Friday, October 18, 2013

နိုင်ငံရေး ဆွေးနွေးပွဲ အခြေခံစည်းမျဉ်းများ ရေးဆွဲပြီးဟု ဦးအောင်မင်းပြော

(Irrawaddy)

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်ရာတွင် လိုက်နာကျင့်သုံးရမည့် အခြေခံ စည်းမျဉ်း စည်းကမ်းများ(Frame Work)ကို အစိုးရနှင့် တပ်မတော် က ရေးဆွဲပြီးဖြစ် ကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီ သို့ ပြောသည်။

အောက်တိုဘာလဆန်းပိုင်း မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကေအိုင်အိုနှင့်အစိုးရငြိမ်းချမ်းရေးကော်မတီအကြား ဆွေးနွေးပွဲကာလအတွင်း ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

လိုင်ဇာမြို့၌ လူထုရှင်းလင်းပွဲပြုလုပ်

(Jinghpawkasa)

အောက်တို ဘာ (၁၈) ရက်နေ့တွင် လိုင်ဇာမြို့၌  ကေ အိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်များမှ လူထုရှင်း လင်းပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

အောက်တို ဘာ (၈၊၉၊၁၀) တွင် မြစ်ကြီးနားမြို့၌ ကေအိုင်အို အစိုးရ ကိုယ်စားလှယ်များနှင့် ဗမာအစိုးရ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးမှုကို လိုင်ဇာပြည်သူလူထုအား ကေအိုင်အို ကိုယ်စား လှယ်များ ပြန်လည်ရှင်းလင်းပြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဤရှင်းလင်းပွဲသို့ ပြည်သူလူထု (၃၀၀၀) ကျော်တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။


မန်စီမြို့နယ်တွင် အစိုးရနှင့် KIA တိုက်ပွဲ ထပ်မံ ဖြစ်ပွားဟုဆို

(Mizzima)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်ကြောင်းများ ၀င်ရောက်လာသဖြင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့တို့နှင့် အောက်တိုဘာ ၁၆ ရက်က တိုက်ပွဲ
နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု KIA မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

စစ်သည်အင်အား ၁၀၀ ကျော် ပါဝင်သော အစိုးရစစ်ကြောင်းတစ်ကြောင်းသည် မန်စီမြို့နယ် မန်ကင်ရွာသို့
အောက်တိုဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ပြီး ဆက်လက် ထွက်ခွာသွားရာ ဟိုဟင်ကျေးရွာအနီးတွင် KIO တပ်ရင်း ၂၇ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သူက မဇ္စျိမကို ပြောသည်။

မြန်မာပြည်သားများ တရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း

(Minmaha Bagan FB Page)

၁၉၉၅ ၀န်းကျင်လောက်မှ စကာ တရုတ်ပြည်တွင် လူသားများ အတွင်း ကလီစာ များဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာ များ(cornears), အတော်ကြီးပင် ကျယ် ကျယ်ပြန့်ပြန့် အစားထိုး ကုသမှုများ ပြုလုပ် လာကြသည်။ု

တရုတ်ပြည် ၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသား ကလီစာများ အစားထိုးမှုများ အား နှစ် ကာလတော်တော်ကြာ စမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေ သို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြော ဆိုခဲ့သည်။

အစိုးရတပ် ခမရ (၅၀၇) လှုပ်ရှားမှုကို KIA မိုင်းဖြင့်တိုက်ခိုက်

(KNG)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၂၇) ဒေသတို့ အစိုးရတပ် စကခ (၁၆) အောက် ခမရ (၅၀၇)အဖွဲ့ စစ်အင်အား ၁၀၀ ကျော်ဖြင့် လှုပ်ရှားလာသောကြောင့် ယမန်နေ့ နံနက် KIA ဖက်မှ မိုင်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

၎င်း အစိုးရတပ်ကို နမ့်ခမ်းမြို့နယ် KIA တပ်ရင်း (၂၇) ဒေသ ဟူဟင်တွင် ၁ ကြိမ်၊ မန်ဆောန် တွင် ၁ ကြိမ် မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့်အစိုးရတပ်များ နမ့်ခမ်းဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

Thursday, October 17, 2013

မြစ်ကြီးနား တက္ကသိုလ် လက်ထောက် ကထိက တစ်ဦး သင်ကြားရေး တာဝန် အမှန်တကယ် ထမ်းဆောင်ခြင်းမရှိ

