Saturday, October 26, 2013

ကချင်ဒေသအရေး အမေရိကန် သံအမတ်ကြီး စစ်တိုင်းမှူး နဲ့ ဆွေးနွေး

(RFA)

ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေ တဲ့ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchel ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ကချင်ပြည်နယ်မှာ အခုရက်ပိုင်း အတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုပါ အလေးထားဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပြပါတယ်။

ကချင်ဒုက္ခသည်တွေကူညီရေး ကုလဌာနေကိုယ်စားလှယ်ပန်ကြား

(VOA)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါနဲ့ မုန်းဒိန်ပါရွာအနီး  အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ချက်ချင်းစာနာမှု အကူအညီတွေ ပံ့ပိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်က ပန်ကြားလိုက်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ပြောခွင့်ရသူက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။  သက်ဆိုင်သူတွေ အားလုံးအနေနဲ့  လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်အပါအ၀င် အရပ်သားတွေရဲ့ အခြေခံအခွင့်အရေးကိုလေးစားကြပါရန်လည်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်က တိုက်တွန်းလိုက်တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သစ်ခိုးထုတ်မှု ကေအိုင်အေနှင့် မသက်ဆိုင်ဟုဆို

(The Voice Weekly)

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

လဆန်အောင်ဝါ ပြည်သူ့ စစ်တပ်ဖွဲ့ဝင် တဦး ဒေသခံ လူငယ်တဦးအား သေနတ်ဖြင့်ပစ်ခတ်

(KNG)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခွဲထွက် ဦးလဆန်အောင် ဝါပြည်သူ့ တပ်ဖွဲ့ မှသေနတ်ဖြင့် ပစ်ခတ် ထားသောကြောင့် ဆယ်ကျော်သက် လူငယ် တစ်ဦးမှာမြစ်ကြီးနားပြည်သူ့ ဆေးရုံးကြီး အရေးပေါ် လူနာခန်းတွင် အူခွဲစိတ် ကုသမှုခံယူနေရကြောင်း ၄င်း၏ မိသားစုဝင်များ ထံမှ သိရသည်။

သေနတ် ပစ်ခတ်ခံရသောအသက်  (၁၇) နှစ်ရှိလူငယ် ကို အဒူးလေး မှာ လွန်ခဲ့သော အောက်တိုဘာလ (၁၈) ည ၉နာရီခန့်တွင် ၄င်းနေထိုင်ရာဝိုင်းမော်မြို့နယ်၊ မခေါ်ဒီးကျေးရွာသို့အဝင် ဂိတ်စောင့်သော ပြည်သူ့စစ် လဆန်အောင်ဝါ တပ်သားတစ်ဦးမှ အရက်မူးကာ စစ်ဆေးမှုများပြုလုပ်ချိန် လူငယ်လေးအား အမှတ်မထင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, October 25, 2013

ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်

ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးစွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေးစွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများအရ သိရသည်။

Miss International ပြိုင်ပွဲမှာ ဂုဏ်ရည်အေးကျော်က ကချင် ဝတ်စုံနဲ့ ဘာကြောင့် ယှဉ်ပြိုင်မှာလဲ

(Irrawaddy)
 
  Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်က ကချင်ပြည်နယ်နဲ့ လူမျိုးတွေ ဟာ မြန်မာနိုင်ငံရဲ့ အသွေးအသား ထဲက တခု အပါအ၀င်ပါ ဆိုတာကို သက်သေပြချင်တဲ့ အနေနဲ့ သူသွားရောက် ယှဉ်ပြိုင်မယ့် Miss International 2013 ပွဲရဲ့ အမျိုးသားဝတ်စုံနဲ့ ပြိုင်ပွဲကဏ္ဍမှာ ကချင်တိုင်းရင်းသား ၀တ်စုံကို ၀တ်ဆင်ပြီး ယှဉ်ပြိုင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လွှတ်တော်ပါဝင်လို

(Irrawaddy)

