Saturday, November 9, 2013
KIA တပ်ရင်း ၁၂ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေဟုဆို
(Mizzima)
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ တပ်ဖွဲ့များ အခြေချနေသော နမ်ဂေါင်ကျေးရွာသို့ အစိုးရ၏ စစ်တပ်က လှုပ်ရှားလာသဖြင့် နိုဝင်ဘာလ ၈ရက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု တပ်ရင်းမှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ မန်စီမြို့နယ် နမ်လင်းပါကျေးရွာ၏ မြောက်ဘက် ၇ မိုင်အကွာရှိ နမ်ဂေါင်ကျေးရွာအနီး အစိုးရ၏ စစ်တပ် အင်အား ၂၀၀ ကျော်က လှုပ်ရှားလာသဖြင့် နိုဝင်ဘာလ ၈ရက် နံနက်ပိုင်း တကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီအထိ တိုက်ပွဲ ပြင်းဆန်နေဆဲဖြစ်သည်ဟု တပ်ရင်းမှူး ဂျွန်းအောင်က ပြောသည်။
ကချင်မှာ တိုက်ပွဲဆက်ဖြစ်
(VOA)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် တိုက်ပွဲသုံးနေရာ ဖြစ်ပွားရာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
(Eleven Media Group)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်မှ ၁၂ နာရီကျော်အထိ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်လွင်ရွာ၊ မံသာရွာနှင့် သံတံတားကြား၊ ဖြုတ်ကိုက် ရွှေမှော်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားစဉ် ကောင်လွင်ကျေးရွာမှ ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။ 
Friday, November 8, 2013
တအာင်း တပ်ရင်း (၁၁၂) ဟိုမော် ကျေးရွာ အနီး တောင်ထိပ်မှ ဆုတ်ခွာ ပေးခဲ့ရ
(ရွှေဟင်္သာသတင်းဌာန)
ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မို့နယ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ (၁၁၂) တပ်ရင်းသည် အစိုးရ တပ်များနှင့် နှစ်ဖက် အပြင်းအထန် တိုက်ခိုက် ခဲ့ကြ ပြီးနောက် ဟိုမော် ကျေးရွာအနီး တောင်ထိပ်မှ ဆုတ်ခွာ ပေးလိုက် ရပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
အစိုးရ တပ်ဖွဲ့ ဘက်က လက်နက် ကြီးနဲ့ တရစပ် ပစ်ခတ်နေပြီး စစ်အင်အား (၃၀၀) လောက်နဲ့ ပိုက်စိပ်တိုက် တက်လာတဲ့ အတွက် ကျနော်တို့ ဘက်က တပ်သားတွေ အဆုံး မခံ တော့ဘဲ ထပ်ဆုတ် ပေးလိုက် ရတယ်၊ နယ်မြေ အတွက်နဲ့ ကျနော့် တပ်သားတွေ အစတေး မခံ နိုင်ဘူးဟု တားဘုန်းကျော်က ဆိုပါသည်။
အလှပျက် မြစ်ဆုံ
(ဧရာဝတီ)
ဧရာဝတီမြစ် ကမ်းဘေး တွင် ထိုင်ရင်း အဖြူရောင် လက်ဝါး ကပ်တိုင် သင်္ကေတ တခု ကို ညွှန်ပြဖို့ အတွက် မဆန်းခွန် က သူ လုပ်လက်စ အလုပ် ကို ခဏ ရပ်လိုက်သည်။
“အဲဒီတောင် ကုန်းထိပ်မှာ ကျမ တို့ မနက်တိုင်း ၀တ်ပြု ဆုတောင်းကြပါ တယ်။ ဒါက ကျမတို့ အတွက် အရေးကြီး တဲ့နေရာပါ။ ကျမတို့ ဒါကိုလေးစား ပါတယ်။ အဲဒီမှာ ဘုရားကျောင်း တခုဆောက်ဖို့ တောင်မှ စီစဉ် ထားခဲ့ပါတယ်” ကချင်ပြည်နယ်မှ လူ အများစု လိုပင် ခရစ်ယာန် ဘာသာ ၀င်ဖြစ်သော ကချင် တိုင်းရင်းသူ အမျိုးသမီး ကပြောသည်။
ကချင်မှာတိုက်ပွဲဆက်ဖြစ် ကျောင်းသား ၁ဦး ဒဏ်ရာရ
နိုဝင်ဘာ လ ​၇ ​ရက်နေ့က ​ကချင်ပြည်နယ် ​မန်စီမြို့နယ် အတွင်းမှာ ​အစိုးရ တပ်နဲ့ ​ကချင် လွတ်မြောက်ရေး တပ် ​ကေအိုင်အေ တို့ ​တိုက်ပွဲတွေ ​ထပ်မံဖြစ်ပွားနေပြီး ​တိုက်ပွဲကြောင့် ​ကျောင်းသား တဦး ​ဒဏ်ရာရခဲ့ တယ်လို့ ​မန်စီမြို့နယ် တွင်းမှာရှိတဲ့ ​မိုင်းခေါင်ကျေးရွာ က ​ဒေသခံတွေ က ​ပြောပါတယ်။
နှစ်ဖက်ကြား တိုက်ပွဲဟာ ​မိုင်းခေါင်ကျေးရွာနဲ့ ​၆ ​မိုင်အကွာလောက်မှာ ​စတင်ဖြစ်ပွားခဲ့တာ ​ဖြစ်တယ်လို့ ​မိုင်းခေါင်ကျေးရွာတွင်းက ​ဒေသခံ ​တစ်ဦးက ​အခုလိုပြောပါတယ်။
နမ်ခန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်
(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်း တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) ဒေသ နမ်ခန်ကျေးရွာတွင် နိုဝင်ဘာ (၇) ရက်နေ့ ညနေပိုင်း၌ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ နမ်ခန်ကျေးရွာသည် ဗန်းမော်ခရိုင် နမ့်လင်းပါ နှင့် ကောင်လွေကျေးရွားကြားတွင် တည်ရှိသောရွာဖြစ်ပြီး၊ ဗမာစစ်ကြောင်းများသည် နမ့်လင်းပါကျေးရွာသို့ မရမက ထိုးတက်နေကြာင်း ကြားသိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များ၏ မိုင်းပဒေသာ မိပြီးဗမာစစ်သား အများအပြား သေကြေ၊ ဒဏ်ရာရရှိကြောင်းလည်း သတင်းရရှိပါသည်။
KIA တပ်ရင်း (၁၂) နှင့် အစိုးရတပ်ဖွဲ့ ၂ နေရာတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်
(ကချင်သတင်းဌာန)
ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ မဘိန်းမြို့နယ် KIA ဒေသ တွင် ၂ နေရာ၌ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
Thursday, November 7, 2013
ဖြစ်နေဆဲ တိုက်ပွဲ များသည် အကြောင်း အမျိုးမျိုး ပြသော နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးဟု KIA ဆို
(ရွှေဟင်္သာသတင်းဌာန)
ကချင်ပြည် လွတ် လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် အစိုးရ တပ်ဖွဲ့ တို့သည် အောက်တိုဘာလ (၇) ရက်နေ့ တွင် (၃) နေရာ၌ တောက်လျှောက် ယခု သတင်း မေးမြန်းချိန် ထိုင်းစံတော်ချိန် ည (၇) နာရီ အထိ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။
“အေး မနက် ကတည်း ကနေ အခုထိပဲ ၊ တောက်လျှောက်ပဲ၊ (၉) နာရီခွဲ လောက် ကတည်း ကနေ စပြီး ညနေ အခုထိကို သုံးနေ ရာမှာ တိုက်ပွဲ တောက်လျှောက် ဖြစ်နေတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသည်။
ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ
(Jinghpawkasa)
