Friday, November 22, 2013

ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး ချင်းမိုင်တွင် ထပ်မံ ဆွေးနွေး

(ဧရာဝတီ)

လက်ရှိ မြန်မာ့ တပ်မတော်ကို အခြေခံသည့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းနိုင်ရေး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ် ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောဆိုလိုက်သည်။

“အခုရှိနေတဲ့ တပ်မတော်ကို ဖျက်သိမ်းရေး မဟုတ်ပါဘူး။ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်ဆိုတာကို လက်ခံတယ်၊ သို့သော် တပ်မတော်ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ နေရာမှာ အရာရှိ အကြပ်တပ်သားတွေ ရွေးချယ် တည်ဆောက်တဲ့နေရာတွေက အစ လုပ်ပုံလုပ်နည်းများကိုသာ ပြင်လိုက်မယ်ဆိုရင် ပြည်ထောင်စု တပ်မတော်အသွင်ကို တကယ်ကို အနှစ်သာရ ဆောင်ပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုကြောင်း အစည်းအဝေး တက်ရောက်သူ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီမှ ကိုယ်စားလှယ် ဦးမျိုးညွှန့်က ဧရာဝတီကို ပြောသည်။

UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေးခြင်း

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ စီစဉ်သော ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့နံက်(၉) နာရီတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဥက္ကဌ အေ ဘယ်လ်ဒွိက ဆိုပါသည်။

ချုပ်ပြီး ပြောရရင်တော့ ကျနော်တို့ UNFC ဖက်ကတော့ တိုင်းရင်းသား တွေရဲ့ တပ်ပေါင်းစု ဖြစ်ပေါ်လာပုံ ကို အသေးစိပ် ကိုတင်ပြရှင်း လင်းခဲ့တယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောထား ဖြစ်တဲ့ လိုင်ဇာဘုံ သဘော တူညီချက် တွေကို ရှင်းလင်း တင်ပြ ခဲ့တယ်လေ။ဟုဆိုပါသည်။

မပစ်ခတ်ရန် KIO ညွန်ကြားထားသော်လည်း တိုက်ပွဲ ဆက်ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ်တောင်ပိုင်း ဗန်းမော် ခရိုင် မန်စီမြို့နယ်ရှိ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် အစိုးရတပ်များအား ချောင်းပစ်ခြင်း ဝင်ရောက်ပစ်ခတ်ခြင်းမပြုရန် KIO ဗဟိုဌာနချုပ်မှ ညွှန်ကြားထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

“အထက်လူကြီးတွေက သွားပြီးမပစ်ဖို့ ချောင်းပြီးမပစ်ဖို့ပြောတာ သူတို့ဘက်က ပုန်းပြီးတော့ ကျနော်တို့ရှိတဲ့နေ ရာကိုလာပစ်တော့ မတတ်နိုင်ဘူး ပစ်ရတော့တာ အစိုးရတပ်ကအထက်တောင်ကနေ ဝိုင်းပြီးလာတာ” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗိုလ်ချုပ်ဂွမ်မော် မပြောတဲ့ အမှန်တရား(၃)ခု

Ven Ravika
ဂွမ်မော်ဆိုတာ တိုင်းရင်းသားများမပြောနဲ့၊ ဗမာများတောင် လေးစားကြရတဲ့ ဗိုလ်ချုပ်တစ်ဦးပါ။ ဗိုလ်ချုပ်ဂွမ်မော်က ရန်ကုန်ကို လာတော့ ထူးခြားချက်ကလေးတွေ နည်းနည်းရှိတယ်။ အဲဒါကို ထောက်ပြချင်ပါတယ်။

၁။ မြန်မာနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခြင်း၊
၂။ နိုင်ငံကူးလက်မှတ်က နှစ်ရက်အတွင်း ရခဲ့ခြင်း၊
၃။ နိုင်ငံရေးပါတီများနဲ့ တွေ့ဖို့ ဇင်းမယ်ကို သွားရခြင်း

ဆိုတဲ့ အချက်(၃)ချက်ပါ။

လူကုန်ကူးမှု ကြိုတင်ကာကွယ် တားဆီးရေး အသိပညာပေးဟောပြောပွဲ မြစ်ကြီးနားတွင်ပြုလုပ်

(ကချင်သတင်းဌာန)

လူကုန်ကူး မှုပြဿနာ များ နှစ်စဉ် ရင်ဆိုင်နေရ သည့် ကချင်ပြည် မြစ်ကြီးနားမြို့ တွင် ပြည်နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှကြီးမှူး ၍ လူကုန်ကူးမှု တားဆီးရေး အသိပညာပေးဟောပြောပွဲ ကို တပ်ကုန်း ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ယနေ့ ကျင်း ပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင် လူကုန်ကူးမှု ပြစ်မှုများသည် နှစ်စဉ် ၁၅ မှုမှ ၃၀ မှုအထိ ဖြစ်ပေါ်နေပြီး ထိုပြစ်မှုများကို ကြိုတင်ကာကွယ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပညာပေးဟောပြောပွဲတွင် အမှတ် (၁) ရဲစခန်းမှူး ဦးမြင့်ကြူက ပို့ချခဲ့သည်။

တန်းတူညီမျှသော ပြည်ထောင်စု ဖြစ်စေလိုပါသည်

Zaw Khun Naw

နိုင်ငံတစ်နိုင်ငံမှာ တန်းတူညီမျှမှုက အခြေခံပဲ..။ တန်းတူညီမျှမှု၊တရားမျှတမှု မရှိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး..။ အချင်းချင်းပတ်ချာလည် ရန်ဖြစ်နေတာနဲ့ပဲ အချိန်ကုန်နေလိမ့်မယ်..။

မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုမရှိလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကိုခုထိ ခါးစီးခံနေရဆဲပါ..။ လူတန်းစားတန်းတူညီမျှမှုနဲ့ ပတ်သက်တဲ့ တော်လှန်ရေးလှိုင်းကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရိုက်ခတ်ခဲ့ပါတယ်..။ လွတ်လပ်ရေးမရခင်ကတည်းက စခဲ့တယ်..၊ ခုထိလဲအခွင့်ထူးခံလူတန်းစားနဲ့ အဖိနှိပ်ခံလူတန်းစားရယ်လို့ ခွဲပြောလို့ ရနေတုန်းပဲ..။

ကချင်လွတ်လပ်ရေးတပ်မတော် ခေါင်းဆောင်တစ်ဦး ရန်ကုန်ခရီးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ

(Mizzima)

ကချင်လွတ်လပ်ရေးတပ်မတော်၏ ဒု-စစ်ဦးစီးချုပ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့သို့ သုံးရက်ကြာ လာရောက်ရှိခြင်းက နိုင်ငံရေးထူးခြားမှု အပြောင်းအလဲတစ်ခုဟု ရှုမြင်နိုင်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် မည်သို့အထောက်အကူဖြစ်စေမည်နည်းဟူသည့် မေးခွန်းကလည်း နောက်ဆက်တွဲ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီရက်ပိုင်းအတွင်း ကျင်းပရန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် နိုင်ငံကူး လက်မှတ်လုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဟု ဆိုသည်။ 


အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက်တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေတပ်များကို ကေအိုင်အို ဗဟိုက ညွှန်ကြားထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မန်စီမြို့နယ်အတွင်း တိုက်ပွဲပြန်လည် ဖြစ်ပွား

(Eleven Media Group)

အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေ တပ်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုက ညွှန်ကြား ထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ် အတွင်းရှိ နန့်လင်းပါ ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အခု ပြန်ဖြစ်နေတယ်။ ညနေ ၃ နာရီ ကတည်းက ဖြစ်နေတာ။ ကျွန်တော်တို့ နယ်မြေထဲကို သူတို့ဝင်လာလို့ ပြန်ပစ်ရင်းနဲ့ တိုက်ပွဲဖြစ်နေတာ'' ဟု ကေအိုင်အေ တပ်ရင်း-၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် The Daily Eleven သို့ ပြောကြားသည်။
ယခုဖြစ်ပွားခဲ့သော တိုက်ပွဲသည် နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း ပထမအကြိမ် ပြန်လည် ဖြစ်ပွားသော တိုက်ပွဲဖြစ်ပြီး အစိုးရ တပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အို ဗဟိုက ညွှန်ကြားပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံချင်းမိုင်၌ ယနေ့တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို အလွတ်သဘော ဆွေးနွေးမည်

(Eleven Media Group)

ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံချင်းမိုင်၌ ယနေ့ (နိုဝင်ဘာ ၂၂ရက်) တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို အလွတ်သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။

ချင်းမိုင်ဆွေးနွေးပွဲတွင် လိုင်ဇာသဘောတူညီမှုမူကြမ်းကိစ္စ အသေးစိတ်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွန်မော်ဆို

(Mizzima)

နိုင်ငံရေးဆွေးနွေးပွဲတွင် မိတ်ဖက်များရရှိစေရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီ ၁၁ ပါတီတို့ တွေ့ရန် အစိုးရမှ စီစဉ်ပေးသည့် ချင်းမိုင်တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အတိုင်း အတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းအား အဓိကထား ရေးဆွဲရန် တိုင်းရင်းသား အဖွဲ့အ စည်းအားလုံးတို့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆလွတ်ဂွန်မော်က နိုဝင်ဘာ ၂၁ ရက်တွင် မဇိ္ဈမသို့ ပြောဆိုလိုက်သည်။

KIA တပ်မဟာ (၄) ဖက်သို့ အစိုးရတပ်နှင့် ပြန်လည်တင်းမာလာ

(ကချင်သတင်းဌာန)

တိုက်ပွဲ များငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် ယမန်နေ့မှ ပြန်လည်တင်းမာလာပြီးတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ စစ်အင်အားများ ဆက်လက်တိုးချဲ့နေကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကွတ်ခိုင်မြို့ တာမိုးညဲမြို့နယ်ခွဲ တပ်ရင်း (၂) ဒေသတွင် မုန်ဂျီ ဟူးအက် အနီး အစိုးရတပ် အင်အား ၁၀၀ ကျော်ရှိသော ခြေမြန်တပ် ခမရ ၅၆၈ နှင့်  မိနစ် ၃၀ ကျော်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်း (၃၆) လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ (5)မှူး ဗိုလ်ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

KIA ဒုစစ်ဦးစီးချုပ် ရန်ကုန်ခရီးစဉ် နှစ်ဖက် ယုံကြည်မှု တည်ဆောက်ခြင်းဟု ကချင်လူငယ်များက ဆို

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ရန်ကုန် လာရောက်ခြင်း သည် မြန်မာ အစိုးရနှင့် နှစ်ဖက်ကြား ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်သည်ဟု ကချင်လူငယ်များက ဆိုသည်။

ဗိုလ်ချုပ်ဂွန်မော်သည် ရန်ကုန်ရောက် ကချင်လူထုနှင့် နိုဝင်ဘာ ၁၉ ရက်ညနေ ၆ နာရီမှ ၉ နာရီအထိ စမ်းချောင်းမြို့နယ် ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံခဲ့ရာ ရန်ကုန်ရောက် ကချင်လူထု တစ်ထောင်ကျော်တက်ရောက်ခဲ့ကြသည်။

