Saturday, September 7, 2013
ရာမွန်မတ်ဆေးဆေးဆု လက်ခံ ရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော် အား လိုင်ဇာမှ ကြိုဆို ဂုဏ်ပြု
(KNG)
၂၀၁၃ ခုနှစ် ၏ ရာမွန်မတ်ဆေးဆေး ဆုချီးမြှင့်မှု ခံယူပြီး ပြန်လည်ရောက် ရှိလာသော ကချင် တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော် ကို ကချင် လွတ်မြောက်ရေး အဖွဲ့ KIO မှ ယမန်နေ့ က လိုင်ဇာမြို့ PDR ခမ်းမ၌ နေ့လည်စာ ဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ် ဆုတံဆိပ် ချီးမြှင့်ခြင်း ဂုဏ်ပြု အခမ်းအနား ပြုလုပ် ခဲ့ကြောင်းသိရသည်။
Friday, September 6, 2013
ကချင်ပြည်နယ် ဖွံ့ဖြိုးရေး တရုတ်ပြည်နယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်
(RFA)
ကချင်ပြည်နယ်ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်းဆန်းပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီထားတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြားလိုက်ပါတယ်။
အခုလို ပူးပေါင်းဆောင်ရွက်သွားရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်ဆန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် မစ္စတာ လီကျိမ်ရန် ဦးဆောင်တဲ့အဖွဲ့နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို အခုလိုပြောပါတယ်။
ဗီဂျေနမ်ဘီးယားသည် လိုင်ဇာကိုရောက်ရှိစဉ် ABSDF စခန်းသို့ လေ့လာခဲ့
(ရွှေဟင်္သာသတင်းဌာန)
ဗီဂျေနမ်ဘီး ယား၏ တရက်တာ လိုင်ဇာ ခရီးစဉ် တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ တပ်မတော် (ABSDF) ၏ စခန်းသို့ လည်း သွားရောက် လေ့လာ ခဲ့သည်ဟု အဖွဲ့ဥက္ကဌ ဦးလာစိုင်းက ဆိုပါသည်။
မစ္စတာ နမ်ဘီးယားက ကျနော်တို့ အဖွဲ့နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် တတတ် တအား ဝိုင်းဝန်း ကြိုးပမ်း ပေးသွားမယ်လို့ပြောသွား ခဲ့ပါတယ်ဟု ဆိုပါသည်။
မစ္စတာ နမ်ဘီးယားသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ လိုင်ဇာ ဗဟို ဌာန ချုပ်သို့ ရောက်ရှိ ခဲ့ပြီးKIA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်းမော်နှင့် အတူ   ABSDF ကျောင်းသား တပ်စခန်းသိှု့ည့်လည် ခဲ့ပါသည်။
တပြည်လုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲ အောက်တိုဘာတွင် ကျင်းပမည်ဟု သူရ ဦးရွှေမန်းပြော
(Irrawaddy)
မြန်မာနိုင်ငံ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် အောက်တိုဘာလ အတွင်း ကျင်းပနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA) နှင့် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ တိုင်းရွှေလီ ရိပ်သာတွင် တွေ့ဆုံစဉ် ပြောခဲ့ကြောင်း သိရသည်။
မြစ်ဆုံပြန်စရန် တရုတ် – အာဆီယံပြပွဲတွင် တရုတ်အစိုးရ ထပ်မံကမ်းလှမ်း
(The Voice Weekly)
ပြည်လုံးကျွတ်ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်း လိုက်သော မြစ် ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်ရန် အတွက် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ထပ်မံကမ်းလှမ်းလိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း(၃) နောက်ဆုံးပိုင်း