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် သချာင်္ဌာနမှ လက်ထောက်ကထိက တစ်ဦးဖြစ်သူ ဦးသိန်းစိုးသည် မြစ်ကြီးနား တက္ကသိုလ်၌ တာဝန်ကျသည်မှာ ၁နှစ် နီးပါးရှိပြီ ဖြစ်သော်လည်း သင်ကြားရေးတာဝန်များကို အမှန်တကယ် လာရောက်ထမ်းဆောင်ခြင်းမရှိဘဲ ပျက်ကွက်လျက်ရှိနေသည့်အပြင် လစာကိုလည်း ပုံမှန်ထုတ်ယူလျက်ရှိကြောင်း မြစ်ကြီး...နား တက္ကသိုလ်ဆရာများက ပြောသည်။

အဆိုပါ သချာင်္ဌာနမှ လက်ထောက်ကထိက ဦးသိန်းစိုးမှာ မန္တလေးတက္ကသိုလ်မှ မြစ်ကြီးနား တက္ကသိုလ်သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်စာသင်ချိန်မရှိသော်လည်း ဌာနရှိ ကျောင်းတက်ကျောင်းဆင်း လက်မှတ်ထိုးစာအုပ်တွင် ဦးသိန်းစိုးက ပျက်ရက်မရှိ လက်မှတ်များ အပြည့် ထိုးထားသည့်အပြင် အားလပ်ရပ်တာဝန်ထမ်းဆောင်ခြင်း ( Vacation ) ပါ ရှိနေကြောင်း၊ လက်ရှိဦးသိန်းစိုးမှာ မန္တလေးတွင် နေထိုင်လျက်ရှိကာ ဒေါ်နှင်းနှင်းမော် တည်ထောင်အုပ်ချုပ်နေသည့် (CAE) ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ လက်ရှိတာဝန်ထမ်းဆောင်နေသူ လက်ထောက်ကထိက တစ်ဦးက့ ပြောသည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ်ဖြစ်သော လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး
ဆွေးနွေးပွဲကို အောက်တိုဘာလကုန်တွင် ကျင်းပရန်ရှိနေသည်။ ဤဆွေးနွေးပွဲသည် တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များ၏ ပထမဆုံးသော ထိပ်သီးဆွေးနွေးပွဲလည်း ဖြစ်ပေလိမ့်မည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် KIO က ကမကထလုပ်ကာ ဆွေးနွေးမည့် ဆွေးနွေးပွဲ
လည်းဖြစ်သည်။

ဗမာစစ်တပ်မှ လူနေရွာထဲသို့ လက်နက်ကြီးပစ်ထည့် ရွာသား ကလေးငယ်(၂)ဦးဒဏ်ရာရ(၁)ဦးသေဆုံး

(Lachid Kachin)


၁၅.၁၀.၂၀၁၃. ရက်နေ့ ညနေ(၅း၃၀) အချိန် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၁၂) ဒေသ၊ အတွင်းသို့ ကျူးကျော် နယ်ချဲ့ ရောက်ရှိနေ သော မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၆၉) နှင့် (ခ.မ.ရ-၃၂၃)တပ် တို့သည် အပစ်မဲ့ရွာသားများနေထိုင်ရာ ဂျယ်အူရွာ အနီးရှိ နမ်ဟောမ် ရွာထဲ သို့ အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ၄င်းလက်နက်ကြီးကျည် (၁) လုံးသည် နမ်ဟောမ် ရွာထဲသို့ ကျရောက်ပေါက်ကွဲ သဖြင့် အပြစ်မဲ့ ရွာသား ဦးဝင်းတင် နှင့် ဒေါ်သဲသဲ တို့ ၏သား မောင် ညီညီ (၁၄) နှစ် နှင့် မောင်ဇော်မျိုးချစ် (၃)နှစ် တို့ ထိခိုက်ဒဏ်ရာရရှိပြီး၊ တရုတ်ကလေး (၁)ဦးပွဲချင်းပြီးသေဆုံးကြောင်းသတင်းရရှိပါသည်။

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

(KNG)

ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်မဟာ (၃) နယ်မြေသို့ အစိုးရစစ်အင်အားများဖြည့်ဆဲချိန်တပ်မ ( ၉၉) နှင့် KIA တပ်ရင်း (၁၂) ကြား ယမန်နေ့ ညနေ ၅ နာရီချိန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

KIA တပ်မဟာ (၃) မပိန်းမြို့နယ် တပ်ရင်း (၁၂) ဂျေဟူးအနီး နမ်ဟောမ် (Nam Hawm) တွင် အင်အား ၁၀၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် တပ်မ (၉၉) နှင့် မိနစ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၃) အရာရှိတဦးပြောသည်။

