Saturday, August 31, 2013

မစၥတာနမ္ဘီးယား၏ ကချင်ပြည်နယ်ခရီးစဉ်သည် အစိုးရနှင့် KIO ငြိမ်းချမ်းရေးအလားအလာ လာရောက် လေ့လာခြင်းဖြစ်

(ကချင်သတင်းဌာန)

ကုလအထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား ၏ ကချင်ပြည်နယ် သို့ သုံးရက်တာ ခရီးစဉ် အတွင်း အဓိက လာရောက်ခြင်း သည် အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ချိန် သဘောတူညီခဲ့သောအချက်များကို လိုက်နာဆောင်ရွက်မှု အခြေအနေတိုးတက်မှုရလဒ်အား အဓိကလာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြစ်ကြီးနားဒေသခံ လူငယ် ၂ ဦး အမည်မသိလူအုပ် ရိုက်နှက်ခံရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ တွင် သြဂုတ်လ အတွင်း ဒေသခံ အမျိုး သား ၂ ဦးကို အမည်မသိ လုပ်အုပ် ၏ ရိုက်နှက်မှု ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အမည်မသိလူအုပ်၏ ရိုက်နှက်ခံရသော သူ၂ဦး သည် မြစ်ကြီးနားမြို့ ၁၀ မိုင်၊ နောင်နန်းကျေးရွာနေ မောင်ဆိုင်းဒူ (၁၉) နှစ်နှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဆရာ ဟောင်းလွမ်းတို့ဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့က တနေရာစီ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

လိုင်ဇာ တရုတ်ဘာသာစကား အမျိုးသားကောလိပ် မကြာမီဖွင့်လှစ်မည်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့တွင် တရုတ်ဘာသာ စာ၊ စကား အမျိုးသားကော လိပ်ကျောင်း အဖြစ် စက်တင်ဘာလ အတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရန်ပြင် ဆင်နေပြီး လူသစ်များလည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်းသိရသည်။

ယခင် တရုတ်ဘာသာ သင်ကြားပေးသောကျောင်းကို ယခုနှစ်တွင် အမျိုးသားကောလိပ်အဆင့်သို့ ပြောင်းလဲဖွင့်လှစ် လိုက်ခြင်းဖြစ်ပြီး တက်ရာက်မည့် ကျောင်းသားများ နယ်အသီးသီးမှ လိုင်ဇာမြို့ရောက်ရှိနေကြသည်။

တရုတ် စိတ်မကုန်တဲ့ ဧရာဝတီမြစ်ဆုံ

(VOA)

မြန်မာအစိုးရနဲ့ တိုင်းသူပြည်သားက သဘောတူရင် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်လိုကြောင်း တရုတ်သံအမတ် ယန်ဟို့လန် ပြောတာကို သြဂုတ်လ (၁၃) ရက်နေ့ထုတ် ဧရာဝတီစာစောင်မှာ ဖော်ပြပါတယ်။ ရပ်ဆိုင်းခံရတဲ့ စီမံကိန်းကို ပြန်စလိုကြောင်း အတိအလင်းပြောဆိုတာဖြစ်လို့ အခြားသတင်းစာအချို့ ကလည်း ထပ်ဆင့်ဖော်ပြတာ တွေ့ရပါတယ်။ တကယ်တော့ မြစ်ဆုံရေကာတာရဲ့ ကောင်းခြင်းလက္ခဏာတွေကို CPI တရုတ်ကုမ္မဏီအရာထမ်းတွေက မြစ်ဆုံဒေသမှာ ရှင်းလင်းပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ဧပြီလ (၁၈) ရက်နေ့က တရုတ်စည်းရုံးဆင်းပုံကို ကချင်သတင်းဌာနက ဖော်ပြတာမို့ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ဘက်က ကြိုးပမ်းနေတာ တနှစ်ခွဲလောက်ရှိပြီလို့ ပြောနိုင်ပါတယ်။

Friday, August 30, 2013

ကချင်ဒုက္ခသည် ပြန်လည်နေရာချရေး ကုလအထူးကိုယ်စားလှယ် ဆွေးနွေး

(VOA)

