Saturday, July 20, 2013

ဒေါ်ဘောက်ဂျားအား ဖမ်းဆီးမှုအပေါ် ထုတ်ပြန်ချက်


PANGWA MAGA MYEN HPYEN N-GUN BAI JAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dingdungdai Ginwang Dap Ba (1) up hkang ginra rai nga ai Pangwa ginra maga de myen hpyen ni n-gun kaba hte bai htu nga sai lam na chye lu ai. Myen asuya a hpyen dap Pin Baw daju hk-l-y (521), Samaw daju hk-l-y (105) ni hku nna hpyen man lahkawng hku nna htu lung wa ai re lam na chye lu ai. Chihpwi hpyen man ni gaw July (18) ya shani shani ka-ng hkying (12:00) ten ram hta hpyen mawdaw kaba (7) hte Mandawng mare kaw du shang wa sai lam na chye lu ai. Ndai hpyen man ni gaw Jinghpaw Mung hte Miwa mung,Pangwa jarit shadaw masat (6) hpe n lu lu hkra bai zing la na lam hte Zahkung Ting Ying a masing mung re lam hpe na chye lu ai. Jarit shadaw masat (8) de lung wa ai hpyen man ni gaw gara maga hku htu lung wa ai re hpe hkrak n chye lu shi ai.

NAM MALING NA SHIGA

(Jinghpawkasa)

LAGANG: Ndai ten hta President Thein Sein gaw England kaw du nga ai lam na lu ai. British ni Myenmung hpe shanglawt jaw ai 65 ning na wa sai. Dai shani kaw nna dai ni du hkra Myenmung gaw lam shagu hta grit nem mat wa nga sai. Madung gaw Myen asuya ni mungdan hpe nlu uphkang ai lachyum rai nga ai.

Friday, July 19, 2013

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

(RFA)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ရည်ရွယ်ချက်နဲ့ အနုပညာရှင်တွေစုပေါင်းပြီး  ငြိမ်းချမ်းရေးပွဲတော်တစ်ရပ် ကျင်းပကြမယ်လို့သိရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၃ ဆိုတဲ့အမည်နဲ့ လာမယ့်ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမယ်လို့ ပွဲတော်ဖြစ်မြောက်ရေးဦးဆောင်သူ ဦးဇာဂနာက ရန်ကုန်မြို့ Central Hotel မှာ  မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ

(ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာ ကို မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က မနေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ထားကြောင်း ဒေါ်ဘောက်ဂျာရဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

ဒေါ်ဘောက်ဂျာကို ကချင်ပြည်နယ် ကားမိုင်းမြို့နယ် ဒေသခံတဦးနဲ့ ရဲအရာရှိနှစ်ဦးက တရားလိုအဖြစ် ပြုလုပ်ပြီး ဖားကန့်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ လူသေစေမှု ပုဒ်မ ၃၀၄ (က)၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု ဆေးကောင်စီ အက်ဥပဒေ ပုဒ်မ ၄၁၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်မှု ပုဒ်မ ၃၃ တို့နဲ့ စွဲဆိုထားတာလို့ သိရပါတယ်။

လိုင်ဇာမြို့တွင် မီးမလာတာ ၃ ရက် ရှိနေပြီး ဒေသခံများနှင့် ဒုက္ခသည်များ အခက်ခဲရင်ဆိုင်နေရ

(ကချင်သတင်းဌာန)

လိုင်ဇာမြို့နှင့် အနီးတ၀ိုက် ဒုက္ခသည်စခန်းများတွင် မီးပြတ်သွားသောကြောင့် အထူးသဖြင့် ကလေးနှင့်မိခင်များတွင် ပို၍ခက်ခက် ခဲခဲနေထိုင်ရ သည့်အပြင် ဖယောင်းတိုင် မီးဘေးအန္တရာယ် အတွက်လည်း စိုးရိမ်နေ ရကြောင်း ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ (၄)လ သားကလေးမိခင် ဒေါ်ထုဆိုင်း ကပြောသည်။

“မီးမလာတော့ အရမ်းခက်တယ်။ ကလေးကငယ်၊ ခြင်ကပေါ၊ အကောင်ပလောင်တွေက များတဲ့နေရာ ဆိုတော့ မီးမလာရင်တော်တော်ကို ခက်ခဲနေတာပေါ့။ ညအိပ်ယာထဲထိတောင်ပုရွက်ဆိတ်အကောင်ပလောင်တွေတက်တယ်။ အကောင်တွေဖြုတ်တွေပေါတာ မမြင်ရတော့ ဖယောင်းတိုင်နဲ့ပဲဆိုရင် အရမ်းခက်တယ်။ အခု ကျမတောင် ၂ ရက် ၃ ရက်ပဲ ခက်တာကို တော်တော်ဒုက္ခရောက်နေပြီ။ တခြားနေရာမှာဆို ပိုခက်မှာ။ ကျွန်မတို့ကတော့ သီးသန့်အိမ်ဖြစ်လို့ ထားပါတော့။ ဖယောင်းတိုင် သုံးမယ်ဆိုရင်လည်း အိမ်ဆက်ထားတဲ့သူတွေကတော့ တအိမ်ထောင်ဆို အိမ်ကသေး သေးလေး အိပ်ခန်းကိုပဲ ဧည့်ခန်းပေါင်း လုပ်နေကြတာဆိုတာ တအိမ်မှာ ၃ မိသားစုလောက်နေကြတာနိုင်လွန်ခြင်ထောင်နဲ့ ဖယောင်းတိုင်မီးနဲ့ ကလေးနဲ့ဆို ဘယ်ကိုက်မလဲ စိုးရိမ်ရတယ်။ ကလေးအမေတွေပဲ ပြောနေကြတယ်။ ညမမြင်ရတော့ ကလေးအရမ်းခက်လို့တညလုံး ဓါတ်မီးထွန်းပြီး အိပ်တောင်မအိပ်နိုင်ဘူးလို့လည်း ပြောနေကြတယ်” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။

