Saturday, July 6, 2013

ဖင်ပြောင်ကြီးနဲ့ ဘုရင်ကြီးဟေ့ အပိုင်း(၂) နိဂုံးပိုင်း

ဂိုလ်ရှယ်လေး


ယက်ကန်းသယ်မလေး ဘုရင်ကြီး၏ နန်းသလွန် ပုလ္လင် ရှေ့ သို့ ရောက်သော အခါ ရိုသေစွာ ဒူးညွတ်ချပြီး ဘုရင်ကြီးအား သူမယက်လုပ်ခဲ့သော အတောင် ၂၀ ရှည်လျာသော ပုဆိုးအားဆက်သရန် အသင့်ဖြစ်ကြောင်း လျောက်တင်လေသည်။

ဘုရင်ကြီး ဆော်ကဲ သည် ယက်ကန်းသယ်မလေး၏ ကြေးလင်ပန်းချပ်သို့ လှမ်းကြည့်ရာ ကပ်ကြေးတချောင်းမှလွဲကာ လင်ပန်းထဲတွင် ဘာမှမမြင်ရပေ။ ဘုရင်မင်းကြီးမှ အမျက်ထွက်ပြီး ဘာမှ မမြင်ရကြောင်း ပြောဆိုရန်ပြင်ပြီးကာမှ သတိဝင်လာလေသည်။ ယက်ကန်းသယ်မလေး၏ အဆိုအရ သူမ ယက်လုပ်သော အတောင် ၂၀ ရှိသည့် မင်းပုဆိုးသည် ငါးပါးသီလ ပြည့်သောသူသာ မြင်တွေ့ရပြီး ၀တ်ခွင့်ရှိကြောင်း ဆိုထားခဲ့လေသည်။

ကေအိုင်အိုကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို ဇူလိုင် ၂၀ ရက်တွင် ဖွင့်လှစ်မည်

(Eleven Media Group)

ကေအိုင်အို ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာနယ်မြေ ကေအိုင်အို ဆက်ဆံရေးရုံးဟောင်း နေရာတွင် လာမည့် ဇူလိုင် ၂၀ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။ ၎င်းရုံးဖွင့်ပွဲကို ကချင်ပြည်နယ် အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၊ လူမှုအခြေပြု အဖွဲ့အစည်းများ (NGOs)၊ လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ကို ရောက်ရှိနေသည့် ယင်းအလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခေါင်းက ဆိုသည်။

နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာ ဟာ နိုင်ငံ အတွက် တကယ် အကျိုးပြုသလား?

(Kachinduwa)

လူမှန်ရင် နိုင်ငံရေး နဲ့ မကင်းပါ၊ ဒါပေမယ့် လူတိုင်းက နိုင်ငံရေး နားမလည်တတ်ပါ။ နိုင်ငံသား တစ်ယောက်ကို နိုင်ငံရေး မလုပ်ပါနဲ့ လို့ ပြောခြင်းဟာ ထမင်းမစား နဲ့ ပြောလိုက်တာ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ၊ ထမင်းစားခြင်းသည် နိုင်ငံရေးတွေးခေါ်မှုအတွက် အခြေခံ အုတ်မြစ် ဖြစ်တယ်၊ ဆိုခြင်း အတွက် ပါ။ သဘောမှာ လူတစ်ယောက်ရဲ့ အိပ်ကောင်းခြင်း၊ စားကောင်းခြင်း သည်၊ နိုင်ငံ့ အရေး ဖြစ်လေသည်။

ပေါ်လစီ ချမှတ်သူတိုင်းဟာ နိုင်ငံရေးသမား များ ဖြစ်တယ်။ ဒါပေမယ့် ပေါ်လစီချမှတ်သူတိုင်း နိုင်ငံရေး ပညာရှင်များ မဟုတ်။

Friday, July 5, 2013

ကချင် စစ်ပြေး ဒုက္ခ္ခသည် ကျောင်းသား ၂,၀၀၀ ခန့် ကျောင်းမတက်နိုင်သေး

(Mizzima)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသား ၂,၀၀၀ ခန့်မှာ ကျောင်းဆောင် မလုံလောက်၍ စာသင်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အစိုးရ ကျောင်းများတွင် ဇွန်လဆန်းမှ စတင်၍ သင်ကြားနေပြီ ဖြစ်သော်လည်း KIO ဌာနချုပ်ရှိ ကျောင်းသူ/သားအချို့မှာမူ ယနေ့ထိ စာသင်ကြားနိုင်မှု မရှိသေးခြင်း ဖြစ်သည်။

ကျိုင်းတုံ ဆွေးနွေးပွဲ ရက်ရွှေ့၊ ဝ နယ် စစ်ရေး တင်းမာဆဲ

(ဧရာဝတီ)

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မ တီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည့် ပွဲကို ရက်ရွှေ့လိုက်ပြီဖြစ်ကြောင်း UWSA ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

အစိုးရ စစ်တပ်နှင့် UWSA တပ်များအကြား လက်ရှိစစ်ရေးတင်းမာနေသော အခြေအနေ ပြေလည်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး ကိစ္စ အချို့ ဆွေးနွေး ကြရန် ကျိုင်းတုံမြို့တွင် ယနေ့စီစဉ်ထားသော်လည်း UWSA ဘက်က “လိုအပ်ချက်အချို့” ရှိနေသည့်အတွက် ယင်းသို့ ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှု တွင် ‘သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး’ ကိစ္စ ဆွေးနွေး သင့်ဟု KNO ပြော