နိုဝင်ဘာလ (5) ၇က်နေ့ VOAနဲ့ မေးမြန်း ခန်းမှာ ပြော သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး၊ မပြင်ရေး ဟာ တိုင်းရင်းသားများနဲ့ ဘာမှမဆိုင်ဘူး လို့ပြောသွားခြင်း ၏ အဓိပါယ်သည် 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါ၊ တိုင်းရင်းသားများ လိုက်နာ စရာလည်းမလိုပါဟု အဓိပါယ် ထွက်နေပါသည်။ အမှန်တကယ် လည်း တိုင်းရင်းသားများရဲ့အရေး ဘာမှ အာမခံချက် မပါတဲ့စာအုပ်ဖြစ်တဲ့ အတွက် တိုင်းရင်းသား များနဲ့ ဘာမှမဆိုင် တာအမှန်ပါ။ တဆက်ထဲမှာ အခြေခံဥပဒေဟာ လွှတ်တော်နဲ့ပဲ ဆိုင်တယ်လို့ ပြောသွားပါ တယ်၊ ဒါဟာလည်း လွှတ်တော်ဟာ တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါဟု အဓိပါယ်ထွက်နေပါသည်။
တပ်မတော်ဟာ ဗမာ့တပ်မတော် မဟုတ်၊ ပြည်ထောင်စု တပ်မတော်
(Irrawaddy)
ပြီးဆုံး ခဲ့သော မြစ်ကြီး နား ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စား လှယ်များအား အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘော တူ စာချုပ် မူကြမ်း ကို ပေးအပ်ခဲ့ သည်။ ယင်း သဘောတူ စာချုပ်မူကြမ်း ကို ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ပါဝင်ရေး ဆွဲခဲ့ကြောင်း သိရသည်။ စာချုပ်မူကြမ်း တွင် ပါဝင်သော နိုင်ငံတော် ကာ ကွယ်ရေးနှင့် နယ်မြေ လုံခြုံရေး၊ အပစ်ရပ် နယ်မြေ အတွင်း အထွေထွေ အုပ်ချုပ်ရေး တွင် တိုင်းရင်း သားများ ပါဝင်စေခြင်း၊ လက်နက်ခဲ ယမ်းနှင့် တပ်အင်အား ကို အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ သို့ တင်ပြခြင်း၊ လက်နက် ကိုင်ဆောင်ခွင့် တို့ အပြင် ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးတို့ အပေါ် ကာကွယ်ရေး ဦးစီးချုပ်ရဲ့အထူး အာဏာကုန် လွှဲအပ်ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဧရာဝတီ သတင်းထောက် မေခနှင့် အကြိတ် အနယ် မေးဖြေဆွေးနွေးထား သည်။ ယခု အမေးအဖြေသည် ဧရာဝတီနှင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တို့၏ ဒုတိယ အကြိမ် တွေ့ဆုံမေးမြန်းမှုဖြစ်ပြီး မြစ်ကြီးနားမြို့မလိခရိပ် သာ၌ ပြုလုပ်ခဲ့သည်။
MPC နှင့် အီလည်လည် ငြိမ်းချမ်းရေးရလဒ်
(နေ့သစ်)
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကို အပြင်း အထန် ကြိုးစားနေ သလို ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်လား၊ မအောင်မြင် လားတော့ မသိဘူး နိုင်ငံတော်က တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့တွေကို Myanmar Peace Centre (MPC) က တဆင့် ကား ပါမစ်တွေ ချပေးလိုက်၊ ပါမစ်တွေကို MPC ကပဲ ပြန်ဝယ် လိုက်၊ ဝယ်လို့ရတဲ့ ပါမစ်နဲ့ ကားတွေ သွင်းပြီး ပြန်ရောင်းစား လိုက်နဲ့ MPC တဖွဲ့လုံး စီးပွားဖြစ်နေကြပြီဆိုတဲ့ သတင်းစကားတွေ ပေါ်လာခဲ့ပါတယ်။
ကေအိုင်အေတပ်ရင်း (၁၂) ဂေါင်လွေအရပ်တွင် တိုက်ပွဲဖြစ်ပွားနေ
(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေဖြစ်သော ဗန်းမော်ခရိုင် နမ့်လင်းပါ အနောက်ဘက် (၆) မိုင်အကွာ ရှိ ဂေါင်လွေအရပ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ နိုင်ဝင်ဘာ (၆) ရက်မနက် (၉း၀၀) နာရီအချိန်မှစပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေတပ်ရင်း (၁၂) မှ ဗိုလ်ကြီးအင်ခွန်တန် (Black Jade) ဦးဆောင်သော တပ်များနှင့် ဗမာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤဒေသသို့ သစ်မှောင်ခို နှိပ်နှင်းရေး အကြောင်းပြကာ ဗမာစစ်တပ်အင်အား အများအပြား ပို့ထားသောကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ရှေ့တန်းသတင်းအရ သိရှိရပါသည်။
လိုင်ဇာ သဘောတူညီချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ မရေရာသေးတဲ့ ငြိမ်းချမ်းရေး
(ဧရာဝတီ)
ကချင်ပြည်နယ် မှာ အခုရက် ပိုင်း ကျင်းပ ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ က တဆင့် အစိုးရ နဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ပူးတွဲကြေညာ ချက် သာ ပေါ်ထွက် လာပေ မယ့် သေချာ ရေရာ တဲ့ သဘောတူညီမှု တစုံတရာမှ ထွက် မလာခဲ့ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက လိုင်ဇာမြို့မှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ကမကထပြု ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးအတွက် ဘုံ သဘောတူညီချက် ၁၁ ချက် ပေါ်ထွက်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၆)
(မိုးမခ)
 အောင်ဒင်
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၁၊ နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၃)
==================
ငြိမ်း ချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု
မြန်မာပြည်အရှေ့မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု တစ်ခုရှိပါသေးတယ်၊
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု (Peace and Democracy Front) (PDF) လို့အမည်ရပြီး
ပန်ဆန်းအခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party/UWSP)၊
မိုင်းလားအုပ်စုလို့ ခေါ်ကြတဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(National Democratic Alliance Army/NDAA)၊
ရေရှည်တည်တန့်ခိုင်မြဲမယ့် ငြိမ်းချမ်းရေးအတွက်
(VOA)
ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ အစီအစဉ်မှာ တိုင်းရင်းသား အင်အားစုတွေနှင့် အတူ တပ်မတော်နဲ့ အစိုးရကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ မြစ်ကြီးနားဆွေးနွေးပွဲဟာ ဘယ်လောက် အရေးပါပါသလဲ။ အကျိုးရှိမယ့် ရလဒ်တွေရှိခဲ့သလား ဆိုတာတွေကို မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် ဒီဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်တို့နှင့်အတူ ဦးကျော်ဇံသာ ဆွေးနွေးတင်ပြပါမယ်။
