Saturday, August 10, 2013

ဆုတောင်းပွဲနှင့် လူထုရှင်းလင်းပွဲ ဖိတ်ကြားခြင်း

(Jinghpawkasa)

သူရဦးရွှေမန်းထံအိပ်ဖွင့်ပေးစာ

(Jinghpawkasa)

လွန်ခဲ့သော ကြားဖြတ်ရွေးကောက် ပွဲမှာ သွေး လန့်သွားခဲ့သော မိမိအိမ်မှာ မဲပုံးထောင်ပြီး ပါဝင်ယှဉ်ပြိုင် တာတောင် ကိုယ့်ရဲ့အိမ်သူ/ သားတွေ က မိမိကို မဲမပေးပဲ သူများ ကိုမှ မဲထည့်ပေးခဲ့တဲ့ အဖြစ်မျိုးကြုံခဲ့ရ လို့ လာမဲ့ 2015 ရွေးကောက်ပွဲမှာ လည်း ဒီပုံစံအတိုင်းတာဆက်သွားလို့ရှိရင် မှန်းချက်နှင့်နှမ်းထွက်က ဘယ်လိုမှ ကိုက်တော့မှာမဟုတ်ဘူးလို့ထင်ပြီး NLD နဲ့မဟာမိတ်လုပ်ပူးပေါင်းဖို့ ကန်း လှန်းပြောဆိုခဲ့တဲ့ သူရရွှေမန်းခဗျား- ကျွန်တော်တို့ တိုင်းရင်းသားတွေလိုချင်တဲ့ Self-Determination ကိုယ်ပိုင်ပြဌာန်းခွင့်၊ Autonomy ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာ ခဗျားတို့ စစ်အုပ်စုခေါင်းဆောင်တွေက စိတ်ကြိုက် ခေါင်းခေါက်ရွှေးချယ်ပြီး ခန့်အပ်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အစိုးရတွေကို ခဗျားတို့ ကြိုက်နှစ်သက်မဲ့ ဥပဒေမျိုး ပြဌာန်းခိုင်းပြီး ထွက်ပေါ်လာမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် Self-Determination မျိုးကို ဆိုလိုချင်တာမဟုတ်ဘူး။ 

Laiza Kaw Share Shagan Masat Ninghtoi Hpawng Galaw

(Kachinnet)

Wunpawng Mungdan Shanglawt Hpung a Share Shagan Masat Ninghtoi hpe 2013 ning August shata (10) ya shani Laiza Muklum, Lahta Tsang Jawng Wang, Rawt Ninghkawng gawknu hta galaw ai lam chye lu ai.

Hpawng hpe Rev. Father Joseph Nbwi Naw hpawng hpaw kyu hpyi ap  ya let, Wunpawng Mungdan Shanglawt Kongsi, Zai Ninggawn Matsun Du, Du Kaba Maran Zau Tawng kaw nna Wunpawng Mungdan Shanglawt Hpung Ginjaw Komiti Tingnyang Up Ningbaw Kaba a mungshawa dap shawa de shana ai 2013 ning share shagan masat ninghtoi mungga hpe hti ndau nna, Du Kaba Kumbu Yaw Ding kaw nna hpawng hpaw shatsam mungga shaga ai lam chye lu ai.

ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ် လမ်းပေါ်တွင် သုံးရက်အတွင်း တရုတ်ပြည်သို့ ခိုးထုတ်သည့် သစ်ကား ၅၇ စီးဖမ်းမိ

(Eleven Media Group)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်အတွင်း တရုတ်ပြည်သို့ ခိုးထုက်သည့် သစ်ကား ၅၇ စီးကို တရားခံနှစ်ဦးနှင့်အတူ သြဂုတ် ၆ ရက်မှ ၈ ရက်အထိ သုံးရက်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမော်ခရိုင် ရဲအဖွဲ့မှ ဦးစီးပြီး ခြေလျင်တပ် ခမယ ၃၁၉ နှင့် ၄၃၇ တို့သည် လွယ်ဂျယ်-မိုးမောက် လမ်းပိုင်းကို သြဂုတ် ၅ ရက်မှစတင်၍ ပိတ်ဆို့ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ၆ ရက်နေ့တွင် ၅၁ စီး၊ ၇ ရက်နေ့တွင် လေးစီး (တမလန်းသစ်တန် ၈၀ တန်)၊ ၈ ရက်နေ့တွင် တစ်စီး၊ စုစုပေါင်း ၅၇ စီးကို လွယ်ဂျယ်- မိုးမောက် လမ်းပေါ်ရှိ လော့ဒန်ကျေးရွာ အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သစ်တန်စုစုပေါင်းကို တိုင်းတာနေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။