မြန်မာနိုင်ငံ မှာရောက်နေ တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင် ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဟာ ဒီကနေ့ နေပြည်တော်မှာ ဒုတိယသမ္မတ (၁) ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် တခြား ပြည်ထောင်စု ဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေအတွင်း ဆွေးနွေးခဲ့တာတွေထဲမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကချင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးကိစ္စတွေလည်း ပါဝင်တယ်လို့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

လိုင်ဇာအပြီး နမ်ဘီးယား မိတ္ထီလာဝင်

(Irrawaddy)

ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ ကချင် လွတ်လပ်ရေး အဖွဲ့KIO ဌာနချုပ်ကို သွားအပြီး ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေလ်နမ်ဘီးယားဟာ မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။

KIO အပေါ် မစ္စတာ ဗီဂျေနမ်ဘီးယား၏ တိုက်တွန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကုလသမဂအထွေထွေ အတွင်း ရေးမှူး၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂျေနမ်ဘီးယားသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာသို့ ခေတ္တ ရောက်ရှိစဉ် အစိုးရနှင့် ဆွေးနွေး ခဲ့သည့် မြစ်ကြီးနား သဘော တူညီချက် အတိုင်းသာ ဆက်လက် အကောင်အထည် ဖေါ်သွား သင့်သည်ဟု KIO အား တိုက်တွန်း ခဲ့ကြောင်းတွေ့ဆုံ ဆွေးနွေးရေး ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ဆိုပါသည်။ 

မေလကုန်က တွေ့ခဲ့တဲ့ မြစ်ကြီးနား ပွဲမှာ သူပါတယ်လေ။ အဲဒီ သဘော တူညီချက် အတိုင်း အကောင်အထည် ဖေါ်ဖို့ တိုက်တွန်း ခဲ့တာပါ။ လိုင်ဇာကို ရောက်ဖို့ အရေးမှာလည်း သူက အချိန် သိပ်မရ လိုက်ဘူးလေ။ (၃) နာရီ လောက်ဘဲ ကချင်ပြည်နယ် ဝန်ကြီးက ခွင့်ပေးတယ် ဆိုတော့ စကား ပြောခွင့်တောင် သိပ်မရ လိုက်ပါဘူး” ဟု ဆိုပါသည်။ 

ကလေး တပ်သား များ၏ ဘ၀ကို ပြန်လည် ထူထောင် ပေးမည့် ILO အစီစဉ်

(ရွှေဟင်္သာသတင်းဌာန)

ကလေး တပ်သား များဘဝ ရှင်သန် ရပ်တည်ရေးအား ပြန်လည် ထူထောင် ရာတွင် လိုအပ်သော အချက်အလက်များ ရရှိရန် ကွင်းဆင်း လေ့လာ မှုများ ပြုလုပ် ပြီးမှ  ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များ စတင် သွားမည်ဟု ရန်ကုန် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှ စီမံကိန်း နည်းပညာပိုင်း ဆိုင်ရာ အရာရှိ မစ္စတာ မက်ကာဆန်မှ ဆိုပါသည်။ 

လောလောဆယ်မှာတော့ အချက်အလက်တွေ ရှာဖွေ စုဆောင်းရေးနဲ့သုသေတန ပြုတဲ့ အဆင့်မှာပဲ ရှိနေ ပါသေးတယ်၊ အဲဒါ စက်တင်ဘာ တတိယ အပါတ်လောက်မှာမှ ပြီးနိုင်မယ်လို့ ခန့်မှန်းတယ်၊ ဒီတော့ အဲဒီ နောက်ပိုင်း ကျမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင် သွားနိုင်မယ်ဟု ဆိုပါသည်။

Air Supply ဖျော်ဖြေပွဲမှ ရရှိငွေအချို့ကို စစ်ဘေးသင့်ကလေးငယ်များအားသွားရောက်လှူဒါန်း

(Mizzima)

