Saturday, October 5, 2013

KIA, တပ်ရင်း(၁၂) နှင့် တိုက်ပွဲတွင်အစိုးရတပ်မှ (၃)ဦးကျ

(Lachin Kachin)

အောက်တိုဘာလ (၄)ရက်နေ့ (၁၁း၃၀) အချိန် မြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၁၄၂) တပ် မှ ဗမာစစ်သားများ သည် ပန်ကောင်းမှုး ရွာမှ ရွာကော်မတီ ၀င်ဦးမောင်ထွန်းအား KIA, ၏လှုပ်ရှားမှု သတင်းများ မပေး ဟု အကြောင်းပြကာ ဖမ်း ဆီးနှိပ်ဆက် ခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။

KIA,တပ်ရင်း (၁၂)၏ အုပ်ချုပ်ဒေသဖြစ်သော မဘိန်း နှင့် စင်းခန်းကြီး သို့ ကျူးကျော်ဝင်ရောက်လာ သောမြန်မာ အစိုးရ စစ်တပ် (ခ.လ.ရ-၆၉) နှင့် (ခ.မ.ရ-၅၂၂) တပ် မှ စစ်ကြောင်း နှင့် KIA, တပ်ရင်း (၁၂)တပ်ဖွဲ့ ၀င်တို့အကြား ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉) ရက်နေ့ တွင်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ ရာ မြန်မာ အစိုးရစစ်တပ် ဘက်မှ (၅)ဦးထိခိုက် ဒဏ်ရာရရှိပြီး (၃)ဦး ကျဆုံးကြောင်း KIA, ရှေ့တန်း သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။


UNFC အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ပျက်ပြယ်ဖွယ်ရှိ

(Eleven Media Group)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကြိုညှိနှိုင်း ချက်များကို အစိုးရဘက်က လက်မခံပါက အောက်တိုဘာလတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်နေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးပွဲ ပျက်ပြယ်ဖွယ် ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်နှစ်ဦးနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများမှ ကိုယ်စားလှယ်များကို ကေအိုင်အိုဘက်မှ ဖိတ်ကြားထားသော်လည်း အစိုးရဘက်မှ ဖိတ်ကြားခြင်း မရှိသောကြောင့် US နှင့် UK နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်မည် မဟုတ်ဟု ဦးဆန်းအောင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့သွားရောက်မည်

(Eleven Media Group)

သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သွားရောက်မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားပြီး ၎င်း၏ အစိုးရတက်လာပြီး နောက်ပိုင်းတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲအတွက် ဆွေးနွေးရန် ရက်ပိုင်းအလိုတွင် ယခုလို သွားရောက်ခြင်းဖြစ်သည်။

Friday, October 4, 2013

တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းမည်

(DVB)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အခုလအတွင်း ကျင်းပဖို့ရှိ နေပြီး အဖွဲ့တစည်းတချို့က အဲ့ဒီလက်မှတ်ထိုးပွဲကို မတက်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အခုလို တိုက်တွန်းတာလို့  မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ပရိုဂရမ်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောပါတယ်။

Myen Asuya Hpyen Hpung ni hte TNLA ni gasat poi byin.

(Kachinnet)

2013 ning October (3) ya shani, shana maga hkying (05:00)pm aten daram hta KIA Masat (4) Dap Ba, Dap Dung (34) uphkang ginra rai nga ai, Man Lum hte Dak Lek lapran kaw, Myen Asuya Hpyen Dap maga na hpyen hpung ni hte Hpu Nau Balawng  TNLA  Hpyen Hpung ni gasat poi byin ai lam chye lu ai. Gasat poi byin ai shara hta Myen Asuya Hpyen Dap maga de na marai (3) hkrat sum ai lam chye lu ai.

ဂျေယန့်ဒုက္ခသည်စခန်းမှ ပျက်စီးသွားသောနေအိမ်အချို့ကို ကရုဏာအဖွဲ့မှ ပြန်လည်ပြုပြင်ပေးမည်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာ ရှိ ဂျေယန့်ဒုက္ခသည် စခန်း တွင် ပြန်လည်ပြုပြင် ရန် လိုအပ်နေ သည့် ဒုက္ခသည် အိမ်ထောင်စု (၇၀၀) အ တွက် အိမ်ခန်း အသစ်များအား မြစ်ကြီးနား ရိုမန် ကက်သလစ် ကရုဏာ အဖွဲ့ (KMSS)မှ ယခင်ထက် ပိုမိုကောင်း မွန်အောင်ဆောက် လုပ်ပေး သွားမည်ဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်စခန်း တာဝန်ရှိသူများ ထံမှသိရသည်။

အဆိုပါ ဒုက္ခသည်များနေထိုင်သော အိမ်ခန်းသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ  ဆောက်လုပ်ပေးသောအိမ်ခန်းတန်းလျားများဖြစ်သောကြောင့် ယခုချိန်တွင် ပျက်စီးလာပြီး၊ ၄င်းထဲမှ အများစုဖြစ်သော မိုးကာဖြင့် ဆောက်လုပ်ထားသည့်အိမ်ခန်းများကို အသစ်ပြုပြင်ခြင်းဖြစ်ကြောင်း စခန်းအတွင်းရေးမှူး ကပြောသည်။

KIO နှင့် အစိုးရ တွေ့ဆုံဆွေးနွေးပွဲတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်လိုဟု ဆို

(Mizzima)

KIO (ကချင်လွတ်လပ်ရေးအဖွဲ့)နှင့် နိုင်ငံရေးဆွေးနွေးမှုအဆင့်များ မြင့်တက်လာစေရန် KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုအပ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက မဇ္ဈိမကို
ပြောသည်။

