Saturday, October 12, 2013

စီးပွါးရေး သမားများရဲ့ နယ်ရုပ်များ

(Kachin Duwa)

ပြီးခဲ့တဲ့ ၂၀၁၁ မှ ၂၀၁၃ ထိ ဗမာ စစ်တပ်ရဲ့ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများရဲ့ ရလဒ်အနေဖြင့် ကျဆုံးသူများ၊ ဒဏ်ရာ ရသူများနှင့် မုဆိုးမ ဖြစ်လာသူများ၊ ပူဆွေးသောက ရောက်ရသူများ၊ စစ်ပြေးဒုက္ခသည်များ၊ ရွာပျက်များ အများအပြားပင် ဖြစ်သည်။

လိုင်ဇာ ထိုးစစ်မစခင်မှာ တရုတ်ဘက်ခြမ်း (လိုင်ဇာ တဖက်ကမ်း) မှာ တရုတ် အစိုးရ မှ နယ်စပ်ကုန်သွယ်ရေး ဂိတ် အကြီးကြီး (ပုံတွင်ဖေါ်ပြထားသော အဖြူရောင် ဂိတ်ကြီး) တခု စဆောက်လာသည်။ ၂၀၀၆ ခုနှစ်က ထွက်လာတဲ့ တရုတ် (ယူနန်) အစိုးရ ရဲ့ အစီရင်ခံစာ အရ၊ လိုင်ဇာ အပေါက်သည် တရုတ် စီးပွါးရေးအတွက် အိန္ဒိယထွက် ပေါက်တခု ဖြစ်သည်။ တရုတ်အစိုးရ အနေနဲ့ ဗမာ စစ်တပ်ကို လိုင်ဇာ သိမ်းပေးရန် စစ်ရေးအရ အထောက်အပံ့များ၊ လက်နက်များ ရောင်းပေးရန် အပေးအယူ လုပ်လာသည်။

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်

(VOA)

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စံနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ KIO ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာရေး အတွက်ပဲ တိုင်းရင်းသားတွေက လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ထွက်လာရင် ပြည်တွင်းစစ်လည်း ငြိမ်းချမ်းသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အပစ် မရပ်သေးတဲ့ တအန်း ပလောင်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

(BBC)

တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အလံ
မြန်မာ အစိုးရတပ် တွေနဲ့ PSLF ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး အဖွဲ့ရဲ့ စစ်ရေး အဖွဲ့ခွဲ TLNA တအန်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့တို့ကြား အခု ရက်ပိုင်း အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။

အဲဒီ အဖွဲ့ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင် သေးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ ထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

(RFA)

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။
လာမယ့် ၂၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။

Friday, October 11, 2013

ပြည်တွင်းငြိမ်းချမ်းရေး ရရန် ချဉ်းကပ်သင့်သည့် အခြေခံများအပေါ်ဆန်းစစ်ချက် (၁)


ဒီနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ် ဆုအပ်နှင်း ဘို့ ရာထားခံရတဲ့ အထဲမှာ သမတ ဦးသိန်းစိန် ပါဝင် ကြောင်း ပြီးခဲ့တဲ့ တပတ် လောက်အတွင်းမှာ အယ်လ်ဂျာဇီးရား နိုင်ငံတကာ အသံလွှင့်ဌာနကနေ ကြေငြာ သွားပါ တယ်။ ဘယ်လို ဖြစ်တာ ပါလိမ့်။

လက်တွေ့ ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေအနေကို ပြန်ကြည့်လိုက် တော့ အရပ် စကားနဲ့ ပြောရရင် စုတ် ပြတ် သတ်နေပြီ။ ရှမ်း၊ ပလောင်၊ ကချင်ဒေသတွေမှာ စစ်ပွဲတွေက ဖြစ်ပွားနေဆဲ။ ထိုင်း နယ်စပ်မှာ သိန်းတချို့  ရှိတဲ့ ဒုက္ခ သည်တွေ အိမ်မပြန်နိုင်သေး။ ရခိုင်ပြည် နယ်မှာလည်း ပြသနာပေါင်း သောင်း ခြောက်ထောင်။ သံတွဲမှာ ယခုအထိ သတ်ကြတုန်း။ ကချင်ပြည်နယ်က ပြည်တွင်းအတည်တကျ မနေနိုင်သူ တသိန်း ခန့် ကိုယ့်အိမ်ကိုယ့်ရွာ မပြန်နိုင် ကြ သေး။ ဒါပေမယ့် မြန်မာနိုင်ငံကို အကြောင်းပြုပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆု တွေကို တယောက်ပြီး တယောက် ယူကြတော့ မယ်။ တခုခုတော့မှားနေပြီ ဆိုတဲ့ စကားနဲ့ တင်လုံလောက် ပါ တော့ မလား။ တစုံလုံးများမှား နေပြီလား ဆိုတာကို လူထုတရပ်လုံး ဆန်းစစ်သင့်ပါပြီ။

KIO နှင့် အစိုးရတို့ နားလည်မှု ပိုမိုရှိသည့် သဘော တူချက်များ လက်မှတ် ထိုးနိုင်ခဲ့

(ရွှေဟင်္သာသတင်းဌာန)

မေလကုန် သဘော တူညီ ချက်ကို ပြန်လည် သုံးသပ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ ကိုယ်စားလှယ် တို့၏ နှစ်ဖက် တွေ့ဆုံ ပွဲကို နောက်ထပ် သဘော တူညီချက် () ချက်ဖြင့် ယမန်နေ့ကပြီးဆုံး သွားပြီး ဖြစ်ကြောင်း KIO နည်းပညာ အထောက် အကူပြု TAT အလုပ် အဖွဲ့မှ ပြောခွင့် ရသူ ဆရာ ဒေါင်ခါး က ဆိုပါသည်။

နှစ်ဖက် တပ်နေရာ ချထားရေး၊ အပစ် အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ ဒုက္ခသည် ပြန်လည် နေရာ ချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ နိုင်ရေး၊ တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စရပ် တွေကို အခြေခံပြီး (၃) ရက်လောက် ဆွေးနွေး ခဲ့တယ်။ သဘော တူညီချက် ကတော့ အချက် (၇) ချက် ရရှိ ခဲ့တယ်။ ဂတိ ကဝတ် အပေါ် အဓိက ထားတဲ့ တွေ့ဆုံ ဆွေးနွေးပွဲဘဲ ဖြစ်ပါတယ်ဟုဆိုပါသည်။

အပစ်အခတ် ရပ်စဲရန် TNLA အား စစ်ရေး အရ ပြင်းထန်စွာ ဖိအား ပေးလာ

(ရွှေဟင်္သာသတင်းဌာန)

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး၏ နမ့်ဆန် မြို့နယ် ပန်အလောက် ရွာနှင့် ဟူးမန်း ရွာကြားရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၂၅၆ တပ်ခွဲ၏ မန်လွန်ဘန် (Man Lum Bum) တောင်ကုန်း တပ်စခန်း တစ်ခုကို အစိုးရ ခမရ ၅၀၆ စစ်ကြောင်းမှ အင်အား (၈၀) ခန့်ဖြင့် တောနင်းပြီး တက်ရောက် တိုက်ခိုက် ခဲ့သည် ဟု အတွင်းရေးမှူး တားဘုန်းကျော်က ဆိုပါသည်။

ဒီနေ့ (အောက်တိုဘာလ ၁၁) ရက်နေ့ အထိ အစိုးရ တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဲဒီ နေရာကို လှမ်းပစ် နေတုန်းပဲ၊ လက်နက် ငယ်နဲ့ ရင်ဆိုင် တိုက်ကြ တာတော့ မရှိဘူး၊မနေ့က တစ်ရက် တည်းကို သုံးကြိမ် အဲဒီ စခန်းကို တက်တိုက်တယ်၊ ကန်ာတို့ ကလည်း ပြန်လည် ခုခံ ခဲ့တယ်ဟု ဆိုပါသည်။

