Saturday, August 3, 2013

တိုင်းရင်းသားလူမျိုးများ ကွန်ဖရင့်၏ ထုတ်ပြန်ချက်

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဋ္ဌဒေါ်ဘောက်ဂျာ၏ အမှု ရုံးချိန်းရက်ရွှေ့ ဖုန်းကိုင်ဆောင်ခွင့်လည်း ပိတ်ပင်ခံရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရဲစခန်းတွင် အမှု ၃ မူဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဇူလိုင် ၂ ရက် ယမန်နေ့ တတိယအကြိမ် ရုံးထုတ်စစ်ဆေးရန် ဖြစ်သော်လည်း ဖားကန့်တရားရုံးမှ အရေးပေါ်အစည်းဝေးကြောင့် ရက်ရွှေ့ဆိုင်းထားလိုက်ပြီး ဒေါ်ဘောက်ဂျာအား မီဒီယာများနှင့် ဆက်သွယ်မှုကြောင့် ဖုန်းကိုင်ဆောင်ခွင့်လည်း ပိတ်ပင်ထားကြောင်း သိရသည်။

မိုးတွင်းဖြစ်တတ်သော ရောဂါများ ၅ နှစ်အောက်ကလေးငယ်များတွင် အဖြစ်များ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ်မြစ်ကြီး နားမြို့တွင် မိုးတွင်း ကာလဖြစ်လေ့ဖြစ်ထရှိသည့် ဖျားနာမှုများသည် ယခုချိန် ၅ နှစ် အောက် ကလေးငယ်များတွင် အများဆုံးဖြစ် ပွားနေကြောင်း ဒေသခံများပြောသည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါအပါဝင် နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အပူဖုများဖြစ်ပွားနေသောကြောင့် ကလေးငယ်များဆေးကုသဆောင်တွင် ကုတင်မဆံ့များပြားနေကြောင်း ကလေးမိခင်များမှသိရသည်။

မြန်မာရေးရာ တရုတ်လမ်းစဉ်သစ်

(VOA)

လွန်ခဲ့တဲ့ ဇူလိုင်လ (၅) ရက်နေ့က တရုတ် ကုမ္မဏီတွေ နဲ့ မြန်မာ မီဒီယာတွေ့ဆုံပွဲ ရန်ကုန် တရုတ်သံရုံးမှာ ကျင်းပပါ တယ်။ မြန်မာပြည်မှာ လူမုန်း များနေ တဲ့ မြစ်ဆုံဆည်နဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွေ မှာ (၂) နိုင်ငံ အကျိုးအမြတ် ခံစားရမယ့်အကြောင်း တရုတ်အစိုးရ ပိုင်ကုမ္မဏီ ကိုယ်စားလှယ်တွေက ရှင်းလင်းပြောဆိုကြပါတယ်။ တရုတ်ကို အမြင်ကောင်းအောင် စည်းရုံးရေးဆင်းတာ ဖြစ်ပါတယ်။ ဇူလိုင်လ (၂၃) ရက်နေ့ကလည်း တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့  ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်းချန်လောင် (范长龙) နေပြည်တော်မှာ ဘက်စုံမဟာဗျူဟာ ပူးပေါင်းမူမြှင့်တင်ရေး ဆွေးနွေးသွားပါတယ်။

Friday, August 2, 2013

တိုင်းရင်းညီလာခံ ဆုံးဖြတ်ချက်နှင့် ဗမာပြည်နယ် ဖေါ်ထုတ်ရေး သဘောတူညီမှု

(ရွှေဟင်္သာသတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ၄င်းတို့၏ ညီလာခံ အပြီး ယမာန် နေ့တွင် ဒီမိုကရေစီ အင်အားစု နှင့် ထပ်မံ ဆွေးနွေး ရာဗမာ ပြည်နယ် ဖေါ်ထုတ် သွားရန် လိုအပ် သည်ဟု သဘောတူ ကြကြောင်း ယင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ပြောရေးဆိုခွင့် ရှိသူ တစ်ဦးမှ ဆိုပါသည်။

“ ညီလာခံ ပြီးတော့ ညီလာခံရဲ့ ဆုံးဖြတ် ချက်ကို ချပြပါတယ်။ ဖက်ဒရယ်မူ ဖြစ်တယ် ဆိုတော့ ဗမာတွေမှာလည်း ဗမာ ပြည်နယ် ရှိသင့် တယ်လို့ သဘော တူတာ ဖြစ်ပါတယ်။ အားလုံးပေါင်း အချက် (၇) ချက်နဲ့ သူတို့ သဘော တူခဲ့တာပါ” ဟု ဆိုပါသည်။ 

