Saturday, November 2, 2013

အပစ်ရပ် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ လက်မှတ်ထိုးရန် အချက်များပါဝင်

(Eleven Media Group)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လက်မှတ် ရေးထိုးရန် အချက်များ ပါဝင်ကြောင်း သိရသည်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်

(Eleven Media Group)

နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင်ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာ

(Eleven Media Group)

ကချင်ပြည်နယ် ကေအိုင်အို ရုံးစိုက်ရာ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကျင်းပနေချိန် ဗန်းမော်မြို့သို့ စစ်ရှောင် ဒုက္ခသည် ၃၀၀ ကျော် ခိုလှုံလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များအဖြစ် ခိုလှုံလာသူများမှာ ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုးတိမ်ပါ ကျေးရွာမှဖြစ်ပြီး အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ကျား ၁၁၈ ဦး၊ မ ၂၂၃ ဦးပါဝင်ပြီး ယင်းတို့အနက် ၁၃၇ ဦးမှာ ကျောင်းနေသည့် ကလေးသူငယ်များသာ ဖြစ်ကြောင်း ဗန်းမော်မြို့မှ လူမှုရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

အစိုးရနဲ့ဆွေးနွေးရေး ဘုံသဘောထား တိုင်းရင်းသားတွေ သဘောတူ

(VOA)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံ ညီလာခံ တတိယနေ့အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးဖော်ဆောင်တဲ့ အခါ ဘယ်လိုအချက်တွေ ပါဝင်သင့်တယ်၊ ဘယ်လို အကောင်အထည် ဖော်ရမယ်ဆိုတာတွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ အပစ်ရပ်ရေး အတွက် သဘောတူညီချက် ရရှိပြီး မြန်မာအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာတော့ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Friday, November 1, 2013

လိုင်ဇာညီလာခံ မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ လှမ်းနိုင်မည်ဟု သမ္မတယုံကြည်

(RFA)

ကေအိုင်အိုဌာနချုပ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေ တဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုက ထုတ်လွှင့်တဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

အထက်အမိန့် မရသေး သဖြင့် (မပခ) ၏ တောင်းဆို မှုကို မလိုက်လျှော နိုင်သေး

ရွှေဟင်္သာသတင်းဌာန



လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ တောင်းဆို မှုကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂) မှ အထက် အမိန့် မရသေး သဖြင့် ဖွင့်ပေးမည် မဟုတ် သေးဟု တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

ကျနော်တို့ ကတော့ အထက် အမိန့် မရ သေးဘူး။ သူတို့ ကတော့ တောင်းတာကို မပေးဘူး ဆိုရင် ဖောက်ထွက် မှာပေါ့လို့ ခြိမ်းခြောက် နေတယ်။ တကယ်လို့ သူတို့ ဖေါက်ထွက်ရင် တိုက်ပွဲ ကတော့ ဆက်ဖြစ်မယ်။ မဟုတ်ဘဲ နဲ့တောကြို တောငကြား ရှောင်သွား ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ ကတော့ အလိမ်ခံ ထားရတာ များတော့ သိပ်မယုံ ဘူးဗျဟုဆို ပါသည်။

မြစ်ကြီးနားဆွေးနွေးပွဲ ရက်ရွေ့

(DVB)

ကချင်ပြည်နယ် လိုင်ဇာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားညီလာခံ မပြီးပြတ်သေးတဲ့ အတွက် မြစ်ကြီးနားမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အစိုးရနဲ့ ကချင်အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက် ရပါတယ်။

လက်ရှိ လိုင်ဇာမြို့မှာ ကျင်းပေနတဲ့ လက်နက်ကိုင် တိုင်းရင်းသားပေါင်းစုံ ညီလာခံကေန ရလာမယ့် မူကြမ်းပေါ် မူတည်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရ စစ်တပ် ညှဉ်းပန်းနှိပ်စက်မှု ကချင် အမျိုးသမီးအဖွဲ့ ထုတ်ပြန်

(ဧရာဝတီ)

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေ သော်လည်း ကချင်ပြည်နယ် အတွင်း အရပ်သားများအား အစိုးရ စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်နေကြောင်း ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအခြေစိုက် KWAT က Undermining the peace process: Burmese Army atrocities against civilians in Putao, northern Kachin State အမည်ဖြင့် စာမျက်နှာ ၄ မျက်နှာပါ အစီရင်ခံစာကို အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင် စစ်ပြေး ဒုက္ခသည်များ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း မန်စီ မြို့နယ်တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လက်အောက်ခံ တပ်မဟာ (၃) တပ်ရင်း (၁၂) နှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ (၁၀) ရက်ခန့် ဖြစ်ပွား ခဲ့ပြီး ဒုက္ခသည် ၂၀၀၀ အထိ နီးစပ်ရာ ဒေသ များသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီ ဖြစ်ကြောင်း ဗန်းမော်မြို့ အခြေစိုက် ဂရုဏာ မြန်မာ လူမှု ကူညီရေး အဖွဲ့မှ ကိုနော်ဒင်းက ပြောသည်။

ထိုအနက်မှ မိုင်းခေါင် ရွာတွင် ရှိနေသည့် စစ်ပြေး ဒုက္ခသည် (၄၀၀) ဦးခန့်နှင့် နမ့်လင်းပါ ရွာ၌ ရှိနေသည့် စစ်ပြေး ဒုက္ခသည် (၁၄၀၀) ခန့်တို့ အတွက် စားနပ်ရိက္ခာ အကူအညီ အရေး တကြီး လိုအပ်လျက် ရှိနေပါသည်။

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ရရှိ

(Irrawaddy)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား ညီလာခံတွင်  မူဝါဒကွဲလွဲမှုများပေါ်ပေါက်နေပြီး ဘုံသဘောတူညီချက် မရရှိသေးသည့်အတွက် ညီလာခံကျင်းပမည့်ရက်ထပ်မံ တိုးမြှင့်လိုက်သော်လည်း ယနေ့ မွန်းလွဲပိုင်းတွင် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ရရှိသွားပြီဖြစ်သည်။

ယနေ့ ညနေပိုင်း၊ လိုင်ဇာတွင် တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံ သဘောတူညီချက် နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ကချင်ဒေသ အပစ်ရပ်ရေး ဒေသခံတွေ သံသယရှိဆဲ

(VOA)

ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးမှုတွေ ညှိုနှိုင်းမှုတွေ ရှိနေပေမယ့်၊ ဒေသခံတွေ ကတော့ ပြေလည်နိုင်မယ့် အခြေအနေရှိပါ့မလား ဆိုတာ သံသယရှိနေကြပါတယ်။ အခုလို သံသယဟာ ဒေသခံ စစ်ပြေး ဒုက္ခသည်ပြည်သူတွေရော၊ ကေအိုင်အေ တပ်ထဲမှာပါ ရှိနေတယ် လို့ ပြောနိုင်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆွေးနွေးမှုတွေဟာ အကြိမ်မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်း နေရာ အတော် များများမှာ နှစ်ဖက်တပ်တွေ နေရာယူ ထားတာ ဆုတ်ခွာပေးခြင်းမရှိသလို၊ တပ်တွေအကြား တင်းမာမှုတွေလည်း ရှိနေဆဲပါ။

KIA တပ်စခန်းတခု အစိုးရတိုက်ခိုက်သိမ်းပိုက်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တပ်ရင်း (၃၄) ဒေသ KIA တပ်ခွဲ (၁) တပ်ချထားသည့်လွယ်ခမ်ဘွမ် (Loi Hkam Bum) စခန်းကို အစိုးရတပ်ဖက်မှ ယမန်နေ့ ကြာသပတေး ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းစခန်းမှသိရသည်။

၎င်းအစိုးရတပ်သည် ခလရ တပ်ရင်း (၁၇) အင်အား ၁၀၀ ကျော်၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်တပ်မှ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ပြီးနောက် KIA မှ နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း တပ်မဟာ (၄) ရှေ့တန်းမှ အမည်မဖော်လိုသော အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

နမ်လင်းပါဒုက္ခသည်စခန်းတွင် ရိက္ခာပြတ်လပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ နမ်လင်းပါ (Nam Lim Pa) ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် စားနှပ်ရိက္ခာပြတ်လပ်မှုအခက်ခဲရင်ဆိုင်နေရပြီး အရေး ပေါ်အကူညီလိုအပ်နေကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။

“နမ်လင်းပါကလူတွေ ဘယ်မှထွက်လို့မရဘူး ရိက္ခာတွေပျက်နေတယ်၊ နမ်လင်းပါ အနီးကရွာ ကောင်ဂျာ၊ မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူတွေမှာ စစ်ကြောင်းတွေထိုးထားတော့ လူတွေဖြတ်လို့မရဘူး ကားတွေလည်းသွားလို့မရ ရိက္ခာတွေပို့လို့မရဘူး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်နေတာ” ဟု နမ်လင်းပါမှ ဆရာလဖိုင်လဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်

(ဧရာဝတီ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်းစု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအ၀င် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍  ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ်ပြန်ထားပြီးဖြစ်သည့်  မူကြမ်း ၃ခု ပေါင်း၍  ဘုံမူဝါဒ သဘောထား တရပ် ရေးဆွဲ မည်ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Thursday, October 31, 2013

ငြိမ်းချမ်းရေး နည်းဗျူဟာ တိုင်းရင်းသားချင်း ညှိနှိုင်းဆဲ

(VOA)

မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပင်လုံကဲ့သို့သော  ပြည်ထောင်စု ညီလာခံတရပ်ခေါ်ယူရေးဆိုတဲ့ အဆင့်သုံးဆင့်ခွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့  ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံ ညီလာခံဒုတိယနေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေက အလေးထား ပြောဆိုသွားကြပါတယ်။ အပြည့်အစုံကိုတော့ ညီလာခံကို ကိုယ်တိုင် သွားရောက်ပြီး  သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ

(RFA)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေကြရပါတယ်။

အဲဒီ ကျေးရွာသူ ကျေးရွာသား ၃၀၀ ကျော်လောက်မှာ အများစုက ကလေးတွေဖြစ်ပြီး သူတို့ကို မနေ့က ကား ၇ စီးနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက RFA ကို အခုလို ပြောပါတယ်။

နမ်လင်းပါကျေးရွာ အနီးတ၀ိုက်တွင် အခြေအနေဆိုးနေဆဲ

(Kachin Waves)

နမ်လင်းပါကျေးရွာ ဘက်သို့ယနေ့ အစိုးရတပ်မတော်မှ ကား (၇) စီးဖြင့် ရိက္ခာနှင့် စစ်သားများအား ပို့ဆောင်ခဲ့ကြောင်းသိရသည်။

နမ်လင်းပါနှင့် ၈ မိုင်းဝေးသည့် ကောင်ဂျာကျေးရွာတွင် နမ်းလင်းပါ စစ်ရှောင်စခန်းသို့ ပို့ဆောင်မည့် ဂရုဏ လူမှု အဖွဲ့အစည်းမှ ဆန်အိတ် ၃၅၀ ရပ်တန့်နေပြီး ယနေ့အထိ ပို့ဆောင်နိုင်ခြင်းမရှိသေးပါ။

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလှမ်းဝေးဆဲ

(VOA)

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာခံပြုလုပ်ပြီး၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းနေကြပေမဲ့ ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက်တော့ နေရပ်ပြန်ရေး အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Dr. Samson Hkalam ဟာ ကချင်ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေကို ရှင်းပြဆွေးနွေးဖို့ အခု ၀ါရှင်တန်ဒီစီကို ရောက်နေပါတယ်။ ကချင်ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့ စစ်မက်ဖြစ်နေတဲ့ နှစ်ဘက်စလုံးက အာမခံချက် ခိုင်ခိုင်မာမာ ပေးနိုင်ဖို့ လိုမယ်လို့ Dr. Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။
 

အပစ်ရပ် ဘုံသဘောတူချက်မရသဖြင့် ဆက်ဆွေးနွေး

(DVB)

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ဒီ ညနေပိုင်းမှာ ရရှိမယ်လို့ ပြောဆိုထားပေမယ့် ဆုံးဖြတ်ချက် မကျသေးဘူး ဖြစ်နေပါတယ်။

ဘုံသဘောထားရပ်တည်ချက်ရရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ဦးဆောင်ပြီး အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ညီလာခံကနေ တာဝန်ပေးအပ်ခဲ့တယ်လို့ လိုင်ဇာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။

အစိုးရနှင့် UNFC တို့၏ အပစ်အခတ် ရပ်စဲရေး မူကြမ်း ၈၀ ရာခိုင်နှုန်း ကွဲလွဲနေ

(ဧရာဝတီ)

အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သဘောတူထားသည့် မူကြမ်းနှစ်ခုမှာ ၈၀ ရာခိုင်နှုန်းခန့် ကွဲလွဲနေကြောင်း UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“အစိုးရကထုတ်ပြန်တဲ့ မူကြမ်းက အရမ်းရှည်လွန်းတယ်။ တော်လှန်ရေးအဖွဲ့တွေ သိပ်နားမလည်ဘူး။ ဒီတော့ ဒီအပိုင်းကိုညှိရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းတွင် ခေါင်းစဉ်ကြီး ၁၅ ခု ပါဝင်ပြီး UNFC က ရေးဆွဲသည့် မူကြမ်းတွင်မူ ခေါင်းစဉ်ကြီး ၆ ခု ပါဝင်ကြောင်း သိရသည်။

ဒေါက်တာ တူးဂျာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရပြီ

(ဧရာဝတီ)

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ကို အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုလိုက်ကြောင်း သိရသည်။

၂၀၁၀ခုနစ် ဧပြီလတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အဖြစ် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း ယင်းနှစ် သြဂုတ်လတွင် ပယ်ချခံခဲ့ရကြောင်း၊ ယခုအခါ ပါတီနာမည်ပြောင်းလဲ လျှောက်ထားခဲ့ပြီး နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှုကြောင့် ပြန်လည် လက်ခံလာခြင်း ဖြစ်ကြောင်း ဒေါက်တာ မနန်တူးဂျာက ဧရာဝတီသို့ ပြောသည်။

MYEN HPYEN HPE SHALAW NA KIO KAW MYEN AHKANG HPYI

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang KIA Dap Ba (3) npu, Dap Dung (12) Ginra hta chyat rawng taw ai myen hpyen la ni hpe shaw la na matu lam hpaw ya na lam myen hpyen ni kawn KIO Asuya de hpyi shawn wa ai lam hpe na chye lu ai. KIA Dung (12) Ginra Man Je maga de KIA myu tsaw share ninghkring ni hte myen tai hpyen ni lai wa sai bat kawn gap gasat hpang wa ai rai nna dai ni du hkra naw gap gasat nga ai lam, ndai zawn gap gasat ai hta myen tai hpyen hpung ni

S.Y.HP HTE BGF DAP NI MUNG SHAWA KAW GUMHPRAW HPYI SHA

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya, Sadung Ginwang, Wa Shawng Ginwang daw, Wura Yang Ninghtawn, Man Win Kum Shu Sun kaw October (29) ya shani, BGF Dap Dung (1002) kaw na Du Dee Ram hte Wai Maw Ts.Y.Hp Tat kyat Thein Soe (Yangon Thar) yan gaw, Mung Shawa ni kaw na Gumhpraw Lap;- 1,500,000/- (Sen Shi Manga) tup hpe atik anang hpyi sha mat ai lam na chye lu ai. Ndai Ts.Y.Hp Yangon Thar wa gaw, Shangaw Ginwang daw kata, Dum Bang Zup, Hka Wan, Shangaw mayan na Ja htu Lau Ban ni kaw ayan na Gumhpraw hpyi sha ai wa re lam hpe mung chye lu ai.

ကာချုပ်ရုံး အရေးပေါ် စည်းဝေး အထူးလျှို့ဝှက်စွာ ပြုလုပ်

(Minmaha Bagan FB Page)

ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ မြန်မာနိုင်ငံ နေပြည်တော် ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဦးစီးဌာန အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင်းရရှိသည်။။ ၄င်း အစည်းဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ် ဥက္ကဌကြီး ဦးရွှေမန်း ၊ ငြိမ်းချမ်းရေး စန်တာမှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ကြီး ခင်ရီ။ ပြည်ထောင်စုဝန် ဦးစိုးသိန်း …ကြံခိုင်ဖွတ်မှ ဦးဌေးဦး ၊ ဦးအောင်သိန်းလင်း ဦးအောင်သောင်း ၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ ၊ ပဲခူးတိုင်း ၀န်ကြီး ဦးဥာဏ်ဝင်း နိုင်ငံခြားရေးဝန်ကြီး ဦး ၀ဏ္ဏမောင်လွင် တို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။ 


လိုင်ဇာတိုင်းရင်းသားဆွေးနွေးပွဲ သမ္မတဦးသိန်းစိန်သ၀ဏ်လွှာပို့

(VOA)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံညီလာခံ ပထမနေ့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင်ပြီ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရေးဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းမှန်ကို ရောက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဝေးတိုင်ပင်ကြတဲ့ ဒီညီလာခံကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ လိုင်ဇာမြို့မှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဝိုင်းထားဆဲ အစိုးရတပ်များလှုပ်ရှားမှုကို KIA ချုံခိုတိုက်ခိုက်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသသို့ အစိုးရစစ်တပ် စကခ -၂၁ အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၁၀၀ ကျော် ရိက္ခာနှင့် မြင်း အကောင် ၅၀ ကျော်ဖြင့် စစ်ကူလာသောစစ်ကြောင်းနှင့် ဆဂနမ်ခွမ် (Saga Nam Hkum) သွားလမ်း အောင်နန် (Awng Nan) ရွာဟောင်းလမ်း တလျှောက်တွင် ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ကူ အင်အား ၁၀၀ ကျော်နဲ့ အရင်ပစ်ကြတာ ၂၈ ရက် ည ၉ နာရီမိုးချုပ်သွားတဲ့အထိ ပစ်ကြတာ ၂၉ ရက် မနက်တော့ စစ်ကူတွေနဲ့ စစ်ကူတွေကိုလာကြိုတဲ့သူတွေအပြင်းထန်ဆုံး ပစ်ခတ်ကြတာ။ သူတို့ဘက် က အသေအပျောက်ရှိနိုင်ပါတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး လဘန် ဂျွန်းအောင် (Major Labang Jawn Awng) KNG ကချင်သတင်းဌာန သို့ပြောသည်။

Wednesday, October 30, 2013

လိုင်ဇာညီလာခံမြင်ကွင်းများ

(Irrawaddy)

KIA တပ်ဖွဲ့ ထိန်း ချုပ်ရာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ညီလာခံ ဒီကနေ့ အစပြုပါပြီ။