Wednesday, November 6, 2013
လိုင်ဇာ ကုန်စိမ်းဈေးမီးလောင် ဆိုင်ခန်း ၂၀ ကျော်ပျက်စီး
(ကချင်သတင်းဌာန)
ကချင်ပြည် တရုတ် နယ်စပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ တွင် နိုင်ဝင်ဘာလ (၅)ရက်နေ့ ညနေပိုင်း ၇ နာရီ ၅မိနစ်ခန့်တွင် ကုန်စိမ်းဈေး မီးလောင် ကျွမ်းမှုဖြစ်ပွားပြီးဈေးဆိုင် (၂၀)ကျော် ပျက်စီးကာ အခြားဈေးဆိုင် များပါ အနည်းအကျဉ်း ထိခိုက်သွား ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောနေရာသို့ တာဝန်ရှိ မီးသတ်မော်တော်ယာဉ်များက အလျင်အမြန် ရောက်ရှိလာပြီး (၂၅) မိနစ်ခန့်အကြာ ၄င်းဈေးအား မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာ ဒေသခံများပြောသည်။
ခွဲထွက်ပိုင်ခွင့်နှင့်ဖက်ဒရယ်မူ
(Ven Ravika)
ခွဲထွက်ရေးတစ္ဆေ
လိုင်ဇာညီလာခံသို့ ပေးပို့သော သမ္မတသဝဏ်လွှာ၌ နိုင်ငံတော်နယ်နမိတ်ကို လေးစားရန် ညွှန်ကြားကြောင်း ပါရှိသည်။ ပင်လုံစာချုပ်ပါ ခွဲထွက်ပိုင်ခွင့်ကို မသိမသာ ငြင်းပယ်ခြင်းဖြစ်သည်။ ဦးအောင်မင်းတို့ဆွေးနွေးရာ၌လည်း ပြည်ထောင်စုမှ မည်သည့်အချိန်မျှ ခွဲမထွက်ကြောင်း တိုင်းရင်းသားတို့အား ခံဝန်ကတိပြုစေခဲ့ဖူးသည်။ သာမန်ပြည်သူများသည်ပင် ပြည်ထောင်စုမှ ခွဲမထွက်လျှင် လိုချင်သည့်အခွင့်အရေးကို တောင်းကြပါဟု ပြောလေ့ရှိသည်။ ဤအချက်ကို ကြည့်လျှင် နေဝင်းခြောက်ခဲ့သော ထမင်းလုံးတစ္ဆေသည် တပ်မတော်၊ အရာရှိအရာထမ်း၊ သာမန်ပြည်သူများကြား၌ နက်နက်ရှိုင်းရှိုင်း မည်မျှစိမ့်ဝင်နေပြီဆိုသည်ကို ခန့်မှန်းနိုင်သည်။
ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး
(DVB)
ကချင်ပြည် နယ် မြစ်ကြီးနား မြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့တွေ ရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး တပ် မတော်ရဲ့ သဘာ ထား ဘယ်လို ရှိနေ ပါလဲ၊ မြစ်ကြီးနားဆွေးနွေးပွဲကို တက်ရောက် ခဲ့တဲ့ ကာကွယ်ရေး ၀န်ကြီးဌာန က ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကို ဒီဗွီဘီ သတင်းထောက် ဦးအေးနိုင် က မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်း ထားပါတယ်။
တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး အပေါ် မှာ တပ် မတော်ရဲ့ သဘောထား ရှင်းပြပေးပါ။
မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကုလကြိုဆို
(VOA)
မြစ်ကြီး နားမြို့မှာ နှစ် ရက်ကြာ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ နဲ့ မြန်မာ အစိုးရ အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ဟာ ကျေနပ် အားရ စရာ ဖြစ်တယ် လို့ မြန်မာ အစိုးရ ဘက် ကရော၊ လေ့လာသူ အဖြစ် တတ်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဘက်ကပါ ပြောပါတယ်။
ဒါပေမဲ့ လက်တွေ့ ဆွေးနွေးပွဲအတွင်းမှာတော့ အမြင်ကွဲလွဲမှုတချို့ ရှိခဲ့ပြီး၊ ဒါကို လာမယ့် ဒီဇင်ဘာလမှာ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်ထားတာ တွေ့ရပါ တယ်။ ဆွေးနွေးပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ကချင်လူငယ်များ ဆုတောင်းသံ
(Kachin Duwa)
(“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။)
မြစ်ကြီးနားမြို့မှ ကချင်လူငယ်များ ၀တ်ပြုအစည်းအဝေး
နှလုံးသားမှာ ဆာငတ်နေတဲ့ လွတ်လပ်ခြင်း အတွက် ၀ိုင်းဝန်းဆုတောင်းကြတယ် လို့ ဆိုပါတယ်။
မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် KIA တပ်များ စစ်ရေးတင်းမာနေဆဲဖြစ်
(Mizzima)
စစ်ပြေးဒုက္ခသည်များ ထပ်တိုးလာပြီး စားနပ်ရိက္ခာ လိုအပ်နေ
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ တပ်မဟာ ၃ လက်အောက်ခံ အမှတ် ၁၂ တပ်ရင်း ဒေသအ တွင်း မြန်မာအစိုးရ၏ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KIA တပ်ရင်းမှူးက နိုဝင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
“ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ ကောင်ရွန်ဘက်မှာ တပ်ဖွဲ့တစ်ဖွဲ့ရှိနေတယ်။ 
ကျွန်တော်တို့နဲ့ မြင်နေရတယ်။ ဗျူဟာကငါးခုရှိတယ်။ တပ်ရင်းကိုးခုရှိတယ်။ နေရာတကာ အစိုးရစစ်တပ်တွေ လှုပ်ရှားနေသေး တယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်။ သူတို့ပစ်ရင် ကျွန်တော်တို့လည်း ပစ်လိုက် ဒီလိုပဲ နေနေကြ တယ်”ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဂျွန်းအောင်က ပြောသည်။
မြစ်ကြီးနားဆွေးနွေးပွဲ ငြိမ်းချမ်းရေးအတွက် အဖြေမထွက်ဘဲ တစ်ခန်းရပ်
(Mizzima)
မြစ်ကြီးနားတွင် ကျင်းပလျှက်ရှိသည့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်တင်ပြလာသော မူဘောင်နှစ်ခုမှ ကွဲလွဲချက်များကို ဒီဇင်ဘာတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန့်အောင်က မဇ္ဈိမကို ပြောသည်။
"နှစ်ဖက်မူကြမ်းတွေက ညှိနှိုင်းစရာတွေရှိနေသေးတဲ့အတွက် ထပ်ဆွေးနွေးလို့မပြီးနိုင်တဲ့အနေအထားရှိပါတယ်။ အစိုးရရဲ့မူကြမ်းကို ဒီနေ့ဖတ်တော့ အဲဒီ့မှာ အထားအသိုလေးတွေက လိုင်ဇာသဘောတူညီချက်နဲ့ ကွာဟနေတာလေးတွေ ရှိနေတော့ နှစ်ဘက်လုံး ညှိရမယ့် အနေအထားဖြစ်တယ်"ဟု ဦးဆန့်အောင်က ပြောသည်။
မြစ်ကြီးနားဆွေးနွေးပွဲ အစိုးရ မျှော်လင့်ထားသလို အောင်မြင်မှုမရရှိဘဲ ပြီးဆုံး
(Eleven Media Group)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကာ ရလဒ်အနေဖြင့် အစိုးရ မျှော်လင့်ထားသလို အောင်မြင်မှုမရရှိဘဲ ပြီးဆုံးခဲ့သည်။
ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရှိရသော သတင်းများအရ အစိုးရအနေဖြင့် မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များက လက်မှတ်ထိုးရန် ကတိပေးသည်အထိ မျှော်လင့်ထားကြောင်း သိရသည်။ ထို့အပြင် ယင်းမျှော်လင့်ချက်အတိုင်း ဖြစ်လာပါက သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက်တွင် မြစ်ကြီးနားမြို့သို့ လာရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အခြေအနေအထိ ရှိကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြောကြားသည်။