Friday, August 9, 2013

KIA နှင့် ရက်ဆက် တိုက်ပွဲ ဖြစ်နေခြင်းသည် ပြည်နယ်မူကို လက်မခံ ခဲ့ခြင်းကြောင့်ဟု MPC ကဆို

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် မြေက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၄) ဧရိယာတွင် ရက်ဆက် တိုက်ပွဲ ဖြစ်နေခြင်းသည် အစိုးရမှ တင်ပြသော ပြည်နယ် အပစ်ရပ်ရေးမူကို KIA ဖက်က လက်မခံ၍ ဖြစ်ပွား နေရခြင်းသာ ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တဦးဖြစ်သူ ဦးလှမောင်ရွှေက ဆိုပါသည်။ 

“ ဒီလိုမဖြစ်အောင် ကျနော်တို့ ဖက်က မူ (၅) ချက် တင်ပြနေတာဘဲ။ KIA ဖက်ကမှ လက်မခံတာလေ။ ပြောရတာ တော်တော် ခက်ပါတယ်” ဟု ဆိုပါသည်။

KIA တပ်မဟာ (၄) ဧရိယာတွင် ယခုသြဂုတ်လ ဆန်းမှ ယနေ့ အထိ တိုက်ပွဲပေါင်း (၆) ကြိမ် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး နော်ဘိုက ဆိုပါသည်။

SHANGLAWT NGU AI HPA RAI TA?

(Jinghpawkasa)

Shanglawt mungdan (sovereign state) langai bin lu na matu gaw mung chying mung shawa ni ladat amyu myu hte kasat ra nga ai hta n’ga international community ni kaw nna mung madi shadaw ya hkra mung galaw ra ai lam hpe shanglawt ningja jat, mungmasa machyoi ning nan shalat la lu na hpe myit mada let garan kachyan dat ai.

8.8.88 Masat Ninghtoi (25) Ning Hpring Ai Hpawng Lamang Hpe Laiza Kaw Galaw

(Kachinnet)

2013 ning July Shata (8) ya jahpawt hkying (10:00)am aten Laiza Muklum kaw 8888 masat ninghtoi (25) ning hpring hpawng lamang hpe ABSDF (Dingdung Daw) ni woi awn let galaw ai lam chye lu ai.

Ndai hpawng lamang hta 8888 manghkang kaw asak ap nawng mat wa sai ni a matu hte matut galaw sa wa na magam bungli hta Karai Kasang lam madun ya na matu Rev. Hpung San kawn akyu hpyi ap ya ai.

Thursday, August 8, 2013

မြစ်ကြီးနားတက္ကသိုလ်တွင် မူးယစ်ဆေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှု ပါချုပ်ကြီး ပိတ်ပင်ခံရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ် ကချင်ကျောင်းသား များအဖွဲ့(JLH Ram Hkye) အဖွဲ့များမှ သြဂုတ်လ ၆ ရက်နေ့က တက္ကသိုလ်ကျောင်းရှေ့ တွင် လူငယ်များမူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်ဝေခဲ့ရာ တက္ကသိုလ်ကျောင်းအုပ် ပါချုပ်ကြီး၏ တားမြစ်ပိတ်ပင်မှုကြောင့် ရပ်လိုက်ရကြောင်း သိရသည်။

မြောက်ပိုင်း ABSDF လိုင်ဇာတွင် ၈ လေးလုံးအခမ်းအနားကျင်းပ

 

၂၅ နှစ်မြောက် ၈ လေးလုံး အရေးတော် ပုံ နှစ်ပတ်လည် အခမ်းအနား ကို မြန်မာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည် မြောက်ပိုင်း) က အခမ်းအနားကျင်းပရာ တက်ရောက်သူ စုစုပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။


ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့၌ ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင်သစ်များ လက်ခံရေးကို UNFC ညီလာခံတွင် ဆုံးဖြတ်မည်

(ရွှေဟင်္သာသတင်းဌာန)

အဖွဲ့ဝင်သစ်များ လက်ခံရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် ၂၀၁၄ ခုနှစ် နှစ်တွင် ကျင်းပသော ညီလာခံ ဆုံးဖြတ် သွားမည်ဟု ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဆိုပါသည်။

“ အဖွဲ့ဝင် ဖြစ်ဖို့ လျှောက်ထားတာ (၄) ဖွဲ့ ရှိတယ်။ ဘယ်အဖွဲ့လဲ ဆိုတာတော့ လောလောဆယ် ထုတ်မပြောသေးဘူး။ ညီလာခံကိုတော့ စောနိုင်သမျှ စောစော ကျင်းပနိုင်အောင်တော့ ကြိုးစားမှာပါ။ သတ်မှတ်ချက်က ၂၀၁၄ နှစ်စပေါ့” ဟုဆိုပါသည်။

ဖက်ဒရယ် စနစ်အတွက် လိုအပ်ပါက ဖွဲ့စည်းပုံပြင်ရမည်ဟု ဦးရွှေမန်း ပြော

(ဧရာဝတီ)

တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ကျင့်သုံးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောသည်။

“တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း”နှင့်ပတ်သက်၍ ဆွေးနွေးပွဲ တခုကို နေပြည်တော်၌ သြ ဂုတ်လ ၆ ရက်နေ့က ကျင်းပရာတွင် ဦးရွှေမန်းက ထိုသို့ပြောခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားမရှိပါဟု ပြောဆိုခဲ့သူ ၀န်ကြီးဦးအောင်မင်း နိုင်ငံရေးအကျဉ်းသားလွှတ်ရန် ရှစ်လေးလုံး ငွေရတုတွင် လက်မှတ်ထိုး

(Mizzima)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြုလုပ် လျက်ရှိသည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၏ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ အစိုးရအဖွဲ့အတွင်း သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်
နေသူ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း တက်ရောက်လာပြီး အခမ်းအနားတွင် ပြသထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြုမှတ်တမ်းတွင် လက်မှတ်ရေးထိုး သွားခဲ့သည်။

၂၀၁၄ အမှီ ကလေးစစ်သား လုံးဝ ပပျောက်ဖို့ မြန်မာ ချမှတ်ထား

(ရွှေဟင်္သာသတင်းဌာန)



မြန်မာ့ တပ်မတော်၌ လာမည့် ၂၀၁၄ ခုနှစ် အမှီ ကလေး စစ်သား လုံးဝ ပပျောက်ရေး စီမံချက် အဖြစ် တပ်မတော် တွင်း၌ ကလေး စစ်သား လုံးဝ မကျန်ရှိ စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သြဂုတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။

မြန်မာ နိုင်ငံ အနေနှင့် အရွယ် မရောက် သေးသူ ကလေး သူငယ်များ စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီးရေး သဘော တူညီချက် လုပ်ငန်းစဉ် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ (၂၇) ရက်နေ့တွင် (UN CTFMR) နှင့် လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည်။

မြန်မာ့ကျောက်မျက်ပိတ်ပင်မှု အမေရိကန် သက်တမ်းတိုး

(VOA)

မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်သွင်းခွင့် ပိတ်ပင်တားမြစ်ချက်ကို အမေရိကန် ပြည်ထောင်စုက ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇူလိုင်လနှောင်းပိုင်းက သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံက ပတ္တမြားနဲ့ ကျောက်စိမ်းလို၊ ကျောက်မျက်ရတနာတွေ အမေရိကန် နိုင်ငံထဲ တင်သွင်းခွင့် တားမြစ်ချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်တဲ့အကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။
 

Wednesday, August 7, 2013

မြန်မာနိုင်ငံတော် ကိုယ်စားပြု သတင်းစာ၏ ဗြောင်လိမ်ချက်


ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို 

ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ငံရေးဆွေးနွေးပွဲ မကြာမီ ကျင်းပမည်ဟု ၀န်ကြီးဦးအောင်မင်းဆို

(VOA)

