Saturday, July 27, 2013

ကေအိုင်အေ တပ်ရင်း (၂) ဒေသတိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း (၂) ပိုင်နက်အတွင်းသို့ အင်အား (၆၀) ကျော်ဖြင့် ၀င်ရောက်လာသော ဗမာအစိုးရ စစ်တပ် ခလရ (၁၂၉) များနှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ ဇူလိုင် (၂၆) ရက်နေ့ ညနေပိုင်း (၃း၀၀) နာရီခန့်တွင် မုန်ဘော် အနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

K.I.A Masat (2) Dap Dung Makawp Maga Ginra Hta Gasat Poi Byin

(Kachinnet)

2013 ning July (26) ya shana maga hkying (3:00)pm aten daram hta Wunpawng Mungdan Shanglawt Hpyen Dap, Masat (4) Dap Ba npu, Masat (2) Dap Dung makawp maga ginra kaw Sai Hkau de na lai yu wa ai Myen Asuya Hpyen Dap Hk.L.Y (129) Dap na hpyen n-gun (60) daram hte K.I.A masat (2) dap dung na hpyen hpung ni Mung Paw mare makau kaw gasat poi byin ai lam chye lu ai.

ဒုက္ခသည်တွေကိုကူညီနေတဲ့ ပြည်တွင်း NGO တို့ရဲ့ ဒုက္ခ

(ဧရာဝတီ)

ကချင်ဒေသ၊ ရှမ်းဒေသမှာ မိုးထဲရေထဲရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထောက်ပံ့မှု အခြေအနေ ဘယ်လို ရှိပါသလဲ။
ကူညီရေးအဖွဲ့ငယ်တွေ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြရဲ့လား။


ဒီအကြောင်း ဧရာဝတီသတင်းထောက် ညိမ်းပြည့်စုံက



အခုလို သတင်းပေးပို့ထားပါတယ်။

ကချင် ငြိမ်းချမ်းရေး နီးစပ်တော့မလား

ဒါကြောင့်ပဲ အဲဒီနယ်မြေတွေကို KIO စိုးမိုးနယ်မြေအဖြစ်က အစိုးရစိုးမိုးနယ်မြေဖြစ်ရေး စစ်တွေထိုးခဲ့တယ်။ ၂ ဘက် အကျ အဆုံးတွေ များခဲ့ပြီး အစိုးရဘက်က အထိနာခဲ့ပါတယ်။ လေကြောင်းကူ ထိုးစစ်တွေ အစိုးရ ဘက်က သုံးတယ်။ လေယာဉ် ဆုံးရှုံးမှုအထိ ရှိခဲ့ပါတယ်။

(ဧရာဝတီ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဆက်ဆံရေးရုံးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပေး လုပ်ငန်း အဖွဲ့ (Technical Advisory Team) ဆိုင်းဘုတ်တင်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရထိပ်တန်းခေါင်းဆောင် တချို့၊ ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ မြောက်ပိုင်းတိုင်း ဒုတိယစစ်တိုင်းမှူး၊ လွှတ်တော် ကိုယ်စားလှယ်၊ ကုလ သမဂ္ဂ ကိုယ်စားလှယ်၊ နိုင်ငံရေး ပါတီနဲ့ လူမှု အဖွဲ့အစည်းတချို့က လူတွေလည်း တက်ရောက်ကြ တယ်။

ခလရ (၃ရ) ၏သောင်းကျန်းမှုပြည်သူများခံနေရ

(Jinghpawkasa)

ယခုတလော ဗမာစစ်တပ်များက တပ်ရှေ့လမ်းမများ ဒါရပ်စောင့် စစ်ဆေးမှုများပြုလုပ်ပြီး ခရီးသွားများထံမှ ငွေတောင်းခြင်း၊ ဖမ်းဆီးခြင်း များနေ့စဉ် ပြုလုပ်နေကြောင်း သိရသည်။

ရုပ်ဆိုးစွာသောင်း ကျန်းနေသော တပ်မှာ  မြစ်ကြီးနားမြို့ အထွက် ခလရ (၃၇) တပ်ရင်းဖြစ်ကြောင်း၊ ရပ်တန့်စစ်ဆေးရာတွင် ပိုက်ဆံမပေးသူများ၏ဆိုင်ကယ်တိုးဘောက် (Tools box) ဖွင့်ခိုင်းပြီး ရဲဘော်များ အသင့်ဆောင်ထားသော ဘိန်းအ၀တ်စကို ရှာတွေ့ဟန်လုပ်ပြီး မှုးယစ်မှုဖြင့်ခြိမ်းခြောက်နေကြောင်း သိရှိရပါသည်။ ငွေပေးနိုင်သူများကို လွတ်လိုက်ပြီး ငွေမပေးသူများကို ရဲခေါ်အပ်ကြသည်။ ထိုကြားမှာငွေဖြင့် မဖြေရှင်းနိုင်ပါက ထောင်ကျကြသည်။

Friday, July 26, 2013

မြစ်ဆုံဒေသအရေး မက်ဆေးဆေး ဆုငွေ ဒေါ်လာ ၅ သောင်းဖြင့် ကူညီမည်

(Mizzima)

ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်လဖိုင်ဆိုင်းရော်က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့်
ပြောင်းရွှေ့ခံရသူ ဒေသခံများအတွက် ကူညီမည်ဆို၍ ဝမ်းသာကြိုဆိုကြောင်း အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမုန့်လုံး က ပြောသည်။

လက်ရှိ အောင်မြင်သာ ကျေးရွာသားများသည် ဝင်ငွေရရှိရေးအတွက် လုပ်ကိုင်စားသောက်မည့် နေရာမရှိဘဲ အခက်အခဲနှင့် ရင်ဆိုင်နေရသဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းမှု အခွင့်အလမ်း ဖွင့်ပေးလျှင် အကောင်းဆုံးဖြစ်
မည်ဟုလည်း သူက အကြံပြုသည်။

ဘေးမဲ့တော ဥပဒေ ကို ကျားတွေကို ရေးဆွဲခိုင်းသလို ဖြစ်မနေဘူးလား။

(Duwa Kachin)

၁၉၄၇ အခြေခံ ဥပဒေဟာ တိုင်းရင်းသား ခေါင်းဆောင်များရှေ့မှာ မူကြမ်းရေးဆွဲခဲ့ပြီး၊ ဖဆပလ ပါတီ အတွင်းမှာ ဗမာ နိုင်ငံရေး ခေါင်းဆောင်များက စိတ်ကြိုက် ပြန်ပြင်ရေးဆွဲခဲ့လို့ တိုင်းရင်းသားများ ရဲ့ မူလရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး၊ ခွဲထွက်ရေး တောင်းဆိုမှုတွေ ဆူညံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှ Ramon Magsaysay ဆု ဒေါ်လဖိုင်ဆိုင်းရော် ကို ချီးမြှင့်

(ကချင်သတင်းဌာန)

မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ငြိမ်းချမ်းသည့် အနာဂါတ်အတွက် အုတ်မြစ်ချထားပေးခဲ့သူ အဖြစ် မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တည်ထောင်ခဲ့သူ ဒေါ်လဖိုင်ဆိုင်းရော် ကို ဖိလစ်ပိုင်နိုင်ငံက ရာမွန်မတ်ဆေးဆေးဆု (Ramon Magsaysay Award) ကို ချီးမြှင့်လိုက်သည်။

ရီမွန်မက်ဆေးဆေး ဆုလက်ခံယူရန် လဖိုင်ဆိုင်ရော် တက်ရောက်ရန်ရှိ

(ရွှေဟင်္သာသတင်းဌာန)

၂၀၁၃ ခုနှစ် အတွက် ရီမွန် မက်ဆေးဆေး ဆုရှင် တဦးဖြစ်သူ ကချင်သူ လဖိုင်ဆိုင်ရော် (Lahpai Seng Raw) သည် သြဂုတ် (၃၁) ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့ကျင်းပသည့် ဆုပေးပွဲသို့ သြဂုတ်လ (၂၆) ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း ယနေ့ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

