Friday, August 23, 2013

ကချင်ပြည်နယ် ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲနဲ့ပတ်သက်လို့

(Irrawaddy)

သတင်းအမျိုးမျိုးထွက်နေတဲ့ ပြည်သူ့ စစ်နှင့် KIA တိုက်ပွဲတွင် အချို့ သတင်းဌာနတွေ ဖော်ပြထားသလို  ပြည်သူ့ စစ်က စိန်ခေါ်လို့ တိုက်ပွဲဖြစ်တယ်၊ နယ်ကျွံလို့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက် နေချိန်မှာဘဲ ဦးစခုန်တိန့်ယိန်းက ကေအိုင်အို၊ ကေအိုင်အေက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်နဲ့ ဂွမ်မော်တို့ကို ပေးတဲ့ စာပါတဲ့။ 

ကုလ ကိုယ်စားလှယ် ကင်တားနား နဲ့ မိတ္ထီလာ လူထု ပြဿနာ

Duwa Kachin

မိတ္ထီလာမှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား စီးလာတဲ့ ကားကို ဆန္ဒပြနေတဲ့ လူအုပ်ရဲ့ ပုံ ဖြစ်ပါတယ်။

ကင်တားနား က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ မိတ္ထီလာ မှာ ရဲတွေရှိနေသော်လည်း အကာအကွယ်မဲ့သလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ကင်တားနား နဲ့ ပတ်သက်ပြီးမှလဲ ကန့်ကွက်သူတော်တော်များနေတာ တွေ့ရပါတယ်။ ပိုဆိုးလာတာက လူ့အခွင့်အရေး ဆိုရင် ခါးခါးသီးသီး ဖြစ်နေတဲ့ မြန်မာနိုင်ငံသားအချို့ရဲ့ အဖြစ်တွေပါ။

ဘူးဂါး လျှပ်စစ် ကုမ္ပဏီဝန်ထမ်းတစ်ဦးမှာ အဆိပ်ငွေ့ တစ်မျိုးကို ရှုရှုက်မိသဖြင့် သေဆုံး

(Kachinwaves)

လူတစ်ဦးသေဆုံးပြီးနောက် အောက်ဆီဂျင်ဗူးများနှင့်
တိရိစ္ဆာန်များကို ဦးစွာ အသုံးပြုပြီးစစ်ဆေး ပြီးမှသာ
ဝန်ထမ်းများမှ ရေထိန်းတံခါး စစ်ဆေးမည်။

ဝန်ထမ်းတစ်ဦးမှာ အဆိပ်ငွေ့တစ်မျိုးကို ရှုရှုက်မိသဖြင့် သေဆုံးသွားခဲ့ပြီးနောက် ဆက်လျက်ပြုပြင်ရာတွင် တိရိစ္ဆာန် တစ်မျိုးမျိုးကို အသုံးပြု စစ်ဆေး ပြီးမှ သာလျှင် စက်ရုံဝန်ထမ်းများ ရေသွင်းဥမင်များအတွင်းသို့ ၀င်ရောက် လုပ်ကိုင်မည်ကာ အောက်ဆီဂျင်ဘူးများ အသုံးပြုစေမှာဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ကုမ္မဏီမှ မန်နေဂျာ ဦးလအောင်က ပြောသည်။

ကချင်၏ မပြေလည် သေးသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေများ

(ရွှေဟင်္သာသတင်းဌာန)



၂၀၁၃ ခုနှစ် မေလ KIO နှင့် အစိုးရ တို့၏ တွေ့ဆုံ ဆွေးနွေးရေး မှတ်တမ်း

ရှမ်းပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် အခြေစိုက် တပ်မဟာ (၄) တွင် ယမာန် နေ့က တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း တပ်မဟာ (၄) တပ်မှူးက ပြောသည်။

မနေ့က ကွတ်ခိုင်မြို့နယ် တာမိုး ညဲမြို့နယ်ခွဲ ဘက်မှာ ရှိတဲ့ ကျနော်တို့ KIA တပ်မဟာ (၄) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၂) နဲ့ တာမိုးညဲမှာ အခြေစိုက်တဲ့ အစိုးရ တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ထိခိုက် ဒဏ်ရာ ရရှိမှုတွေ မသိရှိ ရသေးပါဘူးဟု ဆိုသည်။

ပန်ဝါမြို့ရှိ လာဝေါ်နှစ်ခြင်းဘုရားကျောင်းတွင် ဗျုဟာထိုင်မှုအား ဒေသခံများ အလိုမရှိ။

