Friday, November 29, 2013

ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ

(ဧရာဝတီ)

မြန်မာနိုင်ငံ ၏ အမြင့်ဆုံးဖြစ် သည့် ရေခဲဖုံးတောင်တန်းများ ၀ိုင်းရံထားသော ဝေးလံ၍ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲ သော ကချင်ပြည် နယ်မြောက်ပိုင်းမှ ပူတာအိုတောင်ကြားဒေသသည် အသက်ရှူမှားလောက်စရာ လှပပြီး သဘာဝအတိုင်း ရှိနေသေးသည့် တောင်တန်းများကို မြင်တွေ့ရနိုင်သည့် နေရာဖြစ်သည်။
ဟိမ၀န္တာတောင်ကြောများကြားရှိ သဘာဝနေရာသည် ရှားပါးတောရိုင်းတိရိစ္ဆာန်များ၊ ကျယ်ပြန့်သောတောအုပ်ကြီးများ၊ မျိုးတုံးပျောက်ကွယ်တော့မည့် ဟိမ၀န္တာထင်းရှူးပင်များ၊ ရှားပါးသစ်ခွများနှင့် လူပုမျိုးနွယ်စုများပင်လျှင် ရှိနေကြသည့် နေရာ ဖြစ်သည်။

မန်စီမြို့နယ် KIA တပ်ရှိရာတို့ အစိုးရတပ်များ အင်အားတိုးချဲ့လှုပ်ရှားမှုကြောင့် တိုက်ပွဲဆက်ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၂၇) ဒေသ တွင် အစိုးရတပ်မှ စစ်အင်အားများ ဆက်လက်တိုးချဲ့နေပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA ရှေ့တန်းအရာရှိများပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ နံနက် ၁၀ နာရီကျော်ချိန် ကိုင်ထိပ် (Kai Htik) မှ မဂျီဂုန်ကဂျီ (Maji Gung Kaji) သို့ စစ်အင်အားထပ်မံတိုးချဲ့လာသော အင်အား ၁၀၀ ကျော်ရှိသည့်အစိုးရစစ်ကြောင်း ခလရ (၆၈) နှင့် KIA တပ်ရင်း (၂၇) ကြား အူလန်ပါ (U Lang Pa) အနီး မကေါတ်ပါ (Makawk Pa) တွင် နာရီ ဝက်ကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် ပြောသည်။

တိုက်ပွဲကြောင့် ကိုယ်လွတ်ထွက်ပြေးခဲ့ရသော နမ်လင်းပါဒုက္ခသည်များ အခက်ခဲရင်ဆိုင်နေရ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဗန်းမော် ခရိုင် မန်စီမြို့နယ် နမ်လင်း ပါကျေးရွာ တွင် ကချင် လွပ်မြောက်ရေး တပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား တိုက်ပွဲများကြောင့် လုံခြုံရာ သို့ တောတောင် လမ်းမှ ထွက်ပြေး တိမ်းရှောင် လာခဲ့သော ဒေသခံ များ သည် လမ်းခရီးတွင် အခက်ခဲများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထိုသို့တောတောင်မှ ခြေလျင်ဖြင့်ထွက်ပြေးလာခဲ့ချိန် လူငယ်လူရွယ်များအတွက်မူ အခက်ခဲများစွာ မရှိသော်လည်း သက်ကြီးရွယ်အိုနှင့် မကျမ်းမာသူများအတွက် အခက်ခဲများစွာရင်ဆိုင်ခဲ့ရကြောင်း မိုင်းခေါင်စခန်းသို့ ယမန်နေ့ရောက်ရှိလာသော အသက် ၇၀ ခန့်ရှိ  ဦးလဆန်လ ကပြောသည်။

Thursday, November 28, 2013

အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် မူကြမ်း လက်ခံရန် အခက်အခဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) () ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ဆွေးနွေးရင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ပြောခွင့်ရသူ အတွင်းရေးမှူး () ခွန်ဥက္ကာကဆိုပါသည်။

ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က (Win Place Hotel) မှာ ()ရက်တာ ကျင်းပခဲ့ပါတယ်။ ပြီးတော့ လိုင်ဇာ ဆွေးနွေးပွဲရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးတယ်။ ပြီးတော့ တခြားအဖွဲ့ တွေနဲ့လည်း ဆက်လက်တင်ပြဖို့ အစီစဉ်ကိစ္စနဲ့ မြစ်ကြီးနား ဆုံးဖြတ်ချက်အရ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်ထဲမှာ ကျင်းပဖို့ရှိတဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲပါဘဲ။ဟုဆိုပါသည်။

အစိုးရ သဘောထား မမှန်၍ နိုင်ငံတ၀န်း အပစ်ရပ်ရေး ကြာဦးမည်ဟု နိုင်ဟံသာ ပြော

(Irrawaddy)

တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေး ထိုးရေးမှာ အစိုးရဘက် က သဘော ထား မမှန်၍ ကြန့်ကြာနေဦး မည်ဟု ညီ ညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေး မှူး နိုင်ဟံသာ က ပြောဆို လိုက် သည်။

“အဓိက အားဖြင့်က အစိုးရပိုင်းမှာ အစိုးရနဲ့ တပ်မတော်က အမြင်မတူတာ၊ အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော် တို့ကို တန်းတူဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူးဗျ။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကိုက မပြောင်းလဲသမျှကတော့ တွေ့ဆုံဆွေးနွေးရေးက ကြာနေဦးမယ်လို့ ဒီလိုထင်တယ်”ဟု နိုင်ဟံသာ က ဧရာဝတီကို ပြောသည်။

Wednesday, November 27, 2013

ကချင်ငြိမ်းချမ်းရေး ကွန်ရက်ဝင်နှစ်ဦး ပုဒ်မ-၁၈ ဖြင့်ငွေဒဏ်အမိန့်ချခံရမှု အယူခံပြန်ဝင်မည်

(Mizzima)

ယမန်နှစ်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူနှင့်ကို မရန်ဂျော်ဂွန်းတို့အား စမ်းချောင်းမြို့နယ်တရားရုံးမှ တစ် မြို့နယ်လျှင် ငွေဒဏ်တစ်သောင်းကျပ်စီပေးဆောင်ရန် နိုဝင်ဘာ၂၆ ရက်ကအမိန့်ချမှတ်ခဲ့ခြင်းကို အယူခံဝင်သွားမည်ဟု ဒေါ်မေစံပယ်ဖြူက မဇိ္ဈမကို ပြောသည်။

အောင်မြင်သာ ရွှေ့ပြောင်းရွာသားများကို လျှပ်စစ်မီး ၂၄ နာရီ တပ်ဆင်ပေးခြင်းပေါ် စိုးရိမ်

(KNG)

ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မေခမြစ်နှင့် မလိခမြစ် မြစ်ဆုံပေါ် တွင် တည်ဆောက် မည့် ရေကာတာ စီမံ ကိန်းကြောင့် ရွှေ့ပြောင်း ခံခဲ့ရသော ပြန်လည်နေရာ ချထားရေး အောင်မြင်သာ စံပြကျေးရွာ တွင် နိုဝင်ဘာလ မှစပြီး ချီဖွေရေ အားလျှပ်စစ်မှ ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပြီဖြစ်သော် လည်း တဖက် တွင် စိုးရိမ် ပူပန်မှုများရှိနေကြသည်။

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ လျှပ်စစ်မီးများပေးလာခြင်း ထောက်ပံ့ဆန်များ ထောက်ပံ့ပေးခြင်းဖြင့် အောင်မြင်သာရွှေ့ပြောင်းရွာသားအချို့ ၎င်းမြစ်ဆုံစီမံကိန်းပြန်လည်ဆောက်လုပ်ရန် လက်ခံလာမည်ကို တဖက်တွင် စိုးရိမ်နေရသည်ဟု တန်ဖရဲဒေသခံ လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ ဒေါ်ခေါန်ဂျာပြောသည်။

ငြိမ်းချမ်းရေး

(ကာတွန်းစောငို)

ကာတွန်းစောငို

Tuesday, November 26, 2013

ပြည်တွင်းငြိမ်းချမ်းရေးကို နှောင့်နှေးစေသည့်အချက်များ သမ္မတထံ ဦးအောင်မင်း တင်ပြမည်

(Mizzima)