ပြည်ထောင်စု စနစ်ကို “လိုလားနှစ်ချိုက်သူများ”နှင့် ဒီမိုကရေစီကို “မြတ်နိုးသူများ” အနေဖြင့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း စဉ်များကို ထိခိုက်စေသော အပြော အဆိုအပြုအမှုများ မပြုလုပ်ကြရန်နှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် စေတနာ၊ မေတ္တာများ ထားရှိဆောင်ရွက်ကြရန် အလေးအနက် ပန်ကြားမေတ္တာရပ်ခံလိုကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာလ ၂၄ ရက်နေ့က တင်ပြခဲ့သည်။

Nationwide ceasefire ဆိုတဲ့ ခေါင်းစဉ်ဟာ ကြက်ဆူပင် စိုက်ခင်းပြပွဲနဲ့ တူတယ်။

(Kachin Duwa)

ကေအိုင်အေ ကို စပြီး ထိုးစစ်ဆင်လာတဲ့ ၂၀၁၁ ခုနှစ်မှာ ကေအိုင်အေ တောင်းဆိုတာက တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းကတော့ သမ္မတကိုယ်တိုင် အင်ဒိုနီးရှားမှာ ပြောသွားတာက အားလုံးရဲ့ သဘောထားလဲ မတူဘူး တဖွဲ့ချင်းနဲ့ပဲ အပစ်ရပ် ဆွေးနွေးမယ် လို့ ဆိုလာတယ်။ တကယ် အပစ်ရပ် ဖို့ တောင်းဆိုခဲ့တာပါ။

အခုတော့ ရှေ့တန်းမှာ ထိုးစစ်ဆင်နေရင်း တန်းလန်း တနိုင်ငံလုံး အပစ်အခတ်ရပ်ဖို့ လက်မှတ်ထိုးပွဲ၊ ပြပွဲကြီး လုပ်မယ် ဆိုပြီးတော့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေကို ပြန်ထိုးခိုင်းလာတယ်။ မွန်ခေါင်းဆောင် နိုင်ဟန်သာ ပြောတာက... ကျနော်တို့ ထိုးပြီးသား အဖွဲ့တွေ ဘာဖြစ်လို့ ထပ်ထိုးရမှာလဲ လို့ မေးခဲ့တော့ သူတို့ ဘာမှ တိတိကျကျ မဖြေဘူး... လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်စဲရေး ဘုံသဘော တူညီချက် ရဖွယ်ရှိ

(DVB)

ဒီလကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံက ထိပ်သီးခေါင်းဆောင်တွေဟာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ စုဝေးပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ကြမယ့် မူကြမ်းတခုအေပ်ါမှာ ဆွေးနွေးကြဖွယ် ရှိနေပါတယ်။

အဲဒီ မူကြမ်း ပေါ်ပေါက်လာတာဟာ ကေအန်ယူနဲ့ ရှမ်းပြည်တပ်မေတာ် (တောင်ပိုင်း)က ခေါင်းဆောင်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ကိုင်စွဲထားတဲ့ ၂၅ မျက်နှာခန့် ရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သေဘောထားစာတမ်းကို ရန်ကုန်ကို ယူလာပြီး မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး မူကြမ်းတခု ပြုစုခဲ့ကြတယ်လို့ စင်တာရဲ့ အထူးအကြံပေး ဦးလှေမာင်ရွှေက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်ပါက ပဋိပက္ခပြန်ဖြစ်နိုင်ဟုဆို

မဇ္ဈိမသတင်းဌာန 
 
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) ဆက်မလုပ်နိုင် ပါက ပဋိပက္ခများ ပြန်လည်ဖြစ်ပွားရန် ၆၅ ရာခိုင်နှုန်းရှိသည်ဟု ယူဆရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နည်းပညာအထာက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် KIA တို့ စစ်ရေးအခြေအနေ တင်းမာဆဲ အစိုးရတပ်က နယ်မြေစိုးမိုးရေး လုပ်ဆောင်နေသည်ဟုဆို