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) သည် အစိုးရနှင့်တွေ့ ဆုံဆွေးနွေးမှုများ တွင် ကချင်လူထု လိုလားသော သီးသန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် (Absolute Sovereignty Power) နှင့်ပတ် သက်၍ ဆွေးနွေးမှု မရှိသောကြောင့် ၄င်းကိစ္စ ကို ဆွေးနွေးရန် လိုအပ်ပြီဖြစ်ကြောင်း ပြည်ပ အခြေစိုက် ကချင်အမျိုးသား အစည်းအရုံး KNO က ထောက်ပြ လိုက်သည်။

KIO အလုပ်အဖွဲ့ ရုံး ဖွဲ့စည်းပုံကိစ္စ စတင်ဆွေးနွေး

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီးနားမြို့ တွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ နည်းပညာပိုင်းဆိုင်ရာ အလုပ် အဖွဲ့ Technical Team ရုံးဖွင့်နိုင်ရန် အတွက် ပညာရှင် များနှင့် ရုံး၏ဖွဲ့စည်းပုံ နည်းလမ်းများ ကို ဆွေးနွေးနေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါရုံး ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ နည်းပညာ အကြံပေးအဖွဲ့ Technical Advisory Team အနေဖြင့် KIO အဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူလူထုဘက်မှ ပညာရှင်များနှင့်အတူ စီတာပူ KIO ဆက်ဆံရေးရုံးတွင် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်ကြား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရ ဆရာဒေါင်ခါးက ပြောသည်။

ပဋိပက္ခကို ဖြေရှင်းရန် UWSA နှင့် အစိုးရအဖွဲ့တို့ ရက်သတ်မှတ်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်တောင် ပိုင်း တာချီလိတ် ခရိုင်မိုင်းတုံမြို့နယ် တွင် ဖြစ်ပွားနေသော ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA နှင့် အစိုရတပ်ဖွဲ့ တို့၏ တင်းမာမှုကို လာမည့် ဇူလိုင်လ ၁၁ ရက်နေ့ တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း UWSA ဘက်က အကြောင်းပြန်ထား သည်ဟု ပြောရေး ဆိုခွင့် ရှိသူတစ်ဦးကို ကိုး ကားပြီး တရုတ်ပြည်နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။ 

UWSA ဘက်က ဒုတိယ ဥက္ကဌဦးရှောင်းမီလျံ ဦးဆောင်မယ်။ အစိုးရ ဘက်ကတော့ ဦးသိန်းဇော် ဦးဆောင်မယ်လို့ဆိုပါတယ်။ 
အစိုးရတြိဂံတိုင်း ဌာနချုပ် ကျိုင်းတုံမြို့မှာတွေ့မယ်။ တွေမယ့် ရက်ကတော့ အစိုးရဖက်က မနက်ဖြန် ဇူလိုင် (၆) ရက်နေ့မှာ တွေ့ဆုံဖို့ တောင်းဆိုထားပေမဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာမှတွေ့ဆုံနိုင်လိမ်မယ်လို့  UWSA ကဒီနေ့အကြောင်းပြန်ထားပါတယ် ” ဟု UWSA အဖွဲ့အတွင်း၌နှစ်ပေါင်း၂၀ခန့်ပါဝင်လာခဲ့ပြီးနယ်စပ် တစ်လျှောက် တွင် စစ်ရေးလေ့လာခဲ့သူ ဦးအောင်ကျော်ဇော်က ဆိုပါသည်။

WGEC အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် UNFC အခန်းကဏ္ဍ

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့WGEC ( Working Group for Ethnic Co-ordinating) သည် နှစ်ရက်တာ အစည်းအဝေး ကျင်းပပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော တိုင်းရင်းသား ညီလာခံ တစ်ရပ် ဖြစ်ပေါ်လာရေးနှင့် နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများ နောက်ထပ် ညီလာခံ တစ်ရပ် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သော ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။  

အစည်းဝေးကိုတော့ ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ဇူလိုင် ၃ ရက် ၄ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဓိက ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံ တစ်ရပ်ဖြစ်လာဖို့  UNFC နဲ့ ညှိနှိုင်းမယ်။ နောက်တစ်ခုက WGEC အဖွဲ့ကို ဆက်လက် ထားသင့် မသင့် နောက်လမှာ ညီလာခံခေါ်ပြီး ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်ဟုဆိုပါသည်။

ဖင်ပြောင်ကြီးနဲ့ ဘုရင်ကြီးဟေ့ (အပိုင်း ၁)

(Minmaha bagan fb page)


တိုင်းမသိလျှင် ဗာရာဏသီ မင်းမသိ လျှင် ဗြမဒ္ဒတ ဆိုရိုးရှိ သလားပဲ ကျန်ာကတော့ တိုင်းပြည် ကိုတော့  မြန်မာပြည် မင်းမသိ လျှင် ပုဂံမင်း ဆက် (မင်းကြီး ဆော် ခက်) ဟု အမည် ပေး ပါအံ့၊
နှစ်မည်မျှကြာခဲ့လေပြီတော့ မသိရ ဆရာကြီး ဒေါက်တာသန်းထွန်း မရှိတော့ပြီမို့ ကျနော် တဦးတည်း ဗိုလ်ကျပြီး ယခု သမိုင်းအားရေးချလိုက်သည်။

ပုဂံမင်းဆက် ပေါင်း ၂၀၀ ကျော် ထဲတွင် မင်းတပါးဖြစ်သော မင်းကြီး ဆော်ခက် နန်းတက်သော ကာလဖြစ်၏။ ပုဂံမင်းမှ မင်းငပေါ ဖိုးသီပေါအထိ ပြည်သူ၏ အကြပ်တည်းများအား စနစ်တကျ ဖြေရှင်းပေးခြင်း မရှိသလောက်ပင် ဖြစ်သည်။

လူမျိုးကြီး ၀ါဒ ဆိုတာ....

