Saturday, July 13, 2013

အစိုးရ (Technical Team) မှ UNFC အား ပေါ်လစီသစ်တင်ပြ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) သည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ တရပ် ကျင်းပကြရန် လိုအပ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ  (UNFC) ဧ။် နည်းပညာ အထောက်အကူပြု အဖွဲ့အား အဆိုသစ် တစ်ရပ် တင်ပြခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းက ဆိုပါသည်။ 

“ ကျနော်တို့ကနိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်ဆွေးနွေးဖို့တင်ပြတယ်။ သူတို့က အဲဒီအဆိုကို တင်ပြသွား တယ်။ နိုင်ငံရေးမူဘောင်ဆွေးနွေးဖို့ တရားဝင် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့တော့ ရှိတယ်။ ဒါကို ဒီလ (၂၀) ရက်နေ့ နောက်ပိုင်း အကြောင်းပြန်မယ်လို့တော့ ပြောပါတယ်” ဟုဆိုပါသည်။ 

UWSA နှင့် အစိုးရ ကိုယ်စားလှယ်များ သဘော တူညီချက်ရရှိ

(ရွှေဟင်္သာသတင်းဌာန)

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်း စစ်ဒေသ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့သည် ဇွန်လ (၁၈) ရက်နေ့ ရှိခဲ့သော တပ်တည်နေရာများ အတိုင်း ပြန်လည်နေရာယူကြရန် နှစ်ဖက် သဘောတူ ခဲ့ကြသဖြင့် ပြေလည်မှု ရရှိသွားပြီး ဖြစ်ကြောင်း UWSA ပြောခွင့်ရသူကို အခြေခံပြီး တရုတ်ပြည် နယ်စပ် အခြေစိုက် ဦးအောင်ကျော်ဇော်က ဆိုပါသည်။ 

“ အပြန်အလှန် ၀ိုင်းခဲ့ကြတဲ့ လွယ်ဆမ်ဆုမ် နေရာကနေ ပြန်ဆုတ်ကြဖို့ နှစ်ဖက် စလုံးက သဘောတူကြတယ်။ အဲဒါကို တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်က တယ်လီဖုန်းဆက်ပြီး သဘော တူလိုက်တာပါ။ အဲဒါကြောင့် ဇွန်လ (၁၈) ရက် နေ့က ရှိနေတဲ့ နေရာကို နှစ်ဖက်စလုံးက ပြန်ဆုတ်ကြရမှာပါ။ အဲဒီတော့ ပြသနာကပြေလည်သွားတယ်” ဟုဆိုပါသည်။ 

လွတ်လပ်ရေးဖခင်သဖွယ်ထင်ယောင်ထင်မှားဖြစ်ခဲ့သည့်ဗိုလ်ချုပ်အောင်ဆန်း

(Jinghpawkasa)

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော 1945 ခုနှစ်နောက်ပိုင်းမှာ Atlantic Charter အမိန့်ပြန်တမ်းအရ အင်္ဂလိပ် အစိုးရသည် သူ့၏ ကိုလိုနီနိုင်ငံများအားလုံးကို လုံးဝလွတ်လပ်ရေး ပေးဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေးကို အချိန်တန်ရင် မတောင်းလည်း ရပြီးသားအခြေအနေဖြစ်ခဲ့သည်။ 

ထိုကိစ္စကိုကြိုတင်သိထားသော ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ အမြန်ဆုံးသွားရောက်ကာ ၀န်ကြီးချုပ်အက်တလီနှင့် အမြန်ဆုံးတွေ့ဆုံကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။ ဒီတော့ ၀န်ကြီးချုပ်အက်တလီက ပြောလိုက်သည်မှာ- (လွတ်လပ်ရေးကို မတောင်းလည်းပေးဖို့အစီအစဉ်ရှိပါတယ်။ 

ကေအိုင်အေ တပ်ရင်း (၂၇) တွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက် တပ်ရင်း (၂၇) နယ်မြေဖြစ်သော ဆင်ခေါင်းတောင် (မဂွေဘွမ်) တွင် ဇူလိုင် (၁၂) ရက်နေ့ည (၇း၀၀) နာရီ အချိန်ခန့်တွင် ကေအိုင်အေ တပ်ရင်း (၂၇) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ တပ်ရင်း ခလရ (၆၉) နှင့် ကေအိုင်အေမျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဗမာအစိုးရ စစ်တပ်ဘက်မှ (၂) ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် တွေ့ဆုံဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ သဘောတူ

(Eleven Media Group)

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် '၀'သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့အကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တို့ ဇူလိုင် ၁၂ ရက်တွင် ကျိုင်းတုံမြို့ရှိ ရွှေတြိဂံတိုင်း စစ်ဌာနချုပ်၌ ဆွေးနွေးခဲ့ပြီးနောက် ယင်းသို့ သဘောတူညီခဲ့ကြခြင်း ဖြစ်ပါသည်။