(Mizzima)

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်တပ် ဒေသခံရွာသားများအား ဖမ်းဆီးမှုများရှိနေပြီး ကချင်လွတ်လပ်
ရေး တပ်မတော် KIA နှင့် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဟု တပ်မဟာ(၃) တပ် ရင်းမှူး ဒုတိယဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

အောက်တိုဘာ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော စဂနမ်ခွမ်ဒေသ အနီးတစ်ဝိုက်တွင် KIAတပ်မဟာ(၃) လက်အောက်ခံတပ်ရင်း ၁၂ တပ်ဖွဲ့များနှင့် ထိုမှ လေးမိုင်ခန့် အကွာအဝေးတွင် အင်အား ၃၀၀ ခန့်ရှိ အစိုးရ၏ စစ်ကြောင်းများ နေရာယူထားသဖြင့် နှစ်ဖက် တင်းမာနေကြခြင်း ဖြစ်သည်။

အစိုးရတပ်များ မုန်းဒိန်ပါရွာမှဆုတ်သွားသော်လည်း အနီးတွင် ရှိနေသောကြောင့် ရွာသားများကြောက်လန့်နေဆဲ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင်လှုပ်ရှားနေသော အစိုးရတပ်များသည် ယနေ့နံနက် ၄ နာရီတွင် ရွာမှဆုတ်သွားသော် လည်း ရွာအနီးတွင် သာ ဆက်လက်ရှိနေခြင်းကြောင့် စိုးရိမ်ကြောက်လန့်နေဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်များသည် မုန်းဒိန်ပါရွာသားများအား လွန်ခဲ့သည့်ရက်များတွင် ခရစ်ယာန်ဘုရားကျောင်းသို့ ထိမ်းသိမ်းထားခြင်းမှ ယနေ့နံနက်တွင်အနီးသို့ဆုတ်ထားခြင်းဖြစ်သည်။

မှောင်ခိုလမ်းကို အစိုးရတပ်များ ဝင်ရှင်းသဖြင့် ကချင် စစ်ပြေး ဒုက္ခသည်များ ထိတ်လန့်

(ဧရာဝတီ)

ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် မြန်မာအစိုးရ တပ်သည် မန်စီမြို့နယ် အတွင်းရှိ မှောင်ခို လမ်းများကို အောက်တိုဘာ ၂၂ ရက်နေ့က ဝင်ရောက်ရှင်းလင်းရာ စစ်ပြေး ဒုက္ခသည်များ ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။

ဗန်းမော်အခြေစိုက် အစိုးရ တပ်များသည် လက်နက်များဖြင့် မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည်စခန်းကို ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ကျေးရွာသားများလည်း ကြောက်လန့်စိတ်ဖြင့် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် လာရောက် နားခိုနေကြကြောင်း မိုင်းခေါင်ကျေးရွာမှ သင်းအုပ်ဆရာ ဖာသာ ပီတာ ဇလွန်တုက ဧရာဝတီသို့ ပြောသည်။

မုန်းဒိန်ပါရွာသားများကို အစိုးရစစ်တပ်မှ နှိပ်စက်နေ

(Jinghpawkasa)