အစိုးရတပ်များ ကချင်လွတ်မြောက်ရေးတပ် KIA ရှိရာ နေရာအသီးသီးတွင် စစ်အင်အားတိုးချနေ

(ကချင်သတင်းဌာန)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အောက်တို ဘာလ တွင် တွေ့ဆုံဆွေးနွေး နိုင် ရန် နှစ်ဖက် နည်းပညာအဖွဲ့များ ညှိနှိုင်းဆွေးနွေးနေဆဲချိန် အစိုးရတပ် သည် တပ် အပြောင်း အလဲဖြင့် KIO နယ်မြေ ရှေ့ တန်းနေရာ များတွင် စစ်အင်အားများတိုးချဲ့နေကြောင်း သိရသည်။

မြန်မာအစိုးရတပ်များသည် စက်တင်ဘာလကုန်ပိုင်းမှ KIA တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅) နယ်မြေများတွင် တပ်အပြောင်းအလဲဖြင့် စစ်အင်အားများ တပ်မံတိုးချဲ့နေကြောင်းသိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ကေအိုင်အိုတို့ မူဘောင်ကွဲလွဲမှု ရှိနေ

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကေအိုင်အို အလုပ်အဖွဲ့ရုံးတွင် မြန်မာ့ငြိမ်းချမ်းရေး စင်တာနှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၃ ရက်တွင် ဒုတိယနေ့အဖြစ် ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ကွဲလွဲမှု ရှိနေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် ကေအိုင်အို အနေဖြင့် လွန်ခဲ့သော အတွေ့အကြုံများအရ နိုင်ငံရေး ဆွေးနွေးပွဲသာ အရင်ဆုံး လုပ်ဆောင်လိုပြီး အစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲပြီးမှသာ တစ်ဆင့်ပြီးတစ်ဆင့် သွားလိုကြောင်း သိရသည်။

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်

(RFA)

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားမှာဖြစ်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကပြောပါတယ်။

Thursday, October 3, 2013

အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော

(DVB)


အောက်တိုဘာ ၈ ရက် ကနေ ၁၀ အထိ ကျင်းပဖို့ရှိ တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ် ရပ်စဲရေးလက်မှတ် ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ် လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပြောဆို လိုက်ပါတယ်။

ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ အတွက်  ကေအိုင်အေ  ငြိမ်းချမ်းရေးဖော်ဆောင် မှု လုပ်ငန်း အဖွဲ့နဲ့   အစိုးရ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော် မတီက လုပ်ငန်း အဖွဲ့တွေ  မြစ်ကြီးနားမှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ပြောဆိုလိုက်တာပါ။

ကချင်ဆွေးနွေးပွဲ လုပ်နေပေမဲ့ တိုက်ပွဲ မရပ်

(BBC)

ဒုက္ခသည် စခန်း တခုရှိ ကချင် စစ်ပြေး ပုန်းရှောင်များ
မြန်မာအစိုးရနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင် အိုတို့ တဘက်မှာ ဆွေးနွေး ပွဲတွေ ပြုလုပ်နေပေမဲ့ တဘက်မှာ စစ်ပွဲလည်း ဆက်လက် ဖြစ်ပွား နေပါ တယ်။

အလုပ်အဖွဲ့ ဆွေးနွေးပွဲကို ၈၊၉၊၁၀ တို့မှာ ပြုလုပ်မယ့် ပြည်ထောင်စု ဆွေးနွေးပွဲ အတွက် အကြိုညှိနှိုင်းမှု အနေနဲ့ ပြုလုပ်ခဲ့ ပါတယ်။

ပြည်ထောင်စု ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးမယ် ဆိုတာကို အကြမ်းဖျဉ်း သဘောတူညီချက် ရခဲ့တယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

အောက်တိုဘာလတွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ဘေးဒုက္ခသည်များနှင့် ပတ်သတ်ပြီး မူတစ်ခု ချမှတ်သည် အထိ ဆွေးနွေးသွားမည်။


(Kachinwaves)

အစိုးရတပ်မတော်နှင့် ကေအိုင်အိုတို့ လာမည့် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အချက်ငါးချက်ကို အဓိကထားဆွေးနွေးသွားမည် ဖြစ်ပြီး ယင်းငါးချက်မှ နံပါတ်၂ အချက်မှာ စစ်ကြောင့်နေရပ်စွန့်ခွာနေထိုင်နေသည့် စစ်ရှောင်တိမ်းနေထိုင်နေသူများနှင့် ပတ်သတ်ပြီး မူဝါဒတစ်ခုချမှတ် နိုင်သည်အထိ နှစ်ဖက်အဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ် ကြာင်း ကေအိုင်အို TAT ပြောရေးဆိုခွင့်ရှိသူဦးဒေါင်ခါးက ပြောသည်။

အင်ခါးဂါးကျေးရွာ အဖြစ်အပျက်(KBC)ကိုယ်စားလှယ်များ၏ အစီရင်ခံစာ

( post by KBC)


ပူတာအို ခရိုင်၊ အင်ခါးဂါးကျေးရွာ တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ် ပွားနေကြောင်း သတင်းရရှိ သည့်နောက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ သိက္ခာတော်ရ ဆရာခါးထုန်၊ ဒေါက်တာ လဟီ လာခါး၊ သိက္ခာတော်ရ ဆရာလမာယော်တို့နှင့် အတူ ပူတာအိုသာသနာနယ် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်အောင်၊ သိက္ခာတော်ရ ဆရာဖုန်ဆိုင်း၊ သိက္ခာတော်ရ ဆရာကျမိုင်မင်းဂမ်နှင့် ဆရာမ ခေါန်ဂျာတို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာလ (၂၅-၂၉) ရက်နေ့အတွင်း အင်ခါးဂါးကျေးရွာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ကေအိုင်အေ နှင့် မြန်မာ့တပ်မတော် ငြိမ်းချမ်းရေး (၁၇-၆-၂၀၁၁)