Wednesday, October 16, 2013

NDF ဒေါ်ဘောက်ဂျာအမှု အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေး

(KNG)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာကို ယခုလအထိ သက်သေများအား အကြိမ်ကြိမ်ရုံး ထုတ်စစ်ဆေးနေဆဲဖြစ်ကြောင်း NDF  ဒု-ဥက္ကဌ ဦးသန်းဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ရုံးချိန်းကတော့ ၂၀ ကြိမ်လောက်တော့ရှိပြီ။ အမှုတွဲတွေအားလုံး မပြီးဆုံးသေးဘူး၊ ပြီးဆုံးသွားတဲ့အခါမှ ဥပဒေတိုင်း စီရင်ချက်ချမှာ ဖြစ်တယ်။ ပုဒ်မ ၃ ခုရှိတယ် ပုဒ်မ ၁ ခု ၁ ခုကို တရားလိုပြ သက်သေ ၇ ယောက် ၈ ယောက်ရှိတယ်၊ ပုဒ်မ ၃ ခုစလုံးရဲ့ သက်သေ အားလုံးစစ်ဆေးပြီးတဲ့အချိန်ကျမှ ဒေါ်ဘောက်ဂျာကို စီရင်ချက်ချမှာ ဖြစ်ပါတယ်”   

အရေးကြီးလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေ

(Ven Ravika)

ဖွဲ့စည်းပုံအခြေခံဥပဒေ

မြန်မာနိုင်ငံပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ဖြစ်သည်။ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ(၃)မျိုးတွင် လက်ရှိဖွဲ့စည်းပုံသည် စစ်တပ်ကို အာဏာအများဆုံးပေးထားပြီး ပြင်ဆင်ရန် မလွယ်ကူသည့် ဖွဲ့စည်းပုံကြီး ဖြစ်သည်။ ၂၀၁၃-ခုနှောင်းပိုင်းတွင် ၂၀၀၈-ဖွဲ့စည်းပုံကို ပြင်ရေးဖို့သော်လည်းကောင်း၊ ပြန်ရေးဖို့သော်လည်းကောင်း အားပြိုင်မှုများ ပြင်းထန်လာမည်ဖြစ်ပြီး ၂၀၁၄-ခုနှစ်တွင် Democratic Federation of Burma ဖွဲ့စည်းပုံတစ်ခု ပေါ်ထွက်လာမည်ဟု ယူဆရသည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ်ရေးလုပ်ငန်းစဉ်များအတွက် စည်းမျဉ်းများ UNFC ချပြ ဆွေးနွေးမည်

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်ရန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ်ရေး လုပ်ငန်းစဉ်အတွက် အပိုင်းသုံးပိုင်းပါဝင်သော စည်းမျဉ်းများကို ချပြဆွေးနွေး သွားမည်ဟု ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

အစိုးရနှင့် ဆက်လက် ဆွေးနွေးရာတွင် လက်မှတ်မထိုးမီ သဘောတူညီထားရမည့် အချက်များ၊ စာချုပ်တွင် ပါဝင်မည့် အချက်များနှင့် လက်မှတ်ထိုးပွဲတွင် ပါဝင် လက်မှတ်ထိုးသူများစာရင်းကို အောက်တိုဘာ ဒုတိယပတ် အတွင်း ပြုလုပ်သည့် UNFC ၏ အရေးပေါ်အစည်းအဝေးတွင် သဘောတူခဲ့ပြီး ထိုသဘောတူညီချက်များကို လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် ချပြဆွေးနွေးမည်ဟု ဆိုခြင်းဖြစ်သည်။

ဒီကနေ့ ဗုံး မနက်ဖြန်.....၊?

(Minmaha Bagan FB Page)