ပုဂံအင်တာတိန့်မန်နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် Air Supply Live In Myanmar  ဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ကြေးများထဲမှ အချို့အား ကချင်စစ်ဘေးဒဏ်သင့် ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် သြဂုတ် ၂၁ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယင်းဖျော်ဖြေပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် သြဂုတ် ၁၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ကာ တောင်တန်းဒေသရှိ ကလေးငယ်များ၏ပညာသင်ကြားရေးအတွက် ရည်ရွယ်ကာ ကျင်းပသည့် ဖျော်ဖြေပွဲလည်း ဖြစ်သည်။

KIO အလုပ်အဖွဲ့နှင့် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့တို့ စက်တင်ဘာမှာ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည်

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIo ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့Technical Team နှင့် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ လာမည့် စက်တင်ဘာလ အတွင်း မြစ်ကြီးနားမြို့ တွင် တွေ့ဆုံမည် ဖြစ်ကြောင်း KIO အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက် MPC က KIO ဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical Team နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးကြရန် တရားဝင်စာပေးပို့မှုကို လက်ခံရရှိကြောင်း ပြန်ကြားစာ ပေးပို့ရန် ပြင်ဆင်နေသည်။

ဘက်မလိုက်ဘူးဆိုတဲ့ ကုလ အထူးကိုယ်စားလှယ်

(VOA)

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ် မှာ မြန်မာနိုင်ငံ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) နဲ့ သူ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တားနား ခင်များ ... ဒီတကြိမ် မြန်မာပြည်ကိုသွားတုန်းက ပါမောက္ခ ကင်တားနားဟာ ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ နှစ်နေရာမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကို အကျဉ်းရုံးလေး ပြောပါအုံးခင်မျာ။ 

Thursday, August 29, 2013

ဗီဂျေးနမ်ဗီးယား၏ တရက်တာ လိုင်ဇာ ခရီးစဉ်

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့KIO လိုင်ဇာ ဗဟို ဌာန ချုပ်သို့တရက်တာ အလည်အပတ် ခရီး အဖြစ် သွားရောက် ခဲ့သည့်ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်၏  အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဗီးယားသည် KIO ဗဟို ကော်မီတီ အဖွဲ့နှင့် သီးခြား တွေ့ဆုံဆွေးနွေး သွားခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုး တော်ဆောင် အဖွဲ့မှ ဦးအင်ဆင်းဆန်းအောင်က ဆိုပါသည်။ 

လိုင်ဇာ ရောက်ရောက် ချင်းတော့ ဗိုလ်ချုပ် ဂွမ်းမော်၊ ဦးဆွမ်လွတ်ဂမ်တို့ ပါဝင်တဲ့  KIO တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်တွေတို့နဲ့ သူအရင်တွေ့ခဲ့တယ်၊ ပြီးမှ KIO  ဥက္ကဌ ပါဝင်တဲ့ ဗဟို ကော်မတီ အဖွဲ့နဲ့ထပ်တွေ့ကြတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။

KIO Ginjaw Hkamja Dap A Masat Yan (3) Hkamja Du Wunkat Jawng Yu Hpawng Galaw Ai Lam

(Kachinnet)

2013 ning August shata (29) ya jahpawt hkying (10:00)am aten Wunpawng Mungdan Shanglawt Asuya, Ginjaw Hkamja Dap kaw na hpaw sharin ai masat yan (3) hkamja du wunkat yu hpawng hpe Laiza Muklum, Woichyai Mungshawa Tsi Rung Wang, Wunjat gawknu hta galaw ai lam chye lu ai.

တိုင်းရင်းသားတပ်ဖွဲ့များအား အပြတ်ရှင်းလင်းပစ်ရန် တိုင်းရုံးအား ကာ/ချုပ် ညွှန်ကြား

 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏  ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု  ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။

ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - “ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလတုန်းက  ကချင် KIA  တပ်ကို မြန်မာစစ်တပ်က တပ်မ ၁၀  ခု သုံးပြီး တိုက်ခိုက်ရတယ်။ ၄ လ အတွင်း တိုက်ပွဲပေါင်း ၃၅၅ ကြိမ်ဖြစ်ပွါးခဲ့တယ်။ ဒီအထဲမှာမှ အပြင်း ထန်ဆုံးတိုက်ပွဲက ၉၅ ကြိမ်ရှိပါတယ်။ ၄ လ အတွင်း သေကြေဒဏ်ရာရတဲ့ တပ်သား ၁၀၀၀ ကျော်ပါတယ်။ အခုလို ဆုံးရှုံးမှုများပြားတာဟာ တပ်မတော် အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေ မကျွမ်းလို့  အတွေ့ အကြုံနည်းပါးလို့ဖြစ်ရပါတယ်။ သို့သော် လက်နက်ကြီးတွေသုံး၊  ဝေဟင်က အင်အားတွေကိုသုံးတိုက်ပြီး  တပ်စခန်းအားလုံးကိုသိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပါရှိပါသည်။

KIO အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးခြင်းပြုလုပ်

(Mizzima)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် လက်ရှိကချင်ပြည်နယ်တွင်း ဆောင်ရွက်
နေရာ တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း စည်းရုံးရေး တာဝန်ခံ ဒေါ်ခေါင်ယန်းက ပြောသည်။

“တိုက်ပွဲ စတင်လာတဲ့ အချိန်ကစပြီး ကျွန်မတို့ အမျိုးသမီးအဖွဲ့ဝင်တွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီး ပံ့ပိုးနိုင်မဲ့ပါဝင်လို့ရတဲ့ အပိုင်းတွေကို ၀ိုင်းစဉ်းစားပြီး လုပ်ကြတယ်။ ပြီးတော့ ရှေ့တန်းစစ်သားတွေအတွက် အကူအညီ
ပေးနိုင်အောင် ရန်ပုံငွေကို နည်းလမ်းအမျိုးမျိုး ရှာကြတာတို့၊ ဒါတင်မကဘူး အဖွဲ့အစည်းသစ်တွေကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်” ဟု ဒေါ်ခေါင်ယန်းက ဆိုသည်။

ကုလအထူးကိုယ်စားလှယ်နှင့် KIO ခေါင်းဆောင်များ တွေ့ဆုံ

(Mizzima)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားသည် လိုင်ဇာမြို့ရှိ KIO ဌာနချုပ်တွင် KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ဆင်းဆန်းအောင်က ပြောသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ကိုယ်စားလှယ်ခုနစ်ဦးသည် မစ္စတာနမ်ဘီးယားနှင့်အတူ လိုက်ပါခဲ့ပြီး KIO
ခေါင်းဆောင်များနှင့် ၂၅ မိနစ်ကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ICRC ၀န်ထမ်းတို့ ကချင်ပြည်နယ်သို့ ခရီးစတင်

(Mizzima)

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် ICRC ၏ ကချင်ပြည်နယ်အတွင်း ငါးရက်တာ ဆေးဝါးကုသပေးမည့် အစီအ စဉ်ကို သြဂုတ်လ ၂၇ ရက်တွင် စတင်လိုက်ပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာဆေးရုံကိုလည်း လေ့လာမှုများ ပြုလုပ်မည်ဟု KIO ကျန်းမာရေးဌာန တာဝန်ခံ ဦးအင်ဂန်းဇော်ခွမ်က ပြောသည်။

“ကျွန်တော်တို့ လိုင်ဇာဆေးရုံကို လာလေ့လာမယ်။ ဒီမှာ တစ်ပတ်လောက်နေပြီး လူနာတွေကို ဆေးဝါးကုသပေးမယ်။ ပြီးရင် မိုင်ဂျာယန်ကို သွားမယ်။ အဲဒီမှာ ငါးရက်နေပြီးတော့ စက်တင်ဘာနှစ်ရက်နေ့ ပြန် မယ်လို့ ပြောပါတယ်”ဟု ဦးအင်ဂန်းဇော်ခွမ်က ပြောသည်။

တိုက်ပွဲများ ဆက်လက်တင်း မာပါက နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု တွင် ထိခိုက်နိုင်

(ကချင်သတင်းဌာန)