(Kachin Duwa)

ဒီ ကွမ်မန့်မှာတော့ ပြည်ထောင်စု တိုင်းရင်းသားတွေကို စည်းလုံးရေး စကား ပြောနေတာက ကရင်တိုင်းရင်းသား ဖြစ်နေတယ်။ (အမေရိကန် မှာ ဆိုရင်တော့ ဥပဒေ ပြစ်မှုကျူးလွန်ခြင်း ဖြစ် ပါတယ်။)

ဘယ်သူ့ အတွက် အမျိုး ဘာသာ၊ သာသနာ လဲ...

(Kachin Duwa)

အမျိုးဘာသာ၊သာသနာ လှုပ်ရှားမှု ကြောင့် ဘယ်သူတွေ ဘာအကျိုးရှိမလဲတော့ မသိသေးဘူး.. လောလောဆယ်တော့

(၁) ခရစ်ယာန် တိုင်းရင်းသား နဲ့ ဗုဒ္ဓတိုင်းရင်းသားတွေကြား အမြင်မတူမှုတွေ ရှိလာတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် '၀'ဘက်က ကမ်းလှမ်းထားခြင်းမရှိ

(Eleven Media Group)

'၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားခြင်း မရှိကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

''အခုအခြေအနေကတော့ ရှုပ်ထွေးနေပါတယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် ကြာလာတဲ့အခါကျတော့ အခြေအနေတွေ နည်းနည်း ရှုပ်ထွေးလာတဲ့ သဘောပါ'' ဟု ဦးအောင်မြင့်က ပြောကြားသည်။
''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမယ်လို့ ကျွန်တော်တို့ဘက်က ပြောကြားထားတာ မရှိပါဘူး'' ဟု ဦးအောင်မြင့်က ဆက်လက်ပြောကြားသည်။

Thursday, July 4, 2013

ဗမာ စစ်တပ် ရဲ့ အသလွတ် ရန်ရှာ တိုက်နည်း ဗျူဟာ ဖြစ်ပါတယ်။

(Kachin Duwa)

သူများ ထိုင်နေတဲ့ နေရာ ကို ဖယ်ခိုင်းတယ် ဆိုတာကတော့ အရပ်စကား နဲ့ ပြောရ ရင် တော်တော် မိုက်ရိုင်းတဲ့ ဓလေ့ ဖြစ်ပါတယ်။

စစ်မတိုက်ပဲ ဖြေရှင်း တဲ့ နည်းတွေ မရှိတော့ ဘူးလား....  အဲလေ.. စစ်တိုက် ဖို့ပဲ သင်ထားတာကိုး..  နိုင်ငံ့ဘဏ္ဍအများဆုံး သုံးထားတဲ့ တပ် မတော်ကြီး ဆိုတော့ စစ်မတိုက် ရင် အလုပ်မရှိ။ စီမံ ကိန်းရှိမှ ပိုက်ပိုက် ရွှင်မယ်လေ။

ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲကြီးတွေ ဖြစ်လာမလား

(ဧရာဝတီ)

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် UWSA တပ်ဖွဲ့တဖွဲ့ကို စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – mongloi.org)

ယခုလ အတွင်း လက်နက်ကိုင်တိုင်းရင်းသားများ အားလုံးနဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ သမ္မတဦးသိန်းစိန်က စီစဉ်နေချိန် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အရှေ့ခြမ်းမှာ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)နဲ့ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားလျှက် ရှိကြောင်း သိရသည်။

ကချင်ဒုက္ခသည်များ နေထိုင်သည့် ယာယီအိမ်များ ပျက်စီးလာ

(ကချင်သတင်းဌာန)

စစ်ရှောင်နေစဉ် ၂ နှစ်ကာလအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များ၏ ယာယီအိမ်များ ပျက်စီးလာသောကြောင့် အိမ်သစ်များကိုပြန်လည်ပြုပြင် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ဒုက္ခသည်မိသားစုများနေထိုင်သည့် ယာယီဆောက်ထားသောတဲအိမ်များ ပျက်စီးယိုယွင်းလာခြင်းကြောင့် အလှူရှင်များကို မျှော်လင့်နေကြောင်း ဒုက္ခသည်ဖြစ်သူ ဒေါ်လွမ်းနော ကပြောသည်။

“စစ်ပြေးလာတာ ၂ နှစ်ကျော်ရှိလာပြီဆိုတော့၊ အခုနေတဲ့ယာယီအိမ် အားလုံးကမကောင်း တော့ဘူး၊ အဲဒီအတွက်ကိုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကိုလည်း သတိထားမိစေချင်တယ်” ဟုဆိုသည်။

ကချင်မြေ၌ တိုက်ခိုက်မှုများ ကင်းရှင်းလာသည်ဟု KIO ရှုမြင်

(ရွှေဟင်္သာသတင်းဌာန)

ကချင်နယ်မြေတွင် တိုက်ပွဲများ၊ စစ်ဆင်ရေးများ ငြိမ်သက် လာနေသဖြင့် ဤသည် မြစ်ကြီးနား တွေ့ဆုံပွဲ၏ တိုးတက်ဖြစ်ထွန်းမှု ရလာဒ်အဖြစ် ရှုမြင်နေကြကြောင်း၊ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။ 

