ငန်းစဉ်သည် ဆက် လက် ဆွေးနွေးညှိနှိုင်းရန် များစွာလိုအပ်နေသည့် အနေအထားတွင်ပင်ရှိနေပြီး လတ်တလော ပထမ အဆင့်သာရှိသေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းတွင် ပင် နှစ်ဖက်စလုံး၏ မူကြမ်းများမှာ အခြေခံအားဖြင့် ကွဲလွဲနေသည်ဟု ဆိုကြသည်။

KIA တပ်ရင်း(၁၂)ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း(၁၂) တပ်ဖွဲ့များသည် ကချင်ပြည်နယ်မံစီမြို့နယ်၊ နန့် လင်းပါ ကျေး ရွာ၌ တပ်စွဲထားသည့်  ဗန်းမော်အခြေစိုက် အစိုးရနည်းဗျူဟာ (၁) တပ်ဖွဲ့များအား ယမာန်နေ့ မနက် (၇)နာရီခွဲတွင် မိနစ် (၃၀)ခန့် ၀င် ရောက်တိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း(၁၂)မှူး ဗိုလ်းမှူး ဂျွန်းအာင်က ဆိုပါသည်။
 
သူတို့က နယ်မြေ စိုးမိုးရေး အတွက် စစ်ဆင်ရေး လုပ်နေတာလေ။ပြီးတော့ နန့်လင်းပါ ရွာသားတွေ ကလည်း ရွာထဲ မှာမရှိ ကြတော့ဘူး။ တရုတ်ပြည်ဖက်ကိုထွက်ပြေး သွားကြကုန်ပြီးလေ။ ဒီတော့ နေရာယူ စစ်ဆင်နေတဲ့ အစိုးရတပ်ကို တိုက်နေရတာပေါ့။ဟု ဆိုပါသည်။

နမ့်ဆန် အစိုးရတပ်မှ ပန်ရောင်ရွေး ပလောင်ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ နိုဝင်ဘာလ (၃၀) ရက် ည (၈)နာရီ (၁၅)မိနစ်အချိန်တွင် နမ့်ဆန်မြို့ပေါ်မှ အစိုးရ တပ်ဖွဲ့သည်  နမ့်ဆန်မှ နှစ်မိုင် ကျော်ရှိသည့် ပန်ရောင်ရွေး ကျေးရွာအား လက်နက်ကြီး ဖြင့် (၁၀) ချက် မက ပစ်ခတ်ခဲ့ သည်ဟု အာရမ်ကျေးရွာ မျက်မြင် တဦးက ဆိုပါသည်။
  
အာရမ်ကျေးရွာဆိုတာကနမ့်ဆမ်မြို့ နဲ့ပန်ရောင်ရွေးကျေးရွာကြားမှာပါ။လက်နက်ကြီးပေါက်ကွဲသံနဲ့ အတူမီးလုံးတွေမြင်နေရတယ်လေ။မိုးချုပ်နေတဲ့အတွက်အထိအခိုက်တော့မသိရဘူး။ထွက်ပြေးနေတဲ့အသံတွေတော့ကြားနေရတယ်လေ။ဘာကြောင့် ပစ်တာတော့မသိဘူး။အကြောင်းမဲ့ပစ်နေတာတော့ကြာပြီးဟုဆိုပါသည်။

KDP ကချင်ဒီမိုကရက်တစ်ပါတီအား တရားဝင်ပါတီချပေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) ဦးဆောင်သော ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ပါတီကို ယနေ့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ပါတီတည်ထောင်ခွင့်ပေးလိုက်ကြောင်းသိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲကော်မရှင် နေပြည်တော်သံအမတ်မှ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ဦးဂွမ်ဂရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) အား ကချင်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ပြုရန် လျှေက်ထားချက်ကို ခွင့်ပြုလိုက်သည်ဟု အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။