ပြည်တွင်းငြိမ်းချမ်းရေးကို နှောင့်နှေးစေသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထောက်ပြသည့် အစိုးရ၏ တပ်အင်အားတိုးချဲ့မှုနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်မှာပင် တိုက်ပွဲများ ဖြစ်ပွားနေသည့် အချက်များအား အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဒုတိယဥက္ကဌဦးအောင် မင်းက အစိုးရထံ တင်ပြပေးမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

အစိုးရတပ် ၀ိုင်းရံတိုက်ခိုက်မှုတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးကျ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ်တောင် ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ဝင်ရောက်ပစ်ခတ်ခြင်းမပြုရန် KIO ဗဟိုဌာနချုပ်မှ ညွှန်ကြားထားသော်လည်း နိုဝင်ဘာ၂၃ ရက် ရက်နေ့တွင် အစိုးရဖက်မှ ၀ိုင်းရံတိုက်ခိုက်မှုကြောင့်  KIA တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ကျဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် နံနက် ၁၀ နာရီကျော်မှ နမ်လင်းပါရွာအနီး ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA တပ်ရင်း (၁၂) မှ ဗိုလ်ကြီး ဖေါ်ဒေခမ်းမာ် (Hpaude Hkang Maw)နှင့် တပ်သား ပလိုင်း နော်လိုင် (Palai Naw Lai) ထိခိုက်ကျဆုံးခဲ့ကြောင်း တပ်ရင်း ၁၂ တပ်ရင်း မှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းအချို့တွင် ကူညီပေးရေးအဖွဲ့နှောင့်နှေးမှုကြောင့် ရိက္ခာပြတ်လပ်နေ

(ကချင်သတင်းဌာန)

ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (World Food Program) မှလစဉ် ကူညီပံ့ ပိုးပေးနေသော ကချင်ပြည် နယ် မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၃ ခုတွင် အခြေခံ အစားအစာများ ပုံမှန်ရရှိနေသည့် အချိန် အတွင်း ရောက်ရှိ မလာသေးသောကြောင့် စခန်းအချို့ အခက်အခဲ ကြုံတွေ့နေ ရကြောင်းသိရသည်။

ထိုစခန်းများမှာ တပ်ကုန်းနှစ်ခြင်းအသင်းတော်ဒုက္ခသည်စခန်း၊ အင်ဂျန်ဒုန်နှစ်ခြင်းအသင်းတော်ဒုက္ခသည်စခန်းနှင့် စံပြနှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းများတွင်ဖြစ်ကြောင်းသိရသည်။

UNA, UNFC တို့၏ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်


ကန်ပိုင်တီ၌ ပါဂျဲရိုကားများ အစိုးရတပ်မှ အဓမ္မချောဆွဲ

(Jinghpawkasa)

ဒီတစ်ပတ် အတွင်း ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တီမြို့မှာ ပါဂျဲရိုကားများ အလှည့်ကျ ချော လိုက်နေ ရကြောင်း သိရသည်။ မြစ်ကြီးနား- ကန်ပိုင် တီ လိုင်းပြေးနေသော ပါဂျဲရို ကား များ ကို ဗျူဟာမှူးမှ အဓမ္မချော ခေါ်ပြီး ဆီဖိုး ပင် မပေးပဲ စစ်တပ်မှ အသုံးပြု ခိုင်းစေနေကြောင်း ကား ဆရာ တစ်ဦးထံမှသိရသည်။

အရင်ကချောမရှိဘူး၊ ဂိတ်ကြေးပဲရှိတယ်၊ ကန်ပိုင်တီမြစ်ကြီးနား ကားခ ဈေးကြီးတယ်ဆိုတာ ဂိတ်ကြေးကြောင့်ပါ၊ တစ်ဂိတ်ကို (၃၀၀၀) ကနေ (၅၀၀၀) ထိပေးရတယ်၊ မြစ်ကြီးနား ကန်ပိုင်တီ (၂) နာရီကျော်ပဲ မောင်းတဲ့ခရီးကို ကားခ (၂၅၀၀၀) ကောက်တယ်ဆို ဂိတ်ကြေးကြောင့်ပါ။ ကျွန်တော်တို့ ခရီးသည်တွေကို ကားခတောင်းဖို့ တောင်အားနားတယ်၊ အဖက်ဖက်ကနေ ၀ိုင်းညစ်ခံနေရလို့ ကျွန်တော်တို့လည်း လုပ်ကိုင်စား သောက်တာ ဘာမှ မကျန်ဘူး ဟုကားဆရာတစ်ဦးက ဆိုသည်။