မြစ်ကြီးနား တွေ့ဆုံပွဲ လုပ်ပြီး နောက်ပိုင်းမှာ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်မဖြစ်တော့ဘူး။ ခြုံပြီးပြောရမယ်ဆိုရင် ကျွှန်တော်တို့မှာ ရှိတဲ့ တပ်မဟာ () ခု စလုံးမှာ တိုက်ပွဲတွေ မရှိတော့ဘူးဟု ဆိုပါသည်။

ဤကဲ့သို့ ကချင်နယ်မြေတွင် ဖြစ်ပွားမှု မရှိခဲ့သော်လည်း ရှမ်းပြည်မြောက်ပိုင်း ရှိသော တပ်မဟာ () နယ်မြေတွင် ဇွန်လ ကုန်ပိုင်း အထိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွား ခဲ့ပါသည်။ ဤအခြေအနေသည်လည်း KIO လုပ်ငန်းပိုင်း ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းပြီးသည့်နောက် ပန်လည် ငြိမ်သက်သွားသည်ဟု ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုခဲ့ပါသည်။

UWSA နှင့် အစိုးရတပ်တို့ တင်းမာ၊ တပ်လှန့်၍ ဆက်သွယ်ရေးလမ်းများ ဖြတ်တောက်ထား

(Mizzima)

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အစိုးရ တပ်တို့အကြား တင်းမာမှုများ
ရှိနေပြီး ဝတပ်ဘက်မှ တပ်လှန့်ထားမှုများရှိသလို အစိုးရ ဘက်မှလည်း ဆက်သွယ်ရေးလမ်းများ ဖြတ်တောက်ထား
သည်ဟု UWSA နှင့် စစ်ရေး လေ့လာသူများက ပြောသည်။

မြစ်ဆုံ စာချုပ်နှင့် ဒေသခံများ အနာဂတ်ကိစ္စ ဒု-ဝန်ကြီးဖြေကြားမှု မပြည့်စုံ

(Mizzima)

မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ အနာဂတ်အရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးမြန်းမှုကို လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်မှာ
ပြည့်စုံလုံလောက်မှု မရှိကြောင်း မေးခွန်းရှင် ဒေါ်ဒွဲဘူ က မဇ္ဈိမကို ပြောသည်။

ကစထမှူးများ ဖွဲ့စည်းပုံနှင့် တာဝန် ပျက်ယွင်းလျက်ရှိ

(စည်းလုံးခြင်းရဲ့အင်အား)

ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဆိုတာကို တပ်မတော်မှာ ဖွဲ့စည်းခဲ့တာတော့ ကြာပါပြီ။ ဦးနေဝင်း လက်ထက်ကတည်းက ကစထ (၁/၂) ရယ်ဆိုပြီး ၁၉၇၅ ခုနှစ် နောက်ပိုင်း ကာလကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ကစထ (၁/၂) မှူး အရင်ဦးဆုံး ဖြစ်လာသူတွေကတော့ ဒုဗိုလ်ချုပ်ကြီး တင်စိန်နှင့် ဗိုလ်ချုပ်ကြီး ထွန်းရီတို့ဘဲ ဖြစ်ကြပါတယ်။ အဲဒီနောက် ဒုဗိုလ်ချုပ်ကြီး စိန်အောင်နှင့် ချစ်ဆွေတို့ ဖြစ်လာကာ နဝတ တက်လာတော့ ကရင်ပြည်နယ် KNU ရဲ့ အမာခံ စခန်းများအား တိုက်ဖို့ ဒုဗိုလ်ချုပ်ကြီး မောင်လှကို အထူး စစ်ဆင်ရေး အဖွဲ့မှူးလို့ တပ်ချုပ်က အာဏာကုန် လွှဲအပ် တာဝန်ပေးထားခဲ့ပါတယ်။ သူက အမြောက်တပ် အပါအဝင် (ရေ/လေ) တပ်များကို ခေါ်ပိုင်ခွင့် ရှိပါတယ်။ သူ့အနေနဲ့ တပ်မတော်သားများ စခန်းသိမ်းလို့ရရင် တိုက်ပွဲမှာ ထူးချွန်ရင် ရှေ့တန်းမှာ Field Promotion (Jump Promotion) လုပ်ပေးပိုင်ခွင့် ရှိပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မိုးရေစက်များ

BNI 
 
မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်၌ အလွန်ကြီးကျယ်သော အခန်းအနားတခုကို  လာမည့်လတွင် မြန်မာ အစိုးရက စည်ကားသိုက်မြိုက်စွာ ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲနိုင်ပြီဖြစ်ကြောင်းကိုလည်း တက်ရောက်လာကြမည့် ကုလသမဂ္ဂကိုယ် စားလှယ်တော်ကြီးများနှင့် နိုင်ငံခြားတိုင်းပြည်များမှ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော် ကြီးများကို ကြေငြာပါလိမ့် မည်။ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့မှ ၁၀ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားပြီးဖြစ်ကြောင်းကိုလည်း မီးမှောင်းထိုးပြကြလိမ့်မည်။

ကချင်ပြည်နယ်က ရှမ်းလူမျိုးတွေ အရေး ဖြေရှင်းဖို့ ကော်မတီဖွဲ့စည်း

(RFA)

ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးစတဲ့ အရေးကိစ္စတွေ အားလုံးအတွက် တာန်ယူ ဖြေရှင်းပြောဆိုနိုင်ဖို့ အတွက် ဒီကနေ့ မြစ်ကြီးနားမြို့၊ န်းသိုကျောင်းတိုက် မှာ ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ 

ဒီလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အဲ့ဒီကော်မတီမှာပါဝင်တဲ့ တာလောကြီးကျေးရွာက ဦးစန်းဝေက RFA ကို အခုလို ပြောပါတယ်။

