Saturday, August 17, 2013

သျှမ်း/ကချင် နယ်စပ် မြန်မာတပ်စခန်းအနီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေ



 သျှမ်း- ကချင်နယ်စပ် မန့်ဝိန်းကြီးရဲစခန်းအနောက်ဘက်တွင် မူးယစ်ဆေးရောင်းဝယ် ရှူ သောက် နေကြသူများအား ရဲများက ရှင်းလင်းနှင်ထုတ်ခဲ့ ရာ ဆေးရောင်းဝယ်မှုတော့ လျော့ မသွားဘဲ မြန်မာတပ်စခန်းအနီးသို့နေရာပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောပါ သည်။  

မန့်ဝိန်းကြီးအနောက်ဘက် ချိန်းဆွဲ့ခမ်းခြံထဲမှာ ရောင်းဝယ် ရှူသောက်နေကြတဲ့ မူးယစ် ဈေး ကို ပြီးခဲ့တဲ့လတုန်းက ရဲတွေက မောင်းထုတ်လို့ အခုသူတို့ မြန်sမာစစ်တပ်ရဲ့ မန့်ကောင်းခန် စခန်း အထက်ဘက်မှာ သွားရောင်းဝယ်သောက်စားနေကြတယ်  ။ နမ့်လင်း ဆိုတဲ့နေရာ မှာပေါ့။ မူးယစ်ဈေးဖြစ်နေတယ် - ဟု မန့်ဝိန်းကြီးဒေသခံစိုင်းအိုက်ကပြောသည်။

Friday, August 16, 2013

တစ်ကျော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် စာအုပ်မိတ်ဆက်

(Mizzima)

ရက်ပေါင်း ၇၃၀ တစ်ကျော့ပြန် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားထားသည့် “730 Days Of Conflict in Kachin” အမည်ရှိသည့် စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ရတနာမြိုင်ကွန်ဒို၊ Myanmar Media Library ဒုတိယအထပ်တွင် သြဂုတ် ၁၅ ရက်က ကျင်းပပြုလုပ်သည်။

ထိုစာအုပ်မိတ်ဆက်ပွဲတွင် ပွဲစီစဉ်သူ ဦးစိုးဝင်းငြိမ်းက “ဒီပွဲမှာ ကျွန်တော်က စာအုပ်စီစဉ်သူအနေနဲ့ရော၊ သတင်း မှတ်တမ်းတင် ဓာတ်ပုံအနေနဲ့ရော ပါဝင်ပါတယ်။ အရင်ခေတ်တုန်းက ပြည်တွင်းမှာ သတင်းမီဒီယာတွေက စစ်ပွဲ သတင်းရေးပြီဆိုရင် တင်ခွင့်မရှိဘူးလေ။ စာပေစိစစ်ရေးတွေလည်း ရှိတယ်။ ပြည်ပက မီဒီယာတွေပဲ ရေးသားလို့ ရတယ်လေ။ အဲဒီတုန်းက ကျွန်တော်တို့ ဖောက်ထွက်ပြီး ရေးသားထားတဲ့မှတ် တမ်းတွေကို စုပြီး ဖော်ပြထား ပါတယ်”ဟု ပြောသည်။

ချင်းနှင့် ကချင်ဒေသရှိ မဖွံ့ဖြိုးသေးသည့် ဒေသများသို့ လှူဒါန်းမည့် ကမ္ဘာကျော် Air Supply အဖွဲ့ဖျော်ဖြေ

(Mizzima)

ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မဖွံ့ဖြိုးသေးသော ဒေသများရှိ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေး အလှူအတွက် ရည်ရွယ်ကျင်းပသော  Air Supply အဖွဲ့၏ ဖျော်ဖြေမှုကို သြဂုတ်လ ၁၅ ရက် က မရမ်းကုန်းမြို့နယ် ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ( MCC )တွင် ည ၇ နာရီ ၃၀ မိနစ်မှ စတင်ကာ ကျင်းပခဲ့သည်။