ပရိယာယ်မျိုးစုံ ကျင့်သုံးနေမှုများ ရပ်တန်းကရပ်သင့်ပြီ

(KIC) (မောင်ကျော်စွာ)
၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်

လူအများက ယခုလတ်တလော စိတ်ဝင်တစား အကဲခတ် စောင့်ကြည့်နေကြသည့် ကိစ္စများထဲတွင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ”သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မည်။ ယခုလ(အောက်တိုဘာ)အတွင်း ဖြစ် မြောက်ရန် အစိုးရဘက်မှ ကြံစည်နေပါသည်။

ယင်းကိစ္စအပေါ် နိုင်ငံရေးရှုဒေါင့်မှ ပြောရမည်ဆိုလျှင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်း”ကိစ္စ သည် အစိုးရဘက်မှသာ တာဝန်ယူ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို လိုလားသည့်/ အပြုသဘောဆောင် သည့် ဖော်ပြချက်အဖြစ် အစိုးရဘက်မှ တစ်ဖက်သတ် ကြေညာပေးရမည့်ကိစ္စလည်း ဖြစ်သည်။

သမိုင်းဝင် အပစ်ရပ်ရေး ကြေညာ စာတမ်းပါ အချက်များ လိုင်ဇာတွင် ဆုံးဖြတ်မည်

(ရွှေဟင်္သာသတင်းဌာန)


အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး၏ သဘောထား ရရှိရန် ယခု လကုန် ပိုင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုလိုင်ဇာ ဌာန ချုပ်၌ စုပေါင်း ဆုံးဖြတ်ရန် ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး () ခွန်ဥက္ကာက ဆိုပါသည်။

“လာမည့် အောက်တိုဘာ (၂၅) နဲ့ (၃၁) ကြားမှာ လုပ်မယ်။ အားလုံး အဖွဲ့ (၁၇) ဖွဲ့ က ထိပ်သီး တွေကိုဘဲ ဖိတ်ထားတယ်။ UNFC (၁၂) ဖွဲ့ တွေ အပြင် အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ကိုပါ ဖိတ်ထား လိုက်တာ ဖြစ်တယ်။ အချိန်တို အတွင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်မယ်။ ဘာကြောင့်လဲ ဆိုတော့ UNFC ထိပ်သီး မှာလည်း သဘောတူ ထားပြီး သားပါ”ဟုဆိုပါသည်။ 

အပစ်ရပ်ပြီးမှ တပ်နေရာ ချထားရေး လုပ်ဆောင်မည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးပြော

(ဧရာဝတီ)

ကချင် လွတ်မြောက်ရေး တပ် မတော် ကေ အိုင်အေနှင့် မြန်မာ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးမှသာ တပ်နေရာချထားရေးအတွက် ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ဧရာဝတီ သို့ ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျင်းပပြုလုပ်သော ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မတီ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တတိယမြောက်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် အတွက် တိုင်းရင်းသား အဖွဲ့များ ဆွေးနွေး

(ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုမည့် စာချုပ်တွင် ပါဝင်မည့် အချက်များကို UNFC နှင့် တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ထို အပစ်ရပ် စာချုပ်တွင် ပါဝင်မည့် အချက်များကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းပဋိပက္ခများ ပထမဆုံးအကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာ ထုတ်ပြန်

(Mizzima)

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ငြိမ်းချမ်းရေး သဘောတူချက် ထွက်ပေါ်လာပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ပထမဆုံး အကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာငြိမ်းချမ်းရေးဂေဟာ MPC က အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှု ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် နိုင်မည်ဖြစ်ပြီး ထို လက်မှတ်ထိုးပွဲတွင် KIO ပါဝင်နိုင်ရေးအတွက် အတူကြိုးပမ်းဆောင်ရွက်ရန် အစိုးရနှင့် KIO တို့ လက်ခံသဘောတူ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်မှုရှိဟု ကုလ ကိုယ်စားလှယ်ယူဆ

(VOA)

မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးဟာ ကချင်ဒေသ အတွက် သာမက မြန်မာ တနိုင်ငံလုံးအတွက်ပါ အရေးကြီး တယ်လို့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို လေ့လာသူအဖြစ် တက်ရောက် ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ် စားလှယ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထိုက်သင့်တဲ့ တိုးတက်မှု ရလာဒ်အချို့လည်း မြင်တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခဲ့

(Eleven Media Group)

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြီး သုံးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ကေအိုင်အိုမှ တောင်းဆိုသည့် အချက်နှစ်ချက်အား သဘောတူခဲ့ပြီး စစ်ရှောင် ဒုက္ခသည်များ မူလအရပ်ဒေသသို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး အတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအ၀င် သဘောတူညီချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပမည်

(Eleven Media Group)

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ မကျင်းပမီ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သုံးရက်ကြာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များမှ သိရသည်။

Thursday, October 10, 2013

ငြိမ်းချမ်းရေး အတွက် ကေအိုင်အို နှင့် ကချင်လူထု တွေ့ဆုံမည်

(Irrawaddy)

ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို အနေဖြင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည်သူ လူထုနှင့် တရားဝင် တွေ့ဆုံပွဲ များ ကျင်းပမည်ဖြစ်ပြီး ယင်းသို့တွေ့ဆုံနိုင်ရန်လည်း အစိုးရက တရားဝင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကေအိုင်အိုနှင့်  အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့အကြား အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ  ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို  လက်မှတ်ရေးထိုးခဲ့ရာ ယင်းအချက်များတွင် ကေအိုင်အိုအနေဖြင့် ကချင်လူထု အပါ အ၀င် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန် ဆိုသော အချက် ပါဝင်ကြောင်း သိရှိရသည်။

သရက်ထောင်တွင် အကျဉ်းကျနေသော KIA မှ ဒု-အရာခံဗိုလ် ကွယ်လွန်

(Mizzima)

သရက်အကျဉ်းထောင်တွင် အကျဉ်းကျနေသော ကချင်လွတ်မြောက်ရေးတပ်မတော် "ဒု-အရာခံဗိုလ် နော်ဆန်း(ခ)
လဘန်နော်ဆိုင်း (ဘ) ဦးဘရန်အောင်"သည် အောက်တိုဘာလ ၁၀ရက် နံနက် ၄နာရီ ၁၅မိနစ်အချိန်တွင် သရက်မြို့ ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP-B မှ ထုတ်ပြန်လိုက်သည်။

KIAမှ ဒု-အရာခံဗိုလ် နော်ဆန်းသည် ပြစ်ဒဏ် (၁၉) နှစ်ကျခဲ့သည်။ သို့သော် ပြစ်ဒဏ်ကျခဲ့သည့်ပုဒ်မ မည်သည့် ခုနှစ်တွင် ပြစ်ဒဏ်ကျသည်ကိုမူ မဇ္ဈိမက စုံစမ်းနိုင်ခြင်း မရှိသေးပေ။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု KIO လိုင်ဇာတွင်ပြုလုပ်ရန် သဘောတူ

(ကချင်သတင်းဌာန)

အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား တပြည်လုံးအတိုင်းအတာ အပစ်ရပ်ဆွေးနွေးမှု မပြုမီ အောက်တိုဘာလအတွင်း KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက် ကိုင် ထိပ်သီးခေါင်းဆောင် အားလုံး ပါဝင်သော ဆွေးနွေးပွဲတရပ်ကို KIO ဗဟို ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ်ကျင်းပသွားရန် ၃ ရက်ကြာဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့ကြသည်။

မြန်မာ အစိုးရ နှင့် KIO, တို့ ၏ မြစ်ကြီးနားဆွေးနွေးပွဲ နှစ်ဘက် သဘောတူထုတ် ပြန်ချက် (၁၀.၁၀.၂၀၁၃)


ကေအိုင်အိုနှင့် အစိုးရ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မရ

(DVB)