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး အပိုင်း(၃) လုပ်ငန်း မပြီးခင်ကပင် အမြတ်ထွက်ခြင်း

(Minmaha Baga FB Page)


အနားယူသွားသော ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ တရုတ်ပြည်သို့ သွားသော ခရီးစဉ်အား ဘိန်းဘုရင် လောစစ်ဟန်နှင့် ၄င်းတို့ မိသားစုပိုင်ဆိုင်သော အေးရှဝေါလ် ကုမဏီမှ အမေ၇ိကန်ဒေါ်လာ ၂.၈ သန်း အကုန်ကျခံကာ တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းကာ စီစဉ်ခဲ့ကြောင်းအား တရုတ်အမျိုးသား လုံခြုံရေးဆိုင် အထူးထောက်လှမ်းရေး(Special Intelligent Watch of China Security) မှ ၄င်းတို့၏ အသုံးစရိတ်နှင့် ဘတ်ဂျက် စာရင်းအား တရုတ်ပြည်မ နှင့် တရုတ် ရာဇ၀တ်မှု စောင့်ကြည့်ရေး ဌာနသို့ တင်ပြရာတွင် ဖေါ်ပြထားသည်။

UNFC က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ပါဝင်သည့် အခြေခံ ဥပဒေသစ် ရေးဆွဲမည်

(Irrawaddy)

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အစည်းအဝေးမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေး ဆွဲပြီး ၈ ပြည်နယ် တည်ထောင်၍ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး တို့ကို မူအားဖြင့် သဘောတူ ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ အနှစ်သာရ ကင်းမဲ့နေကာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုမူနှင့် ကိုက်ညီမှုမရှိ၍ ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံ ဥပဒေသစ် တခုကို လွှတ်တော်ပြင်ပရှိ အဖွဲ့အစည်းများ၊ တတ်သိပညာ ရှင်များပါဝင် ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ထိုဥပဒေ၌ ဖက်ဒရယ်ကို အခြေခံသည့် တပ်မတော် ဖွဲ့စည်းရေးလည်း ပါဝင်မည် ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် UNFC ပြောခွင့်ရ ဦးခွန်ဥက္ကာ က ပြောသည်။

Thursday, August 1, 2013

မူးယစ်ဆေးဝါး သုံးစွဲသူ ၆၀ ကျော်ကို KIO ဖမ်းဆီး အရေးယူထား

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေ လိုင်ဇာ ဗဟိုဌာနချုပ် တ၀ိုက် KIO ၏ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံချက်အရ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကိုအရေးယူခဲ့ရာ ယခုချိန် ၆၀ ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား ဌာနချုပ်ဝန်းကျင်တိုက်ပွဲများ ငြိမ်သက်လာချိန်မှစ၍ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများ ပြန်လည်များပြားလာခြင်းဖြစ်သည်ဟု KIO ဌာနချုပ် မူးယစ်တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ က ကချင်သတင်းဌာန KNG သို့ပြောသည်။

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး အပိုင်း (၂) လှုပ်ရှားဆောင်ရွက် ကလိန်ကျပုံများ

(Minmaha Bagan FB page)


၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ နေခင်း (၂) နာရီတွင် ကျနော်တို့ မြစ်ဆုံ လုပ်ငန်း အကောင်ထည်ဖေါ်ရေးအတွက် တွဲဖက်လုပ်ကိုင်မည် ဘန်ကာ BANCA နှင့် တရုတ်ဘက်မှ စီပီအိုင် ကုမ္မဏီတို့ သဘောတူ လက်မှတ်ရေးထိုးကာ နိုင်ငံတကာမှ ခွင့်ပြုချက်ရရှိမည့် အီးအိုင်အေ အတွက် လေ့လာရေးကို စတင် အကောင်ထည်ဖေါ်ကြပြန်သည်။ (၂၀၀၉) ခုနှစ် ဇန်နာဝရီလမှ ဇွန်လအထိ တရုတ်မြန်မာ အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ လုပ်ငန်း အကောင်ထည်ဖေါ်ရန်နောက်ဆုံး လေ့လာစူးစမ်းမှုများ အပြီးသတ်ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ဒုတိယအကြိမ် ရုံးချိန်း၌ တရားလိုပြ သက်သေခြောက်ဦး စစ်ဆေး