“ ဆုပေး ပွဲကို ကိုယ်တိုင် တက်ယူ ပါ့မယ်။ အထူးသဖြင့် မေတ္တာ ဖေါင်ဒေးရှင်းက ဒါရိုက်တာ စိုင်းစမ်ခမ်းနဲ့ အတူ သွားဖို့ အစီအစဉ် ရှိပါတယ်။ ဆုပေးပွဲ ကတော့ သြဂုတ် (၃၁) ရက်နေ့ မှာပါ။ သွားမှာက သြဂုတ် (၂၆) ရက်နေ့ ဖြစ်ပါတယ်” လဖိုင် ဆိုင်ရော် က ဆိုပါသည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်ရင် သမ္မတကြီး ကြားနေသင့်



သမ္မတကြီး ဦးသိန်းစိန် လန်ဒန် ခရီးစဉ်အတွင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က သမ္မတကြီး ကို တွေ့ဆုံ မေးမြန်းထားတာကို ဂျူလိုင် ၁၈ ရက်နေ့စွဲနဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေရာမှာ သျှမ်းပြည်မှာ ကြိုကြားတိုက်ပွဲတွေ ဖြစ်နေရာတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို သမ္မတကြီးက “လက်နက်ကိုင်အဖွဲ့တွေက ကျေးလက် လူထုကို ဆက်ကြေးတောင်းနေတဲ့အတွက် သွားရောက်ရှင်းလင်းရတာ ဖြစ်တယ်”လို့ ဖြေကြားခဲ့ပါ တယ်။

အသိအမှတ်ပြုမှု နဲ့ တာဝန်ယူမှုအပိုင်းမှာ ဘောင်ကျော်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးထိခိုက်နိုင်



ဂျူလိုင်လနှောင်းပိုင်းမှာ UNFC က ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တိုင်းရင်းသားညီလာခံ
ကျင်းပဦး မယ်လို့သိရပါတယ်။ UNFC ကနေ ကမကထပြုကျင်းပတဲ့  ဒီတိုင်းရင်းသားညီလာခံကို ဘယ်
သူတွေတက်ရောက် မလဲ။  အဓိက ရည်ရွယ်ချက် ကဘာလဲ သိရအောင်လို့ UNFC ရဲ့ အထွေထွေ
အတွင်း ရေးမှူးလဲဖြစ်မွန်ပြည် သစ်ပါတီ အထွေထွေအတွင်းရေးမှူးလဲဖြစ်တဲ့ နိုင်ဟံသာကို သျှမ်းသံတော်
ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။    ။ မကြာခင်မှာ UNFC ကနေ ဦးဆောင်ပြီး တိုင်းရင်းသား ညီလာခံတခု ကျင်းပမယ်လို့သိရ ပါတယ်။
ဘယ်လိုပုံစံနဲ့ကျင်းပမလဲဆိုတာ သိပါရစေခင်ဗျ။

မတရားအသင်း ပုဒ်မ ဖြင့် ဖမ်းဆီး ခံထားရသော ကချင်အမျိုးသား အများစု မလွှတ်သေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားတွင် မတရားအသင်း ဆက်သွယ်မှု ၁၇(၁) ပုဒ်မဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ကချင်အမျိုးသားအချို့ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

အစိုးရက ဦးဘရန်ရှောင်အပါအ၀င် အခြားတိုင်းရင်းသားများပါဝင်သည့် ၁၃ ယောက်ကို လွှတ်ပေးခဲ့ခြင်းဖြစ်သော်လည်း ကချင်ဒေသမှ မတရားအသင်းဆက်သွယ်မှု ၁၇(၁) ဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ အယောက် ၂၀ ခန့် ကျန်ရှိနေသေးကြောင်းနှင့် လက်ရှိချိန်ထိဖမ်းဆီး စစ်ဆေးနေသူများလည်း ၈ ဦးခန့်ရှိနေကြောင်း ရှေ့နေမားခါးပြောသည်။

ကေအိုင်အေက ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကို တိုင်ထားသည့်စာများ ရှမ်းဝန်ကြီးက ဦးအောင်မင်း ထံပေး

(Mizzima)

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများကို KIA က ချွေးတပ်ဆွဲခြင်း၊ ဆက်ကြေးတောင်ခြင်းများ ရှိနေသည် ဟု စွပ်စွဲကာ တိုင်ကြားထားသည့် ရှမ်းတိုင်းရင်းသားတို့၏ တိုင်စာများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက အစိုးရ၏ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ထံ ပေးပို့လိုက်သည်ဟု သူမက မဇ္ဈိမကို ပြောသည်။

ယင်းတိုင်စာများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများကို ပြန်လွှတ်ရန်၊ ဆက်ကြေးကောက်ခံနေမှုများကို ညှိနှိုင်းပေးရန်၊ မြေမြှုပ်မိုင်းများကို ဖော်ထုတ်ပေး ရန်တို့ကို တိုင်ကြား တောင်းဆိုထားသည်ဟု ကချင်အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင် ပြုံးရီက ဆိုသည်။

ကချင်နှင့် ရှမ်းမြောက်ရှိ ဒုက္ခသည်များအတွက် နှစ်နှစ်အတွင်း ကန်ဒေါ်လာ သန်း ၇၀ သုံးရန် လျာထား

(Mizzima)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်များကို၂၀၁၃ ခုနှစ်မှ၂၀၁၅ ခုနှစ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အမေရိကန် ဒေါ်လာသန်း ၇၀ လျာထားသည်ဟု အကူညီပေးမည့် အဖွဲ့အစည်း ခုနစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။

ယင်းအဖွဲ့ ခုနစ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ယင်းသို့ ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။

ကချင်ပြည်နယ် NDF ပါတီဥက္ကဌ ဒေါ်ဘောက်ဂျာ ဇူလိုင် ၃၁ ရက်တွင် တရားရင်ဆိုင်ရမည်

(Eleven Media Group)

ကချင်ပြည်နယ် NDF ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဘောက်ဂျာသည် ဇူလိုင် ၃၁ ရက်တွင် ဖားကန့်တရားရုံးတွင် တရားရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။

၎င်းရင်ဆိုင်ရမည့် အမှုများမှာ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်၊ ကာမိုင်းရဲစခန်း အမှုဖွင့်ခဲ့သည့် (ပ)၉။၂၀၁၁၊ ပြစ်မှု့ပုဒ်မ ၃၀၄-က၊(ပ) ၁၀။ ၂၀၁၁၊၂၀၀၀ ပြည့်နှစ် မြန်မာ့ဆေးကောင်စီ ဥပဒေပုဒ်မ ၄၁ နှင့် (ပ) ၄၂။၂၀၁၁ ယစ်မျိုး ဥပဒေပုဒ်မ ၄၃ အမှုများဖြစ်ပြီး ဒေါ်ဘောက်ဂျာအား ဇူလိုင် ၂၃ ရက်က ဖားကန့်တရားရုံးတွင် တရားသူကြီးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ယခုအချိန်ထိ အာမခံချက်မရရှိဘဲ ဖားကန့်ရဲစခန်းတွင် ထိမ်းသိမ်းခံထားရကြောင်း သိရသည်။

Thursday, July 25, 2013

ဒေါ်ဘောက်ဂျာအတွက်ကာတွန်းတစ်ပုဒ်

(ကာတွန်း - လိုင်လုဏ်)

ပူတာအိုခရိုင် ဆန်ပြတ်လပ်မှု ပြောင်းနှင့် မျှစ်များ အစားထိုးနေရ

(ကချင်သတင်းဌာန)

ယခင်နှစ်မှ ဖြစ်ပွားနေသော ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုပြဿနာများကို ယခုချိန်ထိ ဒေသခံ များကြာရှည် ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ကျမ်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများ အားနည်းလာကြောင်းသိရသည်။

ဆန်ပြတ်လပ်မှုဖြစ်ပွားနေချိန် ဆန်ဈေးသည်လည်း အဆမတန်ထိုးတက်နေသောကြောင့် ဒေသခံများသည် ဆန်အစား အခြားအစားအစာများကို အသက်ရှင်နေနိုင်ရေးအတွက် စားနေရသောကြောင့် ကြာရှည်တွင် ကျမ်းမာရေးထိခိုက်မှု သိသာလာကြောင်း မချမ်းဘောဒေသခံ ဒေါ်ဂေနာ က KNG ကချင်သတင်းဌာသို့ ပြောသည်။