Written by  အောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
ဗိုလ်ချုပ်ရွာစ်စစ်ရည်ညွှန်းသည့်အမျိးသားပြန်လည်သင့်မြတ်ရေးသည်အဘယ်အရာနည်း။  
ရှမ်းမြောက်ပိုင်းတွင် ကေအိုင်အို နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ အခြေအနေတင်းမာ
(Mizzima)
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ (၄) လက်အောက်ခံတပ်များနှင့် အစိုးရ စစ်တပ်တို့သည် စက်တင်ဘာ ၃ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ အခြေအနေဆက်လက် တင်းမာနေဆဲဟု KIA ပြည်သူ့စစ်တပ်ခွဲ (၅) ၏ တပ်ရင်းမှူးဇော်ဆိုင်းကပြောသည်။
ရှမ်းပြည်နယ်တွင်ဖြစ်ပွားသည့် ယခုတိုက်ပွဲများမှာ KIA တပ်၏ တပ်ရင်း ၃၆ က ထိန်းချုပ်ထားသော မွန်းဂိုးဒေသကို အစိုးရ၏ ခြေလျင်တပ်ရင်း ၅၇၈ ကရာနှင့်ချီသော စစ်သားအင်အားဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ် သည်ဟု တပ်ရင်းမှူး
ဇော်ဆိုင်းကဆိုသည်။
မြစ်ဆုံစီမံကိန်းပြန်လုပ်ရန် မျှော်လင့်နိုင်ပြီဆိုသည့် ဆင်ဟွာသတင်းကို စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့ ဥက္ကဋ္ဌ ပြန်လည်ရှင်းလင်း
(Mizzima)
“မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ မျှော်လင့်ချက်ပြန်ရှိပြီ” ဆိုသည့် တရုတ်နိုင်ငံအခြေစိုက် ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြလိုက်သည်ကို ထိုသတင်းဌာနက မေးမြန်းပြီး ကိုးကားဖော်ပြခံရသည့် စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင် အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်အောင်က ထိုသတင်းမှာ အဓိပ္ပာယ် အယူအဆလွဲမှာမှုများ ရှိနေသည်ဟု မဇ္ဈိကိုပြောသည်။
အဆိုပါသတင်းတွင် ဆင်ဟွာသတင်းဌာနက “မြန်မာ-တရုတ် ဖက်စပ်လုပ် ဆောင်သည့် စီမံကိန်းကို ၂၀၁၅ ခုနှစ် အထိ ရပ်ဆိုင်းလိုက်မည်ဆိုပါက မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ငါးနှစ်နောက်ကျကျန်ခဲ့မည်” ဟု ဦးထွန်းနိုင်အောင်ကပြောကြောင်း စက်တင်ဘာ ၄ ရက်ကဖော်ပြထားသည်။
Thursday, September 5, 2013
တိုက်ပွဲကြောင့် တောထဲတိမ်းရှောင်နေသော အင်ခါကျေးရွာ ဒေသခံ ၁၀၀ ခန့် အတွက် အရေးပေါ် အကူညီလိုအပ်
(ကချင်သတင်းဌာန)
ကချင်ပြည် နယ် မြောက်ဖျား ပိုင်း ပူတာအို ခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါကျေးရွာ တွင် သြဂုတ်လ ၂၈-၂၉ အတွင်းဖြစ် ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံ ရွာသားများ အသီးသီး ထွက်ပြေး တိမ်းရှောင် ခဲ့ကြရာ တော ထဲတွင် ပုန်းခိုနေသော ဒေသခံ ၁၀၀ ခန့် အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။
မြစ်ကြီးနား - ဗန်းမော် ကားလမ်း မြေပြို
(Kachinwaves)
စက်တင် ဘာ (၂) နေ့  နေ့ လည် ၁ နာရီ ခွဲ အချိန် တွင် မြစ်ကြီးနား- ဗန်မော်ကား လမ်းပေါ်ရှိ (ဒေါ့ဖုန်းယန် မှ ၅ မိုင်အကွာ) ရှိ ခါလားတောင် ပြိုပြီး လမ်း ပိတ် နေလျှက်ရှိသည်။
လမ်းအကွာ အဝေး ပေ ၁၂၀ ခန့်အထိ ပိတ်မိ သွားခြင်းဖြစ်သည်။ မနေ့က ထိုနေရာသို့ ရောက်ရှိခဲ့သည့် ကားများလည်း အကုန် မြစ်ကြီးနား ဗန်မော်မြို့ဘက် သို့ ပြန်ခေါက်သွားကြပြီ ဖြစ်သည်။ 