ဆောင်းပါးရှင် ၊ အောင်လင်းထွဋ်
 
မြန်မာနိုင်ငံမြောက်ဖက် ဧရာဝတီမြစ်၏မြစ်ဖျားခံရာ မေခမြစ် နှင့် မေလိခမြစ် တို့ပေါင်းစုံသည့် က-ချင် သည့် လူမျိုးအများစုနေထိုင်ရာ ကချင်ပြည်နယ်၏ငြိမ်းချမ်းနေမှုကို မကြာသောကာလက မသမာသူစစ်အာဏာရှင် ခေါင်းဆောင်ကြီးက ခြေထောက်ဖြင့်နင်းခြေဖျက်ဆီးခဲ့လေပြီ။ 
 
ခက်ခက်ခဲခဲရယူထား သော ကေအိုင်အေ နှင့် မြန်မာ့တပ်မတော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ရသော စာရေးသူ အနေဖြင့်  ငြိမ်းချမ်းရေးရရှိရန် မည်ကဲ့သို့ဆောင်ရွက်ခဲ့ရသည်ကိုတင်ပြလိုပါသည်။ ဆောင်းပါးမစမှီ ဦးစွာပထမ စာဖတ်သူများအား ၀န်ခံလိုသည်မှာ စာရေးသူတို့ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင်ကြီး၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရသည်ကို အချိန်နှောင်းမှသိခဲ့ရပါသည်။
 
န၀တခေတ်ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့်ပတ်သက်၍ နှစ်ပိုင်းခွဲကြည့်ရမည်ဖြစ်ပါသည်။ 
 

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် မြစ်ဆုံစီမံကိန်းဘက် အာရုံစိုက်မှုနည်းလာဟုဆို

(Mizzima)

ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော စစ်ပွဲများ၊ ဒုက္ခသည်များ အရေးကြောင့် ကချင်ပြည်နယ်တွင်း လုပ်ဆောင်ခဲ့ သော မြစ်ဆုံဆည်စီမံကိန်းအရေးကိစ္စနှင့် ပတ်သက်ပြီး အာရုံစိုက် စိတ်ဝင်စားမှုနည်းလာကြောင်း မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်ခဲ့သူ ကချင်ဒေသခံ ဒေါ်ခွန်ဂျာ က အောက်တိုဘာ ၁ ရက်တွင် ပြောသည်။

လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း ဆောက်လုပ်သော ကုမ္ပဏီအနေဖြင့် စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေမှုများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။ လက်ရှိအနေအထားအရ လူမှုရေး အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများကို ကူညီဆောင်ရွက်ရန်အတွက် လုပ်ဆောင်နေခြင်းကြောင့် မြစ်ဆုံဆည်ကိစ္စကို အရေးမပေးဖြစ် တော့ခြင်းဖြစ်သည်ဟုလည်း ဒေါ်ခွန်ဂျာက ဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ UNFC ကိုယ်စားပြု တက်မည်မဟုတ်

(Mizzima)

လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC သည် တစ်ဖွဲ့လုံး ကိုယ်စားပြုတက်ရောက်မည်မဟုတ်ကြောင်း UNFC မှ တွဲဖက်အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“UNFC အနေနဲ့ သွားမှာ မဟုတ်ဘူး။့ င်္ဃြအနေနဲ့က လက်မှတ်ထိုးပွဲနေရာကို လေ့လာသူအနေနဲ့ ဗဟိုကခေါင်းဆောင် တွေက ကိုယ့်အဖွဲ့က တစ်ဖွဲ့ချင်းထိုးတဲ့ ဟာကို လေ့လာသူအနေနဲ့ တက်ရောက်ဖို့တော့ ဖိတ်ထားတယ်။ တစ်ဖွဲ့ချင်းထိုးမယ် မထိုးဘူးဆိုတာလည်း မဆုံးဖြတ်ရသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေး

(Eleven Media Group)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့ပြီး လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ခေါင်းစဉ်ငါးခုကို ဆွေးနွေးခဲ့သည်။

လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းတွင် အောက်တိုဘာ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများမှာ ပြီးခဲ့သော ဆွေးနွေးပွဲ၏ အကျိုးဖြစ်ထွန်းမှုများ၊ ရွှေ့ပြောင်း ဒုက္ခသည်ကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ နိုင်ငံရေးကိစ္စနှင့် အခြားကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။

Wednesday, October 2, 2013

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (၂) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

 Sunday, October 30, 2011
http://www.demowaiyan.org/2011/10/blog-post_6658.html


ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေလဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

ကေအိုင်အေနှင့် အစိုးရ အပစ်ရပ်ရေးအပါအ၀င် အချက် ၅ ချက် ဆွေးနွေး

(DVB)

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) လုပ်ငန်းအဖွဲ့နဲ့  အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းအဖွဲ့ဝင်တွေ  ဒီကနေ့ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာ စတင်တွေ့ဆုံဆွေးနွေးနေပါတယ်။

လာမယ့် ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး  ဆွေးနွေးပွဲတွေ အတွက်  အစိုးရနဲ့ ကေအိုင်အိုအကြား အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုးနိုင်အောင် ကြိုတင်ကြိုး ပမ်းတဲ့အနေနဲ့ ကေအိုင်အေ  လုပ်ငန်းအဖွဲ့နဲ့   အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လုပ်ငန်းအဖွဲ့တွေ ဆွေးနွေးနေကြတာပါ။

