Friday, November 15, 2013

မ​တ​ရား​သင်း​ဆက်​သွယ်​မှု​ဖြင့် ​ဒု​က္ခ​သည် ၄ ​ဦး​ကို ​ထောင်​ဒဏ်​ချ​မှတ်

(DVB)

နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​တွေ​ ကို ​ပြန်​လွှတ် ​ပေး​နေ​စ​ဉ်​မှာ​ပဲ ​က​ချင်​ပြည်​နယ်​မှာ  ​မ​တ​ရား ​အ​သင်း ​နဲ့ ​ဆက်​သွယ်​မှု​ နဲ့ ​စစ်ေ​ရှာင်​ ဒု​က္ခ​သည် ၄ ​ဦး​ကို  ​ထောင်​ဒဏ်​တွေ ​အ​သီး​သီး​ ချ​မှတ်​ လိုက်​ပါ​တယ်။

နိုဝင်​ဘာ ၁၅ ​ရက် ​နေ့​မှာ ​မြစ်​ကြီး​နား ​မြို့​နယ် ​တ​ရား​ရုံး​တွေ​မှာ ​မ​တ​ရား​ အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​စွဲ​ဆို​ခံ​ထား​ ရ​သူ ၆ ​ဦး​အ​နက် ၄ ​ဦး​ကို ​ထောင်​ဒဏ် ၂ ​နှစ်​စီ ​ချ​မှတ်​ လိုက်​တယ်​လို့ေ​ရှ့​နေ ​ဦး​မား​ခါး​က ​ပြော​ပါ​တယ်။

၂၀၁၂ ​ခု​နှစ် ​ဇွန်​လ​မှာ ​စ​တင်​ပြီး​တော့ ​မြစ်​ကြီး​နား​ခ​ရိုင်​နဲ့ ​မြို့​နယ်​ရုံး​တွေ​က ​ပေါက်​ကွဲ​မှု၊ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​တွေ​နဲ့ ​တ​ရား​စွဲ​ဆို​ထား​တာ ​ဖြစ်​ပြီး ​အ​ခု​ချ​မှတ်​လိုက်​တဲ့ ​ထောင်​ဒဏ်​တွေ​က​တော့ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​မြို့​နယ် ​တ​ရား​ရုံး​က ​ချ​မှတ်​လိုက်​တာ ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

အသက် ၇ နှစ်ရွယ် မိန်းကလေးက အစိုးရစစ်သား အဓ္ဓမပြုကျင့်ခံရ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ခလွမ်ရွာရှိ အသက် ၇ နှစ် ကျော် အရွယ် ဒုတိယတန်း ကျောင်းသူ တဦးအား နိုဝင်ဘာ ၁၁ ရက်နေ့ တွင် အစိုးရ သိန္နီတပ် ခမရ- ၃၂၃ မှ ကိုဝင်းထွေး ဆိုသူ အဓ္ဓမ  ပြုကျင့် ခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားသောနေ့ တွင် မိခင်ဖြစ်သူ က ကောက်ရိပ်သွား ရသောကြောင့် သမီးဖြစ်သူ ကို ညီမငယ်အား ထိန်းပေးရန် ကျောင်းမှ ခွင့်တိုင် ၍ နေရစ်ခဲ့ချိန် အဆိုပါ စစ်သားက ၀င်ရောက်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစု ၀င်များမှသိရသည်။

MPC ၏ အစီစဉ် သစ်သည် ဖါးအံ ဆွေးနွေးပွဲ အပေါ် မသက်ရောက်နိုင်

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ နည်းပညာ အထောက် အကူပြုအဖွဲ့ (MPC) အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အပါဝင် ထိုင်းနိုင်ငံ အခြေစိုက် လူမှု အဖွဲ့အစည်းများနှင့် လာမညိ့ နိုဝင်ဘာ (၂၂) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းထားသည်ဟု UNFC အတွင်းရေးမှူး ()ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။

