Friday, September 20, 2013

နယ်မြေရှင်းလင်းရေး ဆိုတာ တိုင်းရင်းသား ဒေသခံ မောင်းထုတ်ရေးလား။

(Kachin Duwa)

အခုတလော တိုင်းရင်းသား ဒေသ (အပစ်ရပ်ထားတဲ့နေရာ အပါအ၀င်) တွေ မှာ ခေတ်စားလာတာကတော့ ဗမာစစ်တပ်ရဲ့ နယ်မြေရှင်း လင်းရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ နည်းမျိုးစုံ သုံးပြီး ဒေသ ခံတွေ နေရခက်အောင် လုပ်တဲ့ နည်း ဖြစ်ပါ တယ်။

ပြည်တွင်း စစ် စောင့်ကြည့်လေ့လာတဲ့ ပညာရှင်တွေ ရဲ့ အဆို အရ၊ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ပြေးဒုက္ခသည် ပိုများလာတယ် လို့ ဆိုပါတယ်။

အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၂)

(ရွှေဟင်္သာသတင်းဌာန)

ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီ အဖွဲ့နှင့်အတူ  လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်း ခဲ့ပါသည်။ ထိုလုပ်ငန်း ကော်မီတီကို အောက်ပါ ပုဂိုလ်များဖြင့် ဖွဲ့စည်း လိုက်ပါသည်။
(က)      ဒေါက်တာ စိုင်းမောင်ခမ်း ဒုတိယ သမ္မတ                                                           ဥက္ကဌ
(
)        ဗိုလ်ချုပ်ကြီး စိုးဝင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်                             ဒုတိယ      ဥက္ကဌကာကွယ်ရေးဦးစီးချုပ် (ကြည်း)                                                                       
(
)        ဦးအောင်မင်းပြည်ထောင်စုဝန်ကြီး                                                                ဒုတိယဥက္ကဌ
(
)      ဦးသိန်းဇော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                                 ဒုတိယဥက္ကဌ
(
)        ဦးအုန်းမြင့်ပြည်ထောင်စုဝင်ကြီး                                                                   အဖွဲ့ဝင်
(
)        ဦးစိုးသိန်းပြည်ထောင်စုဝန်ကြီး                                                                     အဖွဲ့ဝင်
(
)      ဦးဇော်မင်းပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ဝင်
(
)        ဦးသန်းဌေးပြည်ထောင်စုဝန်ကြီး                                                                  အဖွဲ့ဝင်
(
ဈ)       ဦးခင်ရီပြည်ထောင်စုဝန်ကြီး                                                                        အဖွဲ့ဝင်
(
)      ဦးဝင်းထွန်းပြည်ထောင်စုဝန်ကြီး                                                                  အဖွဲ့ဝင်
(
)        ဦးခင်မောင်စိုးပြည်ထောင်စုဝန်ကြီး                                                                အဖွဲ့ဝင်
(
)        တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်များ                                          အဖွဲ့ဝင်
(-) 
တိုင်းမှူးများ၊-----------------------------------------------------------------------------    အဖွဲ့ဝင်။
()      ဗိုလ်ချုပ်ဇော်ဝင်းဒုတိယ၀န်ကြီး                                                                    အဖွဲ့ဝင်

အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၁)

(ရွှေဟင်္သာသတင်းဌာန)

လက်ရှိအစိုးရ သစ်သည်၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ တက်လာသော စစ်ဗိုလ်ချုပ်များ ပါတီမှ ကိုယ်စားလှယ်များ ဖြစ်ပါသည်။ ၄င်းတို့သည် စစ်အာဏာရှင် စနစ်မှ  ချက်ချင်း အသွင် ကူးပြောင်း လာကြသည့် တက်သုတ်ရိုက် ပြည်သူ့ ကိုယ်စားလှယ် များလည်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူများ ဒုက္ခ ရောက်ရှိချိန် နာဂစ် မုန်တိုင်းကြားမှ တက်သုတ်ရိုက်ပြီး အတည်ပြုရာ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး ကြိုတင်မဲ အစီစဉ်ဖြင့် အပြတ်အသတ် အောင်မြင် ခဲ့ပါသည်။  