မချမ်းဘော့မြို့နယ် အင်ခါကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ နောက်ဆက်တွဲ အခြေအနေ
(Kachinwaves)
အင်ခါကျေးရွာအနီးတွင် လွန်ခဲ့သည့် သြဂုတ်လ ၂၈ နှင့် ၂၉ ရက် က ကေအိုင်အိုနှင့် တပ်မတော်အစိုးရမှ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
အင်ခါကျေးရွာသည် မချမ်း ဘော့မြို့နယ်တွင်ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။ အဆိုပါကျေးရွာတွင် အိမ်ခြေ (၂၃)အိမ် ရှိပြီး၊ လူဦးရေ (၁၂၀)ခန့် ရှိသည်။ မချမ်းဘောမြို့ကနေ စက်လှေဖြင့် မလိခ မြစ်ရိုး တစ်လျှောက် ၄ နာရီခန့် စီးရသည်။ထိုကျေးရွာတွင် ရ၀မ်တိုင်းသားများကဖြစ်ပြီး ခရစ်ယာန်များ ဖြစ်သည်။
UWSA နှင့် လွှတ်တော် နာယက ဦးရွှေမန်းတို့၏ မိတ်ဆက်
(ရွှေဟင်္သာ)
မြန်မာ့ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွင်း၌လွှတ်တော် ပါဝင်မှသာ ပြေလည်နိုင်မည် ဟုရှမ်းပြည် ခရီးစဉ် အတွင်း၌ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက သွေး စည်း ညီညွတ်ရေး ပါတီ UWSP နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည် ဟုUWSP မှ  ဒုတိယစစ်ရေး ချုပ် ခွန်အန် က ဆိုပါသည်။ 
သူတို့ပါမှ ဒီကိစ္စကို ဖြေရှင်းလို့ရ မယ်။ လွှတ်တော် အသံပြည်သူ့ အသံ။ လွှတ်တော် လုပ်ဆောင်ချက် ဟာ ပြည်သူ တွေ့ရဲ့ လုပ်ဆောင်ချက်တွေဖြစ် တယ်လိုဦးရွှေမန်းက ကျနော်တို့နဲ့တွေ့တဲ့ အချိန်မှာပြောပါတယ်ဟု ဆိုပါ သည်။
"တမ်းတမိတဲ့ မြစ်ဆုံ"
(KNG)
ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး လို ပုံသဏ္ဍန် မျိုးဖောက် လုပ်ထား တဲ့ မြစ်ကြီးနား -မြစ်ဆုံ ကွန်ကရစ် လမ်းမကြီး ပေါ်မှာ ကျနော် တို့ရဲ့ ကားလေး ဟာ မြစ်ကြီးနားမြို့ ကို ကျောခိုင်းပြီး မြစ်ဆုံ ဘက်ကို ဦးတည်ခဲ့ပါ တယ်။ မိုင် တိုင်တွေ တခုပြီး  တခု တရိပ် ရိပ်နဲ့ ကျော်ဖြတ် လာခဲ့ ပါတယ်။
နှစ်လမ်း သွားပုံစံ ခင်းထားတဲ့ ဒီကွန်ကရစ် လမ်းမကြီး ဟာ မြစ်ဆုံ ရေကာတာ စီမံကိန်း လုပ်ငန်း စတင်တုန်း က တရုတ်နိုင်ငံ China Power Investment  (CPI) ကုမ္ပဏီ က သူတို့ကားတွေ အလွယ် တကူ သွားလာ လို့ အဆင်ပြေအောင် ရည်ရွယ် ချက်ဖြင့် လကမ္ဘာ လို ချိုင့်တွေ၊ ခွက်တွေ ဖြစ်နေတဲ့ လမ်းဟောင်း ကို အရင် တစ်လမ်း လုံး ပြင်ပြီး ဖောက် လုပ်ထားတာ ဖြစ် တယ်လို့ သိရပါတယ်။
အခြေခံဥပဒေအသစ်ကို လာမည့်လအပြီးရေးဆွဲမည်ဟု ဆို
(Mizzima)
အခြေခံဥပဒေအသစ်ကို တိုင်းရင်းသား အဖွဲ့များပူးပေါင်း၍ လာမည့်အောက်တိုဘာလအတွင်း အပြီးရေးဆွဲ မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဦးအေးသာအောင်က စက်တင်ဘာ ၃ ရက်၌ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အ ဖွဲ့ (UNA) အပါအ၀င် ကျန်တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းပြီး အခြေခံ ဥပဒေသစ်
ရေးဆွဲမည်ဟုပြီးခဲ့သည့် သြဂုတ်လကကျင်းပသည့် တိုင်းရင်းသားပေါင်းစုံညီလာခံတွင် ဆုံးဖြတ်ချက်ချမှတ် ခဲ့ပြီး ထိုကိစ္စအတွက် ကော်မတီပင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းလည်း သူကဆက်ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ
(Eleven Media Group)
ကချင်ပြည်နယ် တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက် လာပြီး မူးယစ်ဆေးနှင့် ဆက် စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။
မြစ်ကြီးနားနှင့် ၀ိုင်းမော်၌ ကာလရှည်ကြာ လျှပ်စစ်မီး ပြတ်တောက်နေခြင်းမှာ တိုက်ပွဲဖြစ်ပွားမှုများနှင့် သက်ဆိုင်ခြင်း မရှိဟုဆို
(Eleven Media Group)
မြစ်ကြီးနားမြို့တွင် လမ်းလယ်ကျွန်းများအား ဖယောင်းတိုင်ထွန်း၍ ဆေးသုတ်နေစဉ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပိုင်ဆိုင်သည့် ဘူးဂါးလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်မီးပေးထားသော မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့၌ ၁၉ ရက်ကြာ လျှပ်စစ်မီး လုံးဝပြတ်တောက်နေခြင်းမှာ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ် (အပိုင်း နှစ်)
(VOA)
ဒီတပတ် မြန်မာ့ အရေး သုံးသပ်ချက် အစီ အစဉ်မှာ မြန်မာနိုင်ငံ သွားရောက် ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် သောမတ်စ် အိုဟေး ကင်တား နား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ် အတွင်း ကြုံတွေ့ခဲ့ရ တာတွေနဲ့ ပတ် သက်လို့ ဦးကျော်ဇံသာ က ဆက် သွယ်မေးမြန်းထားတဲ့ ဆွေးနွေးခန်း ဒုတိယပိုင်း ကို ဆက်လက်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား မြန်မာနိုင်ငံမှာ ဒီတာဝန်ကို စတင် ထမ်းဆောင်ရတာ ၂၀၀၈ က,ဆိုတော့ အဲဒီထဲကစပြီးတော့ အခုနောက်ဆုံးရောက်ခဲ့တဲ့အချိန်အထိ ဒီကြားမှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေ ယေဘုယျအားဖြင့် ဘယ်လောက် တိုးတက်ပြောင်းလဲလာပြီလဲဆိုတာ နည်းနည်းအကျဉ်းရုံးလေး ရှင်းပြပေးပါ။ 
Wednesday, September 4, 2013
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ ပြားများ အရောင်းသွက်လျက်ရှိ
(KNG)
ကချင်ပြည် နယ်မြစ်ကြီး နားမြို့ တွင် မီးပြတ်တောက်ပြီးနောက် ပိုင်း နေရောင်ခြည် စွမ်း အင်သုံး လျှပ်စစ် ဓါတ်အား ဆိုလာ (Solar) ပြားများ လတ်တလော အရောင်းသွက်နေကြောင်း လျှပ်စစ်နှင့် စက်ပစ္စည်းအရောင်းဆိုင်များ ထံမှသိရသည်။
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO မှ အစိုးရထိန်း ချုပ်သော မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ တို့တွင် ဖြန့်ဖြူးပေးနေသော မလိရေအား လျှပ်စစ်ဓါတ် အား ပြတ်တောက်နေသောကြောင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ် အား ဆိုလာပြားများ ယခင်ထက် ပိုမိုအရောင်းသွက်လာရခြင်းဖြစ်ကြောင်း “USA Lum Tu” လျှပ်စစ်နှင့် စက်ပစ္စည်းအရောင်း ဆိုင်ရှင် ကိုလွမ်တူးက ပြောသည်။
ဂျေယန့်ဒုက္ခသည်စခန်းကျောင်းကို ပညာသင်စနစ်ပြောင်းလဲ၍ အရည်အသွေးမြင့်မားအောင် ဆောင်ရွက်နေ
(KNG)
ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဌာနချုပ် နယ်မြေရှိ ဂျေယန့် ဒုက္ခသည် စခန်းကျောင်း တွင် ပညာရေး စနစ်သစ် များ ပြောင်းလဲ ကျင့်သုံးခြင်း အားဖြင့် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တွင် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ ကျေး လက်တောင်ပေါ်ဒေ သ ဖွံ့ဖြိုးရေး စီမံကိန်း ကျောင်းများ၏ ရှေ့ဆုံးတွင်နေရာယူသွားနိုင်မည် ဟု မျှော်လင့်ထားကြောင်း ဂျေယန့်စခန်း ကျောင်းအုပ်ဆရာကြီး ဦးခွန်ဆန့် က ပြောသည်။
