Saturday, September 14, 2013

ထိန်နန်ရွာက တပ်ရင်း (၇) ကို သတိပေးတာတဲ့။

(Kachin Duwa)

ပြီးခဲ့တဲ့ အပတ်က စစ်ဗိုလ်တစ်ယောက်သေတာကို အကြောင်းပြုပြီး ဇာတ်နာအောင် အမျိုးမျိုး ဇာတ်လမ်းထွင်နေတာ သတိထားမိပါတယ်။

တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အရေး

ဆောင်းပါးရှင်၊ အောင်လင်းထွဋ်
 
လွန်ခဲ့သော နှစ်ပေါင်း(၂၀)နီးပါးစစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော် သည်လက်ရှိမြန်မာနိုင်ငံအရပ်သားအစိုးရအသစ်ဟုခေါ်သောအစိုးရလက်ထက်တွင် စစ်၏အနိတ်ဌာရုံသတင်း များကိုကြားနေရပါသည်။ အထူးသဖြင့် ကချင်၊ ကရင်။ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါ သည်။ 
 
တရုပ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ ကို ၂၀၀၉ ခုနှစ်က စစ်တပ်အနေဖြင့် နယ်ခြားစောင့်တပ်ကိုလက်မခံ၍ တိုက်ခိုက်ခဲ့သောလည်း တရုပ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရပြီး စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း တို့ကိုယ်တိုင် ရက်ပိုင်းအတွင်းတရုပ်နိုင်ငံသို့ သွားရောက် ၍မှားပါကြောင်းဝန်ချတောင်းပန်ခဲ့ရပါသည်။ လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်။ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်အနေဖြင့်ပြင်းပြင်းထန်ထန် စစ်ပွဲဆင်နွဲနေသောလည်း တရုပ်နိုင်ငံ ထောက်ခံထားသော မူးရစ်ဆေးဝါးနှင့်စစ်အင်အားကြီးထွားလာသော ”ဝ“ နှင့် ”ရှမ်းအခါ“ ငြိမ်းချမ်းရေး အဖွဲ့များ ကိုမူ စစ်ဆင်ရေးမလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ လက်ရင်းတစ်ပည့်များဖြစ်ကြသော လွှတ်တော်ဆပ်ကော်မတီ ဥက္ကဌများဖြစ်ကြသော ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦးအောင်သောင်း နှင့် ဦးသိန်းဇော် တို့ခေါင်းဆောင်သော သမ္မတ၏အစိုးရကိုယ်စလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသ သို့စေလွှတ်ခဲ့ရပါသည်။ 
 

TNLA တပ်ရင်း ၇၁၇ နှင့် ခလ၇ ၁၁၄ တို့ တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)



တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ တပ်ရင်း (၇၁၇) သည် ၄င်းတို့အား လိုက်လံ စစ်ဆင် နေသည့် အစိုးရ ခလရ (၁၁၄) တပ်ဖွဲ့ကို ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် အနောက်ဘက် ခြမ်းရှိ ကွန်မောက်နှင့် ဟိုကျပ် ကျေးရွာ အကြားတွင် ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့၌ နာရီ ၀က်ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော် က ဆိုပါသည်။  

ကျနော်တို့ အခြေခံတဲ့ တောင်ကုန်းကို ဖယ်ခိုင်း တာလေ။ ကျနော်တို့ မဖယ်တဲ့ အခါ ကျတော့ သူတို့က တောင်တက် လာတယ်။ ဒီတော့ ကျနော်တို့ က RPG လှမ်းထုတယ်။ သူတို့က အဝေးကနေ မော်တာ ၆၀ မမ နဲ့ လှမ်းပစ်တယ်ဟုဆို ပါသည်။

တိုက်ပွဲတွေဖြစ်နေပေမယ့် KIA က အပစ်ရပ်ရေး ဆက်ဆွေးနွေးမည်

(RFA)

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့  မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး မယ်လို့  KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြော ကြားလိုက်တယ်လို့ အေပီသတင်းမှာ ပါရှိပါတယ်။

လာမယ့် တနင်္လာနေ့မှာ အပစ်ရပ်ရေးဆွေးနွေးပွဲ ထပ်ကျင်းပမယ်လို့ ဦးလာနန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

KIA ကို ပြန်လည် တိုက်ခိုက်ရန် ဦးတည်နေခြင်း ....

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း 

မြန်မာ့ တပ်မတော်နှင့်ကေ အိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ တပ်မတော်အရာရှိတစ်ဦး ဖမ်းဆီး အသတ်ခံရမှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

“နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး”

(ဧရာဝတီ)

မြန်မာနိုင်ငံ ဒီမိုကရေစီ သို့ အသွင် ကူးပြောင်း နေ ချိန် နိုင်ငံရေး ဖြစ်စဉ်များ တွင် အရေးပါသော လွှတ်တော် ခိုင်မာ အားကောင်းရေး၊ သမ္မတ ဦးသိန်းစိန် အစိုးရ လပေါင်း ၃၀ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ဆက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများနှင့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စ၊ သမ္မတနှင့် လွှတ်တော်ကြား အာဏာလွန်ဆွဲမှု၊ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အပါအ၀င် အစိုးရ အဖြေမရှာနိုင်သေးသော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ အကြောင်းတို့ကို မြန်မာ့ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားပါသည်။

ကေအိုင်အိုနဲ့ အစိုးရတပ် တိုက်ပွဲဆက်တိုက်ဖြစ်

(DVB)

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုး၇အကြား ငြိမ်းချမ်းရေးအတွက် အလုပ်အဖွဲ့ချင်း မေတွ့ဆုံခင် ရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ်တောင်ပိုင်းမှာ နှစ်ဘက်အကြားတိုက်ပွဲ ၄ ရက် ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ငြိမ်းချမ်းရေးအတွက် ကေအိုင်အိုနဲ့ အစိုးအကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နှစ်ဘက် အလုပ်အဖွဲ့ချင်းတွေ့ဆုံဖို့ ဒီလ ၁၆ ရက် ၁၇ ရက် ချိန်းဆိုထားကြတာပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့လောက်ကစပြီး ကချင်ပြည်နယ်တောင်ပိုင်းအေခြပြု ကေအိုင်အို တပ်ရင်း ၁၂ ထိန်းချုပ်ဂွင်ထဲကို အစိုး၇တပ်တွေ ၀င်ရောက်ရာက တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ စစ်သတင်းရပ်ကွက်တွေက ဆိုပါတယ်။

သမီးသေလို့ အကူညီတောင်းသူ အပြစ်ရှိတယ်လို့ တရားရုံးဆုံးဖြတ်

(DVB)

သမီးငယ် ကျည်ဆံထိမှန်သေဆုံးတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ အကူညီတောင်းတဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

ဦးဘရန်ရှောင်ရဲ့ ကိုးတန်းကျောင်းသူ သမီးငယ် မဂျာဆိုင်းအိမ်ဟာ မနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ပစ်ခတ်မှုတခုမှာ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာ ဒီကေန့ဆို တနှစ်တင်းတင်းပြည့်ပါပြီ။

တပ်တည်ပုံ နီးကပ်လို့ ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေ

(ဘီဘီစီ)