Wednesday, July 3, 2013

နည်းပညာအကြံပေးရုံးဖွင့်ဖို့ KIO အဖွဲ့ မြစ်ကြီးနားရောက်

(VOA)

ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်တွေ ပိုမိုချောမွေ့ အဆင်ပြေအောင် ဆောင် ရွက်နိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ Technical Team ခေါ် နည်းပညာအကြံပေးအဖွဲ့ဝင် ၄ ဦးဟာ မြစ်ကြီးနားကို ရောက်ရှိလာပြီး ဒီလ ၂၀ ရက်နေ့မှာ လုပ်ငန်းတွေ စတင် အကောင်အထည်ဖော်မယ်လို့ နည်းပညာ အကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ နည်းပညာအကြံပေးအဖွဲ့အတွင်းမှာ အရပ်သား အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပါဝင်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
 

LACHYUM

(Jinghpawkasa)

Ndai ten hta Myen asuya gaw rawt malan hpung ni yawng hpe shamyit kau lu na matu shanhte lu ai hpaji hte n-gun atsam ma hkra lang nna nji nmu shakut nga ai ten rai malu ai. Byin pru wa na mahtai gaw shanhte a hkum hpe yihku shatai la nna hpang jahtum na yihku a wan hkru ai LACHYUM de gale wa na masa nga ai.

THE 1994 CEASEFIRE AGREEMENT BETWEEN THE KACHIN INDEPENDENCE ORGANIZATION AND THE BURMESE JUNTA

Kachin Land FB

Is it time to reveal the full transcripts of the 1994 ceasefire agreement between State Law and Order Restoration Council (SLORC) and the Kachin Independence Organization? If you think this is the right time to reveal to the public please give us your comment here.

The KIO's technical team have arrived in Myitkyina today for reopening of liaison office. Are the Kachin people ready to engage with the Burmese government regardless they cannot be trusted?
 
 

ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်

(DVB)

ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေး တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့ အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာ မှာ ပြီးခဲ့တဲ့ အပတ်အတွင်း အစိုးရတပ်ဘက်က  ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ  ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။

မြန်မာစစ်တပ် အဘက်ဘက်သို့ အင်အားဖြည့် - တောင်ပိုင်း ၀ တပ်လှန့်တုန်လှုပ်

 

မြန်မာစစ်တပ်သည် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေသို့ စစ်အင်အားဖြည့်နေခြင်းသာမက ယမန်နေ့က သျှမ်းပြည် တောင်ပိုင်းကျေးသီး မြို့နယ် ဝမ့်ဟိုင်းအုပ်စု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာန ချုပ်ဘက်နှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်း သို့ပါ စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆို ပါသည်။

“ မနေ့က နမ့်ဇန်ဘက်ကနေတက်လာတယ်။ တင့်ကား၊ စစ်ယာဉ်တန်းတွေပါတဲ့ ကားအစီး ၃၀ လောက် ဝမ့်ဟိုင်းဘက် တက်သွားတယ်။ နောက်ပြီး တာ့ကော့တံတားကနေပြီးအရှေ့ဘက် မိုင်းပျင်းဘက်ကို အစီး ၁၀၀ လောက်သွားတယ်လို့လဲ ကွန်ဟိန်းက ကုန်သည်က ပြောပြတယ်” ဟု မိုင်းနောင်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြစ်ကြီးနား-ဖားကန့် သွားလမ်းတလျှောက် အစိုးရတပ် ဂိတ်များတွင် ငွေကောက်ခံနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်ကားလမ်းမ တလျှောက် လုံခြုံရေးယူလိုက်သော အစိုးရတပ်များသည် ဂိတ် ၁၀ ခုထက်မနည်း ထားရှိကာ ဖြတ်သန်းသူများထံမှ ငွေကောက်ခံနေကြောင်းသိရသည်။
ဖားကန့်မြို့တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တင်းမာမှုလျှော့ကျလာသည့် မတ်လနှောင်းပိုင်းမှစ၍ ခရီးသည်ဖြတ်သန်းမှုများ စတင်စည်ကားလာခြင်းဖြစ်ရာ ယခုချိန်တွင်မူ ဂိတ်များတိုးချဲ့ကာ ငွေကောက်ခံနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမှ ခရီးသည်တဦးပြောသည်။

UWSA နှင့်အစိုးရ ဆက်ဆံရေးရုံး ပိတ်သည်အထိ ဆက်ဆံရေးတင်းမာ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့များသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တောင်ပိုင်း စစ်ဒေသမှ စခန်း တစ်ခုကို ၀ိုင်းထားသည့် အခြေအနေမှ ယခု ဆက်ဆံရေးရုံးပါ ပိတ်ပစ်လိုက်ပြီး ဖြစ်ကြောင်း တရုတ်ပြည်နယ်စပ်မှ စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇော်သည် UWSA ပြောခွင့်ရသူကို အခြေခံပြီး ယနေ့ ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ 

တာချီလိတ်နဲ့ကျိုင်းတုံမှာ ရှိတဲ့ ဆက်ဆက်ရေးရုံးတွေကိုပိတ်လိုက်ရပြီးတောင်ပိုင်းနဲ့မြောက်ပိုင်းကိုဆက်သွယ် ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ဖြတ်တောက် လိုက်သလို UWSA အဖွဲ့ကိုပါ အစိုးရဘက်ကဖြတ်တောက်လိုက်ပြီးဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။ 