လိုင်ဇာတွင် ဒုက္ခသည်များဘောက်ချာ စနစ်ဖြင့် ၀ယ်ယူနိုင်သော ဈေးရောင်း ပွဲတော်ပြုလုပ်ပေး

(ကချင်သတင်းဌာန)

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဒုက္ခသည်များအတွက် ၄င်းတို့လိုအပ်သောပစ္စည်းများကို သတ်မှတ်ချက်ပမာဏနှင့်အညီ လက်မှတ် (ဘောက်ချာ)စနစ်ဖြင့် ၀ယ်ယူနိုင်သည့် ဈေးရောင်းပွဲတော်တခုကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (KRDC) တို့မှကြီးမှူး၍ လိုင်ဇာ မနောကွင်း မဂျွယ်ခမ်းမတွင် ကျင်းပပေးခဲ့ကြောင်းသိရသည်။

Thursday, September 19, 2013

အစိုးရနှင့် KIO ကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်တွေ့မည်

(KNG)

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ Technical Advisory Team တို့သည် စက်တင်ဘာလ ၁၆-၁၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပွဲကို လာမည့် အောက်တိုဘာလ ပထမအပတ်အတွင်းကျင်းပနိုင်ရန် ပဏာမသဘောတူညီမှုရရှိထားပြီ ဖြစ်သည်။

KIO နှင့်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်အတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံနိုင်ရန်လျာထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲမတိုင်မီ ထပ်မံတွေ့ဆုံညှိနှိုင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း KIO Technical Advisory Team အဖွဲ့ဝင် ဆရာဒေါင်ခါး ကပြောသည်။

မချမ်းဘောမြို့ နယ် အင်ခါးဂါးကျေးရွာ၏ နောက်ဆုံးသတင်းရရှိသည့် အခြေအနေ

(Kachin Waves)

- အင်ခါးဂါးကျေးရွာမှ တပ်မတော်မှ ဖမ်းစီးရမိထားသည့် လူ(၁၀)ဦး ကိုကာ ပြန်လွတ်ပေးပြီးဖြစ်သော် လည်း နှိပ်စက်မှု တော်တော်များများပြုလုပ်ခဲ့ကြောင်းသိရသည်။

-ထိုပြန်လွတ်ပေးခဲ့သည်သူများအား မချမ်းဘောမြို့သို့ပြန်လာခိုင်းခြင်းမရှိပဲ။ အင်ခါးကျေးရွာတွင်သာ နေထိုင်ခိုင်းလျှက်ရှိသည်။

ပူတာအိုခရိုင် အင်ခါဂါးရွာသားများ အစိုးရတပ်၏ မေးမြန်းစစ်ဆေးခြင်း ခံနေရ

(KNG)

ကချင်ပြည်နယ် ပူတာအိုခရိုင် အင်ခါဂါးကျေးရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒေသခံများသည် ယခုအချိန် အစိုးရတပ်၏ ထိပ်တိုက် မေးမြန်းစစ်ဆေးမှုများနှင့် အခက်ခဲများရင်ဆိုင်နေရကြောင်း ပူတာအိုသတင်းရပ်ကွက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန် တောသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော အင်ခါဂါး ဒေသခံ ၁၀၀ ခန့်သည် ယခုအခါ အစိုးရတပ်၏ စစ်ဆေးမေးမြန်းမှုများကို ရင်ဆိုင်နေရပြီး အချို့တို့ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများရှိနေသည်ဟု ပူတာအိုဖက်မှ သတင်းများထွက်ပေါ်နေသည်။

Wednesday, September 18, 2013

ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း

(Kachin Duwa)

ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း ဆွေမျိုးတွေဆီမှ သတင်းရတဲ့ အကြောင်း၊ မြောက်ပိုင်းဒေသ အတွက် အထူးဆုတောင်းပေးလိုကြောင်း ကို ရ၀မ် လို ရေးထားတာပါ။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသည် UWSP နှင့် မသက်ဆိုင်ဟုဆို