ကချင်ဒေသ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများ ဆက်လက်ပြင်း ထန်လာပါက ငြိမ်း ချမ်းရေးဖော်ဆောင်ရန် အတွက် နှစ်ဖက် ကိုယ်စားလှယ် များ တွေ့ဆုံဆွေးနွေး မှုပေါ် တိုက်ရိုက် ထိခိုက်လာ စေနိုင်သ ည်ဟု ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင် ဆရာကြီးဆွမ်လွတ်ဂမ်က ပြောသည်။

Wednesday, August 28, 2013

ကုလအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား ကချင်ပြည်နယ် မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ အရောက်လာ

(ကချင်သတင်းဌာန)

မြန်မာနိုင်ငံ သို့ တိတ်တဆိတ်ရောက် လာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) သည် ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာကာ KIO ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဒုက္ခသည်စခန်းများကို ကြည့်ရှုခဲ့သည်။

မြစ်ကြီးနား၊ ၀ိုင်းမော် မီးပြတ်တောက်နေ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့နှင့် ၀ိုင်းမော်မြို့ တွင်ဖြန့်ဖြူးပေးနေသော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မလိချောင်း ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ ရေအောက်ပိုင်း ပိုက်လိုင်းနှင့် စက်ပစ္စည်း ချို့ယွင်းမှုဖြစ်ပေါ် နေသောကြောင့် သြဂုတ်လ ဒုတိယ အပတ်မှစ၍ ယခုချိန်ထိ မီးပြတ်တောက်နေပြီး ဒေ သခံများ အခက် ခဲရင်ဆိုင်နေရကြောင်းသိရသည်။

အစိုးရ နှင့် UNFC နိုင်ငံရေး ဆွေးနွေးမည်

(ဧရာဝတီ)

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် နိုင်ငံရေးဆွေးနွေးပွဲ တခုကို စက်တင်ဘာလ အတွင်း ကျင်းပမည်ဟု သိရသည်။

ထိုဆွေးနွေးပွဲ၌ UNFC ၏ မူဝါဒလမ်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ ဖက်ဒရယ် မူဝါဒများ၊ တနိုင်ငံလုံး ငြိမ်းချမ်း ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အလေးထား ဆွေးနွေးမည်ဟု UNFC က ပြောသည်။

ကုလကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား လိုင်ဇာကိုသွားရောက်

(DVB)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးနဲ့ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ် လိုင်ဇာကို သြဂုတ်လ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်ဘောက်ဂျာက ဒီဗီဘီကို ပြောပါတယ်။ ဗီဂျေ နမ်ဘီးယားဟာ ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက်နဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့နဲ့ အတူ လိုင်ဇာကို သွားရောက်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့

(Mizzima)

ဇူလိုင် (၉)ရက်နေ့ထုတ် 7 Day Daily သတင်းစာထဲမှာ မြစ်ကြီးနားမြို့ အ.လ.က (၆) က န၀မတန်းကျောင်းသား ငယ် တစ်ဦးဖြစ်တဲ့ “မောင်ဆိုင်းလဒ်အောင်”ဟာ ဘောဂဗေဒဘာသာရပ်ထဲက အိမ်စာငါးပုဒ်ကို ကျက်အပြီး ပုံဆွဲ
နေမိခဲ့တာကို ဆရာမတွေ့ပြီး ခေါင်းကို ကြိမ်လုံးနဲ့ အချက်(၂၀)ကျော် အရိုက်ခံခဲ့ရ တယ်ဆိုတဲ့ စိတ်မချမ်းမြေ့စရာ ပညာရေးလောကက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သည် တော့ တပည့်ဖြစ်သူခမျာ အနာတရ ဖြစ်သွား တယ်။ ရိုက်တဲ့ဆရာမကိုလည်း အကြောက်ကြီးကြောက် သွားမိတယ်။ ဒါကြောင့် ကျောင်းကနေ အိမ်ကို တန်းပြေး လာခဲ့မိတယ်။ အိမ်အရောက်မှာ သတိလစ်သွား ခဲ့ရတယ်။

ဂျမိုင်ကောင်စခန်းမှာ ကချင်ဒုက္ခသည်တွေနဲ့ ကုလအထူးအကြံပေး တွေ့ဆုံ

(VOA)

ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အကြား မကြာခင်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့ အကြောင်း မြန်မာနိုင်ငံ မှာ ရောက်နေ တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) က ပြောကြားလိုက်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ ဒီကနေ့ နေ့လည်ပိုင်း ကချင်ပြည်နယ် ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
 

အစိုးရနှင့် ကေအိုင်အေတို့ သဘောတူညီခဲ့သည့် နေရပ်ပြောင်းရွှေ့ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ကိစ္စမှာ သုံးလကြာလာသော်လည်း အကောင်အထည် မပေါ်သေး

(Eleven Media Group)

အစိုးရနှင့် ကေအိုင်အေတို့ ၂၀၁၃ ခုနှစ် မေ ၃၀ ရက်က ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုး သဘောတူညီခဲ့သည့် သဘောတူညီချက် ခုနစ်ချက်တွင် ပါဝင်သော နေရပ်ပြောင်းရွှေ့ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ကိစ္စမှာ သုံးလကြာလာသော်လည်း အကောင်အထည် မပေါ်သေးကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ လဂျားယန်မြို့နယ်၊ မံစီမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ပန်ဝါမြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ် စသည့်မြို့နယ်များမှ ရွာပေါင်း ၃၀၀ ကျော်မှ လူဦးရေ တစ်သိန်းကျော် နှစ်သိန်းနီးပါးမှာ လုံခြုံမှုရှိသည့် မြို့ရွာများသို့ ပြေးဝင်ခိုလှုံ ခဲ့ကြရသည်။

Tuesday, August 27, 2013

UNFC နည်းပညာ အဖွဲ့နှင့် အစိုးရ နည်းပညာ အဖွဲ့ ဆွေးနွေးချက်များ

(ရွှေဟင်္သာသတင်းဌာန)

လာမည့် စက်တင်ဘာ လဆန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရန် သဘော တူညီ ခဲ့သည်ဟု ယနေ့မနက်တွင် ကျင်းပ ခဲ့သော ထိုင်းနိုင်ငံ ဇင်းမယ်မြို့ (Yaung Conne Village) ဟိုတယ် ညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော UNFC ၏ စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန ဒုတိယ တာဝန်ခံ နိုင်ခွယ်ဟောင်မွန်က ဆိုပါသည်။ 

“ အစိုးရ ဖက်က အချိန်ဆွဲနေဟန် တူပါတယ်။ ကျနော်တို့ ဖက်ကတော့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့နဲ့ ကြားဝင် ဖြန်ဖြေရေး အဖွဲ့ တွေပါဖို့ တင်ပြ တောင်းဆို ထားတာ ကြာပါပြီး၊ သူတို့ ဖက်က လက်မခံတာပါ။ အဓိက ကတော့ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ရည်ရွယ်ထား တာဖြစ်ပါတယ်” ဟုဆိုပါသည်။  

တရုပ်တွေနယ်ချဲ့လို့ ဒို့နိုင်ငံသားတွေ...စီးပွားပျောက်ရပြီ…




တရုပ်လုပ် ငန်း ရှင်တွေဟာ… အိမ်ခြံမြေတွေ ကို…. ဝယ် ယူပြီးရင်း နှီးမြှုတ်နှံ.. ထား တာတွေ…
ပြည်တွင်းမှာတော်တော်များနေ ပါပြီ…..တရုပ်လူမျိုးများ… အများဆုံးဝယ်ယူသည့်ဒေသ မှာ….
မန္တလေး..မြို့၌ဖြစ်ပြီး… .ကျောက်ဖြူ…စစ်တွေ… ရန်ကုန်နှင့် …ထားဝယ်…. တို့တွင်လည်း…
အများဆုံး.. ဝယ်ယူထားကြတာတွေ့ရပါတယ်… တရုပ်လူမျိုးဆိုတာ…. နိုင်ငံခြားသားပါ…..
ကိုယ်တိုင်းပြည်တွင်းမှာ …မြေတွေ …ဈေးအဆမတန်ပေးပြီး ….ဝယ် ယူနေနှိုင် တာ…
မြန်မာပြည်ဖွား… သစ္စာမဲ့သူများ… ကိုယ်ကျိုးကြည့်သူ….များကြောင့်သာဖြစ်ပါ တယ်….
တရုပ်တွေ ဟာ…တိုက်ရိုက်ဝယ်ယူ… လို့မရပါဘူး…နိုင်ငံသားတစ်ဦးကို….
အမည်ခံပြီး ဝယ်ယူကြရပါတယ်…..