ဗုံးဖေါက် တဲ့ ငနဲက တော်တော် နောက် တယ် နားရွက်တံတွေး တို့သွားသလိုပဲ….့ ထရိတ်ဒါး ဟော်တယ်ကြီးမှာ တက်ပြီး အိုင်ဒီအစစ်နဲ့ တည်းခိုတယ်၊ ပြီးတော့ တော်တော် ငွေရွှင်နေ ပုံပဲ.. တိုင်စီ မောင်းသူကို ငွေ ၇ သောင်း ချပေး သွားတယ်။ ပြီးတော့ သူ့ရဲ့ အိုင်ဒီ ကို လဲ ထားသွားပေး တယ်..ပြီးတော့ သူနေတဲ့နေရာကို လာလမ်း အတိုင်း ဖြောင့်ဖြောင့်ကြီးတန်းပြန်တာ… သူ့နေရာက ဒီကဘေီအေတွေ . .ဘော်ဒါဂတ်တွေ ဇယားရှုပ်နေတဲ့နေရာ သူ့မွဲထ ဆိုတဲ့ရွာကတဲ့…တရွာလုံး မှတ်ပုံတင် မရှိတာ ..ဗုံးဖေါက်ခါနီးမှ မှတ်ပုံတင်. .ကောက်ခါငင်ခါ လုပ်လိုက်ပုံရ တယ်…ဟူး ….စိတ်မောရပါ လား တိုင်းပြည်ရယ်…သူ့ကို မိတဲ့အချိန်နဲ့ စစ်ကိုင်းမှာ ဗုံးကွဲတဲ့ အချိန်က…တချိန်တည်းပဲတဲ့….. သေပြီဆရာ …နံရိုးတွေ အနည်းဆုံး ..၁၀ ချောင်းတော့ သေချာတယ်…..၀န်မခံရင် သေဒဏ် …လုပ်လုပ် မလုပ်လုပ် …..လုပ်တယ်သာပြော..တရားရုံးကျော်သွား တာနဲ့ မင်းကိစ္စ လွတ်ပြီ…..

အာဏာသိမ်းဖို့ အခွင့်လမ်းရှာနေပြီလော?

(Minmaha Bagan FB Page)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ (၂၀၀၈) အခြေခံဥပဒေ လိုအပ်သောနေရာ များ တွင် ပြင်ဆင်မည်လား ၊ သို့မဟုတ် အသစ်ရေးဆွဲ မည်လား ဆိုသော ပြတ်သားမှုမရှိသည့် ဒွိဟ အစီစဉ်အား လူထုအကြားချပြရန် စိုင်းပြင်းလားပြီးနောက် ဗုံးသံ ပေါက်ကွဲသံနှင့် လက်ပံတောင်းမှ ငိုယိုအော်ဟစ်သံ မလက်တို့မှ ငြီးတွားသံတို့ တပြိုင်နက် ထွက်ပေါ်နေကြသော ကာလတွင် ကာချုပ်ကြီး မင်းအောင်လှိုင်က ၁၉ ကြိမ်တိုင် အာဏာသိမ်းဖူးသော ထိုင်းနိုင်ငံကိုသဘောကျလွန်းသည်ဟု သူ၏ ထိုင်းနိုင်ငံသို့ ဇန်နာဝါရီလ ၉ရက် ၂၀၁၂ ခုနှစ် အလည်ပတ်မထွက်ခင် နှင့် စက်တင်ဘာလအတွင်းမှ သူ၏ ဒုတိယမြောက် ထိုင်းနိုင်ငံခရီး ထွက်ပြီး ကာလ နောက်တွင် ကာကွယ်ရေးရုံတွင် ပြောကြားဘူးသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရ

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများမှာ လက်ရှိအချိန်ထိ အသက်မွေးဝမ်းကျောင်း အတွက် ရပ်တည်ရန် ခက်ခဲနေပြီး စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသောကြောင့် အဆိုပါ စီမံကိန်းကို နောက်ဆုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုလျှက်ရှိသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ(မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅ ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀ စု လူဦးရေ ၅၀၀ ကျော် ရှိပြီး အများစုမှာ ၀မ်းစာရှာဖွေရန်ပင် အခက်အခဲ တွေ့လျှက်ရှိသည်။

Tuesday, October 15, 2013

N-Mawk mare "Myu A-ya Hkan Bu" a kasha woi ningbaw ai Myen Ramma ni, Jinghpaw Ramma ni hpe jawm adup zingri.

(Kachinnet)

2013 ning October (13) ya shana hkying (09:30Pm) aten daram hta N-Mawk mare kata kaw, Myen Asuya maga de na N-Mawk Mare "Myu A-ya Hkan Bu" a kasha woi ningbaw ai Myen Ramma marai (20) jan gaw, mara n nga ai Jinghpaw Ramma ni hpe jawm adup zingri ai mabyin nga lai wa sai hpe chye lu ai.
Ya na zawn adup zingri hkrum ai Ramma ni gaw, Laban shani Ramma Masat Ninghtoi rai nhtawm, shana Ramma Masat Ninghtoi yungwi pinra lamang nga ai de sa yu ai kaw nna, bai nhtang wa ai lam lapran kaw, hkap adup zingri hkrum ai re lam hpe chye lu ai.