အပစ်အခတ်ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရဘက်က အသစ်ရေးဆွဲခဲ့သော အပစ်ရပ် စာချုပ်မူကြမ်း၌ ဖော်ပြ
(Eleven Media Group)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အစိုးရဘက်က အသစ်ရေးဆွဲထားသော မူကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ် ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အချက်ကို ဦးစားပေးအနေဖြင့် ဖော်ပြခဲ့သည်။
အဆိုပါ အသစ်ရေးဆွဲထားသော မူကြမ်းကို အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ထံသို့ နိုဝင်ဘာ ၄ ရက် မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ညနေပိုင်းတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်
(Eleven Media Group)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။
လိုင်ဇာ ဘုံသဘောတူညီချက်ကို မူလက တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း နိုဝင်ဘာ ၅ ရက် မြစ်ကြီးနား ဆွေးနွေးပွဲ ဒုတိယနေ့တွင် အစိုးရက ၎င်းတို့ရေးဆွဲထားသော အပစ်အခတ်ရပ်စဲရေး မူကြမ်းအသစ်ကို ထုတ်ပြန်ခဲ့သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ၎င်းတို့၏ ဘုံသဘောထား ရပ်တည်ချက်များကို အဆိုပါ နေ့မှာပင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မိုင်းခေါင်ကျေးရွာရှိ ဒုက္ခသည်များ နေရာနှင့် ရေအခက်ခဲရှိ
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ဗန်းမော် ခရိုင် မန်စီမြို့နယ် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသ မိုင်းခေါင် (Mung Hkawng) ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၄၀၀ ကျော်အတွက် နေရာထိုင်ခင်း နှင့် ရေများ ခက်ခဲနေကြောင်း ဒုက္ခသည်စခန်းမှပြောသည်။
“အိပ်ဖို့နေရာက အရမ်းကိုအရေးကြီးနေတယ် အခုမြေကြီးမှာဘဲအိမ်နေရတယ် ရေလည်းခက်ခဲနေတယ် စစ်ပြေး တွေလည်းဆက်ပြီး လာနေဆဲဟုတ်တယ် စားဖို့အတွက်လည်းစိတ်ညစ်နေရတယ် ၃၊ ၄ ရက် စားသောက်ဖို့ဘဲ ကျန်တော့ အရမ်းခက်ခဲနေတယ်” ဟု မိုင်းခေါင်အသင်းတော်အထွေထွေအတွင်းရေးမှူး ဆရာ Damau Naw Ja ကချင်သတင်းဌာန (KNG) သို့ပြောသည်။
မြစ်ကြီးနားဆွေးနွေးပွဲ အခိုင်အမာ သဘောတူမှု မရဘဲ ပြီးဆုံး
(VOA)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း နှစ်ဘက်တင်ပြလာတဲ့ မူကြမ်းတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ နောက်ဆက်တွဲ အလားတူ ဆွေးနွေးပွဲတွေကို ဒီဇင်ဘာလအတွင်း ပြုလုပ်သွားကြဖို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဆွေးနွေးပွဲမှာ ကိုယ်တိုင် သွားရောက် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင် က သတင်းပေးပို့ခဲ့ပါတယ်။
Tuesday, November 5, 2013
နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက် မရသေးပဲ ထပ်မံ တွေ့ဆုံရန် ချိန်းဆိုချက် ဖြင့်သာ မြစ်ကြီးနား ဆွေးနွေးပွဲ ပြီးဆုံး
(ရွှေဟင်္သာသတင်းဌာန)
နှစ်ရက်တာ ကျင်းပ ပြီးစီး သွားပြီ ဖြစ်သည့် ကချင် ပြည်နယ် မြစ်ကြီးနား၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီး ခေါင်းဆောင် များနှင့် အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တို့ တွေ့ဆုံ ပွဲသည် သဘော တူညီချက် တစ်စုံတစ်ရာ မရရှိပဲ နှစ်ဖက် ထပ်မံ တွေ့ဆုံ ကြရန် ချိန်းဆိုချက် ဖြင့်သာ ပြီးဆုံး သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက် ခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူး စိုင်းမိဏ်း ပြောသည်။
နှစ်ဖက်မှာ ရှိနေ ကြတဲ့မူတွေကို အပြန်အလှန် ဖလှယ် ကြတဲ့ အဆင့်သာ ဖြစ်သွား ခဲ့တယ်။ အစိုးရ အဖွဲ့ ဘက်က ချမှတ် ထားတဲ့မူတွေကို တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေကို ပေးအပ် ခဲ့သလို တိုင်းရင်းသား ခေါင်းဆောင် အဖွဲ့ ကလဲလိုင်ဇာ သဘော တူညီချက် တွေကို အစိုးရ ကိုယ်စားလှယ် အဖွဲ့ထံ ပြန်ပေးအပ်တဲ့ ပွဲပါဘဲဟု၎င်းမှ ဆိုပါသည်။
မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး
(ဧရာဝတီ)
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ခိုင်မာသော မည်သည့်သဘောတူညီချက်မှ ပေါ်ထွက်မလာဘဲ မည်သူမျှ လက်မှတ်ထိုးထားခြင်း မရှိသည့် ပူးတွဲကြေညာချက်ကို ဖြန့်ဝေခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ခဲ့ပေ။
မြစ်ကြီးနား ပူးတွဲကြေညာချက် နဲ့ သတင်းများ
(ဧရာဝတီ)
အစိုးရနဲ့  လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ပထမဆုံး ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ဘယ်လို ရလဒ်တွေ ထွက်လာပါသလဲ။ 
လောလောဆယ်တော့ ပူးတွဲ ကြေညာချက်တစောင် ထွက်လာပါပြီ။
ဒီဇင်ဘာမှာ ထပ်တွေ့မယ်၊ နေရာကတော့ ကရင်ပြည်နယ်  ဖားအံမြို့ဖြစ်တယ် လို့ ဆိုပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲ အမြန်ကျင်းပေရး အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ သဘောတူ
(DVB)
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက သဘော တူညီခဲ့ကြတယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ပူးတွဲကြေ ညာချက် ထုတ်ပြန် လိုက်ပါတယ်။
ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မ တီနဲ့ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဦးလှ မောင်ရွှေ ပြောသည့် သမိုင်းဝင်မည့် မြစ်ကြီးနား ဆွေးနွေးပွဲ
(ရွှေဟင်္သာသတင်းဌာန)