(Kachin waves)
ပန်ဝါမြို့ပေါ်ရှိ လာဝေါ်နှစ်ခြင်း ဘုရားကျောင်းတွင် အစိုးရ တပ်မတော်မှ ဗျုဟာထိုင်နေပြီး ဘုရားကျောင်းတွင် လွတ်လွတ်လပ်လပ် ၀တ်မပြုနိုင်သည်သာမက ဘုရားကျောင်းအတွင်း ညစ်ပတ်သည့် အပြုမူများ ပြုမှုလျှက်ရှိနေသောကြောင့် ဒေသခံများ မှ ဗျူဟာအား ထိုဘုရားကျောင်းဝင်းမှ ပြောင်းပေးရန် အကြောင်းကြားစာ ၂ကြိမ်ပို့ပေးပြီး ဖြစ်သော်လည်း ယခုထိ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အစဲက ဆိုသည်။

`ဘုရားကျောင်းထဲမှာပဲ အိပ်ပြီး ကျွန်တော်တို့ ၀တ်ပြုဖို့လာမှ သူတို့က သော့ဖွင့်ပေးပြီး အိပ်ယာတွေ သိမ်းကြတယ်။ကျောင်းဝင်းထဲမှာပဲ ဆေးလိပ် အရက်တွေ သောက်ပြီး ဖဲတွေ လည်းရိုက်ြကတယ်။အလုံးကသူတို့ကို ပြောင်းသွားဖို့အလိုရှိတယ်။ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘာမ မတတ်နိုင်ဘူး။´ဟု ဒေါ်အစဲမှ ဆိုသည်။

KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီအမည်ဖြင့် ပါတီထောင်ရန် ပြင်ဆင်

(Mizzima)

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO
ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီထောင် ယှဉ်ပြိုင်ရန် ထပ်မံပြင်ဆင်လျက် ရှိနေသည်။

“ကချင်ပြည်နယ် ဒီမိုကရေစီပါတီအမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ထံ ယခုလမကုန်မီ သွားရောက် လျှောက်ထားမည်ဖြစ်ကာ လတ်တလော လူဦးရေ မည်မျှ ပါဝင်မည်ကို မသိရသေးဟု ဒေါက်တာတူးဂျာက မဇိ္ဈမကို ပြောသည်။

Thursday, August 22, 2013

ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) စတင်တည်ထောင်

(KNG)

လာမည့်ရွေးကောက်ပွဲ အတွက် ကချင်ပြည်နယ် ကိုယ်စားပြုပါတီ တခုအဖြစ် ရပ်တည်ကာ ပါဝင်နိုင် ရန် ဒေါက်တာ တူးဂျာဦးဆောင်၍ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ကို တည်ထောင် လိုက်ပြီး ယခုအပတ် အတွင်း ရွေးကောက်ပွဲကော်မရှင် သို့ မှတ်ပုံ တင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

“အခုတော့ ပါတီတခုဖြစ်မြောက်ဖို့အတွက် ပြင်ဆင်မှုတွေက အများစုပြီးစီးသွားပါပြီ။ ဆက်သွယ်မှုတွေကလည်း ပုံမှန်ရှိနေတော့ မကြာခင်ဖြစ်လာတော့မှာပါ။ လူ ၁၇ ယောက်လောက် စာရင်းထည့်သွင်းသွားမယ်။ ပါဝင်မဲ့သူတွေကို ဆုံးဖြတ်ပြီးရင် စာရင်းကိုကောင်းကောင်းချုပ်ပြီးမှပဲ ဖောင်ဖြည့်ပြီး တင်သွားကြမယ်ပေါ့။ ဆိုတော့ မှတ်ပုံတင်ကျတာနဲ့တော့ ရုံးတွေဖွင့်ပြီး လုပ်ငန်းစဖို့ ဆွေးနွေးထားကြပါတယ်။”

ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ တရားဝင် ဖြတ်သန်းခွင့် ယခုလကုန် စတင် ခွင့်ပြုမည်

(ရွှေဟင်္သာသတင်းဌာန)

လာမည့် သြဂုတ်လ (၂၈) ရက်နေ့မှ စတင်၍ ထိုင်းမြန်မာ နယ်စပ်ဂိတ် လေးခုမှ စတင်၍ နှစ်ဖက် နိုင်ငံ များသို့ ပတ်စပိုစ့် များဖြင့် သွားလာ ဖြတ်သန်း ခွင့်ကို မထမဆုံး အကြိမ် တရားဝင် ခွင့်ပြု သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်းက ပြောသည်။ 
“ဒီကိစ္စကို နှစ်နိုင်ငံ အစိုးရတွေ ညှိနှိုင်း ပြီးပါပြီ၊ ဗီဇာ ပါရမယ်၊ နိုင်ငံကူး လက်မှတ် ပါရမယ်၊ အရင်လို အပေါ်လမ်း (လေကြောင်း) ကနေ မဟုတ်ပဲ ဒီနယ်စပ်ဂိတ် တွေက နေလည်း တရားဝင် သွားလာလို့ ရပါပြီ” ဟု ဦးသန်းနိုင်ထွန်းက ပြောသည်။