ဦးလထော်ဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) ကို ယမန်နေ့ မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ဦးဘရန်ရှောင်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဇွန်လအထိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တွင် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် မတရားအသင်း ၁၇ (၁) ပုဒ်မဖြင့် မြို့နယ်တရားသူကြီး ဦးမြင့်ထူးမှ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

J/W A MYU NI HPE GA-GARAN MA HKRA GALAW NGA AI MYEN ASUYA

(Jinghpawkasa)

U Thein Sein a democracy asuya bai galai up sha wa ai (2) ning ladaw hta Kachinland hpe mungkan majan -2 hta grau kaba ai hku gasat majan galaw dat sai. Bai nna Rahkai mungdaw hta num sha roi rip ai mang hkang kaji hpe mung masa amyat lu na matu nyan galaw dat ai gaw myen mung ting Muslim hte Bukda nju ndawng sat hkat ai madang du hkra galaw dat manu ai. Ndai zawn re nshawp nkap re mung masa gasup ai ladat hpe myen mung masa galaw ai ni gaw moi prat kaw nna galaw chye nga ma ai.

CANADA CATHOLIC NGO NI TSIN YAM NI HPE GARUM

(Jinghpawkasa)

Canada Mungdan Catholic Development and Peace (NGO) hpung kaw nna Jinghpaw mung kata majan a majaw tsin yam hkrum nga ai myu sha ni a matu US$ 50,000 hpe garum ya lai wa sai lam na chye lu ai. Ndai garum alu ni hpe Myanma mung Catholic hpung a Karuna Myanmar Social Service (KMSS) hku nna garum shingtau lai wa ai re lam hpe mung na chye lu ai. Ndai Karuna Myanmar Socail Service hku nna Jinghpaw mung hpyen yen dabang hkan du nga ai hpyen yen tsin yam ni hpe malu masha, tsi mawan hte arung arai ni ra mara hpe garum madi shadaw ya nga ai sha n-ga, hpaji jawng ni hpaw nna ma ni hpe laika hpaji ni hpe mung lit la sharin ya nga ai u-hpung re lam hpe chye lu ai.

ရှေ့နေဒေါ်ဘောက်ဂျာ မိုးညှင်းမြို့တွင် ဖမ်းဆီးခံရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဘောက်ဂျာ ကို ယမန်နေ့ ဇူလိုင် ၁၈ နေ့ညနေက မိုးညှင်းမြို့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဒေါ်ဘောက်ဂျာအား မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုဖမ်းဆီးလိုက်ခြင်းမသိရသေးသော်လည်း ဖမ်းဆီးလိုက်မှာ မှန်ကန်ကြောင်းနှင့် ယနေ့မြစ်ကြီးနားသို့ပို့ဆောင်မည်ဖြစ်ကြောင်း ကချင်ဥပဒေအထောက်ကူပြုကွန်ယက် မှ အဖွဲ့ဝင်တဦးပြောသည်။

ဘိန်းဘုရင် တို့ရဲ့ သုခဘုံ နိုင်ငံ

(Kachin Duwa)

ဘိန်းဘုရင် တစ်ယောက် က မြန်မာပြည်မှာ ဦးနေ၀င်း ထက်တော့ ကံကောင်း တဲ့လူပေါ့။ ပြည်ထောင်စု ၀ံကြီးအဆင့်တွေရဲ့ ဈာပန ပန်းခွေတွေနဲ့ ဆိုတော့...

အသက် ရှင် စဉ်ကလဲ ဖူးဖူး မှုတ်ထား ခံရသူ..... သေတော့ လဲ ၀မ်းနည်း တဲ့ ၀ံကြီးတွေနဲ့ ဟန်ကို ကျလို့။

၂၀၀၈ မြစ်ကြီးနား မနောပွဲမှာ ဘိန်း တိုက်ဖျက်ရေး ကို တာဝန်ယူထားတဲ့ ကေအိုင်အေ ဗိုလ်မှူး တစ်ယောက် နဲ့ ညပိုင်း မီးပုံဝိုင်းမှာ စကား စမြည် ပြောရင်း သူတာဝန်ယူထားတဲ့ ဘိန်းတိုက်ဖျက်ရေးနဲ့ ပတ်သက်တာတွေ မေးဖြစ်ပါတယ်။ လူငယ်တွေ အကျင့်စာရိတ္တပျက်လာတာတွေ၊ ကေအိုင်အို အနေနဲ့ ထိထိရောက်ရောက်တာဝန်ယူပြီး အရေးယူရင် ကောင်းတဲ့ အကြောင်း သူ့ကို အကြံပေးတော့။ သူတို့ အသေးစိပ် စုံစမ်းသိရှိရသလောက် မြန်မာပြည်မှာ ဘိန်းအမြစ်ပြတ် ဖို့ မဖြစ်နိုင်ဘူးတဲ့။ မြန်မာ အစိုးရ ၀န်ကြီးအဆင့် တွေနဲ့ ယူနန်ပြည်နယ် အစိုးရ ၀န်ကြီး အဆင့်တွေက ဘိန်းဘုရင်တွေနဲ့ ပေါင်းလုပ်နေတာဖြစ်တယ်၊ လို့ ပြောလာတော့ ဒူဝါ က မယုံ့တယုံ ပေါ့။ ဒီလူကြီးက ညာဖီးနေတာလား ပေါ့။