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ လက်မှတ် ထိုးခြင်း၊ မထိုးခြင်းသည် အပစ်ရပ် ထားသည့် အဖွဲ့အစည်း အပေါ် အစိုးရမှ ထားရှိသည့် သဘောထား အခင်းအကျဉ်း မူတည် သည်ဟု သဘောထားကြောင်း ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) မှ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ဆိုပါသည်။ 

“ အစိုးရက ဖိတ်ရင် အခမ်းအနား ကိုတော့ ကျနော်တို့ တက်မှာပါ။ ဒါမှသူတို့ ဘာလုပ်မယ်ဆိုတာ သိရတာပေါ့။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ မသိရသေးဘူးလေ။ လက်မှတ် ထိုးခိုင်း ရင်တော့ ကျနော်တို့လည်း ပြန်လည် စဉ်းစား ရတော့ မှာပေါ့။ အပစ်ရပ် ထားတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ အစိုးရက ထားရှိတဲ့ သဘောထား အခင်းအကျဉ်းတွေကို ပြန်လည် သုံးသပ်ပြီး မှဘဲ ထိုးသင့် မထိုးသင့် ဆုံးဖြတ်မှာပေါ့။ ဒီကိစ္စမှာ ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်” ဟု ဆိုပါသည်။ 

အစိုးရ၏ Nation Wide Ceasefire အပေါ် နိုင်ငံတကာ ပညာရှင်များအမြင်

(ရွှေဟင်္သာသတင်းဌာန)

နိုင်ငံခြား ပညာရှင်များနှင့် တိုင်းရင်းသား ပညာရှင်များ ပူးပေါင်းပြီး အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက် မှတ်ထိုးပွဲ ဖိတ်ခေါ်ထားချက် အပေါ် အချက် (၄)ချက်ဖြင့် ၄င်းတို့ဝေဖန် အကြံပြု ခဲ့ကြသည်ဟု နှစ်ရက်ကြာ ကျင်းပသည့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည့် တိုင်းရင်းသား ပညာရှင် တဦးဖြစ်သူ ခွန်ဥက္ကာက ဆိုပါ သည်။ 

“ဆွေးနွေးပွဲကိုတော့ စက်တင်ဘာလ ၁၆  နဲ့ ၁၇ ရက်နေ့ နေ့လည် (၁) နာရီ အထိ ဆွေးနွေးကြပါတယ်။ အဓိက ကတော့ အစိုးရဖက်က ဖိတ်ခေါ်ထားတဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် ဘယ်လို အဖြေရှာ သွားကြမလဲ၊ ရှေ့ဆက် ဘယ်လို လုပ်ဆောင် သွားဖို့ လိုသလဲ ဆိုတဲ့ ရှုဒေါင့်ကို ဆွေးနွေးခဲ့ကြတာပါ” ဟု ဆိုပါသည်။

အောင်ဆန်းစုကြည် ရဲ့ စင်ကာပူ ခရီးစဉ် အတွင်း ဟောပြောမဲ့ ပွဲမှာ တက်ရောက်ဖို့ မြန်မာကလပ် စင်ကာပူ ရဲ့ ဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး ကချင်စာပေ နှင့် ယဉ်ကျေးမှုကော်မီတီ မှ သဘောထား ထုတ်ပြန်ချက် ဖြစ်ပါတယ်။

(Jinghpawkasa)


ဗမာစစ်တပ်မှ အင်ခန်ဂါးရွာသားများအား ခြိမ်းချောက် လက်မှတ်ထိုးခိုင်း

(Jinghpawkasa)

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အင်ခန်ဂါးကချင်ကျေးရွာတွင် ရွာသူရွာသားများ၏ ပစ္စည်းဥစ္စာ (ငွေ၊ အသုံးအဆောင်၊ ကျွဲနွားတိရစ္ဆာန်များကို တပ်မတော်စစ်ကြောင်းမှ လုယက်ခိုးယူမှုများ မပြုလုပ်ကြောင်း တပ်မတော်မှ ရွာသားများအား ခြိမ်းခြောက်၍ လက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရပါသည်။

KIA နည်းပညာ အဖွဲ့၏ တင်ပြချက် အပေါ် အစိုးရဖက်မှ အဆင်သင့် မဖြစ်သေးဟုဆို

(ရွှေဟင်္သာသတင်းဌာန)