(EMG)

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား ဖားကန့်မြိုနယ် တရားရုံးက ဒုတိယအကြိမ် ရုံးချိန်းခဲ့ပြီး တရားလိုပြ သက်သေ ခြောက်ဦးအား တရားရုံးမှ ယနေ့စစ်ဆေးခဲ့သည်။ တရားလို ရဲအုပ်ကျော်မြ၀င်းက ဦးဇော်ဂျာသည် ရင်ကျပ်ရောဂါ ခံစားနေရပြီး နယ်လှည့်ဆေးကု ဆရာမ ဒေါ်ဘောက်ဂျာက ထိုးဆေးနှစ်လုံးထိုးပြီး သေဆုံးသွားကြောင်း၊ ဒေါ်ဘောက်ဂျာမှာ ဆေးကုသလိုင်စင် မရှိ၍ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် ကာမိုင်းရဲစခန်းမှ ပ/၁၀/၂၀၁၁၊ ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ-၄၁ ၊(ပ)၉/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ပ ၄၂/၂၀၁၁ ယစ်မျိုးဥပဒေပုဒ်မ ၃၃ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး အသေးစိတ်ကို မိမိရှေ့က တာဝန်ထမ်းဆောင်သော ရဲအုပ်ဦးထွန်းဝင်းသာသိကြောင်း အစစ်ခံခဲ့သည်။

UNFC ၏ ညီလာခံမှ အရေးကြီးဆုံး ဖြတ်ချက်များ

(ရွှေဟင်္သာသတင်းဌာန)

(၂၉) ရက်နေ့မှ (၃၁) ရက်နေ့ အထိ UNFC ဦးဆောင် ကျင်းပသည့် တိုင်းရင်း ညီလာခံတွင် အစိုးရ ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံဘဲ အသစ်ရေးဆွဲ သွားမည်ဟု ဆုံးဖြတ် ကြကြောင်း ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာမှ ဆိုပါသည်။ 

“ အများစု ကတော့ အသစ် ပြန်လည် ရေးဆွဲ တာဘဲ ကောင်းတယ်လို့ ဆုံးဖြတ် လိုက်တယ်။ ပြီးတော့ တခြား အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေလည်း ချမှတ်နိုင်ခဲ့တယ်။ အစိုးရရဲ့ လတ်တလော တင်ပြထားတဲ့ နေပြည်တော် လက်မှတ် ထိုးပွဲ ကိစ္စကိုလည်း ဆုံးဖြတ်နိုင်ခဲ့တယ်” ဟု ဆိုပါသည်။ 

Wednesday, July 31, 2013

အစိုးရတပ်မှ KIA နယ်မြေသို့ လှုပ်ရှားမှုများလာ တင်းမာနေဆဲ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ကချင်ပြည်သူ့စစ် MHH တပ်ခွဲ(၅) တပ်ချထားသော ဆိုင်းထူခက် (Seng Htu Hkyet) စခန်းအောက်တွင် ယနေ့နံနက် မိုးမလင်းမီ အစိုးရတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်းပြောသည်။

“သူတို့အရင်လာပစ်တာ အဝေးကနေပစ်လာတာ တဆင့်တဆင့် တိုးတိုးလာပြီး ပစ်နေတာ ကျွန်တော်တို့လည်း ၄၊ ၅ နေရာကနေ ပစ်လာတော့ သူတို့ဘက်က ပြန်ဆုတ်သွားပြီး ခလွမ်ရွာ (Hka Lum) ထဲပြန်ဝင်သွားတာ” ဟုဆိုသည်။

သမ္မတလိုလားသည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေး ကချင်ဒေသတွင် မဖြစ်မြောက်သေး