ဒီဆွေးနွေးပွဲ ကတော့ ကရင်ပြည်နယ် မှာပြုလုပ်မဲ့ ညီလာခံနဲ့တော့ တိုက်ရိုက် သက်ဆိုင်မှာ မဟုတ်ပါဘူး ဒါပေမဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာတော့ ပါတီတွေက အကျုံးဝင် လာမှာပါ။ ပါတီတွေက တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးက သူတို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် အမြင်ချင်းတော့ ဖလှယ်လို့ ရပါတယ်။ နိုင်ငံရေး ပါတီအ နေနဲ့ အကျုံးဝင်တဲ့ ကဏ္ဍကတော့ ဒုတိယ အဆင့်မှာ ဖြစ်ပါတယ်။ဟုဆိုပါသည်။

ခမရ (၂၈၆) တပ်များ ဖားကန့်လမ်းတွင် အတင်းအဓမ္မငွေတောင်း

(Jinghpawkasa)

ကချင်ပြည်နယ် မိုးကောင်း ဖားကန့် လမ်းပေါ်ရှိ နန့်ဟိုင် ရွာတွင် စခန်း ချနေသော အစိုးရ စစ်တပ် ခမရ (၂၈၆) တပ်ရင်း တို့သည် ဖားကန့်မှ အပြန် ဆိုင်ကယ်၊ မော်တော်ကား များကို စစ်ဆေးပြီး အဓမ္မငွေတောင်း ယူ နေကြကြောင်း၊ ငွေ မပေးနိုင်ပါက ဥပဒေ အရ အရေးယူခြင်း၊ ရဲလက်ထဲ အပ်နှံခြင်း လည်း မပြုလုပ်ပဲ ဖမ်းဆီး ထားပြီး ငွေနှင့်လာရွေးစေခြင်း များ ပြုလုပ်နေကြောင်း သိရသည်။

(၇)နှစ် အရွယ် ကချင်ကျောင်းသူလေး အား မြန်မာ့ တပ်မတော်သား တစ်ဦး မုဒိမ်းကျင့်

(Lachid Kachin)


ရှမ်းပြည် နယ်မြောက် ပိုင်း ၊ သိန္နီမြို့ အနီးရှိ ရေပူရွာ ရှိ အဖ ဦး... နှင့် အမိ ဒေါ်... တို့ သည် (၁၁.၁၁.၂၀၁၃) ရက်နေ့ နံနက် (၈)နာရီခန့် တွင်(၇) နှစ် အရွယ် သမီး မ...နှင့်  သမီး ငယ်(၆) လ တို့ (၂) ယောက် အား အိမ်တွင် ထားခဲ့ ပြီး တောင်ယာ သို့ သွား ကြရာ သိန္နီ အခြေစိုက် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၃၂၃) တပ်မှ စစ်သား မောင်ဝင်းထွေး (ကိုယ်ပိုင် အမှတ်-တ/၃၃၇၀၇၆) သည် ကလေးမလေး (၂)ဦး ရှိရာ အိမ်သို့ ရောက်ရှိ လာပြီး ကလေး မလေး နှစ်ဦး အား အိပ်ခန်းထဲသို့ ပွေ့ချီ သွားကာ အငယ်မ အားဘေးတွင် ချထားပြီး အကြီးမ မ.... အသက်(၇)နှစ် ၀တ်ဆင် ထားသောဘောင်းဘီအား ချွတ် ခိုင်းပြီး မုဒိမ်းကျင့် ခဲ့ကြောင်း ၊ မ...မှ အနီး ပတ်ဝန်းကျင် သို့ အဖွား... အမေ... ဟု အော်ဟစ် အကူ အညီ တောင်းသောကြောင့် ၄င်းစစ်သား မှ ကလေးမ အား ပါး (၂)ချက် ရိုက်ခဲ့ ကြောင်း ကလေး မလေး မ... ၏ပြောပြချက် အရသိရှိရပါသည်။