Thursday, November 21, 2013

ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​မှာ ​လူ​ထု​ပါဝင်​ဖို့ ​ဗိုလ်​ချုပ်​ဂွမ်​မော်​တိုက်​တွန်း

(Mizzima)

စစ်​မှန်​တဲ့ ​ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး​ရ​ရှိ​ဖို့ ​အ​စိုး​ရ​နဲ့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင်​အ​ဖွဲ့​တွေ ​ဆွေး​နွေး​နေ​တဲ့ ​ငြိမ်း​ချမ်း​ရေး​လုပ်​ငန်း​စ​ဉ်​တွေ​မှာ ​ပြည်​သူ​လူ​ထု​ပါဝင်​မှု​က ​အ​ရေး​ကြီး​တယ်​လို့ ​ရန်​ကုန်​မှာ ​ရောက်​ရှိ​နေ​တဲ့ ​ကေ​အိုင်​အေ ​ဒု​တိ​ယ ​စစ်​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ် ​ဂွမ်​မော်​က ​ပြော​ပါ​တယ်။

ဗိုလ်​ချုပ်​ဂွမ်​မော်​ဟာ   ​ရန်​ကုန်​မြို့​စမ်း​ချောင်း​မြို့​နယ် ​က​ချင်​နှစ်​ခြင်း​ခ​ရစ်​ယာန် ​အ​သင်း​တော်​မှာ   ​က​ချင်​လူ​ထု ​ကို​လက်​ခံ​တွေ​ဆုံ​ပြီး​    ​က​ချင်​ပြည်​နယ်​ရဲ့ ​လက်​ရှိ​အ​ခြေ​အ​နေ​တွေ​ကို  ​ရှင်း​လင်း​ပြော​ဆို​ရာ​မှာ  ​အ​စိုး​ရ​နဲ့​ငြိမ်း​ချမ်း​ရေး​ရ​ဖို့​  ​ပြည်​သူ​လူ​ထု​ထောက်​ခံ​မှု ​အ​ရေး​ပါ​ပုံ​ကို ​ခု​လို​ပြော​ကြား​သွား​တာ​ပါ။

ကချင်ပြည်နယ်မှာ တင်းမာနေဆဲ

(BBC)

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲက မန်စီ ဒေသ တဝိုက်မှာ စစ်တပ် အင်အားတွေ တိုးတက် ချထားနေ ပါတယ်။

အဲဒီက နောက်ဆုံး အခြေအနေ တွေနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းကို ဆက်သွယ် မေးကြည့်တော့ အဲဒီ ဒေသတွေမှာ ကေအိုင်အေ တပ်တွေ နဂို ထဲက ရှိနေပြီးသားလို့ ပြောပါတယ်။

အစိုးရ တင်သွင်း ထားသည့် တပြည်လုံး အပစ်ရပ်ရေး စာချုပ် (မူကြမ်း)

(ရွှေဟင်္သာသတင်းဌာန)



အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထံသို့ ပေးပို့ ထားသည့် "တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် စာချုပ် (မူကြမ်း) အား စာသားဖြင့် ပြန်လည် ရိုက်နှိပ်ကာ တင်ပြ ပေးထား ပါသည်။

စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ကေအိုင်အေ နယ်မြေထဲ ၀င်ရောက်ခိုလှုံ

(RFA)

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါကျေးရွာမှာ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်အကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံ နှစ်ထောင်ကျော်ထဲက တစ်ထောင်ကျော်လောက် ဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။

အစိုးရတပ်များ လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုမပြုရန် KIA တပ်များအား ညွန်ကြားထား

(ကချင်သတင်းဌာန)

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား ၍ တင်းမာနေသော ကချင်ပြည် နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၃)တပ်ရင်း (၁၂) ဒေသက ကျေးရွာပေါင်း ၂၀ ကျော်တွင် အစိုးရတပ်များတပ်ချလှုပ်ရှားနေသော်လည်း ယမန်နေ့မှ ပစ်ခတ်မှုမပြုရန် KIO ဖက်မှ ညွှန်ကြားလိုက်သည်။

ထိုသို့ အစိုးရတပ်များလှုပ်ရှားနေသော နေရာများတွင် ပစ်ခတ်မှုဦးစွာမပြုလုပ်ရန် ဌာနချုပ်မှ ညွန်ကြားလိုက်သောကြောင့် အပစ်ရပ်ထားရကြောင်း တပ်ရင်း (၁၂) မှပြောသည်။

Wednesday, November 20, 2013

ကချင် ပြည်နယ်မှ မျက်နှာပြောင် မြေလှန် စစ်ဆင်ရေး အကြောင်း

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ၏ စစ်ဆင်ရေး များ အကြောင်း ကို လေ့လာ ရာတွင် ကန့်သတ် စစ် ဆင်ရေး၊ ဖြတ်လေးဖြတ် စစ်ဆင်ရေး၊ မြေလှန် စနစ် စစ်ဆင်ရေးနှင့် အလုံးစုံ ဖျက်သိမ်းရေး ဟူ သည့် စစ်ဆင်ရေး အမျိုး အစား များကို တွေ့ရ ပါသည်။