မူကြောင့် တိုက်ခိုက်နေရသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဆို
(ရွှေဟင်္သာသတင်းဌာန)
တပ်မတော် တွင် ချမှတ် ထားသည့်မူ (၆)ချက်ကြောင့် တိုင်းရင်းသား အပစ်ရပ် များ ကို လိုက်လံ တိုက်ခိုက် နေရ သည်ဟု အောက် လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ၏ ရှမ်းပြည် ခရီးစဉ်တွင် ကာကွယ်ရေး ဝန်ကြီး ဌာန အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က ပြောကြောင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုပါသည်။ 
“ အပစ်ရပ်တယ် ဆိုတာ နှစ်ဖက်ရပ်မှ ဖြစ်မယ်လေ။ သူတို့ချတဲ့ မူဟာ တရားမျှတတဲ့ မူလား။ ကိုယ့်ဟာကို မူသတ်မှတ် ပြီးတော့ ကျနော်တို့ကို လိုက်တိုက်နေမယ် ဆိုရင်၊ အပစ်ရပ်ရေးကို ဘယ်သူ ချိုးဖေါက်နေတာလဲ။ ကျနော်တို့ကို တဖက်သတ် ရပ်ခိုင်းပြီးတော့ အစိုးရဖက်က မရပ်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်လာတယ်” ဟု ဆိုပါသည်။ 
မြန်မာအစိုးရနှင့် KIA ယခုလအတွင်း ထပ်တွေ့မည်
(Irrawaddy)
မြန်မာ အစိုးရ နှင့်ကချင် လွတ်မြောက်ရေးတပ် KIA တို့သည့် ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးပွဲ ကို စက်တင်ဘာလ အတွင်း ထပ်မံ ကျင်းပနိုင် ရန် စီစဉ်နေကြောင်း သိရသည်။
ယခု ဆွေးနွေးပွဲ သည် ပြီးခဲ့သော မေလကုန် တွင် ၃ ရက်ကြာ ဆွေးနွေး ပွဲပြုလုပ်အပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီတို့ အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့အပြီး နောက်ဆက်တွဲ ဖြစ်သည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့သည့် တိုက်ပွဲငယ်များ ဆက်တိုက်ဆိုသလို ဖြစ်လာနေခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
UNFC တွင် ပါဝင်ရန် ဝ−မိုင်းလား အလားအလာ မရှိသေး
တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ‘ညီညွှတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ’ (UNFC) တွင် ပါဝင်နိုင်ရန် UNFC က အင် အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သွားရောက်တွေ့ ဆုံဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။
UNFC ကိုယ်စားလှယ်များက သြဂတ်စ်လ ၂၈ ရက်နေ့မှ စက်တင်ဘာ ၄ ရက် ယနေ့အထိ ဝ ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ရောက်ရှိနေကြောင်း၊ UWSP/UWSA ဝ တပ်ဖွဲ့၊ NDAA-ESS မိုင်းလားတပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း နယ်စပ်အကြားအမြင်များသူတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြပါသည်။ 
အစိုးရနှင့် KIO စက်တင်ဘာလ အတွင်း တွေ့ဆုံနိုင်ရန်ပြင်ဆင်
(ကချင်သတင်းဌာန)
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ်များကြား ယခုလ အတွင်း တွေ့ဆုံဆွေးနွေးနိုင် ရန် နှစ် ဖက်သော ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ Technical Team တို့ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်းသိရသည်။