SHANGLAWT MUNGDAN GA SHAKA

(Jinghpawkasa)

Munghpawm ngu ai hpe kalang bai gaw de lu na matu 1947 ning hta munghpawm myen mung ngu nna myit hkrum jawm gaw de ai ga shaka gaw ahkyak kaba rai nga ai zawn Kachinland e dap jung galaw nna dip up sha nga ai myen coloni asuya kaw nna lawt lu na matu mung 1961 ning hta Wunpawng Mungdan Shanglawt hpung/hpyen dap hpe gaw de dat ai shaloi galaw ai “Shanglawt Ga Shaka” grin nga ding yang rai na matu mung ahkyak kaba dik rai nga ai. Shanglawt Ga Shaka gaw “Myen mung maden koloni asuya hpe Wunpawng Mungdan kata kaw nna atsai awai gawt shapraw kau n’htawm, awm dawm shanglawt nna shadip jahpang lu ai Wunpawng Gumrawng Gumtsa Mungdan hpe gaw sharawt shagrin da na” ngu nna 1961 ning hta Shanglawt Hpung hpe woi gaw de ai amyu sha ningbaw ningla ni dagam ga shaka galaw da ai hpe ngu ai rai nga ai. Ya dai ni shaning (60) ning hkawt matut grin nga ai Shanglawt Hpung hpe woi gaw de dat ai ningbaw ningla ni nan shanhte a asak hpe Shanglawt Ga Shaka matu asak hkungga nawng jau kau sai rai nga ai.

အစိုးရအာဏာ မသက်ရောက်သည့် ဒေသများကို တစ်နှစ်အတွင်း တစ်ကြိမ်သာ ကုလသမဂ္ဂကူညီနိုင်ခဲ့

(Mizzima)

အစိုးရအာဏာ မသက်ရောက်သည့် စစ်ဘေးသင့်ဒေသများသို့ ကုလသမဂ္ဂက တစ်နှစ်အတွင်း အကူအညီ တစ်ကြိမ်သာ ပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက သြဂုတ် ၂၁ ရက်က သတင်းထုတ်ပြန်လိုက်သည်။

“ကျွန်တော်ရခဲ့တဲ့ ဒီဒေသနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေအရဆိုရင် အလွန်အမင်း စိုးရိမ်ဖွယ်ရာပါပဲ။ အထူးသဖြင့် အစားအသောက် လုံလောက်ရေးက အရေးကြီးဆုံးပါပဲ”ဟု ခရီးစဉ်အပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသည့် နေ့က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သူ ကပြောဆိုခဲ့သည်။

Wednesday, August 21, 2013

ကေအိုင်အေကို ဆက်တိုက်မည်ဟု ပြည်သူ့စစ်ခေါင်းဆောင် ပြော

(ဧရာဝတီ)

တပ်နေရာ ဖယ်ခိုင်းရေး ပြေလည် မှုမရှိသရွေ့ကေအိုင်အေဘက်ကို ဆက်လက် ထိုးစစ်ဆင်သွား မှာ ဖြစ်ကြောင်း ပြည်သူ့ စစ်ခေါင်းဆောင် ကချင်ပြည်နယ် အမျိုး သား လွှတ်တော် အမတ် ဦးစက်ခုံ တိန်ယန်းက ပြောဆိုလိုက်သည်။

“သူတို့က နိုင်ငံတော်ကို အနှောင့်အယှက် ပေးတဲ့လူတွေ၊ အုပ်ချုပ်မယ့်သူတွေ မဟုတ်ဘူး။ တပ်မတော်က လက်ပိုက်ကြည့်နေပေမယ့် ပြည်သူတွေကတော့ မနေနိုင်ဘူး။ မဆုတ်ရင် တုန့်ပြန်မှာပေါ့။ ထပ်ပြီး လုပ်ရမှာပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလည်း ပြည်သူ့အင်အားက ပိုကြီးတယ်။ မောင်းထုတ်မှာပဲ”ဟု အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက
ဧရာဝတီသို့ ပြောကြားသည်။


ဒုက္ခသည်များနေရပ် ပြန်နိုင်ဦးမည်မဟုတ်

(ကချင်သတင်းဌာန)