သမ္မတ ဦးသိန်းစိန် က လည်း ညီလာခံကို သ၀ဏ်လွှာပေးပို့ထား ပါတယ်။ 

ဒီညီလာခံကနေ "နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်" ရေးထိုးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်း အဲဒီ သဝဏ်လွှာမှာ ရေးထားပါတယ်။

လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေးပါရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကချင်လွတ် လပ်ရေး တပ် မတော် KIA ဌာနချုပ် အား အကြောင်းကြား ခဲ့သည်ဟု KIA စစ်ရုံးချုပ်အရာရှိ တဦးကဆိုပါသည်။
 
“ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိ လိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း KIA နှင့် အစိုးရတပ်တို့ ထိတွေ့ပစ်ခတ်မှု ရှိနေသေး

(ဧရာဝတီ)

ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နေပြီ ဖြစ်သော်လည်း ဗန်းမော်မြို့ မန်စီခရိုင်တွင်မူ မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တပ်ခြင်းထိတွေ့ မှုများ ရှိနေသေးကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို ရှင်းလင်းရာမှ KIA နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားနေသဖြင့် ဒေသခံများ ထိတ်လန့်ကာ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောသည်။

လိုင်ဇာ ညီလာခံတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် မူတည်ဆွေးနွေးမည်

(Irrawaddy)

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ယနေ့မှစတင်ပြီး ၃ ရက်အကြာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စ အချက် ၂ ချက်အပေါ် မူတည်ဆွေးနွေးသွားကြမည်ဟု သိရှိရသည်။

တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တဖွဲ့ချင်းစီ၏ အမြင်များကို သုံးသပ်ခြင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သဘောထားအပေါ် သုံးသပ်တင်ပြခြင်း၊ အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား စာတမ်းမူကြမ်းအပေါ် သုံးသပ်တင်ပြခြင်း၊ သဘောထားဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးချက်တို့ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စတွင် ကရင်အမျိုးသား အစည်းအရုံးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ဆွေနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်းတို့ ပါဝင်ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏

လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်


တပြည်လုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲစတင်

(DVB)

အစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ စုဝေးပြီး တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသေဘာထားတရပ် ရရှိဖို့အတွက် ၃ ရက်ကြာဆွေးနွေးပွဲကို ဒီနေ့ စတင်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လာမယ့် နိုဝင်ဘာလကျရင် သေဘာတူ လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ဘုံသဘောထားရဖို့ ဖြစ်ပါတယ်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ပါတီတည်ထောင် ခွင့်ပြု

(DVB)

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဦးလာမာလေးအပါအ၀င် အဖွဲ့အ၀င် ၁၇ ဦးတို့ရဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ဟာ ဥပေဒ၊ နည်းဥပေဒများနဲ့ ညီညွတ်ကြောင်း တွေ့ရှိရတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင် ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ လိုင်ဇာမှာ ဒီနေ့စ

(BBC)

ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ရဲ့ ၃ ရက်ကြာ ထိပ်သီးညီလာခံကို တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်က ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီကနေ့ စတင်တော့မှာ ဖြစ်ပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အစိုးရနဲ့ မြစ်ကြီးနားမှာ နောက်ဆုံးတွေ့တုန်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့ပါတယ်။

တရားတဲ့ နည်းလမ်းနဲ့ မြန်မာပြည်ကြီးကို မအုပ်ချုပ်နိုင်ရခြင်း အကြောင်းများ။

(Kachin Duwa)

မြန်မာပြည်ရဲ့ ပြည်တွင်း စစ် ပြဿနာကို အမျိုးမျိုးတွေးတောယူဆ ကြပါတယ်။ အထူးသဖြင့်၊ ဗမာခေါင်းဆောင်များ စိုးမိုးထားတဲ့ ဗဟိုအစိုးရ နဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူနည်းစု ပြည်နယ်များကြား အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အခါ၊ မြန်မာပြည်ကြီးကွဲသွားဖို့ အရေးကို တွေးပူတဲ့ အကြောင်း အလေးထားပြောကြတာ တွေ့ရတတ်ပါတယ်။

ဗမာ၊ ဗမာ လို့ ပြောကြတဲ့ အခါ ဗမာ သူငယ်ချင်းတွေက မကြိုက်တတ်ပါဘူး။ ဗမာ မဟုတ်ဘူး၊ စစ်တပ်ပါ၊ လို့လဲ ဆိုတတ်ပါတယ်။ ဟုတ်ပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် တကယ့်တကယ် ဗမာစစ်ခေါင်းဆောင်ကြီးတွေနဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တိုင်းမှာ တူညီနဲ့ ယူဆ ချက်ရှိတယ်။ အဲဒါကတော့ မြန်မာပြည်ကြီးကို တရားနည်းလမ်းတကျ အုပ်ချုပ်လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

မုန်းဒိန်ပါ ကျေးရွာသားများ ဒုက္ခသည်စခန်းရှိရာသို့ ထွက်ပြေးတိမ်းရှောင်

(KNG)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားချိန် ဘုရားကျောင်းသို့ ထိန်းသိမ်း ထားသော ရွာသား ၅၀၀ ကျော် သည် ဗန်းမော် ဖန်းခါးကုန်း စစ်ပြေးဒုက္ခသည်စခန်းဘက်သို့ ထွက်ပြေး တိမ်းသွားနေကြပြီဖြစ်ကြောင်း ရွာသားများမှသိရသည်။

မုန်းဒိန်ပါရွာသားများသည် အစိုးရတပ်များအနီးဝန်းကျင်တွင် တပ်ဆုတ်ထားချိန် KIO ဖက်မှ လုံခြုံရေးယူကာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါ (Mung Ding Pa) မှ ဒေသခံ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုင်းပြည်နယ်နိမိတ် တည်တံ့ရေး လိုင်ဇာညီလာခံသို့ အစိုးရ တောင်းဆို

(Irrawaddy)

လတ်တလော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပနေသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ညီလာခံသို့ နေပြည်တော် အစိုးရမှ လျှို့ဝှက် အနေဖြင့် ပေးပို့ ထားသော နိုင်ငံရေး ဆွေးနွေး ပွဲဆိုင်ရာ အဆိုပြုချက်များ တွင် “တိုင်းပြည် နယ်နမိတ် တည်တံ့ရေး အတွက် ပတ်သက်သည့် တာဝန်ကို ပူးတွဲထမ်းဆောင်ရန်” ဟု ရေးသားပါရှိ သည်။