ဒုက္ခသည် ပြန်ပို့ရေး၌ UNFC နှင့် UNHCR တို့ ပူးတွဲတောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ကုလသမဂဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီး (UNHCR)၊ ထိုင်းအစိုးရနှင့် မြန်မာ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူညီမှု ဖြင့်သာ မြန်မာ ဒုက္ခသည်များအား နေရပ်သို့ ပြန်ပို့သင့်ကြောင်း UNHCR နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့က ပူးတွဲတောင်းဆို လိုက်သည်ဟု UNFC အတွင်း ရေးမှူး (၁) ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။ 

KIO ဟု စွတ်စွဲခံရသူ ဦးလထော် ဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် ချမှတ်

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်၏ အမှုကို ဇူလိုင်လ ၁၈ ရက်တွင် အပြီးသတ် လျှောက်လဲချက် ပေးပြီးနောက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သူ၏ ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“ဒီနေ့ လျှောက်လဲချက်ပေးတဲ့နေ့ဖြစ်တယ်၊ နှုတ်နဲ့လည်း လျှောက်လဲတယ်။ ခဏဆိုရင် စီရင်ချက် ချမယ်ဆိုပြီး အမိန့်ချလိုက်တယ်။ ဥပဒေအရာရှိက နှုတ်နဲ့ မပြောဘူး။ စီရင်ချက်ချတဲ့စာကို ဖတ်ပြပြီးတော့ အမိန့်ချလိုက်တယ်။ အဲဒီစာက နဂိုကတည်းက ရေးထားပြီးသားဘဲ။ ဒါကို ကြည့်ရင် ကျနော့်ဘက်က လျှောက်လဲချက်ပေးတာကို သူ့ဘက်က ပြန်သုံးသပ်တာ မရှိဘူးဆိုတာ တွေ့လိုက်ရတယ်” ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်

ကျေးဇူးကဘာဆိုင်

(Jinghpawkasa)

စောက်ရေးမပါတဲ့ "တစ်နိုင်ငံမှာ စစ်တပ်ဆိုတာ တစ်တပ်ထဲရှိတယ်" ဆိုတဲ့ Rhetoric ကို သုံးလို့မ၀နိုင်သေးဘူး။ မြန်မာနိုင်ငံမှာ ဒီမဒိန်းစစ်တပ် တစ်တပ်ထဲ ရှိလိုက်ပါလား၊ တိုင်းရင်းသားတွေ အကုန်မျိုးပြုတ်ကုန်လိမ့်မယ်။ စစ်တပ်တစ်တပ်ထဲရှိချင်ရအောင် အဲဒီစစ်တပ်က ဘယ်လောက် စောက်စည်းကမ်းရှိနေလို့လဲ? အားတိုင်းယားတိုင်း အပြစ်မဲ့ ပြည်သူတွေကိုပဲ ဓမြတိုက်၊ လုယက်၊ မဒိန်းကျင့်ချင်နေတဲ့စစ်တပ်။ ကချင်သမိုင်းဟာ KIA ကို အပြုတ်တိုက်လိုက်လို့ ပြီးသွားမှာ မဟုတ်ဘူး။ ဒီခေတ်မှာ စစ်တပ်တစ်တပ် တည်ထောင်ဖို့ဆိုတာ ဘယ်လောက်လွယ်တယ်ဆို အားလုံးအသိပဲ။ ကချင်တွေကို လက်နက်စွန့်၊ နိုင်ငံရေးလုပ်ပြီး တိုင်းပြည်တိုးတက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ခိုင်းစေချင်တယ်ဆိုရင် အောက်က အချက်တွေမလွဲမသွေ လုပ်ရလိမ့်မယ်။

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စားလှယ်လောင်း ရှေ့နေ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

(Eleven Media Group)

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စားလှယ်လောင်း ရှေ့နေဒေါ်ဘောက်ဂျာအား ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီကျော် အချိန်တွင် ၎င်း၏နေအိမ်ရှိရာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် အိမ်အမှတ် (၄၉၆)မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ၎င်းကို အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးခြင်းဖြစ်ပြီး သွားရောက်စုံစမ်းရာ ၎င်းအမှုမှာ အမှတ်(၂)စခန်းတွင် အမှုဖွင့်ထားခြင်း မရှိဘဲ ခရိုင်ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့်သာ ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါရဲ စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေပြီး အာဟာရ ချို့တဲ့မှုနှင့် ဆေးဝါး အခက်အခဲကြောင့် ယခင်နှစ်များထက် သေဆုံးသူ များပြားနေ

(Eleven Media Group)

မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ မိုးတွင်းကာလ ဖြစ်သောကြောင့် ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အာဟာရချို့တဲ့မှုနှင့် ဆေးဝါးအခက်အခဲကြောင့် သေဆုံးသူ များမှာလည်း ယခင်နှစ်များထက် များပြားနေကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ဒုက္ခသည် ပြန်ပို့ရေးကိစ္စ UNFC နဲ့ UNHCR တာဝန်ရှိသူတွေ ဆွေးနွေး

(RFA)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေနဲ့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဒီကနေ့ ဗြိတိန်နိုင်ငံက ပညာရှင်တချို့နဲ့ UNHCR က တာန်ရှိသူတွေ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဖောင်ဒေးရှင်းအဖွဲ့ထဲက စေ့စပ်ဖြန်ဖြေရေးနဲ့ တွေ့ဆုံညှိနှိုင်းရေး ကျွမ်းကျင်သူပညာရှင်တွေ UNFC ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ UNFC အတွင်းရေးမှူး ၁ ဦးခွန်ဥက္ကာက ပြောပါတယ်။