ဒီကနေ့ နိုဝင်ဘာလ (၄) ရက်နေ့ မနက် (၁၀း၀၀) နာရီမှာ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းက မဂျွယ် ခန်းမမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်/ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ” “ Dialogue Between Union Peace- Making Work Committee and Ethnic Armed Organizations " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စတင် ခဲ့ပါပြီ။
၁၉၄၈ လွတ်လပ်ရေး ရပြီး ကတည်းက မြန်မာ့ သမိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့နှင့် ပြည်ထောင်စ အစိုးရ ကိုယ်စားလှယ်တို့ပထမ ဦးဆုံးသော တွေ့ဆုံ ပွဲပါ။
လုံခြုံရေးအခြေအနေမကောင်းသည့်အတွက် ကချင်စစ်ပြေးဒုက္ခသည်တို့ကိုမကူညီနိုင်ဟု UN ပြော
(Mizzima)
ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ကချင်စစ်ပြေးဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေးအကူအညီများ သွားရောက်ပေးအပ်လိုသော်လည်း လုံခြုံရေးအခြေအနေမကောင်းသည့်အတွက် သွားရောက်နိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂပြန်ကြားရေးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက နိုဝင်ဘာ ၄ ရက် တွင် မဇ္ဈိမကို ပြောသည်။
“မန်စီမှာရှိနေတဲ့ ဒုက္ခသည်တွေဆီကိုသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရဘယ်လိုမှ စိတ်မချရသေးဘူး။ လုံခြုံရေးကိုစိတ်ပူလို့ မသွားဖြစ်သေးတာပါ။ ကူညီတဲ့အစီအစဉ် ဘာမှမစရသေးပါဘူး။ အဓိကက လုံခြုံရေးမကောင်းလို့ပါ”ဟု မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားဆွေးနွေးပွဲ ကျင်းပရက် ထပ်တိုးရန် လျာထား
(Mizzima)
ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရန် အစိုးရမှ တင်ပြသော မူ(၁၅)ချက်နှင့် လက်နက်ကိုင် (၁၇)ဖွဲ့၏ ဘုံသဘော တူညီချက်(၁၁)ချက်၏ ခေါင်းစဉ်များ ကွဲလွဲမှုမရှိသော် လည်း အသေးစိတ် အချက်အလက်များကို ဆက်လက်ဆွေးနွေးရ မည်ဖြစ်သည့်အတွက် မြစ်ကြီးနားဆွေးနွေးပွဲ အချိန်ကို မူလသတ်မှတ်ရက် ထက် ထပ်မံတိုးမြှင့်လိုက်ရကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က နိုဝင်ဘာ ၄ ရက်ညနေပိုင်းတွင် မဇ္ဈိမသို့အတည်ပြုပြောကြားသည်။
ငြိမ်းချမ်းရေးအတွက် ခြေလှမ်းများစွာ လိုအပ်နေဆဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော
(Mizzima)
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဆွေးနွေးပွဲများသည် ပထမအဆင့်သာရှိပြီး ထာဝရတည်တံ့ရေးသည် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းပေါင်း မြောက်များစွာ လိုအပ်လျက်ရှိနေသေးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကိုယ်စီဆုံးဖြတ်ချက်များ ယူဆောင်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ဖက်အသေးစိတ် ဆက်ဆွေးနွေးရန်လို
(Mizzima)
ကချင်ပြည်နယ်မြစ်ကြီးနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးပွဲတွင် နှစ်ဖက်အမြင်မတူမှုများရှိနေသေးသည့်အတွက် ဆွေးနွေးသည့်အချက်များကို သေချာစွာ ဆက်လက်ဆွေးနွေးရန် လိုအပ်နေသေးသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက နိုင်ငံရေးမူဘောင်များကို အသီးသီးတင်ပြဆွေးနွေးကြပြီး ညှိနှိုင်းရန်လို အပ်နေသေးသည်ဟု အစိုးရဘက်မှတက်ရောက်လာသော ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသည်။
Monday, November 4, 2013
မြစ်ကြီးနားညီလာခံ အချေအတင် ဆွေးနွေးမှုတွေနဲ့စတင်
(VOA)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ အစိုးရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်း သားတွေ ဖက်က တင်ပြ လာတဲ့ ဘုံသဘောတူညီချက် (၁၁) ချက် အပေါ် အစိုးရ ဘက်က မူအရ ကန့်ကွက် စရာမရှိဘူး လို့ ပြောဆိုနေပေမယ့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စနဲ့ပတ် သက်လို့ သဘော တူညီမရဘဲ ပထမနေ့ ပြီးဆုံးသွားခဲ့ ပါတယ်။ လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုံကနေ ဘုံသဘောတူညီချက်ကို ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆွေးနွေးပွဲကျင်းပရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။
တပြည်လုံးအပစ်ရပ်ရေးကို တိုင်းရင်းသားခေါင်ဆောင်များ နံပါတ် ၁ မထားလို
အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် တတိုင်းပြည်လုံး အပစ်ရပ်ရေး ကို ပထမခြေလှမ်း အဖြစ်မထား လိုဘဲ  ဒုတိယ အဆင့်တွင် ထားလိုသည်ဟု တိုင်းရင်း သားခေါင်းဆောင်များက ပြောဆိုသည်။
ဦးသိန်းစိန် အစိုးရ သည် အမျိုးသား ရင်ကြားစေ့ရေး အတွက် ပထမ အဆင့် အဖြစ် တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များအားလုံး အတွက် တတိုင်းပြည်လုံး အတိုင်း အတာဖြင့်အပစ်ရပ်ရမည်၊ ဒုတိယအဆင့် အဖြစ်ဆွေးနွေးလိုသည့် နိုင်ငံရေးမူဘောင် ကိစ္စဆွေးနွေးမည်၊ နောက်ဆုံးအဆင့်တွင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲတရပ်ကျင်းပမည် - စသဖြင့် ပြင်ဆင်ထားသည်။
မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အဖွင့်မိတ်ဆက်စကား ကောက်နှုတ်ချက်များ
(Mizzima)
မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးအပါဆုံးဖြစ်သည့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မဂျယ် ခန်းမတွင် နိုဝင်ဘာလ ၄ရက်တွင် စတင်ကျင်းပခဲ့ပြီး အသေးစိတ်ဆွေးနွေးရန် လိုအပ်သောကြောင့် မူလသတ်မှတ်ထားသည့်ရက်ထက် တစ်ရက်တိုးမြှင့်ကာ နိုဝင်ဘာလ ၆ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံပွဲသည် လိုင်ဇာညီလာခံ ဆွေးနွေးပွဲရလာဒ်များကို အခြေခံကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၇ဖွဲ့ တက်ရောက်ခဲ့ပြီး လိုင်ဇာတွေ့ဆုံပွဲတွင် ထုတ်ပြန်ခဲ့သည့် ဘုံသဘောတူညီချက်အား လက်မှတ်မထိုးခဲ့သည့်  RCSS/SSA အဖွဲ့သည်လည်းတက်ရောက်ခဲ့သည်။ ယင်းသို့တက်ရောက်လာရာတွင် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့၏ မိတ်ဆက်စကားများကို ကောက်နှုတ်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။