စစ်ဆင်ရေး သမိုင်းကြောင်း များကို လေ့လာ ရာတွင်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အား စစ်ဆင်ခြင်း၊ ကရင် အမျိုးသား အစည်းအရုံးအား စစ်ဆင် ခြင်းနှင့် ကချင် လွတ်လပ်ရေး အဖွဲ့အား စစ်ဆင်ခြင်း ဟူ၍ နှစ်နှင့် ချီသော စစ်ဆင်ရေး စီမံကိန်း များနှင့် တိုင်းရင်းသား ဒေသ တချို့မှ  ကန့်သတ်နှင့် ဖြတ်လေးဖြတ် စစ်ဆင်ရေး မျိုးများကို တွေ့ရ ပါသည်။

ဗမာပြည် ကွန်မြူနစ် ပါတီသည် စစ်အစိုးရ၏ အဓိက ရန်သူဟု သတ်မှတ် ထားပါသည်။ ဗမာပြည် ကွန်မြူနစ် ပါတီကို နိုင်ငံရေး အရ လည်းကောင်း စစ်ရေး အရ လည်းကောင်း နှစ်ပေါင်း (၃၀) နီးပါး ပြင်းထန်စွာ စစ်ဆင် ခဲ့ပါသည်။ ကွန်မြူနစ် ပါတီကို ကရင် အမျိုးသား အစည်း အရုံး အဖွဲ့နှင့် လည်းကောင်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် လည်းကောင်း၊ လူမျိုးစု လက်နက်ကိုင် ပါတီ များနှင့် အမျိုးမျိုး ရန်တိုက်ပြီး နောက်ဆုံးတွင် ဗကပ တပ်ဖွဲ့၌ ရှိသော   "၀" လူမျိုးရေး များအား သွေးခွဲ မှုဖြင့် ကွဲထွက် စေခြင်း အားဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် လမ်းစဉ်လည်း နိဂုံး ချုပ်စေခဲ့ ပါသည်။

နိုင်ငံရေးဆွေးနွေးပွဲအမြန်သွားရန် အာမခံချက်လိုကြောင်း ဗိုလ်ချုပ်ဂွမ်မော်ပြောဆို

(KIC)

အစိုး ရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ တစ်နိုင်ငံ လုံး အတိုင်း အတာ အပစ်ရပ် စာချုပ် ချုပ်ဆို ပြီးနောက် နိုင်ငံရေးဆွေး နွေး ပွဲ အမြန်ပြု လုပ် သွားရန် အာမခံချက် လိုချင်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ Business Alliacee Hotel တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ကချင် လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ၏ ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြား လိုက်သည်။

“ကျနော်တို့ဘက်က ဖြစ်စေချင်တာကတော့ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲကို အမြန် သွားနိုင်ဖို့ အာမခံချက်လိုချင်ပါတယ်။ အာမခံချက် ဘယ်လောက်ခိုင်မာမလဲ ဆိုတာကတော့ ကျနော်တို့ဘက်က မူကြမ်းကို ရေး ဆွဲပြီးတော့ သူတို့နဲ့ ပြန်ညှိတဲ့အချိန်မှပဲ သိရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။

အစိုးရတပ်သည် KIO နမ်လင်းပါ ဒုက္ခသည်စခန်းအား အကူအညီပေးအဖွဲ့ကို အသုံးပြု၍ သိမ်းပိုက်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ်တောင်ပိုင်း ဗန်းမော် ခရိုင် မန်စီမြို့နယ်ရှိ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ နမ်လင်းပါ (Nam Lim Pa) ဒုက္ခသည် စခန်းကို အစိုးရတပ်များသည် ဒုက္ခသည် အကူအညီပေးရန် လာသော အစိုးရ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့များကို အကာအကွယ် ယူကာ ရွာတွင်းသို့ ၀င်ရောက် လှုပ်ရှားသိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသ အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) မှ ပြောသည်။

အာဏာရ အစိုးရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ညီအစ်မပါတီဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) အတွင်းရေးမှူး ဦးဖေါင်လားဂမ်ဖန် သည် နမ်လင်းပါဒေသခံဖြစ်ပြီး ဒေသခံပြည်သူများကို တွေ့ဆုံကူညီချင်ကြောင်းပြောဆိုကာ တိုင်းရင်းသားပေါင်းစုံအယောက် ၃၀ ခန့်ဖြင့် ရွာသို့ရောက်ရှိလာချိန် အစိုးရတပ်များလည်း လိုက်ပါခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်စလုံး၌ စစ်အင်အား ဖြည့်တင်းနေသဖြင့် စစ်ရေးတင်းမာမှု ပြင်းထန်နိုင်

(Eleven Media Group)

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဖက်စလုံး၌ စစ်အင်အား တိုးမြှင့်မှုများ ရှိနေသဖြင့် စစ်ရေးတင်းမာမှု ပြင်းထန်နိုင်ကြောင်း နှစ်ဖက်စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ဗန်းမော်မြို့နယ်မှ ၄၅ မိုင်ခန့်အကွာ နမ့်လင်းပါရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် အောက်တိုဘာ နှောင်းပိုင်းမှ စတင်ပြီး အစိုးရနှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်အထိ ဆက်လက်ဖြစ်ပွား ခဲ့သည်။
"သူတို့ဘက်မှာတော့ တပ်အင်အားတွေ ဖြည့်ထားတယ်။ လက်နက်တွေလည်း ပို့ထားတယ်။ တိုက်ဖို့အထိ ပြောတာတွေ ရှိတယ်လို့ သိထားပါတယ်" ဟု အစိုးရ၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နှင့် ရန်ကုန်မြို့၌ တွေ့ဆုံကာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ရှင်းပြ

(Eleven Media Group)

