Saturday, September 28, 2013

ဗမာစစ်တပ် အပြစ်မဲ့ပြည်သူများကို ပစ်သတ်

(Jinghpawkasa)

တရုတ် အရင်းအနှီးနည်းတာ မကောင်းဘူးဆိုပါလား

(VOA)

မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် နိုင်ငံခြားအရင်းအနှီး လိုအပ်နေတုန်းမှာ တရုတ်ရဲ့  ရင်းနှီးမြုပ်နှံမှု ကျဆင်းလာ တာဟာ တိုင်းပြည်အတွက် မကောင်းကြောင်း သုံးသပ် ထားတဲ့ စာတမ်းတစောင် စက်တင်ဘာလ (၁၇) ရက်နေ့ က ထွက်လာပါတယ်။ မြန်မာပြည် ကို သွားရောက်လေ့ လာခဲ့တဲ့ တရုတ်အမျိုးသမီး သုတေသီ (ယွန့်စွန်) ရေးသားပြီး ဝါရှင်တန်မြို့ တော် အခြေစိုက် Stimson Center က ထုတ်တဲ့စာတမ်းပါ။ Chinese Investment in Myanmar: What Lies Ahead ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။

အခြေခံဥပဒေ အသစ်ရေးဆွဲရေး NLD နှင့် တိုင်းရင်းသားများ အမြင်မတူ

(ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

ယခင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ် ပြန်လည်ရေးဆွဲရန် တိုင်းရင်းသားများက ကြေညာထားပြီး ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကမူ အခြေခံ ဥပဒေ အသစ် ပြန်လည် ရေးဆွဲ ခြင်း သည် နိုင်ငံရေး တွင် တပ်မတော်ကို ဖိတ်ခေါ် ဆွဲသွင်းရာရောက်သည်ဟု ထုတ်ပြန်ပြောဆိုလိုက်သည်။

Friday, September 27, 2013

ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့ အင်းခါးဂါးကျေးရွာသွာပြီ

(Kachin Waves)

အင်းခါးဂါးကျေးရွာဒေသခံများ၏ အခြေအနေသွားရောက်ကြည့်ရှုရန် ဗျူးဟာမှူးမှ တစ်ညအိပ်ခွင့်ချက်ဖြင့် ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့နှင့် ကြံခိုင်ရေးပါတီများ ထိုကျေးရွာသို့ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့သွားပြီးဖြစ်ကြောင်းသိရသည်။ 

`ဟိုကဒေသခံတွေကို သွားခေါ်ဖို့သွားတာတော့ မဟုတ်ဘူး။ အခြေအနေမှန်သိအောင် သွားကြည့်တဲ့သဘောပဲ။ သူတို့ပြန်လာမှ ဒေသခံတွေ အတွက် ဘာဆက်လုပ်ပေးရမယ်ဆိုတာ ကိုသိမှာ။´ဟု ပိုတာအိုနှစ်ခြင်းအသင်းတော်မှ သာသာရေးဆရာတစ်ဦးကဆိုသည်။

ဆုတ်ယုတ်မှုများ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်

(Minmaha Bagan FB page)

နိုင်ငံရေး သည် သတ္တုပုံးငယ် တခုထဲတွင် သဲပွင့် များ ပြည်လျှံအောင် ထည့်ထားသော ပုံးနှင့်တူ သည်။ ထို သတ္တုပုံးငယ်လေး ထဲတွင် ဆိုခဲ့သော သဲပွင့်တို့သည် သာမန် သဲပွင့်များမဟုတ်ကြပါ၊ သဲတပွင့်ချင်းဆီတွင် သူ့အ၇ည်အချင်း သူ့ အဓိပ္ပါယ်ရှိနေသည်။ ထိုထက်မြင်သာအောင် တင်ပြရသော် ယဉ်ကျေးမှုသဲပွင့်၊ ဘာသာရေးသဲပွင့်၊ လူမျိုးရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ပညာရေး၊ ကာကွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နေရာချထားရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသဖြင့်စသဖြင့် ရေတွက်လို့ မကုန်နိုင်လောက်အောင် သဲပွင့်တွေ အဲဒီ နိုင်ငံရေး ပုံးထဲမှ ရှိနေကြတယ်။

ကချင်ဖက် အစိုးရတပ်လှုပ်ရှားမှုများ ခေတ္တငြိမ်သက်

 (ကချင်သတင်းဌာန)