ဒီရက်ပိုင်းတွေ အတွင်း ကချင်ပြည်နယ် အတွင်းမှာ သေနတ် သံတွေ ပြန်ညံလာ ခဲ့ပါတယ်။

တဘက်မှာ ငြိမ်းချမ်းရေးတွေ ဆွေးနွေး နေကြပေမယ့် ဘာကြောင့် အခုလို တိုက်ပွဲတွေ ပြန်ဖြစ် နေတာပါလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးကို ဆက်သွယ်မေးကြည့်တော့ တပ်တည်ရှိမှု အနေအထား တွေက နီးကပ်နေတဲ့ အတွက် အစိုးရဘက်က လှုပ်ရှားသွားလာမှုနဲ့ ကေအိုင်အေဘက်က လှုပ်ရှားမှုတွေ ပက်ပင်း တိုးတက် တာမျိုးတွေ ရှိတတ်ကြောင်း၊ တခါတလေ နယ်မြေ ကျော်လာတာမျိုး တွေလည်း ရှိတတ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

CPI ကုမ္ပဏီ၏ ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကချင်ပြည်နယ်သို့ ယခုနှစ်မကုန်မီ ဓာတ်အား စတင်ရောင်းချမည်

(Eleven Media Group)

CPI ကုမ္ပဏီ၏ ချီဖွေငယ် လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများကို ကချင်ပြည်နယ်သို့ ယခုနှစ် မကုန်မီ စတင်ရောင်းချမည်ဟု သတင်းရရှိသည်။

ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၃၃ ဒသမ ၃ မီဂါဝပ် စက်သုံးလုံး တပ်ဆင်ထားပြီး မီဂါဝပ် ၉၉ ဒသမ ၉ မီဂါဝပ် ထုတ်လုပ်နိုင်ကာ ပထမတစ်လုံးကို အောက်တိုဘာလ မကုန်မီ စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

Friday, September 13, 2013

တစ်ရက်တစ်ခြား ပိုမို ဆိုးရွားလာနေသော စစ်တပ်ကျောထောက်နောက်ခံပြု အတင်းအဖျင်း မီဒီယာ Myanmar Express ၏ ၀ါဒ ဖြန့်မှုများ

(Myutsawmyit)

ဒီရက်ပိုင်း အတွင်း KIA နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်လာ နေပါတယ်။ TNLA တပ်ကိုလည်း အင်အားတွေ သုံးပြီး မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်န၀ါရီလတွေမှာ KIA နဲ့ မြန်မာစစ်တပ်တို့ အပြင်းထန်ဆုံးတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကချင် Website တော်တော် များများလည်း DDOS နဲ့ တိုက်ခိုက်ခံရလို့ သတင်းတွေ ပြတ်တောက် ခဲ့ပါ တယ်။ ဒါပေမယ့် တစ်ခြား နိုင်ငံခြား အခြေစိုက် သတင်းဌာနတွေရဲ့ သတင်းတွေ တင်ဆက်ပေးမှုကြောင့် သတင်းတွေကို အမှန်အတိုင်း သိခွင့်ရခဲ့ပါတယ်။

ဒီအခြေအနေတွေကို မြန်မာစစ်တပ်က လိုလားပုံ မရခဲ့ပါဘူး။
အထူးသဖြင့် Myanmar Express ကနေ သတင်း မီဒီယာတွေ အားလုံးနီးပါးကို အပုပ်ချရေးသားခဲ့ပါတယ်။ အဆိုးဆုံးကတော့ DDOS နဲ့ တိုက်ခိုက်ဖို့ LINK တွေ တင်ခဲ့တဲ့ အထိပါပဲ။

ဒီရက်ပိုင်းမှာလည်း KIA နဲ့ ELEVEN MEDIA GROUP ကို အကြီး အကျယ် တိုက်ခိုက်နေတာ တွေ့ရမှာပါ ....

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြန်ဖြစ်၊ စစ်ဗိုလ် တဦး ကျဆုံး

(ဧရာဝတီ)

အစိုးရ နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ရရှိရေး ဆွေးနွေး လျက်ရှိ သော်လည်း ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲများ ဆက်တိုက် ပြန်လည် ဖြစ်ပွားနေပြီး မြန်မာစစ်တပ်မှ စစ်ဗိုလ် အရာရှိ တဦး ကျဆုံးသွားကြောင်း သတင်း ရရှိသည်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့ ပူတာအို ခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်မူ စက်တင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင် မြန်မာစစ်တပ် မှ စစ်ဗိုလ်အရာရှိ တဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကြောင်း(၅) ကြောင်းဖြင့် TNLA အား ပြင်းထန်စွာ စစ်ဆင်လာ

(ရွှေဟင်္သာသတင်းဌာန)


ပြီးခဲ့သည့် စက်တင်ဘာ (၁၁) ရက်နေ့ ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ အနီး နမ့်ဟွန်းချောင်း တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် အစိုးရ စစ်ကြောင်း (၅) ကြောင်းသည် ထိုနေရာသို့ ပိုက်စိပ် တိုက် စစ် ဆင် လာခဲ့ခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ  အထွေထွေ အတွင်းရေးမှူး  ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။ 

“ အထိနာ သွားတော့ အဲဒီနေရာကို စစ်ကြောင်း (၅)ကြောင်းနဲ့ ပိုက်စိပ် တိုက်ပြီး ကျနော်တို့ ရှိနိုင်မဲ့ နေရာတွေကို လိုက်ရှာ နေကြတယ်။ ဒေသခံ စစ်ကြောင်း တွေပါဘဲ။ အခြေအနေ ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်မဲ့ အလားလာတော့ ရှိနေတယ်” ဟုဆိုပါသည်။ 

မြစ်ကြီးနား မိဘမဲ့ဂေဟာ ဗုံးပေါက်ကွဲမှုအတွက် အိမ်ရှင်ဦးဒယောင်တန်ဂွန်းကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ်

(Mizzima)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မိဘမဲ့ ဂေဟာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြင့် လူ ၁၀ ဦးသေဆုံးမှုအတွက် ဖမ်းဆီးခံ ထားရသူ အိမ်ရှင်ဦးဒယောင်တန်ဂွန်းအား ပေါက်ကွဲစေမှုဖြင့် ခရိုင်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ပြီး အမှုတွဲဖြစ်သူ ငါးဦးကို ထောင်ဒဏ်ခြောက်လစီ စက်တင်ဘာ ၁၂ ရက်က ချမှတ်လိုက်သည်ဟု ဦးဒယောင်တန်ဂွန်း၏ သမီးဒေါ်ခေါန်ဂျာက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲကြောင့် တောသို့တိမ်းရှောင်နေသော အင်ခါဂါး ဒေသခံများ အရေးပေါ်ကူညီမှုမရသေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာတွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်များ တိုက်ပွဲကြောင့် တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော ဒေသခံရွာသား ၁၀၀ ခန့်ကို ခေါ်ယူနိုင်ရန် အစိုးရခွင့်မပေးသောကြောင့် အကူအညီမရရှိပါက အသက်အန္တရာယ် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

ဗိုလ်ဇော်မျိုးထက် ကျတဲ့ နောက်ကွယ် ဖြစ်ရပ်အမှန်များ...