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အရင် စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့ရတာဟာ ချဉ်းကပ်ပုံနည်းလမ်း လွဲမှားခဲ့တာကြောင့်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မကြာခင်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပါအ၀င် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်နှစ်ရပ်၊ အစိုးရ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွးနွေးပွဲကြီး တစ်ရပ်ကို ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတုသဘင် အခမ်းအနားမှာ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်တာပါ။  ဒီပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်မြို့ရောက် ၀ိုင်းတော်သား ကိုရော်နီညိမ်းက သတင်းပေးပို့ခဲ့ပါတယ်။
 

ဦးဘရန်ရှောင်အမှု အယူခံ ခရိုင်တရားရုံးပလပ်

(Mizzima)

မကြာမီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်အား ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့မှုအပေါ် ပယ်ဖြတ်ပေးရန် ယနေ့ ဗုဒ္ဓဟူးနေ့မှာ အယူခံမှုအား ပလပ်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဦးဘရန်ရှောင်အား မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည့်အပေါ် တရားဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် သူအား တရားသေလွှတ်ပေးပါရန် မြစ်ကြီးနားခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားသူကြီး ဦးနေမင်းဦးက ပလပ်လိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဥပဒေကို လက်မခံသော်လည်း UNFC လှုပ်ရှားမှု မထိခိုက်နိုင်သေးဟု ထိုင်းလုံခြုံရေးအရာရှိပြော

 


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လက်မခံသော်လည်း ထိုင်းနိုင်ငံအတွင်း UNFC ၏ လှုပ်ရှားမှုကို ထိခိုက်နိုင်ခြင်းမရှိသေးဟု ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောပါသည်။

“မြန်မာအစိုးရက ငြိမ်းချမ်းရေးလိုချင်တယ်လို့ တကမ္ဘာလုံးကို ကြေငြာထားတယ်။ ဒါကြောင့် UNFC က ၂၀၀၈ ကို လက်မခံနိုင်ဘူး၊ အသစ်ပြန်ဆွဲမယ်ဆိုပေမဲ့ သူတို့ရဲ့လှုပ်ရှားမှုကို ထိခိုက်နိုင်မှာ မဟုတ်ဘူး။ မြန်မာအစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းနေတဲ့ ကာလပတ်လုံး ပြဿနာမရှိနိုင်ဘူး။ လွတ်လွတ်လပ် လပ် လှုပ်ရှားခွင့်ပြုမှာဘဲလို့ မြင်တယ်။”

Tuesday, August 6, 2013

KIA တပ်ရင်း (၃၆) စခန်း ညသန်းခေါင် အချိန် အတိုက် ခံရ၊ ကချင် လေးဦးကျ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂို ဒေသရှိ တပ်ရင်း (၃၆) တပ်စခန်းကို ည ၁၂ နာရီ အချိန်တွင် လာရောက် တိုက်ခိုက်သောကြောင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကချင် စစ်သည် (၄) ဦး ကျဆုံး ခဲ့ကြောင်း KIA တပ်မဟာ (၄) စစ်ဦးစီး အရာရှိ ဗိုလ်နော်ဂျာ က ပြောသည်။

အစိုးရ တပ်ဖွဲ့ ခလရ ၁၂၃ တပ်ဖွဲ့က ပြီးခဲ့သည် သြဂုတ်လ ၄ ရက်နေ့ ညမှာ အချိန်မတော် ကျတော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့တွေ လာတိုက်တော့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရတယ်ဟု ဆိုပါသည်။

အစိုးရနှင့် တိုက်ပွဲ KIA ၁ ဦးကျ ၁ ဦးဒဏ်ရာရ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မုန်ဂိုးဒေသတွင် ယမန်နေ့ သြဂုတ် ၄ ရက်နေ့ည ကွတ်ခိုင်ဘက်မှ လှုပ်ရှားလာသော အစိုးရတပ်နှင့် KIA တပ်ရင်း ၃၆ တပ်ခွဲ (၂) ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ယမန်နေ့ည သြဂုတ် ၄ ရက် ၈ နာရီချိန် ၀င်းဆိုင် (Win Seng) အထက်တွင် မိနစ် ၂၀ ကြာပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ချိန် KIA ဖက်ထိခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄)မှ အရာရှိတစ်ဦး ပြောသည်။