(ကချင်သတင်းဌာန)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင် ရွက်မှုများအပါအ၀င် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဗြိတိန်နိုင်ငံ အောက် လွှတ်တော်ဥက္ကဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့က နေပြည်တော် တွင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အစိုးရနှင့် ကချင်ဒေသ ပဋိပက္ခသည် ချုပ်ငြိမ်းသွားခြင်း မရှိသေးကြောင်း KIO ပြောသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇွန်လ လယ်ပိုင်း ဗြိတိန်နိုင်ငံသို့ရောက်ခဲ့ချိန် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်” ဟု ပြောဆိုလိုက်ပြီးနောက် ယခုအခါ “လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင်ရွက်နေပြီး ရခိုင်ပြည်နှင့် ဒေသအချို့ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း” ယနေ့ထုတ်မြန်မာ့အလင်းတွင်ဖော်ပြထားခြင်းဖြစ်သည်။

ပြည်တွင်းစစ် ဘာကြောင့် ဖြစ်ရတာလဲ အမြင်တင်ပြချက်

(ရွှေဟင်္သာသတင်းဌာန)



ဒေါ်ခင်မမမျိုးသည် နိုင်ငံရေး အကျဉ်းသားဟောင်း များ၏ ဖိတ်ကြားမှုဖြင့် ဇူလိုင်လ (၂၈) ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့  တော်ဝင်နှင်းဆီ၏ ငြိမ်းချမ်းရေး ခန်းမ၌ ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းများ ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ် ခဲ့ပါသည်။ ဤတင်ပြပွဲသို့ ဒေါ်ခင်မမမျိုး (MIPSS) က ဦးဆောင် ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ခဲ့ပြီး စိတ်ပါ ၀င်စားသူများ တက်ရောက် ခဲ့ကြပါသည် ။

ဒေါ်ခင်မမမျိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို စီးပွားရေးနှင့် သုတေသန ကော်မတီမှ စီစဉ်သည့် ပါတီ အလုပ် အမှုဆောင်များ စွမ်းရည်မြုင့် သင်တန်း အပါတ်စဉ် () ကို ဗဟိုကော်မတီဝင် ဒါရိုက်တာ ဒေါ်ကြည်ဖြူသျှင်၏ Capacity Building Center(2) တွင် ကျင်းပလျက် ရှိရာ Pearl Computer မှ ဆရာဦးမြင့်ဆွေ၏ မိတ်ဆက်ပေးမှုဖြင့် Myanmar Institute of Peace and Security Studies (MIPPS) Founder and Executive Director ဒေါ်ခင်မမမျိုးမှ၂၀၁၃ ခု ဇူလိုင်လ (၂၆) ရက်နေ့တွင် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်ဖြင့်၎င်း၊ နိုင်ငံရေး ပညာရေးနှင့် နိုင်ငံရေး ပါတီများ ခေါင်းစဉ်ဖြင့် ၄င်းဟောပြော ပို့ချ ခဲ့ပါသည်။

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး. (အပိုင်း ၁)

(Minmaha Bagan FB စာမျက်နှာ)

ကျနော်တို့ ချစ်သော မြတ်နိုးသော တန်ဘိုးဃန ထားသော အားကိုး ရသော မှီခိုရသော သာယာသော ဖြူစင်ဖြောင့် မတ်သော မြင့်မြတ်သော သတို့သမီးအား လူးဆိုးတသိုက် လူမိုက် တအုပ်မှ မုဒိန်းကျင့် လိုက်ကြ၏။ ၄င်းတို့၏ လုပ်ရပ်များ အား ကျနော်တို့က လက်မခံနိုင်သော သီးမခံနိုင်သော မမျှ တသော အကြောင်း ရာများအား တိကျစွာ ထောက်ပြ ရပေတော့မည်။

ကျနော် တို့ ပြောပြချက် အား လုပ်ဆောင်ချက်အား ကန့်ကွက်ချက်အား လစ်လျှူရှု့ကာ ဒယောသောပါ ဆက်သွားနေပါလျှင် ပြည်လုံးကြွတ်ချစ်မြတ်နိုးသော သတို့သမီးအား ပြန်လည်ရရှိရေးအတွက် ကြီးမားခိုင်မာသော တော်လှန်ရေးကြီး ဖြစ်ပေါ်လာမည်ကို ကျနော် တင်ပြပါအံ့….
ကျနော်တို့၏ သတို့သမီးအား စတင် မုဒိန်းကျင့်ရန် လုပ်ဆောင်သော ကာလသည် (၂၀၀၅)ခုနှစ် မေလတွင် စီပီအိုင် CPI and နှင့် အေးရှဝေါလ် Asia World တို့မှ သတို့သမီး၏ မိခင် မေခ နှင့် ဖခင် မလိခတို့ တည်ရှိရာဒေသအား စတင်ကာ နယ်မြေလေ့လာရေးလုပ်ခဲ့ကြ၏။