(Kachin Duwa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ပူတာအိုတွင် တပ်ရင်းထိုင်သော ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးထက် နှင့် တပ်သား (၃) ယောက် သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။
လူအင်အားမမျှ သောကြောင့် ကေအိုင်အေ စခန်းကို လက်လွတ်လိုက်ရကြောင်းလဲ သိရပါသည်။

“ဆီးဂိမ်းနဲ့ အာဆီယံဥက္ကဋ္ဌနီးလာတော့ ငြိမ်းချမ်းရေးကို အဖြစ်သဘောနဲ့ လုပ်ချင်လာတယ်လို့ ခံစားရတယ်”

(7 Days News)
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်နှင့်တွေ့ဆုံခြင်း
-----------
တွေ့ဆုံမေးမြန်းသူ- အောင်ခိုင်



"မြန်မာ့ဒီမိုကရေစီရေးမှာ တိုင်းရင်းသားအရေးမပါဘဲ မပြီးနိုင်ဘူး။ အခုလက်နက်စွဲကိုင်နေတာ။ အားလုံးတိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေက မရှိတာကို တောင်းနေတာမဟုတ်ဘူး။ ရှိပြီးသားကိုတောင်းတာ။ စိတ်သဘောထားကြီးစွာ လိုက်လျောလိုက်ရင် ပြေလည်သွားနိုင်တယ်။ အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေကို ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့မဟုတ်ဘဲ စုံစုံညီညီတွေ့ဆုံပြီးမှ မင်းတို့လိုချင်တာ ဒါပဲဆိုရင် ပြီးသွားမှာ။ အခုက ကချင်ဝန်ကြီးချုပ်က ကချင်။ ဒါပေမဲ့ ပြည်သူဆန္ဒနဲ့ မဲပေးထားတဲ့ ခေါင်းဆောင်မဟုတ်ဘူး။ အစိုးရက တိုင်းရင်းသားတွေ တောင်းနေတဲ့ မူလအခွင့်အရေးတွေပေးရင် ရိုးရိုးသားသားဉာဏ်နီဉာဏ်နက်မပါဘဲ သဘောထားကြီးကြီးနဲ့ Power Sharing လုပ်လိုက်ရင် ပြည်ထောင်စုကြီး ငြိမ်းချမ်းမယ်လို့ ယုံကြည်တယ်။ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်" Rev Samson.

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သုံးရက်ဆက် တိုက်ပွဲဖြစ်

(Eleven Media Group)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်လွင်ကျေးရွာနှင့် နန်လင်းပါကျေးရွာ ၀န်းကျင်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ပြီး တပ်မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကေအိုင်အို ဗဟိုအဖွဲ့ဝင် တစ်ဦးက ''ဒီမနက်လည်း ၅ နာရီလောက်မှာ မုန်ကျိန်ပါ ရွာအနီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၁ နိုဝင်ဘာ ၀န်းကျင်လောက်က ကေအိုင်အေ တပ်မဟာ (၃) ရင်း (၁၂) ရဲ့ တပ်ရင်းတောင်ကုန်းကို တပ်မတော်က ၀င်သိမ်းလိုက်တော့ တပ်ရင်းက နောက်ဆုတ်ရသွားတယ်။ အခု တိုက်ပွဲဖြစ်တာက တပ်ဆုတ်ထားတဲ့ နယ်မြေထဲမှာ။ ဆုတ်ထားတဲ့ နယ်မြေထဲကို ၀င်လာတော့ တပ်မတော်က နယ်ကျွံတဲ့ သဘောပေါ့။ ထိုးစစ်ဆင်တဲ့ သဘောပေါ့'' ဟု စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြောကြားသည်။

Thursday, September 12, 2013

အစိုးရရဲ့အိပ်မက်

(စည်းလုံးခြင်းရဲ့အင်အား)

ဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာလာသော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ဒေသခံ တအောင်းပလောင် တိုင်းရင်းသားများက နှုတ်ဆက်နေစဉ်

လက်ရှိ အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်လက်ညှိနှိုင်းနေပြီး အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ထိုးပွဲ ကျင်းပမယ်လို့ နိုင်ငံတကာမှာ ကြွေးကြော်ထားပါတယ်။ ဒီလို ကြွေးကြော်နေပေမဲ့ တပ်မတော်နဲ့ KIO၊ တအောင်းပလောင် PSLF (ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၄) နဲ့ ရမခတပ်များ၊ တအောင်းပလောင် တပ်များနဲ့ ရမခတပ်များ၊ ကချင်ပြည်နယ် မချမ်းဘောမြို့နယ် KIA နဲ့ မပခတပ်များ) တို့ဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကတိကဝတ် အာမခံချက် ရရှိမှု အနေအထားဟာ ဘယ်လောက် အတိုင်းအတာထိ ရရှိမှ လက်မှတ်ထိုးမယ် ဆိုတာကို အဖြေရှာဆဲ ဖြစ်ပါတယ်။ နည်းပညာအဖွဲ့ အချင်းချင်း ညှိနှိုင်းဆဲ ဖြစ်ပေမဲ့ KIO အနေနဲ့ အသာတကြည် အလျော့ပေးမဲ့ ပုံစံမျိုး မတွေ့ရလို့ အစိုးရက စိတ်ညစ်နေကြောင်းလည်း MPC ရုံးနဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။

ကေအိုင်အေ ကို ပြန်တိုက်ရန် ဗမာစစ်တပ် မှ ပြင်ဆင်မှုများ

(Kachin Duwa)

ကေအိုင်အေ ကို ဗမာ စစ်တပ် ပြန်တိုက်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း အတွင်းထဲမှ သတင်းများအရ သိရသည်။
အထူးသဖြင့် စစ်တပ် လော်ဘီ ဖစ်ဘွတ် အကောင့်များမှလဲ ကေအိုင်အေ မကောင်းကြောင်း၊ ကေအိုင်အေက စစ်ဗိုလ်တစ်ယောက်ကို ခေါင်းဖြတ်သတ်ကြောင်း သတင်းအမှားများနဲ့ အမုန်းတရားဖန်တီး နေမှုတွေ သိသိသာသာ တိုးလာသည်။ ဥပမာ ပုံထဲက Ko John ရဲ့ ပိုစ့်မှာ သတ်ပုံ သတ်နည်း အသေးစိတ် ကို ရဲဘော်တွေရှေ့မှာ လုပ်ပြသလို ဇာတ်နာအောင် ရေးထားပြီး အဲဒီ ရဲဘော်တွေ တစ်ယောက်မှ လွတ်လာတာ မရှိဘူး... အကုန်အသတ်ခံရတယ် လို့ ရေးပြန်တယ်.. ဒီတော့ အဲဒီ သတင်းကို ဘယ်သူက ပေးတာလဲ... တကယ်ကော အဖမ်းခံရပြီးမှ အသတ်ခံရသလား.. ပွဲချင်းပြီး သေသလား.. ဘယ်သူမှ မသိ... အတွင်းသတင်းအရ သိတာကတော့ ပွဲချင်းပြီး သေခြင်းသာ ဖြစ်သည်။

TNLA ကို အစိုးရတပ်များ ထိုးစစ်ဆင်၊ အစိုးရတပ်ဘက်က အကျအဆုံးများ

(Irrawaddy)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စုတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၂၂ ကို မြန်မာအစိုးရ တပ်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ပူးပေါင်း စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ အစိုးရ တပ်မတော်ဘက်က အကျအဆုံး များခဲ့ကြောင်း သတင်းရရှိသည်။

တနာရီခွဲခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲကြောင့် မြန်မာ့တပ်မတော် ခလရ ၄၅ တပ်ရင်းနှင့် ပန်းဆေးပြည်သူ့စစ်မှ ဆယ့် ၁၂ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဧရာဝတီကို ပြောသည်။

UPWC နှင့် တွေ့ဆုံခဲ့မှုအပေါ် UNFC ကြေညာချက်ထုတ်ပြန်

(KIC)

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC)နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုပြု လုပ်ပြီးနောက် ယမန်နေ့ စက်တင် ဘာလ ၁၀ရက်နေ့ တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၈ရက်နေ့က နိုင်ငံရေးဆွေးနွေး ပွဲ အတွက် ပြုလုပ်ခဲ့ သည့် ၎င်းဒုတိယအကြိမ်အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ပွဲအပြီး နှစ်ဖက် တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပြီဖြစ်သော် လည်း ဆွေးနွေးပွဲ အတွင်း ပြောဆိုခဲ့ကြ သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အများပြည်သူများ ပိုမိုသိရစေရန် ယခုလို ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု UNFC က ပြောသည်။

ထိုင်းအကျဉ်းထောင်မှသည် အမေရိကန်စစ်သားတစ်ဦးအဖြစ်သို့ ................ (ကချင်ယောကျာင်္းဘယ်တော့မှ ကချင်မြေကို မမေ့ဘူး)

(နန်းတင်ထွေး)
(the myanmar times, sept 9-15..ကို ဘာသာပြန်သည်)

ဇွန်လ ၁၀ ရက်၊ ၂၀၀၆ လဖိုင်ဆင်ဝါးနော် ရှေ့ ရေးမသေချာမှုများစွာနဲ့ အိမ်က ထွက်ခဲ့
တယ်၊၊ သူ့မိဘတွေ မြောက်ဒဂုံမှာ ဘာသာရေးလုပ်ငန်းအတွက် အရေးယူခံရတာနဲ့
ပတ်သက်ပြီး ရဲစခန်းမှူးနဲ့ အငြင်းအခုံဖြစ်ပြီး ၃ ရက်မြောက်မှာ ထွက်လာခဲ့ရတာပါ၊၊
သူထွက်သာလာရတာ ကျွမ်းကျင်အလုပ်မရှိသလို၊ ထိုင်းနိုင်ငံကို တရားမ၀င် ခိုးဝင်
အနေနဲ့သွားရတာပါ၊၊


ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) တွင် အစိုးရတပ်လှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသရှိ မုန်းဒိန်ပါ၊ မုန်းခေါင်နေရာတွင် ယနေ့နံနက် အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်ဖက်မှလှုပ်ရှားလာသော အစိုးရတပ်များသည် KIA  တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ရှိရာဖက်သို့ လှုပ်ရှားလာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ဖက်မှအတည်ပြုသည်။

တပ်မ ၆၆ နဲ့ အားမရတော့ တပ်မ ၈၈ ပြန်တက်မယ်တဲ့။

(Kachin Duwa)

ဒီပုံကတော့ ဒီရက် အတွင်း ဗမာတပ်မ ၆၆ က ကေ အိုင်အေ တပ်မဟာ (၁) ဌာနချုပ် (ပူတာအို) ဖက် ထိုးစစ်ဆင် တုန်းက ကျဆုံး သွားတဲ့ ရ၀မ်လို့ ယူဆရတဲ့ တိုင်းရင်း သား ပြည်သူ့ စစ်တပ်ဖွဲ့ဝင်တွေပါ။
တချို့က ကေ အိုင်အေ ဟာ ဒီလို ဓါတ် ပုံတွေ နဲ့ ၀ါဒ ဖြန့်တယ် ဆိုပြီး ပြော တယ်။ တကယ်တော့ ကေအိုင်အေ စစ်တပ်မှာ စစ်သား တိုင်းက ဖုန်းကိုင်တယ်၊ ဘယ် သူ ရိုက်တင် လိုက်မှန်းတောင် မသိ လိုက်ပဲ ဒီလို ပုံ တွေ ထွက် လာတာ ဖြစ်တယ်။ ကေအိုင်အေ စစ်တပ် မှာ သတင်းလွတ် လပ်ခွင့်ရှိလို့ ဘယ်သူ့ကိုမှ “ဒီလို လုပ်ရမယ်၊ မလုပ်ရဘူး” လို့ ကန့်သတ် ထားတာ မရှိဘူး။ ဒီတော့ ၀ါဒဖြန့်ဖို့ ၀ါဒလဲ မရှိ သလို၊ ပြင်ဆင် ထားတာလဲ မရှိတာ အမှန်ဖြစ်တယ်။

ကေအိုင်အေ တပ်ရင်း (၇) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့သည် စက်တင်ဘာလ (၁) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးဆက် နှင့် တပ်သား (၃) သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။

အပစ်အခတ်ရပ်စဲရေး ရှေ့လထဲမှာ လက်မှတ်ထိုးနိုင်ခြေရှိ

(RFA)

လာမယ့် သီတင်း ပတ်ထဲ မှာ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ ဆွေးနွေး ပွဲတွေ အောင်မြင် မယ်ဆိုရင် လာမယ့်အောက်တိုဘာ လဆန်းပိုင်းမှာ အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး တစ်ပြည်လုံး အတိုင်းအတဲာ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးု့ ဖြစ် နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။

Wednesday, September 11, 2013

KIA ဒေသများတွင် တိုက်ပွဲများ စိပ်လာ

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဗန်းမော် ခရိုင် မံစီ မြို့နယ်ရှိ လောင်ဗျန်နှင့် နမ့်ဖန်ခါ ၌ အစိုးရ တပ်များက စစ်ဆင်လျှက် ရှိရာ KIA တပ်မဟာ (၃) တပ်ရင်း ၁၂တပ်ဖွဲ့နှင့် နှစ်ရက် ဆက်တိုက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း KIO ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။ 

မနေ့ကတည်းက အဲဒီ တပ်မဟာ (၃) ဒေသ ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်၊ ဒီနေ့လည်း ဆက်ဖြစ် နေတယ်၊ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ် ကိုတော့ အစီရင် ခံစာ ရောက်ပြီးမှ ပဲ ပြောနိုင်မယ်ဟု ဆိုပါသည်။

“ငြိမ်းချမ်းရေး” ဆိုတဲ့ ခေါင်းစဉ် အရေးကြီးလာ သလား။

(Kachinduwa)

မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အတွက် အရေး အကြီးဆုံး အရာဟာ တနိုင်ငံလုံး အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ဂိုး ဖြစ်ပုံ ရပါတယ်။ ဦးအောင်မင်း နဲ့ ဦး လှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့ဟာ ကရင် (KNU) နဲ့ ရှမ်း (RCSS) အဖွဲ့တွေနဲ့ တွေ့စုံပွဲမှာ တနိုင်ငံလုံး အတိုင်းအတာ (Nationwide Ceasefire) အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ကို လာမည့် အောက်တိုဘာလမှာ ကျင်းပဖို့ အစီအစဉ် တင်ပြလာပါတယ်။

DUNG (12) GINRA HTA MATUT MANOI GASAT NGA

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang Dap Ba (3) n pu, KIA Dung (12) ginra rai Mung Ding, Mung Hkawng ginra ni hta KIA myu tsaw share ninghkring ni hte myen tai hpyen ni dai hpawt September (11) ya jahpawt hkying (8:00 AM) ten kawn ya shiga ka nga ai ten du hkra laja lana gap gasat nga ai lam shiga na chye lu ai. Myen hpyen ni hpyen n gun kaba hte htu gasat nga ai re lam sha n-ga, Kai Htik Bum ntsa ka wna laknak kaba ni hte gap garum ya nga ai lam mung na chye lu ai. Wunpawng Mungdan Shanglawt Asuya maga na KIA Dung (12) hte Dung (27) ni jawm nna ninghkap gasat nga ai lam, KIA Dung (1) ni n lu sa garum na matu Kai Htik Bum kawn laknak kaba ni hte gap garum ya nga ai re lam hpe mung na chye lu ai.