မြစ်ကြီးနားမှာ ကျင်းပတဲ့ ကချင် လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့အကြား ပြည်ထောင်စု အဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အပစ် အခတ် ရပ်စဲရေး သဘော တူညီမှု မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးဆွမ်လတ်ဂမ် ခေါင်းဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ နောက်ဆုံးနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်ခတ်ရပ်စဲရေး သေဘာတူညီမှု မရရှိပေမယ့် အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အို ပါဝင်နိုင်ရေး အပါအ၀င်သေဘာ တူညီချက် ၇ ချက် ရရှိခဲ့တာပါ။

အစိုးရနဲ့ KIO ဘာတွေ သဘောတူလိုက်ကြသလဲ

(ဧရာဝတီ)
  အစိုးရနဲ့ KIO မြစ်ကြီးနားမြို့ ဆွေးနွေးပွဲကြီးတခုကို ဒီကနေ့ အဆုံးသတ်ပြီး သိပ်မထူးခြားတဲ့ သဘောတူညီချက်တချို့ ရရှိခဲ့ပါတယ်။ 

သဘောတူညီချက်များအကြောင်း ဖော်ပြထားတဲ့ မြန်မာငြိမ်းချမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။  

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်ရန် ကြိုးပမ်းမည်

(Mizzima)

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား အနှစ် ၆၀ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်များ ရပ်တန့်နိုင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါဝင်နိုင်ရန် ပူးပေါင်းကြိုးပမ်းမည်ဟု
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ ယနေ့ထုတ်ပြန်လိုက်သည်။

KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်နိုင်ရန် ကြိုးပမ်းမည်ဟုဆိုသော်လည်း လက်မှတ်ရေးထိုးမည်၊ မရေးထိုးမည်ကိုမူ ပြောကြားထားခြင်းမရှိပေ။

အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးမှု တိုးတက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မည်ဟု ဆို

(Mizzima)

အနည်းဆုံး သဘောတူညီချက် ငါးချက် လက်မှတ်ထိုးမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ဒုတိယနေ့အဖြစ် မြစ်ကြီးနားမြို့ တွင် ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူညီမှုအပါအ၀င် သဘောတူညီချက် ငါးချက် အနည်းဆုံး လက်မှတ်ထိုးနိုင်မည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မြန် မာ့ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

လယ်ကွင်းမှကောက်လာသော ဗုံးပေါက်ကွဲမှုတွင် ကလေးငယ် ၁ ဦးသေ၊ ၄ ဦးဒာဏ်ရာရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ခွဲ လဘန် ကထောင်ကျေးရွာ တွင် အောက်တိုဘာလ (၇) ရက်နေ့ မနက် (၁၀) နာရီခန့်တွင် လယ်ကွင်းမှကောက် လာသော လက်ထောက်မော်တာ တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် (၁) ဦးသေဆုံး ကာ (၄)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိ၍ မြစ်ကြီးနားဆေရုံးကြီး တွင် ဆေးကုသနေကြောင်း ဒေသခံ အသင်းတော် ဆရာများထံမှ သိရသည်။

အသက် (၂) နှစ်အရွယ် ဖောင်ယမ်လ အမည်ရှိကလေးငယ်မှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၄င်းမိဘဖြစ်သူနှင့်အလည်လာသော အိမ်နီးချင်း လူငယ်နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသောအခြေအနေဖြစ်ကြောင်း အသင်းတော်ဆရာဦးဂွန်ဂျော်လီကပြောသည်။

ခေါင်လန်းဖူးမြို့နယ်ရှိကျောင်းများတွင် ယခုချိန်ထိ ပုံနှိပ်စာအုပ်များ မရရှိသေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအို ခရိုင် ခေါင်လန်ဖူးမြို့ နယ်ရှိ အစိုးရ ပညာရေးကျောင်း တွင် ယခုချိန်ထိ ပုံနှိပ် စာအုပ်များ မရ ရှိသေးသောကြောင့် ကျောင်း သူ/သားများ စာသင်ကြားမှု တွင် နေ့စဉ်ခက်ခဲ ရင်ဆိုင် နေရကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင်  အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ မူလတန်းကျောင်း ၄၉ ကျောင်းရှိသော်လည်း ပညာရေးဖွံ့ဖြိုးမှုတွင် နှောင့်နှေးနေဆဲဖြစ်ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ယခုထိ မရရှိသေးကြောင်း ခေါင်လန်ဖူးဒေသခံ ဦးဒေးဗစ် KNG ကချင်သတင်းဌာန သို့ပြောသည်။

အပစ်အခတ်ရပ်စဲရေး ကျန်တိုင်းရင်းသားများနှင့် KIO ညှိနှိုင်းမည်

(VOA)

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ ကြိုးစားသွား မယ်လို့ ပြောလိုက်ပါ တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ KIO တို့ အကြား မြစ်ကြီးနားမြို့မှာ ဒုတိယမြောက်နေ့ အဖြစ် ဆွေးနွေးပွဲအတွင်း ပြောခဲ့တာပါ။ ဒီကနေ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေး၊ စစ်ရှောင်ဒုက္ခသည်များအရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
 

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်နိုင်သော နေရာများအတွက် တပ်ပိုင်းဆိုင်ရာကိစ္စများ တံခါးပိတ်ဆွေးနွေး

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင်တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲဖြစ်ပွားနိုင်သော နေရာများအတွက် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်သောအဖွဲ့နှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်သော အဖွဲ့တို့သည် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင်တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင်တစ်ကြိမ် တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး အစိုးရတပ်မတော်နှင့် ကေအိုင်အေတပ်များအကြား ထိတွေ့မှုဖြစ်ပေါ်နေသည့် နေရာများတွင် ထပ်မံမဖြစ်ပေါ်စေရေးအတွက် စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (JMC-Joint Monitoring Committee) ဖွဲ့စည်းရေးအတွက် မူအားဖြင့် သဘောတူညီခဲ့ကြောင်း သိရသည်။

ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး

(RFA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက RFA ကိုအခုလိုပြောပါတယ်။

Wednesday, October 9, 2013

အစိုးရနှင့်ကေအိုင်အို တပ်ပိုင်းဆိုင်ရာကိစ္စ တံခါးပိတ် ဆွေးနွေး

(DVB)

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့  အစိုးရအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး   ဆွေးနွေးပွဲ ဒုတိယေန့မှာ တပ်ပိုင်းဆိုင်ရာကိစ္စကို လေ့လာသူတွေမပါဘဲ  နှစ်ဖက် ကိုယ်စားလှယ်တွေ တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။

တပ်ပိုင်းဆိုင်ရာကိစ္စမှာ အဓိက အားဖြင့် ၄ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့တဲ့ အေကြာင်းနဲ့ ဒီထက်တိုက်ပွဲတွေ လျော့သွားအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့  ဆွေးနွေးပွဲမှာပါဝင်တဲ့  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး ယူအန်အက်ဖ်စီ ဘုံသေဘာတူညီချက်များ ရရှိ

(DVB)

အစိုးရက ကမ်းလှမ်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးပွဲနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးနေကြပြီး ဘုံသေဘာတူညီချက်တွေ ၈၀ ရာ ခိုင်နှုန်း ရရှိခဲ့ပြီလို့ အဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ကေအိုင်အိုနှင့်အစိုးရပြည်ထောင်စု ငြိမ်းချမ်ရေးဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းအထိ အခြေအနေ

(Kachin Waves)

ဆွေးနွေးပွဲ အားအောက် တိုဘာ ၈ ရက်နေ့တွင် နံနက် ၁၁ နာရီတွင် စတင်ခဲ့ သည်။ ဆွေးနွေး ပွဲစစခြင်း ကေအိုင်အို ကိုယ်စားလှယ်များနှင့် အခြားစောင့်ကြည့်လေ့လာသူ အဖြစ်ပါဝင်လာသည့် ကိုယ်စားလှယ်များအား မိတ်ဆက်ပေးခဲ့သည်။
ပြီးနောက်အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း၊ဒုဗိုလ်ချုပ်မြင့်စိုးနှင့် ကေအိုင်အိုမှ ဆရာကြီး ဦးဆွမ်လွတ်ဂမ်တို့မှ မိတ်ဆက်စကားပြောခဲ့သည်။