လတ်တလော ကချင်ပြည် နယ်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်ချ ထားသော နယ်မြေများ တွင် အစိုးရတပ် ဖက်မှ လှုပ်ရှားမှုများ အရှိန်လျော့နည်း လာကြောင်း သိရသည်။

ထိုသို့ အစိုးရ တပ်ဖက်မှ လှုပ်ရှားမှုများ ခေတ္တငြိမ်သက်နေ သည်ဟု ဆိုနိုင်သော်လည်း တပ်ဆုတ် သွားခြင်းမရှိသေးပဲ KIA တပ်ချထား သည့် နေရာအနီးတွင် အသင့်ရှိနေခြင်းဖြစ် သည်ဟု နှစ်ဖက်တင်း မာမှုရှိခဲ့သော ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄)ဖက်မှ တပ်ခွဲမှူး ဇော်ဆိုင်းကပြောသည်။

ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရန် အချိန်ယူပြီးပြင်ဆင်ခဲ့ခြင်းဖြစ်

(ကချင်သတင်းဌာန)

အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နှစ်ဖက် နည်းပညာ အဖွဲ့များသည် အချိန်ကြာပြင်ဆင် ကာ တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ နှင့် KIO တွေ့ ဆုံဆွေးနွေးရေး အဖွဲ့များ အောက် တိုဘာ ၈၊ ၉၊ ၁၀ အတွင်း တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက် နည်းပညာအဖွဲ့များ အချိန် ၃ လကျော် ပြင်ဆင်ကာ ညှိနှိုင်းဆောင်ရွက်ပြီးမှ သတ်မှတ်နိုင်ခြင်းဖြစ်ပြီး ယခုတွေ့ဆုံဆွေးနွေးမှုများမှ ပဋိပက္ခအခြေအနေများ လျှော့နည်းလာမည်ဟုယုံကြည်ကြောင်း အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေပြောသည်။

စစ် ဘာကြောင့်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)

အခုတလော အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကား၊ ရင်ကြားစေ့ရေး စတဲ့ အသံတွေ အများကြီး ကြားနေရပါတယ်။ သူ့ခေတ်နဲ့ သူ့ အခါ ကြားရတာမို့ မဆန်းဘူး လို့ပဲ အောက်မေ့နေ လိုက် ပါတယ်။ ဒါပေမဲ့ အဲဒီလို ပြောမှုဆိုမှုတွေထဲမှာ စစ်ဖြစ်ရ တဲ့ အကြောင်းရင်းဟာ သုံးမျိုးပဲ ရှိတယ်ဆိုတဲ့ ပြောနည်းမျိုးကို ကြားလိုက် ရပါတယ်။ ပြောကြတာက စစ်မက် ဖြစ်ပွားတယ် ဆိုတာဟာ (၁) လူမျိုးရေး၊ (၂)ဘာသာရေး၊ (၃) ဝါဒရေးဆိုတဲ့ အကြောင်းရင်း သုံးခုကြောင့် ဖြစ်ပွားတာဖြစ်တယ်။ တခြား အကြောင်းရင်း မရှိဘူး ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သဘောတရား တခု တင်လာတဲ့ သဘောလို ဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလို အပြော အဆိုကို အရင်ကလည်း ဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်း များလာတဲ့ သဘော ရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ ပြောမှပဲ ဆိုပြီး ကီးဘုတ်ကို နှိပ်နေမိပါတယ်။ တချိန်ထဲမှာ ကိုယ်လက်လှမ်း မီတဲ့ စစ်ပွဲတွေ ကိုလည်း ပြန်စဉ်းစား နေမိပါတယ်။

UNFC အလုပ် အမှုဆောင် ကော်မီတီ၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲ ပြီးဆုံး

(ရွှေဟင်္သာသတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဗဟို အလုပ် အမှုဆောင် တိုးချဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့ ပြီးဆုံး သွားသည်ဟု အစည်းအဝေး တက်ရောက် ခဲ့သည့် UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာ မှဆိုပါသည်။ 