ယင်းအဖွဲ့၏ ဖျော်ဖြေမှုမတိုင်မီတွင် မြန်မာနိုင်ငံ၏ ထိပ်သီးတီးဝိုင်းဖြစ်ပြီး လက်ရှိ Bagan Entertainment နှင့် တွဲဖက် လုပ်ကိုင်လျက်ရှိသော Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့က ပရိသတ်များအား ဦးစွာ တင်ဆက်ခဲ့ကြသည်။

MPC နှင့် UNFC တို့၏ လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ယခုလမကုန်မီ ထိုင်း၌တွေ့ကြမည်

(Mizzima)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ လုပ်ငန်းအထောက်အကူပြုအဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေးဂေဟာလုပ်ငန်းအထောက်အကူပြုအဖွဲ့တို့ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ထပ်မံတွေ့ဆုံကြမည်ဟု UNFC နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းကပြောသည်။

“သူတို့ဘက်က (မြန်မာ့ငြိမ်းချမ်းရေးဂေဟာ) အကြောင်းကြားစာတော့ ရောက်ပြီ၊ ဒီကိစ္စကို ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးရင်တွေ့နိုင်မယ့်ရက်ကို အကြောင်းပြန်ဖို့ရှိတယ်” ဟု ပဒိုမန်းမန်းက မဇ္ဈိမကိုပြောသည်။

UNFC နှင့် MPC ကိုယ်စားလှယ်များ ယခုလ မကုန်မီ ထိုင်း၌ တွေ့ကြ ဦးမည်

(ရွှေဟင်္သာသတင်းဌာန)



UNFC အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာ လုပ်ငန်း အထောက် အကူပြု အဖွဲ့တို့၏ ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံ ကြမည့် ရက်အတိ အကျကို နက်ဖြန် သြဂုတ်လ (၁၆) ရက်နေ့ အစည်း အဝေးတွင် ဆုံးဖြတ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး စင်တာသို့ အတည်ပြု အကြောင်းပြန် သွားမည် ဖြစ်ကြောင်း UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

သူတို့ဘက်က အကြောင်းကြား စာကတော့ ဦးအောင်မင်း ကိုယ်တိုင် ပို့တဲ့ စာက ဇူလိုင်လ (၃၁) နေ့က ရောက်တယ်၊ ကျွှန်တော်တို့ ဘက်က တွေ့နိုင် မယ်လို့ သြဂုတ်လ (၇) ရက်နေ့မှာ စာပြန်လိုက် ရတယ်။ ရက်အတိအကျ ကတော့ ကျွှန်တော်တို့ အစည်းအဝေး ထိုင်ပြီးရင် အကြောင်းပြန် မှာပါဟု ဆိုပါသည်။

ယုံကြည်မှုရှိမှ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ် မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဆို

(RFA)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက်  အဓိက လိုအပ်ချက်ကတော့ တိုင်းရင်းသား အားလုံး တစ်ဦးကိုတစ်ဦး  အပြန်အလှန်ယုံကြည်မှု နဲ့ လေးစားမှုရှိရေးဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"အပြန်အလှန် လေးစားမူ ယုံကြည်မူရှိပြီဆိုရင် ပြည်ထောင်စုပုံစံတစ်ခု ဖော်ထုတ်ဖို့ဆိုတာ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး၊ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နိုင်ဖို့ လေးစားဖို့ အားလုံးက အတူလက်တွဲပြီးလုပ်ရင် လက်မတွဲတာထက် အများကြီးကောင်းတယ်ဆိုတာ နှလုံးသွင်းနိုင်ဖို့ပဲ၊ အဲဒီလို အခြေအနေ မဖြစ်သရွှေ့တော့ ခက်ခဲဦးမှာပဲ"

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု

(Eleven Media Group)

နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာတင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

Thursday, August 15, 2013

ထကြည့်ပါအုံး

(Minmaha Bagan FB page)