ဧရာဝတီ က ဖတ်ရှုခွင့်ရသည့် ယင်း အဆိုပြုချက် ၁၅ ချက်တွင် “ပင်လုံ စိတ်ဓာတ်”ဖြင့် ပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်းရေးသား ထားသော်လည်း တိုင်းရင်းသား အဖွဲ့များက ပြောကြားတောင်း ဆိုနေသည့် “ဖယ်ဒရယ်” ပြည်ထောင်စု စနစ် တည်ဆောက်ရေး ကိစ္စ ပါဝင်ခြင်း မရှိပေ။

Tuesday, October 29, 2013

ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်

(VOA)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ထွန်းလာဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်မယ့် ဆွေးနွေးပွဲကို မနက်ဖြန်မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ ကျင်းပတော့မှာပါ။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေဘက်ကလည်း မျှော်လင့် ချက်တွေ ရှိနေပါတယ်။ လိုင်ဇာမြို့ကိုရောက်နေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
 
မေး။          ။ ကိုဇော်ဝင်းလှိုင်က အခု လိုင်ဇာမြို့ကို ရောက်နေပြီဆိုတော့ မနက်ဖြန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲ အပေါ်မှာ ဒေသခံလူထုရဲ့အမြင် သဘောထားတွေ ဘယ်လိုတွေ့ရလဲရှင့်။

လိုင်ဇာ ညီလာခံကို ‘ဝ’ နဲ့ မိုင်းလား ဘာကြောင့် မတက်သလဲ

(ဧရာဝတီ)

ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းဆွေးနွေးကြမယ့် ညီလာခံကို အင်အားကြီး လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ မဟာမိတ် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်ခြင်းမရှိဘူးလို့ သတင်း ရရှိပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ၃ ရက်အကြာ ပြုလုပ်မယ့် အဲဒီညီလာခံ KIO ကစီစဉ်ကျင်းပတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားရာ တခြားအဖွဲ့က ခေါင်းဆောင်တွေ လိုင်ဇာကို ရောက်ရှိနေကြပြီဖြစ်ပေမယ့် ဝ နဲ့ မိုင်းလား အဖွဲ့တွေကတော့ ရောက်မလာဘူးလို့ သိရပါတယ်။

နိုင်ငံရေး အခွင့်အရေး ညှိနှိုင်းမည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံ စတော့မည်

(ဧရာဝတီ)

အဖိနှိပ်ခံ အမျိုးသားများ စုပေါင်းလက်တွဲပြီး ရရှိနိုင်မည့် နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုရန် လိုင်ဇာ တိုင်းရင်းသား အကြို ညီလာခံအဖြစ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ ဦးဇောင်းဟရားက ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ယနေ့ ပြုလုပ်သည့် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို နှုတ်ဆက်ပွဲ၌ ပြောသည်။

လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀၊ ၃၁ နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် ၃ ရက်ကြာ တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးပွဲ စမှသာ အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ထံမှ သိရသည်။

ပလောင် တပ်နှင့် အစိုးရ တပ်တို့ တိုက်ပွဲ ဖြစ်ပွား နေဆဲ

(ရွှေဟင်္သာသတင်းဌာန)



ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး လက်အောက်ခံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း ၁၁၂ နှင့် အစိုးရ၏ ခလရ ၁၄၃ နှင့် ခလရ ၄၅ တပ်ရင်း စစ်ကြောင်း အင်အား (၂၀၀) ခန့်တို့နှင့် ပြီးခဲ့သည့် အောက်တို ဘာလ (၂၈) ရက်နေ့၌ ကွတ်ခိုင်မြို့နယ် လုံကန် ရွာနှင့် လွယ်ဂျရန် ရွာကြား၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ်မှ ဗိုလ်ကြီး ဝင်းဖေက ပြောသည်။

“ကျနော်တို့ လှုပ်ရှားတဲ့ ဂွင်ကို အစိုးရ တပ်က နည်းနည်း ထိုးစစ် ဆင်လာတယ် ခင်ဗျ၊ အဲဒါကြောင့် အဲဒီ ဂွင်မှာ လှုပ်ရှား နေတဲ့ ကျနော်တို့ ၁၁၂ တပ်ရင်းရဲ့ ဗိုလ်မှူး ဝိန်းမာန် ဦးစီးတဲ့ တပ်တွေနဲ့ ထိတွေ့ ခဲ့ပြီး တိုက်ပွဲ ဖြစ်ခဲ့ ကြတယ်၊ ခန့်မှန်း ရတော့ တော်တော် ခက်တယ်ဗျ၊ ဆွေးနွေးပွဲ လုပ်နေပေမယ့် တိုက်ပွဲ တွေက ပုံမှန်လို ဖြစ်နေ တာပဲဗျ” ဟု ဗိုလ်ကြီး ဝင်းဖေက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ အ၀ိုင်းခံ ထားရ

(ရွှေဟင်္သာသတင်းဌာန)



ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံ ထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေလား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူးဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကိကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့ကဟု ဆိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို ရှောင်လွှဲမနေသင့်ဟု KIO ဥက္ကဋ္ဌ အထိမ်းအမှတ်နေ့တွင် ပြောကြား

(ကချင်သတင်းဌာန)

နိုင်ငံတော် အစိုးရ အနေဖြင့် နိုင် ငံရေး  ကြောင့်ဖြစ်   ပေါ်နေ သော ပြဿ နာ များ အားဖြေရှင်းရာ တွင် ရှောင် လွှဲနေခြင်းကြောင့် တိုင်းရင်းသားများနေ ထိုင်ရာဒေသတို့တွင် တော်လှန်ရေး ခရီးကြာ ရှည်နေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO (၅၃) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် KIO ဥက္ကဋ္ဌဇောင်းဟရား မိန့်ခွန်း ပြောကြားခဲ့သည်။