“ တချို့ အလုပ် အမှုဆောင်တွေလည်း မတက်ရောက်နိုင်ဘူး။ ပြီးတော့ တိုးချဲ့ အစည်းအဝေးဆိုတော့ ဗဟိုဖက်ဒရယ် ကောင်စီအ စည်းအဝေး မကျင်းပခင်မှာ ပြင်ဆင် စရာတွေကို ပြင်ဆင်ရေး အဆင့် အဖြစ်နဲ့ဘဲ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။ 

ခလရ (၂၄၁) မှအပြစ်မဲ့ပြည်သူများကို ပစ်သတ်

(Jinghpawkasa)

ဗမာအစိုးရ စစ်တပ် ခလရ (၂၄၁) သည် စက်တင်ဘာ (၂၅) ရက် ညနေ (၈း၃၀) နာရီအချိန်ခန့်တွင် မန်ဘီကျေး ရွာမှ ဈေးသွားရင်၊ နွားမောင်းလာသော တရုတ် အမျိုးသားတစ်ဦးကို လမ်းတွင် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ တရုတ်အမျိုးသား၏ နောက်တွက် လိုက်ပါလာသော အမျိုးသမီး တစ်ဦးကိုလည်း သေနတ်ထိမှန်ခဲ့ကြောင်း သိရှိရပါသည်။ သေနတ် ဒဏ်ရာရရှိသွားသော အမျိုးသမီးကို ဗမာစစ်သားများမှ ခေါ်ဆောင်သွားပြီး၊ သေဆုံးသွားသော တရုတ်အမျိုးသား၏ အလောင်းကို ဒူမွန်း၏ ပြည်သူ့စစ်များက စောင့်နေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

Thursday, September 26, 2013

မြန်မာ့ ကလိမ် တပ်မတော် (အပိုင်း -၂)

တကျော့ပြန်ကချင်ပဋိပက္ခအစ သိလိုသူများ ပြန်ဖတ်နိုင်ရန် ယခင်ကရေးခဲ့တဲ့ ဆောင်းပါးကို ပြန်တင်ထားပါတယ်
(N-Gun Ja Wa)

မြန်မာ့ ကလိမ် တပ်မတော် (အပိုင်း -၂) 

 ၂ဝ၁၁  ဇွန်လ ၉ ရက်တွင် ကေအိုင်အေ၏ ဆက်ဆံရေး အရာရှိအလောင်းကို  Sang Gan ရုံးရှေ့တွင် လက်ခံနေစဉ်(ဘယ်ပုံ) ၂ဝဝ၉  တာပိန်ရေအားလျှပ်စစ်ဖွင့်ပွဲ သွားရောက်နေသော တိုင်းမှုးယာဉ်တန်း Sang Gan ရုံးရှေ့ ဖြတ်သွားစဉ် (ညာပုံ)

 ကေအိုင်အေ နှင့် အစိုးရကြား ၁၇ နှစ်သာကာလ အတွင်း လက်နက်ကိုင် ပဋိပက္ခ ကြီးကြီးမားမား မရှိခဲ့သော်လည်း အစိုးရ မြန်မာတပ်မတော် ဖက်မှ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး မိမိတပ်သားမျာကို ငြိမ်းချမ်းရေး ကာလအတွင်း ရမယ်မျိးစုံရှာ၍ အကြောင်းမဲ့ သတ်ဖြတ်မှုဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရသည်။ ဤဖြစ်စဉ်များကို အကျယ်တဝင့် ဖတ်ရှုလိုက အောက်ပါ လင့်တွင် ဖတ်နိုင်ပါသည်။ (http://www2.irrawaddy.org/article.php?art_id=21705)

ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံ သမိုင်းဖြစ်ရပ်မှန်

(N-Gun Ja Wa)

ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံ သမိုင်းဖြစ်ရပ်မှန် (အကျဉ်း)
၂၀၁၁၊ နိုဝင်ဘာ၅ရက်၊ မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်...။

မေတ္တာမွန်ဖြင့်

ဒေါက်တာမနာမ်တူဂျာ

အစိုးရနှင့် KIO တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ရက်သတ်မှတ်ပြီးဖြစ်