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲယ်အား ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့ သွားရောက်တွေ့ဆုံကာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအား ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံမှုမှာ နံနက် ၈ နာရီခွဲမှ စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ကြောင်း ကေအိုင်အို အဖွဲ့၏ Technical Advisory Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက The Daily Eleven ၏ မေးမြန်းမှုကို အတည်ပြုပေးခဲ့သည်။

နမ်လင်းပါ တိုက်ပွဲဖြစ်ရသည် အပေါ် အစိုးရနှင့် ကေအိုင်အိုတို့ မှ ထုတ်ပြန်ချက်

(Kachinwaves)

အစိုးရမှ

(၁)သစ်ခိုးထုတ်မှုကို တပ်မတော်မှ လိုက်လံ ရှင်းလင်းရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

(၂) ကေအိုင်အိုမှ နမ်လင်းပါဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များအား မောင်းထုတ်ကာ အစိုးရတပ်အား တိုက်ခိုက်ခြင်းဖြစ်သည်။

(၃) နယ်မြေရှင်းလင်းရေးလုပ်စဉ် ကေအိုင်အေမှ တိုက်ခိုက်ခြင်းကြောင်း စစ်ပွဲဖြစ်ရခြင်းဖြစ်သည်။

လူမျိုးတိုင်းမှာ အမှီအခိုကင်းတဲ့ ဘ၀ လိုအပ်တယ်။

(Kachin Duwa)

ကချင်ပြည်နယ်မှာ ဆင်းရဲတယ် ဆိုတာ ဟုတ်တယ်... ဒါပေမယ့် အဲလို ဆင်းရဲအောင် ကချင်ပြည်သူတွေ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။

ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး လုပ်ပေးချင်တယ် ဆိုပြီး တက်လာတဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေ... ဖါးကန့်က ကျောက်လဲ ကုန်ပြီ ဖါးကန့်လမ်းတောင် ကောင်း အောင် မလုပ်ဖြစ်သေးဘူး.. ပူတာအိုမှာ ဖွံ့ဖြိုးရေး ပြန်လုပ်ချင်ပြီတဲ့....

ဗိုလ်ချုပ် ဂွန်မော်ကို ကချင် တိုင်းရင်းသား ထောင်ချီ သွားတွေ့

(BBC)

တိုင်းရင်း သား လက်နက် ကိုင် အင်အားစု တွေရဲ့ လိုင်ဇာ ဆွေးနွေး ပွဲက အတည်ပြု ဖွဲ့စည်းပေး လိုက် တဲ့ တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ဖေါ်ဆောင် မှု ဆိုင်ရာ ညှိနိုင်ရေးအဖွဲ့ (NCCT) ရဲ့ ဒုတိယ အဖွဲ့ ခေါင်းဆောင် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ရန်ကုန်မြို့မှာ ကချင်တိုင်းရင်းသား တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

တက်ရောက်လာသူ ကချင်လူမျိုး သုံးထောင်လောက်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်က ရှင်းပြခဲ့ပါတယ်။
ကချင် လူထု အကျိုး အတွက် နိုင်ငံရေး အရ ဆွေးနွေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောခဲ့ကြောင်း အဲဒီ တွေ့ဆုံပွဲကို တက်ရောက်တဲ့ ကချင် ငြိမ်းချမ်းရေး ကောင်စီက ဒေါ်ခွန်ဂျာက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးကို အထိခိုက်ခံမှာမဟုတ် - ဗိုလ်ချုပ်ဂွမ်မော်

(VOA)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရစစ်တပ်တို့အကြား နှစ်ဖက် တပ်တွေ နေရာယူထားတာ နီးကပ်နေတဲ့ အတွက် တိုက်ပွဲတွေ တောက်လျောက် ဖြစ်နေရတဲ့အကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက်ပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်နေပေမဲ့လည်း တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖော်ဆောင်မယ့် ပြည်တွင်း ငြိမ်းချမ်းရေးကိုတော့ KIA က အထိခိုက်ခံမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။ ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းက Business Alliance ဟိုတယ်မှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့  ပြည်တွင်းပြည်ပ မီဒီယာတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

KIA နဲ့ အစိုးရတိုက်ပွဲ ရွာသားထောင်ချီထွက်ပြေး

(VOA)

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် အ၀တ်အထည်၊ စားနပ်ရိက္ခာနဲ့ ခိုလှုံဖို့တွေအတွက် ကူညီထောက်ပံ့မှုတွေ လောလောဆယ် ရရှိနေပေမဲ့လည်း ကျန်းမာရေးအတွက် ဆေးဝါးထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မန်စီမြို့နယ် နန့်လင်းပါရွာကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည် ၂၀၀၀ ကျော်ထဲက တချို့ဟာ ဒီကနေ့ မန်ဝိန်းကြီးကို ရောက်ရှိလာနေသလို တချို့ကတော့ မန်ဝိန်းကြီးနားက လဂတ်ယန်စခန်းကို ၀င်ရောက်လာနေပြီး လူ ၁၀၀၀ ကျော်လောက်ဟာ လမ်းခရီးမှာပဲ ရှိနေဆဲဖြစ်ပါတယ်။ ဒီကချင်ပြည်နယ် မန်စီဒေသက ဒုက္ခသည်တွေရဲ့ လက်ရှိ အခြေအနေကိုတော့ စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။
 

ပြင်းထန် လာနေသော ကချင်ပြည်နယ် တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)



နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပင်းထန် နေသော ရှမ်းပြည် မြောက်ပိုင်း နှင့် ကချင် ပြည်နယ် တောင်ပိုင်း အစပ် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ထိန်းချုပ် နယ်မြေတွင် ယနေ့ ပစ်ဆတ်မှု မရှိ သေးကြောင်း တပ်ရင်းမှူး ဗိုလ်မှူး ဂျွှန်းအောင်မှ ဆိုပါသည်။