ကေအိုင်အို ထိန်းချုပ်သောဒေသရှိ ဒုက္ခသည် စခန်းများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိမှု နည်းပါး

(Eleven Media Group)

ကေအိုင်အို ထိန်းချုပ်ဒေသရှိ ဒုက္ခသည် စခန်းများနှင့် နယ်ခြားဒေသရှိ စခန်းများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိမှု နည်းပါးနေကြောင်း (၂၀၁၃-၂၀၁၅) ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းလုပ်ငန်းစဉ် ထုတ်ပြန်ချက်အရ သိရသည်။

သမ္မတလိုလားချက် တိုင်းရင်းများ ဖြည့်သင့်သလို တိုင်းရင်းလိုလားချက်လည်း သမ္မတမှ ဖြည့်ဆည်းသင့်

(ရွှေဟင်္သာသတင်းဌာန)



ဇူလိုင်လ အကုန်ပိုင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ တစ်ရပ် ကျင်းပရန် သမ္မတ ဦးသိန်းစိန်၏ အစီအစဉ်သည် ရွှေ့ဆိုင်းရမည့် အခြေအနေ ဖြစ်နေကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုပါသည်။

ညှိနှိုင်း ဆောင်ရွက် နေတဲ့ လက်ရှိ အနေ အထားများအရ ကတော့ အနည်းငယ် နောက်ကို ရွှေ့ရမယ့် သဘောပါပဲ၊ အပြောင်းအလဲ ကတော့ အခုချိန်ထိ ဘာမှမရှိဘူး၊ သို့ပေမယ့် ဆောင်ရွက်ဖို့ ကိစ္စ ကိုတော့ တိုင်းရင်းသား အဖွဲ့တွေ နဲ့ ဦးအောင်မင်းတို့ ညှိနှိုင်းနေဆဲလို့ ကျွှန်တော် နားလည်တယ်၊ ဒါကြောင့် အချိန် အနည်းငယ် နောက်ကို ရွှေ့ဆိုင်း တာကလွဲလို့ ဒီအတိုင်းပဲ ဆက်ဆောင်ရွက် မယ်လို့ နားလည်တယ်ဟု ဆိုပါသည်။

ဒေါက်တာဆိတ်ဖွားပြောတဲ့ ဥပဒေ အထက်က လူတွေကိုတွေ့ပြီ

(Jinghpawkasa)

ဒေါက်တာ ဆိတ်ဖွား ရှာပုံတော်လည်း အိယောင်ဝါး နဲ့ပြီးသွားပါပြီ၊ လွတ်တော်မှာ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ ကော်မရှင် တွေ့ဖွဲ့၊ ချုံပုတ်ထဲက လက်သီးထောင်ပြ ကြတဲ့သူရဲကောင်း တွေလည်း ယုန်နှာစေး နည်းနဲ့ပါစပ်ပိတ်သွားကြပါပြီ၊ ဘယ်သူတွေက ဥပဒေ အထက်ကလူ တွေမှန်း ပေါ်နေပြီပဲ။ ဗိုလ်သိန်းစိန်တို့၊ ဗိုလ်အောင်မင်းတို့ အဖွဲ့ပဲပေါ့။

ကြည့်ကြပါကုန်၊ မြစ်ကြီးနား၊ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှ ဦးဘရန်ရှောင်ကို KIA ဟုစွပ်စွဲပြီး စ.ရ.ဖနဲ့ ရဲများက ၁၇၊ ၆၊ ၂၀၁၂ နေ့ညမှာ ဖမ်းဆီးသွားတယ်၊ လူစိတ်မရှိတဲ့ စ.ရ.ဖ လုပ်ထုံး လုပ်နည်းအတိုင်း ကြားပင်မကြားဝံ့သော နှိပ်စက်မှုမျိုးစုံနဲ့ ညှင်းပန်းခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တကယ်ပါဝင်ခွင့်ရပြီလား

(DVB)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေထဲမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီချင်ပါ တယ်ဆိုပြီး တကြိမ်မက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလို ပါဝင် ကူညီဖို့ဆိုတာဟာ သက်ဆိုင်သူတွေ ဖိတ်ခေါ်မှုရှိမှ ဖြစ်မှာပါလို့လည်း ရှင်းပြခဲ့ပါတယ်။ ခုဆိုရင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ် လက်မှတ်ထိုးတာနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာ ကာလ အတန်ကြာပါပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြည်သူလူထုကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဆန္ဒရှိကြပေမယ့် တကယ့် ကာယကံရှင်တွေဆီက ဖိတ်ခေါ်တာမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုနှင့် စဉ်းစားဖွယ်အချက်များ

(Mizzima)

ဇူလိုင်လ ၂၃ ရက်တွင် အကျဉ်းသား ၇၃ ဦး လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ပါဝင်လာခဲ့သည်။ ဝမ်းသာဖွယ်ပင် ဖြစ်သည်။ သို့သော် ထိုနေ့တွင်ပင် တောင်ကြီးမြို့ ထင်းရှူးမြိုင်ဆရာတော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်းက စဉ်းစားဖွယ်ကိစ္စတစ်ခု ဖြစ်လာသည်။

အလားတူပင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာကိုဖမ်းဆီး ကာ တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။ ဒေါ်ဘောက်ဂျာ၏ အမှုမှာ ရုပ်သိမ်းလွှာတင်ပြီး ဖြစ်သည်ဟု ရှေ့နေက ဆိုထားသည်။ သူ၏အမှုသည် သုံးနှစ်ကျော်ကြာပြီးမှ ပြန်လည် ထွက်ပေါ်လာခဲ့သည့်အမှုလည်း ဖြစ်သည်။

ကချင်နဲ့ ရှမ်း လူသားချင်းစာနာမှု ရန်ပုံငွေ ဒေါ်လာသန်း ၇၀ လို

(VOA)

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP ၁ သိန်းလောက်အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် လိုအပ်နေတယ်လို့ ပြည်တွင်းအခြေစိုက် အကူအညီပေးအဖွဲ့တွေက ပြောလိုက်ပါတယ်။ နှစ်နှစ်ကျော်ကြာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အကူအညီတွေကို ခုချိန်ထိ အခိုင်အမာ မပေးနိုင်သေးဘဲ ရေတို အကူအညီတွေကိုပဲ ပေးနိုင်သေးတယ်လို့လည်း ပြောပါတယ်။ အဲဒီဒေသတွေက စစ်ရှောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့ခုနစ်ဖွဲ့ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ ရှင်းလင်း ပွဲအတွင်း ပြောဆိုခဲ့တာတွေကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
 

Wednesday, July 24, 2013

ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော် ၂၀၁၃ Megsaysay ဆုချီးမြှင့်ခံရ

(VOA)

မြန်မာနိုင်ငံ အတွင်း ပဋိပက္ခတွေ ဖြစ်နေ တဲ့ ဒေသတွေမှာ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ ကချင်တိုင်းရင်းသူ လဖိုင်စိုင်းရော်ကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် Megsaysay ဆုကို ချီးမြင့်လိုက်ပါတယ်။ ဒီဆုဟာ အာရှတိုက်အတွင်း အတုယူ အားကျဖွယ် ကောင်းလောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရာမှာ  ခေါင်းဆောင်မှုကို ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
 

၂၀၁၃ မဂ်ဆေးဆေးဆု ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရ်ာလည်း ရရှိ

(jade land)

ဖိလစ်ပိုင် သမ္မတ ရာမွန် မဂ်ဆေးဆေးကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ချီးမြှင့်သော Ramon Magsaysay Award ၆ ဆုအနက် ယခုနှစ်တွင် တဆုကို မြန်မာနိုင်ငံရှိ Metta Development Foundation မှ ဒေါ်လဖိုင် ဆိုင်းရ်ာက ရရှိကြောင်း သိရသည်။