Thursday, November 14, 2013

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ၀င်ရောက် နှစ်ဘက်တပ်များအကြား စစ်ရေးတင်းမာနေဆဲဟုဆို

(Mizzima)

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း(၃)လက်အောက်ခံ ဒေသသို့ အစိုးရတပ်က လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် စစ်ရေးတင်းမာလျက်ရှိသည်ဟု KIA တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

“အစိုးရစစ်တပ်က တိုက်ပွဲမှာကျသွားတဲ့ စစ်သားတွေ၊ ဒဏ်ရာရသွားတဲ့ စစ်သားတွေနေရာ အစားထိုး၊ ရိက္ခာတွေ ထပ်ဖြည့်နေတယ်။ ခုလောလောဆယ်တော့ နားနေတဲ့သဘောပဲ။ ဆုတ်ဖို့မရှိဘူး။ တိုးမြှင့်ဖို့ပဲ ရှိတယ်”ဟု ပြောသည်။

Wednesday, November 13, 2013

အစိုးရနှင့် KIA တပ်ရင်း ၁၂ ကြားဖြစ်ပွားနေသော တိုက်ပွဲကြောင့် KIA အရာခံဗိုလ်တဦးကျ

(ကချင်သတင်းဌာန)


ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ၍ပြင်းထန်ဖြစ် ပွားနေကာ နိုဝင်ဘာလ ၁၀ ရက်နေ့ က ဆဂနမ်ခွမ် (Saga Nam Hkum) တွင်ဖြစ်ပွားသော တိုက်ပွဲတွင် KIA အရာခံ ဗိုလ် တဦးကျဆုံးခဲ့သည်။

အဆိုပါ တပ်ရင်း (၁၂) အရာခံဗိုလ်အင်ခွမ်အောင်မိုင် (Nhkum Awng Mai) သည် အစိုးရဖက်မှ စခက-၂၁ (ဗန်းမော်) လက်အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ထိခိုက် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့အတည်ပြုသည်။

လိုင်ဇာ ဝေကြိုင်ဒုက္ခသည်စခန်းတွင် ထင်းနှင့်ရေ အခက်ခဲရှိ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ ဝေကြိုင် ဒုက္ခသည် စခန်းတွင် ယခုလ အစောပိုင်း ဆောင်း အဝင်ကာလမှစပြီး ဒုက္ခသည် များ ချက်ပြုတ် စားသောက်ရန် ရှို့ထင်းနှင့်ရေများ အခက်ဖြစ်ပေါ်နေကြောင်း စခန်း တာဝန်ရှိ သူများပြောသည်။

ဝေကြိုင်စခန်း တွင်နေထိုင်သော ဒုက္ခသည် အများစုမှာ ထင်းမီးဖြင့် အမှီပြု ထမင်း ချက်ပြုတ် စားသောက်ကြပြီး၊ လျှပ်စစ်မီး သုံးစွဲချက်ပြုတ်စားသောက် သူများမှာ အိမ်ထောင်စု တစ်ရာကျော်ခန့်သာ ရှိကြောင်း စခန်း အတွင်းရေးမှူး ဦးလဒီး ကပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို UNFC အစွမ်းကုန်ကူညီမည်

(Mizzima)

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မူဘောင်များ ချမှတ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို အစွမ်းကုန်ကူညီမည်ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထုတ်ဖော် ပြောဆိုလိုက်သည်။