Thursday, July 18, 2013

KIO နှင့် အစိုးရ အပစ်ခတ် ရပ်စဲရန် နိုင်ငံရေး ဆွေးနွေးမှုပေါ်သာ မူတည်

(ကချင်သတင်းဌာန)


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ဇူလိုင်လ အတွင်း တပြည်လုံး အတိုင်း အတာဖြင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးမည် ဆိုသည့် အပေါ် ကချင် လွတ်မြောက် ရေးအဖွဲ့ (KIO) ဖက်မှ နိုင်ငံရေး အရတွေ့ဆုံဆွေးနွေး မှု တွင် နှစ်ဖက် ယုံကြည်မှုပေါ် သာ မူတည် မည်ဖြစ်ကြောင်း ပြောသည်။

အပစ်ခတ် ရပ်စဲရေး ဖြစ်မြောက် ရန်အတွက် အကယ် ၍ နိုင်ငံရေးတွေ့ဆွေးနွေး မှု တွင် KIO မှ ကိုယ် ပိုင်ပြဌာန်းခွင့်၊ တန်း တူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး ဆိုသည့်အချက် များတောင်း ဆိုမှုကို အစိုးရ ဖက်မှ အမှန် တကယ် ပေးလာမည် ဆိုပါကလည်း အခိုင်အမာ ယုံကြည်ရသည့် အခြေ အနေဖြစ်မဖြစ် သုံးသပ်ရန် လိုသေးကြောင်း KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ကပြောသည်။

သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေးစကား လက်တွေ့နှင့်မညီ

(VOA)

မြန်မာနိုင်ငံမှာ လာမယ့် ရက်အနည်းငယ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းတော့မယ်လို့ သမ္မတ ဦးသိန်းစိန် ပြောသွားပြီး ရက်ပိုင်းအတွင်းမှာပဲ အပစ်ရပ်ထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့ကြားမှာ တိုက်ပွဲဖြစ်ပွားတာဟာ သမ္မတရဲ့ အာဏာပိုင်စိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်စေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်မှ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့လည်း သုံးသပ်နေကြတာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။
 

မျှော်တိုင်းဝေးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး

(စည်းလုံးခြင်းရဲ့အင်အား)
UWSA “ဝ” တပ်ဖွဲ့ပိုင် စစ်သုံးကားကြီးများ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တပ်မတော်ရဲ့ သဘောထား အမှန်နဲ့ ယခုတလော UWSA တင်းမာရတဲ့ အကြောင်းရင်းတွေကို တင်ပြသွားပါမယ်။ တိုင်းရင်းသား လက်နက်ကိုင်များဟာ ဖက်ဒရယ် တောင်းဆိုနေပေမဲ့ သူတို့ရဲ့ လက်နက်ကိုင်ဆောင်တဲ့ အနေအထားကို တော်တော်နဲ့ စွန့်လွှတ်မှာ မဟုတ်လို့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ စစ်ရုံး ကက(ကြည်း) မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးက အခုလို ဆိုပါတယ်။

KIO ထိန်းချုပ်ရာရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ငှက်ဖျားဖြစ်ပွားမှု များပြား၊ ဆေးဝါးနှင့် အစားအသောက်လိုအပ်နေသည်ဟုဆို

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော နယ်မြေတွင်ရှိသော စစ်ပြေးဒုက္ခသည်စခန်းများ
တွင် ငှက် ဖျားရောဂါပြန့်ပွားမှု များပြားလာသလို၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်မှုများ ရှိနေသည်ဟု ဒုက္ခသည်များအား ကူညီနေသော ကော်မတီနှင့် ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် မေလ၊ ဇွန်နှင့် ဇူလိုင်လအတွင်း လိုင်ဇာမြို့အတွင်းရှိ ဂျေယန်း ဒုက္ခသည်စခန်းတွင် ငှက်ဖျားရောဂါပိုးရှိသူပေါင်း ၄၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့သည်။

ကေအိုင်အေကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို ဇူလိုင်၂၃ ရက်တွင် ဖွင့်မည်

(Eleven Media Group)

ကေအိုင်အေ ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နောင်ရာ နယ်မြေ ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းနေရာတွင် လာမည့်ဇူလိုင် ၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းရုံးဖွင့်ပွဲကို ကချင်ပြည်နယ်အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)၊ လူမှုအခြေပြု အဖွဲ့အစည်းများ (NGOs)၊ လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ယင်းအလုပ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ရန်ကုန်မှာ ကျင်းပမည်

(RFA)

ပထမဆုံးအကြိမ် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေ ပူးပေါင်းကျင်းပ မယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာကျင်းပမှာဖြစ်ပါတယ်။

ဦးသူရ(ခ) ဇာဂနာ ဦးဆောင်ပြီး လူရွှင်တော်တွေ စုပေါင်းကျင်းပမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်မှာ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေက ကဏ္ဍတွေခွဲပြီး ထာဝရသေနတ်သံပပျောက်ရေး အတွက် ဖျော်ဖြေတင်ဆက်မှာဖြစ်တယ်လို့ လူရွှင်တော် ဦးမေတ္တာက RFA ကို ပြောပါတယ်။ 