“အမလေး….. ထကြည့်ပါ အုံး .. ဒေါ် တရား ဥပဒေ နဲ့  ဦး စိုးမိုး တို့ ရယ် သေသွားတာ ကြာလှရောပေါ့ နည်းတဲ့ နှစ်တွေမှ မဟုတ်တာ.. ဟီးဟီး …ဟီး…“ ငိုချင်း ချရတော့မည်။

ဟုတ်ပါသည် တရားဥပဒေ စိုးမိုးရေး သေးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်သွားလေပြီ… ၁၉၆၂ ဗိုလ်နေ၀င်း စစ်အာဏာစတင် သိမ်းယူခဲ့သော ကာလမှဖြစ်သည်။


စစ်တက်အုပ်ချုပ်ရေးမှ အရပ်ဝတ်ပုဆိုးဖြင့် ဗိုလ်နေ၀င်းတို့ တပ်အသွင်ပြောင်း ( တပ်ထွက်မဟုတ်ပါ) တို့က အကလိမ်ပေါင်းစုံဖြင့် ယုံပေါင်းစုံဝင်လာစေရန် ချုံပေါင်းစုံကို ထွင်ခဲ့ကြသည်။


တောင်ငူက လယ်သမားတွေ ကချင်ပြည်နယ် လိုင်ဇာအထိ စတင် လမ်းလျှောက်ကြပြီ

(Thithtoolwin)

ယုံကြည်ချက်၊ ခံယူချက်ကိုယ်စီ အသီးသီး ရင်ဝယ်ပိုက်၍ နိုင်ငံတစ်ဝှမ်းလုံးရှိ လယ်ယာမြေများ လက်လွတ် ဆုံးရှုံးရကာ တရားစွဲဆိုခံနေကြရသော တောင်သူလယ်သမားများကို ကိုယ်စားပြု၍ လယ်သမားများတို့ ၏ ရင်တွင်းမှ ဆန္ဒများအား ဖေါ်ထုတ်ပြသသည့် အနေဖြင့် တောင်ငူမြို့မှ ဦးခင်ဇော် ဦးဆောင်သော တောင်သူလယ်သမား(၁၅)ယောက်တို့ သည် မူလစီစဉ်ထားသည့်အတိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့ အထိ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခြင်း ခရီးစဉ်အား စတင်သည့်အနေဖြင့် (၁၄၊၈၊၂၀၁၃)ရက်နေ့နံနက်(၉း၀၀)နာရီ အချိန်တွင် တောင်ငူမြို့ ရန်ကုန်  - မန္တလေး အဝေးပြေးလမ်း ပန်းခြံကွေ့ရှိ ဘုရင့်နောင်ကြေးရုပ်ကြီးရှေ့မှ စတင်ထွက်ခွါ ခဲ့ကြပြီဖြစ်သည်။

ဒုက္ခသည်များကို အတင်း မရွှေ့ပြောင်းသင့်ကြောင်း ကင်တားနားထံ Equality Myanmar တင်ပြ

(KIC)

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများကို အတင်းအကြပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှု မပြုလုပ်သင့်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသော မတ်စ်အိုဂျေးကင်တားနားကို တင်ပြဆွေးနွေးခဲ့ကြောင်း Equality Myanmar အဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် သောမတ်စ် အိုဟေးကင်တားနားကို သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ထိုကဲ့ သို့ တင်ပြလိုက်ခြင်းဖြစ်ကြောင်း Equality Myanmar အဖွဲ့မှ တာဝန်ခံ ဦးအောင်မျိုးမင်းက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။

ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာသို့ ကင်တားနား သွားခွင့်မရ

(Mizzima)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေး ကင်တားနား သည် မြစ်ကြီးနားမြို့မှတစ်ဆင့် ကချင်လွတ်လပ်ရေးအဖွဲ့KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့သဖြင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံမှကုလရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။