ကျနော်တို့က  နန်းလင်းပါ ကျေးရွာရဲ့ အပေါ် ဘက်ပိုင်းမှာ နေရာ ယူထားတယ်၊ကျောင်းတွေ ဘာတွေ ရှိတဲ့ ရွာရဲ့ အောက်ပိုင်းမှာ ကျတော့ သူတို့ (အစိုးရ) တပ်တွေ နေရာ ယူထားတယ်၊ တစ်ယောက် တစ်ဝက် ဆီပေါ့၊ ဒီနေ့တော့ တိုက်ပွဲ မဖြစ်သေး ပါဘူး၊ ဒါပေ မယ့် နီးနီး ကပ်ကပ် ရှိနေ ကြတယ် ဆိုတော့ လှုပ်ရှား ရင်တော့ ဖြစ်မှာပဲဟု ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

အစိုးရတပ်နှင့် အပြန်အလှန်မပစ်ရန် ကေအိုင်အို ညွှန်ကြားချက်ထုတ်

(Mizzima)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ယခုတစ်ပတ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ ပစ်ခတ်ခြင်းမပြုရန် KIO က ညွှန်ကြားလိုက်သည်။

“ကျွန်တော်တို့ဘက်က မပစ်ဖို့ အထက်က ညွှန်ကြားထားလို့ ကျွန်တော်တို့လည်း မပစ်ဘဲရပ်ထားတယ်။ သူတို့(အစိုးရတပ်)ကတော့ ပစ်ခတ်တာရှိသေးတယ်၊ သူတို့က ကျွန်တော်တို့ကို လမ်းတွေ့ရင်ပစ်တယ်။ ကျွန်တော်တို့က မပစ်ဘူး”ဟု KIO တပ်ရင်း ၁၂ တပ်မမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

Tuesday, November 19, 2013

ညှိနှိုင်းရမည့်အချက် များပြား၍ အပစ်ရပ် လက်မှတ် မထိုးနိုင်သေးကြောင်း KIO ပြော

(Irrawaddy)

အစိုးရနှင့် တိုင်းရင်းသားများ ကြားတွင် ညှိနှိုင်းရမည့် အချက် များပြားနေသောကြောင့် ယခု အချိန်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးခြင်း ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ပြောကြား လိုက်သည်။

ရန်ကုန်မြို့ Business Alliance Hotel တွင် နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ကချင် လူမှုကူညီကယ်ဆယ်ရေး၊ လူ့အခွင့်အရေးနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာ

ချက်ချင်းထုတ်ပြန်ရန် : ကချင်ပြည်နယ်အတွင်း လူမှုကူညီစောင့်ရှောက်ရေး အခြေအနေ
နမ်လင်းပါကျေးရွာ အနီးတ၀ိုက်တွင် ထွက်ပြေးရှောင်တိမ်းသူဦးရေ တိုးပွားလာခြင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သော်လည်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပါသည်။ နမ်လင်းပါကျေးရွာအနီး လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံရွာသားများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဒေသခံပြည်သူများမှာ ရက်သတ္တပတ်(၃)ပတ်ခန့်ကြာအောင် ၀န်းရံပိတ်ဆို့ခြင်းကို ခံခဲ့ကြရပါသည်။ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ခွင့်ပြုချက် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း ကန့်သတ်ချက်မဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက် မရရှိခဲ့ပါ။

Monday, November 18, 2013

အစိုးရတပ်၏ နယ်မြေစိုးမိုးရေးပေါ်လစီကြောင့် ကချင်ဒေသတွင် တိုက်ပွဲဆက်ဖြစ်ဟု UNFC ပြောဆို

(KIC)

ယခုရက်ပိုင်း အတွင်း ကချင်ပြည်နယ် အတွင်း တိုက်ပွဲပြန်လည်ဖြစ် ပွားခြင်း သည် အစိုးရစစ်တပ်၏ နယ်မြေ စိုးမိုးမှု ပေါ်လစီ ကြောင့်ဖြစ် သည်ဟု ညီ ညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ယနေ့ ပြောကြား လိုက်သည်။

တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ (၁၇)ဖွဲ့နှင့် အစိုးရတို့ အကြား တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး အတွက် မြစ်ကြီး နား ဆွေးနွေးပွဲ အပြီး နှစ်ပတ်ခန့် အကြာ ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ ၌ ကချင်ပြည်နယ်၊ မန်စီမြို့နယ် နမ့်လင်းပါကျေးရွာဘက် တွင် အစိုးရ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွား ကာ ကချင် စစ်ပြေးဒုက္ခသည် ထောင်ချီလာ သည့်အပေါ် UNFC က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

NLD အပါဝင် နိုင်ငံရေး ပါတီ (၁၂) ဖွဲ့နှင့် UNFC ပထမဆုံး အကြိမ် တွေ့မည်

ရွှေဟင်္သာသတင်းဌာန

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကဲ့သို့သော ပြည်တွင်း အဓိက နိုင်ငံ ရေးပါတီ များနှင့် တိုင်းရင်းသားပါတီများအား တွေ့ဆုံဆွေးနွေးနိုင်ရန်  လာမည့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် အရေး ပေါ် အစည်းအဝေးတရပ် ခေါ်ယူထားကြောင်း အထွေထွေ အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ သည်။