Wednesday, July 17, 2013

“နိုင်ငံရေး အရ အသုံးချ ခံရတဲ့ ၀ ၀ိဖြစ်အောင် တည်ဆောက် လာနိုင်သော အခါ ” အပိုင်း (၃)

(ရွှေဟင်္သာသတင်းဌာန)


ဝကိုယ်ပိုင် အုပ်ချုပ်ရေး (သို့) ၀ပြည်နယ်တောင်းခံခြင်း

UWSA သည် အင်အားတောင့်တင်းနေပါသည်။ တရုတ်ပြည်မှ စစ်ရဟပ်ယာဉ် (၅) စင်း ၀ယ်ယူထားသည်ဟု သတင်းများ ပျံ့နှံ့သည်အထိ အင်အားတောင့်တင်းနေပါသည်။ တပ်စခန်းများ အခိုင်အမာ တည်ဆောက်ပြီး နေရာယူ ထားကြပါသည်။ လက်နက် စက်ရုံများ တည်ဆောက်ပြီး ကိုယ့်ခြေထောက်ပေါ် အခိုင်အမာ ရပ်တည် ထားပါသည်။ 

ကုလသမဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နှင့် မူးယစ်ဆေးဝါးများ တိုက်ဖျက်နေပြီး၊ ဒေသပြန်လည် ထူထောင်ရေးနှင့် ဘိန်းအစားထိုး စိုက်ပျိုးရေးဖြစ်သည့် ရော်ဘာ၊ ကော်ဖီနှင့် အစားထိုး သီးနှံစိုက်ပျိုးရေးပါ ပူးပေါင်း ဆောင်ရွက်နေပါသည်။ ပန်ဆန်းမြို့တော်ကို အကုန်အကျခံ တည်ဆောက်ပြီး မြို့ပြ တည်ဆောက်မှု လုပ်ငန်းများနှင့် လျှပ်စစ် လုပ်ငန်းများလည်း အခြေခံ ဒေသများတည်ဆောက် လာခဲ့ပါသည်။ 

ကချင်ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်ရာတွင် အစိုးရ အုပ်ချုပ် နယ်မြေ၌ ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ဟု KIO ပြော

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားမှု ပပျောက်ရေးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOမှ စီမံချက်ချ လုပ်ဆောင်မှုတွင် ဒေသတွင်းမည့်သည့် အခြေအနေထိ တိုက်ဖျက်နိုင်ခဲ့သည်ကို ကေအိုင်အို ဌာနချုပ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာအား KNG ကချင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်။
မေး ။   ။ ကချင်ပြည်ဒေသတွင်း ဘိန်းထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေ ပပျောက်သွားအောင် ကေအိုင်အိုအနေနဲ့ ဘယ်လောက်အဆင့်ထိ လုပ်ဆောင်နိုင်ခဲ့ပြီလဲ။

ကျွန်တော်တို့ ဌာနချုပ် မူးယစ်ဆေးဝါးပိတ်ပင်တားဆီးရေးကော်မတီကနေ ဦးစီးရှင်းလင်းနေတာ ၂၀၁၀ အောက်တိုဘာ ၁၅ ရက်နေ့ကတည်း စတင်လုပ်ခဲ့တယ်။  KIO အုပ်ချုပ်နယ်မြေ လိုင်ဇာ၊ ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွေမှာတော့ ရောင်းဝယ်ဖောက်ကားတဲ့သူတွေနဲ့ စိုက်ပျိုးတဲ့သူတွေအားလုံးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေအားလုံးကိုလည်း ၆ လ ဘိန်းဖြတ်ပေးတာတွေလုပ်နေပါတယ်။ ကျွန်တော်တို့မြင်တာက KIA ထိန်းချုပ်နယ်မြေတွေမှာဆိုရင် စိုက်ပျိုးတဲ့သူတွေ မရှိသလောက်ဖြစ်သွားပြီလို့ လက်ခံထားတယ်။

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲအပေါ် တိုင်းရင်းသား သဘောထားများ

(ရွှေဟင်္သာသတင်းဌာန)



အစိုးရငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ သည် ၄င်းတို့ ၏ နည်းပညာ အထောက် အကူပြု အဖွဲ့ (Technical Team) အဖွဲ့  ကို ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံစေ လွှတ်ပြီး၊ သမ္မတ ကြီးမှူးသော တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပရန် ရှိကြောင်း တင်ပြသွားပါသည်။ ဤလက်မှတ်ရေးထိုးပွဲအပေါ် သဘောထားကို အရေးကြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ရွှေဟင်္သာက မေးမြန်းထားပါသည်။  

 http://phophtawnews.org/burmese/index.php/news/internal-news/item/449-2013-07-02-10-12-38.html

တိုင်းပြည်သာဆင်းရဲတာ လူတစ်စုကတော့ကြောက်ခမန်းလိလိချမ်းသာနေဆဲ…

(ဇော်ဝမ်းမောင် FB စာမျက်နှာ)

ပွင့်လင်းမြင်သာမှု အတိလင်းမရှိသော လက်ရှိအစိုးရ၏ အပြုမှု များ ခေတ် အဆက် ဆက် ချေလွန် လက်လွန်ခိုးခဲ့တာတွေ လုယူခဲ့တာတွေကို ယခုလူထုတွေအတွက် တခုလေး များ ပြန်ပြီး လုပ်ပေးခဲ့ ရင်တောင် လူထု အဖို့ စိတ်ဖြေရာရပြီး ခွင့်လွတ်ပေးကြမှာဖြစ်ပါ တယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ စစ်တပ်ကနှေ နိုင်ငံတော် စီးပွားရေး ကို လက်ဝါးကြီး အုပ် တပ်ချုပ်ကြီးနဲ့ အလိုတူ အလိုပါ ခေတ်ပျက် သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည် ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြ လို့ တိုင်းပြည် ပြာပုံ ထဲရောက်၊ သဘာဝ ဘေးဒဏ်တွေ ကျ၊ ပြည်သူ က ကျောမွဲ ဘဝက မတက် တဲ့ ဘဝရောက်နေကြရတာပါ။