ဗန်မော်ခရိုင်၊ မန်စီမြို့နယ်၊ မုန်းဒိန်ပါ ကျေးရွာသို့ အစိုးရစစ်တပ်များ လက်နက်ကြီးငယ်ပစ်ဖေါက်ကာ ရွာတွင်းသို့ဝင်ရောက်လာပြီး ရွာသားများကိုနှိ ပ်စက် နေကြကြောင်းသိရသည်။
အောက်တိုဘာ (၂၂) ညနေ ၄ နာရီခွဲအချိန်၌ အစိုးရတပ်မ (၃၃၂)၊ (၇၇) တို့စစ်ကြောင်း နှစ်ကြောင်းသည် မုန်းဒိန်ပါ ကျေးရွာကို ၀င်ရောက် လာပြီး ရွာသူရွာသား (၅၀၀) ကျော်ကို ဘုရာကျောင်းဝင်းသို့ စုစည်းချုပ်နှောင်ထားကြောင်း၊ ထိုသို့ပိတ်လှောင်ထားခြင်းကြောင့် အသက်(၇၈) နှစ်အရွယ် အဘွားအို ဒေါ်ဖော်လုကော့သည် အောက်တိုဘာ (၂၃) ညနေ ၁း၀၀ နာရီအချိန်၌ ကြောက်လန့်၍ နှလုံးရပ်ေ သ ဆုံးသွား ခဲ့ကြောင့်၊ ယောက်ကျားများ ထွက်ပြေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ဖျက်ရေးနှင့် လက်နက် ဖျက်သိမ်းရေး ကိစ္စများကို နိုင်ငံရေး စကားဝိုင်းများ ပြုလုပ်ချိန်၌ ဆွေးနွေးမည်

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ဖျက်ရေးနှင့် လက်နက်ဖျက်သိမ်းရေး ကိစ္စရပ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးမှု သဘောတူညီချက်များတွင် ပါဝင်မှု မရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ KNU နှင့် RCSS တို့ တင်ပြလာသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူကြမ်းကို အစိုးရ အဖွဲ့အတွင်း ဆွေးနွေးနေ

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် KNU နှင့် RCSS အဖွဲ့တို့မှ တင်ပြလာသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို အစိုးရအဖွဲ့အတွင်း ဆွေးနွေးပြီး ညှိနှိုင်းနေကြောင်း အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားသည်။

Thursday, October 24, 2013

အစိုးရ စုပေါင်းတပ်နှင့် Saga Nam Hkum တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မဘိန်းမြို့နယ် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် အစိုးရတပ်ပေါင်းစုများ ဂျေဦး၊ နမ်ခန်ဖက်မှ ထိုးစစ်ဆင် လှုပ်ရှားလာသောကြောင့် ယမန်နေ့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆဂနမ်ခွမ် (Saga Nam Hkum) အနီးရောက်ရှိနေသော အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက် စုပေါင်းတပ်ရင်းမှ အင်အား ၃၀၀ ထက်မနည်းနှင့် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ချိန် KIA မှ ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူးဗိုလ်မှူးလဘန်ဂျွန်းအောင် (Major Labang Jawn Awng) ပြောသည်။

သစ်ခိုးထုတ် မှုကို အကြောင်း ပြသည့် တိုက်ပွဲတော့ မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) ငြင်းဆို

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း ရှိ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇)  စစ် ကြောင်းတို့၏ ရှမ်းပြည် မြောက် ပိုင်း မဘိန်း မြို့နယ် စကနမ်ခုန် ရွာဟောင်း၌ ဖြစ်ပွား ခဲ့သည့် (၆) နာရီကြာတိုက်ပွဲ သည် ယမာန်နေ့ ညနေ (၄)နာရီတွင် ပြီးဆုံး သွားခဲ့ပြီးယနေ့ ညနေ အထိ ငြိမ်သက် နေသည်ဟုအမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

သစ်ခိုး ထုတ်တာကို လိုက်စစ်ဆေးရင်း တိုက်ပွဲ ဖြစ်တယ်လို့ အကြောင်း ပြရင် ကွင်းဆင်း စစ်ဆေး ကြည့်ရင် ပိုကောင်း လိမ့်မယ်။ ဒါမှ လက်တွေ့ ပိုကျ မယ်ပေါ့။ ဟုတ်မှ မဟုတ်တဲ့ ကိစ္စကို နည်းပရိယာယ်တွေ သိပ်မသုံး သင့်တော့ဘူး။ အဲဒီ နေရာမှာ ဘာသစ် ခိုးထုတ် မှုမှ မရှိဘူး။ အလကား ပြောနေ တာပါဟု ဆိုပါသည်။

ကုလ အစီရင်ခံစာ ထဲမှ တိုင်းရင်းသား လက်နက်ကိုင်များ အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)



ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ် များအပေါ် ရှာဖွေ တွေ့ရှိချက် အစီရင် ခံစာအား ယနေ့ အောက်တိုဘာလ (၂၄) ရက် နေ့၌ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် ကြားနာ ခဲ့ပါသည်။

ယင်းကြားနာ မှုသည် လာမည့် နိုဝင်ဘာ လအတွင်း၌ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ရန် ရှိသည့် ဆုံးဖြတ်ချက် များအတွက် အထောက် အကူ ပြုမည့် ဆွေးနွေး မှုများ ဖြစ်မည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ်ရောဘင်ဆန်မှ ဆိုပါသည်။

ခဲတလုံးဖြင့် ငှက်နှစ်ကောင်ပစ်ချသော ကချင်စစ်ပွဲ


စစ်ပွဲတွေ ဆက်ဖြစ်နေတယ်.. အပစ်ခေတ်ရပ်စဲရေးတွေလဲ လုပ်နေပါသတဲ့…စာရေးသူစကားမဟုတ်ပါ ..ပိစန်တာက ပြောတာပါ။ ပိစန်တာ(Peace Center) ဆိုတာ သိလား? “ပိ” ဆိုတာ ..ပဇောက်ကို ..လုံးကြီးတင်ထားတာပါ။ ပဇောက်က သူ့ဘာသာသူနေရင်အကောင်းသား ..အဓိပ္ပါယ်မရှိတဲ့ ၀လုံးကို သွားတင်လိုက်တော့ “ပိ” သွား ပြားသွားရတဲ့သဘောပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

(RFA) (23, Oct, 2013)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာနဲ့ ၇ မိုင်အကွာလောက်မှာ ဒီနေ့ မနက်ပိုင်းက ကေအိုင်အေတပ်မဟာ ၃ နယ်မြေတပ်ရင်း ၁၂ လက်အောက်ခံတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ကန်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို အခုလိုပြောပါတယ်။

မုန်းဒိန်ပါ ရွာသား ၇၀၀ ကျော်ကို အစိုးရတပ်မှ ဘုရားကျောင်းသို့ အဓ္ဓမ ထိမ်းသိမ်းထား

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mungding Pa) ကျေးရွာရှိ အပြစ်မဲ့ ကချင်ရွာသား ၇၀၀ ကျော် အား မြန်မာ အစိုးရတပ်သည် ယမန်နေ့ ၂၂ ရက် အင်္ဂါနေ့ မှ စ၍ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် လုံခြုံရေး ချ ထိမ်းသိမ်းထားကြောင်းသိရသည်။

စစ်အင်အား ၂၀၀ ကျော်ရှိသော အစိုးရတပ်သည် ကောင်ဂျာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လာကာ မုန်းဒိန်ပါ ရွာသို့ဝင်ရောက်ပြီး ရွာသားများအားခြိမ်းခြောက်ပစ်ခတ်ကာ ဘုရားကျောင်းဝင်းသို့ထိမ်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါမှ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာနသို့ ပြောသည်။

Wednesday, October 23, 2013

စစ်တပ်ရဲ့သံသယ KIA ထောက်ပြ

(VOA)

တတိုင်းပြည် လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ကချင်ပြည်နယ် လိုင်ဇာမှာ သီးသန့်ညီလာခံလုပ် ဆွေးနွေးနိုင်ဖို့ အစိုးရက ခွင့်ပြုထားပေမဲ့ ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကိုကြည့်ရင် စစ်တပ်ဘက်က တိုင်းရင်းသားဆွေးနွေးပွဲအပေါ် သံသယရှိနေပုံရတယ်လို့ KIO ဘက်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေချည်း ကျင်းပမယ့် ညီလာခံကို လေ့လာနိုင်ဖို့ အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဗွီအိုအေ ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။
 