အားလုံး (၁၂) ပါတီ ပါခင်ဗျ၊ တစ်ရက်တည်း ပါပဲ မနက် (၉) နာရီကနေ (၁၂) နာရီ အထိ တွေ့ကြမယ်၊ တွေ့ချိန်က (၃) နာရီ လောက်ပဲ အချိန် ရမယ်ဆိုတော့ အဓိကကျတဲ့ အကြောင်း အရာအဖြစ် ဘာတွေ ဆွေးနွေး ကြမှာလဲ ဆိုတာ ညှိနှိုင်း နိုင်ဖို့ အတွက် အစည်အဝေး ခေါ်ထား တာပါဟု ဆိုပါသည်။

အစိုးရတပ်နှင့် KIA မန်စီတွင် တိုက်ပွဲဖြစ်၍ ဒုက္ခသည် ၂၀၀၀ ကျော်တိမ်းရှောင်ရ

(ဧရာဝတီ)

ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာ တွင် ဖြစ်ပွား သည့် အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲ များ ဖြစ်ပွား မှုကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲ သည် နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်၍ ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက်လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း၊ ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်း က ဧရာဝတီသို့ ပြောသည်။

KIA ဒုတိယ စစ်ဦးစီးချုပ် နိုင်ငံကူးလက်မှတ် လုပ်ရန် ဦးအောင်မင်းနှင့် တွေ့ဆုံ

(Mizzima)

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆလွတ်ဂွမ်မော်သည် ရန်ကုန်မြို့သို့ ပထမဦးဆုံးအကြိမ်ဖြစ် လာရောက်ကာ နိုဝင်ဘာလ ၁၈ ရက် နံနက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ၊ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာတတိယပတ်အတွင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန် ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စအတွက်ပင် ၀န်ကြီးဦးအောင်မင်းနှင့် နံနက် ၈နာရီမှ ၉နာရီခန့်အထိ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။ 

အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ်

(BBC)

တနိုင်ငံ လုံး အပစ်ရပ်ရေး အတွက် တွေ့ဆုံဆွေးနွေး တဲ့ မြစ်ကြီးနား ဆွေးနွေး ပွဲ ပြီးစီး လို့ သီတင်း နှစ်ပတ် ပင် မပြည့်မီ၊ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ ဝင် တွေ အကြား နိုဝင်္ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက် က စလို့ ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်

ကချင်ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါရွာ အတွင်း ကို ၇ မိုင်အကွာ ရှိ မုန်းဒိန်းပါ ဘက်မှ အစိုးရ စစ်ကြောင်း ဝင်ရောက်လာခဲ့တာပါ။ ရွာထဲမှာ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထု ရာနဲ့ချီ ရှိခဲ့တဲ့ အတွက် တိုက်ပွဲ က တိမ်းရှောင်ရအောင်၊ တောင်ကျော် ၊ တောဖြတ် ပြေးကြရပုံ ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ မှ၊ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင် က ဘီဘီစီ ကို ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ဆွေးနွေးပွဲ တက်ရောက်ရန် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ထိုင်းနိုင်ငံသို့ သွားရောက်မည်

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ၏ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် မြစ်ကြီးနား၊ ရန်ကုန်မြို့များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာ၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

Sunday, November 17, 2013

အစိုးရ တပ်များနှင့် (၃)ရက် ဆက်တိုက် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ နိုဝင် ဘာလ (၁၆) ရက်နေ့  နံက် (၆း၃၀)နာရီတွင် ခမရ (၁၁၅) နှင့် ခလရ (၁၃၀) စစ်ကြောင်း တို့ သည် မန်တုံ မြို့နယ် မန်မောက် နှင့် တန်တေ ကျေးရွာ အကြားရှိ (TNLA) တပ်ရင်း (၃၆၇) တပ်စခန်းအား စစ်ဆင်ခဲ့ရာ  နံနက် (၇း၃၀) နာရီ အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု (TNLA) ရှေ့တန်း အရာရှိတဦး က ဆိုပါသည်။

"အဲဒီ တိုက်ပွဲမှာ အစိုးရ ဖက်က (၂) ဦး ကျဆုံးပြီး (၁) ဦး ထိခိုက် ဒါဏ်ရာ ရတယ်လို့ သိရတယ်။ ကျနော်တို့ (TNLA) ကိုတော့ အဆက်မပြတ် စစ်ဆင် နေတာ ကတော့ ကြာပါပြီး ဒါပေမဲ့ အခု(၃)ရက်မှာ တော့ ဆက်တိုက် စစ်ဆင်တဲ့ အတွက် တိုက်ပွဲ လည်း ဆက်တိုက်ဖြစ်နေပါတယ်။ဟုရှေ့ တန်း တပ်မှူးက ဆိုခဲ့ပါ သည်။

မန်စီတွင် တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည် နှစ်ထောင်ကျော် ထပ်မံတိုး

(Mizzima)

ကချင်ပြည်နယ်၊ မန်စီမြို့အနီး၊ နမ့်လင်းပါ ကျေးရွာတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် ကျေးရွာများမှ မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးလာသူ ရွာဒေသခံများ နှစ်ထောင်ကျော်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများတွင် စားနပ်ရိက္ခာများ ကူညီပေးနေသည့် ကတ်သလစ် အသင်းတော်မှ တာဝန်ရှိသူ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲမှာ နိုဝင်ဘာလ ၁၇ရက် မနက် ၇နာရီတွင် ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသူရွာသားများမှာ တပ်မတော်ဘက်မှ စစ်ကြောင်းများ ၀င်လာစဉ် နိုဝင်ဘာလ ၁၆ ရက်တွင် မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကိုနော်ဒင့်က ပြောသည်။
"မနက် ၇ နာရီက စပစ်လိုက်တာ နေ့လည် ၁နာရီကျော်လောက်မှ တိုက်ပွဲက အသံတွေရပ်သွားတယ်"ဟု ၄င်းက ပြောသည်။