နိုင်ငံတော် အစိုးရနှင့် ကချင်လက် နက်ကိုင်များကြား တင်းမာနေသော စစ်ရေး ပဋိပက္ခ အခြေအနေ သည် အရှိန်လျှော့သဖွယ် ရှိသော်လည်း ချုပ်ငြိမ်းသွားခြင်း မရှိသေးသောကြောင့် စစ်ပြေး ဒုက္ခသည်များ မိမိနေရပ် သို့ပြန်နိုင်မည် မဟုတ်ကြောင်း ဒုက္ခသည်ကော်မတီမှ သိရသည်။

ကချင်ဒေသတ၀ှမ်း ထိုးစစ်ဆင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း အစိုးရအုပ်ချုပ်နယ်မြေနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေသို့ ဒုက္ခသည် ၁ သိန်းကျော်ခန့် အသီးသီး အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရာ လက်ရှိစစ်ရေးပဋိက္ခအခြေအနေကိုသုံးသပ်ခြင်းအားဖြင့် နေရပ်ပြန်နိုင်ရေးကိစ္စသည် အလှမ်းဝေးနေဆဲဖြစ်သည်ဟု နယ်စပ် ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ  ဆလန်ကဘာဒွဲပီဆာကပြောသည်။

Lahta Sam Mung Namhkam Hte Manwing Mayan Hta Ka-Ni Nang Hpam Dut Sha Ai Ni Grau Law Wa

(Kachinnet)

Lahta Sam Mung, Manwing (Manwaing Gyi) mare hte Nam Lim Pa Myen Auya Hpyen Dap ni dap jung nga ai makau mayan hkan ka-ni naghpam hpe wanglu wang lang dut shabra nga ai hte ka-ni nang hpam lu ai masha mung grau law jat wa nga ai lam ni hpe na chye lu ai. 

Lai wa sai July shata hta ka-ni nang hpam hpe Manwing mare kaw madung dut shabra nga ai rai tim Myen Asuya Balik Dap ni kalang lang sa shachyut ai majaw ka-ni nang hpam dut shabra ai hte ka-ni lu sha ai masha law malawng Nam Lim Pa, Myen Asuya Hpyen Dap ni dap jung nga ai shara hte ni ai de htawt mat nna ya ten du hkra dai ginra ni hta wang lu wang lang ka-ni nang hpam dut shabra nga ai hte ka-ni nang hpam wang lu wang lang lu sha nga ai lam ni hpe chye lu ai.

ကြက်ခြေနီအသင်းက စစ်ပြေးဒုက္ခသည်များကို လှူဒါန်းခြင်း KIO လက်မခံ

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု တစ်ထောင်ကျော်အတွက် ကချင်ပြည်နယ် ကြက်ခြေနီအသင်းက အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို KIO က လက်ခံခြင်းမရှိသေးပေ။

ကြက်ခြေနီအသင်းက သွားရောက်လှူဒါန်းလိုသည့်အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှတစ်ဆင့် KIO သို့ တောင်းခံခဲ့ရာတွင် KIO က လက်မခံကြောင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
 

ဖိုက်တာ အောင်လရဲ့ တွစ်တာ

(ဧရာဝတီ)

MMA ကစားသမား အောင်လအင်န်ဆန်းက တွစ်တာသုံးသူ ပါ။
သူ့ တွစ်တာလိပ်စာက https://twitter.com/AungLANsang ဖြစ်ပါတယ်။ 


တွစ်တာမှာ သူတွိထားတာ ၄၀၀ ကျော်၊ သူ နောက်က လိုက်တာက ၉၀ ကျော်၊ သူ့နောက်လိုက်တဲ့ ပရိသတ်က ၃၀၀ ကျော် ရှိပါတယ်။

စစ်ရေး တင်းမာမှု ဆက်လက်ဖြစ်ပွား မှုကြောင့် ငြိမ်း ချမ်းရေးဖော်ဆောင်ရန် ကြန့်ကြာစေ

(ကချင်သတင်းဌာန)

နိုင်ငံတော် အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား လက်နက် ကိုင် ပဋိပက္ခများ အမြန်ဆုံးဖြေရှင်းနိုင် ရန် နှစ်ဖက် အကြိမ် ကြိမ်တွေ့ဆုံညှိနှိုင်း ခဲ့ချိန် စစ်ရေးလျှော့ ချရန် သဘော တူညီခဲ့သော် လည်း ရှေ့တန်း စစ်မြေပြင်တွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲ များကြောင့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည် အကောင် ထည်ဖော်ရန် ကြန့်ကြာစေသည်။

ကချင်ပြည် နယ် ငြိမ်းချမ်းရေး အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရန် မကြာသေး မီက နှစ်ဖက်ဆွေးနွေးပွဲ သဘော တူညီချက်ထဲမှ တချက်ဖြစ်သော အလုပ် အဖွဲ့ Technical Team ဖွဲ့စည်းခြင်းကို တရားဝင် သဘောတူညီမှုဖြင့်ပြည့်စုံစေခဲ့သော် လည်း တဆက် တည်း ရှေ့တန်းတွင် နှစ်ဖက်တိုက်ပွဲများဖြင့် တင်းမာနေခဲ့သည်။