ငြိမ်းချမ်းမှုများ အတွက် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရန် ကချင် လွတ်လပ်ရေး တပ်မတော် နည်းပညာ အထောက် အကူပြု အဖွဲ့ (KIA Technical Team)၏ တင်ပြချက် အပေါ် အစိုးရ ကိုယ်စားလှယ် များက ၄င်းတို့ ဖက်မှ အဆင့်သင့် မဖြစ်သေးကြောင်း သဘောထား ခဲ့သည်ဟု (KIA Technical Team)၏ ပြန်ကြားရေး တာဝန်ခံ ဆရာဒေါင်ခါး ကဆိုပါသည်။ 

“ KIA ကနေ အစိုးရကို အာဂျင်တာ အချက် (၄) ချက် တင်ပြထားတာ ရှိတယ်။ အဲဒီ အချက်တွေ ပေါ်မှာ မူတည်ပြီးတော့ အစိုးရ (Technical Team) တွေ အခု လာဆွေးနွေးတာ ဖြစ်တယ်။ ရည်ရွယ် ထားတာက (၃) ရက်ပေါ့။ ဒါပေမဲ့ နှစ်ရက် ထဲနဲ့ ဒီကနေ့ ပြီးသွားတယ်။ ဆွေးနွေးမှု ထဲမှာ ယုံကြည်ချက်တွေ တည်ဆောက်ဖို့ ဆိုပြီး ငြိမ်းချမ်းရေး အခြေအနေတွေကို စောင့်ကြည့်သွားဖို့ ပူးတွဲအဖွဲ့ ဖွဲ့ဖို့ တင်ပြခဲ့တယ်။ အဲဒါကို သူတို့ဖက်က အဆင်သင့်မဖြစ်သေးဘူးလို့ဆိုတယ်” ဟု ဆိုပါသည်။

UN ၏ တတိယ အကြိမ်မြောက် အကူအညီများ လိုင်ဇာရောက်ရှိ

(ရွှေဟင်္သာသတင်းဌာန)

UN အကူအညီ ပေးရေး အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ စစ်ပြေး ဒုက္ခသည်များ အတွက် လစဉ် ရိက္ခာများ ထောက်ပံ့ရန်  KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့သို့ ယမာန်နေ့ မွန်းလွဲပိုင်းတွင်  ရောက်ရှိ ခဲ့ကြောင်း ကချင် စစ်ပြေး ဒုက္ခသည် ရေးရာ ကော်မတီ အတွင်းရေးမှူး ဇော်ရော် က ဆိုပါသည်။ 

မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့မွန်းလွဲ ၂ နာရီလောက် မှာ ဒုက္ခသည် အတွက် ရိက္ခာတင် ကား ၁၇ စီးနဲ့ လိုင်ဇာကို ရောက်ရှိ လာခဲ့တယ်။ တဘက်ခါ လောက်မှ ပြန်ဖြစ် မှာပါဟု ဆိုသည်။

TNLA ၏ ခြုံခို တိုက်ခိုက် မှုကြောင့် အစိုးရ တပ်များ အထိနာ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ စစ်ကြောင်း များသည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA အား လိုက်လံ စစ်ဆင် နေရာ ယနေ့ စက်တင်ဘာလ ၁၇ရက် နံနက် ၁၁ နာရီခန့်မှ ၁၁း၃၀ နာရီ အချိန်တွင်လည်း ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် နမ့်ဖက်ကာအုပ်စု မိုင်းယုလေးနှင့် လူမ်ကမ် ကျေးရွာ အကြား တောတန်း တနေရာတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ကျနော်တို့က အပစ်ရပ်ရေး လက်မှတ် မထိုးလို့ လိုက်တိုက် နေတယ် ထင်ပါတယ်။ ဒီတော့ သူတို့ နောက်ယောင်ခံ လိုက်တိုက်နေမှတော့ ကျနော်တို့ ကလည်း နေရာ ကောင်းမှာ စောင့်ပစ်တော့မှာပေါ့။ အခုလည်း ခလရ ၄၅ ရယ်၊ ခလရ ၁၂၃ ရယ်၊ ခလရ ၁၄၅ ပေါ့နော်။ ပူးပေါင်း စစ်ကြောင်းကို ကျနော်တို့ တပ်ရင်း ၁၁၂ တပ်ခွဲ (၃) တပ်ဖွဲ့တွေက နာရီဝက် လောက် ပျောက်ကြား ပစ်လိုက်တာပါ” ဟု ဆိုပါသည်။ 