KIA DUNG (12) GINRA HTA LAJA LANA GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang Dap Ba (3) n pu, KIA Dung (12) ginra rai nga ai Zau Bung makau, Kawng Ja the Nam Lim Pa hta KIA myu tsaw share ninghkring ni hte myen tai hpyen ni September (10) ya jahpawt kaw nna laja lana gap gasat nga ai lam shiga na chye lu ai. Maji Gung de na yu hkrat wa ai myen hpyen hpung (mying n chye lu) ni hte KIA Dung (12) na myu tsaw share ninghkring ni jahpawt hkying (11:00 AM) ten kawn shana maga hkying (4:00 PM) ten ram du hkra Magyeng Kahtawng kaw gap gasat lai wa ai re lam na chye lu ai. Ndai zawn gasat ai hta myen hpyen ni kawn shana maga hkying (4:00 PM) du hkra sinat kaba ni naw gap sharu bun nga ai lam hpe mung na chye lu ai. Ndai gasat poi hta myen maga na hpyen du langai het hpyen ma (5) hkrat ai lam, tinang KIA myu tsaw share ninghkring ni maga na gaw hpa n ra ai lam na chye lu ai.

အစိုးရ၏ တပြည်လုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲသို့ KIA တက်ရောက်မည် မဟုတ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ သဘောထားကို  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမာန်နေ့က လိုင်ဇာ မြို့တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။

“ ကျနော်တို့ ဥက္ကဌက ဗိုလ်ချုပ် ဂွမ်မော်နဲ့ လိုင်ဇာ ဌာနချုပ်မှာ တွေ့ဆုံစဉ် ပြောကြား လိုက်တာပါ။  ကျနော်တို့ ABSDF အဖွဲ့ကတော့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်ဖို့ရယ်၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ကြိုးစား နေပါတယ်ဟုဆိုသည်။

TNLA တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့အထိနာ

(ရွှေဟင်္သာသတင်းဌာန)

ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ နမ့်ဟွန်းချောင်း အနီးသို့ ထိုးစစ်ဆင် လာသော အစိုး ရ ခလရ (၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ ယနေ့ နေ့လည် ၂ နာရီခန့်မှ ၃ နာရီခွဲ အထိ ပြင်းထန်စွာ အနီးကပ် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။ 

“ ဒီလိုပါ၊ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ ဒီတော့ သူတို့ချောင်းကူးလာတယ် ။ ချောင်းတဘက် ကမ်းမှာလည်း ကျနော်တို့ မိုင်းထောင်ထားတယ်။ ရှေ့ဆုံးပွိုင့်က မိုင်းထိတာနဲ့ ကျန်တဲ့ တပ်ဖွဲ့ တချို့က ချောင်းထဲမှာလေ ၊ ဒီတော့ အပြင်းအထန်ကို ကျနော်တို့ တိုက်လိုက် ပါတယ်” ဟုဆိုပါသည်။

နဝမတန်းကျောင်းသားကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန်တိုင်ကြား

(The Voice Weekly)

မြစ်ကြီး နားမြို့ အထက (၁) တွင် ပညာ သင်ကြားနေသော အသက် ၁၆ နှစ် အရွယ် နဝမ တန်း ကျောင်း သား မောင်မရန်ဒွဲလာကို ညပိုင်း တာဝန်ကျ ကင်းလှည့်သည့် ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ခေါ်ဆောင် ကာ ဦးခေါင်း ခွံရိုး ချိုင့်ဝင်သွား သည်အထိ ရိုက်နှက် စစ်ဆေးခဲ့သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားထားကြောင်း ကာယကံရှင် မောင်မရန်ဒွဲလာ၏ အစ်ကိုဖြစ်သူ ကိုမရန်ထွယ်အောင်က The Voice သို့ ပြောသည်။

အဓိပ္ပာယ်ရှိသော နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရေးသို့

(KIC)

ယခုအခါ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆိုသည်မှာလည်း မရေရာမသေချာ သလို၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆို သည်မှာလည်း “အလွတ်သဘောတွေ့ဆုံမှု” များနှင့် ဇာတ်မျောနေပေသည်။


“အလွတ်သဘောတွေ့ဆုံမှု”ဆိုသည်မှာ တစ်ဖက်နှင့် တစ်ဖက်ဘယ်လိုအချက်တွေ အပေးအယူလုပ်ကြမည်၊ ဘယ်လိုကိစ္စတွေ ဆွေးနွေးကြမည်ဆိုသည့်ကိစ္စများကို အပြန်အလှန်တီးခေါက်ကြသည့် သဘောမျှသာ ဖြစ်သည်။

မြစ်ကြီးနား-လိုင်ဇာ သွားလမ်းကို အစိုးရဂိတ်မှ ပိတ်ပင်ထား

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လိုင်ဇာ၊ ဗန်းမော် သွားလမ်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကမ္ဘာ့ကုလသမဂ္ဂ အကူညီပေးအဖွဲ့များရောက်ရှိနေ ချိန် စက် တင်ဘာ ၉ ရက်နေ့က နမ်ဆန်ယန် မြန်မာအစိုးရ ဂိတ်မှ ပြည်သူလူထုများသွားလာခွင့်ပိတ်ပင်ထားကြောင်း နမ်ဆန်ယန်မှ ပြန်ခေါက်လာသော ခရီးသည်များမှသိရသည်။

“ကျွန်တော်တို့က ဒီလိုပဲလမ်းဖွင့်တယ်ထင်ပြီးသွားလိုက်တာ၊ နမ်ဆန်ယန်ကနေ ဗန်းမော်ကို ခွဲသွား တဲ့ ဂိတ်မှာ ကျွန်တော်တို့ဆိုင်ကယ်တွေကို မဖြတ်ခိုင်းတော့ဘူးဆိုပြီး၊ နေ့လည် ၁၂ လောက်ဂိတ်မှာ ရောက်တယ်။ ပြီးတော့အဲဒီမှာ ၄ နာရီ ၅ လောက်စောင့်ထားခိုင်ပြီး၊ ညနေ ၆ နာရီ မိုးချုပ်လောက်ကျမှ မိုးတအားရွာနေတဲ့အချိန်၊ မြစ်ကြီးနားကို ပြန်ခိုင်းတယ်။ ကျွန်တော်တို့ကလည်းဘာမှ မလုပ်တတ် ကြောက်ကလည်းကြောက်နဲ့ ပြန်သွားလိုက်ရတယ်” ဟု မြစ်ကြီးနားသို့ပြန်ခေါက်လာသော ကျမ်းစာ ကျောင်းသားတစ်ဦး ကပြောသည်။