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) တို့
ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာလ ၈ ရက်၊ ၉ရက်၊ ၁၀ ရက်များတွင်တွေ့ ဆုံဆွေးနွေးမည်ဟု အစိုးရ၏ နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“ဘာဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်တွေကတော့ နည်းပညာအထောက်အကူပြုအဖွဲ့ (Technical Team) အချင်းချင်း အရင်တွေ့ဆုံဆွေးနွေးပါမယ်။ အပစ်ရပ် လက်မှတ်ထိုးဖို့ ကျွန်တော်တို့ အစိုးရရဲ့ Technical Team ဘက်ကတော့ ကြိုးစားမယ်။ ထိုးဖြစ်ဖို့ မထိုးဖြစ်ဖို့ကတော့ နှစ်ဖက်ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်တယ်”ဟု ဦးလှမောင်ရွှေ ကပြောသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို တရားဝင်မှတ်ပုံတင် မချပေးသေး

(KNG)

ကချင်ပြည် နယ် ဒီမိုကရေစီ ပါတီ Kachin State Democracy Party (KSDP) ပါတီ သည် တရားဝင်ဖြစ်ရေး အ တွက် နေပြည်တော်ရွေးကောက် ပွဲကော်မရှင် သို့ လျှောက် ထားပြီးနောက် စက်တင်ဘာလ လယ်ပိုင်း တွင် ချပေး မည်ဟု မျှော်လင့် ထားသော် လည်း အကြောင်းပြန်ခြင်း တစုံတရာ မရှိသေးကြောင်း သိရသည်။

နေပြည်တော်ရွေးကောက်ပွဲကော် မရှင် သို့ ပါတီခေါင်းဆောင် များဖြစ်သော ဒေါက်တာ တူးဂျာနှင့် ဦးဘရန်လီ၊ ဦးဇော်ဒွဲတို့ သွားရောက်ကာ ပါတီတရားဝင် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ရာ အမြန်ဆုံးရမည်ဟုမျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဦးဆောင်နေသူ ဒေါက်တာတူးဂျာ ကပြောသည်။

ဖွဲ့စည်းပုံပြင်လို့ တိုင်းပြည် ထိခိုက်သွားမလား

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ တိုင်းတပါးရဲ့ သြဇာကိုမခံယူဘဲ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တာဟာ တိုင်းပြည်အတွက် အန္တရာယ်တစုံတရာ ရှိနိုင်ပါသလား။ တိုင်းပြည်အန္တရာယ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာဟာ တိုင်းပြည်အကျိုးလား၊ ပါတီအကျိုးလား ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဖားကန့်၊ ဆိုင်းတောင် ဒေသများမှ ကျောက်အ၀င် မရှိသဖြင့် မန္တလေးကျောက်ဈေးကွက် အေးနေ

(Eleven Media Group)

ကျောက်မျက်ပြပွဲများ ဆက်တိုက် ကျင်းပအပြီး ဖားကန့်၊ ဆိုင်းတောင် ဒေသများမှလည်း မိုးတွင်းအခါ ကျောက်အ၀င် မရှိသဖြင့် မန္တလေးကျောက်စိမ်း ဈေးကွက် အေးနေကြောင်း သိရသည်။
နေပြည်တော်ပြပွဲ၊ တရုတ်ပြည် ကူမင်းပြပွဲ၊ ထိုင်းတွင် ပြုလုပ်သော ပတ္တမြား၊ ကျောက်မျက်ပြပွဲအပြီး မန္တလေးကျောက်ဝိုင်းသို့ ကျောက်စိမ်းအ၀င် ရှိခဲ့သော်လည်း ကုန်သည်အချို့မှာ ပစ္စည်းအကုန် ထုတ်မရောင်းဘဲ ဈေးမြှင့် ခေါ်ခြင်းများကြောင့် ကျောက်စိမ်း ဈေးမြင့်တက်နေကာ ပစ္စည်းရှားနေကြောင်း သိရသည်။

Wednesday, September 25, 2013

အစိုးရ၏ လက်မှတ်ထိုးပွဲသည် ဥပဒေကြောင်းအရ အာမခံချက်ရှိရန်လိုဟု UNFC ပြော

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား အပစ်ရပ် အဖွဲ့များ၏ လက်မှတ် ထိုးခြင်း မထိုးခြင်းသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ၏ ဥပဒေကြောင်း အရ အာမခံချက် ရှိသည့် အခြေခံပေါ်တွင် အရေးကြီး သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ခံယူကြောင်း ပြောခွင့် ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါ သည်။ 
 