ပြည်ထောင်စုတပ် ဖွဲ့စည်းရေး တိုင်းရင်းသားအဖွဲ့များ တင်ပြ
(RFA)
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဒီနေ့ ဆွေးနွေးပွဲ ပထမနေ့ကျင်းပစဉ် တိုင်းရင်းသားတွေ ဘက်က တင်ပြခဲ့တာပါ။
ကချင်တွင် မတရားအသင်းနှင့်ဖောက်ခွဲမှု ဥပဒေ များဖြင့် တရားစွဲ ထောင်ချခံရသူများ
(DVB)
ကချင်ပြည်နယ် အတွင်းမှာ မတရား အသင်းဆက်သွယ်မှု ဥပေဒနဲ့ ဖောက်ခွဲမှု ဥပေဒေတွနဲ့ တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေ ရှိနေတယ်လို့ ဥပဒေ အထေက်အကူပြု ကွန်ရက် က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာလည်း မြစ်ကြီးနားခရိုင်နဲ့ မြို့နယ် တရားရုံးတွေမှာ မတရား အသင်းနဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှု ပုဒ်မ တွေနဲ့ တရားစွဲဆိုခံထားရတဲ့သူ ၆ ဦးကို စီရင်ချက် ချမှတ်ဖို့ ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီပုဒ်မေတွနဲ့ စွဲဆိုထောင်ဒဏ်ချမှတ်ခံထားရသူတွေဟာ အေယာက် ၃၀ အထက်မှာ ရှိနေတယ်လို့ ဥပေဒ  အထောက်အကူပြုကွန်ရက်က ရှေ့နေ ဦးမာခါးက ပြောပါတယ်။
တိုက်ပွဲကြောင့် ဒုက္ခသည်များ ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်
(DVB)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြာင့် ရွာပေါင်း ၄ ရွာက ဒေသခံတွေဟာ ဗန်းမော်မြို့နဲ့ မံစီမြို့နယ်ထဲက နမ့်လင်းပါနဲ့မိုင်းခေါင် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးတိမ်းရှာင်လာကြပါတယ်။
မံစီမြို့ အေနာက်ဘက် မိုင် ၂၀ လောက်ဝေးတဲ့ မိုးတိမ်ပါ၊ ကောင်ဂျာ၊ မေခါင်န်ယန်၊ နမ့်ဖူး အစရှိတဲ့ ကျေးရွာဘက်မှာ စကခ ၂၁ လက်အောက်ခံ အစိုးရ တပ်ရင်းတပ်ဖွဲ့ အင်အား ၁၀၀၀ ကျော် ၀င်ရောက်နေရာယူ ဖြန့်ကြက်ထားတဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။
အပစ်ရပ်ရေး သဘောတူရန် နိုဝင်ဘာတွင် မဖြစ်နိုင်တော့
(ဧရာဝတီ)
နိုဝင်ဘာလ တွင် ကျင်းပရန် သမ္မတဦးသိန်းစိန် အစိုးရက မျှော်မှန်း ထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်မှာ မဖြစ်နိုင်တော့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့တွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ သိရသည်။
မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စ သဘောတူညီချက်မရသေး
(Mizzima)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လိုင်ဇာညီလာခံမှ တိုင်းရင်းသား ခေါင်းဆောင်များ သဘောတူညီခဲ့သည့် ၁၁ချက်ကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိစ္စကို သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။
“ကောက်ကျစ်မှု” မရှိတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တိုင်းရင်းသားများ တောင်းဆို
(ဧရာဝတီ)
အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို မြစ်ကြီးနားမြို့ တွင် နိုဝင်ဘာ၎ရက်နေ့ ၌ စတင်ကျင်းပ စဉ် တိုင်းရင်းသားများက “ကောက် ကျစ် စဉ်းလဲမှု မရှိသည့် အပစ်အခတ် ရပ်စဲရေး”နှင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုကြောင်း တင်ပြတောင်း ဆိုခဲ့ကြသည်။
“KNU အနေနဲ့ပြောရရင် ဘယ်တော့မှ ကောက်ကျစ်စဉ်းလဲတဲ့စိတ် မရှိဘူး။ အပစ်အခတ်ရပ်တာ မှာကော နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာမှာကောမှာ ဘယ်တော့မှ စဉ်းလဲတဲ့ အကြံ မသုံးဘူး။ ဘာပရိယာယ်မှ မပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်လိုတယ်။ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည်တာဆိုတော့ နှစ်ဘက်လုံး လုပ်ဆောင်ဖို့ လိုတယ်”ဟု KNU ဥက္ကဋ္ဌ ဦးစောမူတူးဆေးဖိုး က ဆွေးနွေးပွဲတွင် ပြောဆိုသည်။
မြစ်ကြီးနားဆွေးနွေးပွဲ နိုင်ငံရေးမူဘောင်နှင့်အပစ်ရပ်စဲရေး အကျေအလည် ဆွေးနွေး
(DVB)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့တို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စတင် ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ မူဘောင်တွေ ချမှတ်ရေးဆိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ထဲပါတဲ့ အချက်နဲ့ အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ဖို့ ဆိုတဲ့ အချက် ၂ ချက်ကို နှစ်ဖက် အကျေအလည် ညှိနှိုင်းကြမှာဖြစ်ပါတယ်။
မြစ်ကြီးနားဆွေးနွေးပွဲ မနက်ပိုင်းအခြေအနေ
(Lachid Kachin)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ က နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စတင် ကျင်းပနေပါတယ်။
လျှာရှည်နေတဲ့ ငြိမ်းချမ်းရေး
(ဧရာဝတီ)
မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးအပါဆုံး အင်အားစုများ ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယနေ့စပြီ
(Mizzima)
ပြည်တွင်း တွင် အစိုးရနှင့် တစ်ကြိမ်မျှ တွေ့ ဆုံဆွေးနွေးဖူးခြင်းမရှိသည့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ပါဝင်တက်ရောက်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို မြစ်ကြီးနားမြို့ မနောကွင်းအတွင်းရှိ မဂျယ်ခန်းမတွင် ယနေ့ကျင်းပပြုလုပ်မည် ဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်ဘက်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သလို တိုင်းရင်းသားများဖက်ကလည်း UNFC အပါအ၀င်၊ လိုင်ဇာညီလာခံဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်ညှိ နှိုင်းရေးအဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။