တရုတ်နယ်စပ် ဒုက္ခသည်စခန်းများ တွင် ဆောင်းအ၀င် အရေးတကြီး အကူညီများလိုအပ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် တရုတ်နယ်စပ် တလျှောက် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ ဒုက္ခသည် စခန်းများ တွင် ဆောင်း ရာသီ ရောက်လာ သည်နှင့်အမျှ အအေးဒဏ်ကိုခံနိုင် သည့်စောင်များနှင့် ပျက်စီးနေသော ယာယီစခန်း များ ပြန်လည်ပြုပြင်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူများ ကပြော သည်။

ယခုနှစ်စက်တင်ဘာလအတွင်း UN မှ ကူညီထောက်ပံ့များ ၃ ကြိမ်ရရှိပြီဖြစ်သော်လည်း တရုတ်နယ်စပ် ဗန်းမော်ခရိုင် လွယ်ဂျယ် (Loije)၊ မိုင်ဂျာယန် (Mai Ja Yang)နှင့် ပန်ဝါ (Pangwa) ဒေသများတွင် ခိုလှုံနေသော ဒုက္ခသည်စခန်းများအတွက် ၄င်းတို့၏ယာယီတဲများပြန်လည်ဆောက်လုပ်ပေးရန် အရေးပေါ်လိုအပ်လာခြင်းဖြစ်ကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

ဇိုင်းအောင်စခန်းရှိ ဒုက္ခသည် အယောက် ၂၀၀ ခန့်တွင် နှာစေး၊ချောင်းဆိုးဖြစ်ပွားနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူကြီးလူငယ် အယောက် ၂၀၀ ခန့်တွင် အအေး မိ နှာစေး၊ ချောင်း ဆိုး ရောဂါဖြစ်ပွားနေပြီး ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလကုန်ပိုင်းမှ စ၍ဖြစ်ပွားနေခြင်းဖြစ်ပြီး လူနာများနေ့စဉ်မပျက် ဆေးခန်းသို့ ရောက်ရှိ လာကာ ယခုချိန် ၎င်းတို့အား ကုသပေးရန်ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည် တာဝန်ခံ ဆရာ ဘရန်ဆန် KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ဆုံစီမံကိန်းအတွက် CPI ၏ EIA အစီရင်ခံစာ ချို့ယွင်းချက်များရှိနေ

(Irrawaddy)

မြစ်ဆုံ စီမံ ကိန်းနှင့် ပက်သက်ပြီး China Power Investment (CPI) ကုမ္ပဏီ ဘက်မှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အစီရင် ခံစာ (EIA) တွင် အားနည်း ချို့ယွင်းမှု များနှင့် ပြည်စုံ မှုမရှိသော ကောက် ချက်ချမှုများ တွေ့ရှိရသည် ဟု စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုး တက်ရေး အသင်းမှ ထုတ်ပြန် လိုက်သည်။
အဆိုပါ အသင်း က နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များ ကို အခြေပြု၍ အထက်ပါ ကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (၂၀၁၁ ခုနှစ် ဇူလိုင်လ ဗွီအိုအေ အင်တာဗျူး)

စနေ, 02 ဇူလိုင် 2011
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၁)
By ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၆၇)
မကြာသေးခင် ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ပြင်းထန်လာခဲ့ပြီးတော့၊ ဒေသခံတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က (၅) ဦးပါ ငြိမ်းချမ်းမှုတည်ဆောက်ရေး အ ဖွဲ့ ဖွဲ့ပြီး၊ ဒီအဖွဲ့နဲ့ KIA နဲ့ ဇွန်လ(၃၀)ရက်နေ့က အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးခဲ့ကြရာမှာတော့၊ အစိုးရ ရဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက နှစ်ဦးဖြစ်တဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး (ပထမတန်း) အရာရှိ ကြီးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တို့၊ မပါဝင်ခဲ့ကြပါဘူး။ ဒီအခြေအနေပေါ်မှာ၊ KIA နဲ့ အစိုးရစစ်တပ်တို့ ရဲ့ အပစ်အခတ်ရပ်စဲရေး အနေအထားကို၊ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ် နဲ့ ကိုရော်နီညိမ်းက၊ မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့  “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။

Hkai Sun Lamu Ga Zing La Hkrum Ai Majaw Nam Tau Mare Masha Ni Jam Jau

(Kachinnet)

Muse Ginwang, Pang Sai (Chyu Kote) Ginwang Daw, Nam Tau mare buga masha ni a hkai sun lamu ga ginra ni hpe N.A.HP asuya uphkang ten Mungdan Hkai Sun masing ngu ga baw hte yi sun lamu ga ginra Eka(338) daram hpe atik anang zing la wa sai lam dai mare buga masha ni kawn chye lu ai.

Ndai shara ni hta ya ten lakmat nlu tara nshang ai kumshu sun hpe maigan Miwa amyu sha ni galaw sha nga ai lam chye lu ai.