ဒေါ်လဖိုင် ဆိုင်းရော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မဂ်ဆေးဆေး ဆုချီးမြှင့်ရေးအဖွဲ့က “လူမျိုးရေး ခွဲခြားမှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေသည့် စစ်မက်ဇုန်တွင် တည်ငြိမ်စွာ ထူးကဲသည့် ဦးဆောင်ပေးမှုများကြောင့်” ဟု အကဲဖြတ် သုံးသပ်ခဲ့ကြောင်း သိရသည်။

လူထုပါဝင်ဖွဲ့စည်းထားတဲ့ KIO ရဲ့အကြံပေး အဖွဲ့ကို ကချင်လူမှုအဖွဲ့အစည်း များ၏ အမြင်နှင့် မျှော်လင့်ချက်

(ကချင်သတင်းဌာန)

အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ကြား စစ်ရေးတင်းမာမှု ပဋိပက္ခများ နှစ်ဖက် အရှိန်ဖြေလျှော့ဖို့ရန်နှင့် အဓွန့်ရှည် တည် တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖက်ကို အမြန် ဆုံးဖော်ဆောင်နိုင်ရန် ကချင် လူထုပါဝင် သည့် ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အကြံပေး အဖွဲ့ Technical Advisory Team ရုံးကို ဇူလိုင် ၂၃ ယမန်နေ့ တရားဝင် ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။
အဆိုပါ Technical Advisory Team အပေါ် ကချင်လူမှုအဖွဲ့အစည်းများအမြင်ဘယ်လိုရှိပါလဲ? ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အခန်းကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင်အဖွဲ့အစည်း (၃) ဖွဲ့နဲ့ သူတို့ရဲ့ အမြင်သဘောထားတွေကို KNG ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။

တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄)နယ်မြေ မန်တုံမြို့နယ် ဘန်ကန်း (Bang Kang)နှင့် မန်ဆာ (Mansar) ကြားရှိ ဆိုင်းခေါ်ဘွမ်တွင် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N)၊ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH)၊ KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် ခြေမြန်တပ် ခမရ (၅၀၄) တို့ ယမန်နေ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၈) နယ်မြေသို့ အစိုးရတပ်ဘက်မှ အင်အား ၇၀ ကျော် လှုပ်ရှားလာခြင်းကြောင့် KIA ဘက်မှ စတင် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒေသခံတောင်သူနှင့် (L.G.M) ကုမ္မဏီ နှစ်ရှည် ပင်စိုက်ခင်း အငြင်းပွားမှု

(Jinghpawkasa)

၂၀၁၃ ဇွန်လိုင်လ (၁၈) ကြာသာပသေး ညနေပိုင်း ၂း၄၅ နာရီ အချိန် ကချင်ပြည်နယ် နန်းကွေ့ ကျေး ရွှာ နှင့် နောင်း ပုံရွာ ဒေသခံ ပြည်သူများလုပ်ကိုင် စားသောက်နေသော အရှေ့ဘက် နန်းကွေ့ချောင်း မြောက်ဘက် မနော့တောင် အနောက်ဘက် ပျဉ်ထောင်တောင် အရှေ့ဘက် သံလမ်း ပျဉ်ထောင် ပယ်ဖျက်တောင်ကို (L.G.M) ကုမ္မဏီပိုင်သော ဦးယိန်းချန်းသည် ထိုမြေလွတ် မြေရိုင်းကို နှစ်ရှည်ပင်စိုက်ရန် (၁၉၆၇-၆၈ ခုနှစ်)  တွင် ဦးပိုင်ပေါက် ဖြစ်ကြောင်း တပ်မတော်အရာရှိ ကြီးများမှတဆင့် ၀ယ်ယူထားကြောင်းသိရှိ ရသည်။

ကေအိုင်အို လွတ်လပ်ရေး တောင်းခံမှု တရုတ်လက်မခံ

(DVB)

မြန်မာ အစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေ တဲ့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ရဲ့ လွတ် လပ်ရေးရဖို့ တောင်းခံမှုကို တရုတ် နိုင်ငံ အနေနဲ့ လုံးဝ မထောက်ခံကြောင်း မြန်မာ နိုင်ငံကို ရောက်နေ တဲ့ တရုတ် ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Fan Changlong က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်တယ်လို့ ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာက ဖော်ပြပါတယ်။

အပစ်ရပ်ရေးထက် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ KIA တောင်းဆို

(VOA)

ကချင်လွတ် လပ်ရေး အဖွဲ့ KIO က မူလတောင်း ဆိုချက်အတိုင်း အပစ်အခတ် ရပ်စဲရေး ထက် နိုင်ငံရေး ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးက ပိုအရေးကြီးကြောင်း အဆိုကို ဒီကနေ့ နည်းပညာအကြံပေးအဖွဲ့ (Technical Team) ရုံးဖွင့်ပွဲ အခမ်းအနားမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။ အစိုးရဘက်ကတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပဖို့ အစီအစဉ်ရှိကြောင်းကို ထည့်သွင်းပြောခဲ့ပြီး Technical Teamတွေကို စနစ်တကျ ဖွဲ့စည်းပြီးတဲ့နောက် နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လွယ်ကူ မြန်ဆန်လာမှာဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။
 

ရှမ်းပြည် မြောက်ပိုင်းတွင် အစိုးရတပ်များနှင့် တိုင်းရင်းသားတပ်များ တိုက်ပွဲဖြစ်ကာ ဆက်လက် တင်းမာနေဆဲဟုဆို

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၄ နယ်မြေများနှင့် ပလောင် (တအာင်း) လွတ်မြောက်ရေးတပ် (TNLA) တို့ အခြေစိုက်ရာ စခန်းများသို့ အစိုးရ စစ်ကြောင်းများ လှုပ်ရှား
လာ၍ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုထိ တင်းမာမှုများ ရှိနေသည်ဟု KIO နှင့် TNLA တို့က ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက KIA တပ်ရင်း ၃၆ ၏ မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်)မြို့ ဖိုင်းကောင်းတွင် အင်အား ၁၀၀ ကျော်ရှိ အစိုးရ၏ ခလရ ၁၂၃ တပ်ဖွဲ့များ ချဉ်းကပ် လှုပ်ရှားလာ၍ တနာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး
နောက် အစိုးရဘက်မှ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း ယနေ့ထိ နှစ်ဖက် နီးကပ်စွာရှိနေသည်ဟု KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက မဇ္စျိမကို ပြောသည်။

တပြည်လုံး အတိုင်းအတာ ဆောင်သော တိုင်းရင်းညီလာခံ ဖြစ်မြောက်ရေး UNFC ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)


တပြည်လုံး အတိုင်း အတာဆောင်သော တိုင်းရင်း ညီလာခံ တရပ်ကို ဇူလိုင်၂၈မှ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံ တနေရာတွင် ရည်ရွယ်ချက်()ချက်ဖြင့် ကျင်းပရန် ရှိကြောင်းပြောရေး ဆိုခွင့်ရှိသူ UNFC တွဲဖက် အတွင်းရေးမှူး () ပဒိုမန်းမန်းကဆိုပါသည်။ 

ပြည်တွင်းကရော နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသား ပါတီတွေ ကိုရော ဖိတ်ခေါ်ထား ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ  အားလုံး ပါဝင်လာ နိုင်အောင်တော့ကြိုးစား လုပ်ဆောင်နေပါတယ်။ ကိုယ်စား လှယ်ပေါင်း (၁၅၀)လောက် ဖိတ်ခေါ်ထား ပါတယ်။ ကျင်းပတဲ့နေရာကတော့ဆွေးနွေးချိန်နီးလာမှသတ်မှတ်မှာပါ။ CBO တွေလည်းဖိတ်ထားတယ်အချိုးကျပေါ့ဟုဆိုပါသည်။

ဦးလထော်ဘရန်ရှောင်နှင့် တွေ့ဆုံခြင်း

(The Voice Weekly)