နမ်လင်းပါ စစ်ဘေးဒုက္ခသည်များအား UN မှ အိမ်အလုံး ၆၀၀ ထောက်ပံ့မည်

(Kachin waves)

နမ်လင်းပါမှ စစ်ဘေးဒုက္ခသည်များ နေထိုင်နေသည့် လဂန်ယန်စစ်ဘေးဒုက္ခသည် စခန်းတွင် UN မှ အဆင်တင့် မိုးကားလုံးချင်းအိမ် အလုံး ၆၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

UN ကိုယ်စားလှယ်များ ၂၀၁၃ နိုဝင်ဘာ ၂၂ နေ့တွင် လဂန်ယန်စခန်းသို့လာရောက်လေ့လာချိန် ပြောဆိုသွားခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦး လဆမ် မှဆိုသည်။

‘ ဒီအပတ်လောက်တော့ ရောက်မယ်လို့ပြောတယ်။ ဟိုတစ်နေ့ကလာတဲ့ အချိန်ပြောသွားတယ်။ “ဟုစခန်းတာဝန်ခံမှဆိုသည်။

ဖယ်​ဒ​ရယ်​အ​ရေး​နှင့် ​ငြိမ်း​ချမ်း​ရေး​အ​တွက် UNA ​နှင့် UNFC ​လက်​တွဲ​ဆောင်​ရွက်​မည်

(DVB)

တိုင်း​ရင်း​သား​ လက်​နက်​ကိုင်​ အ​ဖွဲ့​တွေ​ ပါဝင်​တဲ့ ​ယူ​အဲန်​အက်ဖ်​စီ ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား​လူ​မျိုး​များ ​လူ​မျိုး​များ ​ဖယ်​ဒ​ရယ်​ကောင်​စီ​နဲ့ ၁၉၉၀ေ​ရွး​ကောက်​ပွဲဝင် ​တိုင်း​ရင်း​သား​နိုင်​ငံ​ရေး​ပါ​တီ​တွေ ​ပါဝင်​တဲ့​  (​ယူ​အဲန်​အေ)  ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား​လူ​မျိုး​များ ​မ​ဟာ​မိတ်​အ​ဖွဲ့​က ​ကိုယ်​စား​လှယ်​တွေ​ဟာ ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​ရန်​ကုန်​မြို့​မှာ  ​တွေ့​ဆုံ​ပြီး ​မြန်​မာ​နိုင်​ငံ ​ငြိမ်း​ချမ်း​ရေး​အ​တွက် ​ဆွေး​နွေး​ညှိ​နှိုင်း ​ခဲ့​ကြ​ပါ​တယ်။

အ​စိုး​ရ​ငြိမ်း​ချမ်း​ရေး ​ဖော်​ဆောင်​ရေး​ကော်​မ​တီ ​ဖိတ်​ခေါ်​ချက်​အ​ရ  ​မြန်​မာ​ပြည်​တွင်း​ကို ​ပြန်​လည် ​ရောက်​ရှိ​နေ​တဲ့​  ​ယူ​အဲန်​အက်ဖ်​စီ ​ခေါင်း​ဆောင်​တွေ​ဟာ  ​ပြည်​တွင်း​က ​ညီ​ညွတ်​သော ​တိုင်း​ရင်း​သား ​လူ​မျိုး​များ ​မ​ဟာ​မိတ်​အ​ဖွဲ့​၀င်​တွေ​နဲ့​  ​နိုဝင်​ဘာ​လ ၂၅ ​ရက်​နေ့ ​မ​နက်​က ​ရန်​ကုန်​မြို့ ​မ​ရမ်း​ကုန်း​မြို့​နယ်​မှာ​ရှိ​တဲ့​  ​ရှမ်း​တိုင်း​ရင်း​သား​များ ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရုံး​မှာ ​တွေ့​ဆုံ​ခဲ့​တာ​ပါ။

နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ ဒီမိုကရေစီ စစ်မှန်သည် ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံပြီးနောက် UNFC ပြောကြား