Friday, July 12, 2013

နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုဘဲ ရှိရမှာလား



ဒီကနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှိုင်းလုံး နဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ရေစီးကြောင်းအားကြီး လာတဲ့အခါ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတွေကိုတော့ ပေးနိုင်သလိုလို၊ ဒါပေမဲ့ တိုင်း ရင်း သားတပ်တွေ သီးသန့်တည်ရှိခွင့်မဖြစ်နိုင်ဘဲ တပ်မတော်ဆိုတာ တခုထဲဘဲ ရှိရမှာလိုလို အာဏာရှိတွေက လေသံလွှင့်လာတာ တွေ့ရ ပါတယ်။ တော်ရုံတန် ရုံလူတွေကလည်း ဟုတ်နိုးနိုးထင်နေကြပါတယ်။

တင်းမာမြှုဖစ်အပြီး ပထမဆုံးအကြိမ် UWSA အဖွဲ့ နဲ့ မြန်မာအစိုးရ တွေ့ဆုံဆွေးနွေး

(RFA)

ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညနေမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
 
UWSA အဖွဲ့က စီးပွားရေးဌာနကြီးမှူး ပေါက်ယိုလျံ က ဦးဆောင်ပြီးအဖွဲ့င် ၅ ယောက်ပါ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်အရှေ့ ပိုင်း တြိဂံတိုင်းစစ်ဌာနချူပ်မှာ ဒီနေ့ညနေပိုင်းကစလို့ တွေ့ဆုံနေပြီး ဒီကနေ့ညနေ ၅ နာရီကျော်အထိ ဆက်သွယ်မေးမြန်းချက်အရ ဆွေးနွေးပွဲမပြီးဆုံးသေးပဲ မနက်ဖြန် မနက်ပိုင်းအထိ ဆက်ဆွေးနွေးဖို့ရှိနေတယ်လို့ တပ်ဖွဲ့နဲ့နီးစပ်သူ တရုတ်မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

ဒုက္ခသည် စခန်းက ပြန်နိုင်ဖို့ ဆိုတာ အဝေးကြီး လိုပါသေးတယ်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နဲ့ မြန်မာအစိုးရ တို့အကြား တိုက်ပွဲတွေဖြစ်လာခဲ့တာ () နှစ်ကျော် ကာလ ရှိပါပြီ။ ကနေ့အထိ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး မပြုလုပ် နိုင်သေးသော်လည်း တိုက်ပွဲဖြစ်ပွားမှုများက သိသိသာသာ ကျဆင်း လာပါသည်။ ဤသည် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးတိုးတက်မှု ပြယုဂ်အဖြစ် KIO ဘက်မှ ရှုမြင်ထားပါ သည်။ 

သို့သော် လူထုများအတွင်း ဖြစ်ပေါ်ခဲ့သော အကျိုးဆက်များမှာ ၄င်းတို့၏ ကျေးရွာများ မီးရှို့ခံရခြင်း(သို့) ဖျက်ဆီးခံရခြင်း ၊ လယ်ယာ လုပ်ငန်းဂွင် အပါအ၀င် ရပ်တည်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ကျေးရွာကြား မိုင်းကွင်းဖြစ်ပေါ်ခြင်း၊ စစ်ရေး အရ ခြိမ်းခြောက် ခံရခြင်း များသာ အဖတ်တင်နေခဲ့ပါသည်။ ဤသို့ကြောင့် မိမိနေရပ်ပြန်ရေး ဟူသည်မှာ နီးလျှက်နှင့် ဝေးနေရခြင်းဖြစ်ပါသည်။

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရတင်းမာမှု အရှိန် လျှော့နည်းလာ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်)တွင် အစိုးရတပ်နှင့် တင်းမာမှုများ လျော့နည်းလာပြီး အစိုးရတပ်အချို့ကိုလည်း နောက်ဆုတ်ထားကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၉ ရက် နံနက် အစိုးရတပ် ခြေမြန်တပ်ရင်း ခလရ (၁၂၅၊၁၂၃) တပ်ဖွဲ့မှ စစ်အင်အား ၁၀၀ ကျော်သည် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) နှင့် ၎င်းတို့လှုပ်ရှားနယ်မြေ ခလွမ်ရွာမှ ၅ မိုင်ခန့်ရှိသော ကောင်းဂွင်စခန်းသို့ နောက်ဆုတ်သွားခြင်းဖြစ်ကြောင်း MHH တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်ပြည်သူများ ငြိမ်းချမ်း ရေးဖော်ဆောင်ရာ တွင်ပါဝင်မည့် အခန်းကဏ္ဍ တွေ့ဆုံဆွေးနွေး

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့  ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် သွက်လက်မြန်ဆန်စွာ အကောင်ထည်ဖော်နိုင်ရေး နည်းပညာအကြံပေး Technical Team အဖွဲ့တွင် ကချင်ပြည်သူလူထုများ၏ လိုအပ်ချက်သဘောထားအမြင်များ ပူးပေါင်းထည့်သွင်းသွားနိုင်ရေး ကချင်အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံညှိနှိုင်းဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမဆောင်တွင် ဇူလိုင် ၉-၁၀ရက် အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) နှင့် ကချင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းစီစဉ်ကာ အနာဂတ်တွင်ပြုလုပ်မည့် နိုင်ငံရေး/ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထု၏ လိုအပ်ချက်သဘောထားအမြင်များအား စုစည်း၍ ပါဝင်သွားရန် အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းမှ မူကြိုကျောင်းသူတစ်ဦး ရေနစ်သေဆုံး