ပြည်တွင်းငြိမ်းချမ်းရေး ရရန် ချဉ်းကပ်သင့်သည့် အခြေခံများအပေါ်ဆန်းစစ်ချက် (၂)။ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘယ်လဲ"


 ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများ၏ လှုပ်ရှာမှုများ အားကောင်း ကောင်း ပေါ်လာချိန်တွင် အယ်န်အယ်လ်ဒီသည် ပျောက်သောလမ်းမှာ စမ်းတ၀ါး ဖြစ်နေပုံရသည်။ ငြိမ်းချမ်းရေး ရရန် မည်သည့်နည်းလမ်းဖြင့် ဖေါ်ဆောင်သွားမည်ကို ယခုအချိန်အထိ ရှင်းလင်းသည့် မူဝါဒ နှင့် လုပ်ငန်းစဉ် မတွေ့ ရ။

 ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နှင့် ထိမ်းသိမ်းမခံရခင် ဇူလိုင်လ (၁၅) ရက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ ကျင်းပခဲ့ သည်။ ယင်းတွင် နိုင်ငွေသိမ်း (မွန်အမျိုးသားခေါင်းဆောင်ကြီး) ၏ ရှင်းလင်းဆွေးနွေးချက် အကျဉ်းချုပ်မှာ “တိုင်းရင်းသား တန်းတူရေးကို အာမခံချက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းမရှိတော့တဲ့ အခါမှာ သူ တည်ဆောက်နေတဲ့ ပြည်ထောင်စု ကြီးဟာ ပြိုကွဲသွားပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကာလုံလက်မှတ် ထိုးရမည်ဟု UNFC တောင်းဆို

(The Voice Weekly)

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင်များဖြစ်သော နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီးချုပ်တို့ တက်ရောက် လက်မှတ် ထိုးရမည်ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုချက် ထုတ်ပြန် လိုက်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC သဘောထားများကို အောက်တိုဘာ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သော UNFC ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရပ်နားထားရသည့် ကချင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလျှပ်စစ်စီမံကိန်းရှစ်ခုမှ လုပ်ငန်းသုံးပစ္စည်းများ တရုတ်သို့ ပြန်ရွှေ့

(7 days)
ကချင်ပြည်နယ်တွင် နယ်မြေမငြိမ်းချမ်းသောကြောင့် ရပ်နားလိုက်ရသော တရုတ်ရင်းနှီးမြှုပ်နှံမှု လျှပ်စစ်စီမံကိန်း ရှစ်ခု အား အကောင်အထည်ဖော်နိုင်မည့်အချိန်ကို မြန်မာဘက်က မပြောနိုင်ခြင်းကြောင့် ယင်းစီမံကိန်းများမှ ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူသွားပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝိုင်းမော်-မြစ်ကြီးနား ဓာတ်အားတိုင်များ သွယ်တန်း

(DVB)

ကချင်ပြည်နယ် မြစ်ကြီးနားအထက်ဘက် မေခမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကေန လျှပ်စစ်ဓာတ်အားပေးဖို့ ၀ိုင်းမော်နဲ့ မြစ်ကြီးနားဘက်ကို ဓာတ်အားတိုင်တွေ သွယ်တန်းနေပြီလို့ ကချင်လူမှုအဖွဲ့အစည်းက ဒေါ်မရန်ဂျာဆိုင်းခေါန်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် ဘယ်နေရာတွေကို အဓိက ပေးမယ်၊ ဈေးနှုန်း ဘယ်လောက် ကောက်ခံ မယ်ဆိုတာကိုတော့ တရုတ် စီပီအိုင်တာဝန်ရှိသူတွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ညှိနှိုင်းနေကြပါတယ်။

ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားတမြို့လုံး လျှပ်စစ်မီး ရဖို့ လုပ်ပေးမည်

(ဧရာဝတီ)

ငြိမ်းချမ်းရေး အတွက် အောက် တိုဘာလကုန် တွင် မြစ်ကြီးနားမြို့ တမြို့လုံး လျှပ်စစ်မီးရရှိစေရန် လုပ်ဆောင်ပေး သွားမည်ဟု လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားလိုက်သည်။

ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့အတွင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သာ အဖွဲ့ဝင်အဖြစ် လိုက်ပါတတ်သော်လည်း ယခုတခေါက် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ဂ၊ ၉၊ ၁၀ ရက် ၃ ရက် အကြာ ဆွေးနွေးညှိနှိုင်းမှုတွင်မူ လျှပ်စစ် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးပါ အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင် လိုက်ပါလာသည့် အပေါ် မေးမြန်းစဉ် ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပလောင် ဒေသ၌ ရက်ဆက် တိုက်ပွဲ ဖြစ်ပွား နေဆဲ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့၊ ခလရ (၁၂၃) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့ စစ်များ ပူုးပေါင်း စစ်ကြောင်းသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် (TNLA) ၏ အမှတ် (၁၁၂) တပ်ရင်း တပ်ဖွဲ့ များအား နှစ်ရက် ဆက်တိုက် လိုက်လံ တိုက်ခိုက် နေရာ ယနေ့ မနက် (၁၁) နာရီ ခွဲတွင် ကွတ်ခိုင် မြို့နယ် ကန်ပါဖို ရွာနှင့် နယ်မန်ကောင်ရွာ အကြားရှိ တောတန်း၌ ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုပါသည်