“KIO အမှုဆောင်အရာရှိများအားလုံး နိုင်ငံရေးအမြင်တူညီရန် အဓိကအရေးကြီးကြောင်း၊ KIO အနေဖြင့်ပြည်တွင်းတွင်ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများအားနိုင်ငံရေးဖြင့်ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် နိုင်ငံရေးဆွေးနွေးမှုအဆင့်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကိစ္စဆောင်ရွက်ရန်မှာ နိုင်ငံတော်အစိုးရတာဝန်ယူထားသူများ၏တာဝန်ဖြစ်သောကြောင့် တရားဝင် အပစ်အခတ်ရပ်စဲရေးအားကြေညာပြီးတိုင်းရင်းသားများနေထိုင်ရာဒေသရှိ တပ်စခန်းများအား ရုပ်သိမ်းပေးရန် တာဝန်ရှိကြောင်း” မိန့်ခွန်းတွင်ပါရှိသည်။

ကချင်စစ်ဘေး ဒုက္ခသည်များ၏ ဆန် ၂၅၀အိတ်ကို မြန်မာအစိုးရတပ်မှ လုယက်သိမ်းဆည်း

http://kachinlandnews.com/?p=23915

Burmese Army Troops Seize Rice Sacks for Kachin IDPs 

  250 sacks of rice donated by local NGO Karuna and other individuals were seized by Burmese army troops at Kawng Ja village. Catholic ministers from Mung Hkawng village tried to persuade Burmese army’s tactical commander Colonel Myit Naing Oo to return those seized rice sacks for internally displaced persons (IDPs), but he turned down their request, said an NGO worker. Catholic ministers say they will make another attempt to get rice sacks back to local NGO.


အစိုးရစစ်ကြောင်း တိုးချဲ့လာလို့ မန်စီမြို့နယ် ဒေသခံ ၅၀၀ ခန့် ထွက်ပြေး

(RFA)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဘက်က ဒေသခံတွေဟာ အစိုးရစစ်ကြောင်းတွေ များလာတဲ့အတွက် လုံခြုံရေးစိုးရိမ်ပြီး ဗန်းမော်မြို့ဘက်ကို ဒီနေ့ လူဦးရေငါးရာလောက် ဦးတည်လာနေကြောင်း ဗန်းမော် ကချင်နှစ်ခြင်း အသင်းတော်ရုံး တာဝန်ရှိသူတစ်ဦး က ပြောကြားပါတယ်။
မန်စီမြို့နယ်ထဲက ကျေးလက်လူထု  ဗန်းမော်ဘက်ကို ထွက်လာတဲ့အကြောင်းကို ကချင်နှစ်ခြင်း အသင်းတော်ရုံးက ဦးတူးဂျာက အခုလို ပြောပါတယ်။

အစိုးရတပ်များ KIA တပ်ရှိရာသို့ စစ်အင်အားများ တိုးချနေ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင်ဆွေးနွေးပွဲပြုလုပ်ရန် ပြင်ဆင်နေချိန် အစိုးရတပ်ဖက်မှ KIA တပ်များသို့ အသီးသီး စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း သိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာရှေ့တန်းစခန်းသို့ အစိုးရတပ်သည် ယမန်နေ့  အောက်တိုဘာ ၂၇ ရက်တွင် ဗန်းမော်ဘက်မှ အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကား ၈ စင်းဖြင့် ဒေါ့ဖုန်းယန် (Dawhpungyang) မှ ရှဒန်ပါ (Shadan Pa)-ခယာ (Hka Ya) ရှေ့တန်း စခန်းသို့ အင်အားများတိုးချဲ့ထားကြောင်း KIA ရှေ့တန်းစခန်းမှ ပြောသည်။

လိုင်ဇာမြို့တွင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံသို့ အဖွဲ့ကိုယ်စားလှယ်များရောက်ရှိ

(ကချင်သတင်းဌာန)

လိုင်ဇာ၊ ကချင်ပြည်နယ် - တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးအကြိုဆွေးနွေးပွဲအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ကျင်းပမည့် ‘Ethnic Armed Organizations Conference’ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံသို့ ထိပ်သီးခေါင်းဆောင်များအသီးသီး အောက်တိုဘာ ၂၈ ယနေ့မှစ၍ ရောက်ရှိနေကြပြီဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့မှစတင်ပြုလုပ်မည့် ၄င်းညီလာခံသို့  ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၂ နာရီခန့်တွင် ရှေ့ဦးစွာ လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

Monday, October 28, 2013

မုန်းဒိန်ပါ ကျေးရွာ ၏နောက်ဆုံးအခြေအနေ နှင့် တိုက်ပွဲသတင်း

၂၈ အောက်တိုဘာ၂၀၁၃
(by-Khon Ja)



ယနေ့  နံနက် (၂၈၊ အောက်တိုဘာ ၊၂၀၁၃) နေ့ တွင် မြန်မာ့ တပ် မတော်နှင့် ကချင် လွှတ်မြောက်ရေး တပ်မတော်တို့ ပက်ပင်း တိုး၍ မုန်းဒိန်ပါ ကျေးရွာ အနီးတွင် တိုက် ခိုက်ခဲ့ကြသည်။ တိုက်ခိုက်ချိန် ခဏတာ ဖြစ်သော် လည်း ရွာသား (၅၀၀) ကျော်ခန့်မှာ (၁၄း၀၀) နာရီ (ညနေ ၂ နာရီ) ခန့် တွင် ကျေး ရွာမှ ထွက်ပြေး၍ သံတံတားကျေး ရွာနှင့် ဟန်ထက်ကျေးရွာ များသို့ ဦးတည် ထွက်ပြေးလာကြောင်း သိရသည်။ ထိုရွာသားများအား လမ်းခရီးတွင် ကြိုရန်နှင့် နေရာထိုင်ခင်း အစားအသောက် စီစဉ်ပေးရန် လိုအပ်နေသည်။

လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ ကို ထပ်မံရောက်ရှိ

(RFA)

ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ အခုလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ထိကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ကိုယ်စားလှယ် ၃၂ ယောက်ဟာ ဒုတိယအသုတ်အဖြစ် မြစ်ကြီးနားမြို့ကို ဒီနေ့နေ့လည်ပိုင်းက ရောက်ရှိသွားကြပါတယ်။
လိုင်ဇာဆွေးနွေးပွဲဟာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ညီလာခံလိုမျိုး အနှစ်သာရအားဖြင့် အရေးကြီးတဲ့ ညီလာခံကြီးဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က RFA ကို အခုလိုပြောပါတယ်။

မြန်မာ့တပ်မတော် အသွင်ပြောင်းလဲမှသာ...