KIO နှင့် ဆွေးနွေးပွဲ အားအစိုးရအလေးမထား ပြည်ထောင်စု ဒုတိယရှေ့နေချုပ်ဆွေးနွေပွဲတွင်လာရောက်အိပ်ငိုက်နေ

(Lachid Kachin)
(ဓါတ်ပုံ- ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ဆွေးနွေးပွဲ အတွင်း အိပ်ပျော်နေစဉ်။)

ဦးသိန်းစိန်ဦးဆောင် သော မြန်မာ အစိုးရ သည် အောက်တိုဘာလ အတွင်း တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆဲရေး( ငြိမ်းချမ်းရေး) လက်မှတ် ရေးပွဲ ကျင်းပနိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ ရှိသည့် အနက် (၁၄) ဖွဲ့ မှာ နိုင်ငံတော် အစိုးရ နှင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ထို့ ကြောင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည်မှာ KIA, နှင့် TNLA တို့ နှစ်ဖွဲ့ သာ ကျန်ရှိတော့ ကြောင်း ၊သို့ဖြစ်၍့ ပြည်လုံးကျွတ် အပစ်ရပ်ငြိမ်းချမ်းရေးလက် မှတ်ရေးထိုးနိုင် ရေးမှာ KIA, နှင့် အပစ်ရပ်နိုင်ရေးသည် အရေး အကြီးဆုံးဖြစ်သည်ဟု ပြောဆိုနေသော်လည်း အစိုးရ အနေ နှင့် KIA, နှင့် ဆွေးနွေးပွဲ အား ၄င်းတို့ ပြောဆို နေသကဲ့သို့ အလေး ထားခြင်းမရှိသည်မှာ သိသာ ထင်ရှားလှပါသည်။ 

ဆွေးနွေးပွဲများအဖြေကို စောင့်နေကြသည်

ယခုဆွေးနွေးနေ သည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်း ချမ်းရေးဆွေးနွေး ပွဲတွင် ဒုက္ခသည် များ နေရပ်ပြန် ပို့ရေး ဆွေးနွေးမှု သည် အရေးကြီးသည့် အချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ထိုဆွေးနွေး ပွဲမှတစ်ဆင့် စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန် ရရှိပြီး၊ နေရပ် ဇာတိများသို့ အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန် ကချင် စစ်ဘေးဒုက္ခသည် များ အားလုံးက မျှော်လင့်နေကြသည်။

“အသက်ရှင်နေသည့်ကာလမှာ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ အားလုံးနဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်လူမျိုးအတွက် ဘုရားသခင်အလိုအတိုင်း အသက်ရှင်နေထိုင်သွားမယ်”

တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ၏ စည်းကမ်း ချက်များ UNFC ဆုံးဖြတ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ ဖိတ်ခေါ် ထားသည့် တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေး ပွဲသို့ တက်ရောက် လက်မှတ် ထိုးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အပိုင်း (၃) ပိုင်း ပါသော စည်းကမ်းချက် များဖြင့် စုပေါင်းဆုံး ဖြတ်ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာ က ဆိုပါသည်။

“ တဖွဲ့ချင်းတော့ လက်မှတ် ထိုးရမယ် ဆိုပေမယ့် ဆုံးဖြတ် တာကတော့ စုပေါင်း ဆုံးဖြတ်တယ်။ အပိုင်း (၃) ပိုင်းနဲ့ ဆုံးဖြတ်တယ်။ ဆုံးဖြတ် ချက်ကို မထုတ်ပြန် သေးဘူး။ ညှိနှိုင်း စရာတွေ ရှိသေးတယ်။ ဒီမူက UNFC အဖွဲ့ဝင် မဟုတ်တဲ့ အဖွဲ့ တွေနဲ့လည်း ညှိဦးမယ်။ အားလုံးနဲ့ ဆိုင်တဲ့ မူဖြစ်ဖို့ ပေါ့နော်။ ပြီးမှ အစိုးရကို တင်ပြမယ်။ အစိုးရ လက်ခံမယ် ဆိုရင် တက်ရောက် လက်မှတ်ထိုးမယ်၊ လက်မခံ ရင်တော့ ထိုးစရာ မလိုတော့ ဘူးပေါ့” ဟု ဆိုပါသည်။ 

တိုင်းရင်းသား အားလုံးနှင့် အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲ ကေအိုင်အို ဦးဆောင်မည်

(ဧရာဝတီ)

အစိုးရ ဦးဆောင် ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား အားလုံး ပါဝင်သော အကြို ဆွေးနွေးပွဲ တရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ကေအိုင်အို၏ ဦးဆောင်မှုဖြင့် လိုင်ဇာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ ကျင်းပရန် အစိုးရက သဘောတူညီလိုက်ကြောင်း သတင်းရရှိသည်။

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အကြိုဆွေးနွေးပွဲ တရပ်ကို ကျင်းပခွင့် ပေးရန် ကေအိုင်အိုက အစိုးရထံ တင်ပြလိုက်ပြီး ယင်းတင်ပြမှုအပေါ် အစိုးရက သဘောတူညီလိုက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်းများထံမှ သိရှိရသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေးဟု TNLA ပြော

(ဧရာဝတီ)

သမ္မတဦးသိန်းစိန် အစိုးရက လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပါဝင်လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေး ကြောင်း TNLA ဒုတိယ ဥက္ကဋ္ဌ ဦးတားဂျုတ်ဂျား က ဧရာဝတီသို့ ပြောသည်။

ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က စတင်ကျင်းပသည့် အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် TNLA ဒုတိယဥက္ကဋ္ဌ ဦးတားဂျုတ်ဂျားက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် နိုင်ငံရေးဆွေးနွေးမှု ပိုမို လိုလား ကြောင်း၊ လက်ရှိတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသော်လည်း အစိုးရ ကျင်းပမည့် အပစ်အခတ် ရပ်စဲ ရေး ပွဲတွင် လက်မှတ် ရေးထိုးမည်၊ မထိုးမည် ကိုမူ မဆုံးဖြတ်ရသေးကြောင်း ပြောသည်။

စစ်ပြေးဒုက္ခသည်များ ဗန်းမော်သို့ ထပ်မံရောက်ရှိလာ

(Jinghpawkasa)

၇၊ ၁၀၊ ၂၀၁၃ ရက်နေ့တွင် ဗန်မော်မြို့၊ ဖန်ခါးကုန်းရပ်ကွက်သို့ စစ်ပြေးဒုက္ခသည် (၁၃၁) ယောက် ရောက် ရှိလာကြောင်းသိရသည်။ ၄င်းစစ်ပြေးများမှာ မံစီမြို့မှ (၃၆)  မိုင်ခန့်ဝေးသော နမ့်အူကြီး၊ နမ့်သဲ (နမ့်ဆိုင်း) မုန်းဒိန်ပါကျေးရွာများမှ ဖြစ်ကြပြီး ၄င်းတို့နေထိုင်ရာ အရပ်ဒေသသို့ အင်အား (၇၀၀) ခန့်ရှိ သောမြန်မာ တပ်မ (၇၇) ရောက်ရှိလာ ကြသောကြောင့် တိုက်ပွဲဖြစ်မည်စိုး၍ 
 ထွက်ပြေးလာကြကြောင်း၊ အချိန်မီမပြေးနိုင်သူ များ ရွာတွင်ကျန်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 ဗန်းမော်သို့ ရောက်ရှိလာကြသော စစ်ရှောင်များကိုဗန်းမော် ဇုံနယ်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှဦးစီး၍ ဖန်ခါးကုန်းရပ် ကွက်၊ ဘုရားကျောင်းများ၌ စောင့် ရှောက်ထားကြောင်းသိရသည်။


ကျိုင်းလုံ (ဂျိန်းဖော့ကဆာ)

ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး ပေးသောဆန်အိတ် ကျောက်၊ သဲ၊ ဘိလပ်မြေရောထားခြင်း