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ မူကြိုကလေးငယ်တစ်ဦး ဂျေယန့်ချောင်းရေထဲ မျောပါ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ၄ နှစ်ခွဲအရွယ် မ ကြယ်စင်ထွေး သည် ဇူလိုင်လ ၈ ရက်နေ့ မူကြိုကျောင်းတက်နေရာမှ ချောင်းရေသို့ ဆော့ကစားကာ မျောပါပျောက်ဆုံးသွားခြင်းဖြစ်ရာ တာဝန်ရှိသူများက အလောင်းကိုရှာဖွေ နေဆဲဖြစ်ကြောင်း  ဂျေယန့်ဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး ဆလန်ကဘား ဦးဘရန်ရှောင်ကပြောသည်။

“ဆရာမတွေကို အရေးယူရင်လည်း လူက ပြန်ရမှာလည်း မဟုတ်ဘူးဆိုတော့ တခြားအရေးယူတာတွေ တော့မလုပ်ဘူး။ နောက်ကို ဒီလိုမဖြစ်ဖို့ သတိပေးပြောဆိုတာတွေတော့ရှိတယ်။ ကလေးရဲ့အလောင်းကိုလည်း ကျနော်တို့လူလွှတ်ပြီး ရှာခိုင်းထားတယ်။ 

ကချင်အဆိုတော်များ မလေးရှားတွင် ဖျော်ဖြေမည်

(Mizzima)

ပြည်တွင်းရှိ ကချင်အဆိုတော်များသည် မလေးရှားနိုင်ငံ၌ ဇူလိုင် ၁၅ ရက်တွင် f Chinese Assembly Hall ၌ဖျော်ဖြေကြမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲသည် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ကျင်းပခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ KBC နှစ်ချင်းအသင်းတော်မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

တေးဂီတဖျော်ဖြေမှုများသာမက ဟာသပြက်လုံးများကိုပါ ထည့်သွင်းတင်ဆက်မည့် ယင်းဖျော်ဖြေပွဲအကြောင်းကို ကချင်အဆိုတော် ကရိုင်ကိုင်ဒင်းက “ဖျော်ဖြေပွဲက တစ်ရက်တည်းကျင်းပမှာပါ။ မလေးရှားနိုင်ငံမှာရှိတဲ့ နှစ်ချင်း

တရုတ်အကူအညီဖြင့် ကေအိုင်အေ နယ်မြေသို့ ဗမာအစိုးရ စစ်အင်အားဖြည့်

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင် ကေအိုင်အေ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ ဖြစ်သာ  လွယ်ဂျယ်နယ် မုဘွမ်တွင် အခြေစိုက် နေရာယူထားသော ဗမာအစိုးရ တပ်စခန်းသို့ ဇူလိုင်လ (၁၁) ရက်နေ့ ညနေ (၈း၃၀) နာရီခန့်တွင် တရုတ်အစိုးရနှင့် ပူပေါင်းကာ ဗမာအစိုးရ စစ်အင်းအားနှုင့်ရိက္ခာများ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ တရုတ်အစိုးရနှင့် ပူးပေါင်းပြီး ပို့ဆောင်ရာတွင် စစ်အင်အား (၁၀၀) ကျော်နှင့် ဆန် (၉) တန် ဖြစ်ကြောင်း၊ တရုတ်ရဲများက ၄င်းတို့၏ ကားများနှင့် ညလူခြေ တိတ်ချိန်တွင် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မုဘွမ်တွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ်မှာ ခမရ (၄၃၇) ဖြစ်ပြီး၊ ယခု ထပ်တိုးလာသော စစ်တပ်မှာ ခလရ (၁၂၁) တပ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။


ကချင်ပြည်သူလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသတင်းထုတ်ပြန်ချက်

(Jinghpawkasa)

နေ့စွဲ။   ။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်
မြစ်ကြီးနားမြို.၊ ကချင်ပြည်နယ်

၁။ နိုင်ငံတော်အစိုးရနှင့် KIO တို့အကြား ချုပ်ဆိုခဲ့သည့် ၁၉၉၄ ခုနှစ်၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် သည် (၁၇) နှစ်ကြာပြီးသည့်နောက် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်  ပျက်ပြားခဲ့ပြီး တိုက်ပွဲများပြန်လည်စ တင်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်နှစ်တာ ကာလအတွင်း  နိုင်ငံတော်အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက်စစ်ရှိန်လျှော့ချရန်နှင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်ဦးတည် ၂၀၁၃ ခု နှစ်၊ မေလ (၃၀) ရက်နေ့ မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမတွင်

မျိုးစောင့် ဥပဒေ ကန့်ကွက်ရခြင်း အကြောင်းရင်း ရှင်းတမ်း။

(Kachin Duwa)

(၁) လူမျိုးတိုင်း ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သင့်တယ်၊ ဆိုတာ မူအရ လက်ခံတယ်။ လုပ်ပုံ လုပ်နည်း ကို ဝေဖန် နေတာ ဖြစ်တယ်။

(၂) ဗုဒ္ဓဘာသာ တမျိုးထဲအတွက် တနိုင်ငံလုံး ဆိုင်ရာ ဥပဒေ ရေးဆွဲခြင်းသည် ကျန် ဘာသာခြား နိုင်ငံသားတွေကို မထီမဲ့မင် ပြုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ခွင့်ထူးခံ ဘာသာတရား အဖြင့် လုပ်ဖို့ ကြိုးစား ခြင်း ဖြစ်တယ်။ နောက် တဆင့် တက်လာမှာကတော့ သီအိုကရေစီ နိုင်ငံ ဖြစ်လာရေး ပါ။ ဘာသာရေး အခြေခံ တဲ့ မူဆလင်အစွန်းရောက် နိုင်ငံတွေလို ဖြစ်လာမယ်။