KIA တပ်မဟာ (၃) အား အစိုးရ နည်းဗျူဟာ (၅) ခုဖြင့် စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက် ပိုင်းရှိ မြောက်ပိုင်း တိုင်း စစ်ဌာန ချုပ်မှ မိုးမိတ် အခြေစိုက် အစိုးရ ခမရ (၃၄၈) နှင့် ခမရ (၄၃၇) တို့၏ စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း မဘိန်း မြို့နယ်တွင် လှုပ်ရှား နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) မှတပ်ရင်း (၁၂) တပ်ဖွဲ့ များနှင့် စကနမ်ခုန် ရွာဟောင်း၌  ယနေ့ မနက် ၁၀ နာရီမှ မွန်းလွဲ (၃) နာရီ အထိ တိုက်ပွဲ ဖြစ်ပွား နေဆဲဟု အမှတ် (၁၂) KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဂျွှမ်းအောင်က ဆိုပါသည်။

သတင်း ပေါက်ကြားမှု မရှိအောင် တောလမ်း ကနေ ချီတက် လာတယ်။ ရွာတွေကို လျှပ်တပြက် ၀င်ပြီး၊ လူတွေကို ရွာပြင် မထွက်ရ အမိန့် ထုတ်ပြီး၊ ရွာထဲမှာ ရှိတဲ့ ဖုန်းတွေကို ပိတ်ခိုင်း ပါတယ်။ အဲဒီလို ချီတက် လာတော့ ကျနော်တို့ သတင်း မရ လိုက်ဘဲနဲ့ ဒီမနက်မှာ ကျနော်တို့ တပ်ရေး ဗိုလ်ကြီး ဦးစီးတဲ့ အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ခဲ့ တာပေါ့ ကျနော်တို့ ဖက်က အရင် တိုက်နေ တာတော့ မဟုတ်ပါဘူးဟု ဆိုပါသည်။

ကချင့်အမျိုးသားပညာရေးအတွက် KIO နှင့် ပြည်တွင်း၊ ပြည်ပရှိ ကချင်ပညာရှင်များ လိုင်ဇာတွင်ဆွေးနွေးနေ

(Lachid Kachin)

၂၃.၁၀.၂၀၁၃ ရက်နေ့ KIO, ဌာနချုပ် လိုင်ဇာမြို့ တွင် KIO, ဗဟိုပညာရေး ဌာနမှ ကြီးမှုးကာ ကချင့် အမျိုးသား ပညာရေးအတွက် ကချင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကြီးတခု အား ပြုလုပ်နေ ကြောင်း သတင်းရရှိပါသည်။ ၄င်း အစည်းအဝေးပွဲ ကြီးမှာ (၂၂ မှ ၂၄.၁၀ ၂၀၁၃) ရက်နေ့ အထိ (၃) ရက်ကြာ ကချင့် ပညာရေးအတွက် ဆွေးနွေး ကြမည် ဖြစ်ကြောင်းသိရှိရပါသည်။

KIA နောက်ဆုတ်ထားသော တပ်စခန်းများကို အစိုးရတပ်များနေရာယူ

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အစိုးရ ကိုယ်စား လှယ်များ မြစ်ကြီးနား တွေ့ ဆုံ ဆွေးနွေး ပွဲနောက် ပိုင်း စစ်ရေး တင်းမာမှုများနှင့် အတူ သဘော တူညီချက် များအရ KIA ဖက်မှ တပ်စခန်း အချို့ နောက်ဆုတ်ထားသည် ကို အစိုးရဖက်မှ သိမ်းပိုက်ထားကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၅ အတွင်းတင်းမာမှုများကြောင့် မဘိန်း (Mabein) မြို့နယ် ဂျေဦး(Je U)အနီး နမ့်ခေါမ် (Nam Hawm) ရွာထိပ်တွင် အစိုးရတပ်မ (၉၉) နှင့်KIA တပ်ရင်း(၁၂) ကြား တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် စခန်း ၃ခုကို နောက်ဆုတ်လိုက်ရကြောင်း KIA တပ်မဟာ (၃)မှသိရသည်။

အစိုးရ တပ်ဖွဲ့မှ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ပစ်ခတ် သိမ်းပိုက်