“လိုက်တိုက် နေမှတော့ မနေ့ ကလည်း နှစ်နေရာ ဖြစ်တယ်။ ဒီနေ့လည်း နှစ်နေရာ ထပ်ဖြစ်ပါတယ်။ ဒီနေ့ မှာတော့ မနက် (၁၁) ခွဲ မှာ သူတို့က လက်နက် ကြီးနဲ့ စပစ်ပြီး ငြိမ်လိုက်တယ်။ နောက် မွန်းလွဲ (၂) နာရီမှာ ပြန်လည် ဖြစ်ပွား ခဲ့တာ ညနေ ၃ နာရီခွဲ အထိ ပါဘဲ” ဟု ဆိုပါသည်။ 

အစိုးရတပ်များ KIA စခန်းသို့ အင်အားတိုးချမှုများရှိနေဆဲ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရငြိမ်ချမ်းရေး ကိုယ်စားလှယ် များ ဆွေးနွေးမှုအပြီး အစိုးရတပ်ဖက်မှ KIA တပ်မဟာ (၃)၊ တပ်မဟာ (၄) နယ်မြေများသို့ စစ်အင်အားဖြည့်ခြင်းများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်ညနေတွင် လားရှိုးမှ အစိုးတပ်သည် စစ်ကား ၆ စင်းဖြင့် KIA တပ်မဟာ (၄) နယ်မြေသို့ တိုးချဲ့လာရာ စစ်ကား ၂ စင်းတွင် ၆၀ မမ လက်နက်ကြီး ၁ ခုစီတင်ကာ ၁ စင်းတွင် ကွတ်ခိုင်ဗျူဟာသို့ဖြည့်ထားပြီး၊ ကျန် ၃ စင်းသည် စင်လီနှင့် ကွန်လွန် စခန်းသို့ ဖြည့်ထားကြောင်း တပ်မဟာ (၄) မှ အမည်မဖော်လိုသူ အရာရှိတဦးပြောသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး သမ္မတ နှင့် ကာချုပ် ပါဝင် လက်မှတ်ထိုးရမည်

(ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် မည်ဆိုပါက နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသည့် ခေါင်း ဆောင်များ ကိုယ်တိုင် ပါဝင်လက်မှတ်ထိုးပေးရန် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များက တောင်းဆိုလိုက်ကြောင်း သိရသည်။

ထို့အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့၏ ဥက္ကဋ္ဌ များနှင့် တရားသူကြီးချုပ် ကိုယ်တိုင်လည်း ပါဝင်၍ လက်မှတ်ထိုး ရမည် ဖြစ်ကာ ထိုပုဂ္ဂိုလ် ၅ ဦး အနက် တဦးဦးက လက်မှတ်မထိုးလျှင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ အောင်မြင်မှု မရှိဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) က ပြောသည်။

မန်စီမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံရောက်ရှိ စားဝတ်နေရေးခက်ခဲနေဟုဆို

(Mizzima)

မြန်မာအစိုးရစစ်တပ် လှုပ်ရှားမှုများ ဆက်လက်ရှိနေရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်သူများ ထပ်မံရောက်ရှိလာသဖြင့် ၄င်းတို့၏ စားဝတ်နေရေး ခက်ခဲနေသည်ဟု ဖန်းခါးကုန်း
ကျေးရွာမှ သိက္ခာတော်ရဆရာ ဦးခဘရာဇော်ဘောက်က ပြောသည်။

အောက်တိုဘာလ ၇ ရက်မှစတင်ကာ မန်စီမြို့နယ်တွင်း အစိုးရ၏ စစ်ကြောင်းများ ရောက်ရှိလာသဖြင့် နားအူကြီး၊ နားအူလေး၊ နန့်လဲကျေးရွာများမှ ၁၃၀ ကျော် စတင်ရောက်ရှိလာရာမှ ယခုရက်ပိုင်းအတွင်း ကဒုတ်၊ နမ်ထွဲ၊ ကောင်ရုန် စသည့် ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထပ်မံ ရောက်ရှိလာသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ဒုက္ခသည် ၂၁၈ ဦးရှိလာကာ ၎င်းတို့ စားဝတ်နေရေးအတွက် အထောက် အပံ့များ လိုအပ်နေခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင်းရှိ မြန်မာအစိုးရတပ်များ ဖြန့်ကျက် တိုးချဲ့ထားမှု