မြစ်ကြီးနားတွင် ရောက်ရှိနေသော မစ္စတာကင်တားနားသည် မူလက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့နှင့်
တွေ့ဆုံပြီးနောက် KIO ဌာနချုပ်ကို စီစဉ်ထားခဲ့သော်လည်း ခရီးစဉ်ဖျက်လိုက်ရသဖြင့် သြဂုတ် ၁၄ ရက်ညတွင် မြစ်ကြီးနား၌ အိပ်စက်ရမည်ဟု သူက ဆက်ရှင်းပြသည်။

ကင်တားနား လိုင်ဇာသွားခွင့်မရ

(VOA)

မြန်မာပြည်ကို ၁၀ ရက်ကြာ အစီအစဉ်နဲ့ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ်ကို သွားရောက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ အစိုးရဖက်က ခွင့်ပြုချက်မရတာကြောင့် မသွားနိုင်ခဲ့ပါဘူး။ ဒီကနေ့ ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မစ္စတာကင်တားနားဟာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါ တယ်။

ပရိတ်သတ်တွေကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး လို့ ကတိပေးလိုက်တဲ့ အဆိုတော် မရန်ဆိုင်းနော်နှင့်တွေ့ဆုံခြင်း

(ကချင်သတင်းဌာန)

ပရိတ်သတ်တွေကို ရင်ဘတ်ထဲက ခံစားမှုတွေနဲ့ဖျော်ဖြေချင်တဲ့ ကချင်အဆိုတော် မရန်ဆိုင်းနော် (Maran Seng Naw) နဲ့ တွေ့ဆုံချိန်မှာ မကြာမီ အချစ်သီချင်း စီးရီးခွေထွက်နိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ သီချင်းတွေအမြဲတမ်း ထွက်နိုင်ဖို့ကြိုးစားမှုဟာလည်း “ပရိတ်သတ်လက်ခံအားပေးမှုမရှိရင် အဆိုတော် မရန်ဆိုင်းနော် ဆိုတာရှိလာစရာ အကြောင်းမရှိပါဘူး” လို့ KNG ကချင်သတင်းဌာန က ထွယ်ဆန် (Htoi San) နဲ့တွေ့ဆုံခဲ့ချိန် မေးမြန်းထားတာကို ပြောဆိုလာပါတယ်။

စာသင်ခန်း ထိုင်ခုံအခက်ခဲကြောင့် မိုးကာခင်း၍သင်နေရ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်ထားရသည့် ဒုက္ခသည် IDP ကျောင်းတွင် စာသင်ခန်းနေရာထိုင်ခင်းများ အခက်ခဲဖြစ်နေသောကြောင့် မိုးကာများအသုံးပြုနေရကြောင်းသိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှ တလနောက်ကျ၍ ဖွင့်နိုင်ခဲ့သော အဆိုပါအလဲန်ဘွမ်အထက်တန်းကျောင်းကို ဘော်ဒါအဖြစ်ပူးတွဲထားခြင်းဖြစ်ပြီး စားဝတ်နေရေးနှင့် စာသင်ခန်းအသုံးအဆောင်များကို KIO ဒုက္ခသည် ကယ်ဆယ်ရေးအသင်းမှ စီမံခန့်ခွဲကူညီပေးနေရာ ယခုချိန်ထိ စာသင်ခန်းအခက်ခဲဖြစ်နေဆဲဟု ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဌဆလန်ကဘာဒွဲပီဆာ က ပြောသည်။

Wednesday, August 14, 2013

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့

(RFA)

ကချင်ပြည် နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Quintana ဟာ ဒီကနေ့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထား ပြီး ကေအိုင်အိုအခြေစိုက်ရာ လိုင်ဇာမြို့ကို သွားရောက်ဖို့အတွက် အစိုးရရဲ့ခွင့်ပြုချက် ကို စောင့်နေတယ်လို့ RFA ကို အခုလိုပြောပါတယ်။

Tuesday, August 13, 2013

ဖယ်ဒရယ် တပ်မတော် (Federal Union Army) တစ်ရပ် ဖွဲ့စည်းရေး ဆိုရာ၌

(ရွှေဟင်္သာသတင်းဌာန)