Facebook ပေါ်တွင် ဖတ်ရှုရသော စာအပိုင်းအစများ

Ven Ravika FB စာမျက်နှာမှ

သတိတရားထားကြပါ

ဝကို တိုက်လို့ ရှမ်းတွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ကရင်ကို တိုက်လို့ မွန်တွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ကချင်ကို တိုက်လို့ ပလောင်တွေ ဝမ်းမသာမိဖို့ လိုပါတယ်။
ဝတွေ မရှိရင် ရှမ်းတွေ မလွယ်သလို ကရင်တွေ မရှိရင်လည်း မွန်တွေ မလွယ်ပါ။ ကချင်နဲ့ရှမ်း မရှိရင်တော့ ပလောင်တွေလည်း ဘယ်လွယ်ပါ့မလဲ။

မြန်မာ့တပ်မတော်က လက်နက်တပ်ဆင်နေပါတယ်။ တပ်ရင်းတပ်မများကိုလည်း တိုင်းရင်းသားနယ်မြေထဲမှာ ဖြန့်ကျက်ထားပါတယ်။ တိုင်းရင်းသားဒေသကို လွှမ်းမိုးဖို့ ကြိုးစားနေကြောင်း သိနိုင်သလို သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားလူမျိုးများ ဒုက္ခရောက်ရဖို့ ရှိပါတယ်။ အစိုးရခင်းကျင်းတဲ့ ငြိမ်းချမ်းရေးကို ယုံကြည်မိရင် ဒီချုပ်လိုပဲ ခြေကျွံမိမှာ အမှန်အကန်ပါပဲ။

ဂျေယန့် ဒုက္ခသည်စခန်း တွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားနေ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှုသည် ယခုချိန် ဒုက္ခသည်အယောက် ၁၀၀ ကျော်တွင် ဖြစ်ပွားနေကြောင်းသိရသည်။

ဒုက္ခသည်အများဆုံး ခိုလှုံနေသော ဂျေယန့်ဒုက္ခသည်စခန်းတွင် မေလပိုင်း မိုးကျလာချိန်မှစ၍ ကလေးငယ်များနှင့် အသက်ကြီးပိုင်းတွင် ငှက်ဖျားရောဂါစတင်ဖြစ်ပွားလာရာ ယခုချိန်တွင်ပိုမိုများပြားလာသောကြောင့် ကျန်းမာရေးစခန်းမှ တာဝန်ရှိသူများ စိုးရိမ်ပူပန်နေကြသည်။

K.I.O A Machyoi Hpung Rap Daw Ni Myitkyina De Sa Du

(Kachinnet)

2013 July (2) ya hkying (2:00)pm aten hta Du Kaba Gawlu La Awng woi awn ai  K.I.O a Machyoi Hpung Rap Daw (Technical Advisory Team) ni marai (12) gaw Laiza kaw nna Myitkyina de rawt sai lam chye lu ai.

May 28 kaw nna 30 ya shani du hkra myithkrum bawngban da ai hte maren Technical Team hpe Myitkyina kaw hpaw sa wa lu na matu sa du ai re lam chye lu ai. 

တရုတ်ပြည်သို့ ကျွဲ၊နွားများ ရောင်းချမှုသည် တနေ့ အကောင်(၈၀)ခန့်ရှိ။

(Kachinwaves)

ကျွဲ၊နွားများအား တရုတ်ပြည် သို့ ရောင်းချ လျှင် ဈေးကောင်း ရရှိသော ကြောင့် မြန်မာနိုင်ငံ အနှံမှ ကျွဲ၊နွားများကို ကချင်ပြည်နယ် လိုင်ဇာမြို့မှတဆင့် နေ့စဉ် ပျှမ်းမျှအကောင် (၈၀)ခန့်နေ့စဉ်ပို့ဆောင် နေ လျှက်ရှိကြောင်းသတင်းရရှိသည်။

“အခုတော့ သိပ် မဖြတ်ကြတော့ ဘူး။ တစ်နေ့ ၇၀ ၊ ၈၀ ကောင်လောက် ပဲရှိတော့ တာ။ အရင်ကတော့ များတယ်။” ဟု ကေအိုင်အို ထိန်း ချုပ်နယ်မြေရှိ ဂိတ်တစ်ခုမှ ကေအိုင်အို ၀န်ထမ်းတစ်ဦးကဆိုသည်။

Tuesday, July 2, 2013

တိုင်းရင်းသား လက်နက်ကိုင်များ စည်းရုံးဖို့အချိန်တန်ပြီ

(Jinghpawkasa)

မြန်မာလွတ်တော် ဥက္ကဌ သူရရွှေမန်း၏ တိုက်တွန်ချက်အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ဇူလိုင်လ (၂) ရက်နေ့တွင် အရေးတကြီးပြုလုပ်ခဲ့ရပါသည်။ မကျင်းပတာ ကြာပြီ ဖြစ်သော ဤကာလုံ အစည်းအဝေးကြီးကို အဘယ်ကြောင့် အရေးတကြီး ခေါ်ယူ ကျင့်ပရပါသနည်း။ အဖြေသည်ကား ရှင်းရှင်းလင်းလင်းပင် တွေ့ဖြစ်နေရပါသည်။

ယခုအချိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စစ်ရေး အသင့်အနေအထား ရှိဖို့ရန် အထူးအရေးကြီးသော အချိန်သို့ ကျရောက်နေပါပြီ။ မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထင်သလောက် အောင်မြင်မှု မရရှိသောကြောင့် နိုင်ငံသကာတွင် မျက်နှာပူနေရပါသည်။ ယခုအချိန် မြန်မာအစိုးရ၏ အလိုလားဆုံး ဆန္ဒမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရေးပင်ဖြစ်ပါသည်။ အကြောင်းရင်းမှာ ဤစာချုပ်ဖြင့် နိုင်ငံတကာ လှည့်လည် လိမ်ညာကာ အခွင့်ကောင်းယူ တောင်းစားလိုသော ကြောင့်ဖြစ်ပါသည်။ မြောက်ပြဆန်တောင်း လုပ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။