(NGun Ja Wa)


ယနေ့ ကချင်ပြည်နယ်အတွင်း၌ အစိုးရ ခြေလျင် /ခြေမြန် တပ်ရင်းပေါင်း ၄၄ ရင်း အမြဲတမ်း အခြေချ တပ်စွဲထား သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်တွင် မိုးညှင်း၌ ခလရ - ၁၅ ၊ မြစ်ကြီးနားတွင် ခလရ - ၂၁၊ ၂၉၊ ၃၇၊ ပူတာအိုတွင် ခလရ - ၄၆၊ ၁၃၇၊ ၁၃၈၊ ဝိုင်းမော်တွင် ခလရ - ၅၈၊ မိုးကောင်းတွင် ခလရ - ၇၄၊ ဆားမှော်တွင် ခလရ - ၁၀၅၊ လားအိုး(ငါးအိုး)တွင် ခလရ - ၁၂၀၊ ၁၂၁၊ ဆင်ဘိုတွင် ခလရ - ၁၄၁၊ ဒေါ့ဖုံးယန်တွင် ခလရ - ၁၄၂၊ ဗန်းမော်တွင် ခလရ - ၂၃၆၊ မယန်းတွင် ခလရ - ၂၆၀၊ တနိုင်းတွင် ခမရ - ၃၁၈၊ ရွှေညောင်ပင်တွင် ခမရ - ၃၂၁၊ ၃၂၈၊ မိုးမောက်တွင် ခမရ - ၄၃၇၊ ပင်းဘောတွင် ခမရ - ၅၂၁ တို့ အခြေစိုက်ထားသည်။ ဒကစ (တနိုင်း) လက်အောက်တွင် တနိုင်း၌ ခလရ - ၈၆၊ ၂၃၈၊ ၃၁၉၊ ရှာဒူဇွပ်တွင် ခလရ - ၂၉၇၊ ဒေါင်ဘန်း၌ ခလရ - ၂၉၈ တို့ တပ်စွဲထားသည်။

Monday, October 14, 2013

အစိုးရနှင့် KIO ဆွေးနွေးမှုရလဒ် ကချင်ပြည်နယ်ရှိ ပါတီများထောက်ခံ

(Mizzima)

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ရရှိခဲ့သည့် သဘောတူညီချက်များနှင့် လုပ်ငန်းစဉ်များကို ထောက်ခံကြောင်း ကချင်
ပြည်နယ်ရှိ နိုင်ငံရေးပါတီပေါင်းခုနစ်ခုက သဘောထားထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားရှိ မဂျွယ်ခန်းမတွင် ယခုလ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာဆွေးနွေးခဲ့သည့် အစိုးရနှင့် KIO တို့၏ ဆွေး နွေးပွဲမှ ရလဒ်များကို နိုင်ငံရေးပါတီခုနစ် ခုက သဘောတူထောက်ခံသည်ဟု အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် သဘောထားထုတ် ပြန်ချက်ကို အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ဖားကန့်ထွက်ကျောက်မျက် မြစ်ကြီးနားသို့ တရားဝင်သယ်ယူရောင်းချခွင့်ရရှိရေး ဆက်လက်တောင်းဆိုမည်

(Mizzima)

ဖားကန့်ဒေသထွက် ကျောက်စိမ်းကျောက်မျက်များအား မြစ်ကြီးနားမြို့သို့ တိုက်ရိုက်သယ်ယူရောင်းချ ခွင့်ရရှိရေးကို သတ္တုတွင်းဝန်ကြီးဌာနထံ ထပ်မံတင်ပြတောင်းဆိုသွားမည်ဟု ကချင်ပြည်နယ် ကျောက် မျက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က မဇ္ဈိမသို့ ပြီးခဲ့သည့်သော ကြာနေ့က ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် အပါအ၀င် မန္တလေးနှင့် ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်း ရှင်များအသင်းတို့နှင့် သတ္တုတွင်းဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

တစ်ပြည်လုံးလက်မှတ်ထိုးရေး တိုင်းရင်းသားများ ဘုံသဘောတူညီချက် “လိုင်ဇာ” ထိပ်သီးဆွေးနွေးပွဲ၌ ချမှတ်မည်

(Mizzima)