(Eleven Media Group)

နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ စစ်မှန်သည့် ဒီမိုကရေစီဟု ယုံကြည်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း နိုင်ဟံသာက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသော်လည်း များစွာပြောင်းလဲသည်ကို မတွေ့ရသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ပြောကြား

(Eleven Media Group)

မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသော်လည်း များစွာပြောင်းလဲနေသည်ကို မတွေ့ရသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ရုံးခန်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော UNFC ခေါင်းဆောင်များနှင့် NBF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသို့ လာရောက်ရခြင်း အကြောင်းရင်းကို ပြောကြားရာ၌ နိုင်ဟံသာက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Monday, November 25, 2013

တပ်ပေါင်းစု နှင့် အစိုးရတပ် တိုက်ပွဲဖြစ် သေဆုံးမှုများ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဘက်တွင် အစိုးရတပ် နှင့် တိုင်းရင်းသားတပ်ပေါင်းစုတို့ တမနက်လုံး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ ပန်းဆေးကျေးရွာအုပ်စု တာ့ပန်းကုန်းရှောက်ပန်းကုန်းကျေးရွာဘက် တိုက်ပွဲများဖြစ်ပွါးခဲ့ပါသည်။

UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

(ဧရာဝတီ)

မြန်မာနိုင်ငံတွင်  ဖက်ဒရယ် ပြည်ထောင် စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင် စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။


ချင်းမိုင်ငြိမ်းချမ်းရေးခရီးစဉ်တိုးတက်အောင်မြင်ဟုဆို



နိုဝင်ဘာ ၂၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော မြန်မာ ငြိမ်းချမ်းရေး စင်တာနှင့် နိုင်ငံရေး ပါတီများ တိုင်း
ရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတိုးတက်အောင်မြင်မှု ပိုမိုရရှိလာကြောင်း SNLD မှ စိုင်းညွန့်လွင်ကပြောပါသည်။


“ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ဒီတခေါက် တွေ့ဆုံခွင့်ရတာ အကျိုးရှိပါတယ်။ တခြားပါတီဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မတွေ့ဖူးသေးဘူး။ မဆွေးနွေးဖူသေး ဘူး။   ဒီဆွေးနွေးပွဲမှာ လာတွေ့ရတော့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်တိုက်ပွဲ
ဝင်နေရသလဲဆိုတာသူတို့သိသွားတယ်။ ဆိုတော့တဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာတယ်လို့ဆိုရပါမယ် ”
ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါသည်။

မူးယစ်ဆေးဝါးက ခြိမ်းခြောက်နေတဲ့ ကချင်ပြည်

(ဧရာဝတီ)

အသက် ၃၉နှစ် အရွယ်ရှိ ပြီဖြစ်သော ကချင်အမျိုးသား ကိုတန်ရော် သည် လွန်ခဲ့သော ၈နှစ်က ဘိန်းဖြူ အကြီးအကျယ် စွဲလမ်းခဲ့ သူဖြစ်သည်။ ကမ္ဘာပေါ်မှာ အကောင်း ဆုံး ကျောက် စိမ်းတွေ ထွက်ရှိရာ ဖားကန့်ဒေသမှာ မူးယစ်ဆေးသုံးစွဲသူဘ၀ နှင့် ရှိနေခဲ့တုန်းက အိပ်မက်ဆိုးတွေကို သူက ပြန်ပြောပြခဲ့သည်။

“ကျနော် ဘိန်းဖြူစွဲခဲ့တာ ၁၀နှစ်မကဘူး။ အသက် ၁၅ နှစ်မှာ မူးယစ်ဆေး စ သုံးဖြစ်တယ်။ ဆေးဖြတ်လိုက်နိုင်တဲ့ အချိန်မှာ အသက် ၃၀ ရှိနေပြီ” ဟု ကျောက်တူးသမားတယောက်လည်း ဖြစ်ခဲ့ဖူးသော ကိုတန်ရော်ကပြောသည်။

ပြည်လုံးကျွတ် အပစ်ရပ်ရေး၊ ကာချုပ်လက်မှတ်ထိုးရန် UNFC လိုလားနေ

(Mizzima)