Wednesday, July 10, 2013

အစိုးရ “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ကို နိုင်ငံတကာ မြန်မာသတင်း BNI ကန့်ကွက်

(ကချင်သတင်းဌာန)

အစိုးရပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ တင်သွင်းသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက် သည့်အပေါ် နိုင်ငံတကာ မြန်မာ့ သတင်း (Burma News International- BNI) က သတင်း လွတ်လပ်ခွင့်ကို ထိခိုက်စေ သည်ဟု ကန့်ကွက်လိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင်အတည်ပြုလိုက်သည့် အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းသည် သတင်းမီဒီယာများကို မှတ်ပုံတင်ခြင်းဖြင့် ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး လွပ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို အကြီးအကျယ်ထိခိုက်စေသည်ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ ဖွံ့ဖြိုရေးအရာရှိ နန်းဖော့ဂေကပြောသည်။

ဦးခေါင်းတွင်အရိုက်ခံရသည့် ကျောင်းသားမိသားစုက ၀န်ကြီးဒေါ်ဘောက်ဂျာသို့ တိုင်ကြား။

(Kachinwaves)

အရိုက်ခံရသည့် မောင်ဆိုင်းလတ်အောင် မိသားစုများက ဇွန်လိုင်လ ၉ရက်နေ့တွင် ကျောင်းသား ကိုရိုက်သည့် အင်္ဂလိပ်စာ ဘာသာပြဆရာမကို အရေးယူပေးပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ပညာရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာ တင်လိုက်ကြောင်းသိရသည်။

 ဆရာမက ဦးခေါင်းတွင် အရိုက်ခံရသည့် ကျောင်းသား ဒဏ်ရာမသက်သာ။ 

မောင်းဆိုင်းလတ်အောင်၏အဖွားက “အဲဒီ ဆရာမကို အလုပ်ပြုတ်သွားအောင် အရေးယူပေး ဆိုတဲ သဘောနဲ့ မဟုတ်ဘူး နောက်နောင် တစ်ခြားကျောင်းသားတွေကို ဒီလိုကိုယ်ထိလက်ရောက် နာကျင်စေအောင် မပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ” ဟုပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် UWSA ကိုယ်စားလှယ်များ ကျိုင်းတုံမြို့ သို့ ထွက်ခွာ

(ရွှေဟင်္သာသတင်းဌာန)

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်စားလှယ် (၅) ဦးသည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ မနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ကျိုးတုံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇော်က ဆိုပါသည်။ 

“ အခုသွားတဲ့ ကိုယ်စားလှယ်တွေ ကတော့ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံက ခေါင်းဆောင်ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ဆက်သွယ်ရေး ဌာနကြီးမှူး ကျောက်ကုန်အန်း ပြီးတော့ (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီးရှောရင်းဒုဦးစီးမှူး  စိုင်းစံနဲ့ရုံးအုပ် ဉ်ီးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦးပေါ့၊ဒီနေ့ မနက်ပိုင်းမှာ ကျိုင်းတုံမြို့ကို ထွက်သွားပါပြီး” ဟုဆိုပါသည်။  

နိုင်ငံရေးဆွေးနွေးပွဲ ပြင်ဆင်မှုအဖြစ် UNFC နှင့် အစိုးရ ကိုယ်စားလှယ်တို့ ထိုင်းတွင် တွေ့မည်

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် နိုင်ငံတော်အစိုးရတို့ အကြား နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ် ပြုလုပ်နိုင်ရေး နှစ်ဖက် နည်းပညာ အထောက်အကူပြုအဖွဲ့Technical Teamများ ၏ အကြိုညှိနှိုင်းဆွေးနွေး ပွဲကို ဇူလိုင်လ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဟု UNFC က ဇူလိုင်၉ရက် တွင် ထုတ်ပြန် ကြေညာလိုက်သည်။

တွေ့ဆုံပွဲသည် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ပြင် ဆင်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းကြဖွယ်ရှိသည်ဟု UNFC အထွေထွေ အတွင်းရေမှူး နိုင်ဟံသာက ပြောသည်။

အပြစ်မဲ့သူများကို ပုဒ်မ မျိုးစုံတပ်၍ အနိုင်ကျင့်ခြင်းကို ဆန့်ကျင်ရှုတ်ချလိုက်ပါတယ်

(ဇော်ဝမ်းမောင်)

လက် ပန်းတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက်ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော ဆည် တည်းရွာနေ ဦးအောင်ဆန်းနှင့် ကိုစိုးသူ အား ပထမအကြိမ် ထောင်ဒဏ်၆လနှင့် ဒုတိယအကြိမ် ၂နှစ် စုစုပေါင်း ထောင်ဒဏ် ၂နှစ်၆လစီကို ရွှေဘိုတရားရုံးမှ ချမှတ်ခဲ့ပါတယ်။ထို့အပြင် လယ်သမားများအား ကူညီဆောင်ရွက်ပေးသူ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးအား ပထမအကြိမ် ထောင်ဒဏ်၁နှစ်၆လနှင့် ဒုတိယအကြိမ် အမှု့ ၈ခုနှင့် ထောင်ဒဏ် ၁၀နှစိ ပေါင်း ၁၁နှစ်၆လ ချမှတ်လိုက်ပါတယ်။
အမှု့နံပါတ် ပုဒ်မ ပြစ်ဒဏ်