Tuesday, August 20, 2013

အမေရိကန် စစ်သား ကချင်လူငယ် တစ်ယောက် ပါ။

(Kachin Duwa)

သူ့အိပ်ခန်းနံရံပေါ်မှာ အမေရိကန် အလံ မကပ်ပဲ ကေအိုင်အေအလံ ကပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့ ဖွစ်ဘွတ်ထဲမှာ ကေအိုင်အေ စစ်သားတွေရဲ့ ဆုတောင်းနေတဲ့ ဓါတ်ပုံထည့်ထားပြီး စစ်မှန်တဲ့ လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားတွေပါ၊ တနေ့တချိန်အတူ ပူးပေါင်းနိုင်ဖို့ မျော်လင့်ပါတယ် ဆိုပြီး ချီးကျူးထားတာ တွေ့ရပါတယ်။

သူ့ရဲ့ အကောင့်ကတော့

https://www.facebook.com/Mr.NickBlack

အမျိုးသမီးများ ‘အမျိုးသမီးအဖွဲ့လုပ်ငန်း’ တွင် ပါဝင်လာရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်း

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) လိုင်ဇာမြို့တွင် ၃၅ နှစ်မြောက် KIO အမျိုးသမီး များနေ့ အခမ်းနားကို သြဂုတ် ၁၉ တနင်္လာနေ့က ကျင်းပခဲ့ရာ အမျိုးသမီး များ အမျိုးသမီးများ အဖွဲ့၏ လုပ်ဆောင် ချက် လုပ်ငန်းများတွင် ပိုမို နားလည်ပါဝင် လာနိုင်ရန် KIO အမျိုးသမီးအဖွဲ့ချုပ်မှ တိုက်တွန်း လိုက်သည်။

တစုတနေရာ တည်း တွင် စည်းဝေးနေသော အမျိုးသမီးများအား မိမိတို့ ပါဝင်နိုင်သော လုပ်ငန်းကဏ္ဍများ ကို သိရှိနားလည်ပြီး စိတ်ပါဝင်စား စွာဖြင့် အမျိုးသမီးဆိုင်ရာ လုပ်ငန်းတာဝန်များကို အားကြိုး မာန်တက် ပါဝင် ထမ်းဆောင် လာနိုင်ရန် နှစ်ပတ်လည် အခမ်းနား ကို ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ် သည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု

(Ven Ravika FB page)

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကျင့်သုံးရမည့် ဖက်ဒရယ်စနစ်သည် အမေရိကန်ပြည်ထောင်စုကဲ့သို့ ပထဝီကို အခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်သာ ဖြစ်သင့်သည်။

၁၉၆၁-ခုနှစ်တွင် တောင်ကြီးညီလာခံတွင် သဘောတူညီခဲ့သော ရှမ်းမူအရ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသော (၈)ပြည်နယ်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် ဖြစ်သည်။

ကချင်ပြည်နယ်ကြက်ခြေနီအသင်းမှ လိုင်ဇာသို့ ပစ္စည်းများ သွားရောက်လှူဒါန်းရန် ကေအိုင်အို လက်မခံ။

(Kachin Waves)

ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ ကေအိုင်အို ထိန်းချုပ်နေမြေရှိ အိမ်ထောင် (၁၃၀၀)ကျော် စစ်ရှောင်တိမ်းနေထိုင်သူများအတွက် မိသားစုအသုံးအဆောင်၊ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများနှင့် တခြားပစ္စည်းများလှူဒါန်းရန်ု အေအိုင်အိုမှ လက်မခံကြောင်းသိရသည်။

ကေအိုင်အိုနှင့် အစိုးရ တပ်မတော်တို့ ငြိမ်းချမ်းရေးကို ခိုင်မာစွာ မတည်ဆောက်နိုင်သရွေ့ အစိုးထံမှ မည်သည့် အကူအညီကိုမှ လက်မခံနိုင်ကြောင်း နှင့် နိုင်ငံတကာကြက်ခြေနီအသင်းမှ တိုက်ရိုက် လာရောက်လှူဒါန်းလျှင် လက်ခံသွားမည် ဖြစ်ကြောင်း ကေအိုင်အိုက PCG မှ တဆင့်ပြောကြောင်း ဦးလမိုင်ဂွန်ဂျာ ကပြောသည်။

တိုင်းရင်းသားတွေ ဦးသိန်းစိန်ကို ယုံရမလား

(ဧရာဝတီ)