Tuesday, September 17, 2013

အစိုးရရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တကယ်ဖြစ်လာနိုင်မလား

(Irrawaddy)

တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အစိုးရက ဦးဆောင်ပြီး လာမယ့် အောက်တိုဘာ လ မှာကျင်းပဖို့ ပြောဆိုထားပေမယ့် တကယ်ဖြစ်လာ မလာ ဆိုတာတော့ သံသယတွေ ရှိနေကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က တိကျတဲ့ သဘောထား မပေးသေးတာ နဲ့ ရှမ်း၊ ကချင် ဒေသတွေမှာလည်း တိုက်ပွဲတွေက ဆက်ဖြစ် နေပါသေးတယ်။

တိုက်ပွဲဖြစ်နေလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည်ဟုဆို

(Irrawaddy)

အစိုးရတပ်များနှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်များ၏ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလတွင် မဖြစ်ဖြစ်အောင် ကျင်းပမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အစိုးရနှင့် ကေအိုင်အိုမူအားဖြင့် သဘောတူ

(Mizzima)

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်သောအဖွဲ့နှင့် KIO ခေါင်းဆောင်တို့ လာမည့်အောက်ဆိုဘာလ ပထမပတ်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုကျင်းပရန် မူအားဖြင့် သဘောတူညီမှု ရပြီဖြစ်သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical Team နှင့် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ၏ နည်းပညာအထောက်အကူပြုအဖွဲ့တို့ တွေ့ဆုံရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးသော ပထမနေ့တွင် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

လိုင်ဇာရှိ ဒုက္ခသည်စခန်းသို့ ကုလအကူညီပေးအဖွဲ့များ ထပ်မံကူညီမှုပေး

(KNG)

ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာရှိ ဒုက္ခသည်စခန်းများအတွက် စားနှပ်ရိက္ခာပစ္စည်းများကို ကား (၁၇)စီးဖြင့် ရောက်ရှိနေပြီး ယနေ့နံနက် စခန်းအချို့တွင်ဖြန့်ဝေပေးနေကြောင်းသိရသည်။

လိုင်ဇာသို့ စက်တင်ဘာလ(၁၆) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး အမှတ်(၃) ဈေး ဒုက္ခသည်စခန်းနှင့် ဂျေယန့်ဒုက္ခသည်စခန်းများတွင် အကူညီပေးခဲ့ကြောင်း ဒုက္ခသည်စောင့် ရှောက်ရေး ကော်မတီဝင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

သမီးသေဆုံးမှု သမ္မတထံ တိုင်သူကို စစ်တပ်က တရားစွဲ

(Irrawaddy)

သမီးဖြစ်သူ မဂျာဆိုင်းအိမ် သေနတ်မှန်သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရ စစ်တပ်ကို အရေးယူဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်တန်းစာပို့ခဲ့တဲ့ ဦးဘရန်ရှောင်ကို ဒေသအခြေစိုက် အစိုးရ စစ်တပ်က ဖားကန့်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

၉ တန်းကျောင်းသူ မဂျာဆိုင်းအိမ် သေဆုံးမှုမှာ ဦးဘရန်ရှောင်က အစိုးရ စစ်တပ်ကို ခိုင်လုံမှု မရှိဘဲ စွပ်စွဲတယ်ဆိုပြီး ဒေသ အခြေစိုက် ခြေလျင် တပ်ရင်း(ခလရ) ၃၈၇ တပ်ရင်းမှ ဗိုလ်မှူး ဇာနေမင်းပိုက် က တရားလိုပြုလုပ်ကာ မမှန်မကန် လိမ်လည်စွပ်စွဲမှု ပုဒ်မ ၂၁၁ နဲ့ ဖားကန့်မြို့နယ် တရားရုံး မှာ တရားစွဲဆိုထားရတာဖြစ်တယ်လို့ ဦးဘရန်ရှောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောပါတယ်။