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်း ကျနေသော နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို ယနေ့ (ဇူလိုင် ၂၃ရက်) လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် လွန်ခဲ့သည့် ငါးရက်က ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရသော ဦးလထော်ဘရန်ရှောင်လည်း လွတ်မြောက်သူများတွင် ပါဝင်လာခဲ့သည်။ ကေအိုင်အေ အရာရှိ ဟူသော စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇/၁ အရ အမိန့်ချလိုက်ပြီး ပြန်လည် လွတ်မြောက်လာသူ ဦးလထော်ဘရန်ရှောင်ကို The Voice က ဆက်သွယ်မေးမြန်း ခဲ့ရာတွင် ၄င်းမှာ ဗမာစကားကျွမ်းကျင်မှု အားနည်းသည့် အတွက် ဇနီးဖြစ်သူ ဒေါ်ဇေညွယ်က ဘာသာပြန် ပြောဆို ပေးခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : ဦးဘရန်ရှောင်အနေနဲ့ ဒီနေ့ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ ခင်ဗျ။

KIA ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ်များ ဆက်လက် တင်းမာနေ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅)ကြား ယမန်နေ့က ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်၍ တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲချိန်မှ ၅ နာရီခွဲထိ အင်အား ၁၀၀ ကျော်ရှိသော အစိုးရတပ်နှင့် MHH တပ်ခွဲ (၅) တို့ ခလဲန်ရွာ (Hka Len) တွင် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ခလဲန်ရွာကုန်းမှ လက်နက်ကြီး (၈၁ မမ နှင့် ၆၀ မမ) နှင့် စက်လက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်ခွဲ (၅) မှ သိရသည်။

TNLA နှင့် အစိုးရ တပ်ဖွဲ့ ရင်ဆိုင် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ ခမရ (၅၀၆) တပ်ဖွဲ့တို့ ယမာန်နေ့ ညနေ (၅) နာရီခွဲတွင် တနာရီခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်းTNLA ၏ ပြောရေး ဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ဖြစ်တာက မန်တုံ မြို့နယ် ပန်ကန် ကျေးရွာ အနီးမှာ ဖြစ်တာပါ။ ကျနော်တို့ (၁၀၁) တပ်ရင်း အဖွဲ့နဲ့ ဖြစ်တယ်။ သူတို့က အင်အား (၁၀၀) ကျော်မယ်။ ကျနော်တို့ စခန်းကို တိုက်ဖို့ တက်လာတာကို ကြိုသိ ထားတော့ သွားစောင့် နေလိုက် ပါတယ်။ သူတို့ တက်လာတဲ့ လမ်းကြောင်း တွေမှာပေါ့။ သေသေချာချာ နေရာ ယူပြီး တနာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက်တော့ အထိနာပြီး ပြန်ဆုတ် သွားပါတယ်” ဟု ဆိုပါသည်။  

ဝ တပ်ဖွဲ့သွားလာလှုပ်ရှားမှု အစိုးရတပ်စောင့်ကြည့်ထိန်းချုပ်နေဆဲ

 

ကျိုင်းတုံတွေ့ ဆုံမှုမှ ဝ နှင့် အစိုးရ တပ်တို့ တောင် ပိုင်းစစ်ရေး တင်းမာနေမှု နှစ်ဘက် သဘောတူ လျှော့ချမှုများ ရှိခဲ့သော်လည်း ဝ အပေါ် ထားရှိ သည့် သဘောထားနှင့် စစ်ရေးနည်း ဗျူဟာ လျှော့ချခြင်းမရှိသေး ဘူးဟု နီးစပ် သည့် အသိုင်းအဝိုင်း ကပြောပါသည်။

“တောင်ပိုင်း ဝ တပ်ဖွဲ့ သွားလာမှုကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ရှိနေတုန်း၊ အဓိက ကတော့ ဝ ကားတွေ လူ သူလက်နက်တွေ အင်အားဘယ်လောက်၊ ဘယ်ဘက်ကိုသွား၊ ဘယ်နှစ်ရက် ကြာ ဘာတွေသွား လုပ်တယ်ဆိုတာ အဓိကထားစောင့်ကြည့်ခိုင်းတုန်း၊ ထူးရင်နေ့တိုင်း၊ သိပ်မထူးရင် တပတ်တခါ အထက်ကို မပျက်မကွက် တင်ပြဖို့ ညွှန်ကြားမှုရှိနေတုန်းဘဲ” ဟု တောင်ပိုင်း ၀ ၊  အစိုးရတပ် စစ်ဗျူဟာမှူးတို့နှင့် ရင်းနှီးသည့် နယ်ခြား စောင့် တပ်ဖွဲ့ အရာရှိတဦးကပြောပါသည်။

ဒေါ်ဘောက်ဂျာ အမှု ရုံးချိန်း ထပ်ပေးလိုက်၊ အာမခံ မလျှောက်သေး

(Mizzima)

အမျိုးသားဒိမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ပထမဆုံး
အကြိမ် ရုံးချိန်းတွင် အမှုတွဲများကိုသာ ဖတ်ပြပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု ဖားကန့်မြို့နယ် NDF ဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။

လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထား
သည့် အမှုကို ယနေ့ ဖားကန့်မြို့နယ်တရားသူကြီးက ဖတ်ပြ၍ ထိုသို့ ရုံးချိန်းပေးလိုက်ခြင်း ဖြစ်သည်။

ရည်မှန်းရာ ပန်းတိုင် လျှောက်လှမ်းကြရာဝယ်

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ အရေး အတွက် သော်လည်းကောင်း ၊အမျိုးသားရေး အတွက် သော် လည်းကောင်း မွေးရာပါ ကိုယ်ပိုင် အခွင့်အရေး ရှိနှင့်နေပြီးသား တိုင်းရင်းသား များအား စည်းရုံး ရာတွင် အဓိက အခန်း ကဏ္ဍနေရာ ၌ တက်ကြွ စွာ ဦးဆောင် လှုပ် ရှားနေသော မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် အစ ရှိသော တိုင်းရင်း ဖွား မြန်မာပြည် သူ ပြည်သားများ သည် ဦးစွာ စေတနာ အရင်းခံ ရိုးသားဖို့ အထူး လိုအပ် လှပါသည်။ အထူးသဖြင့် အပြုသဘော အပြောအဆိုပါပဲ။ 

အကန်းတို့၏ “ရွာ” အပိုင်း (၃) နိဂုံးပိုင်း

 (Minmaha bagan fb page)

အကန်းတို့ရွာ ဟု အများက ကင်ပွန်းတပ်ထာသော ကျနော်တို့ရွာ၏ အုပ်ချုပ်သူ အကန်းကြီးများက မည်မျှ လူရည်လည်သည်ကိုမပြောနှင့် ကျနော်တို့ရွာတွင်ရှိသော အဖိုးတန်ကျောက်မျက်ရတနာများအား မည်သို့ တူးဖေါ်ကြရမည်ကို မသိသောကြောင့် ရွာ၏ မြောက်ဘက်ဒေါင့်တွင် ရှိသော ချီးနားရွာမှ လာရောက်ကာ စက်ကြီးစက်ငယ် ပေါင်းမြောက်များစွာဖြင့် တူးဖေါ်ယူဆောင်သွားပြီး ကျနော်တို့အား ဒန်အိုးဒန်ခွက်နှင့် ခလေးကစားစရာ အရုပ်များ ပြန်လည် ပို့ဆောင်ပေးကြသည်။

Tuesday, July 23, 2013

လွတ်ငြိမ်းချမ်းသာခွင့်ထဲ တိုင်းရင်းသားအများစုပါဝင်

(VOA)

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆၈ ယောက်ကို အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးလိုက်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်တယ်လို့ စွပ်စွဲပြီး အကျဉ်းချခံထားရသူ အများစု ပါလာတာကြောင့် ဒါဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် ပိုကောင်းလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
 

တပြည်လုံးအပစ်ရပ်ရေးတွင် အစိုးရနှင့်တပ်မတော်ကိုယ်တိုင်ပါ လက်မှတ်ရေးထိုးသင့် UNFC ထောက်ပြ



တပြည်လုံးအပစ်ရပ်စဲရေး အစိုးရမှကြေငြာပါက အစိုးရနှင့်တပ်မတော်ကိုယ်တိုင်ပါ အပစ်ရပ်ရေး လက်မှတ်ရေး ထိုးရမည်ဖြစ်ကြောင်း UNFC ဒု- အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုပါသည်။