တိုင်းရင်းသား ခေါင်းဆောင် အများအပြား အတွက် ဖြေရှင်းရ ခက်သည့် အကြောင်း တခုရှိနေပါသည်။ သူတို့က စကား တခွန်း ကို စာချုပ်တခုလို မှတ်ယူ သည့် နိုင်ငံရေး အစဉ်အလာကို လက်ကိုင် ထားကြသည်။ သူတို့က စစ်ပွဲ တွေကို ရပ်ပြီး ဆွေးနွေး ညှိနှိုင်းချင်ကြ သည်။ သို့သော် သမ္မတဦးသိန်းစိန်ကို ယုံကြည်ပေးဖို့ စိတ်ထဲ မှာ မ၀ံ့မရဲ ဖြစ်နေကြသေး၏။

ဦးသိန်းစိန်၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းက ဘာကြောင့် စကားမတည်နိုင်ရသနည်းဟု သူတို့ စောကျောနေကြသည်။ ဦးအောင်မင်းသည် တပ်မတော်ကို အမှန်တကယ် မထိန်းချုပ်နိုင်ခြင်းလား သို့တည်းမဟုတ် စကားပရိယာယ် သုံးနေခြင်းလား သူတို့ စဉ်းစားနေကြသည်။ အစိုးရက တပ်မတော်ကို ဘာကြောင့် အပြည့်အ၀ မထိန်းချုပ်နိုင်သည့် အသွင်မျိုးဖြစ်နေရသနည်း ဆိုသည့် မေးခွန်းက သူတို့အတွက် အရေးအကြီးဆုံး မေးခွန်းဖြစ်လာသည်။ သို့သော်လည်း တိုင်းရင်းသားများသည် ဦးသိန်းစိန် အစိုးရနှင့် ဆက်သွယ်ပတ်သက်ဖို့ လိုအပ်ပါသည်။

နယ်ခြားစောင့်တပ်နှင့် KIO တို့ လောခေါင်တွင် တိုက်ပွဲ ဖြစ်ပွားပြန်ဟုဆို

(Mizzima)

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း အခြေစိုက်ရာ ကချင်ပြည်နယ် အရှေ့
မြောက်ပိုင်းဒေသ လောခေါင်ကျေးရွာအနီး နယ်ခြားစောင့်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ သြဂုတ်လ ၁၇ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု KIA စစ်ပြေးဒုက္ခသည် ကူညီရေး ကော်မတီတာဝန်ခံ ဦးဒွဲပီဆားက
ပြောသည်။

ပန်ဝါဒေသ မျှော်ဂျောင် ကျေးရွာတွင် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်

(Eleven Media Group)

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မျော်ဂျောင် ကျေးရွာတွင် ဒေသခံပြည်သူ့စစ်၊ ခမရ (၅၂၁) နှင့် ကေအိုင်အေတို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းကို ပြည်သူ့စစ်နှင့် ကေအိုင်အေ ပြန်ကြားရေးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။

Monday, August 19, 2013

ချီဖွေဒေသ KIA တပ်ရင်း ၁၀ သို့ အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းထိုးစစ်ဆင် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၁) ဒေသ လက်အောက်ခံ တပ်ရင်း (၁၀) တွင် အစိုးရ တပ်နှင့်နယ်ခြားစောင့် တပ်များပူးပေါင်း၍ သြဂုတ်လ ၁၇ ရက်နေ့မှ ထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့နံနက်တွင် ထပ်မံဖြစ်ပွားနေကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀) နယ်မြေ ၅၉ မိုင်တွင် အစိုးရတပ်ရင်း ခမရ ၅၀၁ နှင့် ဦးဇခုန်တိန့်ယိန်းဖွဲ့စည်းထားသော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K နယ်ခြားစောင့်တပ်ပူးပေါင်း၍ အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIO ဌာနချုပ်မှအတည်ပြုသည်။

“ကင်တားနား ပြန်သွား တာနဲ့ တိုက်ပွဲ စတော့ တာပဲ” ဟု KIA အရာရှိပြော

(ရွှေဟင်္သာသတင်းဌာန)



မစ္စတာ ကင်တားနား ကချင် ပြည် နယ်မှ ထွက်ခွာ သွားပြီး နောက် ကချင်ပြည်နယ် အတွင်းရှိ ကချင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ များ ပြန်လည် ဖြစ်ပွား ခဲ့ကြောင်း KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘို က ပြောသည်။

 “၁၇ ရက်နေ့က ကျနော် တို့ တပ်မဟာ (၁) ဘက်မှာ ရှိတဲ့ တပ်ရင်း (၁၀) ရဲ့ ရှေ့တန်း စခန်းကို အစိုးရ တပ်ဖွဲ့ တို့က လာရောက်တိုက်ခိုက် ခဲ့တယ်။ တိုက်ပွဲ ကတော့ ပြင်းထန် တယ်လို့ ပြောလို့ ရတယ်။ ကင်တားနား ပြန်သွား တာနဲ့တိုက်ပွဲက စတော့ တာဘဲဟု ဆိုပါသည်။