(Jinghpawkasa)

ပူတာအို ခရိုင်၊ နောင်ခိုင်ကျေး ရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ၀င်း စစ်ရှောင်စခန်း သို့ ပူတာအို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်မျိုး မှပေးပို့သောဆန် အိတ် တွင် ကျောက်ခဲ၊ ဘိလပ်မြေ မှုန့်များ ရောနှော ထား၍ စားမရကြောင်းကြားသိရသည်။
 
ယင်းစစ်ရှောင် စခန်းတွင် အင်ခါးဂါးဒေသမှ စစ်ဘေးဒုက္ခသည်များ (၆၀) ယောက် ခန့်နေ ထိုင်ကြပြီး ၃၀.၉.၂၀၁၃ ရက်နေ့တွင် ခ.ရ.က မှ ဆန်အိတ်တစ်အိတ် လာရောက်ထောက် ပံ့ ပေးကြ ကြောင်း၊ ၄င်းဆန်အိတ်ကို ၁.၁၀.၁၃ ရက်နေ့ ဒုက္ခသည်များအားခွဲ ဝေ ပေးရန်ဖွင့် လိုက်သောအခါ ကျောက်ခဲ၊ သဲ၊ ဘိလပ်မြေမှုန်များမြောက်များစွာ ပါဝင်နေ ကြောင်း တွေ့ရသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးနေချိန် အစိုးရတပ်များ အင်အားတိုးချ၊ စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ဟုဆို

(Mizzima)

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေချိန် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း အစိုးရဘက်မှ စစ်အင်အား တိုးမြှင့်ချ
လာမှုများရှိသဖြင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတို့က ပြောသည်။

အောက်တိုဘာ ၇ ရက်မှ စတင်ကာ ဗန်မော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏ စစ်ကြောင်း ထောင်နှင့်ချီရောက်ရှိ
လာသဖြင့် နန့်သဲ၊ နားအူကြီး၊ နားအူလေး ကျေးရွာဒေသခံ ၂၀၀ ခန့် KIO ထိန်းချုပ်ရာ တပ်မဟာ ၃ လက်အောက်ခံ ၁၂/၁၇ နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖန်းခါးကုန်းကျေးရွာမှ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလထော်ဇော်ဘောက်က မဇ္ဈိမကို ပြောသည်။

“၀”ထိန်းချုပ်ဒေသတွင် ၂၀၁၄ ဧပြီလဆန်း သန်းခေါင်စာရင်း ကောက်ဖို့သဘောတူ

(Mizzima)

“၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ထိန်းချုပ်ဒေသများ၌ နေထိုင်နေကြသည့် “၀” ပြည်သူများအား
နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စကို လာမည့် ၂၀၁၄ ခုနှစ်ဧပြီလဆန်း၌ စတင်ကောက်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားခဲ့သည်။

“အစိုးရက နှစ်ပေါင်း ၃၀ ခြားပြီးတော့ လာရောက်ကောက်ယူဖို့ ကမ်းလှမ်းတဲ့အပေါ် “၀” အဖွဲ့အနေနဲ့ သဘောတူတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့စီးပွားရေး၊ နိုင်ငံရေးတွေနဲ့ ပတ်သက်နေပါတယ်” ဟု ဦးအောင်မြင့် က ပြောသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုတွင် မတရားအသင်းနှင့် ဆက်သွယ်သူများ အများဆုံးပါဝင်၊ စုစုပေါင်း ၅၆ ဦး လွတ်မြောက်လာ

(Mizzima)

အောက်တိုဘာ ၈ ရက်၌ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး လွတ်မြောက် လာကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က မဇိ္ဈမသို့ ပြောသည်။

ယင်းသို့ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅၆ ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁
ဖြင့် အကျဉ်းကျခံရသူ အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
မြန်မာနိုင်ငံ (AAPP-B)မှ ထုတ်ပြန်သော စာရင်းအရ သိရသည်။

ပြည်လုံးကျွတ်အပစ်ရပ်ရေး တိုင်းရင်းသားတွေ အရေးပေါ်စည်းဝေးနေ

ABC Radio Australia

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ က ခေါင်းဆောင်တွေ ဟာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အတွက် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေ တယ်လို့ သိရပါတယ်။

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ နှစ်ဖက်တိုးတက်မှုများကိုဆွေးနွေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များကြား အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းတွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ရာ ပထမနေ့တွင် နှစ်ဖက်သဘော တူညီခဲ့သော အချက်များ၏ ရလဒ်များကိုဆွေးနွေးတင်ပြခဲ့ကြသည်။

ပြီးခဲ့သည့် မေလ ၂၈-၃၀ အတွင်း နှစ်ဖက်သဘောတူညီ လက်မှတ်ထိုးခဲ့သော အချက်များနှင့်ပတ်သက်၍ လက်ရှိအောင်မြင်မှု အတိုင်းအတာများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အစည်းဝေးတွင်ပါဝင်သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာ ပြောသည်။

စစ်ရေးစောင့်ကြည့် ကော်မတီဖွဲ့ ဖို့ ကေအိုင်အိုနဲ့အစိုးရ ဆွေးနွေး

(RFA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့မှာ နှစ်ဖက်တပ်စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဖက်တပ်တွေ စောင့်ကြည့်ရေး အတွက် ကော်မတီတစ်ခု ထားရှိဖို့အတွက် ဆွေးနွေးပွဲမှာ တင်ပြထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIA ရဲ့ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်က RFA ကို ပြောပါတယ်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် မေလ ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေးကိုသာ ဆွေးနွေး

(Eleven Media Group)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က ကျင်းပသော အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်းဆိုင်ရာများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် နှစ်ဖက်တပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပေါ်မလာစေရန် JMC (Joint Monitoring Commttee) များ ဖွဲ့စည်းရေးတို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

Tuesday, October 8, 2013

မြစ်ကြီး နား၌ ဆွေးနွေး နေစဉ် ဗန်းမော် ခရိုင်၌ စစ်ရေး တင်းမာနေ

(ရွှေဟင်္သာသတင်းဌာန)



ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ကိုယ်စား လှယ်များ မြစ်ကြီး နား၌ တွေ့ဆုံ ဆွေးနွေး နေကြ ဆဲ၌ပင် ဗန်းဗော် ခရိုင် တွင်း၌ အစိုးရ၏ တပ်အင် အား ဖြည့်တင်း နေမှုကြောင် မန်စီ မြို့နယ်မှ ရွာသားများ ထွက်ပြေး နေကြ သည်ဟု ဒေသခံ တစ်ဦးမှ ပြောသည်။

မန်စီမြို့နယ် ထဲက နားအူကြီး ရွာကပေါ့၊ မနေ့နဲ့ ဒီနေ့ပါဆိုရင် ထွက်ပြေး လာသူ ရွာသားတွေ (၂၀၀) ဦးခန့် ကျနော် တို့ထံ ရောက်ရှိ နေပြီး ဖြစ်တယ်။ လမ်းမှာလဲကျန်နေ သေးတယ်ဟု ဒုက္ခသည် များအား ကူညီ ပေးနေသည့် ကိုနော်ဒင် မှ ပြောသည်။ 

KIO HPE MYEN NI BAI GASAT NA HKYEN WA

(Jinghpawkasa)

Myen hpyen asuya a hpyen dap ni gaw lai wa sai shata mi daram kaw nna Jinghpaw mung ginra shagu de alak mi hku hpyen n-gun jahting da sai lam hpe na chye lu ai. October praw (8) ya shani kawn Myitkyina Mare kaw hkrum zup bawngban hpawng galaw nga ai ten Ntap Bum, Hkaya Bum, Hpunpyen Bum, Bumre Bum ni hta hpyen laknak kaba ni hte hpyen n-gun htaw lahka bang nga ma ai lam na chye lu ai. Ndai lang na bawngban hpawng hta Myen ra ai hku lakmat nhtu jang gaw KIO hpe n-gun kaba hte agying gasat wa sana re lam na chye lu ai.

အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် နားအူကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်လာ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော် ခရိုင်ဖက် သို့ အစိုးရတပ်များ အင်အားဖြင့် လှုပ်ရှား လာသောကြောင့် ယမန်နေ့ အောက် တိုဘာ ၇ ရက်နေ့ တွင် မန်စီမြို့နယ် နားအူကြီး ရွာမှ အိမ်ခြေ ၃၂ အိမ်၊ ရွာသား ၁၃၀ သည် ဖန်းခါးကုန်း ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း အသင်းတော်မှ ပြောသည်။

အစိုးရ တပ်မ (၇၇) သည် နားအူကြီးရွာသို့ စစ်အင်အား ၂၀၀ ကျော်ဖြင့် ရောက်ရှိလာသောကြောင့် ရွာသူကြီးက အစိုးရတပ်များအားနောက်ဆုတ်ပေးရန်တောင်းပန်ချိန် အစိုးရတပ်မှ “ဆုတ်ဖို့လာတာမဟုတ်ဘူး ပစ်ဖို့လာတာ” ဟုပြောဆိုသောကြောင့်ရွာသားများကြောက်လန့်ကာ အချို့ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

ကချင် ငြိမ်းချမ်းရေးပွဲတွင် တပ်နေရာ ချထားရေး အလေးပေး ဆွေးနွေးမည်

(Irrawaddy)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၉ ကြိမ်မြောက် တွေ့ဆုံသည့် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့မှစ၍ ၃ ရက်ကြာ ဆွေးနွေးမည်ဖြစ်ပြီး အစောပိုင်း ရက်များတွင် တပ်နေရာ ချထားရေးကို အဓိက ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရပိုင်းကလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်နေတယ်။ တပ်မတော်ပိုင်းကလည်း ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး လိုချင်တယ်လို့ ပြောပါရစေ။ ဘေးကထင်ကြေးတွေနဲ့ အပြောတွေကြောင့် ရှင်းရတာတွေရှိတယ်။ ငြိမ်းချမ်းရေးက တပ်မတော် အကျိုးစီးပွားအတွက် လုပ်တာမဟုတ်ဘူး။ အားလုံးအတွက် လုပ်တာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသည်။

တနိုင်ငံလုံး ကြားရတဲ့ ငြိမ်းချမ်းရေး တေးသံတွေ ဖြစ်ဖို့

(ဧရာဝတီ)

အခုတလော သတင်းတွေထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းတဲ့ သတင်းတွေ အတော်များနေတာကို သတိပြုမိ ပါတယ်။ လေယာဉ်စင်းလုံး ငှားပြီးသွားနေကြတဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တွေရဲ့ခရီးစဉ်၊ လက်နက်နဲ့ ကားပါမစ် အလဲအလှယ်လုပ်တဲ့ ငြိမ်းချမ်းရေး အပေးအယူ၊ အောက်တိုဘာလ မကုန်ခင်မှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးပွဲ လုပ်မယ်ဆိုတဲ့ သတင်းတွေ စသည်ဖြင့် လူအများ စိတ်ဝင်စားမှု အများဆုံး လို့ထင်ပါတယ်။

ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး သတင်းတွေ ကြားရတာဟာ စစ်ပွဲသတင်း ကြားရတာနဲ့ စာရင်ပို ကောင်းတယ် မဟုတ်လား။ စစ်ပွဲတွေ ဖြစ်ရင် ၂ ဖက် စစ်သားတွေ သေမယ်၊ ဒဏ်ရာရမယ်၊ ဒေသခံတွေ၊ အများပြည်သူတွေ ဒုက္ခရောက်မယ်၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမယ်၊ တိုင်းပြည် ဆင်းရဲမယ်။ စစ်ပွဲတွေ မရှိတော့ဘူး၊ ငြိမ်းချမ်းရေး ရပြီ ဆိုရင်တော့ အဲဒီ ဆုံးရှုံးမှုတွေ မရှိတော့ဘဲ အများပြည်သူတွေ အဆင်ပြေ ငြိမ်းချမ်းလာမယ်၊ တိုင်းပြည်လည်း ချမ်းသာလာမယ်ပေါ့။

နိုဝင်ဘာ အပစ်ရပ်ရေး သဘောမတူကြသေး

(ဧရာဝတီ)

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကချင်လွတ်မြောက်ရေးတပ် ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံနေသလိုအစိုးရ ဦးဆောင်ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမည့် နိုဝင်ဘာလတွင် ဆောင်ရွက်မည်ဟုဆိုသည့်တိုင် လက်မှတ်ထိုးမည့် စာချုပ်ပါ အချက်အလက်များကို အစိုးရက တရားဝင်ပြောဆိုမှု မရှိသေးပေ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံ ကချင်ပြည်သူ အများအပြား ကြိုဆို

(Eleven Media Group)

အောက်တိုဘာ ၇ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိလာသော ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံများက ကြိုဆိုနေစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒေသခံ ကချင်ပြည်သူ အများအပြား ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့သည် လိုင်ဇာမြို့ ဖြတ်လမ်းမှတစ်ဆင့် နန်ဆန်ယန်သို့ ရောက်လာကာ ကုလအထူး ကိုယ်စားလှယ် ဘီဂျေနမ်ဘီးယား အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အချို့က ယင်းနေရာမှ ကြိုဆိုကာ ၀ိုင်းမော်၊ မြစ်ကြီးနားသို့ ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ဂျေယန့်ဒုက္ခသည်စခန်းက အပြာရောင်မျက်လုံးပိုင်ရှင်လေး

(KNG)

တရုတ်-မြန်မာ နယ်စပ် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ ဂျေယန့် (Je Yang)  ဒုက္ခသည် စခန်းတွင် ထူးခြားသော အပြာရောင်မျက်လုံးပိုင်ရှင် ၂ နှစ် အရွယ် မိန်းကလေးငယ်တဦး ခိုလှုံနေကြောင်း သိရသည်။

အဆိုပါ ဂျေယန့်ဒုက္ခသည်စခန်းတွင်ခိုလှုံနေသော မဒိန်ရိန်ဆိုင်းလုအောင်သည် မွေးစကတည်းက မျက်ဆံအိမ်အပြာရောင်ဖြစ်ပြီး ၄ ယောက်မြောက်သမီးဖြစ်ကြောင်း၊ ကလေးငယ်၏ အပြုအမူများသည် အခြားကလေးများထက် ထူးခြားမှုရှိကြောင်း မိခင်ဖြစ်သူ ဒေါ်လထော်ရွယ်ဂျီး ကချင်သတင်းဌာနသို့ ပြောသည်။

အစိုးရနဲ့ KIO မြစ်ကြီးနားမှာ ထပ်မံတွေ့ဆုံ

(VOA)

ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲကို တက်ရောက်ဖို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကိုယ် စားလှယ်တွေ ဟာ ဒီကနေ့ မြစ်ကြီးနားမြို့ ကို ရောက်ရှိ လာပြီး မြန်မာ အစိုးရတာ ဝန်ရှိသူတွေ အပါအဝင် ဆွေးနွေးပွဲ အတွက် ရောက်လာ သူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ KIO နဲ့ မြန်မာ အစိုးရ ကိုယ်စား လှယ် အဖွဲ့တို့ရဲ့ မနက်ဖြန်မှာ စတင်တဲ့ဆွေးနွေးမှုတွေကတော့ နိုင်ငံရေး၊ ဒုက္ခသည် အရေး စတဲ့ အရေးကိစ္စတွေအပါအဝင် အချက် ၅ ချက် အပေါ်မှာ အခြေခံပြီး အဓိကဆွေးနွေးဖို့ ရှိနေပါတယ်။ KIO နဲ့ မြန်မာအစိုးရတို့ရဲ့ အခုနောက်ဆုံးဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

KIO နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် KIO ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးမည်

(Mizzima)

အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ သုံးရက်ကြာ ငြိမ်းချမ်းရေး
ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို KIO ပါဝင်နိုင်မှု အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွား
မည်ဟု KIO အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောသည်။

Monday, October 7, 2013

ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ်ဖျက်သိမ်း

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

အစိုးရအဖွဲ့အနေဖြင့် ယင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားသော်လည်း ကချင်လွတ်မြောက်ရေးဘက်မှ ဖိတ်ကြားခြင်းမရှိဟု အစိုးရအဖွဲ့ သတင်းရင်းမြစ်ကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့သည် ယခုလ ၄ရက် မွန်းလွဲ ၁နာရီတွင် 'ဝ'အထူးဒေသ(၂)သို့ ရောက်ရှိကာ 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက် ယူချန်နှင့်တွေ့ဆုံခဲ့စဉ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးမှု များကို ပြည်ထောင်စုနေ့စဉ်သတင်းစာက မှတ်တမ်းတင်ဖော်ပြပါသည်။

'ဝ' ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နိုင်ငံတော်မှကူညီပေးရန်မျှော်လင့်စောင့် စားနေကြောင်း ဦးပေါက်ယူချန်ဆွေးနွေးပြောကြား.....