ဦးအောင်မင်း ပြောလိုက်တာက ဒေါ်စုကြည် တဲ့

(Irrawaddy)

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအရ တူတာတွေ တွဲလုပ်ဆိုတဲ့ မူဝါဒနဲ့ ထိတွေ့ ဆက်ဆံ လာကြလို့ နိုင်ငံ တကာကပါ ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံလို့ ပြောနေကြတယ်။ 

တချိန်ကတော့ စစ်အစိုးရ လူကြီးတွေနဲ့ သတင်းစာတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ မစဉ်းစားခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် နာမည်ရှေ့က အောင်ဆန်း ဆိုတဲ့ အမည်နာမကို ဖြုတ်ပြီး ဒေါ်စုကြည် လို့ ခေါ်ကြတယ်။ ရေးကြတယ်။

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် WGEC တို့၏ နည်းပညာထောက်ကူအဖွဲ့ချင်း ယနေ့ဆွေးနွေးမည်

(Mizzima)

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (WGEC) တို့၏ နည်းပညာအထောက်အကူအဖွဲ့များသည် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရာ၌ ကျင့်သုံးမည့် မူဘောင်များချမှတ်ရေးအတွက် ယနေ့ဆွေးနွေးကြမည် ဖြစ်သည်။

ယခုဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် WGEC တို့ ယခင်တွေ့ဆုံပွဲများတွင်
ဆွေးနွေးထားခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုများ အာမခံချက်ရှိရန်၊ တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတို့ ယခင်က သဘောတူထားသော အချက်များကို လိုက်နာရန်နှင့် ဖက်ဒရယ်မူကိစ္စများကို အဓိက ဆွေးနွေးမည်ဟု ရှမ်းပြည်
ပြန်လည်ထူးထောင်ရေးကောင်စီမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းမိန်းက ပြောသည်။

အစိုးရသစ် တက်ပြီးနောက်ပိုင်း မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးခံရသူများတွင် ကချင်ဒေသမှ အများဆုံး ပါဝင်

(Eleven Media Group)

အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် မတရားအသင်းနှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် အဖမ်းခံနေရသူ ဦးရေ ၅၀ ကျော်အထိ ရှိသည်ဟု နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှ ဦးရဲအောင်က ပြောကြားပြီး စစ်ဆေးတွေ့ရှိချက်အရ ကချင်တပ်များနှင့် အစိုးရတပ်များ တိုက်ပွဲပြင်းထန်ခဲ့သည့် ကချင်ဒေသမှ အများဆုံး ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဦးရဲအောင်က "ကျွန်တော်တို့ ထပ်စုံစမ်းတဲ့အခါ ၁၇ (၁)(၂)တွေက အများကြီးပဲ။ ကချင်ပြည်နယ် ဘက်ကပါ၊ အခုလတ်တလောမှာတော့ စာရင်းအတိအကျ မရသေးဘူး။ လွတ်သွားတဲ့ လူတွေထဲမှာလည်း ပါသွားတာတွေ ရှိသေးတယ်။ ကျွန်တော်တို့ ဒီဘက်မှာ ပြောနေတာတွေက ပုဒ်မ ၁၈ တို့ ၅၀၅(ခ)တို့ပဲ ပြောနေတာလေ။ အဲဒီ့ပုဒ်မ မဟုတ်ဘဲနဲ့ ဖမ်းထားတဲ့ လူတွေက အများကြီးပဲ။ အဲဒီ့လူတွေကို လားရှိုး၊ သီပေါ၊ ဗန်းမော်၊ ကသာထောင်တွေမှာ ရှိနေတယ်။" ဟု The Daily Eleven သို့ ပြောကြားသည်။

UNFC နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကိုယ်စားလှယ်များ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲ ထုတ်ပြန်ချက်

(Jinghpawkasa)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟု UNFC ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေဟုဆို

(Eleven Media Group)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ကတော့ အစိုးရနဲ့ ပြေလည်အောင် ကြိုးစားနေတာပဲ။ ညှိနှိုင်းပွဲတွေလည်း အကြိမ်ပေါင်းများစွာ လုပ်ပြီးပြီ။ ကျွန်တော်တို့ဘက်က WGEC ရဲ့ မူဘောင်တွေကို တင်ပြထားတယ်။ အစိုးရဘက်တော့   အဲဒီမူဘောင်တွေကို ငြင်းခုံစရာ သိပ်မရှိဘူးလို့ ပြောတယ်။ အကြမ်းဖျင်းအားဖြင့်ပေါ့။ အသေးစိတ် ကိစ္စတွေကိုတော့ ညှိနှိုင်းနေတယ်" ဟု WGEC အဖွဲ့ဝင် RCSS/SSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက The Daily Eleven သို့ ပြောကြားသည်။

Tuesday, September 10, 2013

မြစ်ကြီးနားရဲရိုက်လို့ ကိုးတန်းကျောင်းသား ခေါင်းဒဏ်ရာရ

(Irrawaddy)

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ရဲတပ်ဖွဲ့ဝင် တို့၏ လက်ချက်ကြောင့် ကိုးတန်းကျောင်း သား  တဦးကို  ဦးခေါင်း ဒဏ်ရာ အပြင်းအထန် ရရှိနေကြောင်း  ကာယ ကံရှင်နှင့် သူ၏ မိသားစု က ပြောသည်။

စက်တင်ဘာ ၄ရက်နေ့ ညပိုင်းတွင်  မြစ်ကြီးနား အမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်တချို့က ဖမ်းသွားပြီး ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ ဘောလုံးပွဲကြည့်ဖို့ အဆောင်ကနေ ခိုးထွက်လာတယ်။
ပြီးတော့  လမ်းဘေးမှာ ခဏထိုင်နေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ သူငယ်ချင်းကို တားပြီး စကားပြောဖို့ လုပ်တော့ အရပ်ဝတ်ရဲသားက ကျနော်တို့ကို လိုက်ဖမ်းတယ်။
 ကျန်တဲ့သူတွေက ထွက်ပြေးသွားနိုင်တယ်။ ကျနော်ပဲကျန်ခဲ့တော့ ကျနော်ကိုပဲ  ဖမ်းသွားပြီး ရိုက်နှက် စစ်ဆေးပါတယ်” ဟု ကိုးတန်းကျောင်းသား  မောင်မရန်ဒွဲလာက ဧရာဝတီသို့ပြောသည်။

Hkala Hkrum Ai MKM Magam Gun Brang Shawng Hpe Myen Asuya Hpyen Dap ni Zingri Sat

(Kachinnet)

Wunpawng Mungdan Shanglawt Hpyen Dap Masat (36) Dap Dung makawp maga ginra, Sam Mung, Loi Dang mare kaw 2013 September 3 ya shani 1:00 hte 2:00 lapran Myen Asuya Hpyen Dap hte gasat poi byin wa sai hta hkala hkrum ai masha hpe Myen Asuya Hpyen Dap ni zingri sat da ai mabyin byin wa sai lam chye lu ai.