တရုတ်ခုတ်တာ အမျိုးပြုတ်တော့မယ်

(Minmaha Bagan FB page)

သဘာဝ တရားနဲ့ ပတ်သက် တာ သေချာ တဲ့ အခိုင်မာအချက် တခု ရှိနေပါတယ် အရင်က လည်း မှန်တယ် အခုလည်း မှန်နေတုန်းပဲ။ အဲဒါ သူရိန်နေမင်း ယခု လင်းနေတာ သူ့အစွမ်း တခုထဲနဲ့တောက်လောင်နေ တာမဟုတ်ဘူး။ နေ ဆိုတာ ကြီးမားပြီး အမြဲတမ်းတောက်လောင်နေ တဲ့ သူ့စွမ်းအင် က ကြီးမား တဲ့ ကြယ်ကြီးတစင်းပါ။ သို့ပေမယ့် သူက မငြိမ်းနိုင်ပဲတောက်လောင်ခွင့်ရနေတာဘာကြောင့်လဲ? အဖြေက ရှင်းရှင်းလေးပါ၊ အဲဒါ အခုနေမင်းကြီးက သူ့ရဲ့တောက်လောင်မှုတွေအတွက် လောင်စာတွေကို သူ့နံဘေးနဲ့ မလှမ်းမကမ်းမှာ လွင့်မျောနေတဲ့ လှည့်ပတ်နေတဲ့ ဂြိုလ်ငယ်တွေ ဥက္ကာ အစိုင်းခဲ့ သန်းပေါင်းများစွာတွေကို ရရင်ရသလောက် သူစွမ်းအင်နဲ့ ဖမ်းစားပြီး သူ့အလင်းအတွက် တောက်လောင် ပေးဖို့ စုပ်ယူဆွဲသွင်းပြီး လောင်ကျွမ်းတောက်ပနေတာ သဘာဝတရားပဲ။

သွေးစုပ်မျော့ နှင့် အက်စစ် ကောင်းကင်

(Minmaha Bagan FB page)

မြန်မာပြည် တွင် ကမ္ဘာ အရှည်လျား ဆုံးသော မျော့ကြီး တကောင် ဇွန်(June) လ (၂၇)ရက်နေ့ မှ နှစ်ပေါင်း ၅၀ စာချုပ်ဖြင့် စတင်သွေး စုပ်ယူတော့ မည့် စာချုပ်ကြီး အသက် ၀င်တော့ မည်။
၎င်းမျော့ ကြီး ၏ အရှည် သည် ကီလိုမီတာ ၇၇၁ ကီလိုမီ တာရှိပြီး မိုင်အကွာဝေး အရ (၄၇၉) မိုင်ရှည် လျားသော ဧရာမ အရှည်လျား ဆုံးမျော့ကြီးဖြစ်၏။


တစ်မနက် တည်းမှာ နာဂ၊ RCSS/SSA ၊ KNPP တို့ကို တွေ့ပြီး ဦးအောင်မင်း ဘာတွေ ပြောခဲ့လဲ

(ရွှေဟင်္သာသတင်းဌာန)
ဇွန်လ ကုန်ပိုင်း မြစ်ကြီးနားမြို့၌ KIO အဖွဲ့နှင့် တွေ့ဆုံ ခဲ့ကြစဉ့် ဦးအောင်မင်းအား KIA တပ်သား တစ်ဦးနှင့် အတူ တွေ့ရစဉ်



သြဂုတ် ၁၇ ရက်နေ့ နံနက် ပိုင်းတွင် တိုင်းရင်းသား အဖွဲ့ များ ဖြစ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/SSA) ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ နာဂ အဖွဲ့ တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့ ခေါင်းဆောင် ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက သီးခြားစီ လက်ခံ တွေ့ဆုံ ခဲ့ကြကြောင်း သက်ဆိုင်ရာ အဖွဲ့ ခေါင်းဆောင် များနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ တို့က ပြောကြား ပါသည်။

လိုင်ဇာ fm လိုင်းပြတ်တောက်နေ။

(Kachin Waves)
မိုးကြီးရွာသွန်းပြီး မိုးကြိုးစက်ကွင်းမိ၍ သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်ပြီး ရုတ်တရုတ် ထုတ်လွင့်မှု ပြတ်တောက်သွားမှုအပေါ် ဒေသခံများက အကြောင်းရင်း မသိရသောကြောင့် စိတ်မကောင်းလျှက်ရှိနေသည်။