‘အလုပ်အဖွဲ့’ တွင် ပါဝင်သည့် KIO အဖွဲ့ဝင်များ မြစ်ကြီးနား သို့ရောက်ရှိ

(ကချင်သတင်းဌာန)

အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကြားခံညှိနှိုင်းဆောင် ရွက်နိုင်ရန် အတွက် အလုပ်အဖွဲ့ (Technical Team) ရုံးဖွင့်ရန် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၏ အလုပ် အဖွဲ့ဝင် ၄ ဦးသည် မြစ်ကြီးနား သို့ ရောက်ရှိ နေပြီဖြစ်သည်။

KIO အဖွဲ့ဝင်များကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် မြစ်ကြီးနားမှ လိုင်ဇာသို့သွားရောက်ကြိုဆိုခဲ့ရာ ညနေ ၅ နာရ်ီတွင် မြစ်ကြီးနားမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း PCG မှ ကိုယ်တိုင်သွားရောက်ကြိုခဲ့သော ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

KIO ၏ နည်းပညာ အထောက်အကူပြု အဖွဲ့များ မြစ်ကြီးနားရောက်ရှိ

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ၏ နည်းပညာ အထောက်အကူပြု အဖွဲ့(Technical Team) ရုံးတာဝန်ခံနှင့် အဖွဲ့ဝင် များသည် ယနေ့ ညနေ ၅ နာရီ အချိန်တွင် ကချင် ပြည်နယ် မြစ်ကြီးနား မြို့သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျာ က ဆိုပါသည်။ 

သူတို့တွေ ကတော့ KIO ဘက်က အချိန်ပြည့် အလုပ်လုပ်မည့် ရုံးတာဝန်ခံ အဖွဲ့တွေ ဖြစ်တယ်။ ရုံးဖွင့်ဖို့ လာတာ ဖြစ်တယ်ဟု ဦးလမိုင်ခွန်ဂျာ ကဆိုပါသည်။

အစိုးရ ရာဇသံကို အာခံသော UWSA တပ်ဖွဲ့ တပ်လှန့်ပြီး

(ရွှေဟင်္သာသတင်းဌာန)

ဆုတ် ခွာပေးရန် ငြင်းဆိုခဲ့သော ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်းခွန်းက ဆိုပါသည်။ 

ရှမ်းပြည်တောင်ပိုင်း တာချီလိတ် ခရိုင်က မိုင်းတုံမြို့နယ်မှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကိုပေါ သူတို့က ဆုတ်ခိုင်းတယ်။ ကျနော်တို့က မဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း  ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့ ကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူးဟု ဆိုပါသည်။

အစိုးရ ပေါ်လစီပြောင်းပါက နည်းပညာ အထောက်အကူပြု အဖွဲ့မှ သိရှိနိုင်

(ရွှေဟင်္သာသတင်းဌာန)

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ကချင် လွတ်လပ်ရေး အဖွဲ့တို့၏ နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) တို့ တွေ့ဆုံ ဆွေး နွေးပြီးမှသာလျှင် မိမိတို့ UNFC (Technical Team)နှင့် တွေ့ဆုံသွားရန် ရှိကြောင်း တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။ 

ကျနော်တို့ အနေနဲ့ ရက်အတိအကျပြောဖို့ ခက်သေးတယ်။ကချင်နဲ့ ပြီးပြတ်ပြီးမှ UNFC ကိုသူတို့က လာတွေ့မှာ ဖြစ်တယ်UNFC အနေနဲ့ကလည်း ကချင်ဘက်က ရက်ချိန်း လိုက်မယ် ဆိုရင်တော့ ဒီဘက်ကလည်း အော်တိုရက်ရွှေ့သွားနိုင်ပါတယ် ကျနော်တို့က ကချင်ရဲ့ အခြေအနေကိုပဲ စောင့်ကြည့်နေပါတယ်ဟုဆိုပါသည်။

KIO မှ ဖွင့်လှစ်ထားသည့်ကျောင်းတွင် အဆင်မပြေမှုများစွာရှိ။

(kachin wave)


၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး အာလန်ဘွမ်(Alen Bum)တွင် ကေအိုင်အို မှဖွင့်လှစ်ထားသည့် စစ်ရှောင်တိမ်း ကလေးများ၏ ကျောင်းတွင် ဖတ်စာအုပ်၊ အစားအသောက်၊ အ၀တ်အစားနှင့် သောက်သုံးရေ စသည့် အခက်အခဲများရှိ နေကြောင်း သိရသည်။

“မိဘတွေလည်းအားလုံးက စစ်ဘေးဒုက္ခသည်တွေဆိုတော့ မထောက်ပံ့နိုင်တော့ ကျောင်းသားတွေက အ၀တ်အစားတွေ အစားအသောက်တွေက အစ အဆင်မပြေတာတွေ အများကြီးရှိတယ်။အခုလက်ရှိ အရေးတကြီးလိုအပ်နေတာက ဖတ်စာအုပ်တွေပါ။ တချို့အခန်းတွေမှာ ဖတ်စာအုပ် တစ်အုပ်မှ မရှိတော့ စာသင်ရာမှ ထိရောက်မှုနည်းပါးတယ်”ဟု ကျောင်းအုပ် ဦးခေါင်လွမ်းကဆိုသည်။