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၁) ၊ အပိုင်း(၂) ၊ အပိုင်း(၃)နိဂုံးပိုင်း

အာဏာရှင် သန်းရွှေ နှင့် သိန်းစိန်တို့ အစိုးရ ငြင်းကြမလား?
Posted by Maha Mingyi 

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း

အပိုင်း(၁)

ပွင့်လင်းလွတ်လပ်စွာ ခြေရာခံစစ်ဆေးနိုင်မှုကင်းမဲ့ခြင်းကြောင့် အဂတိချစားမှုက ဆင်းရဲချမ်းသာမှု အား အံ့မခန်းဘွယ် ကွာဟကြီးထွားလာရခြင်းနှင့် အကန့်သတ် သီးခြားသတ်မှတ်ထားသည့် အ နည်း ငယ်သောလူတန်းစားများအတွက်သာ ကြီးမားသော ငွေရေး ကြေးရေးပိုင်ဆိုင် စီမံ ပိုင်ခွင့် အားမျက်နှာသာပေးခွင့်ပြုထားလေ၏ ။ ထိုအချက်၂ချက်ကြောင့် ဆင်းရဲချွတ်ခြုံကျမှုပမာဏ တိုးမြင့် လာပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်စွာ အသုံးပြု ခွင့်ရှိသော ဓနအင်အား ချိနဲ့ ချို့ယွင်း သွားရသည်ဟု The Financial Time က ရေးသားထောက်ပြ ပါသည်။

ဒါက မြန်မာပြည်သား ကချင်လူမျိုးများလို့ ခေါ်ပါတယ်။

(Kachin Duwa)

ကိုယ့်ဟာကိုယ် အစိုးရ တပ်မတော် လို့ မည့်ခေါ်တဲ့ အောက်ပိုင်းက တက်လာတဲ့ ဗမာစစ်တပ်က ဒီလို ကချင်ပြည်နယ်၊ ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာ အေးချမ်းစွာ နေထိုင်တဲ့ ဒေသခံ ကချင်အိမ်တွေ၊ ကချင်ဘုရားကျောင်းတွေ၊ ကချင်ရွာတွေကို ဖျက်တယ်လေ။ ငါတို့ကချင်တွေက နိုင်ငံခြားသားလား၊ ဧည့်နိုင်ငံသား မို့လို့လား။ ခိုးဝင်လာတဲ့လူတွေ မို့လို့လား။

SHANGLAWT MAHKRUN

(Jinghpawkasa)

Awmdawm Shanglawt gaw gap la lu mat wa sai mungdan kaji nkau ni a galaw mat wa ai mabyin labau ni hpe yu yang anhte Jinghpaw Wunpawng ni mungdan lu na matu rawt malan galaw nga ai hta grau yak ai ni nga ai hpe mu lu ai. Mana maka sum machyi hkrum nna mungdan shanglawt lu la mat wa ai law law nga ai hta 2002 ning hta shanglawt mungdan lu la sai East Timor mungdan mung lawm nga ai. Shanhte rawt malan hkrunlam labau ni gaw anhte amyu Jinghpaw ni hte grai nan bung nga malu ai. Dai majaw shanhte mungdan lu wa ai lam ni hpe yu nna myit n’gun lu, hpaji ningja jat, ladat ningnan shalat la lu na matu garan kachyan dat nngai.

စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားသူများကို ကူညီရန် ‘ဂျန်လတာ့နီဖောင်ဒေးရှင်း’ ဖွင့်လှစ်

(ကချင်သတင်းဌာန)

ကချင်ပြည် တွင်း စစ်ကြောင့် ကိုယ်လက် အင်္ဂါထိခိုက် ဆုံးရှုံးသွား သူများ အား ကူညီဖေးမရန် ‘ဂျန်လတာ့ နီဖောင်ဒေးရှင်း’ (Jan Lata Ni Foundation) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇူလိုင် ၈ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

၎င်းဂျန်လတာ့နီ ဖောင်းဒေးရှင်း ကို သိက္ခာတော်ရ ဆရာပလောင့်နော်တောင် (Rev. Palawng Naw Tawng) က ဦးဆောင်ပြီး ခရစ်ယာန် အသင်းတော် ဂိုဏ်းပေါင်းစုံမှ ဓမ္မအမှုတော်ဆောင် အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်ဆရာ များမှသိရသည်။

UNFC နှင့် အစိုးရ (Technical Team)တို့၏ အကြိုဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)


ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် အစိုးရ တို့သည် နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ဖြစ်လာရန် ရည်ရွယ်ပြီး နှစ်ဖက် နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) များ အကြို ညှိနှိုင်းရန် လာမည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၌  တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။   