(ရွှေဟင်္သာသတင်းဌာန)

ကချင် ပြည်နယ် ဗန်းမော်ခရိုင် မန်စီ မြို့နယ်တွင် ရှိသော မုန်းဒိန်ပါ ကျေးရွာ အနီးရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းအား ဗန်းမော် အခြေစိုက် အစိုးရ တပ်များက လက်နက်ငယ် လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ၀င်ရောက် သိမ်းပိုက် ခဲ့သည်ဟု ကချင်လွတ် လပ်ရေးတပ်မတော် (KIA) စစ်ရုံးချုပ်က အရာရှိ တဦးက ဆိုပါသည်။

“ ဗန်းမော်က အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီးတော့ ဒီနေ့ မနက် (၁၁) နာရီ မှာ လက်နက် ကြီးနဲ့ စတင် ပစ်ခတ် ပြီးတော့ (၂) နာရီ ခွဲလောက်မှာ ဒုက္ခသည် စခန်းကို တက်သိမ်း လိုက်တာပါ။ ထိခိုက်မှု ရှိနိုင် ပါတယ်။ အသေးစိတ် ကိုတော့ လောလောဆယ် မသိရ သေးဘူး” ဟု ဆိုပါသည်။ 

မတည်ငြိမ်၊ မငြိမ်းချမ်းသေးတဲ့ ပြည်မြန်မာအရေး

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ကချင်ပြည်နယ်မှာ မငြိမ်နိုင်သေးတဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီးတော့ ဒုက္ခသည်စခန်းတွေမှာ အခုအချိန်အထိ ခိုလှုံနေရဆဲဖြစ်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT ရဲ့  အတွင်းရေးမှုး က ပြောပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးလို့ ကေအိုင်အို - ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့  သဘောထားဟာ ကချင်ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ က ဆိုပါတယ်။ နယူးရော့ခ်မြို့  ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ သံတမန်အရာရှိတွေနဲ့ တွေ့ဆုံတင်ပြခဲ့တဲ့ ကို မအင်ကြင်းနိုင် က တွေ့ဆုံမေးမြန်းပြီး တင်ပြထားပါတယ်။
 

လျှော့ကျ သွားခြင်း မရှိ သေးသည့် အစိုးရ တိုက်ခိုက် မှုများ

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ ခလရ (၄၅) စစ်ကြောင်းသည် တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA မှ တပ်ရင်း (၁၁၂) တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက် နေရာ ယနေ့ နေ့လည် ပိုင်းတွင် ကွတ်ခိုင် မြို့နယ် ငေါ့ငါး ကျေးရွာ အနီး၌ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား ခဲ့သည်ဟု အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။  

ကျနော်တို့ တပ်ဖွဲ့ ကိုတော့ တပ်ရင်းမှူး ပါခွန်ဆာက ဦးဆောင် ပါတယ်။ နေ့လည်၁၂ နာရီ ခွဲမှာ ငေါ့ငါး ရွာထိပ်မှာ တကြိမ် မိနစ် ပိုင်းလောက် တိုက်ပွဲ ဖြစ်ခဲ့ ပြီးတော့  ရွာနဲ့ နီးနေတဲ့ အတွက် ကျနော်တို့ ရှောင်ပေး ခဲ့တယ်။ နေ့လည် တနာရီ လောက်မှာ နမ်းဟွန်းချောင်း အရောက်မှာ စောင့်ပစ် လိုက်တော့ တိုက်ပွဲက တနာရီခွဲလောက် ကြာသွားပါ တယ်ဟု ဆိုပါသည်။

Tuesday, October 22, 2013

KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်

(ကချင်သတင်းဌာန)
အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)ကြားဆွေးနွေးပွဲ သဘော တူညီချက် အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက် ကိုင် ထိပ်သီးခေါင်များပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး ကိစ္စ ဆွေးနွေးပွဲ ကို အောက်တို ဘာလကုန်ပိုင်း ၂၈-၃၀ ကြား ဌာနချုပ် လိုင်ဇာမြို့ တွင် ပြုလုပ် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KIO ဦးဆောင်ပြုလုပ် သွားမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ ပြောသည်။