မေလ နောက်ဆုံးတွေ့ဆုံခဲ့ရာမှ  ၃ လကြာပြီဖြစ်သောကြောင့် ဆက်လက်၍ ဆွေးနွေးမှုဖြစ်မြောက်ရန် လုပ်ငန်းစဉ်များကို KIO ဖက်မှ Technical Advisory Team နှင့် အစိုးရဖက် Technical Team တို့ လာမည့် စက်တင်ဘာ ၁၀ ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာကပြောသည်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်လျှောက်ထား
(ကချင်သတင်းဌာန)
ဒေါက်တာတူးဂျာ ဦးဆောင်သော  ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP)ကို တရားဝင်ပါတီဖြစ်ရန် အတွက် နေပြည်တော် ရွေးကောက် ပွဲကော်မရှင်ထံသို့ မှတ်ပုံတင်လျှောက် ထားပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဒေါက်တာတူးဂျာနှင့်အတူ ဦးဘရန်လီ၊ ဦးဇော်ဒွဲ တို့ သုံးဦး သြဂုတ်လ ၂၈ ရက်နေ့က ကိုယ်တိုင်သွားရောက်ကာ တင်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ တူးဂျာပြောသည်။
မြစ်ဆုံစီမံကိန်း ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်း ကြိုပေးထားဟု CPI ဆို
(ဧရာဝတီ)
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဆောက် လုပ်ခြင်းအတွက် ရင်းနှီးမြုပ်နှံမှုပမာဏ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ဘက်သို့ ပေးဆောင်ထားပြီးဖြစ်သည်ဟု စီမံကိန်းကိုဆောင်ရွက်နေသည့် CPI (Upstream Ayeyawady Confluence Basin Hydropower Co.,Ltd) မှ ဒါရိုက်တာ Wang Qiyue ဝမ်ကျိရိ က ယနေ့ ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် ပြောကြားလိုက်သည်။
ဦးအောင်မင်းနှင့် UNFC တွေ့ဆုံပွဲ ဒေါ်စုနှင့် NBF အဖွဲ့တို့မတက်နိုင်၊ UNA သာ တက်နိုင်မည်
(Mizzima)
မြန်မာ့ငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော် မတီဒု-ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ စက်တင်ဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံရန် ရှိနေရာ ဖိတ်ကြားခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ UNA အဖွဲ့၊ NBF အဖွဲ့များတို့မှ UNA တစ်ဖွဲ့သာ တက်ရောက်ရန် ရှိနေသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ဥရောပခရီးစဉ်နှင့် ရက်နီးကပ်နေသဖြင့် တက်ရောက်နိုင်ရန်မဖြစ်နိုင်ဟု ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်က အကြောင်းပြန်ထားသည်ဟု UNFC အထွေထွေ အတွင်းရေးမှူး ၂ ပဒိုမန်းမန်းကပြောသည်။
အဆိုတော် Nကိုင်ရာ စက်တင်ဘာလလယ်တွင် လက်ထပ်မည်
(Mizzima)
“ကိုယ်မညာတော့ဘူး” သီချင်းဖြင့် ပရိသတ်များအကြား ရေပန်းစားခဲ့သော အဆိုတော် Nကိုင်ရာသည် ရည်းစား သက်တမ်း တစ်နှစ်ကျော်တွင် သူ၏ ချစ်သူ Nဘုန်းအောင်နှင့် လက်ထပ်မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့
ဖြေကြားခဲ့သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၂)
Written by  အောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
အမျိးသားပြန်လည်သင့်မြတ်ရေးအခြေခံမှတပ်မတော်ကိုမည်သို့ချဉ်းကပ်မည်နည်း။