တပြည်လုံးအပစ်ရပ်ရေးတွေ့ဆုံကာ လက်မှတ်ရေးထိုးမည်ဆိုပါက အစိုးရနှင့် တပ်မတော်ကပါ လက်မှတ်ရေး ထိုးရမည်ဖြစ်ကြောင်း ၊ လက်မှတ်ရေးထိုးရာတွင်လည်း သမ္မတကြီး ညွှန်ကြားထား သည့်အချက် ၅ ချက်အပြင် တပြည်လုံး အစစ်အမှန်အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရေးတို့ကိုပါထည့်သွင်းရမည်ဖြစ်ကြောင်း ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်အားပြောပြသည်။

KIO သည် Technical Team ရုံး ဖွင့်နိုင်သော်လည်း Team ဖွဲ့ရန် အခက်တွေ့နေဆဲ

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO သည်  အစိုးရနှင့် ဆွေးနွေးရမည့် အရေး ကိစ္စများကို ကြားခံ ဆောင်ရွက် ပေးသော  နည်းပညာ အထောက်အကူပြု (Technical Team)  အဖွဲ့ကို ၄င်းတို့ ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသေးကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်းခွန်ဂျာက ဆိုပါသည်။ 

“KIO Technical Team ရုံးကိုတော့ ဒီနေ့ဖွင့်ပေးနိုင်ခဲ့ပေမဲ့ အဖွဲ့ကိုတော့ ဖွဲ့စည်းပေးနိုင်တမရှိသေးဘူး။ အခက် အခဲ ကတော့ ပါဝင်ပေးမဲ့ ပညာရှင်တွေ ဘက်က ရှာရတာ နည်းနည်း အခက် အခဲ ဖြစ်နေတယ်။ ဒီလကုန်ပိုင်းလောက်မှ ဖွဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ အဲဒီ အတွက်ကြောင့် ရုံးကိုတော့ သြဂုတ်လ ဆန်းပိုင်းမှ ထိုင်ဖြစ်မှာပါဟု လမိုင်းခွန်ဂျာက ဆိုပါသည်။

ငြိမ်းချမ်းရေးစင်တာ ဒေါ်အောင်ဆန်းစုကြည် လာပြီးနောက်

(ဧရာဝတီ)


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို များမကြာမီ ကြေညာနိုင်ရန် လုပ်ဆောင်နေသည်ဟု လတ်တလော ပြီးဆုံးခဲ့သည့် ဥရောပခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ကြေညာအပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ပါဝင်သောအဖွဲ့က ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာသို့ သွားရောက်လည်ပတ်ခဲ့ခြင်းက နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား စိတ်ဝင်စားစရာဖြစ်ခဲ့ရသည်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာသော ဦးဘရန်ရှောင် အား ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် စခန်းသို့ ပို့ပေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၂၃ ယနေ့ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

“နိုင်ငံတော်သမ္မတအနေနဲ့ ၁၇ (၁) နဲ့တရားစွဲထားတဲ့တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာပေါ့။ ကျနော်သိသလောက်က မြစ်ကြီးနားက ၁၃ ယောက်ဟုတ်တယ်။ အဲဒီမှာ ဦးလထောင်ဘရန်ရှောင်ကိုတော့ ဦးအောင်မင်း သူကိုယ်တိုင်ခေါ်လာပြီး ဒုက္ခသည်စခန်းမှာ လာပို့ပေးတာဟုတ်တယ်။ ညနေပိုင်း ၁ နာရီခွဲမှာ ဂျန်မိုင်ကောင်းဒုက္ခသည် စခန်းမှာ ရောက်လာတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။
ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သောကြောင့် အလွန်ဝမ်းမြောက်ဝမ်းသာကြောင်း ဦးဘရန်ရှောင်က KNG ကချင်သတင်းဌာန သို့ပြောသည်။

သမ္မတ ကတိအတိုင်း နိုင်/ကျဉ်းများကို စလွှတ်ပေးပြီ

(ဧရာဝတီ)

ယခုနှစ်ကုန် တွင် နိုင်ငံရေးအကျဉ်းသား (နိုင်/ ကျဉ်း) များ တယောက် မကျန် ပြန်လွှတ်ပေး မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း ကတိပေးပြောဆိုခဲ့ သကဲ့သို့ ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ အဖမ်းခံ ခဲ့ရသည့် ဦးဘရန်ရှောင် အပါအဝင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ နိုင်/ ကျဉ်း များကို ယနေ့တွင် စတင် ပြန်လွှတ် ပေးခဲ့သည်။

ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ် တရားရုံးက မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး တပတ်အတွင်း မိသားစုဝင်များထံ အရောက် ပြန်ပို့ပေးမည်ဟု ပြောဆိုခဲ့သည့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ ကတိအတိုင်း ပြန်ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်များနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

(ကချင်သတင်းဌာန)

ယနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ တွင် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO/KIA) ၏ ငြိမ်း ချမ်းရေးဖော်ဆောင်ရေး နည်းပညာ အကြံပေး အဖွဲ့ Technical Advisory Team ရုံး ဖွင့်ပွဲ အခမ်းအနားပြု လုပ်နေချိန် ရှမ်းပြည်နယ်မြောက် ပိုင်း KIA တပ်မဟာ (၄)နယ်မြေတွင်မူ အစိုးရ တပ်နှင့် KIA တပ်ဖွဲ့များ ယခုသတင်းရေးသား ချိန်ထိ တိုက်ပွဲဖြစ်ပွားနေ သည်။

KIA တပ်မ ဟာ (၄) မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူဂုတ်) မြို့ ဖိုင်းကောင်း (Hpai Kawng) တွင် အစိုးရ တပ်ဖက်မှ ယနေ့နံနက်မှ စစ်ရေးလှုပ်ရှား လာခြင်းကြောင့် စောင့်ကြည့်နေချိန် မိုင်းဖောက်ပြီးနောက် ယခု နှစ်ဖက် အပြန် အလှန် ပစ်ခတ် တိုက်ခိုက်နေသည်ဟု KNG ကချင်သတင်း ဌာနမှ ဆက်သွယ်ခဲ့ရာ မအားမလပ် လုံခြုံရေးယူနေရာမှ KIA ပြည် သူ့စစ် (MHH) တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်း ယခုလိုပြောသည်။

KIO ၏ ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ Technical Advisory Team ရုံး ကို မြစ်ကြီးနားတွင် တရားဝင်ဖွင့်လှစ်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ငြိမ်းရေးဖော်ဆောင်ရေး နည်းပညာအကြံပေးအဖွဲ့ Technical Advisory Team ရုံးကို ဇူလိုင်လ ၂၃ ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ KIO ဆက်ဆံရေးရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးအင်ရှန်ဆန့်အောင် (Salang Nshang San Awng) ပြောသည်။

“ဒီမနက် ၇ နာရီမှာဆုတောင်းပွဲလုပ်တယ်၊ ၉ နာရီခွဲမှာ ဖဲကြိုးညှပ်ပြီး ဆိုင်းဘုတ်ဖွင့်တယ်၊ ၁၀ နာရီကနေ ၁၁ နာရီထိတော့ မဂျွယ်ခန်းမဆောင်မှာ အခမ်းအနားလုပ်တယ်၊ အဲဒီမှာ ဆရာကဘား ဆွမ်လွတ်ဂမ်၊ ဦးအောင်မင်းနဲ့ ၀န်ကြီးချုပ်တို့က မိန့်ခွန်းပြောတယ်၊ ဒီည ညစာစားပွဲရှိသေးတယ်” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။

ပူတာအိုမြို့ တွင်လေယာဉ်ကွင်းတိုးချဲ့ မှုတွင် ဒေသခံတစ်ချို့ ၏ အိမ်ယာများ ပါဝင်။

(Kachinwaves)