အဓိပ္ပါယ် မဲ့လာနေသည့် KIO Technical Team အဖွဲ့

(ရွှေဟင်္သာသတင်းဌာန)



လက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတို့ တိုက်ပွဲ ဖြစ်နေဆဲ အခြေအနေ များကြောင့် KIO လုပ်ငန်း အထောက် အကူပြု အဖွဲ့ ဖွဲ့ခြင်းသည် အဓိပ္ပါယ် မဲ့နေကြောင်း KIO အဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။
 

“Technical Team ရုံးဖွင့်တဲ့ နေ့မှာ ပဲကို တိုက်ပွဲ ဖြစ်လို့ ဦးအောင်မင်းကို ဒီကိစ္စ ဖြေရှင်း ပေးဖို့ တင်ပြ ထားပါတယ်။ ဒီလို ဆက်မဖြစ်အောင် သမ္မတကို တင်ပြ ပေးဖို့ပါ။ အဲဒီလို တိုက်ပွဲတွေ ဆက်ဖြစ် နေမှတော့ Technical Team က အဓိပ္ပါယ် မဲ့လာ သလို ဖြစ်နေတယ်ဟု ဆရာ ဆွမ်လွတ်ဂမ် က ဆိုပါသည်။

Tuesday, July 30, 2013

ခလဲန်ရွာသား တဦး အစိုးရတပ်၏ ပစ်သတ်ခံရ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ ခလဲန်ရွာဟောင်းတွင် ဇူလိုင်လ၂၈ ရက်နေ့က အစိုးရတပ် ခလရ (၁၂၃) နှင့် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) ကြားပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းအစိုးရတပ်သည် အပြစ်မဲ့ ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Sumlut La Gun) ဆိုသူအား ပစ်သတ်ခဲ့ကြောင်းသိရသည်။

ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Salang Sumlut La Gun) သည် အသက် ၃၀ နှစ် ကလေး ၃ ဦး ဖခင်ဖြစ်ပြီး တနင်္ဂနွေနေ့ ဘုရားဝတ်ပြုစည်းဝေးပြီးနောက် ကြံခင်းသို့ ကယ်ဆိုင်ဖြင့်သွားစဉ် ၎င်းအစိုးရတပ်မှ လမ်းတွင် ပစ်သတ်သွားပြီး အနီးနားတွင် မြုပ်ထားခဲ့ခြင်းဖြစ်ကြောင်း MHH တပ်ခွဲ(၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ခေါင်လန်းဖူးဒေသထွက် “ထဆူမခမ်း” ခေါ် ရှားပါးမှိုတမျိုး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်မြောက် ဖျားပိုင်း တောင်ပေါ်ဒေ သခေါင် လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ် များတွင် ပေါက်လျက်ရှိသော ရ၀မ်တိုင်းရင်းသား ဘာသာ စကားဖြင့် ‘ထဆူမခမ်း’ ဟုခေါ်သော ရှားပါးဆေး မှိုတမျိုး တရုတ်ဖက်တွင် ရောင်းအား ကောင်းလျက်ရှိသည်။

အဆိုပါ ထဆူမခမ်း ရှားပါးမှိုကို ရေခဲတောင်၊ တောင်ထိပ်၊ သစ်ပင်ကြီးများ၊ သစ်ငုတ်များတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မှိုအကြီးအသေး ၁ ပိဿာမှ ၁၀၀ ပိဿာထိ အလေးချိန်အလိုက် ဈေးနှုန်းရှိကြောင်း ခေါင်လန်ဖူးဒေသခံ ကို အားဖုန်က ပြောသည်။

ဒုက္ခသည်များအား စိတ်ခွန်အားဖြည့် ဖျော်ဖြေမှု အစီစဉ်ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းများတွင် လူမှုကူညီရေးအသင်း (The Action Time Foundation) မှ လာရောက်ကာ ဒုက္ခသည်များအား ‘စိတ်ခွန်အားဖြည့်’ ဖျော်ဖြေတင်ဆက်မှုအစီစဉ်ကို လိုင်ဇာမြို့အထက်တန်းကျောင်း ရောတ်နှိမ်ခေါင်ခန်းမ (Rawt Ninghkawng Gawknu) တွင် ဇွန်လိုင်လ (၂၈) ရက်ညက ပြုလုပ်ခဲ့ကြောင်းသိရသည်။