Ndai gasat poi hta Myen Asuya Hpyen Dap ni hkap gap ai majaw MKM magam gun rai nga ai Brang Shawng hkala hkrum ai hpe rim la nna zingri sat kau ya ai re hpe chye lu ai.

WUNPAWNG AMYU SHA KAM MAKA HTE DEMOCRACY

(Jinghpawkasa)

Mung masa lam hte seng nna ya ten federal democracy law, self-determination law ngu nna tsun kamang nga ai. Ndai mung masa lam hta Kachin ni gaw mung masa ahkaw ahkang kade ram gam la lu na kun? jawm dinglik maram la lu na matu tang madun dat ai. Myen ni  a  democracy lai masa gaw mung masa hpung hpaw na me (vote) shang shing jawng ra na, dang la ai ni chyu sha asuya galaw mungdan uphkang ra na, mungdan a ripkawp tara hpe asuya sha masat daw dan galaw na, amyu bawsang ni a ahkaw ahkang ma hkra hpe paliman hta bawngban nna me (vote) bang nna daw dan la ra na ngu ai rai nga malu ai. Mung masa ahkaw ahkang yawng hkra hpe me jaw nna sha dawdan la mat wa na hkrang rai nga ai.

တပ်မတော်၏ သဘောထား ၆ ချက် မျှတမှုမရှိဟုဆို

(ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ ထွက်ရှိလာသော တပ်မတော်၏ သဘောထား ၆ ချက်သည် မျှတမှု မရှိဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်း များက ဆိုသည်။

အပစ်အခတ် လက်မှတ် ထိုးပြီးမှ တိုက်ပွဲဆက်လက် ဖြစ်ပွားမှုနှင့် ပတ်သတ်ကာ မြန်မာ့ တပ်မတော်မှ သဘောထား ၆ ချက် ကြေညာထားပြီး ၎င်းတို့မှာ လူမသတ်ရန်၊ အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆတ်ကြေး မကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား သံဃာအပါး ၇ဝ မွတ်စလင်များက ဆွမ်းကပ်လှူ

(RFA)

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အထိမ်းအမှတ်အနေ နဲ့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ကြီး ဦသီလဝံသနဲ့ သံဃာတော်အပါး ၇ဝ ကို မြစ်ကြီးနားမြို့ခံ အစ္စလာမ်ဘာသာဝင်တွေက မနေ့က နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ 
 
ဝန်းသိုဆရာတော်ကြီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ခင်စွာအတူတကွနေထိုင်ကြဖို့ မိန့်ကြားခဲ့တယ်လို့ ဆွမ်းကပ်လှူရာမှာပါဝင်ခဲ့တဲ့ မြစ်ကြီးနားမြို့မဗဟိုဗလီ ဥက္ကဋ္ဌ ဟာဂျီ ဦးမင်းလွင်က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေ လိုင်ဇာဒေသကို စတင်ရောက်ရှိ

(RFA)

ကုလသမဂ္ဂအဖွဲ့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရုံးစိုက်ရာ လိုင်ဇာမြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို အခုလ ၇ ရက်နေ့ကစတင်ပြီး သွားရောက်ပေးပို့နေပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO တပ်တွေ စစ်ပွဲဖြစ်ပွားခဲ့တဲ့ ၁ နှစ်ခွဲကာလအတွင်း အခုလိုသွားရောက်ကူညီတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက RFA ကို ဒီကနေ့ လိုက်ပြောပါတယ်။

ဖက်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေးကိစ္စ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Eleven Media Group)

ဖယ်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေး ကိစ္စရပ်ကို ဆွေးနွေးရာ၌ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၇ ရက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၉ ရက် ထုတ် ဒီလှိုင်းဂျာနယ်အတွဲ ၂ ၊ အမှတ် ၃၅ တွင် ဖော်ပြထားချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ကမ်းလှမ်းချက်ကို နိုင်ငံရေး အာမခံချက် မရှိသဖြင့် သဘောထားမပေးနိုင်ကြောင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် UNFC ပြောကြား

(Eleven Media Group)

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Monday, September 9, 2013

တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ အတွက် UNFC နှင့် အစိုးရ သဘောတူညီမှုမရ

(ဧရာဝတီ)

အစိုးရက ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပနိုင်ရန် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နှင့် ပေါင်းစည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို စည်းရုံးခဲ့သော်လည်း အောင်မြင်မှုရမသွားခဲ့ပေ။

UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့က စည်းရုံးခဲ့ရာမှာ UNFC ခေါင်းဆောင်များက သဘောတူညီချက် မပေးခဲ့ခြင်း ဖြစ်သည်။

ကုလအကူညီပေးရေးအဖွဲ့များ ကူညီထောက်ပံ့ရေးပစ္စည်း ကား ၁၁ စီး ဖြင့် လိုင်ဇာသို့ ရောက်ရှိနေ

(ကချင်သတင်းဌာန)

ကမ္ဘာ့ကုလသမဂ္ဂ အကူအညီပေး အဖွဲ့များသည် တရုတ်-မြန်မာ နယ်စပ် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့နှင့် အနီး ပတ်ဝန်းကျင် တွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များ အတွက် အကူညီပေးရေး ပစ္စည်း ကုန်တင်ကားကြီး (၁၁)ဖြင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကာ အသီးသီးဖြန့်ဝေပေးနေကြောင်းသိရသည်။

အဆိုပါ ကုလအကူညီပေးရေးအဖွဲ့များသည် လိုင်ဇာသို့ စက်တင်ဘာလ (၇) ရက်နေ့တွင် ရောက်လာခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ နှင့်အတူ နိုင်ငံတကာ INGO အဖွဲ့အစည်း များ၏ ထောက်ပံ့မှု အကူအညီများလည်းပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ OCHA မှ Helena Mazarro က ပြောဆိုသည်။

ကချင် ဒုက္ခသည် များအား UN ကူညီ

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) လိုင်ဇာ ဌာနချုပ်ရှိ ဒုက္ခသည် စခန်းများအား လာရောက် အကူအညီ ပေးခဲ့သည့် UN ကူညီရေး အဖွဲ့သည် ယနေ့ ခရီးစဉ် ပြီးဆုံးသည့် အတွက် နက်ဖြန် မြစ်ကြီးနားသို့ ပြန်တော့မည်ဟု လိုင်ဇာရှိ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ အတွင်းရေးမှူး ဖြစ်သူ ဇော်ရော်က ဆိုပါသည်။ 

“ UN ကယ်ဆယ်ရေး ကားတန်း ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ ညနေပိုင်း လောက်က ရောက်လာတာပါ။ ကားငယ် (၆) စီးနဲ့ ကုန်တင်ကား (၁၁) စီးနဲ့ ပေါ့လေ။ ၀န်ထမ်းက (၂၆) ယောက် ပါလာတယ်။ သူတို့ကတော့ စက်တင်ဘာလ (၈-၉) နှစ်ရက်တာ နေသွား တာပေါ့လေ” ဟု ဆိုပါသည်။ 

အစိုးရနှင့် ညှိနှိုင်းမှု မပြေလည် ပါက WGEC သည်လည်း လက်မှတ် ထိုးရန် မရှိ

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)မှ နည်းပညာရှင် အဖွဲ့သည် လာမည့် စက်တင်ဘာ (၁၁) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟို အဖွဲ့ (MPC) နှင့် မူဘောင် ညှိနှိုင်းရန် ရှိသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်စီ (RCSS)မှ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းမိဏ်းက ဆိုပါသည်။