KIO လူထုရှင်းလင်းပွဲ လိုင်ဇာတွင်ပြုလုပ်

(ကချင်သတင်းဌာန)

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေးတွင် လက်မှတ်ရေး ထိုးခြင်းမှာ လက်နက် ကိုင်များ အကြား နားလည်မှု တစ်ခုအဖြစ် ရယူထားခြင်း သာဖြစ်ပြီး၊ ပြည်သူလူထု အကျိုးဖြစ် ထွန်းစေမှုမရှိကြောင်း ယနေ့ အောက်တို ဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြု လုပ်သော လူထုရှင်းလင်းပွဲတွင် KIO ကာကွယ်ရေးအရာရှိ တဦး ကပြောကြား လိုက်သည်။

Monday, October 21, 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်လာမည်

(Mizzima)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့ ပါဝင် ဆောင်ရွက်နိုင်မည်ဟု
ကော်မတီဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကတိပေးခဲ့ကြောင်း ၎င်းနှင့်တွေ့ဆုံခဲ့သည့် တိုင်းရင်းသား
ရေးရာဝန်ကြီးများက မဇ္ဈိမကို ပြောကြားသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အိုတို့ နိုဝင်ဘာ ၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမည်

(Eleven Media Group)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ နိုဝင်ဘာ ၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု Myanmar Peace Center မှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၃၀၊ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက် နေ့များတွင် ကချင်လွတ်မြောက်ရေး အဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက်တွင် ကေအိုင်အို အဖွဲ့သည် မြစ်ကြီးနားမြို့သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

Sunday, October 20, 2013

ဖားကန့်မှာ ကျောက်တူးသမား ၅ဝ ကျော် ဖမ်းဆီးခံရ

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့ သာယာကုန်းကျေးရွာ နား တစ်ဝိုက်က အမျိုးသားကြီးပွား တိုးတက်ရေး၊ ခိုင်လုံ၊ ကြိုင်အင်တာနေ ရှင်နယ် စတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲမှာ တစ်နိုင်တပိုင် ကျောက်စိမ်းတူးဖော်နေသူတွေထဲက ၅ဝ လောက်ကို တပ်မ ၁ဝ၁ လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်းကို ဒီနေ့မနက်ပိုင်း က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

၈ ဘီလီယံ ပျောက်ဆုံးခြင်းနှင့် မြန်မာပြည် မြောက်ဖျားက ကျောက်စိမ်း စစ်ပွဲ – လင်းထိုက် (YIT)

စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားတာကြောင့် တရုတ်ကုမ္ပဏီတွေ  မြန်မာနိုင်ငံက သယံဇာတ တွေကို ခေါင်းပုံဖြတ်နေ တာဟာ သာမန်လုပ်ရိုးလုပ်စဉ်  ကိစ္စတစ်ခုလိုဖြစ်နေ . . .

 တစ်ညတာ လုံးပဲ။ ကိုတင်ထွန်း တစ်ယောက် ကျောက်ကျိုး၊ ကျောက်ပဲ့ ပုံတွေ ကြားမှာ ယိမ်းထိုး လျှောက်သွား ရင်း ရှာဖွေလိုက်တာ ထန်းသီးလုံး အရွယ်လောက် ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ရရှိခဲ့တယ်။ သူ့အနာဂတ် အတွက်တော့ အလွန်ကို အရေးကြီးတဲ့ အရာတစ်ခုကို သူတွေ့ရှိ ခဲ့တာပဲ။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဒေါ့ဖုန်းယန် တပ်မတော်ဂိတ်မှ ကားသာမားများနှင့် ခရီးသည်များအား ဝေပေးလျှက်ရှိသည့် တပ်မတော်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မူဝါဒ (၆)ချက်

(Lachid Kachin)