KIO ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့် ရ

ရန်ကုန်၊ အောက်တိုဘာ ၁

KIO  က ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်း အစိုးရမှ သန်းခေါင်စာရင်း ဝင်ရောက်ကောက်ယူရန် သဘောတူလက်ခံလိုက်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။

၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက် တွင် အစိုးရက ပြန်လည်ဆောင်ရွက်သည့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်၌  KIO က ပါဝင်လာခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ တပ်အခြေချစခန်း အပါအဝင် ထိန်းချုပ်နယ်မြေအတွင်းရှိ ကယ်ဆယ်ရေးစခန်းနှင့် KIOထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသူစာရင်း ကိုပါ ကောက်ယူခွင့်ပေးထား သည်ဟု ဦးမြင့်ကြိုင်ထံမှ သိရသည်။

မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆို

(Mizzima)

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ နံနက်ပိုင်း ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO နှင့် မုန်းဒိန်ပါ ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၉ ရက်မှ စတင်၍ အစိုးရ၏ တပ်ရင်းသုံးရင်းပါ စစ်ကြောင်း လှုပ်ရှားလာသဖြင့် KIA တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း ၁၂ တပ်ဖွဲ့နှင့် ယနေ့ထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

စစ်၏ သားကောင်များ၊ စစ်၏ ဇာတ်ကောင်များ၊ စစ်၏ ဇာတ်ညွှန်းဆရာများ

(Mizzima)

အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ စစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်လည်း လိုက်ပါ ပြောင်းလဲလာခဲ့
သည်။ ထိုအခါ စစ်နှင့်ဆက်နွယ်လျက်ရှိသော အချက်အလက်များမှာ ပိုမိုရုပ်လုံးပေါ်လာကာ စစ်ကို လူတွေ ယခင်ကထက် ပိုပြီး နားလည်လာခဲ့ကြရ၏။

လွန်ခဲ့သော နှစ်ပေါင်းငါးရာကျော်ခန့်အထိမူ စစ်သည်လူမျိုးများ တည်တံ့ရပ်တည်နိုင်ရေးကို အဓိက အာမခံသည့် အလုပ်အဖြစ် လူတို့ လက်ခံခဲ့ကြ၏။ လူမျိုးအသီးသီးသည် စစ်ဖြင့် မိမိလူမျိုး၏ ဥပဓိရုပ်ကို ပုံဖော်တတ်ကြပြီး ယင်းစစ်ဖြင့်ပင် မိမိတို့လူမျိုးရပ်တည်ကြံ့ခိုင်ရေးအတွက် ကျားကန်တည်ဆောက်ခဲ့ကြ၏။

မြန်မာ့ငြိမ်းချမ်းရေးစင်တာနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု

(Ven Ravika)

မြန်မာငြိမ်းချမ်းရေးစင်တာနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ကို လေ့ လာကြည့်ရာ အောက်ပါ အချက် အလက်များကို သတိပြုမိသည်။

Identify needs and interests

တိုင်းရင်းသားတို့၏ လိုအပ်ချက်နှင့် အကျိုးစီးပွားကို လေ့လာသင့်သည်။ လူသတ်ရန် လက်နက်ကိုင်ခြင်းမဟုတ်၊ ရှင်သန်ရေးအတွက် ကိုင်ရခြင်းဖြစ်သည်ဟု N-Gun Ja Wa က ဆိုသည်။ ရှင်သန်ရေးနှင့် လုံခြုံရေးအတွက် တော်လှန်ရခြင်းဖြစ်သည်။ သို့ဖြစ်၍ တိုင်းရင်းသားတို့က နိုင်ငံရေးအာဏာကို ရယူလိုကြသည်။ မိမိတို့လုံခြုံရေးအတွက် ပြည်နယ်တပ်မတော်ကို ထားလိုကြသည်။ ဤအချက်ကို လေးနက်စွာ ထည့်သွင်းစဉ်းစားရမည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု (၂) နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပ။

(Kachin Waves)

မြစ်ဆုံရေ ကာတာ စီမံကိန်း ရပ်ဆိုင်း ထားမှု (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ စက်တင် ဘာလ (၃၀) ရက်နေ့ မြစ်ကြီး နားမြို့ သီတာနှစ်ခြင်း အသင်းတော်ရှိ ခန်းမဆောင် တွင် ဘာသာပေါင်း စုံ စုပေါင်းကာ ဆုတောင်း ပွဲကို ဂိုဏ်းဂန အသီးသီးမှ ပုဂ္ဂိုလ်များ၊ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွေ့ ခံရသည့် ဒေသခံ များ စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက် ကာ ကျင်းပခဲ့သည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွေ့ခံရသည့် ဒေသခံများ၏ ကျွဲ နွားများကို CPI ၏ လုံခြုံရေးများ ခိုးသတ်စား။

(Kachin Waves)

မြစ်ဆုံရေ ကာတာ စီမံကိန်းကြောင့် ပြောင်းရွေ့ ခံထားရသည့် ရွာသားများ ၏ ကျွဲ၊နွားများကို CPI ၏ လုံခြုံရေးများမှ သတ်ဖြတ် စားသောက်မှု ရှိ နေသော် လည်း CPI တို့ ၏ လုပ်ငန်းဆိုင်း သို့ သွားရောက်ခွင့် မရှိသည့် အတွက် လက်ဆုတ် လက်ကိုင် သက်သေပြစရာ များ မရှိဖြစ်နေကြောင်း ဒေါင် ပန်ကျေးရွာ မှ ပြောင်းရွေ့ခံ ထားရသည့် ဦးမုန်ရာ က ယနေ့ ကျင်း ပ သည့် မြစ်ဆုံ  ရေကာ တာ စီမံကိန်း ရပ်ဆိုင်းမှု (၂)နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း ဒေသခံများစိုးရိမ်နေရဆဲ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းအား အစိုးရမှ တရားဝင်ရပ်ဆိုင်းထားသောကာလ ၂ နှစ် ပြည့်နေသော်လည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI)မှ လှုပ်ရှားမှုများ ရပ်သွားခြင်းမရှိသေးကြောင်း မြစ်ဆုံစီမံကိန်းကျေးရွာနယ်မြေ ဒေသခံများကပြောသည်။