ဧရာဝတီရဲ့ အနာဂတ် (၂)



အောင်ဒင်(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၃၊ စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၃)

နှစ်နိုင်ငံစာချုပ်များကို လေးစားလိုက်နာခြင်း
ကျနော်ကတော့ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်များကို  လေးစားလိုက်နာရမယ်ဆိုတာ အပြည့်အဝမှန်တယ်မထင်ပါ၊ အစိုးရသစ်တစ်ခုဟာ အရင်အစိုးရက ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာစာချုပ်များကို ပြန်လည်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်၊ တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိ၊ မရှိဆန်းစစ်ဝေဘန်ပြီး တိုင်းပြည်အတွက် အကျိုးမရှိရင်၊ အကျိုးအမြတ်ထက် ဆုံးရှုံးရမည့်အတိုင်းအတာက ပိုပြီးကြီးမားနေရင်၊ ပြည်သူလူထုတစ်ရပ်လုံးက လက်မခံရင်၊ စာချုပ်ကို မှန်မှန်ကန်ကန် မျှမျှတတ ချုပ်ဆိုခဲ့တာ မဟုတ်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရင် တစ်ဘက်နိုင်ငံအစိုးရနဲ့ ညှိနှိုင်းပြီး စာချုပ်ကို ပြင်ဆင်ရေးဆွဲတာ၊ ဖျက်သိမ်းတာ ပြုလုပ်နိုင်ခွင့်ရှိ အသေအချာရှိပါတယ်၊

ကက်သလစ်ဘာသာ ဆုတောင်းတောင်တက်ပွဲနေ့ စည်းကားစွာကျင်းပ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် လိုင်ဇာမြို့ ခရစ်ယာန် ကက်သလစ်မြို့နယ်ခွဲတွင် စက်တင်ဘာလ(၁၄)ရက်က ကျင်းပသော ဝေကြိုင်ရှိ လက်ဝါးကပ်တိုင် ဆုတောင်းတောင် တက်ပွဲတော်ကို (၄)နှစ်အတွင်း ယခုနှစ်တွင် ရာသီဥတုသာယာဆုံး စည်းကားစွာကျင်းပနိုင်ခဲ့သောကြောင့် ပွဲတော်ပါဝင်တက်ရောက်သူများက ၀မ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

အဆိုပါ ကက်သလစ်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင် ဆုတောင်း တောင်တက်ပွဲ တော်ကျင်းပချိန်သည် မိုးတွင်းကာလဖြစ်၍ ယခင်နှစ်များတွင် နှစ်စဉ် မိုးရွာသွန်းမှုကြားမှ ပြုလုပ်ခဲ့ကြခြင်းဖြစ်ရာ ယခုနှစ်တွင် မိုးမရွာသောကြောင့် ကောင်းချီးမင်္ဂလာပြည့်ဝသော ပွဲတော်ဖြစ်သည်ဟု အသင်းဝင်များကပြောသည်။

Monday, September 16, 2013

အစိုးရနှင့် ကေအိုင်အို လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေး

(DVB)

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ရဲ့ အလုပ်အဖွဲ့ တွေဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဒီနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ကြိုတင် ဆွေးနွေး နေကြပါတယ်။

ဒီတွေ့ဆုံမှုဟာ အခုရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်မေတာ် (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီကေန့ နှစ်ဖက်အလုပ်အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။

KIO နှင့် အစိုးရ Technical Team တို့ (၃)ရက်ကြာ ဆွေးနွေးမည်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ Technical Team အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြု ရုံး၌ တွေ့ဆုံဆွေးနွေး နေကြပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်ခွန်ဂျာက ဆိုပါသည်။ 