ဒီတစ်ပတ် ဆွေးနွေးမှာက လမ်းပြမြေပုံကို ညှိနှိုင်းနိုင်ဖို့ အတွက် အကြိုညှိတာ၊ ကြားင် ဖြန်ဖြေ ညှိနှိုင်းရေး အဖွဲ့ ပါင်လာအောင် ဆွေးနွေးမယ်။ နေရာ ထိုင်ခင်း ညှိနှိုင်းမယ် လက်ရှိ အပစ်အခတ် ရပ်စဲရှိပြီးသားနဲ့ တချို့လူမှု အကူအညီ အထောက်ပံ့ ကိစ္စတွေပြောဆိုဖြစ်မှာပါ” ဟုဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် ကလေးစစ်သား ပပျောက်မည်ဟု ILO ယုံကြည်

(ရွှေဟင်္သာသတင်းဌာန)

မြန်မာ့ တပ်မတော်မှ သဘော တူထား သည့် ကလေး စစ်သား ပပျောက်ရေး အစီအစဉ် သည် ၂၀၁၅ ခုနှစ် မတိုင်မီ အားလုံး ပြန်လွှတ်ပေး နိုင်ဖွယ် ရှိသည် ဟု မျှော်လင့် ရကြောင်း မြန်မာနိုင်ငံဆိုင်ရာILO ဌာနေ ကိုယ်စားလှယ်Mr. Stephen က ဆိုပါ သည်။ 
 
အခု လက်ရှိ တပ်မတော် ထဲ မှာ ကလေး စစ်သား ရှိနေ ဆဲပဲ ဆိုတာတော့ ယုံကြည်ပါ တယ်။ ကလေး စစ်သားနဲ့ ပတ် သက်တဲ့ တိုင်ကြား မှုတွေ ရှေ့တန်း တပ်စခန်း တွေ ကနေ ထွက်ပြေးနေ တာတွေ ရှိနေတယ်ဆိုတာ ကျွှန်တော် တို့ သိနေရပါတယ်၊ ဒါကြောင့် ကလေး စစ်သားတွေ ရှိနေဆဲဘဲ ဆိုတာ ယုံကြည် နေတာပေါ့” ဟု ဆိုပါသည်။

Tuesday, July 9, 2013

ဗန်းမော်မြို့ရှိ အသင်းတော်များ ဒုက္ခသည်စခန်းသို့ ငှက်ဖျားရောဂါ ဆေးဝါးများ ကူညီ

(ကချင်သတင်းဌာန)

မိုးတွင်း ကာလ ငှက်ဖျား အဖြစ်များနေပြီး ဆေးဝါးများ လိုအပ်နေ သည့် တရုတ် နယ်စပ် ဒုက္ခသည် စခန်းများ သို့ ကချင်ပြည် နယ် ဗန်းမော်မြို့ ရှိ အသင်းတော် များ က ငှက်ဖျားနှင့် ၀မ်းရောဂါ အတွက် ဆေးဝါးများ ကူညီပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့  ကက် သလစ် RC အသင်းတော် မှ ဘုန်းတော်ကြီး များနှင့် နှစ်ခြင်း အသင်းတော် က ဆရာတော် များက ဗန်းမော်ရှိ ဒုက္ခသည် စခန်းများနှင့် တရုတ် နယ်စပ် လိုင်ဇာ အနီးဝန်းကျင် ရှိစခန်းများ တွင် မိုးရာသီချိန် ချို့ယွင်းဖြစ်ပေါ် လာတတ်သော ကျန်းမာရေးနှင့်ပတ်သက် သည့် ဆေးဝါးများ ကို ဇူလိုင်လ ၈ ရက်နေ့က် four wheel truck ကား တစ်စီးစာ ကူညီပေး ခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါလာ သည့် ဆရာ တူးဂျာ ကပြောသည်။

၂၀၁၅ မတိုင်မီ လွှတ်တော်ပြင်ပ ညီလာခံပြုလုပ်နိုင်ရန် UNFC ကြိုးပမ်းမည်

(KIC)

တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်မှုနှင့် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်ရေးအတွက် တစ်နိုင်ငံလုံး အားလုံးပါဝင်မည့် လွှတ်တော်ပြင်ပ ညီလာခံတစ်ရပ်ကို ၂၀၁၅ မတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ(UNFC)မှ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

KIO ဌာနချုပ်ရှိ အလဲန့်ဘွမ်ကျောင်း ယနေ့မှ စဖွင့်

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် ရှိ IDP ဒုက္ခ သည် အလဲန့် ဘွမ်ကျောင်း ကို တစ်လနောက် ကျ၍ ယနေ့မှ ဖွင့် လှစ်နိုင်ကြောင်း ကျောင်း အုပ်ကြီးထံမှ သိရသည်။

ပုံမှန်ကျောင်း ဖွင့်ချိန်သည် ဇွန်လမှ စ၍ သင်ကြားနေပြီ ဖြစ်သော် လည်း KIO စစ်ဌာနချုပ်ဟောင်း အလဲန့်ဘွမ် (Alen Bum) ကျောင်းတွင် ကျောင်းဆောင်အခက်အခဲနှင့် ဆရာ/ဆရာမ အခက်အခဲကြောင့် ယခုချိန်မှ ဖွင့်နိုင်ခြင်းဖြစ်ကြောင်း အလဲန့်ဘွမ်ကျောင်းအုပ်ကြီး ဦးခေါင်လွမ်း ပြောသည်။

UWSA နှင့် မြန်မာစစ်တပ်တို့ အင်အားပြိုင်ဖြည့် အထပ်ထပ်ဝိုင်းရံနေ

 


သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက်တောင်ကြော၌ ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မြန်မာအစိုးရ စစ်တပ်တို့ နှစ်ဘက်တပ်များအင်အားပြိုင်ဖြည့်ကာ အထပ်ထပ်ဝိုင်းရံနေကြောင်း ဒေသခံများကပြောသည်။

သူခိုးကလူလိုဟစ်နေပြီ

(Jinghpawkasa)

စစ်တပ်ရဲ့တာဝန်ဟာ ပြည်ပမှကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းပစ်ဖို့၊ စစ်တိုက်ဖို့ တာဝန်သာလျှင် အဓိကတာဝန်ဖြစ်သည်။ ထို့ကြောင့်စစ်ပညာကလွဲပြီး ဘာနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ပညာရပ်တွေကိုမှသင်ပေးခြင်းမရှိပါ။ စစ်တပ်က ရိုးရိုးစစ်သည်စစ်သားမှ ထိပ်ဆုံးကမှစစ်ဦးစီးချုပ်အထိ စစ်ပညာတွေကို သူ့အဆင့်နှင့်သူ လေ့လာဆည်းဖူး လုပ်ဆောင်နေရတာဖြစ်သည်။ ဒါတောင်မှ စစ်ရေးစစ်ရာများမှာ လိုအပ်ချက်တွေအများကြီး ရှိနေပါသေးသည်။ ဒါပေမယ့် စစ်တပ်ဟာ သူ့အလုပ်သူမလုပ်ဘဲ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ နိုင်ငံရေးမှာမှားယွင်းစွာ ၀င်ရောက်စွက်ဖက်ခဲ့တဲ့ 1961 ခုနှစ်မတ်လ (2) ရက်နေ့ ဗိုလ်ချုပ်နေ၀င်းကစပြီး ဒီနေ့ဒီအချိန်အထိနှစ်ပေါင်း (50) ကျော် စစ်တပ်က နိုင်ငံတော်ရဲ့အာဏာကို လက်နက် အားကိုးပြီး မတရားသိမ်းယူအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ကြီးဟာ ဖွံ့ဖြိုးတိုးတက်လာမယ့်အစား ဆင်းရဲသည်ထက်ဆင်းရဲပြီး နောက်ဆုံးကျတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဘ၀ဆီကို မရောက်ချင်ဘဲနဲ့ရောက်သွားခဲ့ရတာ အားလုံးအသိကဘာသိဖြစ်ခဲ့ရပြီ။ တရားခံဘယ်သူလဲ။ စစ်တပ်ပေါ့။ သူနဲ့မဆိုင်တဲ့ သူလုံးဝမကျွမ်းကျင်တဲ့ အလုပ်ကို လုပ်နေဆဲမို့လို့ပါ။ 

Monday, July 8, 2013

အစိုးရတပ်ဖွဲ့မှ ကလေး စစ်သားများ ထပ်မံ လွှတ်ပေး

(ရွှေဟင်္သာသတင်းဌာန)

မြန်မာ အစိုးရမှ ယနေ့တွင် ကလေးစစ်သား (၄၂) ဦးအား တတိယ အကြိမ် အဖြစ် ထပ်မံ လွှတ်ပေး ခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UN ကိုယ်စားလှယ်အားကိုးကား၍ အယ်ဂျားဇီးယား သတင်း ဌာန၏ ယနေ့ ထုတ်ပြန်သည့် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားပါသည်။ 

ကျန်ရှိ နေသေးတဲ့ ကလေး စစ်သားတွေထပ်မံ လွှတ်ပေးနိုင်ဖို့ အတွက် အစိုးရ အပေါ် ဖိအားပေး မှုတွေ တိုးမြုင့် လုပ်ဆောင် သွားဖို့လိုပါတယ်။ ဒါမှလည်း စစ်တပ်ထဲမှာ ကျန်နေတဲ့ ကလေးတွေ လွှတ်ပေးဖို့ အကျိုး ခံစားခွင့်ကိုခံစား ကြရမှာဟု မြန်မာနိုင်ငံ ၏ UN အကြီးအကဲ Mr.Ashok Nigam အပြောအား အယ်ဂျာဇီးရား သတင်းဌာန၌ ဖော်ပြ ထားသည်။

ဆရာမက ဦးခေါင်းတွင် အရိုက်ခံရသည့် ကျောင်းသား ဒဏ်ရာမသက်သာ။

(Kachinwaves)

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့  အ.လ.က (၆) ထခွဲတွင်ကျောင်းတတ်နေသော မောင်ဆိုင်းလတ်အောင်ကို စာသင်ခန်းတွင် ပုံဆွဲနေသည်ဟု အင်္ဂလိပ်သင်ကြားသော ဆရာမက ဦးခေါင်းတွင် ကြိမ်လုံးဖြင့် အချက်(၂၀)ကျော် အရိုက်ခံရသောပြီး ဦးခေါင်းဒဏ်ရာ မသက်သာသေးကြောင်း ၄င်းက ပြောသည်။