တပ်မတော်နှင့် ပတ်သက်၍ မည်သို့ ကိုင်တွယ် သင့်ကြောင်းကို မူမဖြစ်မနေ စဉ်းစား ရပါမည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေ၀င်းနှင့် ဖေါက်ပြန်သည့် တပ်မတော် ခေါင်းဆောင်များ အောက်၌ တပ်မတော် တရပ်လုံးကို အသုံး ချခံခဲ့ရ၊ အကျိုးဆက် အနေဖြင့် တပြည်လုံး ဆင်းရဲ တွင်းနက်၊ အတိ ဒုက္ခ ရောက်ခဲ့ ကြသည်မှာ နှစ်ပေါင်း ၅၀ ကျော် ခဲ့ပြီ ဖြစ်ခြင်း ကြောင့်ပင်။ဖက်ဒရယ်မူကို ခွဲထွက်ရေး ကြိုးပမ်းမှု အဖြစ် လက်ညှိုးထိုးကာ ပြည်ထောင်စု မပြိုကွဲရေး အတွက် တိုင်းပြည် အာဏာ သိမ်းလိုက်ရသည်၊ တိုင်းပြည် ချောက်ထဲ ကျခါနီး လက်တကမ်း အလိုတွင် ကယ်တင် လိုက်ရသည်ဟူ၍ အကြောင်း ပြခဲ့သည်။ ယင်းမှာ နိုင်ငံရေး အရ ကြီးမား လှစွာသော အမှားကို ကျူးလွန် ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအ၀င် လက်ရှိ အာဏာပိုင် များက သွယ်ဝိုက် ၀န်ခံ လာကြရပြီ။ တိုင်းရင်းသားများ တောင်းဆို နေသည့် ဖက်ဒရယ် ဟူသည်မှာ ရသင့် ရထိုက်သော နိုင်ငံရေး အခွင့် အရေး ဖြစ်ကြောင်း ယနေ့ အချိန်တွင် ၄င်းတို့ ကိုယ်တိုင် ပြောဆို လာနေကြသော ကြောင့်ပင်။
Tuesday, September 3, 2013
မချမ်းဘောမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ ခန့်တိမ်းရှောင်နေဟုဆို
(Mizzima)
ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံရွာသား ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း
ဒေသခံများကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၈၊ ၂၉ ရက်က KIA ၏ တပ်မဟာ (၁) လက်အောက်ခံတပ်ရင်း (၇) အခြေစိုက်ရာ အင်ခါးကား ကျေးရွာအနီး အစိုးရ၏မချမ်းဘောမြို့နယ် အခြေစိုက် ခလရတပ်ရင်း ၁၃၇ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေသည်ဟု ပူတာအိုနှင့် မချမ်းဘောမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အတွင်းရေးမှူး ဆရာဇော်တောင်က ပြောသည်။
Monday, September 2, 2013
UNFC နှင့် အစိုးရ အဖွဲ့တို့ တွေ့ဆုံပွဲတွင် ဒေါ်စု ပါဝင်နိုင်မည် မဟုတ်သေး
(ရွှေဟင်္သာသတင်းဌာန)
စက်တင်ဘာ လ () ရက်နေ့၌ကျင်းပရန် ရှိသည့်  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနှင့်မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့၏ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ တွင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ပါဝင် တက်ရောက် နိုင်မည် မဟုတ် ဟု UNFC အတွင်းရေးမှူး () ဖြစ်သူ ပဒို မန်းမန်းက ဆိုပါသည်။ 
“ မတက်ရောက်နိုင်ဘူး လို့  UNFC  ကို အကြောင်း ကြားလာ တာက ဒေါ်အောင် ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် ဖြစ်ပါ တယ်။ အဲဒီ အချိန်မှာ ဒေါ်စုရဲ့ ဥရောပ ခရီးစဉ်နဲ့  တိုက် ဆိုင် နေလို့ ပါတဲ့။ နောက်ဖိတ်ကြား ထားတဲ့ ပြည်တွင်း တိုင်းရင်းသား အဖွဲ့တွေလည်း ရှိပါသေးတယ်” ဟု ဆိုပါသည်။ 
ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် ဖိလစ်ပိုင်နိုင်ငံတွင် ရာမွန်မက်ဆေးဆေးဆု တက်ရောက်ယူ
(Mizzima)
မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော်သည် လူမှုရေးပြုလုပ်သူများကို ပေးလေ့ရှိသည့် ၂၀၁၃ ခုနှစ် အတွက် ရာမွန်မက်ဆေးဆေးဆုကို သြဂုတ် ၃၁ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် တက်ရောက်ယူလိုက်ပြီဖြစ်သည်။