ကချင်ဒုက္ခသည် ရန်ပုံငွေဂီတပွဲ မန်းတွင် ကျင်းပမည်

(Mizzima)

ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ ရန်ပုံငွေအတွက် ရည်ရွယ်သော “ငိမ်းချမ်း သံစဉ် မနောအကသဘင်” ဟု အမည်ပေးထားသည့် တေးဂီတနှင့် ပဒေသာကပွဲကို ဩဂုတ် ၉ ရက်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ကိုးကန့်ဓမ္မာရုံတွင် ပြုလုပ်မည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီနာယက ဦးဇော်နိုင်က ပြောသည်။

Monday, August 5, 2013

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ

(ရွှေဟင်္သာသတင်းဌာန)

လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက မိမိ၏ ဘေးတွင် ကပ်ထိုင်နေသော ဒေါ်အောင် ဆန်းစုကြည်ကို ညွှန်ပြကာ အတူ လက်တွဲ အလုပ်လုပ်နေကြပြီဟု ဆိုလျှက် အမျိုးသား စည်းလုံးမှု ရနေသယောင် ဟစ်ကြွေး ခဲ့သည့် ဤသို့သော အချိန်တွင် ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ ဟု တပ်လှန့် နိုးလိုက်သံ ကြားလိုက်ရသော အခါ စာဖတ်သူ အံ့သြကောင်း အံ့သြပါမည်။ 
အကြောင်းမည်သို့ ဆိုသည်ကို ရှင်းပါအံ့။ ရှေ့ ခြေနှစ်လှမ်း တိုးရန် နောက်ခြေ တလှမ်းပြန်ဆုတ်(Onestep backward, two steps forward) ဟူသော ဆိုရိုးစကား ရှိသည်။ လူသည် ဘ၀ခြေလှမ်းများ လှမ်းရာ၌ တခါတရံတွင် မလှမ်းသင့် သောနေရာကို လှမ်းမိ သဖြင့် ကျွံသွား တတ်သည်။
ဤသည်ကို မှန်ကန်စွာ သိမြင်လာပါက လမ်း ကြောင်း မှန်ကို ပြန်လည် လျှောက်လှမ်းရန် မိမိခြေ တလှမ်းကို အမြန်ဆုံး ပြန်ဆုတ်ရပါမည်။၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံ ဥပဒေအောက်တွင် ခေါင်းလျှိုးကာ စစ်အစိုးရ တည်ဆောက် ထားခဲ့သည့် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ သာမက ဥပဒေအရပါ ခြေ လှမ်းကြီး တလှမ်းကျွံသွား ခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ ဒုက္ခသည် ပပျောက်ရေး စီမံချက်ဖြင့် ဆောက် လုပ်ပေးသော အိမ်ယာ သို့ နေထိုင် ရန် ဆန္ဒမရှိသူ များ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဌာနမှ မြစ်ကြီးနား မြို့နယ် အတွင်းရှိ ဒုက္ခသည် များအား ညွှန်ကြား လာသည့် တန်ဖိုးနည်း အိမ်မြေ ယာ စီမံကိန်းနှင့် သက် ဆိုင်သော လျှောက် လွှာပုံစံတွင် ဒုက္ခသည် အများပိုင်းမှာ ထိုနေရာ တွင် နေထိုင်လိုသည့် ဆန္ဒမရှိကြောင်း လက် မှတ် ရေးထိုးကြသည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည် များ အတွက် နေရာချပေး မည့် ပလန ရပ်ကွက်တွင် တည်ဆောက် ထားပေးသော တန်းဖိုးနည်း အိမ်မြေယာ ၌ နှစ်စဉ်နှစ် တိုင်း မိုးတွင်းကာလ ရေနစ်သော နေရာများဖြစ်ကာ၊ အိမ်ခြံမြေ အဝယ်ကျဲပြီး၊ ဝယ်ယူသူများ မရှိ သလောက်ဖြစ်နေသော နေရာဖြစ် သည်ဟု ဒေသခံများပြောသည်။