၎င်းကုမ္ပဏီမှကားများသည် မြစ်ဆုံစီိမံကိန်းရှိရာ ဒေသများသို့ မကြာခဏသွားရောက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကာ၊ ဒေသခံများအားစည်းရုံးမှုများလည်းရှိနေကြောင်း ပြောနေခြင်းဖြစ်ကြောင်းသိရသည်။

Tuesday, October 1, 2013

တစ်နိုင်ငံလုံး အပစ်ရပ်နိုင်တော့ မယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ပြောကြား

(RFA)

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မကြာခင် ချုပ်ဆိုနိုင် လိမ့်မယ်လို့ မျှော်လင့်ရကြောင်း အစိုးရ က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့တာပါ။

Wunpawng Mungdan Shanglawt Hpyen Dap A 2013 Ning Hpyen Laisat Sara Wunkat Jawng Yu

(Kachinnet)

Wunpawng Mungdan Shanglawt Hpyen Dap, Dai Lawn Rung a masing kata hpaw sharin ai Masat Yan (1/2013) ning hpyen laisat sara wunkat jawng yu ai hpawng hpe 2013 September (30) ya shani Hpyen Du Shalat Jawng, Woi Chyai Bum, Daru Magam Gawknu hta galaw ai lam chye lu ai.

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဒေသခံများ တောင်းဆို

(Minmaha Bagan FB Page)

ဧရာဝတီ မြစ်ဆုံရေ ကာတာစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင် အထည်ဖော်တဲ့ တရုတ်နိုင်ငံ က CPI ကုမ္ပဏီ လည်း မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံးထွက် ခွာသွားဖို့ ဒေသခံတွေ က တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပတဲ့ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခြင်း ၂ နှစ်ပြည့် အခမ်းအနားမှာ ကက်သလစ်ဘုန်းတော်ကြီး နော်ဒင်းက အခုလို ပြောကြားခဲ့ပါတယ်။

ကေအိုင်အေ စစ်သုံ့ပန်းပေါ်လစီနဲ့ ပတ်သက်၍ ကျောင်းသားတပ်မတော် (ABSDF) ပြန်တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်မှန်

စောငွေလရောင် 
 
1988ခုနစ် တောခိုတဲ့အခါ စစ်သင်တန်းတက်ဖို့ ဆိုပြီး ကေအိုင်အေ ဗဟိုဌာနချုပ်ရှိရာ လိုင်စင်ကိုအတက်။ ယခုလူသိများတဲ့ လိုင်ဇာနဲ့ လေးဆယ့်ငါ့မိနစ်ခရီး အကွာရှိ ကေအိုင်အေရဲ့ အမှတ်(၃)နည်းဗျူဟာဌာနချုပ် နောင်ရာပါစခန်းမှာ နားကြတယ်။ ကျနော်တို့ တောခိုကျောင်းသားတွေကို ဗိုလ်မှုးပန်းအောင် ကခေါ်ပြီး ညတွင်းချင်းပဲ ကြိုဆိုနုတ်ဆက်စကားပြောတယ်။ ပြီးတော့ ဗီဒီအိုပြပေးတယ်။ ပထမဆုံးကြည့်လိုက်ရတာက ကျနော်တို့ နောင်ရာပါမရောက်ခင် တပတ်လောက်က ဗန်းမော် မြစ်ကြီးနားလမ်းပိုင်းပေါ်က ရင်ကွဲတောင်နားက ခြုံခိုတိုက်ပွဲကိုပြတယ်။ ကေအိုင်အေက ခလရ ၂၇က ဒုဗိုလ်ခင်မောင်အေးအပါအ၀င် စစ်သည်နစ်ဆယ်ကျော်နဲ့  လက်နက်ပေါင်းနစ်ဆယ်ကျော်သိမ်းဆည်း ရမိတယ်။ မှတ်မိသေးတဲ့ ဗီဒီအိုက တကယ့်တိုက်ပွဲဖြစ်တဲ့ဟာကိုရိုက်ထားတာ။ ခင်မောင်အေးကို ဖမ်းမိတော့ ကြွက်စုတ်ကလေးလိုပဲ ရွံ့တွေပွလို့ ။ ကင်မရာမင်းကမေးတယ် နံမည်ဘယ်လိုခေါ်လဲဆိုတော့ အမောင်မင်းသားက ဟောလီးဝုဒ်ရိုက်တယ် ထင်လားမသိဘူး ဘိုလို I am Khin Mg Aye လို့ ဖြေသဗျ...။

အင်ခါဂါးရွာသို့ သွားရောက်ခဲ့သည့် သိက္ခာတ်ာရဆရာ လမာယော် နှင့် အင်တာဗျူး

(N-Gun Ja Wa)
(ဆရာမဒေါင်ညွယ် အင်ခါဂါးကျေးရွာကို သွားရောက်ခဲသည့် သိက္ခတော်ရ ဆရာ လမာယော်ကို ကချင်လို မေးမြန်ထားသည်ကို မြန်မလို ဘာသာပြန်ထားပါသည်။)

Interview with Rev.  Lama Yaw (KBC) on 28 September, 2013  who went to N Hka Ga on 26-27 September 2013
 
အင်ခါဂါး ကို ကျွန်တော်တို့ ဘာသာရေး အဖွဲ့က သွားနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမဲ့ မသွားနိုင်ခဲ့ ဘူး။ အင်ခါဂါး ဒေသ ကို သွားလာရေး အားလုံး ပိတ်ဆို့ထား ဟာ ဒီနေ့ စက်တင်ဘာ (၂၈) ရက်ဆိုရင် (၁) ပြည့်ပြီ။ သူ တို့နဲ့ ပတ်သက်ပြီး သတင်းတွေ ကို အမျိုးမျိုးကြားနေ ရတယ်။  မချမ်းဘော့မြို့က ကြံခိုင်ရေး ပါတီတွေနှင့်  ရ၀မ်ရိုးရာယဉ်ကျေးမှုကော်မတီတွေလည်း အင်ခါဂါးဒေသခံတွေကို သွားရောက် ကူညီပေးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနိုင်းပြီး အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့သူတို့ကိုလည်း အာဏာပိုင်တွေက ပေးမသွားခဲ့ဘူး။ တိုက်ပွဲဖြစ်ပြီး တစ်လပြည့်ဖို့ (၂) ရက်အလိုမှ ကျွန်တော်တို့သွားနိုင်ခဲ့တယ်။