ဆုရရှိသူများစာရင်းကို လွန်ခဲ့သည့် ဇူလိုင် ၂၅ က စတင်ထုတ်ပြန်ခဲ့ပြီး အင်ဒိုနီးရှား၊ နီပေါ၊ အာဖဂန်နစ္စတန်နိုင်ငံမှ အခြားလူမှုရေးလုပ်ဆောင်သူများနှင့်အတူ မြန်မာနိုင်ငံမှ ဒေါ်လဖိုင်ဆိုင်းရော်ပါ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မှန်ကန်စွာ မချဉ်းကပ်နိုင်ခြင်း ပြသနာ အပိုင်း (၁)
Written by  အောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
သြဂုတ်လ ၂၁ ရက်နေ့က ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ် ရွာက်စစ်သဘောထား ထုတ်ဖေါ်ချက်ကို ကြားလိုက်ရသော အခါ လှိုင်းကြီးနေဆဲ ဖြစ်သည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ရန် လှေအား တက်စုံ ရွက်စုံ ပြင်နေသည့် အချိန်တွင်  တက်တချောင်းအား ရိုက်ချိုးလိုက် သလိုများ ဖြစ်သွား မလားဟု စဉ်းစားမိသည်။  ၄င်းကယူအင်န်အက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အချိန်စောလွန်းသေးကြောင်းနှင့် ယနေ့တိုင်းပြည် အတွက် အရေးကြီးဆုံး လိုအပ်သော အရာမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ကြောင်းဖွင့်ဟ လိုက်သောကြောင့် ဖြစ်သည်။ 
Hpare Hkyet Hpyen Yen Dabang Hta KBC Bawngring Dap Ni Banwgring Lam Sa Sharin Ya
(Kachinnet)
KBC Bawngring Dap kaw nna woi awn let 2013 August (30) ya kaw nna September (4) ya shani du hkra Jinghpaw Mung hte Miwa Gumsan Mungdan jarit shadaw masat (6) mayan na Hpare Hkyet hpyen yen dabang hta hpyen yen mung shawa marai (60) ram hpe bawngring lam hte tatut kanbau bungli lam ni hpe sa sharin ya ai lam hpe chye lu ai.
Sunday, September 1, 2013
ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်
(BBC)
အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ ကချင်အဖွဲ့ တို့ကြား အပစ်ရပ်နိုင်ရေး အတွက် အချက် ၇ ချက်ပါ သဘောတူညီချက် တရပ်ကို လက်မှတ် ထိုးထားတဲ့ ကြားမှာပဲ၊ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေ တုန်းက ပန်ဝါ ဒေသမှာ NDAK အဖွဲ့ကနေ အသွင်ပြောင်း ထားတဲ့ နယ်ခြားစောင့် တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ သလို၊ ဩဂုတ်လ ၂၈ ရက် ၂၉ ရက်တွေ မှာလည်း အဲဒီ ဒေသ အနီး တဝိုက်မှာပဲ၊ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲ ထပ်ဖြစ် ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ဆိုင်းရော်လဖိုင် ၂၀၁၃ ခုနှစ် ဖိလစ်ပိုင် Magsaysay လူ့အခွင့်အရေးဆုရ
(VOA)
၂၀၁၃ ခုနှစ်အတွက် Ramon Magsaysay ဆုကို မြန်မာနိုင်ငံ က မေတ္တာဖောင်ဒေးရှင်းကို စတင်ထူထောင်ခဲ့ သူ ဒေါ်ဆန်းရော်လပိုင် (Seng Raw Lahpai ) အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးနဲ့ အဖွဲ့အစည်း ၂ ခုကို ချီးမြှင့်လိုက်ပါတယ်။
အာရှတိုက်ရဲ့ နိုဗဲလ်ဆုလို့ ခေါ်ကြတဲ့ ဒီဆုကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။