ယခု လဆန်း၌ ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ကျင်းပ ပြီးစီး ခဲ့သည့် တိုင်းရင်းသား ညီလာခံမှ ထပ်မံ အတည်ပြု ဆုံးဖြတ် ထားသည့် ဖက်ဒရယ် တပ်မတော် တစ်ရပ် ဖွဲ့စည်း နိုင်ရေး ဆုံးဖြတ်ချက်မှာ လတ်တလော၌ ဖွဲ့စည်းပုံ အရသာ ရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ပြောခွင့် ရပုဂ္ဂိုလ် ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါမှ ပြောသည်။ 

“အနိမ့်ဆုံး ကတော့ စုဖွဲ့မှု ပုံစံ တစ်ခုကို စာရွက် စာတမ်း ပေါ်မှာ သဘော တူညီပြီး မှတ်တမ်း တင်နိုင်အောင် စုဖွဲ့ ရမယ်၊ တစ်ကယ့် မြေပြင် ပေါ်မှာ စုဖွဲ့မှု၊ ပေါင်းစည်းမှု ပြုလုပ် နိုင်ဖို့ ကတော့ မလွယ်သေးဘူး၊ အခြေအနေ ပေါ်လည်း မူတည် သေးတယ်လေ၊ ကိုယ့်ဒူး ကိုယ်ချွှန် ပုံစံနဲ့ ဆက်လုပ် သွားရ မှာပဲလေ” ဟု ဒေးဗစ် သာကပေါ က ပြောသည်။

ရှမ်းမြောက် KIO နယ်မြေဘက် အစိုးရစစ်အင်အား တိုးမြှင့်မှုရှိ၊ ပလောင်ဒေသဘက် တည်ငြိမ်နေ

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ (၄) ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ ဘက်မှ စစ်အင်အား တိုးမြှင့်လာခြင်းကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည်ဟု KIO
ပြည်သူ့စစ်တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်းက မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲပြန်ဖြစ်ဖို့ ရှိနေတယ်။ မနေ့ညက ကွတ်ခိုင်ဘက်ကနေ ၀င်းဆိုင်ဘက် တက်လာတဲ့ အင်အားက ၁၀၀ လောက်
ရှိတယ်။ ပြီးတော့ ကိုးကန့်ဘက်က သံလွင်မြစ်ကို ဖြတ်လာတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ဒီအဖွဲ့က တစ်နေ့က တက်လာတာ မနေ့ည မိုးချုပ်မှာ မုန်းဘော်ရောက်လာပြီး အဲဒီကနေ ၀င်းဆိုင်ဘက်ကို တက်လာတယ်။ အဲဒီနှစ်ဖွဲ့ လှုပ်ရှားလာတာက ထူးခြားတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

ကချင်စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်ကို ပမာပြု၍ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ရန် တောင်းဆို

(Mizzima)

ကချင် စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးလထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့KIO အဖွဲ့ဝင်ဖြစ်သည် ဟု ဖမ်းဆီးစစ်ဆေးခဲ့စဉ် ရဲတပ်ဖွဲ့ဝင်တို့က ရိုက်နှက်ခဲ့ခြင်း၊ ပြည်နယ်တရားရုံးက ပြစ်ဒဏ်ချ မှတ်လိုက်ခြင်းတို့သည် တရားဥပဒေစိုးမိုးမှုမရှိခြင်း ပေါ်လွင်ထင်ရှားသည်ဟုဆိုကာ အလားတူဖြစ်ရပ် များထပ်မံမဖြစ်ရန် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖတို့က သြဂုတ်လ ၁၁ ရက် တွင် ထုတ်ပြန်ကြေညာ တောင်းဆိုလိုက်သည်။

တရုတ်ပြည်မှာ N ကိုင်ရာ MTV သွားရိုက်ပြီ၊ ဦးအောင်ခိုင်လည်း အနုပညာ သင်တန်းကျောင်းဖွင့်

(ဧရာဝတီ)