MANGHKANG KABA

(Jinghpawkasa)

Daini myen mungdan hta nmai ngut hkraw ai dinghku majan manghkang hpe ntsa lam, kata lam, atsawm dinglik yu yang byin taw nga ai hta hkan nna bai byin wa na hpe mung maram lu nga ai. Myen asuya hku nna gaw aten galu masing hte hparan la ra na matu manghkang grau grau galaw shalaw jat ai majaw manghkang yawm mat wa ai lam gaw nnga, grau kaba wa ai lam sha nga ai hku re. Laknak lang Rawt Malan taw nga ai Amyu Bawsang ni hku nna gaw aten gadun hte lu hkra hparan la ra na masa gaw MANGHKANG KABA nan rai nga sai.

တပြည်လုံး အပစ်အခတ်ရပ်စဲရေး ... မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့် ... အခြေပြမိန့်ခွန်း

တူမောင်ညို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးပြီဆိုရင် ဆက်လက် တက်လှမ်းသွားရမယ့် အဆင့်က “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး” ကြဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက နိုင်ငံရေးဆွေးနွေးဖို့အတွက် တလုံးတပါဒမျှ မပြောဘဲ “တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း” ဆိုတဲ့ အဆင့်တခု ထပ်တိုးပြီး ပြောလာပြန်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် UNFC တောင်းဆို

(ဧရာဝတီ)

အစိုးရနှင့် နောက် ထပ် တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ကြားဝင် စေ့စပ်သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပြုရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရကို တောင်းဆိုလိုက်သည်ဟု သိရသည်။

UNFC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Ten) နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Ten) တို့ ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြစဉ် UNFC က ယင်းသို့ တင်ပြ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

FB ပေါ်မှ ကာတွန်းများ

“နိုင်ငံရေးအရ အသုံးချခံရတဲ့ ၀ ၀ိဖြစ်အောင် တည်ဆောက်လာနိုင်သောအခါ ” အပိုင်း (၂)

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်း လာသော ၀ လူမျိုးများသည် တာချီလိတ်ခရိုင် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်ရှိ ထိုင်းမြန် မာနယ်စပ်အခြေချနေထိုင်ကြပါသည်။ စတင် အခြေချစဉ် ရှိနေသော UWSA အင်အားသည် (၆၀၀၀) ခန့် ရှိသော်လည်း ယခုအချိန်တွင် (၁၉၀၀၀) တစ်သောင်းကိုထောင်ကျော် ရှိနေပြီးဖြစ်ပါသည်။ တပ်မဟာ(၅) ခု ဖြင့် စုဖွဲ့ထားပြီး၊ အမှတ် (၁၇၁) စစ်ဒေသဟု ခေါ်တွင်ပါသည်။ စစ်ဒေသမှူးအဖြစ် စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင် ဦးဆောင်ပြီး ဒု-စစ်ဦးစီးမှူး စိုင်းဆာမ် နှင့် တပ်မဟာ (၅) ခုမှ တပ်မဟာမှူးများက ဦးဆောင်ခဲ့ကြပါသည်။ 

ဦးအောင်ကျော်ဇော် အမြင်ကတော့ “၀တွေဟာ ဘိန်းစိုက်ချင်ကြတာ မဟုတ်ပါဘူး။ သူတို့နေတဲ့ နေရာဒေသကိုက ရာသီဥတုနဲ့ မြေဆီလွှာပြသနာကြောင့် စိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အစားထိုးသီးနှံဆိုတာကလည်း နည်း ပညာနဲ့ အရင်းအနှီးလိုတယ်လေ။ အဲဒါတွေကျတော့ ဘယ်သူကမှ လာကူညီတာ မဟုတ်ဘူး။ အသုံးချဖို့ဘဲ စဉ်းစားကြ တယ်လေ။ တကယ်တော့ ၀လူမျိုးတွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းတွေမှာဘဲ နေကြတာပါ။ နိုင်ငံရေး နောက်ခံတွေ နဲ့ အစိုးရတွေက အခုလို အသုံးချခဲ့လို့ တောင်ပိုင်းကို ရောက်လာတာဘဲလေ။ အဓိကကတော့ စစ်အစိုးရပါ” ဟုဆိုပါသည်။

“နိုင်ငံရေးအရ အသုံးချခံရတဲ့ ၀ ၀ိဖြစ်အောင် တည်ဆောက် လာနိုင်သော အခါ ” အပိုင်း(၁)

(ရွှေဟင်္သာသတင်းဌာန)


ဝလူမျိုး တို့ သည် ယေဘူယျ အားဖြင့် ရှမ်းပြည် နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား  နေထိုင်ကြပြီး အရှေ့ပိုင်း ဖက်တွင် တရုတ် နိုင်ငံ နယ်စပ်နှင့် အနောက်ဖက် တွင် သံလွင်မြစ် တို့ကြားတွင် နေထိုင်ကြပါ သည်။ လူဦးရေ အားဖြင့် () သိန်း ခန့် ရှိသည်ဟု  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကော်မီရှင်၏ စာရင်း အရ သိရပါသည်။ 