ဂျေယန့်ဒုက္ခသည်ကျောင်း ၂နှစ်ပြည့်ချိန် ကျောင်းအုပ်ဆရာ ဦးခွန်ဆန်နှင့် မေးမြန်းခြင်း

(ကချင်သတင်းဌာန)

စစ်ကြောင့် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသော ဒုက္ခသည်ကလေးများ အတွက်ပညာရေးနစ်နာမှုမရှိစေရန် ဂျေယန့်ဒုက္ခသည်စခန်းတွင် ကျောင်းတရားဝင်ဖွင့်လှစ်သင်ကြားပေးနေသည်မှာ သြဂုတ်လ(၂၅) ရက်နေ့တွင် ၂ နှစ်ပြည့်ပြီဖြစ်သည်။ ဂျေယန့် ဒုက္ခသည်စခန်းကျောင်းက ပညာရေးဖွဲ့စည်းမှုအတွေ့အကြုံများနှင့် ကျောင်း၏ အခက်ခဲ အခြေနေများကို ကျောင်းအုပ်ဆရာ ဦးခွန်ဆန်နှင့် KNG ကချင်သတင်းဌာနမှ ထွယ်ဆန် (Htoi San) ဆက်သွယ်မေးမြန်း ထားသည်။

ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ

(ရွှေဟင်္သာသတင်းဌာန)

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

“ ဒီနေ့ ၁၀ နာရီ ခွဲလောက်မှာ စရောက်တယ်၊ အခုတော့ (မွန်းတည့်) နှစ်ခြင်း ခရစ်ယာန် ကျောင်းမှာ အဖွဲ့စုံတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်၊ ဝန်ကြီးချုပ်လည်း အစည်းအဝေး ထဲမှာ ရှိနေပါတယ်” ဟု ၄င်းမှ ပြောသည်။

Monday, August 26, 2013

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို  ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

တစ်ကယ်တော့ အစိုးရ ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲ ရေးကိုကြေငြာ ပေးလိုက် ယုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ၊ ဒါပေမယ့် အရင် မလုပ်ပေး ဘဲနဲ့ တရားဝင် ထုတ်ပြန်ချက် မရှိဘဲဟိုဟာ လုပ်မယ် ဒီဟာလုပ် မယ် ပြောဆို နေတဲ့ အပေါ်မှာ ကျနော် တို့မှာ တွေးစရာ ဖြစ်လာ ရတယ်ဟုဆိုပါသည်။

ဦးအောင်မင်း အကြို MPC Technical Team မှ UNFC ကို လာတွေ့

(ရွှေဟင်္သာသတင်းဌာန)



UNFC Technical Team နှင့် ညှိနှိုင်း ဆွေးနွေး နိုင်ရန် အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ Technical Team တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့ ရောက်ရှိ နေပြီ ဖြစ်ကာ နက်ဖြန်၌ တွေ့ဆုံ ဆွေနွေး ကြမည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။

အဓိက ကတော့ လာမယ့် စက်တင်ဘာ လဆန်း ကြရင် ဝန်ကြီး ဦးအောင်မင်းနဲ့ UNFC က တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်၊ အဲဒါ ဖွဲ့ထားတဲ့ ကျွှန်တော်တို့ Technical Team က လိုအပ် တာတွေ ပြင်ဆင် နိုင်ဖို့ လာရောက် ညှိနှိုင်း တာ ဖြစ်ပါတယ်ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဆုံးရှုံးနေသော ကချင်လူငယ်များ အခွင့်အရေး