အရုပ်ပါမြင်ရမှ ကြိုက်တဲ့ ပရိသတ်အတွက် တရုတ်ပြည်မှာ MTV သွားရိုက်တဲ့ N ကိုင်ရာ

ရှမ်းကချင် တိုင်းရင်းသူလေး N ကိုင်ရာက အတွဲခွေတွေ မှာ အောင်မြင်ခဲ့ သလောက် သူ့ရဲ့ တကိုယ်တော်ခွေ မှာတော့ ပရိသတ် တွေရဲ့ တုံ့ပြန်သံတွေ သွေးအေးနေတာ တွေ့ရပါတယ်။
Metal Zone တေးဂီတနဲ့ တီးခတ်ထားတဲ့ Nကိုင်ရာရဲ့ “လေဒီကိုင်ရာ” တေးစီးရီးကို ပရိသတ်တွေ သိပ် သတိမထားမိကြ သေးတာဟာ စီဒီ အဖြစ်ပဲ ထွက်လာတာကြောင့် ဖြစ်တယ်လို့ Nကိုင်ရာကပြောပါတယ်။ သူ့ရဲ့ လေဒီကိုင်ရာ MTV ကို ပရိသတ်ဆီ အမြန်ဆုံး ရောက်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့် အစိုးရ သဘော တူညီချက်များ

(ရွှေဟင်္သာသတင်းဌာန)


မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးခေါ် မကဒတ (ABSDF) သည်  အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် သြဂုတ်လ () ရက်နေ့တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါ သည်။ ဤကဲ့သို့ လက်မှတ် ရေးထိုးနိုင်ခဲ့သည့် တချိန်ထဲတွင် သြဂုတ်လ (၁၀) ရက် နေ့၌လည်း ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ထပ်မံ ကျင်းပ ခဲ့ပါသည်။ 

လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုပီပြင်စေရေး ကြိုးစားပေးရန် ကချင်လူထုအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တိုက်တွန်း

(Eleven Media Group)

လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းပိုပြီး ပီပြင်လာစေရေးအတွက် ကြိုးစားပေးရန် ကချင်လူထုအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တိုက်တွန်းလိုက်ကြောင်း သြ ဂုတ် ၁၂ ရက် ညပိုင်းက အစိုးရပိုင် သတင်းဌာန၏ သတင်းအစီအစဉ်တွင် ဖော်ပြချက်အရ သိရသည်။

Monday, August 12, 2013

မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းတွင် ပိတ်မိနေသော ကျောက်စိမ်းကားများ ၀င်ရောက်မှုကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ပြန်လည်ကောင်းမွန်

(Eleven Media Group)

နှစ်လနီးပါး ပိတ်မိနေသော ဖားကန့်-ဆိုင်းတောင် လမ်းပိုင်းမှ ကျောက်စိမ်း ကုန်တင်ကားများ ၀င်ရောက်လာမှုကြောင့် မန္တလေး ကျောက်စိမ်း ဈေးကွက်တွင် ကုန်ကြမ်း များပြားလာပြီး အရောင်းအ၀ယ်လည်း ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဦးလထော်ဘရန်ရှောင်၏ လူထုရှင်းလင်းပွဲ ထုတ်ပြန်ချက်

(Jinghpawkasa)


အင်အားစု စုံညီ ညီလာခံ ကျင်းပရန် ABSDF တိုက်တွန်း

(Irrawaddy)

နိုင်ငံရေးပြဿနာ များကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရန် အင်အားစု အား လုံးပါဝင်သော ညီလာခံ တရပ် ကျင်းပနိုင်ရေး အမြန်ဆုံး အကောင် အထည် ဖော် သင့်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF ) မှ အတွင်းရေးမှူး ဦးဆန်နီက ဧရာဝတီသို့ ပြောသည်။

အင်အားစုအားလုံး သဘောတူညီမှုမှ ရသည့် ဘုံသဘောတူညီချက်ဖြင့်သာ နိုင်ငံ ပြန်လည် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

KIO ကချင်အာဇာနည်နေ့ အခမ်းအနားကျင်းပ

(mizzima)