“( ) ရက်လောက် တွေ့ဆုံ ဆွေးနွေး မယ်လို့ သိထားပါတယ်။ အဓိက ကတော့ နိုင်ငံတော် သမ္မတက ဖော်ဆောင် လိုတဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို KIO ပါဝင်ရေး အတွက် ဆွေးနွေး သွားဖို့ ရှိသလို မြစ်ကြီးနား ဆွေးနွေးပွဲ တုန်းက ရခဲ့တဲ့ နှစ်ဖက် သဘော တူညီချက် () ချက်ကိုလဲ ပြန်လည် ဆွေးနွေး ညှိနှိုင်းဖို့ ရှိတယ်ဟု ဆိုပါသည်။

ပြီးခဲ့သည့် လေးလတာ ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲအကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၅၀၀၀ ကျော် တိုးလာ

(Eleven Media Group)

ပြီးခဲ့သည့် လေးလတာ ကာလအတွင်း၌ တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲအကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၅၀၀၀ ကျော် တိုးပွားလာခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာနေသော Myanmar Peace  Monitor ၏ သုတေသန စစ်တမ်းများအရ သိရသည်။

ငြိမ်းချမ်းရေးအကျိုးဆောင် ကချင်အမျိုးသမီးခေါင်းဆောင်

(VOA)

ကိုဇော်ဝင်းလှိုင် ။ ။ အင်ဂျန်ယန်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ဒေါ်ဒွဲဘူ ဗွီအိုအေကိုလာပြီးတော့ စကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါ်ဒွဲဘူ ။ ။ ကျမလည်း ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုဖြစ်နေတဲ့အထဲမှာ ဒေါ်ဒွဲဘူကိုယ်တိုင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီထဲမှာ ပါတယ်လို့ ကျနော်တို့ သိထားတယ်ဆိုတော့ အဲဒီရဲ့  လုပ်ငန်းစဉ်တွေက ဘယ်လိုရှိနေသလဲ။ သဘောက အစိုးရနဲ့ ကေအိုင်အိုတို့ တွေ့နေကြတာတွေတော့ရှိတယ်။ မပြေလည်နိုင်သေးဘူး ဖြစ်နေတာပေါ့။ အခုထိတော့ ကြားထဲမှာ တဖတ်နဲ့တဖတ် သဘောတူညီမှု မရနိုင်သေးဘူးဆိုတာ ဘာကြောင့်လို့ထင်သလဲ။ သဘောက အစိုးရဖက်က အများစုက အစိုးရက တချိန်လုံး သူဖက်က အမှားတွေ ကျူးလွန်နေခဲ့တာဆိုတော့ သူကိုတော့ blame လုပ်ကြတာများတယ်။ အပြစ်ပုံချကြတာများတယ်။ ကေအိုင်အိုဖက်ကရော ဘာကြောင့် သဘောတူညီမှု မရနိုင်တာလဲ။ အခုလို ဆွေးနွေးနေတဲ့နေရာမှာ။

Sunday, September 15, 2013

KIO ဌာနချုပ်အနီးရှိ ၀ယ်ကျိုင်တောင်တွင် ကက်သလစ် ဘာသာသူများ၏လက်ဝါးကပ်တိုင်ဆုတောင်းပွဲ ပြုလုပ်

(Lachid Kachin)
(KNet)
၂၀၁၃၊စက်တင်ဘာလ၊၁၄ ရက်နေ့ နံနက် (၁၁း၃၀) မှ ညနေ (၀၃း၀၀)နာရီအထိ KIO ဌာနချုပ်အနီးရှိ ၀ယ်ကျိုင်တောင်တွင်၊ လိုင်ဇာ ကက်သလစ်သာသနာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖါတာဂျိုးဇက် အင်ဘွင်နော် မှ ဦးဆောင်ကာ မစ်ဆားတရားတော်မြတ်ကိုပူဇော် ပေးပြီး ကက်သလစ် ဘာသာသူများအားလက်ဝါးကပ်တိုင်ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ ကြောင်း သိရှိရပါသည်။၎င်းဆုတောင်းပွဲ အခမ်းအနားသို့ KIO, ဥက္ကဌကြီး နှင့် တကွ KIO, ဗဟိုကော်မတီဝင်များ၊ ဌာနပေါင်းစုံမှ သက်ဆိုင်သူများ တက်ရောက် ကြ ပြီး စုစု ပေါင်းတက်ရောက်
သူ ဘာသာသူလူဦးရေ (၂၀၀၀) ကျော် ပါဝင် တက်ရောက်ဆုတောင်း ခဲ့ ကြကြောင်းသတင်းရရှိပါသည်။