(Irrawaddy)

 မြန်မာပြည်မှာ အပြောင်းအလဲတွေ အမှန် တကယ် ဖြစ်ပေါ်ဖို့၊ ရေရှည် တည်တံ့တဲ့ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ ဆိုရင် မြန်မာ့တပ်မတော်ရဲ့ အနေအထားကို ပြုပြင်ပြောင်း လဲမှဖြစ်မယ်လို့ ဒီကနေ့ ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

 “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေးအခြေအနေ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။

ပြန်လည်ရင်ကြားစေ့ရေး တိုင်းရင်းသားတွေ ဘာလုပ်ကြမလဲ

(Irrawaddy)

လာမည့် ရက်ပိုင်း အတွင်း ကချင် လွတ်မြောက်ရေးတပ် KIA ၏ ဗဟို ဌာနချုပ် လိုင်ဇာမြို့တွင် လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စား လှယ်များ စုဝေးပြီး နိုဝင်ဘာလတွင် သမ္မတ ဦးသိန်းစိန် အစိုးရက ရည်မှန်း ထားသည့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ်ရေး ထိုးပွဲတွင် ပါဝင်မည် သို့မဟုတ် မပါဝင် ဆွေးနွေးဆုံးဖြတ်ကြတော့မည်။

အပစ်ရပ်ပြီး နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် KNU နှင့် RCSS တိုက်တွန်း

(Irrawaddy)

တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် ၄ လအတွင်း နိုင်ငံရေး ဆွေးနွေး မှုများ ဖြစ်ပေါ်လာရေး အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ပူးတွဲ သဘောထား ထုတ်ပြန်သည်။

နိုင်ငံတ၀န်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

“ဝ” နှင့် “မိုင်းလား” အဖွဲ့တို့ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက် နိုင်မည် မဟုတ်ဟုဆို

(ရွှေဟင်္သာသတင်းဌာန)



အောက်တိုဘာလ (၃၀) ရက်နေ့မှ စတင်၍ နိုဝင်ဘာလ (၁) ရက်နေ့ အထိ သုံးရက်တာ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာ စခန်း၌ ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး ဆွေးနွေး ပွဲအား တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့မှ ခေါင်းဆောင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း KIO - TAT ပြောခွင့်ရ ဆရာဒေါင်ခါး က ပြောသည်။

၎င်း တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် များသည် အောက်တိုဘာလ (၂၇) ရက်နေ့၌ တာချီလိတ် မြို့မှ တဆင့် လေကြောင်း ခရီးဖြင့် မြစ်ကြီး နားသို့ ရောက်ရှိလာကာ ထို့နောက်မှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လိုင်ဇာ ဗဟိုဌာနချုပ်သို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။

KNU နဲ့ RCSS က လိုင်ဇာမှာ တင်ပြမယ့်မူဝါဒ ထုတ်ပြန်

(RFA)

အခုရက်ပိုင်း ကျင်းပတော့မယ့် တိုင်းရင်းသားအဖွဲ့ပေါင်းစုံ လိုင်ဇာညီလာခံမှာ တင်ပြမယ့် ပူးတွဲကြေညာချက်တစ်စောင်ကိုKNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

RFAက မိတ္တူရရှိခဲ့တဲ့ အဲဒီပူးတွဲကြေညာချက်မှာ အစိုးရကကြီးမှူးပြီး နေပြည်တော်မှာ လာမယ့်နှစ်ဆန်းပိုင်းကျင်းပဖို့ ပြင်ဆင်နေတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ အဲဒီ နောက်ဆက်တွဲ ကျင်းပဖို့ရည်ရွယ်ထားတဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲကြီးနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့နှစ်ဖွဲ့ရဲ့ မူဝါဒတွေကို ဖေါ်ပြထားပါတယ်။ 

KIA နှင့်အစိုးရတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေဆဲ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဗန်းမော် ခရိုင် မဘိန်းမြို့နယ် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum)တွင် အစိုးရ စုပေါင်းတပ်ရင်းနှင့် KIA တပ်ဖွဲ့များကြား ဆက်တိုက် တိုက်ပွဲများဖြစ်ပွားကာ အခြေအနေပို၍ပြင်းထန်လာနိုင်ကြောင်း KIA တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင်ပြောသည်။

“ဆဂနမ်ခွမ်မှာဘဲ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ ကျနော်တို့နေရာမှာ ဗျူဟာ ၄၊ ၅ ခုနဲ့ ကျနော်တို့ တပ်ရင်း (၁၂) ကို ဘယ်၊ ညာ ဝိုင်းထားတယ် တပ်ရင်း ၃ ခုက အင်အား ၃၀၀ ကျော် ဗျူဟာမှူး ၁ ယောက်ပါတယ် သူတို့နောက်မဆုတ်မချင်း တိုက်ပွဲတွေက ဆက်ဖြစ်နေမှာဘဲ  ထွက်ပြေးဖို့လည်း နေရာမရှိတော့ဘူး တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်”

UNFC ၏ အနာဂတ် အရေး နှင့် လိုင်ဇာ အစည်း အဝေး ဆက်သွယ် မေးမြန်းခန်း

(ရွှေဟင်္သာသတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အတူ လာမည့် အောက်တိုဘာလ အကုန်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် အထူး အစည်းအဝေးကြီး ကျင်းပရန် ရှိပါသည်။
ဤအစည်း အဝေးသည် အစိုးရမှ တပြည်လုံး အပစ်အခတ် ရပ်စဲရေးလက် မှတ်ထိုးပွဲ ကျင်းပရန် ဖိတ်ခေါ်ထား သည့်အပေါ် သဘောထား ပေးရန် စည်းဝေး ကြခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် UNFC သဘောထားနှင့် လိုင်ဇာအစည်းအဝေးပွဲ၏ အနေအထားများကို ခြုံငုံ သုံးသပ်နိုင်ရန် အတွက် ရွှေဟင်္သာသည် (UNFC) အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာ အား ဆက်သွယ် မေးမြန်းခဲ့ပါသည်။
မေး ။        ။ လက်ရှိ တိုင်းရင်းသား အရေးတွေမှာ (UNFC) အဖွဲ့ဟာ ဘယ်လောက် အရေးကြီး နေတယ်လို့ ဆရာတို့ ခံ

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်သင်ခန်းစာများ

(Mizzima)
Written by  အောင်မင်း(ဘာသာပြန်သည်) 