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနားတွင် မျက်နှာစုံညီရောက်ပြီ

(DVB)

အောက်တိုဘာ ၈ ရက်နေ့မှာ ပြန်လည် စတင်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ကုလသမဂ္ဂ လေ့လာသူတွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားမြို့ကို ရောက်ရှိနေကြပါ တယ်။

ပြီးခဲ့တဲ့မေလက ဆွေးနွေးပွဲပြီးကတည်းက ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အစိုးရနဲ့ ကချင်လွတ် မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို အောက်တို ဘာလ ၈ ရက်နေ့ကေန ၁၀ ရက်နေ့အထိ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရမှ ပြုလုပ်ရန် ရှိသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ ရေးတွင် အဘယ့်ကြောင့် လက်မှတ် ထိုးရမည် ဆိုသည်ကို ရှင်းရှင်း လင်းလင်း သိစေ ချင်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ယနေ့၌ ထုတ်ဖော် ပြောကြား ခဲ့သည်။


“လက်မှတ် ထိုးမယ့် စာချုပ်မှာ ၁၊ ၂၊ ၃၊ ၄ ဘာတွေ ပါမှာလဲ၊ ဒီကိစ္စ ကျွှန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး၊ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သိချင် နေကြတယ်၊ အဲဒီ တော့မှ ဒီအပေါ်မှာ လက်မှတ် ထိုးနိုင်မယ် မနိုင်ဘူး ဆိုတာ သုံးသပ်လို့ ရတာပေါ့” ဟု ဦးအောင်မြင့်က ပြောသည်။


ကေအိုင်အို ခေါင်းဆောင်များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆို

(Jinghpawkasa)
မြစ်ကြီးနား သို့ ရောက်ရှိလာသော ကေအိုင်အို အစိုးရ ခေါင်းဆောင်များ နှင့် အဖွဲ့ ဝင် များအား မြစ်ကြီးနား ဒေသခံများ မှ လှိုက်လှဲနွေးထွေးစွာ အင်တိုက်အားတိုက် ကြိုဆို


KIO နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက် ပြန်လည် သုံးသပ်ပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

အောက်တိုဘာလ (၈) ရက်နေ့မှ စတင်၍ သုံးရက်ကြာ မြစ်ကြီးနားမြို့ မဂျွှယ် ခန်းမ၌ ကျင်းပမည့် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ ဆွေးနွေး ပွဲအား တက်ရောက် ရန်အတွက် အဖွဲ့ အစည်း အသီးသီး၏ ခေါင်းဆောင်များ မြစ်ကြီးနား မြို့သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင် များက ပြောသည်။

KIO အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့အား ဆရာ ဇွန်လွတ်ဂမ်က ဦးဆောင်၍ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊ ဗိုလ်မှူကြီး ဇော်တောင်တို့ အပါအဝင် တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် (၈) ဦးတို့ အပြင် အခြား အဆင့် ကိုယ်စားလှယ် များလည်း တက်ရောက် ကြမည် ဖြစ်သည်။

အင်ခါဂါးကျေးရွာအနီးရှိ ရွာများမှ ဒေသခံများ ပူတာအို စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာ

(Kachin Waves)

ပူတာအိုမြို့နယ်ရှိ နောင်ခိုင်ကချင်နှစ်ခြင်းဘုရားကျောင်းရှိစစ်ရှောင်စခန်းနှင့် မချမ်းဘော့ ကချင်နှစ်ခြင်းဘုရားကျောင်းတွေ အင်ခါဂါးကျေးရွာအနီးရှိကျေးရွာများဖြစ်သော အင်ဖီဂါးကျေးရွာ၊ ကနွန်ယန် နှင့် ခါကန်ယန်ကျေးများမှ ထွက်ပြေးတိမ်းရှောင်လာသူဒေသခံများ အယောက် ၁၀၀ ခန့်ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။

`အင်ခါဂါးကျေးရွာကတော့ တစ်ယောက်မှ ထပ်မရောက်လာသေးဘူး။ သူတို့ကိုကဘယ်မှမသွားခိုင်းဘူးလို့ကြားတယ်။ ညအပေါ့သွားရင်တောင် တပ်သားတွေနဲ့အတူသွားရတယ်တဲ့။ အင်ခါဂါးနဲ့ ၈ လောက်ဝေးတဲ့ ကျေးရွာအနီးအချို့က ဒေသခံတွေတော့ စစ်ထပ်ဖြစ်မှာကြောက်ပြီး မနေရဲလို့ ဒီကိုရောက်လာကြတယ်။´ဟုဘာသာရေးဆရာတစ်ဦးကဆိုသည်။

လီဆူ တိုင်းရင်းသားသမိုင်း ပြုစုရေးသားပြီ

(Mizzima)

မြန်မာနိုင်ငံ၏ တိုင်းရင်းသားတစ်မျိုးတွင် အပါအ၀င်ဖြစ်သော လီဆူတိုင်းရင်းသားများ၏ သမိုင်းကြောင်းကို စာအုပ်ရေးသား ပြုစုနေပြီဟု လီဆူသမိုင်းပြုစုရေးတာဝန်ခံ ဒေါ်ဆွန်မလေးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ လီဆူသမိုင်းကို ယခင်က ပြုစုထားတာတွေရှိတယ်။ ယဉ်ကျေးမှုအသီးသီးက စာအုပ်တွေမှာလည်း ပါတယ်။ ဒါပေမဲ့ မပြည့်စုံပါဘူး။ အနည်းငယ်သာ ပါတာပါ။ အဲဒီအတွက် လီဆူသမိုင်း မရှိလို့မဖြစ်ဘူး။ လီဆူ လူမျိုးတွေရဲ့သမိုင်းကို သိခြင်းအားဖြင့် လီဆူဆိုတာ ကိုယ့်စာပေ၊ ယဉ်ကျေးမှုတွေ ရှိတယ်ဆိုတာ မြန်မာသာမက တစ်ကမ္ဘာလုံးပါ သိစေချင်တဲ့အတွက် သမိုင်းကို ပြန်လည် ပြုစုဖော်ထုတ်နေရတာ ပါ”ဟု ပြောသည်။

တပ်မ (၉၉) ကြောင့် မံတားကျေးရွာသားများထွက်ပြေးတိမ်းရှောင်

(Jinghpawkasa)

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံတားကျေးရွာ အနီးပတ် ၀န်းကျင်ရွာများမှ ရွာသူရွာ သားများသည် KIA နဲ့ဗမာ စစ်တပ်တို့ တိုက်ပွဲဖြစ်မည် စိုးရိမ်၍ တိမ်းရှောင်ရန် အတွက် ဧရာဝတီမြစ် ဆိပ်၌ စုပြုံနေကြကြောင်း၊ ဗန်းမော်မြို့သို့ ပြေး လာဖွယ်ရှိကြောင်း သတင်း ရရှိပါသည်။
အဆိုပါဒေသ သို့ အစိုးရ တပ်မ (၉၉) ထိုးစစ်ဆင် လုပ်ရှား လာသောကြောင့် ရွာလူကြီးများမှ ထိုးစစ်မဆင်ရန် လာရောက်တောင်းပန်သော်လည်း တပ်မမှူးမှ “စစ်တိုက်ဖိုးလာတာ၊ ပြန်မဆုတ်ဘူး” ဟု တင်းမာစွာပြောလွတ်လိုက်သောကြောင့် ရွာသားများကြောက်လှန့်ပြေးကြခြင်းဖြစ်ကြောင်း သိရှိပါသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်မှစ၍ မြစ်ကြီးနားမြို့၌ ပြုလုပ်မည်