လိုင်ဇာဆွေးနွေးပွဲ ရလဒ်များကို အခြေခံဆွေးနွေးမည့် မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်အထိ ခရီးရောက်နိုင်မလဲ…
(Mizzima)
မြန်မာနိုင်ငံ၏ပထမဆုံးသော သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် နိုဝင်ဘာ(၄)ရက် နှင့်(၅) ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ 
ပြီးခဲ့သည့် အောက်တိုဘာ(၃၀)ရက်မှနိုဝင်ဘာ(၂)ရက်နေ့အထိ ကျင်းပခဲ့သော လိုင်ဇာ ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ဘုံသဘောတူညီချက်(၁၁)ချက်ကို အခြေခံကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်မည့် တာဝန်ရှိသူများကဆိုသည်။ လက်နက်ကိုင်ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များ၊ အစိုးရမှကြေညာထားသည့် နိုဝင်ဘာလအတွင်း ပြည်လုံးကျွတ်အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဖြစ်လာနိုင်မည့် အလားအလာများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။
လိုင်ဇာမှ တစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တင်သွင်းရန် တရုတ်ဆန်ကုန်သည်များ ကမ်းလှမ်းထား
(Mizzima)
လိုင်ဇာဒေသမှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆန်တန်ချိန်တစ်သိန်း တင်သွင်းပေးရန် တရုတ်ကုန်သည်များက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ  ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မဇ္ဈိမသို့ နိုဝင်ဘာလ ၃ရက်တွင် ပြောသည်။
အောက်တိုဘာလကုန်ပိုင်းတွင် တရုတ်ကုန်သည်များက ကချင်ပြည်နယ်ရှိ ဆန်ကုန်သည်များ အသင်းထံ ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆန်ကုန်သည်များက မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (၀ါးတန်းဆန်ကုန်စည်ဒိုင်) သို့ ဆက်သွယ်လာခြင်းဖြစ်သည်။
မြစ်ကြီးနားဆွေးနွေးပွဲ ဒေသခံတွေ မျှော်လင့်ချက်ထား
(VOA)
တပြည်လုံး အတိုင်း အတာနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရစေဖို့ မနက်ဖြန် နိုဝင်ဘာလ ၄ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia ပါတက်ရောက်မှာ ဖြစ်ပါတယ်။
ဒေသခံတွေကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ထား နေကြတာပါ။ လိုင်ဇာဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ကို ရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို စပြောပါတယ်။
လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမြစ်ကြီးနားကို စုံညီ ဆိုက်ရောက်
(RFA)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းဥယျဉ် မဂျွယ်ခန်းမမှာ မနက်ဖြန်ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကိုတက်ရောက်ဖို့ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိသွားပါတယ်။
လိုင်ဇာဆွေးနွေးပွဲကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ညနေပိုင်းမှာ မြစ်ကြီးနားမြို့ ကိုရောက်ရှိတာနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးဆန်းအောင်က အခုလိုပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနား သံဃာများ ဆုတောင်း
(RFA)
ကချင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမြို့မှာ သံဃာအပါးတစ်ရာကျော်ဟာ ဒီကနေ့မနက် ၄ နာရီက ဝန်းသိုကျောင်းတိုက်မှာ မေတ္တာပို့ဆုတောင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြပါတယ်။
ဒီနေ့ကျရောက်တဲ့ ဓမ္မရက္ခိတ ကျောင်းတိုက်ဝန်းသိုဆရာတော်ဘုရားကြီးရဲ့ သက်တော်၈၈ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ဆရာတော်ကြီးဘဒ္ဒန္တ သီလဝံသနဲ့အတူ သံဃာတော်အပါး တစ်ရာကျော်က မေတ္တာပို့သခဲ့ကြတာပါ။
မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို
(Eleven Media Group)
အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။
လိုင်ဇာဆွေးနွေးပွဲ ရလဒ်များအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အဖွဲ့ဝင် ၁၃ ဦး ပါဝင်သော အစိုးရနှင့် ညှိနှိုင်းရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်ထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်သည်။
အစိုးရနှင့် ဖက်ဒရယ်စနစ်ကို ဆွေးနွေးရန် အခက်အခဲ မရှိနိုင်ဟု ကေအိုင်အို အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ မျှော်လင့်
(Eleven Media Group)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘုံသဘော တူညီချက် ရထားသည့် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများတွင် ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးရာတွင် ခက်ခဲမှု မရှိနိုင်ဟု မျှော်လင့်ထားကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
ကချင်ပြည်နယ်ရှိ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုဝင်ဘာ ၄ ရက် (ယနေ့) စတင်မည်
(Eleven Media Group)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ စာရင်းအတိအကျကို မသိရှိရသော်လည်း အများစု သွားရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြောကြားသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် KIO အနေဖြင့် အချိန်သတ်မှတ် မရသေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
(Eleven Media Group)
အစိုးရနှင့် အပစ်အခတ် ရပ်စဲရန်အတွက် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် အချိန်သတ်မှတ်၍ မရသေးကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းက လိုင်ဇာထိပ်သီး ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