ကချင်ဒေသများသို့ ဗမာစစ်အင်အားပိုမိုဖြည့်တင်းလျှက်ရှိ

(Jinghpawkasa)

ကချင်ပြည်မြောက် ပိုင်း ပူတာအို ခရိုင် ဆွမ်ပီယန်ကျေးရွာသို့ ဗမာအစိုးရ စစ်တပ် အင်အား (၂၀၀) ကျော် ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။ ထိုနည်းသူ ကချင်ပြည် ဗန်းမော်မြို့သို့  ကသာ သဘောင်္ဆိပ်မှ စက်တင်ဘာလ (၂၉) ရက်နေ့ ညနေ (၆း၀၀) နာရီဝန်းကျင်တွင် သဘောင်္နှစ်စီးဖြင့် ဗမာစစ်အင်အား (၄၀၀) ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ကသာဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။ ဗမာအစိုးရသည် ငြိမ်းချမ်းရေးကို ပါးစပ်မှ တတွတ်တွတ်ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ တိုင်းရင်းသား ဒေသများသို့ စစ်အင်အား အလုံးအရင်း ပို့ဆောင်နေလျှက်ရှိကြောင်း သိရှိရပါသည်။

မချမ်းဘောအုပ်ချုပ်ရေးမှူးမှ စစ်ရှောင်စခန်း ကိုဒုက္ခပေးနေ

(Jinghpawkasa)

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်သည် မချမ်းဘောမြို့ တစ်ဖက် ကမ်း နောင်ခိုင် ကျေးရွာ တွင် ခိုလှုံ နေသော စစ်ရှောင်စခန်း ကို ဒုက္ခပေးနေကြောင်းကြားသိရသည်။

ဒုက္ခပေးပုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရှောင်စခန်းသို့ ခဏခဏ စာရင်းသွားကောက်စေခြင်း၊ စစ်ဆေးခြင်း၊ စခန်းတွင်း၌ ရုံးစာရေးများကို အချိန်ပြည့် အလှည့်ကျစောင့် ကြပ်စေခြင်း၊ ဒုက္ခသည်များကို မိမိအရပ်သို့ ပြန်ရန်အမြဲတမ်း ကြိမ်းမောင်းခြင်းများ ပြုလုပ်နေ သောကြောင့် ဒုက္ခသည်များကြောက်ရွံ့ နေရကြောင်းသိရသည်။

Monday, September 30, 2013

တတိုင်းပြည်လုံးအပစ်ရပ်ပြီး ရှေ့နှစ်ထဲ နိုင်ငံရေး ဆွေးနွေးမည်

(VOA)

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို နှစ်မကုန်မီ ဆောင်ရွက်ဖို့ အစိုးရက ထပ်မံကတိပြုလိုက်ပါတယ်။ လတ်တလောမှာတော့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC ကလည်း တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ တဖွဲ့ချင်းစီရဲ့ သဘောထားကောက်ယူနေကြတာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အလားအလာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကေအိုင်အေနှင့်အစိုးရ အောက်တိုဘာ ပထမပတ်အတွင်း တွေ့မည်

(DVB)

ကချင်လွတ်လပ်ရေးတပ်မေတာ် (ကေအိုင်အေ) လုပ်ငန်းအဖွဲ့နဲ့ အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့  လာမယ့် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အေ လုပ်ငန်းကော်မတီရုံးခန်းမှာပဲ တွေ့ဆုံမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၈ ရက်ကေန ၁၀ ရက်အထိ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေးတာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဒေါ်လာ ရှစ်ဘီလျှံတန် ကျောက်စိမ်း အင်ပါယာကြီးကို မြန်မာ စစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ

ကျောက် စကျောက်နတွေ စုပုံနေတဲ့ အကြားက လက်တစ်ဖ၀ါး စာလောက် ရှိတဲ့ ကျောက်စိမ်း တုံးတစ်တုံး ကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေ တဲ့ ကိုတင်ထွန်းအတွက် အခုချိန်မှာတော့ သူလိုချင်တာ ကိုရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀ အတွက် ကောင်းမွန်တဲ့အပြောင်း အလဲတစ်ခုကို ဖန်တီးပေးနိုင် လိမ့်မယ်လို့လည်း ကို တင်ထွန်း တစ်ယောက် မျှော်လင့်နေ ပါတယ်။ အရင်က လည်း အလားတူဖြစ်ရပ် မျိုးကို တင်ထွန်းကြုံခဲ့ရပြီးပါပြီ။
“မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။

အစိုးရသည် UNFC နှင့်ထပ်မံတွေ့ဆုံဆွေးနွေးမည် မဟုတ်တော့ကြောင်း ဦးအောင်မင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ရှေ့ဆက် ဆွေးနွေး မှုများ တွင် တဖွဲ့ချင်း ဆွေးနွေး မှုဖြင့် သာ ခေါ်ယူတွေ့ ဆုံတော့မှာ ဖြစ်ကြောင်း၊ ပြီးခဲ့ သည့် စက်တင်ဘာ (၂၈) ရက်နေ့ မွန်ပြည် နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက် ကိုင် အဖွဲ့ အစည်း (၄) ဖွဲ့၏ တွေ့ ဆုံပွဲ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ် ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုခဲ့သည် ဟု ယင်း အစည်းအဝေးကို တက်ရောက် ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။ 