(Eleven Media Group)

နှစ်ဖက်ခေါင်းဆောင်များ ပါဝင်ကြမည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အောက်တိုဘာ ၈၊ ၉၊ ၁၀ ရက်များတွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၌ လေ့လာစောင့်ကြည့် သူများအဖြစ် မည်သည့်အဖွဲ့အစည်းများကို ဖိတ်ကြားမည် ဆိုသည်ကို အတည်ပြု ဆွေးနွေးခဲ့ကြသည်။ 

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူများ ယခင်မေလအတွင်း ဆွေးနွေးပွဲထက် နှစ်ဆကျော် များမည်

(Eleven Media Group)

လာမည့် အောက်တိုဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်တွင် မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင် ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် သူများသည် ယခင်မေ ၃၀ ဆွေးနွေးပွဲကထက် နှစ်ဆကျော် များမည်ဖြစ်ကြောင်း သိရသည်။

ယခင် ဆွေးနွေးပွဲတွင် အစိုးရ၊ ကေအိုင်အို၊ လေ့လာသူပေါင်း ၆၅ ဦးသာ တက်ရောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အစိုးရအဖွဲ့မှ ၃၀ ဦး၊ ကေအိုင်အိုမှ ၅၃ ဦး၊ လက်နက်ကိုင် အဖွဲ့များမှ ၂၄ ဦး၊ ပါတီ ခုနစ်ပါတီ၊ ကချင်ပြည်နယ်တွင်း ရှမ်းရေးရာအဖွဲ့၊ လေ့လာသူများ အပါအ၀င် အနည်းဆုံး ၁၁၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြောကြား

(Eleven Media Group)

"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ချက်ချင်းဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က အောက်တိုဘာ ၆ ရက်တွင် Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် "၀" သွေးစည်းညီညွတ်ရေး ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံတို့ UWSP ဌာနချုပ် ပန်ဆမ်းမြို့၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပစ်ရပ်ရေး ဆွေးနွေးပွဲတက်ဖို့ ကုလ ကိုယ်စားလှယ် ရောက်ရှိ

(RFA)

အောက်တိုဘာ ၈ ရက်နေ့မှာ စတင်မယ့် အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒီနေ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဒီနေ့ မြစ်ကြီးနားကို ရောက်လာပြီး မနက်ဖြန်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့နဲ့အတူ တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့တစ်ချို့လည်း ရောက်ရှိလာမယ်လို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို ပြောပြပါတယ်။

Sunday, October 6, 2013

(ခလရ -၃၇)နှင့် ပြည်သူ့စစ်များ တာပတောင်းကျေးရွာတွင် ဓါးမြတိုက်

(jinghpawkasa)


(ခလရ-၃၇) နှင့် ပြည်သူ့ စစ်များပါဝင်သော အင်အား(၂၀၀) ခန့်ရှိ ဗမာစစ်တပ် သည် အောက် တိုဘာ လ (၄) ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ ညနေ ၃း၀၀ နာရီ အတွင်း တာလောကြီးအောက်ပိုင်း တာ ပတောင်း ကချင်ရွာ သို့ ၀င်ရောက် လာပြီး ရွာသားများ၏ ကြက်၊ ၀က်များကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ရွာမီးရှို့လိုက်မည်ဟု
ကြိမ်းမောင်းခြောက်လှန့်ခြင်း၊ ဓမ္မဆရာများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ကြကြောင်း ရွာသားများထံမှ သတင်ပေးပို့ ချက်အရ သိရှိရပါသည်။ တာလောကြီးဒေသဘက်တွင် လှုပ်ရှားနေသော ဗမာစစ်တပ်အင်အား ၄၀၀ ခန့်ရှိပြီး ရွာတွေ့တိုင်းလုယက်ဓါးမြတိုက်မှုများ ပြုလုပ်ကြကြောင်းသိရပါသည်။

ဖားကန့် ကျောက်စိမ်းများနှင့် အနာဂတ်

(Irrawaddy)


အခု လက်ထဲမှာ ကိုင်ထားသည့် လက်တ ၀ါးလောက် ရှိမည့် ကျောက်စိမ်း တုံးလေးကို ရဖို့ လှုပ်လီလှုပ်လဲ့နှင့် ယိမ်းထိုးနေသော မြေစာ ပုံကြီးပေါ်မှာ ကိုတင်ထွန်း တညလုံး အချိန်ကုန်ခဲ့ရ သည်။ ဒီကျောက်စိမ်းတုံးလေးက သူ၏ အနာဂတ် ဖြစ် လာဖို့ ကိုတင်ထွန်း မျှော်လင့်နေသည်။ ယခင်က လည်း ဒီလိုမျိုး ကြုံခဲ့ရဖူးသည်။

“မနှစ်က သိန်း ၅၀၀ လောက်တန်တဲ့ ကျောက်တလုံး ရဖူးတယ်” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ အနောက် မြောက်ဘက်ဒေသ ကျောက်စိမ်းဒေသမှ မြေစာပုံများ ချိုင့်ကျင်းကြီးများကြားတွင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသည့် ကျောက်က ဒေါ်လာ ၅၀၀၀၀ ခန့်တန်ပြီး အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သော ကိုတင်ထွန်း အတွက် ဇာတိရပ်ရွာတွင် မြေကွက်ဝယ်ကာ အိမ်တလုံးဆောက်ဖို့ လိုအပ်သည်ထက်ပင် ပိုနေပါသေးသည်။


ဝတပ်အနေနဲ့ တပြည်လုံး အပစ်ရပ်ပွဲမှာ ချက်ချင်း လက်မှတ်မထိုးနိုင်

(BBC)

မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက်  ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

(RFA)

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲတာထက် ပြင်ဆင်သင့်တာတွေ ကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေး ပါတီကို သွားရောက်စည်းရုံး

(Eleven Media Group)

အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သွားရောက်စည်းရုံးခဲ့ရာ ပထမနေ့ ဆွေးနွေးမှုတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း UWSP နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ရောက်ရှိခဲ့ပြီး UWSP ဒုတိယဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်သော အဖွဲ့များနှင့် တွေ့ဆုံပြီးဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့အပေါ် မူတည်ဟုဆို

(Eleven Media Group)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း

(Eleven Media Group)

နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံးအကြိမ် ကချင်ပြည်နယ် ခရီးစဉ်အား ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရတပ်များ အဆိပ်ငွေ့ပါသော လက်နက်ကြီးဖြင့် KIA ကို ပစ်ခတ်တိုက်ခိုက်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မူဆယ်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) နယ်မြေ နမ်မူဘွမ် (Nam Mu Bum) သို့ ယမန်နေ့နံနက် ၇ နာရီခန့်တွင် အစိုးရတပ်ဖက်မှ လှုပ်ရှားလာပြီး KIA ပြည်သူ့စစ် (MKM)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဓါတုအဆိပ်ငွေ့ပါလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် KIA ၆ ဦးထိခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၂၀ ခန့်ရှိသော အစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၂၉၀)သည် အစိုးရတပ်နှင့် မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဓါတုလက်နက်ဟု ယူဆရသော လက်နက်ကြီး ၆၀ မမ ဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နာမည်မဖော်လိုသော KIA ရှေ့တန်းအရာရှိတဦး KNG ကချင်သတင်းဌာန သို့ အတည်ပြုပြောသည်။