“ အစိုးရက တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် တောင်းဆိုနေတယ် မဟုတ်လား၊ ကျနော်တို့ကလည်း အခု သွားမဲ့ ခရီး စဉ်မှာ သူတို့နဲ့ မူဘောင် သွားညှိမယ်။ ဒါပေမဲ့ အဆင်မပြေဘူး ဆိုရင်တော့ ကျနော်တို့လည်း လက်မှတ် မထိုးဘူး” ဟုဆိုပါသည်။ 

WGEC ၏ နည်းပညာရှင် အဖွဲ့ ဖြစ်သော RCSS နှင့် KNU တို့သည် ၄င်းတို့ ချမှတ် ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်းရန် ရှိပါသည်။ ယင်းညှိနှိုင်း အဖွဲ့တွင် KNU ဖက်မှ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ RCSS မှ ဗိုလ်မှူးကြီး ငိဏ်းနှင့် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်တို့ ပါဝင်သည်။

၎င်းတို့ တင်ပြ လိုသော တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် များသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ၏ မူဘောင်ပင် ဖြစ်ပါသည်။

  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင် (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက် များကို သဘောတူ ချမှတ်ရန်။

(က)      ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များ၏ စုစည်း ထားသော ကိုယ်စားလှယ်များ အကြား တွေ့ဆုံ ဆွေးနွေး၍ တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင် သဘောထား (The Framework of Political Dialogue) သဘော တူညီချက် ရရှိရန်။
(ခ)          ထိုသို့ဆွေးနွေးရာတွင် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် ဆွေးနွေးရန်။
(ဂ)          ထို့ပြင် ထိုသို့ ဆွေးနွေးစဉ်နှင့် သဘော တူညီချက်များကို အကောင်အထည် ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံ တကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ထားရှိရန်နှင့် သဘော တူညီချက် များကို အများပြည်သူ သိရှိအောင် ပူးတွဲ ထုတ်ပြန်ရန်။

  အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အကြား တွေ့ဆုံဆွေးနွေးပွဲမှ တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင်သဘောထား (The Framework of Political Dialogue) သဘော တူညီချက် ရရှိပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် သော်လည်းကောင်း၊ လူမျိုး အလိုက် သော်လည်းကောင်း တိုင်း ရင်းသားတို့၏ ညီလာခံများ ကျင်းပပြီး  ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားရန်။

  တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ အပါအဝင် Civil Societies အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ် ပညာရှင်များ ပါဝင်သော တိုင်းရင်းသား လူမျိုးစုံ ညီလာခံ တခုကို ခေါ်ယူ ကျင်းပ သွားရန်။

  တိုင်းရင်းသား အင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်း အရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အား စုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီ ပါဝင်ပြီး အင်အားစု သုံးစု စလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်။ ထိုညီလာခံ ကြီးမှ ချမှတ်သော သဘော တူညီချက်များကို တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Union Accord) အဖြစ် သဘောတူ လက်မှတ် ရေးထိုးရန်။
    တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Union Accord) ကိုအချိန် အတိ အကျ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

ဤမူဘောင်ကို MPC အား တင်ပြဆွေးနွေးမည် ဖြစ်ပြီး ညှိနှိုင်းခြင်း အဆင်မပြေပါက အစိုးရ တောင်းဆိုသော တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကိုလည်း တက်ရောက်တော့မည် မဟုတ်ဟု ဗိုလ်ကြီး စိုင်းမိဏ်းက ဆိုပါသည်။ 

အလားတူ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ကမူ အစိုးရ၏ တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်ရန် အစီစဉ်မရှိဟု ပြင်ပ ဆက်ဆံရေး ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်က ဆိုပါ သည်။ 

UNFC သည်လည်း တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်ရန် အစိုးရ အဖွဲ့၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်ဟု အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။ 

RCSS နှင့် KNU တို့၏ WGEC နည်းပညာရှင် အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့အစိုးရ MPC နှင့် ညှိနှိုင်းခဲ့ပြီး သြဂုတ် (၃၁) ရက်နေ့တွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပါသည်။

ဒုက္ခသည်ဆိုသည်မှာ ပြည်တွင်းစစ်၏ ဖွားဖက်တော်

(Mizzima)

ယခုတစ်လော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ဝေဖန်ထင်မြင်ချက်များ ကြားနေရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် အများက စိတ်ဝင်စားနေကြသည့် ကိစ္စမှာ ကိစ္စကောင်းတစ်ခုပင် ဖြစ်ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မူတည်ပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုအရေးကိစ္စများသည်
လည်း မှန်ကန်တည့်မတ်ဖို့လိုသည်။

တနိုင်ငံလုံးအပစ်ရပ်ရေး အလှမ်းဝေးဆဲဟု UNFC သုံးသပ်

(VOA)

မြန်မာအစိုးရဘက်က ကြိုးပမ်းနေတဲ့ ၂၀၁၃ အောက်တိုဘာလထဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရဖို့ဆိုတာ အလှမ်းဝေးနေဆဲလို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နဲ့ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တိကျတဲ့ ရလဒ်အဖြေတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Sunday, September 8, 2013

တဖက်သတ် ဖြစ်လာနေသော UNFC နှင့် ၀န်ကြီး ဦးအောင်မင်းတို့၏ အကြို ညှိနှိုင်းပွဲ

(ရွှေဟင်္သာသတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) သည်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုက္ကဌ ၀န်ကြီး ဦးအောင်မင်း တို့နှင့် ဒုတိယ အကြိမ် အကြို ညှိနှိုင်းပွဲ အတွက် ယနေ့ နံက် (၉) နာရီတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေ့တာ ကျင်းပ  ပြီးစီး ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ပဒို မန်းမန်းက ဆိုပါသည်။ 

“ ကျနော်တို့ ဖက်က ကျနော်တို့ မူဘောင်ကို တင်ပြတယ်။ သူတို့ဖက်က သူတို့ လမ်းပြမူကို တင်ပြ ပါတယ်။ အပြန်အလှန် ရှင်းပြ ကြပြီးတော့ နှစ်ဖက် စလုံးက အထက်ကို တင်ပြပြီးတော့ နောက်ထပ် တွေ့ဆုံဖို့ဘဲ ဆုံးဖြတ်ပါတယ်” ဟု ဆိုပါသည်။ 

ဧရာဝတီရဲ့ အနာဂတ် (၁) (Aung Din)

(ကုမုဒြာသတင်းဂျာနယ်၊ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၂၇)
ဧရာဝတီရဲ့ အနာဂတ် (၁)
အောင်ဒင်  စက်တင်ဘာ ၈၊ ၂၀၁၃

မငြိမ်းချမ်းသေးတဲ့ မြစ်ဧရာ
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက် မှာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ 
ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ မြန်မာပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာမို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းများကို သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်၊

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့တိုင်းရင်းသား UNFC အဖွဲ့တို့ ဆွေးနွေး

(RFA)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ  ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC အဖွဲ့က ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ဒီကနေ့ မနက် ၉  နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn Hotel မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။