Monday, July 29, 2013

ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့များ ညီလာခံ စတင်ကျင်းပနေ

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) မှ ဦးဆောင်ကျင်းပသော တိုင်းရင်းသား ညီလာခံကို ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စတင်ကျင်းပနေပြီ ဖြစ်သည်။

ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း လူ ၁၀၀ ကျော်တက်ရောက်နေပြီး ဆွေးနွေးချက်များကိုမူ ညီလာခံ နောက်ဆုံးနေ့မှ ထုတ်ပြန်ရန် စည်းကမ်းချက်ကြောင့် ထုတ်ဖော်ခြင်း မရှိသေးကြောင်း UNFC မှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ကဘော က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်ပွား

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တာမိုးညဲမြို့နယ် KIA တပ်ရင်း (၂) ဘန်ဆတ် (Bang Sak)နှင့် ဆိုင်းခေါ် (Seng Hkau) ကြား အစိုးရတပ်ဖွဲ့ ခြေလျင်တပ်ရင်း ခလရ (၁၂၉)နှင့် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၂) တို့ကြား ဇွန်လိုင်၂၅-၂၆ ရက်တွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် မုန်ဂျီဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၅၀ ကျော်ရှိသည့် အစိုးရတပ်ဖြစ်ပြီး KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၂) ကြား ဇွန်လိုင် ၂၅ ကြာသာပတေးနေ့တွင် ၁ နာရီကြာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ဟု တပ်မဟာ(၄)မှသိရသည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ သုံးသပ်ချက်

(ဒေါင်းမာန်ဟုန်)



ဒီနှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားတွေတစ်ယောက်မှ မကျန်စေရပါဘူးလို့ ဥရောပခရီးစဉ်မှာ နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဒုက္ခသည် စခန်းက ဦးဘရန်ရှောင် ကို မြစ်ကြီးနား မြို့နယ် တရားရုံးက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။


ဦးဘရန်ရှောင်ကို ထောင်ဒဏ်ချမှတ်သည့် ညနေပိုင်း တွင် မြေသိမ်းခံ တောင်သူများ အရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ကို ဖမ်းဆီးခဲ့သည်။ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင် လှုပ် ရှားသူများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် ဖမ်းဆီးအရေးယူခဲ့သည့်ပုံစံဖြင့်ပင် ပုဒ်မများတပ်ကာ ဒေါ်ဘောက်ဂျာ ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရေမွန် မက်ဆေးဆေး ဆုရ ပထမဆုံး ကချင် အမျိုးသမီး လဖိုင်ဆိုင်းရော်နှင့် မေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)



အာရှ ဒေသရဲ့ နိုဘဲလ်ဟု တင်စား ခေါ်ဝေါ်နေသည့် ရေမွန် မက်ဆေးဆေး (Ramon MagSaysay Award) ဆုသည် ၁၉၅၇ ခုနှစ်တွင် လေယာဉ် ပျက်ကျမှုကြောင့် ကွန်လွန် သွားခဲ့ရသူ ဖိလဝ်ပိုင် သမ္မတဟောင်း ရေမွန် မက်ဆေးဆေးအား ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ပေးအပ်လေ့ ရှိသော ဆုတစ်ခု ဖြစ်သည်။
ဇူလိုင်လ (၂၄) ရက်နေ့၌ ၂၀၁၃ ခုနှစ် အတွက်၎င်းဆု ရရှိသူများ၏ အမည်စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ရာ၌ မြန်မာနိုင်ငံမှ ကချင်လူမျိုး လဖိုင် ဆိုင်းရော် ၄င်းဆုအား ချီးမြှင့် ခံရကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။

Sunday, July 28, 2013

Lahta Sam Mung, Muse Kaw Galaw Ai Ka-ni Nanghpam Pat Jasan Bawngban Hpawng Ngut

(Kachinnet)

Muse mare hta, Mare Buga Ka-ni Nanghpam Pat Jasan wuhpung wuhpawng (21) shanglawm nna, dat kasa ni marai (60) daram shanglawm let (22-23-24-25-26) ya shani du hkra galaw ai Mare Buga Ka-ni Nanghpam Pat Jasan Bungli Masing Bawngban Hpawng hpe galaw ngut sai lam chye lu ai.