ဘုရားကိုဖြိုလျင် မင်းအစိုးရ ငိုရမည်

(Minmaha Bagan FB Page)

ရာဇ၀င် သမိုင်းသက်သေ အထောက်ထားများဖြင့် တင်ပြထားပါသည်

ဝမ်ပေါင်နှင့် ထိပ်ပြောင် တို့ လောဘဇောတိုက်ပုံများက အံ့မခန်းလိလိပင်တည်း။ ထိပ်ပြောင်ဟုဆိုလျင် မည်သူကို တိုက်ရိုက်ရည်ညွန်းသနည်း။

သူသည် မြစ်ဆုံကို မြွေမသေဒုတ်မကျိုး အလည်စီးရိုးတွင် နေပြကာ ပြည်သူများအား မျက်လှည့်ပြလေသော လက်လှည့် နုတ်လှည့် အတည့်မှ ဇောက်ထိုး လုပ်တတ်သူပင်တည်း။
ယခု ၀မ်ပေါင် ဈေးချောင်ချောင်နှင့် ၀င်နိုက် ခရိုနီ စစ်ပဒေသရာဇ်တသိုက်နှင့် လောဘဇော တိုက်နေလေပြီ။ လောဘဟုဆိုရာဝယ်….. ကာမဂုဏ်အာရုံများတွင် အမှားအမှန်ခွဲခြားခြင်း မရှိပဲ မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုသည်။

KIA နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ရန်ရှိ

(ရွှေဟင်္သာသတင်းဌာန)

လာမည့် အောက်တိုဘာ ပထမ အပါတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်များသည် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့နှင့် ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ကြရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး ကြရန် ရှိ သည်ဟု ပြောရေးဆိုခွင့်ရှိသူ KIA နည်းပညာ အဖွဲ့၏ ပြန်ကြားရေး အရာရှိ ဆရာ ဒေါင်းခါးက ဆိုပါသည်။ 

“ ကျနော်တို့ ကတော့ ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့က သဘော တူထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်မယ်။ ပြီး တော့ ရှေ့ဆက် ဘယ်လို သွားမလဲ အပေါ်မှာ တင်ပြကြမှာ ဖြစ်တယ်။ အစိုးရ ဖက်ကတော့ ပြည်ထောင်စု အဆင့် ဆွေး နွေးပွဲလို့ ပြောနေတာကတော့ သူတို့ကိစ္စပါ။ ကျနော်တို့ကတော့ မေ(၃၀)ရဲ့ ဒုတိယ အကြိမ် ပြန်လည် သုံးသပ်တဲ့ ဆွေး နွေးပွဲ သဘောဘဲ သတ်မှတ်ပါတယ်” ဟု ဆိုပါသည်။ 

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

(Eleven Media Group)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

Sunday, September 29, 2013

ဧရာဝတီရဲ့ အနာဂတ် (၄) -Aung Din

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၅၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၃)

ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီး တစ်စင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်း များစွာ၊ တောင် တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊  မြို့ရွာတွေ၊ အကွေ့ အကောက် ထောင်ပေါင်းများစွာ ကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ်ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင် မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေ ကို သေဆုံးတယ်လို့ သတ်မှတ်ကြပါ တယ်၊ မြစ်ကြီးသေ ဆုံးသလို မြစ်ကို အမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရတာပါ၊ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့  ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီးတွေအများကြီး ရှိခဲ့ပါတယ်၊ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်၊

USA.သို့ ရောက်ရှိနေ သော ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ နှင့် USA,ရှိ(Kachin Alliance ) အဖွဲ့တို့ တွေ့ဆုံ

(Jinghpawkasa)

မြန်မာ နိုင်ငံ မှ အမေရိကန်နိုင်ငံ ၊ တက် ဆက်စ်ပြည် နယ်၊ ဒါးလတ်စ် မြို့ သို့ ရောက် ရှိနေ သော ချင်းအမျိုးသားတ ပ်ဦး (CNF) အဖွဲ့ မှ ခေါင်းဆောင်များ (တာဝန်ရှိပုဂ္ဂုလ်) များ နှင့် ဒါးလတ်စ် ရှိ ချင်း လူထု တို့ ၏ ၂၀၁၃၊ စက်တင်ဘာလ၊ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သော တွေ့ဆုံ ပွဲ အခမ်းအနားသို့ ချင်းအဖွဲ့အစည်းမှ ဖိတ်ကြားချက်အရ ဒါးလတ်စ် ရှိ ကချင်( Kachin Alliance ) အဖွဲ့ အစည်းမှ တာဝန်ရှိသူများ လည်း ပါဝင်တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

အင်ခါဂါးကျေးရွာ ၏ လက်ရှိ နောက်ဆုံးအခြေအနေ

(Kachin Waves)

အင်ခါဂါးကျေးရွာသို့ သြဂုတ်လ ၂၈၊ ၂၉ တိုက်ပွဲဖြစ်ပြီး တစ်လပြည့်ဖို့ (၂) ရက်အလိုတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) နှင့် ရ၀မ်ရိုရားနှင့်ယဉ်ကျေးမှုပါတီအဖွဲ့တွေ ပထမဦးစွာ သွားရောက်နိုင်ခဲ့သည်။ ထိုကျေးရွာသို့ သွားရောက်ခဲ့သည် ဆရာများမှ ပြောကြားချက်အရ အင်ခါဂါးကျေးရွာဒေသခံများ၏ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။