ကချင်တော်လှန်ရေးများအတွင်း ကျဆုံးခဲ့သော ကချင်အမျိုးသား လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနား ကို လိုင်ဇာမြို့ ဌာနချုပ်အပါအ၀င် ရှစ်နေရာတွင် ကျင်းပခဲ့သည်။

ကချင်ဘာသာဖြင့် ''Share shagan Ninghtoi" ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာ အထက်တန်းကျောင်းနှင့် ပါဂျောင်ဘွမ်၊ အလန်းဘွမ်း၊ ဂျာထူကောင်၊ ဂျေယန်း၊ ဖုန်လုံယန် ဒုက္ခသည်
စခန်းများ အပါအ၀င် ရှစ်နေရာတွင် KIOမှ ဦးဆောင်၍ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အခမ်းအနားများ ကျင်းပခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေး ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

ပါဂျောင်သတ်ဖြတ်မှု အစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဟု ABSDF ဒုဥက္ကဋ္ဌ ပြော

(Mizzima)

၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပါဂျောင်ဒေသတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလတွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

၎င်းက ရန်ကုန်မြို့၊ ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ပါဂျောင်သတ်ဖြတ်မှုမှာ ယင်းကာလအတွင်း ကျောင်းသားများကို စစ်ထောက် လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Sunday, August 11, 2013

တပိုင်တနိုင် ကျောက်စိမ်းတူးခွင့် ဥပဒေပြဌာန်းပေးဖို့ ဒုတိယသမ္မတကိုပြော

(RFA)

ကချင်ပြည်နယ် ဒေသခံတွေက တပိုင်တနိုင် ကျောက်စိမ်း တူးဖေါ်ခွင့် ဥပဒေ ပြဌာန်းပေးဖို့ နဲ့ မြစ်ကြီးနား- မိုးကောင်း- ဖားကန့်လမ်းကို ပြုပြင်ထိန်းသိမ်းပေးဖို့ ဖားကန့်မြို့ ကိုရောက်ရှိနေတဲ့ေ ဒါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့ မေတ္တာရပ် တောင်းဆိုကြပါတယ်။

ဖားကန့်မြို့ ဥရုရတနာ ခန်းမမှာ ကျင်းပတဲ့ ဒုတိယသမ္မတ နဲ့ ဒေသခံတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဖားကန့်းမြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးတင်စိုးက RFA ကိုအခုလိုပြောပြပါတယ်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲနိုင်ပြီလား

(The Voice Weekly)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်နှင့် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေညာနိုင်တော့ မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေး အမှန်တကယ် ဖြစ်နိုင်ပြီလောဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူတို့က မေးခွန်းထုတ်ကြသည်။

SHARE SHAGAN MASAT HPAWNG GALAW

(Jinghpawkasa)

Wunpawng Amyu hte Wunpawng Mungdan sha ni shanglawt lu na lam hta Mungdan hte myu sha ni yawng a hkungga tai, asak apnawng mat wa sai “Share Shaga” ni hpe, myit dum masat masa galaw ai Ninghtoi gaw August shara praw (10) hta rai nga ai. Dai Masat Ninghtoi hpe “Share Shagan Masat Ninghtoi” ngu shamying ai re.

အကူအညီများစွာ လိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည်များ

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေး ရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သိန် လောက်အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း (၇၀) ကျော် လိုအပ်နေတယ်လို့ ပြည်တွင်း အခြေစိုက် အကူအညီပေးအဖွဲ့တွေက ပြောပါတယ်။ နှစ်နှစ်ကျော်ကြာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အကူအညီတွေကို အခုချိန်ထိ အခိုင်အမာ မပေးနိုင်သေးဘဲ ရေတိုအကူအညီတွေကိုပဲ ပေးနိုင်သေးတယ်လို့လည်း ဆိုပါ တယ်။ စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့ (၇)ဖွဲ့ထဲက မေတ္တာဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းဆမ်ခမ်းကို  ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။