၁၉၉၀ နှစ်များတွင် တရုတ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား တံခါးဖွင့်ပေးလိုက်သည့်အခါ ကမ္ဘာတစ် လွှားရှိ ကုမ္ပဏီများမှာ ကမ္ဘာ့အကြီးဆုံး ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်ချေရှိခဲ့ခြင်းအပေါ် များစွာစိတ် လှုပ်ရှားခဲ့ကြရသည်။ လူဦးရေ တစ်ဘီလီယံကျော်ရှိသည့်အတွက် တရုတ်နိုင်ငံမှာ ကဏ္ဍစုံတိုင်းတွင် အတောမသတ်နိုင်သော အခွင့်အလမ်းများရှိသည်ဟု ရှုမြင်ခဲ့ကြသည်။

ကုမ္ပဏီများမှ တရုတ်နိုင်ငံအတွင်းတွင် ရုံးခန်းဖွင့်ရန် အလျင်အမြင်ရှာဖွေခဲ့ကြသလို ဒေသခံအကျိုးတူ ပူးပေါင်းဆောင်ရွက်သူများကိုလည်း စတင်ရှာဖွေခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံအ တွင်း၌ လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် အလျင်စလိုဆောင်ရွက်မှုများ စိတ်လှုပ်ရှားမှု များနှင့်အတူများစွာသော တရုတ်ကုမ္ပဏီများမှာ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှာ ဈေးကွက်ဝင်လမ်း အတွက် အသင့်လျော်ဆုံး ဖြစ်၊ မဖြစ်ကိုမူ ဂရုတစိုက် စဉ်းစားခြင်း မပြုခဲ့ပေ။

လိုင်ဇာညီလာခံကို ကိုယ်စားလှယ်တွေ သွားရောက်

(BBC)

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံကြီးကို KIO ကချင်လွတ်လပ်ရေး အဖွဲ့က စီစဉ်ပြီး သူတို့ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပမှာမို့ တိုင်းရင်းသား အဖွဲ့တွေလည်း သွားရောက် နေကြပြီလို့ သိရပါတယ်။


ဒီညီလာခံကြီးကို အောက်တိုဘာ ၃၀ ရက်နေ့ကနေ စတင်ပြီး နိုဝင်ဘာ ၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၁ + ၂ + ၃ + ၄) (Aung Din)

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၁)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၆၊ အောက်တိုဘာလ ၁ ရက်၊ ၂၀၁၃)
==================

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ

စက်တင်ဘာလ ၈ ရက်နေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မီတီ (Union Peace-Making Working Committee, UPWC) နဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊

ကချင်ဒုက္ခသည်တွေ အတွက် အကူညီပေးဖို့ ခက်ခဲ

(VOA)

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကြိုးပမ်းနေချိန်မှာပဲ ကချင်ပြည်နယ်တွင်း ကြိုကြားကြိုကြား ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အခုနောက်ဆုံး ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်း အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒေသခံတွေ ဘေးကင်းလုံခြုံရာ ပြောင်းရွှေ့နေကြရ သလို ဒီလူတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပေမဲ့ အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြည်နယ် အစိုးရတာဝန်ရှိ သူတွေကလည်း ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းစုံစမ်းတင်ပြပေးထားပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒဲရစ်မစ်ချယ်သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကေအိုင်အိုကိုစားပြု နည်းပညာ အကြံပေးအဖွဲ့ကို တွေ့ဆုံကာ လိုင်ဇာမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးပွဲသည် အရေးကြီးပြီး ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမည် ဆိုသည်ကို ဆွေးနွေးကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ဖြစ်စဉ်တွင် တိုးတက်သော အခြေအနေ၊ လုပ်ငန်းစဉ်ချောမွေ့မှု၊ နည်းပညာ အကြံပေးအဖွဲ့များ၏ အခြေအနေကို မေးမြန်းစုံစမ်း အားပေးသွားကြောင်း အကြံပေး အဖွဲ့ဝင်များက ဆိုသည်။

Sunday, October 27, 2013

KIOနဲ့ အစိုးရကြား သဘောတူချက် စစ်တပ် ဖေါက်ဖျက်

(BBC)

ကချင်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ မန်စီ မြို့နယ် တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ KIO ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ အကြား အခု အောက်တိုဘာ လဆန်းပိုင်းလောက်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့အပြီးမှာ အခုလို နှစ်ဘက်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေရာတွေဟာ KIO တပ်ရင်း ၁၂ တည်ရှိရာ နေရာတွေ ဖြစ်ပြီး အဲဒီ နေရာတွေကို သိမ်းဖို့ ကြိုးစားတဲ့ အနေနဲ့ အစိုးရ စစ်တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ကချင်ဒေသခံတချို့ စစ်တပ်က ဆက်လက်ဖမ်းဆီး

(VOA)

ကချင်ပြည်နယ်ထဲမှာ မကြာသေးခင်တုန်းက လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရ  စစ်တပ်က ဒေသခံတချို့ကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တဲ့ အတွက် ဒေသခံ တချို့ကို ပြောင်းရွှေ့ပေးရတာတွေလည်း ရှိနေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက် ကိုင်အဖွဲ့တို့ကြား ဗန်းမော်ခရိုင်ထဲမှာ အရင်တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါ အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်

(VOA)

ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း တကျော့ပြန် စစ်ရေး တင်းမာ မှုတွေ ဖြစ်လာနေ တဲ့အတွက် ထောင်ချီတဲ့ ကချင်ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ရပြီး စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကချင်အရေးလှုပ်ရှားသူတွေကပြောပါတယ်။ ကုလသမဂ္ဂအပါအဝင် အလှူရှင်တွေ က သွားရောက်ကူညီဖို့ လုပ်ဆောင်နေပေမဲ့ ရင်ဆိုင် တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် ပို့ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ကချင်ပြည်နယ် တွင်းက စစ်ပြေးဒုက္ခသည်တွေအတွက် အကူညီပေးနေတဲ့ ကချင်အမျိုးသား အစည်းအရုံး (KNO) Kachin National Organization ရဲ့ တွဲဖက် နိုင်ငံခြားရေး တာဝန်ခံ Ms Kai Htang (မခိုင်ထန်) က VOA ကိုပြောပါတယ်။ မဆုမွန်က မခိုင်ထန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကေအိုင်အေနှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက် ပြောကြား

(Eleven Media Group)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစုတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများကို လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် နေရာများတွင် အများစု ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။