“NCCT မှာက UNFC အဖွဲ့မဟုတ်တဲ့ အဖွဲ့တွေပါတယ်။ အဲဒီအဖွဲ့တွေက ရုံးနဲ့စုဖွဲ့ပြီး မနေကြဘူး။ UNFC မှာတော့ ရုံးရှိတယ်။ အလုပ်စနေတာပေါ့။ ဒါကြောင့် UNFC ကဘဲ ဒိုင်ခံပြီး အရင် မူကြမ်းဖြစ်အောင် ပြုစု ရေးဆွဲမှာ။ ပြီးတော့ NCCT နာမည်ကနေပြီး အဖွဲ့အစည်းအားလုံးရဲ့ သဘောထားတွေအပေါ်မှာ တစ်ခါ ပြန် NCCT မူဖြစ်အောင် ပူးတွဲ သဘောတူညီချက်တစ်ခု ပေါ်လာမယ်ဆိုပြီး ကြိုးပမ်းသွားမှာပါ”ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ကုလအဖွဲ့များ အကူအညီရရှိသော်လည်း ဒုက္ခသည်များလိုအပ်မှုရှိနေဆဲ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တရုတ် နယ်စပ် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ဗဟို ဌာနချုပ် အတွင်းရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းများ တွင် ကုလသမဂ္ဂ (UN) အကူ အညီပေးရေး အဖွဲ့ ယနေ့ ဂျေယန့် (Je Yang) ဒုက္ခသည် စခန်းသို့ ထပ်မံ အကူညီပေး ရန်ရောက်ရှိ လာသော်လည်း ဒုက္ခသည်များ လိုအပ်နေသောပစ္စည်း မရရှိသေးကြောင်း သိရသည်။

ယခုကူညီမှု တွင် အဓိက ဒုက္ခသည်များ လိုအပ်သော ဆန်၊ စောင်များ မပါရှိသေး ဘဲ အခြား ဆား၊ ပဲအမျိုးမျိုး၊ အဟာရဓာတ်များနှင့် Hygiene သန့်ရှင်းရေး ပစ္စည်းများဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေသည်၊ မဟောင်ပါနဲ့

(မိုးမခ) (ကာတွန်း စောငို)

Tuesday, November 12, 2013

တနိုင်ငံလုံး အပစ်ရပ်ပြီးတာနဲ့ နိုင်ငံရေးစားပွဲဝိုင်း အမြန်သွားဖို့ လိုတယ် – ဒေါက်တာတူးဂျာ

(DVB)

တရုတ် -မြန်မာ နယ်စပ် လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့  ညီလာ ခံနဲ့ နောက် နှစ်ရက် အကြာ မြစ်ကြီးနားမှာ တိုင်းရင်း သားခေါင်းဆောင်တွေ နဲ့ အစိုးရ ကိုယ်စား လှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန် လုပ်ဆောင်ကြဖို့ သဘော တူကြောင်း ပူးတွဲ သဘော ထား ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးတဲ့၊ လက်ရှိမှာ ကချင်ပြည်နယ် ဒီမိုကေရစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ ဦးမနာမ်တူးဂျာကို မြစ်ကြီးနားမြို့နေအိမ်မှာ ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က နိုဝင်ဘာ ၆ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် မေးမြန်းချက်

(DVB)

တရုတ် -မြန်မာ နယ်စပ် လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ ကွန်ဖရင့် နဲ့ နောက်နှစ်ရက် အကြာ မြစ်ကြီးနား မှာ တိုင်း ရင်း သားခေါင်းဆောင်တွေ ရဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေနဲ့ ပတ်သက် လို့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြစ်ကြီးနားမြို့က ကေအိုင်အိုဆက်ဆံရေးရုံးမှာ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါတယ်။

လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ညီလာခံက မြန်မာပြည်ရဲ့ သမိုင်းမှာ ဘယ်လောက်အထိ အေရးပါပြီး အနှစ်သာရ ရှိလဲ။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် UNFC တို့ ချင်းမိုင်တွင် တွေ့ဆုံ ဆွေးနွေးမည်

(Irrawaddy)

ပြည်တွင်းရှိ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ မကြာခင်က တွေ့ဆုံစဉ် ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပါတီနှင့် လက်နက်ကိုင်များ ညှိနှိုင်းပြီးမှ အစိုးရနှင့် ဆက်လက် ဆွေးနွေးခြင်းက ပြည်တွင်းငြိမ်းချမ်းရေးရလဒ် ပိုကောင်းနိုင်ဟုဆို