“ဆေးသောက်ရင်က သက်သာတယ်၊ဆေးမသောက် ရင်က ခေါင်းအရမ်းကိုက်တယ်” ဟုပြောသည်။ အရိုက်ခံရသည့် နေ့မှာ ဇူလိုင်လ ၃ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အရိုက်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများနေအိမ် မိုးမလုံ၍ အခက်ခဲ ရင်ဆိုင်နေရ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ မေခ- မလိခ မြစ်ဆုံ တွင်တည်ဆောက် မည့် ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံထားရသော ဒေသခံများ သည် ပြန်လည်နေ ရာချထားရေး ပုံစံနေ အိမ်များ တွင် မိုးရာသွန်းချိန် မိုးမလုံ သဖြင့် နေထိုင်ရ အခက်ခဲဖြစ်နေကြောင်း သိရသည်။

ဒေသခံများ သည် အဆိုပါနေအိမ်တွင်ပြောင်းရွှေ့နေ ထိုင်သည်မှာ ၂ နှစ်ခန့်သာ ရှိနေထိုင်သေးသော် လည်း အထူး သဖြင့် ယခုလို မိုး ရာသီချိန်တွင် မိုး၊ လေ မလုံသောကြောင့် ပို၍ အခက်ကြုံနေရခြင်းဖြစ် သည်ဟု အောင်မြင်သာကျေးရွာဥက္ကဌ ဦးလာရမ်ပြောသည်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကောင်မတီပြန်ဖွဲ့

(VOA)

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရေး ကြိုးပမ်းနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပေမဲ့၊ မူလအတိုင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် အခု ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဒီဗဟိုကော်မတီထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ မပါဝင်ကြတဲ့အပေါ်မှာ လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဥပဒေ ရေးဆွဲရင် ပြဿနာ တခုပေါ် အခြေခံပြီး ၀ါးလုံးရမ်း မဖြစ်ဖို့ အရေးကြီး ပါတယ်။

(Kachin Duwa)

ဥပမာ... အခု ဖြစ်နေတဲ့ မီဒီယာ ပုံနှိပ်ဥပဒေ ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ လွတ်တော်အမတ် တွေ ဆင်ခြေပေးတာကတော့ လူမျိုးခြား၊ ဘာသာခြား မုန်းတီးမှုတွေ မဖြစ်ပွါးအောင် မရေးသင့်၊ မထုတ်သင့်တဲ့ စာအုပ်မျိုးမထွက်အောင် ထိန်းချုပ်ရမယ် ပေါ့။ ဒါပေမယ့် ဒီလို အကြောင်းပြချက် တခုထဲ နဲ့ မီဒီယာ တခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်လာတယ်။ တကယ်တော့ ဒီလို ပြောရင်၊ ရေးရင်၊ ရေးတဲ့လူ၊ ပြောတဲ့လူကို တရားဥပဒေ အရ အရေးယူဖို့ ဥပဒေ ရှိပြီးသားပါ။ အရေး မယူလို့ ဖြစ်လာရတဲ့ ပြဿနာ တွေ ဖြစ်ပါတယ်။

မြန်မာ့မူးယစ်ဆေးပြသနာနှင့် ၀တိုင်းရင်းသားများ အခန်းကဏ္ဍ

(ရွှေဟင်္သာသတင်းဌာန)


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ရေးဆွဲ ထားခဲ့ပေမဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်း အများအပြား ရှိပါတယ်။ ဒေသခံတိုင်းရင်းသားများ အနေနှင့် ရပ်တည်ရေးနဲ့ ဝမ်းစာ ဖူလုံရေးတို့အတွက် အစိုးရက လုံလုံလောက်လောက် ဘိန်းအစားထိုး အခြေခံ သီးနှံများကို မပေးနိုင် တာကလည်းအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဘိန်းမှရတဲ့ ဝင်ငွေတွေဟာ အခြားသီးနှံထက် ပိုကောင်းတာမို့ အချို့တောင်သူများ အနေနဲ့ စွန့်လွှတ်ဖို့ ဝန်လေးနေဟန် တူပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အနေနဲ့မှီခိုမိသားစုများ အပါအဝင် တပ်ဖွဲ့ဝင်အားလုံးရဲ့ စားဝတ်နေရေးကို ရှာဖွေဖန်တီးပေးရမှု ဝန်ထုတ် ဝန်ပိုးဟာလည်း ကြီးမားလှပါတယ်။ 

မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်

(ဧရာဝတီ)

မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ဖို့ သမ္မတ ဦးသိန်းစိန်ထံ ခွင့်ပြုချက် တောင်းချင်တယ်လို့ စီမံကိန်းတွေ တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ China Power Investment Corporation (CPI) ကုမ္ပဏီရဲ့  တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ပြုလုပ်တဲ့ တရုတ်ကုမ္ပဏီများနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲမှာ ဧရာဝတီကို ပြောကြားခဲ့တာပါ။

ကချင်အရေး ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမည်

(Mizzima)

ကချင်ပြည်နယ်နှင့်  ပတ်သက်သည့် အရေးကိစ္စများ ဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုစည်းပြီး ကချင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များကို မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ယင်းပွဲကို စီစဉ်သူ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့ဝင် ဒေါ်ဂျာနန်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံ ဆွေးနွေးမည့်ရက်မှာ ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက် တွေ့ဆုံမည် ဖြစ်သည်။ ယင်းပွဲတွင် KIO, KIA မှ တာဝန်ရှိသူများ လာရောက်မည် ဟုတ်မဟုတ် ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။