"အပစ်အခတ် ရပ်စဲရေးအတွက် အချိန်သတ်မှတ်လို့ မရသေးပါဘူး။ အစိုးရကတော့ ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစေချင်တယ်။ KIA အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်သက်သက်ကို မလုပ်ချင်ဘူး။ အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားထဲက ကတိက၀တ် ဖြစ်ပါတယ်။ KIO ကနေ ပြောတာက အခြားသူများ ပါဝင်နိုင်ပြီးတော့ ရှေ့ဆက်ပြီး သွားနိုင်မယ့် အစီအစဉ်များအတွက် ချုပ်ဆိုတဲ့ ကတိက၀တ်မျိုး ဖြစ်ချင်ပါတယ်။ ဘယ်အချိန်မှာ လက်မှတ်ထိုးမလဲလို့ ပြောရတာ ခက်ပါတယ်။ ဒီဟာကို အဖြေရှာနိုင်ဖို့ ဒီကွန်ဖရင့် ကျင်းပရတာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
Sunday, November 3, 2013
ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၅) (Aung Din)
(မိုးမခ)
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၀၊ အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၃)
==================
မညီညွတ်သော ညီညွတ်ရေးတပ်ပေါင်းစုများ
(ဒုတိယ) တိုင်းရင်းသားညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များမှာ ” နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြုရန်၊” ဆိုတဲ့အချက် တစ်ချက်ပါဝင်ပါတယ်၊ သဘာဝကျတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထားဖြစ်ပေမည့် လက်တွေ့ဘဝမှာတော့ ဖြစ်နိုင်လိမ့်မယ် မထင်ပါ၊
တစ်ချိန်တုံးက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front/NDF) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပေါင်းစုထားတဲ့ တပ်ပေါင်းစုရှိခဲ့ဘူးပါတယ်၊ အဲဒီတပ်ပေါင်းစုထဲကပဲ အချို့အဖွဲ့တွေက စစ်အစိုးရနဲ့ သီးခြားဆွေးနွေးပြီး ငြိမ်းချမ်းရေးယူ၊ အချို့က အပစ်အခတ်မရပ်ပဲ ဆက်လက်တိုက်ခိုက်နဲ့ ဒီကနေ့မှာတော့ NDF ဆိုတာကို ဘယ်သူကမှ မပြောကြတော့ပါ၊
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council/UNFC) ဆိုပြီး တပ်ပေါင်းစုအသစ်တစ်ခုပေါ်ထွန်းလာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ပေါင်းစည်းထားပါတယ်၊ 
လိုင်ဇာဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်
လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး
(VOA)
အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
လမ်းကြောင်း ရှင်းပေးပြန် သော်လည်း ထပ်မံ စစ်ဆင် လာဖွယ်ရာရှိနေ
(ရွှေဟင်္သာသတင်းဌာန)
ကချင်ပြည်နယ် မံစီမြို့နယ် နှင့် ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ် တွင်လှုပ်ရှား နေသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂) သည် အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ တောင်းဆိုထားသည့် လမ်းကြောင်း တချို့ကို ပြီးခဲ့သည့် လကုန်ပိုင်း ကတည်းက ဖွင့်ပေးခဲ့ပြီး ဖြစ်သော်လည်း စစ်ဆင်ရေးအတွက် ထပ်မံ ပြင်ဆင်လာ နေသည်ဟု KIA တပ်ရင်း (၁၂) မှူး ဗိုလ်မှူး ဂျွမ်းအောင်က ဆိုပါသည်။
ဖွင့်ပေးလို့ရတဲ့ လမ်းကြောင်းတော့ ဖွင့်ပေးလိုက်တယ်။လောလောဆယ် မှာတော့ ဒီဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်းက မိုးမိတ် လမ်းကြောင်း ကိုပေါ့။ ဒါပေမဲ့ သူတို့ထပ် တောင်းလာပြန်တယ်။ ကျနော်တို့ ဖွင့်ပေးလို့ မရသေးတဲ့ မံစီကတချို့ ကားလမ်းကြောင်း တွေကိုလေ။ အဲဒါကိုတော့ လောလောဆယ် ခွင့်မပြု နိုင်သေးဘူး။ စစ်ရေးအရ စောင့်ကြည့်ဖို့ လိုသေးတယ်လေ။ အဲဒါကို ဖိအားပေးတဲ့ အနေနဲ့ မနေ့က ကောင်ဂျာမှာ ရှိတဲ့တပ်က ကျနော်တို့ တပ်ဖွဲ့ကို လက် နက်ကြီး နဲ့ လှမ်းပစ် ခဲ့သေးတယ်။ ဒီတော့ကြည့်ရတာ တိုက်ပွဲကတော့ ဆက်ဖြစ်ပွားမဲ့ အလားအလာ ရှိနေတယ်။ဟုဆို ပါသည်။
တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက် ထားရှိရေး လိုင်ဇာညီလာခံ မူချမှတ်
(ဧရာဝတီ)
ကချင်ပြည်နယ်လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံတွင်  လက်ရှိတပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှု အောက်တွင် ထားရှိရေး ဆိုသော အချက် အပါအ၀င် ဘုံ မူဝါဒ သဘောတူညီချက်များ ချမှတ် လိုက်ပြီ ဖြစ် ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံနောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင်  တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ တပ်မတော် သည် ပြည်ထောင်စု ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ရန်၊ တပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အဖြစ် အသွင်ပြောင်းရေး၊  တပ်မတော်နှင့် ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသည့် ရဲတပ်ဖွဲ့ ကို ခွဲခြားထားရေး ဆိုသော မူဝါဒ အပါအ၀င် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး မူဝါဒများ ပေါ်ထွက်လာကြောင်း သိရှိရသည်။
လိုင်ဇာ တိုင်းရင်းသား ညီလာခံ သဘောတူညီချက် RCSS လက်မှတ်မထိုး
(Irrawaddy)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံက ချမှတ်လိုက်သော အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံမူဝါဒ သဘောတူညီချက်များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်မှတ်မထိုးဟု သတင်းရရှိသည်။
RCSSသည် တိုင်းရင်းသားပေါင်းစုံ၏ဘုံသဘောတူညီချက်ကိုလက်မှတ်ထိုးခြင်း မရှိသကဲ့သို့ လိုင်ဇာညီလာခံက ဖွဲ့စည်းလိုက်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံကိုယ်စားပြုမည့် အဖွဲ့Nation Wide Cease-Fire Coordination Team (NCCT)ဖွဲ့စည်းရေးတွင်လည်း RCSS ကိုယ်စားလှယ် ထည့်သွင်းခြင်းမရှိဟု သိရှိရသည်။