တိုင်းရင်းသားတွေကိုယ့်နည်းကိုယ့်ဟန် သွားနေသည်ဟု UNFC ပြော



ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ နှင့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း
 ကော်မတီ တို့သည် ပန်းတိုင်တခုတည်းဖြစ်သော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ခရီးဆက်သွားနေသည်ဟု
ယမန်နေ့ ကျင်းပသော သတင်းစာဆွေးနွေးပွဲတွင် UNFC ၏  အထွေထွေအတွင်းရေးမှူးလည်းဖြစ် မွန်ပြည်
သစ်ပါတီ အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သော နိုင်ဟံသာက သတင်းထောက်များအားပြောဆိုလိုက်ပါ
သည်။


MYEN ASUYA A MUNGDAN TING GAP HKAT JAHKRING MAYU AI MASING

(Jinghpawkasa)

Myen Asuya gaw myen mungdan kata kaw Rawt malan taw nga ai Amyu bawsang ni yawng hpe Htani Htana padang dip ga-up sha lu na matu shaw taw nga ai masing gaw moi na hte nbung mat sai. Ndai lang dawdan shut jang gau ngwi ngwi sha Htani Htana hkrat sum mat wa na re. Mungkan a man hta laknak lang Rawt Malan Wuhpung langai mi hpe gasat shamyit kau na matu gaw shawng nnan dai Wuhpung hpe gumshem (Terrorist) shabyin shatai kau ra ai. Daini myen asuya hkrit taw nga ai manghkang gaw mungkan kawn shi hpe madaw gumshem (Terrorist) asuya ngu nna masat kau hkyen sai re hpe grai hkrit nga malu ai. Dai majaw mungdan ting gap hkat jahkring myit hkrum Ta masat hpe mungkan a man e galaw dan lu na grai ahkyak nga malu ai. Mungdan ting gap hkat jahkring myit hkrum ta masat htu ngut ai hpang…

Sunday, August 4, 2013

DUNG (38) GINRA HTA GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sam Mung daju KIA Dap Ba (4) yup hkang ginra rai nga ai Gyu Mwe Mare hte Pang Hkawn Mare lapran kaw August (2) ya shana daw hkying (4:30 PM) ten ram hta gap gasat ai lam byin pru wa sai lam shiga na chye lu ai. KIA Dap Ba (4) npu, Dung (38) ni a ginra de shamu shamawt shang wa ai myen hpyen dap hk-m-y (525) na Du Kyaw Ze Yar woi awn ai hpyen dap ni hte KIA Dung (38) na myu tsaw share ninghkring ni gap gasat lai wa ai re lam hpe na chye lu ai.

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက မင်းသမီး အပိုင်း (၄) နိဂုံးပိုင်း

(မင်းမဟာပုဂံ FB စာမျက်နှာ)


မြစ်ဆုံဆည် စတင် လုပ်ဆောင်ခဲ့သော ၂၀၀၉ ခုနှစ်မှစ ၍ ၂၀၁၀ ရွေးကောက် ပွဲပြီးသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နာဝရိလ ၇ ရက်နေ့အထိ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အကျိုးမြတ်စောင့်ကြည့်ရေးအဖွဲ့၏ ဖေါ်ပြချက်အရဆိုပါလျှင် စီပီအိုင် နှင့် အေးရှဝေါလ်တို့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန် အသုံးပြုခဲ့သော ရင်းနှီးမြုပ်နှံ စိုက်ထုတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၁၁ သန်းအား အသုံးပြု ခဲ့သော်ငြား မြစ်ဆုံဒေ သမှ ပြန် လည် ရရှိသော ရွှေ ကျောက်စိမ်း အရည်သွေးကောင်း များ နှင့် အခြား အဖိုး တန် ဓါတ်သတ္တုများ အပြင် သစ်တော ထွက် ပစ္စည်းများကြောင့် အမေ ရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင် ဒသမ ၃ သန်းအား အကျိုးမြတ် အလုံးရင်း ရရှိကြောင်း သိရ၏။

တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော UNFC နှင့် UNA တို့ ဦးဆောင်ပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲမည်

(Eleven Media Group)

တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲမည်ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက သြဂုတ် ၃ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား ညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စုမူအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် သဘောတူခဲ့ပြီးနောက် ထိုသဘောတူညီချက်အရ ယခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။