သော်တာဝင်း ကုမ္မဏီမှ ကန်ထရိုက် ယူကာ ပူတာအိုလေ ယာဉ်ကွင်း တိုးချဲ့ ဆောက် လုပ်မှု တွင် ပူတာအိုမြို့ ၊ လေယာဉ် ကွင်း ရပ်ကွက် ရှိ ဒေသခံအချို့  ၏ အိမ်ယာ (၂၀)ကျော် ခန့် ပြောင်းရွေ့ခံ ရမည် ဖြစ်ကြောင်း ဒေသ ခံ များက ပြောသည်။

ပြောင်းရွေ့ခံရ မည့် ဒေသခံ တစ်ဦး ဖြစ် သည့် ဦးအားဖုန် က “ပြည်သူတွေ ရဲ့ ကျေနပ် တဲ့ အတိုင်း အတာထိ လုပ်ပေး မယ်ဆိုရင် ရတယ်” ဟုပြော သည်။မြေနေ ရာချ ထားမှု တွင် ယခုပြောင်းရွေ့နေ ရမည့် နေရာ မှာ ယခုလက်ရှိနေ ထိုင်နေသည့် ရပ်ကွက်တွင် သာ ပြန်လည်နေ ရာချထားပေးစေ လိုကြောင်းပြောသည်။

ဦးလထော်ဘရန်ရှောင်ကို ယနေ့လွတ်မည်ဟု ၀န်ကြီးဦးအောင်မင်းပြော

(Kachinwaves)

ဝန်ကြီးဦးအောင်မင်းက မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် ဦးလထော်ဘရန်ရှောင်ကို ယနေ့ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်ပေးမည် ဖြစ်ကြောင်းပြောသည်။

မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးခံရသည့် သူများ အပြင်၊ နိုင်ငံရေးအကျဉ်းသား (၆၀)ခန့်ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လွတ်ပေး မည် ဖြစ်ကြောင်း လည်း သိရသည်။ မြစ်ကြီးနား အကျဉ်းထောင်မှ ၄င်းနေထိုင်ရာ ဂျန်မိုင်ကောင်နှစ်ခြင်း စစ်ရှောင်စခန်းသို့ ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် ပို့မည် ဖြစ်ကြောင်းလည်းသိရသည်။

မြစ်ကြီးနား KIO Technical Advisory Team ရုံး ဖွင့်ပွဲ ကျင်းပ (ဓါတ်ပုံ)

(ကချင်သတင်းဌာန)

 ဇူလိုင် ၂၃၊ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား KIO Technical Advisory Team ရုံး ဖွင့်ပွဲကို ၇ နာရီနှင့် ၁၂ ကြား ပြုလုပ်ခဲ့သည်။

 ဓာတ်ပုံများကြည့်ရန်

အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ရုံး ယနေ့ဖွင့်ပြီ

(Mizzima)

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical team ၏ ရုံးခန်းကို မနောကွင်းရှိ မဂျွယ်မနော်ခန်းမဆောင်တွင် ယနေ့ဖွင့်လှစ်မည်ဖြစ်သည်။

“ဘာသာရေးအရ ဆုတောင်းဝတ်ပြုမှု ပြုလုပ်မယ်။ ၉ နာရီခွဲမှာ Technical team အမည်ပေးထားတဲ့ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပမယ်။ ၁၀ နာရီတွင် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ စည်းဝေးလုပ်မယ်။ စည်းဝေးပွဲက ဖွင့်ပွဲ
သက်သက်ပါ”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့တွင် KIA ဆက်ဆံရေးရုံး ဖွင့်ပွဲနှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာကော်မတီမှ သဘောထားကြေငြာချက် ထုတ်ပြန်

http://8888newgenerations.blogspot.ca/2013/07/kia_23.html#.Ue4eGCL5Fg0.facebook

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၃၊၇၊၂၀၁၃)ရက်နေ့တွင် KIA ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရော...က်ရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာ ရပ်မိရပ်ဖများအား ဖိတ်ကြားထားရာ ယင်းရုံးဖွင့်ပွဲသို့ တက်ရောက်ရန် သင့်မသင့်နှင့် ပက်သက်၍ (၂၁၊၇၊၂၀၁၃) ရက်နေ့က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ ရေးရာကော်မတီမှ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဟိုပင်မြို့ရဲစခန်းရဲ့ လက်သံပြောင်ချက်

(ဧရာဝတီ)

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ခိုက်ရန် ဖြစ်ပွားခဲ့သည့် လူငယ် တစ်ဦးကို ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးခဲ့သဖြင့် ထိုလူငယ်မှာ ဒဏ်ရာအကြီးအကျယ် ရပြီး ကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။

ဟိုပင်နှင့် များစွာ ဝေးကွာခြင်း မရှိသည့်  မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ကေအိုင်အို ဌာနချုပ်ရှိ ကူမင်းအမျိုးသားကောလိပ်၏ ပထမဆုံးနှစ်သင်တန်း ဩဂုတ်တွင် ဖွင့်ပြီ

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ တရုတ်နိုင်ငံ ကူမင်းအမျိုးသားကောလိပ်၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပထမဆုံးအတန်းကို ဩဂုတ်လ ၂၅ ရက်တွင် ကျောင်းသားစတင်လက်ခံကာ စတင်သင်ကြား
ပေးတော့မည်ဟု KIO ဗဟိုပညာရေးဌာနက သတင်းထုတ်ပြန်သည်။

လိုင်ဇာရှိ ကူမင်းအမျိုးသားကောလိပ်သည် တရုတ်နိုင်ငံ ကူမင်းအမျိုးသားတက္ကသိုလ်၏ ဌာနခွဲတစ်ခုအဖြစ် ၂၀ဝ၇၊ ၂၀ဝ၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဟု KIO ပညာရေးဌာန အတွင်းရေးမှူး ဆရာရော်ဆော်က မဇ္ဈိမကို ပြောသည်။

NDF ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှုဖြင့် တရားစွဲမှု ယနေ့ စစ်ဆေးမည်

(Mizzima)

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

တိုင်းရင်းသားများ လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရန်အတွက် တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတစ်ခု ကျင်းပရန် တောင်းဆို

(Eleven Media Group)

တိုင်းရင်းသားအားလုံး လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရန် အတွက် တိုင်းရင်းသားများ ပါဝင်သည့် အမျိုးသား ညီလာခံတစ်ခုကို ကျင်းပပေးစေလိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား သက်ကြီးဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုပွဲ အခမ်းအနားတွင် ပြောကြားသည်။

Monday, July 22, 2013

၈၈ မျိုးဆက်၊ ဧရာဝတီမြစ်ဆုံ၊ တရုတ် CPI ကုမ္ပဏီ

(ဧရာဝတီ)

တရုပ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ China Power Investment – CPI က ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ဦးကိုကိုကြီးနဲ့ ဦးမြအေးတို့ကို ယမန်နေ့က ဖိတ်ခေါ်ပြီး ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ပြန်စချင် လို့ ဆွေးနွေးမှု တခုလုပ်ခဲ့ပါတယ်။

CPI ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ ဦးမြအေးတို့ဟာ ရန်ကုန်မြို့၊ မြရိပ်ညို ဟိုတယ် ကို မနေ့က မနက် ၁၀ နာရီက သွားခဲ့ကြပြီး CPI YN ဥက္ကဋ္ဌဖြစ်တဲ့ Mr. Li Guanghua ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေး ခဲ့ကြတာပါ။ 

KIA တပ်ရင်း (၈) နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ် တပ်ရင်း ၈ ဒေသတွင် အစိုးရ တပ်များ လှုပ်ရှား လာသောကြောင့် ဇူလိုင်လ ၁၈ ရက် ကြာသ ပတေးနေ့ နံနက်တွင် နှစ်ဖက် တပ်မှ တွေ့ဆုံ ပစ်ခတ် တိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။

၎င်းအစိုးရတပ် များ သည် နမ္မတူမြို့နယ် မုန်းမောဘက်မှ လှုပ်ရှားလာသည့် အင်အား ၇၀ ခန့်ရှိသော အစိုးရတပ်များနှင့် KIA တပ်ရင်း (၈) အောက် ပြည်သူ့စစ် (MHH) တပ်ခွဲ(၂) တပ်ဖွဲ့မှ အောင်နန်ရွာ အောက်ရှိ နားရောင်းရွာဟောင်းတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ မှ အုပ်ချုပ်ရေးအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားနေအိမ်မှ ဖားကန့်ရဲစခန်းသို့ ဖမ်းဆီးထား အမှု ၃မှုဖြင့် တရားစွဲ