(Mizzima)

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများတွင် ပါတီများ၏အခန်းကဏ္ဍကို ထည့်သွင်းရန် စီစဉ်လာခြင်းက အနာဂတ် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်း ထွက်ပေါ်လာဖွယ်ရှိမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များက သုံးသပ်လိုက်သည်။

ယခုကဲ့သို့ စီစဉ်ပေးခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နောက်ပိုင်း တွေ့ဆုံမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာရန် အစိုးရက မျှော်လင့်ထားသည်ဟု ယူဆကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

Monday, November 11, 2013

ငြိမ်းချမ်းရေးအတွက် ဒေါက်တာတူးဂျာရဲ့  အမြင်ခံယူချက်

(VOA)

မြန်မာ အစိုးရနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေကြား လက်ရှိ လုပ်ဆောင်နေ တဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ အတွက် သူကို ဖိတ်ကြား လာရင် တတ်နိုင် သလောက် ပါဝင် လုပ်ဆောင်သွား မယ် ဖြစ်တယ် လို့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ရဲ့  ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာတူးဂျာ က ပြောဆို လိုက်ပါတယ်။ ဒေါက်တာ တူးဂျာ တည်ထောင် ထားတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဟာ အောက်တိုဘာလ (၃၀) ရက်နေ့တုန်းကမှ မှတ်ပုံတင်ခွင့်ကျခဲ့တာပါ။ သူက တချိန်က ကေအိုင်အိုနဲ့ မြန်မာတပ်ဖွဲ့တွေရဲ့  အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဒေါက်တာတူးဂျာ ကို မြစ်ကြီးနားမြို့မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံမေးမြန်းထားတာပါ။

KIA တပ်ရင်း (၁၂)တွင် စစ်ဆင်မှု ပိုမို ပြင်းထန်လာ

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ တပ်များ သည် ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ် ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၁၂) တပ်ဖွဲ့ ကို (၃)ရက် ဆက် တိုက် စစ်ဆင် နေရာမှ ယနေ့  နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် () နာရီ အချိန်တွင် လည်း လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက် လျက်ရှိကြောင်း (KIA) တပ်ရင်း (၁၂) မှူး ဗိုလ်မှူး ဂျွန်းအောင် ကဆိုပါသည်။

စာဂေါင်ဘက် ကို ရောက်ရှိနေတဲ့ ကျနော်တို့ (KIA) တပ်ဖွဲ့တွေကို စဃနမ်ခွန် ရွာဟောင်းမှာ ရှိတဲ့ အစိုးရတပ်ဖွဲ့ တွေက လက်နက်ကြီးနဲ့ လှမ်းပစ်နေတာက မနက် ကတည်းကဘဲ။ ပစ်နေတာ အခုဆိုရင် (၁၀) ကြိမ်ထက် မနည်ရှိသွားပြီး။ဟုဆိုသည်။

လိုင်ဇာ ဘုံ သဘောတူညီ ချက်ကို RCSS အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးမှ ထောက်ခံ

(ရွှေဟင်္သာသတင်းဌာန)



လိုင်ဇာ ဆွေးနွေးပွဲ မှ တိုင်းရင်း သား လက်နက်ကိုင် များ ၏ ဘုံ သဘော တူညီချက် အားပြီး ခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့ ၌ ကျင်းပ သော ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ(RCSS)  အရေးပေါ် ဗဟို အလုပ် အမှုဆောင် ကော်မီတီ အစည်း အဝေး ကလည်း ထပ်လောင်း ထောက်ခံကြောင်း၊ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

လက်မှတ် ထိုးခြင်း မထိုးခြင်း ထက် အချက် အလက်တွေ ကို ထပ်မံ ထောက်ခံကြောင်း အလုပ်အမှုဆောင် ကော်မီတီက ဆုံးဖြတ်ကြ တယ်။ (RCSS) ကတော့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးတွေကို တိုင်းရင်းသား အဖွဲ့တွေ နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို အစိုးရနဲ့ လည်း ပူးပေါင်း အဖြေရှာ သွားမှာပါဟုဆိုပါသည်။