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ယခုလကုန် ကျင်းပရန်ရှိသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ၌ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်သည့် သဘောထားများ ချမှတ်နိုင်မည်ဟု ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏
ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် အတွင်းရေးမှူး (၂) လည်း ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားခဲ့သည်။

KIO ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြန်ခရီး လူငယ် ၁၀၀၀ ကျော် လိုက်ပါပို့ဆောင်

(ကချင်သတင်းဌာန)
ကချင်ပြည် နယ်  မြစ်ကြီးနား မြို့ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ကိုယ်စားလှယ်များ ကို အောက်တိုဘာလ ၁၂ ရက် ဌာနချုပ် လိုင်ဇာမြို့ အပြန်ခရီးကို ဒေသခံလူငယ်များ ၁၀၀၀ ကျော်သည် အားတက်တရော ဝိုင်းမော်မြို့နယ်အထိ ဆိုင်ကယ်ဖြင့် စီတန်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်ပါပို့ဆောင်သောလူငယ်များတွင် ကချင်အဆိုတော်များအဖွဲ့၊ မြစ်ကြီးမြို့နယ်အခြေစိုက် ဘာသာပေါင်းစုံမှ လူငယ်များ၊ လူငယ်ခေါင်းဆောင်များ အသီးသီးတို့သည် KIO အလံပါ တူညီ အင်္ကျီများကို ဝတ်ဆင်ကာ၊ ဆိုင်ကယ်စီးနင်းသူများကဝိုင်းမော်မြို့နယ် အောင်မြေ (၂) အထိပို့ ဆောင်ခဲ့ပြီး ကားဖြင့်လိုက်ပါလာသူများက နမ်ဆန်ယန် အထိပို့ဆောင်ခဲ့ကြောင်းသိရသည်။

Sunday, October 13, 2013

MASAT YAN (2) LAWU TSANG UPHKANG DU MAJAT WUNKAT YU

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya, Ginjaw Ginra Ginwang Ginjaw a Masat Yan (2) Uphkang Du Majat Wunkat Yu Hpawng hpe Ninghtoi;- 12/10/2013 ya jahpawt hkying (8:00 AM) ten hta Ginjaw Ginra Ginwang Ginjaw, Masat (5) Dap Ba, Padang Ninghkawng Gawknu hta angwi apyaw hte galaw la lu sai lam na chye lu ai. Dai hpawng hta Ginjaw Ginra Ginwang Ginjaw Uphkang Du, Slgk. Maji Naw Mai (Div.O) kaw nna Wunkat Yu Uphkang Du ni hpe numhtet numra shatsam mungga shaga ai lam chye lu ai.
Wunkat Yu Hpawng hta du sa ai Dap shawa yawng marai (70) daram sa du shang lawm ai lam chye lu ai.

ကချင့် သမိုင်းမှာ ရာဇ၀င် သွင်မဲ့ ပုံရိပ်များ

(Lachid Kachin)


(၁၂.၁၀.၂၀၁၃)ရက်နေ့ KIO,ကိုယ်စားလှယ်အဖွဲ့များ၏ လိုင်ဇာဌာနချုပ်သို့ အပြန်ခရီးစဉ်အား မြစ်ကြီးနားမြို့ရှိ ကချင်လူထု အင်အား (၂သောင်း) ကျော်လိုက်လံပို့ဆောင်နုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်။

ကေအိုင်အိုအစိုးရခေါင်းဆောင်များကို ကချင်ပြည်သူလူထုလိုက်လံပို့ဆောင်

(Jinghpawkasa)
မြစ်ကြီးနားနှင့် ၀ိုင်းမော်ဒေသမှ ပြည်သူ ၂ သောင်းခန့် KIO ခေါင်းဆောင်များကို ပို့ဆောင်နုတ်ဆက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈-၁၀ အတွင်း မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲသို့ ရောက်ရှိလာကြသော KIO ခေါင်းဆောင်များကို ဒေသခံပြည်သူ ၂ သောင်းခန့် ပို့ဆောင်နုတ်ဆက်ကြကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း လိုင်ဇာမြို့၌ ပြုလုပ်မည်

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရးအဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း ကချင် လွတ်မြောက်ရးအဖွဲ့ချုပ် (KIO) ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အရေးပေါ် ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်များတွင် အဆိုပါ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ရန် ထည့်သွင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် တပ်မတော်နှင့် ကေအိုင်အေတို့ သဘောတူ

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၈ ရက်မှ ၁၀ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့၏ သုံးရက်ကြာ ပြည်ထာင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်များတွင် လက်နက်ကိုင် တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက် ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း အပါအ၀င် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။