`ဘာကြောင့်မှန်းမသိပဲ ချက်ခြင်းကြီးပျက်သွားတော့ လိုင်ဇာ fm ရှိရာဌာနကို အစိုးရတပ်တွေဝင်လားပြီး တိုက်ပွဲတွေ ဖြစ်နေပြီး မလွင့်နိုင်တော့တာလားလို့ အရမ်းစိုးရိမ်းသွားတယ်။ လိုင်ဇာfm နားမထောင်ရတော့ ကျွန်တော်တို့ လူမျိုးတွေ တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ်ပြတ်သွားသလိုခံစားရသည်။´ဟု လိုင်ဇာ fm အား အမြဲနားဆင်နေသူ မြစ်ကြီးနားဒေသခံ လူမှု့ အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသော မမိုင်းမိုင်းကဆိုသည်။

KIA,ရင်း(၁၀)အား ဗမာတပ်အင်အား(၃၀၀)ကျော်ဖြင့်တိုက်ခိုက်နေ

(Lachid Kachin)

ကချင်ပြည်နယ် အရှေ့မြောက်ဘက် KIA,တပ်မဟာ (၁) လက်အောက်ခံ၊ KIA, တပ်ရင်း (၁၀)အုပ်ချုပ်ဒေ သ၊ လောခေါင်မြို့ နယ် အတွင်းရှိ KIA, တပ်ရင်း (၁၀)၏ ရှေ့တန်းစခန်း (ပို့စ်) တစ်ခုအား (၂၀၁၃ ၊ သြဂုတ်လ ၊၁၇) ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၅၁၂) တပ် နှင့် နယ်ခြားစောင့်တပ် (BGF)တပ်တို့ ပူးပေါင်း အင်အား (၃၀၀) ကျော်တို့ ဖြင့် လာရောက်တိုက်ခိုက်ခြင်း ကြောင့် (၁၇၊၈၊၂၀၁၃) ရက်နေ့ နံနက် (၆း၄၅) အချိန် မှ မွန်းလွဲ (၀၁း၃၀)အချိန် အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်း ရရှိပါသည်။
 

KIA SHAWNG LAM POST HPE MYEN NI HTIM GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dingdung Ginwang KIA Dap Ba (1) n pu, KIA Dap Dung (10) Ginra rai nga ai Law Hkawng hta August (17) ya shani KIA myu tsaw share ninghkring ni hte myen tai hpyen ni gap gasat lai wa sai lam shiga na chye lu ai. KIA Dap Dung (10) n pu na shawng lam post langai mi hpe myen hpyen asuya a hpyen dap hk-m-y (521) kawn n gun kaba hte sa htim gasat wa ai majaw ya na zawn majan byin wa ai re lam hpe na chye lu ai. August (17) ya jahpawt hkying (7:00 AM) ten ram kawn shani hkying (1:30 PM) ten ram du hkra gasat lai wa ai lam hpe na chye lu ai.

Mungbaw, Mungshawa Ni A Ka-ni Nanghpam Pat Jasan Hpung Hpaw Ai Laning Myi Hpring Hte Hkaw Tsun Hpawng Lamang Galaw

(Kachinnet)

Dingda Ginwang, Mungbaw, mungshawa ni a Ka-ni nanghpam pat jasan hpung hpaw ai laning myi hpring hte Ka-ni nanghpam hte seng ai hkaw tsun hpawng lamang hpe dai ni 2013 ning August shata 17 ya shani Chyu Koke, Pang Sai Ginwang Daw, Maihpan mare hta galaw ai lam chye lu ai.

Pat jasan masing hpe (3) ning ngu masat da nna 2012 ning August shata 17 ya shani kawn hpaw hpang ai rai nga ai. Dai hta Komiti dinggrin Salang (7) hte komiti malawm marai (200), mare buga yawng (21) shanglawm ai hte hpaw da ai re hpe chye lu ai.

ချောကလက်ရောင်မိုးကြိုးကို မြန်မာမြွေဟောက် အနိုင်ယူ

(ဧရာဝတီ)

“Burmese Python” လို့ ထင်ရှားတဲ့ ကချင် တိုင်းရင်း သား အောင်လအင်န်ဆန်း စနေနေ့က အမေရိကန် လက်ဝှေ့ထိုးသတ်ပွဲတခုမှာ နိုင်ပွဲရလိုက်ပြန်ပါပြီ။ 

သူ့ပြိုင်ဘက်ကတော့ Shedrick Goodridge ဖြစ်တယ်လို့ ဧရာဝတီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
နာမည်ပြောင်က Chocolate Thunder ဖြစ်ပါတယ်။ ချောကလက်ရောင်မိုးကြိုး လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။