See Pic Laiza, Woi Chyai Bum Hta Udang Shagrau Poi Galaw (Click Here)

ရွာသားများ နှိပ်စက်ခံရမှု သတင်းကို ဖုံးကွယ်ဖို့ စစ်ဗိုလ်ဇာတ်ထွင်ခဲ့

(Kachin Duwa)

အင်ခန်ဂါး ကချင်ရွာသားများကို ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်မှု သတင်း ထွက်လာအပြီး ဗိုလ် ဇော်မျိုးထက် သတင်းကို ဇာတ်နာအောင် ဖန်တီးကြတယ် လို့ ဆိုပါတယ်။ ထိုစစ်ကြောင်းမှာ ပါခဲ့တဲ့ ရ၀မ်အမျိုးသား တစ်ယောက် ပြောလာပါတယ်။
`စစ်ဗိုလ်ဆုံးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ပြောသလို ခေါင်းဖြတ်သတ်တယ် ဆိုတာ မဟုတ်ဘူး၊ ဗုံးဒဏ်နဲ့ ဗိုက်ပေါက်သွားတယ် ဆိုတာတော့ ဟုတ်တယ်၊´ လို့ ဆိုပါတယ်။

အင်ခန်းဂါး ကျေးရွာသားများ ၁၀၀ ကျော် ပျောက်ဆုံး နေဆဲ လို့ သိရပါတယ်။ သေလား၊ ရှင်လား ဆိုတာ မသိရသေးပါ။ တောင်ပေါ်သားများ တောမှာ လမ်းမှားရိုး ထုံးစံမရှိပါ။

Laiza, Woi Chyai Bum Hta Udang Shagrau Poi Galaw

(Kachinnet)

2013 ning September (14) ya shani Wunpawng Mungdan Shanglawt Hpung a uphkang ginra rai nga ai Laiza Woi Chyai U Dang Bum hta Chyoi Pra Ai Udang Shagrau Poi hpe galaw ai lam chye lu ai.

Udang shagrau poi hpe (11:30)am aten kaw nna (3:00)pm aten daram du hkra galaw ai. Ndai poi hta Laiza Muklum, Pajau, Je Yang hpyen yen dabang, Hpunlum Yang hpyen yen dabang, Lahkawng Pa hpyen yen dabang na nawku hpung masha ni, IDP jawngma ni, Wunpawng Mungdan Shanglawt Hpung Ningbaw Kaba hte Ginjaw Komiti Salang ni, magam gun ni yawng marai (2000) daram sa du akyu hpyi ai lam hpe chye lu ai.

အစိုးရစစ်တပ်အရာရှိ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက် ကေအိုင်အို ငြင်းဆို

(RFA)

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိ တစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။ 

မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ ရက်နေ့ မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။ 

ပူတာအို ခရိုင်အတွင်း တပ်မတော် အရာရှိတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်

(Eleven Media Group)

ပူတာအို ခရိုင်အတွင်း တပ်မတော် အရာရှိတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ၀န်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း သြဂုတ် ၂၈ ရက်က မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာသော နယ်မြေခံ တပ်ရင်းတပ်စု ၁ ကို ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အင်အား ၂၀ ခန်က စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တပ်မတော် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး လူစုကွဲ ပျောက်ဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်နိုင်ရေး အဆင့်တိုင်းတွင် လမ်းဖွင့်ပေးမည်ဟု ၀န်ကြီးဦးအောင်မင်းက UNFC အား ရှင်းပြ

(Eleven Media Group)

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် အကြောင်းအမျိုးမျိုးကြောင့် လက်မထိုးနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်နိုင်ရေး အဆင့်တိုင်းတွင် လမ်းဖွင့်ပေးမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံစဉ် ရှင်းပြခဲ့သည်ဟု Myanmar Peace Center မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။