ပြည်လုံးကျွတ် အပစ်ရပ် စိတ်ချစေရန် သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တရားသူကြီး ချုပ်တို့ လက်မှတ်ရေးထိုးမှသာ စိတ်ချရသည့် အပစ်ရပ်ရေးဖြစ်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ရန်ကုန်မြို့သို့ရောက်ရှိနေစဉ် မီဒီယာများသို့ နိုဝင်ဘာ ၂၄ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

“ကာကွယ်ရေးဦးစီးချုပ်လည်း ကိုယ်တိုင် လက်မှတ်ထိုးဖို့လိုတယ်။ သမ္မတရော၊ ဒု-သမ္မတ နှစ်ယောက်ရော၊ လွှတ်တော်ဥက္ကဋ္ဌတွေရော၊ တရားသူကြီးချုပ်တွေရော စသဖြင့်ပေါ့လေ။ ဒါတွေပါမှ ပိုပြီးတော့ စိတ်ချရမယ်”ဟု UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ငြိမ်းချမ်းရေး အဟန့်အတားဖြစ်စေသည့်အချက်များ၊ ချင်းမိုင်ဆွေးနွေးပွဲက ထောက်ပြ

(Mizzima)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေပြီး ပဋိပက္ခကို ပိုမို ဖြစ်ပေါ်စေသည့် အချက်များကို နိုင်ငံရေးပါတီများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ရှမ်းလူထုအခြေပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိန်းဟန်ဖက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ၂၃ ရက်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတို့နှင့် နိုင်ငံရေးပါတီတို့ ဆွေးနွေးမှုတွင် ပဋိပက္ခဖြစ်ပေါ်စေသည့် အခြေ ခံအချက် ခြောက်ချက်ကို ထောက်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစစ်ကို အဆုံးသတ်စေဖို့

Ven Ravika

တိုင်းရင်းသားတို့ရဲ့ အမျိုးသားလွတ်မြောက်ရေးတော်လှန်မှုကို အဆုံးသတ်ချင်ရင် လွတ်လပ်ရေးပေးပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံများအဖြစ် ထူထောင်ခွင့်ပြုခြင်းနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးပြီး ပြည်ထောင်စုဝင်ပြည်နယ်များအဖြစ် နေခွင့်ပြုခြင်း ဆိုတဲ့ (၂)နည်းထဲက တစ်နည်းကို ရွေးရွယ်ရမှာ ဖြစ်တယ်။ အဲဒီလိုထူထောင်ခြင်းမှာလည်း (၂)မျိုးရှိတယ်။ သွေးထွက်သံယိုရှိတဲ့ ဖြေရှင်းချက်နဲ့ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးပြီး ရလာတဲ့ ဖြေရှင်းချက် ဖြစ်တယ်။
လက်ရှိမြန်မာနိုင်ငံအနေအထားမှာ -

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ဒေါ်လာ ၄ သန်း အီးယူထောက်ပံ့

(RFA)

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ဘ၀ပြန်လည်ထူထောင်ရေးတွေအတွက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်နဲ့ ညီမျှတဲ့ ယူရိုငွေ ၃ သန်း ထောက်ပံ့ဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU က မနေ့က ကြေညာပါတယ်။

ဒီအကူညီကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်နဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေထိုင်ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က လူမျိုးရေးဘာသားရေး ပဋိပက္ခတွေကြောင့် အတိဒုက္ခရောက်ရသူတွေရဲ့ စားဝတ်နေရေး၊ ဘ၀ပြန်လည်ထူထောင်ရေးတွေအတွက် သီးသန့်အသုံးပြုသွားမယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ မနေ့က ထုတ်ပြန်တဲ့ ဥရောပကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲကြောင်း အစိုးရဘက်က ကြေညာပေးရန် တောင်းဆိုထားသည်ဟု NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

(Eleven Media Group)

အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုထားသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC ၏ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အပစ်ရပ်ရေး ကာချုပ်ပါဝင်ဖို့ တိုင်းရင်းသားတွေတောင်းဆို

(VOA)


မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပါဝင် လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေက တောင်းဆိုလိုက်ပါတယ်။ ဒါဟာ အမှန်တကယ် ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ဖြစ်တယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် UNFC က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် UNFC ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ရန်ကုန်မှာ နှစ်ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။