ဝလူမျိုးတို့ သည် ၄င်းတို့၏ အခြေခံ နယ်မြေတွင် ရာသီဥတု ကြမ်း တမ်းလှသဖြင့် ဘိန်းစိုက်ပျိုးမှုဖြင့် ရပ်တည် လာခဲ့ပြီး တောခေါင် လှသဖြင့် ယစ်ပူဇော် သည့် ကိုးကွယ်မှုသာ အခြေခံလာခဲ့သော လူမျိုးဖြစ်ပါ သည်။ ဤအခြေအနေ အပေါ် ဒေသခံ စော်ဘွားများက ၀တို့အား အုပ်ချုပ်လာခဲ့ပါသည်။

မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရသော ဒေသခံများ ထောက်ပံ့မှု ဆက်လက်လိုအပ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ မေခ - မလိခ မြစ်ဆုံ တွင် တည်ဆောက် မည့် ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံထား ရသော ဒေသခံများ အတွက် တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CPI) မှ ဆန်ထောက် ပံ့မှုများ သည် ယခုနှစ်တွင်ပြီး ဆုံးသွားပြီဖြစ်သောကြောင့် အောင်မြင်သာဒေသ ခံများ စိုးရိမ်နေကြ သည်။

CPI အုပ်ချုပ်ရေး ရုံး တာဝန်ခံနှင့် မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ၁၀ ဦးခန့် သည် အောင်မြင် သာကျေးရွာ သို့ ရောက် ရှိလာပြီး ဒေသခံ များအား ဇူလိုင် လ ၁၃ ရက်နေ့ က ၂ လစာ အတွက် ဆန်များ ကို နောက်ဆုံး ကူညီပေးခဲ့ သည်ဟု ဒေသခံ လူထုအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့ Mungchying Rawt Jat (MRJ) အဖွဲ့ဝင် ဒေါ်ဂျာခေါန် ပြော သည်။

အစိုးရနှင့် ‘ဝ’ တပ်တို့ နှစ်ဘက်တပ်များ ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

(Mizzima)

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရတို့ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေအနေတည်ငြိမ်လျက်ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေး ဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

“ကျွန်တော်သိသလောက်တော့ ခုဖြစ်နေတဲ့ စခန်းကနေ ဟိုတစ်နေ့က နှစ်ဖက်စလုံးက ဆုတ်လိုက်တယ်။ ဆွေးနွေးပွဲပြီးမှ နောက် တစ်နေ့ ဆုတ်ပေးလိုက်တယ်။ ခုဘာမှ မရှိတော့ဘူး။ အဆင်ပြေနေပါပြီ” ဟု သူက မဇ္စျိမ ကို ပြောသည်။ သို့သော် အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပေ။

Tuesday, July 16, 2013

ဝိုင်းမော်-လိုင်ဇာ သွားလမ်းရှိ ကျေးရွာများတွင် အစိုးရတပ်များ အခွန်ဖြင့် ရွှေတူးဖော်ခွင့်ပြု

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် လိုင်ဇာ သွားလမ်းတစ်လျှောက် ဒုက္ခသည်အဖြစ် တိမ်းရှောင် ထားသော ကျေးရွာခြံမြေများတွင် မြန်မာအစိုးရစစ်တပ်မှ အခွန်များကောက်ခံကာ ရွှေတူးဖော်ခွင့်ပြုထားကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်ဖွဲ့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သော KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဖြစ်သည့် ဂါးရာယန် (Gara Yang)၊ မလန်းယန်(Malang Yang)၊ မလီးယန်(Mali Yang) ကျေးရွာများတွင် အခွန်ဆောင်၍ ရွှေကျင်းပေါင်း ၂၀ ခန့် တူးဖော်ခွင့်ပေးထားခြင်းဖြစ်ကြောင်း မျက်မြင် ဒေသခံတစ်ဦး ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲ “ဒေါ်စု” နှင့် အခြား နိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ရန် UNFC လိုလား

(ရွှေဟင်္သာသတင်းဌာန)



ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ တို့ အကြား နိုင်ငံရေး ဆွေးနွေး ပွဲ ဖြစ်ပေါ် လာပါက ပြင်ပ နိုင်ငံကြီး များနှင့် အထင်ကရ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်များ ပါဝင် နိုင်ရန် UNFC မှ လိုလားကြောင်း UNFC ၏ လုပ်ငန်း အထောက် အကူပြု အဖွဲ့ ခေါင်းဆောင် ပဒိုမန်းမန်းက ပြောသည်။
 
ထိုသို့ ပါဝင် ရာတွင်လည်း UNFC ဘက်မှ လေ့လာ စောင့်ကြည့်သူ အဖြစ်သာ မဟုတ်ပဲ ကြားဝင် ဖြန်ဖြေ ပေးသူ အဆင့်ကို အစိုးရမှ ခွင့်ပြု ပေးသွားရန် ဆက်လက် ညှိနှိုင်း သွားမည် ဟုလည်း ဆိုပါသည်။

လန်ဒန်သို့ရောက်လာသော သမ္မတသိန်းစိန်အား ကချင်အမျိုးသားများ ဆန္ဒပြ

(ကချင်သတင်းဌာန)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် သို့ ရောက် ရှိနေသော မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် အဖွဲ့များ အား ဗြိတိန်နိုင်ငံ အခြေစိုက် ကချင် အမျိုးသား အစည်းအရုံး (KNO-UK) မှ ဦးဆောင်ပြီး လန်ဒန်မြို့ ၂ နေရာ တွင် ယမန်နေ့ ဇူလိုင် ၁၅ ရက်က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