နမ်းလင်းပါကျေးရွာ အိမ်များ မီလောင်

(Kachin Waves)

နမ်လင်းပါကျေးရွာတွင် ယနေ့မနက် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့် မှ စတင်ပြီး အစိုးရနှင့် ကေအိုင်အို တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံများသည် ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုအချိန် နမ်လင်းပါကျေးရွာရှိ အိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်းသတင်းရရှိသည်။

နမ်းလင်းပါကျေးရွာတွင် ၁၃၀၀ ခန့်ရှိသည့် စစ်ဘေးဒုက္ခသည်စခန်းနှင့် ကျောင်သား ၈၀၀ ခန့်ရှိသည့် ကျောင်းဘော်ဒါဆောင်ရှိသည့် ကျေးရွာဖြစ်သည်။

NAMLIM PA MARE HPE MYEN NI ZING KAU

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang, KIA Dap Ba (3) up hkang ginra rai nga ai Namlim Pa Mare hpe myen hpyen ni kawn November (16) ya shan hkying (4:00 PM) ram hta shan madu kau sai lam shiga na chye lu ai. Myen hpyen ni gaw KIO Asuya a Gaw Sharawt, Tsi Rung, Hpyen Yen Daban ni yawng hpe shang shalau kau sai lam hpe mung na chye lu ai.

တအန်းတပ်စခန်းများသို့ မြန်မာတပ်များဆက်လက် ထိုးစစ်ဆင်

၁၇ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ်

မြန်မာ တပ်မတော် ခလရ ၁၁၄၊ ခမရ  ၅၀၆နှင့် ခမရ  ၅၀၃ စစ်ကြောင်း တို့သည် နမ့်ဆန်မြို့နယ် နှင့် မန်တုံမြို့နယ် တွင် အခြေ စိုက်နေသော တအန်း တပ်မတော် တပ်ရင်း ၂၅၆ နှင့် တပ်ရင်း ၃၆၇ တို့ အား ၁၃၊ ၁၄  နှင့် ၁၆ ရက် တို့တွင် ဆက်လက် ထိုးစစ်ဆင်သဖြင့် တိုက်ပွဲဖြစ် ပွားခဲ့ကြရာ မြန်မာ တပ်ဖွဲ့ဝင်များ အနည်း ဆုံး ၅ ဦး ကျဆုံးပြီး ၆ ဦး ဒါဏ် ရာ ရရှိခဲ့သည်။...

၁၃ ရက် နိုဝင်ဘာလတွင် နမ့်ဆန်မြို့နယ် တာလဲတ်နှင့်ကလန်ဒါန်းရွာအကြားရှိ TNLA တပ်ရင်း ၂၅၆ တပ်စခန်းသို့ မြန်မာတပ် ခမရ ၅၀၆ နှင့် ၅၀၅ တို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ထိုးစစ်ဆင်လာသဖြင့် ပြန်လှန်ပစ်ခတ်ရာ ညနေ ၁၅း၀၀ နာရီမှ ၁၅း၄၅ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်တပ်ဖက်မှ ၂ ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ဒါဏ်ရာရရှိ ခဲ့သည်။

အောင်မြင်သာနှင့် မလိယန် ဒေသခံများအား CPI မှ ချိဖွေလျှပ်စစ် မီးပေးမည်

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံကျေးရွာများဖြစ်သော အောင်မြင်သာကျေးရွာ နှင့် မလိယန်ကျေးရွာ ရှိ ဒေသခံများအား တရုတ် CPI ကုမ္ပဏီ မှ လျှပ်စစ်မီး ပေးတော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ ပြည်နယ် နှင့် ခရိုင် လျှပ်စစ်အင်ဂျင်နီယာ နှင့် CPI ကုမ္ပဏီ မှ တာဝန်ရှိသူများ အောင်မြင်သာကျေးရွာသို့ လာရောက်ပြီ ဒေသခံများအား လျှပ်စစ်မီးဆိုင်ရာ ပညာပေးဟောပြောပွဲ လာလုပ်စဉ် ဒေသခံများအား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးဖြစ်သူ ဆရာမ ဂျာခေါန် က ဆိုသည်။

နမ်လင်းပါကျေးရွာ၏ နောက်ဆုံးအခြေအနေ

(Jinghpawkasa)
ယနေ့နံနက် ၇ နာရီမှ နမ့်လင်းပါကျေးရွာတွင် အကြီးအကျယ် ၀င်ရောက် ပစ်ခတ်နေသည်။ ကျေးရွာသားများနှင့် IDP များ အားလုံး ၂၃၀၀ ကျော် ရွာပြင်သို့ ထွက်ပြေးနေသည်။ ရွာတွင်း ထိခိုက်မှု ပိတ်မိမှု သေဆုံးမှု မသိရသေး။ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ညနေ ၄ နာရီ ၃၀ မိနစ် ခန့်တွင် နမ့်လင်းပါကျေးရွာသို့ မြန်မာ့တပ်မတော်မှ ပစ်ခတ် ၀င်ရောက် သိမ်းပိုက်သဖြင့် မူလ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်၊ ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀ ကျော်၊ ကောင်လွေ (Gawng Run) နှင့် ဆဂနမ်ခွမ် (Saga Nam Hkum) ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် နမ့်လင်းပါ ရွာခံ များ စုစုပေါင်း ၂၃၀၀ ကျော်ခန့် တညလုံး ကစဉ့် ကလျား ထွက်ပြေး တိမ်းရှောင်နေရပါသည်။