(ကချင်သတင်းဌာန)

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို သက်ဆိုင်ရာက ယခုချိန် ဖားကန့်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားကာ အမှုသုံးမှုဖြင့်စွပ်စွဲထားကြောင်း ကချင်ပြည်နယ် NDF ပါတီရုံးမှ သိရသည်။

ယခင်နေ့များတွင် ဒေါ်ဘောက်ဂျာ (Labyawng Bawk Ja) အား မြစ်ကြီးနားမြို့နေအိမ်မှဖမ်းဆီးခဲ့ချိန် မည်သည့်အမှုဖြင့်ဖမ်းဆီးသွားခြင်းကို မသိရပဲ သူမရွေးကောက်ပွဲဝင်ခဲ့သည့် ဖားကန့်သို့ပြန်လည်ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှ စွပ်စွဲထားသည့်အမှုကို သိရခြင်းဖြစ်သည်ဟု ပြည်နယ်စည်းကော်မတီရဲ့အတွင်းရေးမှူး ဦးမြတ်မိုးမြင့် ကပြောသည်။

တရုတ်နယ်စပ် ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် TV ဓါတ်မှန် မရှိမဖြစ် လိုအပ်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းရှိ ဆေးရုံတွင် ကိုယ်ဝန်ဆောင်များနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများအား ကောင်းမွန်စွာ စစ်ဆေး ကုသပေးနိုင်ရန် ultrasound (TV ဓာတ်မှန်) မရှိမဖြစ် လိုအပ်နေကြောင်း သိရသည်။

အဆိုပါ ဆေးရုံတွင် စစ်ပြေးဒုက္ခသည်စခန်း ဇိုင်းအောင် (မုန်ဂါဇွပ်)၊ ဆွတ်လဲန် (Sut Len)၊ ဒဘုဘွမ် (Dabu Bum) မှတ်တိုင် အမှတ် (၈)၊ ခေါင်ဝ်ရှောင်ဝ် (Hkau Shau) မှတ်တိုင် အမှတ် ၁၂ စခန်းပေါင်း ၄ ခုမှ ကုသနေကြခြင်းဖြစ်ပြီး ယခုလက်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး၂၀၀ ကျော်ရှိနေပြီး ၄င်းတို့ကို စောင့်ရှောက်စစ်ဆေးရန် လိုအပ်နေကြောင်း ကျမ်းမာရေးတာဝန်ရှိသူများကပြောသည်။

အကန်းတို့၏ “ရွာ” (အပိုင်း ၂)

(မင်းမဟာပုဂံ FB စာမျက်နှာ)

ကျနော်တို့ ရွာ၏ ရွာသူရွာသားများသည် မျက်ကန်း မှူးကြီးတို့၏ အုပ်ချုပ်မှုအောက် တွင် မခံနိုင်ကြ သူများ ရွာက ထွက်ပြေးကြ၏၊ အချို့မှာ ရွာလွန်ရွက်တိုက်ဆိုသကဲ့သို့ပင် ရွာကိုပင် လှည့်မကြည့်ကြတော့ပါ။

သို့သော် အချို့ အကန်းမှူးကြီးတို့အား ပြန်တိုက်ရန် ရွာ၏ တောင်ဘက်၊ မြောက်ဘက်တွင်ရှိကြသော အချို့သော အကန်းများဖြင့် ပေါင်းကာ အင်းအားပြကြသည်။ သို့သော် အကန်းများနှင့် အကန်းတို့ တိုက်ကြပြီး နှစ်ဖက် အကန်းများသေဆုံးကြသည်သာအဖတ်တင်ခဲ့ပြီး ရွာသူရွာသားများအဖို့ လက်ရှိအတွက်နှင့် အနာဂတ်တွက် နှစ်ခုလုံးတွင် အကျိုးမြတ်မဲ့ခဲ့ကြရသည်။

“TNLA ကို မိုးကုန်ရင် စစ်ထိုးတော့မလား”

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ရဲ့ လှုပ်ရှားနယ်မြေ ၄ ခုမှာ အစိုးရစစ်တပ်က တပ်ရင်း ၃၀ ကျော် တပ်စွဲထားလိုက်တဲ့အတွက် မိုးကုန်လို့ ပွင့်လင်း ရာသီရောက်လာရင် ရင်ဆိုင်တိုက်ပွဲ တွေ ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောပါတယ်။
 
အစိုးရစစ်တပ်နဲ့ TNLA တပ်တွေဟာ မကြာခဏ တိုက်ပွဲတွေ ဖြစ်တာလည်း ရှိပါတယ်။

မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်နဲ့ ကျောက်မဲ မြို့နယ်တွေက TNLA ရှေ့တန်း တပ်ရင်းတွေအနီးမှာ အစိုးရစစ်တပ်တွေက မျက်နှာချင်း ဆိုင်အနေအထား တပ်စွဲထားကြောင်း သိရပါတယ်။ အဲဒီတပ်တွေဟာ အရင် ကချင်ပြည်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တပ်တွဖြစ်ပြီး အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ(KIO) တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် TNLA ဘက်ကို ဦးလှည့် ချထား တာလို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မလဲ

(Eleven Media Group)
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ဒေသများနှင့် ပိုက်လိုင်းအနီးတွင် ရှိနေသော တပ်မတော်တပ်ရင်း အင်အားပြမြေပုံ (Source - မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်းလမ်းညွှန် အကိုးအကား ၂၀၁၃ အစီရင်ခံစာ)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို လာမည့်ရက်များအတွင်း နေပြည်တော်၌ လက်မှတ်ရေးထိုး နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥရောပခရီးစဉ်တွင် ထပ်မံပြောကြား လိုက်ပါသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ သဘောတူညီမှု မရသေးဘဲ အဖွဲ့ လေး၊ ငါးဖွဲ့လောက်နှင့်သာ သဘောတူထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား

(Eleven Media Group)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ သဘောတူညီမှု မရရှိသေးဘဲ အဖွဲ့ လေး၊ ငါးဖွဲ့လောက်သာ သဘောတူထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဦးအောင်မင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

Sunday, July 21, 2013

ဒေါ်ဘောက်ဂျာက သူ့ကို ဖမ်းဆီးတာဟာ တရားမျှတမှု မရှိဘူးလို့ပြော

(RFA)

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက မိမိကို ဝရမ်းပြေးလို့ နာမည်တပ်ပြီး အခုချိန်ထိ ဘာမှ အသိပေးခြင်းမရှိဘဲ ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတာဟာ တရားမျှတမှု မရှိဘူးလို့ ဒီကနေ့ပြောဆိုလိုက်ပါတယ်။ 

ပုဒ်မ ၃၀၄ (က) လူသေမှု၊ ပုဒ်မ ၄၁ ဆေးကောင်စီ အက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုး ဥပဒေ စတဲ့ အမှုသုံးမှုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ အဖမ်းခံ ထားရတဲ့ အန်ဒီအက်ဖ် ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက သူအချုပ်ကျနေတဲ့ဖားကန့်မြို့နယ် ရဲစခန်းကနေ RFA ကို အခုလို ပြောပါတယ်။ 

မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီ

(RFA)

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေ မှာ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာပြီ ဖြစ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဦးအောင်မင်းက အခုလို ပြောသွားတာပါ။

2013 Ning Hpyen Tsi Jawng Yu Hpawng Galaw

(Kachinnet)

2013 ning July (20) ya jahpawt hkying (10:00)am aten, Wunpawng Mungdan Shanglawt Asuya a masing kata, 2013 ning hpyen tsi jawng yu hpawng lamang hpe Laiza, Woi Chyai Mung Shawa Tsi Rung Wang, Wunjat Gawknu hta galaw sai lam chye lu ai. 

Zuphpawng hpu-awn Sara Wun Lakang Yaw Han lit la nna, Sara La Sang Tu San akyu hpyi ai hte hpawng hpaw ai lam chye lu ai.