“ အစိုးရ ကတော့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန် စတဲ့ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ပိုင်းတွေကို ဖိတ်ချင် ဖိတ်မှာပေါ့။ ဒါက သူတို့ အလုပ်ပါ။ ကျနော်တို့ ကတော့ ဒီလက်မှတ် ထိုးပွဲဟာ ဥပဒေကြောင်းအရ ဘယ်လောက် အာမခံချက် ရှိလဲ ဆိုတဲ့ အပေါ်မှာ မူတည် နေတယ်” ဟုဆိုပါသည်။ 

တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးကို အစိုးရအား ကိုယ်တိုင် လိုက်နာဆောင်ရွက်ပေးစေလို

(ကချင်သတင်းဌာန)

လက်ရှိ အစိုးရနှင့် တိုင်းရင်းလက်နက် ကိုင်အဖွဲ့ များကြားဖြစ် ပွားနေသော ပဋိပက္ခပြဿနာများ သည် အစိုးရပြော ဆိုနေသော ‘တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေး’ ကို မိမိအစိုးရ ကိုယ်တိုင်ကြေငြာပြီး လက်တွေ့ဆောင် ရွက်ခြင်း အားဖြင့် ဖြေရှင်း သွားနိုင်မည့် ကိစ္စရပ်ဖြစ်ကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောသည်။

ကုလအကူညီပေးကားတန်း မြစ်ကြီးနား-လိုင်ဇာကြား မြေပြို၍ လမ်းတွင်ရပ်ထားရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့ ပတ်ဝန်းကျင်အနီးရှိ ဒုက္ခသည် စခန်းများကို စက်တင် ဘာလ အတွင်း တတိ ယကြိမ် မြောက် အကူညီပေးရန် မြစ်ကြီးနားမှ ပစ္စည်းများ တင်ဆောင် လာသောသော ကုလအကူညီပေးအဖွဲ့၏ ကားတန်းသည် ဂန်ဒေါင်ယန် (Gangdau Yang)နှင့် အင်ပေါန် (N’Pawn) ကြား မြေပြိုမှုကြောင့် ခရီးစဉ်ကို လမ်းတွင် ခတ္တရပ်ထားရကြောင်း သိရသည်။

Tuesday, September 24, 2013

ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားနှင့် အစိုးရတပ်များ အပြန်အလှန် တိုက်ခိုက်နေ

(ရွှေဟင်္သာသတင်းဌာန)



တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် မူးယစ်ဆေး ၀ါး ရောင်း ၀ယ် ဖေါက် ကား နေသော ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက် ကာ ကျေးရွာ အုပ်စုမှ ရဲတပ်ဖွဲ့ ဝင်များ ကို ယနေ့ မနက်ပိုင်း တနာရီ အချိန်တွင် ၄င်း တို့ စခန်းအား ၀င်ရောက် တိုက်ခိုက် လိုက်သည်ဟု TNLA ပြောခွင့်ရသူ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

သူတို့က တရွာဝင် တရွာ ထွက်ပြီး တအာင်း လူငယ်တွေကို မူးယစ်ဆေးဝါးတွေ လိုက်ရောင်း လိုက်ဖြန့် နေတာလေ။  သက်သက်မဲ့ကို လိုက်လုပ်နေတာပါ။ သူတို့က မူးယစ်ဆေးဝါးကို ပေါ်လစီ တရပ် အဖြစ်နဲ့ အစိုးရလူတွေက တကယ် လုပ်နေတာ။ အဲတာကြောင့် သွားရှင်း လိုက်တယ်ဟုဆိုသည်။

ကချင်ပြည်နယ် နမ္မတီးတွင် စစ်ကား ဝင်တိုက်၍ ကချင်အဖွားအို နှင့်ကလေးငယ် သေဆုံး

(Lachid Kachin)

ကချင်ပြည်နယ် နမ္မတီးအခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ (၃)) မှ တပ်ကြပ်တစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး မောင်းထွက်ပြေးသွားခဲ့သည်။ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ဆေရုံတွင် သေဆုံးကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ.....