လန်ဒန်မြို့တော် အမှတ် ၁၀ Downing Street တွင် နေ့လည် ၁၂ နာရီချိန်မှ ၁ နာရီထိ ဆန္ဒပြခဲ့ပြီး Chatham House တွင် ညနေ ၅ နာရီမှ ၇ နာရီထိ ကချင်အမျိုးသားများ၊ အခြားမြန်မာတိုင်းရင်းသားများ၊ နိုင်ငံတကာအဖွဲ့အစည်းများပါဝင်ကာ အယောက် ၄၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါ်ခွန်ဆာပြောသည်။

KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကြံပေးအဖွဲ့ကို ဒေါက်တာတူးဂျာ ထောက်ခံ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) မှ ဦးဆောင် ဖွင့်လှစ်သွား မည့် Technical Team အပေါ် KIO ဒုဥက္ကဌ-၂ ဟောင်း ဒေါက်တာ တူးဂျာ အနေဖြင့် ၀မ်းသာထောက်ခံကြောင်း ပြောသည်။

Technical Team ဖွဲ့စည်းလာသည့်အထဲတွင် KIO က ပြည်သူလူထုဖက်မှ ပါဝင်ရန်လက်ကမ်းဖိတ်ခေါ်မှုသည် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်လာသည့်လုပ်ငန်းစဉ်များတွင် အထောက်အကူများစွာပြုနိုင်သည်ဟု ဒေါက်တာတူးဂျာကပြောသည်။

တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ရေးနိုင်ဖို့ အလားအလာနည်းပါး

(VOA)

နိုင်ငံတော်သမ္မတက လိုလားနေတဲ့ ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကိစ္စဟာ အလားအလာ နည်းပါးနေပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီလို လက်မှတ်ရေးထိုးမယ်ဆိုရင် နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာ ရရှိဖို့ လိုမှာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ စုစည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဘက်က ပြောဆိုလိုက်တာကြောင့် ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။
 

KIO ၏ Technical Team ရုံးကို ဇူလိုင်လ ကုန်ပိုင်းတွင် ဖွင့်မည်

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည်သူများ ပါဝင်သော ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO ဘက်က နည်းပညာ အထောက်အကူပြု (Technical Team ) ရုံးကို လာမည့် ဇူလိုင်လ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။ 

ကျွန်တော်တို့ KIO ဝန်ထမ်း ဦးနဲ့ ကချင်ပြည်သူ ၁၀ ဦးပါဝင်တဲ့ KIO ဘက်က Technical Team အလုပ်အဖွဲ့ကို ဇူလိုင် လ၂၃  နဲ့ ၂၄ ရက်နေ့မှာ အတည်ပြုပြီးတော့ ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပဖို့ရှိတယ်” ဟု ဆိုပါသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး ဘယ်လောက်ကြာဦးမလဲ

(ဧရာဝတီ)

တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်အထိ အချိန်ကာလ တခုကို တရားဝင်ကြေညာ သတ်မှတ် ပြောဆိုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တဦး ဖြစ်တဲ့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကတော့ အစိုးရ အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့နဲ့ အလုံးစုံ(ပဏာမ) အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတရပ်ကို နေပြည်တော်မှာ ဇူလိုင် လအတွင်း ကျင်းပသွားဖို့ သမ္မတက စီစဉ်နေတယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။ ဒီစကားဟာ အလွတ်သဘော သာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ မရှိသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

Monday, July 15, 2013

အစိုးရနဲ့ UWSA တပ်ဆုတ်ခွာဖို့ သဘောတူ

(VOA)

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့ နယ်မြေထဲက နှစ်ဘက်တပ်တွေ ပြန်ဆုတ်ပေးရေး အပါအဝင် သဘောတူညီချက်တရပ်ကို ဝပြည်သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ သဘောတူလက်မှတ် ရေးထိုး နိုင်ခဲ့ကြပါတယ်။ ဒီလို ငြိမ်းချမ်းရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ပေမဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ မဖြေရှင်းဘူးဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စိတ်ချရလောက်တဲ့ အနေအထားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ မဆုမွန်က တင်ပြထားပါတယ်။
 

UNFC အဖွဲ့နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာအဖွဲ့တို့ ချင်းမိုင်မြို့မှာ ဆွေးနွေး

(RFA)

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက Technical team နည်းပညာအထောက်အကူပြုအဖွဲ့ဟာ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ဖို့အတွက် ဇူလိုင် ၁၃ ရက်နေ့မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ UNFC ဖက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စတွေကို အဓိကဆွေးနွေးခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက Technical team အဖွဲ့ကတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့ကိစ္စကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ UNFC အဖွဲ့ဖက်က ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဖဒိုမန်းမန်းက ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ထုတ်ရေး သဘောတူညီချက်များ သုံးသပ်ဆွေးနွေးပွဲ ပြီးဆုံး

(RFA)

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို ပြန်လည်သုံးသပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)  အလုပ်ရုံဆွေးနွေးပွဲဟာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

နေပြည်တော် ရတနာသိင်္ဂဟိုတယ်မှာ နှစ်ရက်တာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အစိုးရကဦးဆောင်ကျင်းပမယ့် ပင်လုံကဲ့သို့ညီလာခံမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေကို ၀င်ရောက်ဆွေးနွေးကြမလဲ ဆိုတာတွေကို အဓိက တိုင်ပင်ဆွေးနွေးဖြစ်ခဲ့တယ်လို့ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်ပီးက RFA ကို ပြောပါတယ်။