သြစတြေးလျသွားမည့် ဒေါ်အောင်ဆန်းစုကြည်ကို သြစီရောက် ကချင်အဖွဲ့များ ကြိုမည်မဟုတ်ဟုဆို

(Mizzima)

သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံကို တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကို ကြိုဆိုရန် သြစတြေးလျနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကို ဖိတ်ကြားထားသော်လည်း ကချင်အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် သက်ဆိုင်သည့် အစီအစဉ်များတွင် ပါဝင်မည်မဟုတ်ဟု နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်လိုက်သည်။

အကြွင်းမဲ့ လက်နက်ချရေး သဘော တူညီချက် စာချုပ် တွင် ပါဝင်လက်မှတ်ထိုးကြမည်လော

(KIC)

နိုဝင်ဘာ လ ၄ရက်နေ့ က မြစ်ကြီးနားမြို့၌ လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့ များနှင့် တွေ့ဆုံကြ စဉ် အစိုးရ ဘက်မှ ပေးအပ်လာ သည့်  “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ပစ်ခတ် တိုက်ခိုက် မှုများ ရပ်စဲရေး သဘော တူညီချက် စာချုပ်” ဆို သည်မှာ လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချရေးနှင့် ၂၀၀၈ အခြေခံ ဥပဒေဘောင် ထဲဝင်ရေး အတွက် လုပ်ငန်းစဉ် တစ်ရပ်သာ ဖြစ်သည်။

ထို “သဘော တူညီချက် စာချုပ်” တွင် ဖေါ်ပြ ထားသည့် အချက် အလက် များနှင့် မီဒီယာများ သို့ပြောသည့် ကာချုပ်၏ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ၏ သဘောထား အမြင်များကို ဆက်စပ် လိုက်လျှင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံး အကြွင်းမဲ့ လက်နက် ချပြီး ၂၀၀၈အခြေခံ ဥပဒေဘောင်ထဲ ဝင်ရမည်ဆို သည့်အချက် မှာ ခပ်ပြောင်ပြောင်၊ ခပ်ရှင်းရှင်း ပင် ဖြစ်ပါသည်။ 

သြစတေးလျရှိ ကချင် အဖွဲ့အစည်း၏ သဘောထားထုတ်ပြန်ချက်

(Lachid Kachin)

KIA, တပ်ရင်း (၁၂)့ (၂၇)တို့တွင်တိုက်ပွဲ ဖြစ်၊ အစိုးရတပ်မှ(၅)ဦးကျ

(Lachid Kachin)

ကချင် လွတ်လပ်ရေး တပ်မတော် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ် ရင်း အုပ်ချုပ် နယ်မြေ နမ်ဂေါင် ကျေးရွာ မှ ဆက် လက် ကျူးကျော် ၀င်ရောက် လာသော မြန်မာ အစိုးရ စစ် တပ် (ခ.မ.ရ-၃၂၀ နှင့် ၄၃၈) ပူးပေါင်း စစ်ကြောင်း နှင့် KIA, တပ်ရင်း (၁၂) မှ တပ်ဖွဲ့ ၀င် တို့ ကြား (၉.၁၁.၂၀၁၃) ရက်နေ့ နံနက် (၅း၄၅) အချိန်ခန့် တွင် အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်းသိရှိရပါသည်။

တဖန် နိုဝင်ဘာလ (၉) ရက်နေ့ မွန်းလွှဲ (၁း၀၀)နာရီ အချိန် KIA, တပ်ရင်း (၁၂) နယ်မြေ ဖြစ်သော မုံးဒင်ပါ ပတ်ဝန်းကျင် တွင်ဒေသခံ ရွာသားများအား အမျိုးမျိုးဒုက္ခပေး၊ လှုပ်ရှားနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၂၃၆) တပ် အား KIA, တပ်ရင်း (၁၂) မှ KIA,မျိုးချစ်ရဲဘော်များမှ ဗဒေသာ မိုင်းဖြင့် ခုခံတိုက်ခိုက်ရာ အစိုးရ စစ်တပ်ဘက်မှ (၅)ဦး ထိခိုက်ကျဆုံးကြောင်း သတင်းရရှိပါသည်။

ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်

(မိုးမခ)

တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
 
“မြစ်ကြီးနားစကားပြောပွဲ” ၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ထံ ပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို မိတ်ဆွေ တစ်ဦးက အင်တာနက်မှ တစ်ဆင့်ပို့ လာသဖြင့် ဖတ်ရပါ သည်။ 

“စာချုပ်”၏ အမည် အပြည့်အစုံမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဟူ၍ဖြစ်ပါသည်။ 

အပစ်ရပ်က ဦးစားပေးလား၊ နိုင်ငံရေး ဆွေးနွေးမှုက ဦးစားပေးလား

(Eleven Media Group)

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲနှင့် မြစ်ကြီးနား ဆွေးနွေးပွဲတို့ အပြီးတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် တိုးတက်မှု ရှိလာကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရေး ကိစ္စမှာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို မည်မျှအထိ ညှိနှိုင်းမည် ဆိုသည့်အပေါ် မူတည်နေပါသည်။ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထား ရပ်တည်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတူ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ မြစ်ကြီးနား ဆွေးနွေးပွဲတွင်မူ အစိုးရက ၎င်းတို့ရေးဆွဲထားသော အပစ်ရပ် စာချုပ်မူကြမ်း အသစ်တစ်ခုကို ထုတ်ပြခဲ့သည့်နည်းတူ သမ္မတ၏ သဘောထားနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ သဘောထားကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တိုင်းရင်းသား ဆွေးနွေးပွဲမှာ မထည့်သင့်တဲ့ကိစ္စ သမ္မတ ညွှန်ကြား

(RFA)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတော်ကနေ ခွဲမထွက်ရေးနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေမလုပ်ဆောင်ရေးဆိုတဲ့ အချက် ၂ ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ရန်ကုန်မြို့ကမာရွတ်မြို့နယ်က မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုပြောခဲ့တာပါ။

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး ပူပန်ရန်မလိုဟု ဦးအောင်မင်း ပြော

(Mizzima)

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်ပြင်ဆင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော်ဖြစ်ရေးတို့အတွက် စိုးရိမ်ရန်မလိုဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

Sunday, November 10, 2013

KIA တပ်ရင်း ၁၂ ဒေသ အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

(KNG)

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ် KIA ဒေသ ၃ နေရာ တွင် အောက်တိုဘာ ၇ ရက် နေ့ က တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒေသခံ ဒုက္ခသည်များသို့ ထိခိုက်သေ ဆုံးမှုရှိနေကြောင်း ဒေသခံများမှသိရသည်။

အစိုးရတပ်မှ ကောင်းလွန် (Gawng Run) ရွာထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၀ နှစ်အရွယ် ကျောင်းသူ မရောခေါန်ဂျာ (Maraw Hkawn Ja)သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများပြောသည်။

ဒုက္ခသယ်စခန်းအား ရိက္ခာပို့မည့်ကား တိမ်းမှောက်၊ တစ်ဦးသေ

(Mizzima)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်လင်းပါ ဒုက္ခသယ်စခန်းသို့ ရိက္ခာပို့ မည့်ကား နိုဝင်ဘာလ  ၇ ရက်က တမ်းမှောက်ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒါဏ်ရာရခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာက ပြောသည်။

ရိက္ခာပို့သည့်ကားပေါ်တွင် သားအဖနှစ်ယောက်ပါပြီး ယင်းတမ်းမှောက်မှုကြောင့် မောင်းနှင်လာသူ ဖခင်သေဆုံးခဲ့ကာ သားဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။