စက်တင်ဘာ ၂ ရက် တနင်္လာနေ့  နံနက် ( ၄း၃ဝ) အချိန်တွင် နမ္မတီးနံနက်ဈေးတွင် ဈေးရောင်းရန်လာသော ဆီးဒင်ယံကျေးရွာနေ ဒေါ်အင်ထိန်လု အသက် (၅၄)နှစ် နှင့် မြေးဖြစ်သူ မဒါရှီခေါန်ဂျာ တတိယတန်းကျောင်းသူ အသက် (၉)နှစ်တို့ ကို နမ္မတီးသံကြားစက်ရုံရှေ့တွင် စကခ (၃)မှ တပ်ကြပ်ကြီးမြင့်စိုး မောင်းနှင်လာသော စစ်တပ်ကား ဖြင့် နောက်မှ ဝင်တိုက်၍ထွက်ပြေးသွားကြောင်း သိရသည်။ တပ်ကြပ်ကြီးမြင့်စိုးသည် အတိုက်ခံရသည့် ကလေးငယ်နှင့် ဒဏ်ရာရသူအဖွားတို ကူညီခြင်း မရှိဘဲ ပစ်ထားခဲ့သိရသည်။ သမီးငယ် မဒါရှီခေါန်ဂျာ ပွဲချင်းပြီး သေဆုံးသွားပြီး အဖွားဖြစ်သူ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်း သိရသည်။

ငြိမ်းချမ်းရေး နှင့် အခြေခံဥပဒေသစ်ရေးဆွဲရေး (ဆောင်းပါး)

(KIC)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ တဆက်တည်းဖြစ်၍ ခွဲခြားမရပါ ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်”ဟူသော “ကြေညာချက်” ထုတ်ပြန်ခဲ့ပါသည်။
ကျနော့်အမြင်နှင့် အယူအဆမှာ “၂၀၀၈ အခြေခံဥပဒေ”ကို အသစ်ပြန်လည်ရေးဆွဲရေးဖြစ်သည်။ 
အနီးအဝေး သမိုင်းကာလများတွင် တိုင်းရင်းသားများပြည်သူများသည် အုပ်စိုးသူအဆက်ဆက်၏ ဖိနှိပ်မှုနှင့် လှည့်စားမှု မျိုးစုံကို ခံခဲ့ကြရသည်။ 

ကချင်လူငယ်များအား ဘိန်းဖြူရောင်းချသူကို ကေအိုင်အိုအစိုးရမှဖမ်းဆီး

(Jinghpawkasa)
ကချင်ပြည်နယ် အတွင်း ကချင်ကျောင်း သားများနှင့် ကချင်လူငယ် များကို အဓိက ဘိန်းဖြူနှင့် မူးယစ်ဆေး ၀ါးများ ကို ရောင်းချ ရန် ဗမာ စစ်တပ်မှ တာဝန်ပေး ထားခြင်းခံရပြီး လက်တွေ့ရောင်း ချနေသော ဘိန်းရောင်းသူတစ်ဦးကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အိုအစိုးရ၏ မူးယစ်ဆေးဝါး တားဆီး နှိပ်နင်းရေး လုပ်ဆောင်ချက်အရ ကေအိုင်အေ တပ်မဟာ (၃) လက်အောင် တပ်ရင်း (၂၇) မှ မျိုးချစ်ရဲဘော်များသည် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ဗန်းမော်ခရိုင် မန်ဝိန်းကျေးရွာတွင် ကချင်လူငယ် လူရွယ်များ၊ ကျောင်းသားများအား ဘိန်းဖြူနှင့် မူယစ်ဆေးဝါးများကို အဓိကရောင်းချပေးသောသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖမ်းဆီးထားသော ဘိန်းရောင်းချသူအား ကေအိုင်အိုအစိုးရမှ စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

NANGHPAM DUT MASHA KIA RIM

(Jinghpawkasa)

Wunpawng Mungdan kata Jinghpaw Jawngma ni hte Jinghpaw Ramma ni hpe madung dat nna langhpam lusha dut jaw na matu lit shatsam da hkrum ai myen hpyen la (1) hpe Wunpawng Mungdan Shanglawt Asuya KIA Dap Ba (3) npu, Dung (27) na Myu Tsaw Share Ninghkring ni lu rim la lai wa sai lam shiga na chye lu ai. Wunpawng Mungdan Shanglawt Asuya a Ka-ni, Nanghpam "Pat Jasan" lamang hte maren ya na zawn shamu shamawt hkawm mat wa ai shaloi Manmaw Ginwang, Man Wing Mare kaw ya na zawn myen hpyen ni lit la dut shangun ai masha hpe lu rim la ai re lam hpe matut chye lu ai. Lu rim la ai bawng hpe ya du hkra naw sharen da nna san jep ai lam ni galaw nga ai lam hpe na chye lu ai.