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေး ရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ် အတွင်းမှာ သေနတ် သံတွေမစဲသေး တဲ့ စစ်ပွဲတွေနဲ့ ဒီစစ်ပွဲတွေကြောင့် ကချင်လူငယ်တွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေအကြောင်း ကချင်လူငယ်ခေါင်းဆောင် Gran Brang Shwan နဲ့ ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် လူငယ်ထုအနေနဲ့ ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံအခွင့်အရေး မရရှိနိုင်၊ ဆုံးရှုံးနေရတယ်လို့ ကချင်လူငယ်တဦးဖြစ်တဲ့ Gran Brang Shwan က ပြောပါတယ်။ ကုလသမဂ္ဂ UNESCO အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ် လူငယ်ခေါင်းဆောင်မှုသင်တန်း တက်ရောက်ခဲ့တဲ့ Gran Brang Shwan ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။
 

မြန်မာပြည်ရောက် ကုလအကြံပေး Nambiar ကချင်ပြည်နယ်သွားမည်

(VOA)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ မနက်ဖြန် အင်္ဂါနေ့မှာ ကချင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့နေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မစ္စတာ ဗွီဂျေး နမ်ဘီယားဟာ ဘယ်သတင်းဌာနကိုမှ တရားအသိပေးခြင်းမရှိဘဲ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဘယ်နေ့က ရောက်တယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် အခုချိန်မှာ မသိနိုင်သေးဘဲ ဖြစ်နေတာပါ။
 

ဖွဲ့စည်းပုံဥပဒေ အသစ်ရေးဆွဲနိုင်ဖို့ တိုင်းရင်းသားများ ကော်မတီဖွဲ့မည်

(RFA)

ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲနိုင်ဖို့ လုပ်ငန်းကော်မတီတစ်ရပ်ကို  ညီညွှတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ ဦးဆောင်ပြီး အခုလမကုန်မီ  ဖွဲ့စည်းသွားမယ်လို့ UNFC အဖွဲ့က ပြောပါတယ်။

ပီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းဟာ အခုမှစတင်တာမျိုးမဟုတ်ဘဲ အရင်ပြည်ပရောက်အဖွဲ့အစည်းများ ရေးဆွဲထားတာကို ပြန်လည်ပြင်ဆင်ဖြည့်စွက်တာမျိုးပဲ ဆောင်ရွက်ဖို့လိုတယ်လို့ UNFC တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ 

ဖွဲ့စည်းပုံအသစ်ရေးရန် UNFC နှင့် UNA ပူးပေါင်းကော်မတီဖွဲ့မည်

(Mizzima)

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ရန် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ)
နှင့် UNA (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)တို့ ဦးဆောင်၍ ယခုလ အတွင်း ကော်မတီတစ်ခု ဖွဲ့ရန် ပြင်ဆင်နေသည်ဟု UNFC မှ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကေအိုင်အိုနှင့် အပြီးသတ် ဆွေးနွေးနိုင်မည်ဟုဆို

(Eleven Media Group)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် မျှော်မှန်းထားသည့် အောက်တိုဘာလ မတိုင်မီ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား အဖွဲ့များအားလုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမည့် ပင်လုံကဲ့သို့ ညီလာခံပြုလုပ် လိုကြောင်း သမ္မတရုံးဝန်ကြီးဆို

(Eleven Media  Group)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး သဘောတူညီမှု ပါဝင်လက်မှတ်ရေးထိုးမည့် ပင်လုံကဲ့သို့သော ညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းပြုလုပ် လိုသည်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြားကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ၏ ပြောကြားချက်အရ သိရသည်။

Sunday, August 25, 2013

လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်

(RFA)

နောင်လာမယ့် ၂၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပြန်လည်ဖွဲ့စည်းမယ့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ လီဆူးနဲ့ ရမ် တိုင်းရင်းသားရေးရာန်ကြီး တာန်တွေမထားတော့ဖို့ ကချင်ပြည်နယ် အင်ဂျန်းယန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြည်သူ့လွှတ်တော်ဥက္ကဌဆီ တင်ပြထားတယ်လို့ သိရပါတယ်။
 
လက်ရှိကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တဲ့ လီဆူးနဲ့ ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်ထားတာဟာ ကချင်လူမျိုးစုတွေကြားမှာ သွေးကွဲသလိုဖြစ်စေတဲ့အတွက် မထားတော့ဖို့ မနေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တင်ပြထားတယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။