ကချင် နယ်စပ် ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်

(ဧရာဝတီ)
ကချင်စစ်ပြေးဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေး အထောက်အကူပစ္စည်းများနှင့် ခိုလှုံစရာနေရာများ အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေဆဲ (ဓာတ်ပုံ – Reuters)

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ စစ်ဘေးသင့် ဒုက္ခသည်များ ခိုလှုံနေရသော နယ်စပ်ဒေသ ဒုက္ခသည် စခန်းများတွင် အစားအသောက်ပြတ်လပ်မှုများ ကြုံ တွေ့ နေရပြီး အကူအညီများ လိုအပ် လျက်ရှိကြောင်း သတင်းရရှိသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်များ ကိုယ်တိုင် လက်မှတ်ထိုးပြီး ကုလအတွင်းရေးမှူးချုပ်နှင့် အမေရိကန် သမ္မတဟောင်း များကိုပါ အသိသက်သေအဖြစ် ဖိတ်ကြားမည်ဟုဆို

(Eleven Media Group)

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန် သမ္မတဟောင်းများကိုပါ လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်ကို ကိုးကားပြီး သျှမ်းသံတော်ဆင့် မီဒီယာ အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောကြားသည်။

Monday, September 23, 2013

MHH NI BAWM MAJAN HTE GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya, Sam Mung daju KIA Dap Ba (4) ginra rai nga ai Huhpyet maga hku nna amya yu wa ai myen hpyen asuya a hk-l-y (158) hpung ni hpe Namhpaka Bangkai Banghka hka hkaraw na Ja Maw makau kaw September (21) ya jahpawt hkying (9:00 AM) ten ram hta KIA Mung Shawa Hpyen Hpung (MHH) na Share Ninghkring (2) gaw bawm majan hte hkap gasat lai wa sai lam shiga na chye lu ai. Ndai zaw MHH na share ninghkring ni bawm majan hte hkap gasat ai hta myen maga na marai (10) si hkrum nna, marai (6) hkala hkrum lai wa sai lam hpe mung matut na chye lu ai.

ကချင်စစ်ဘေးဒုက္ခသည်စခန်းများအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လေ့လာ

(RFA)

ကချင်ပြည်နယ် ကိုရောက်ရှိနေ တဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည် သူတွေကို ဒီကနေ့ သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါ တယ်။

ကယ်ဆယ်ရေးစခန်းတွေကိုလာရောက်ရတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထည့်သွင်းရန် အရေးကြီးပြီး ကချင်မပါဘဲနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည် ဆိုပါက အဓိပ္ပာယ် မရှိဟုဆို

(Eleven Media Group)

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထည့်သွင်းရန် အရေးကြီးပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မပါဘဲနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည်ဆိုပါက အဓိပ္ပာယ်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ချင်းအမျိုးသား တပ်ဦး(CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။

Sunday, September 22, 2013

DUNG (36) GINRA HTA GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sam Mungdaw KIA Dap Ba (4) up hkang ginra npu, Dung (36) ni a ginra Mungbaw Namhkyek wa lam na hkau na pa hta September (21) ya jahpawt daw gap gasat lai wa sai lam shiga na chye lu ai. KIA Dung (36) kata na Mungshawa Hpyen Hpung (MHH), Mung Shawa Kanawn Mazaum Hpung (MKM) ni pawng marai (6) hte myen tai hpyen hpung hk-l-y (241) hkrum katut gap gasat lai wa ai re lam na chye lu ai. Ndai zawn gap gasat ai hta myen hpyen ni maga na marai (3) si hkrum wa nna, (2) hkala hkrum wa sai lam, tinang Myu Tsaw Share Shagan ni maga gaw hpa hkala ai lam nnga ai hpe mung na chye lu ai.

ဧရာဝတီရဲ့ အနာဂတ် (၃)



 (ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၄၊ စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၃)

မြန်မာ ပညာရှင်များ၏ ကန့်ကွက်ချက် ကို မျက် ကွယ်ပြုခြင်း
မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြ တဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လကျော်ဆောင်ရွက်ခဲ့ပါတယ် တဲ့၊ မြန်မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်၊