KIO မူးယစ်ဆေးဝါး ပပျောက် တိုက်ဖျက်ရေးကော်မတီ ဒုတာဝန်ခံဗိုလမှူးချုပ်ဇောင်းဗုခ်ထန်း နှင့် Kachinwaves media တွေ့ဆုံမေးမြန်းချက်

(Kachin waves)

ကေအိုင်အို ဆွေးနွေး ပွဲကော်မတီနှင့် ကချင်လူငယ်များတွေ့ ဆုံဆွေးနွေးပွဲ မေ ၂၄၊ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ကေအိုင်အို မူးယစ်ဆေးဝါပပြောက် တိုက်ဖျက်ရေးကော်မတီ ဒုတာဝန်ခံဗိုလမှူးချုပ်ဇောင်းဗုခ်ထန်း နှင့် Kachinwaves media တွေ့ဆုံမေးမြန်ခဲ့သည်ကို ဖော်ပြအပ်ပါသည်။

Kachinwaves။။။ ပထမဦးဆုံး မူးယစ်ဆေးဝါးကျင်းပတယ်လို့ သိရတယ်။ဘာကြောင့် ဒီလိုရည်ရွယ်ပြီး ကျင်းပရတာလဲ။

ငြိမ်းချမ်းရေး ဆွေးနွေးမှု ဘေးထွက်ဆိုးကျိုး ရှိနိုင်ဟု သူရဦးရွှေမန်း သတိပေး

(ဧရာဝတီ)

သူရဦးရွှေမန်း ၏ တောင်း ဆိုမှုကြောင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ယမန်နေ့ မနက်ပိုင်းက ကျင်းပခဲ့စဉ် သူရ ဦးရွှေမန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် သူရဦးရွှေမန်းက ယမန်နေ့က ကျင်းပခဲ့သော ကာလုံ အစည်းအဝေး အခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပြန်လည် ရှင်းပြခဲ့ပြီး ကာလုံ အစည်း အဝေးသည် ပြည်သူနှင့် နိုင်ငံအတွက် အောင်မြင်သာ အစည်းအဝေး တခုဖြစ်သည်ဟုလည်း  ပြောဆိုခဲ့သည်။

KIO ခေါင်းဆောင် လေးဦးပါ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ မြစ်ကြီးနားတွင် ရုံးထိုင်မည်

(Mizzima)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခေါင်းဆောင် လေးဦး အပါအဝင် ပညာရှင်များဖြင့် ဖွဲ့စည်း ထားသော Technical Team အဖွဲ့ဝင်များက ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ရုံးထိုင်တော့မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

မေလကုန်ပိုင်းက အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ရန်
မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ KIO ဆက်ဆံရေးရုံးတွင် ရုံးထိုင်ကြမည် ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

DAP BA (1) WUNLI LA AKYU HPYI

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Dingdung Ginwang Ginjaw Masat (1) Dap Ba Daju Majoi Gawk Nu hta Wunli la kyu hpyi hpawng lamang hpe July (1) ya jahpawt hkying (7:00 - 8:00 AM) hta galaw galaw lai wa sai lam chye lu ai. Kyu hpyi hpawng hta Shut hpyit mara hpyi nem ai lam, KIO Ginjaw Komiti a matu, Hpyen Koi yen tsin yam hkrum nga ai sai daw sai chyen ni a matu,shawng lam de shakut shaja nga ai myit rum share ni a matu, Amyu Sha yawng myit mada ai pan dung de du wa lu na matu, KIO hpe lam amyu myu hku madi shadaw nga ai ni yawng a matu ni hpe Karai Kasang hpang de akyu ara hpyi wunli la sai lam na chye lu ai.

MAJAN KABA A MATU HKYEN TAWN RA SAI

(Jinghpawkasa)

Namlap shamu ai hpe yu nna ndai nbung gaw gara shara kaw nna gara maga de bung nga ai hpe asan sha maram chye lu ai zawn myen asuya a shamu shamawt wa ai masa lam mung majan kaba hte hparan shakre hkyen taw nga sai lam dandawng pru wa sai.

Daini 01-07-2013 ya shani Naypyitaw kaw mungdan makawp maga shimlam zuphpawng hpe lawan ladan hkyak hkyak gan hpawng la masai. Ndai zuphpawng gaw, n dai july shata hta myen mungdan kata kaw laknak lang Rawt Malan taw nga ai Wuhpung Wuhpawng ni yawng ma’hkra (mungdan ting gap hkat jahkring myit hkrum ta’masat) lu htu hkra na matu re.

ရှမ်းမြောက် ကြူကုတ် ဒေသတွင် အစိုးရတပ်နှင့် KIA စစ်ရေးတင်းမာ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) KIA ပြည်သူ့စစ် (MHH) တပ်ခွဲ(၅) နယ်မြေသို့ အစိုးရတပ်များဝင်ရောက်နေသောကြောင့် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

အရပ်ဝတ်ဖြင့် အစိုးရတပ်ဖွဲ့များသည် ဇွန်လ ၃၀ ရက်နေ့တွင် ၁၀၅ မိုင် ရှမ်းရွာ တိန့်ယန်း (Ting Yang) မှ ဗင်ကား ၄ စင်းနှင့် ပန်ဆိုင်း (ကြူကုတ်) စခန်းသို့ စစ်အင်အားသစ်များ ဖြည့်ထားခဲ့သည်။ တချိန်တည်းမှာ အစိုးရစစ်သားများကို ပန်ဆိုင်း (ကြူကုတ်)မြို့ ပတ်ဝန်းကျင် မော်တော (Maw Taw) ရွာတွင် အင်အား ၃၀ ကျော်နှင့် ဟူဖဲ (Hu Hpye) ရှမ်းရွာတွင် အင်အား ၇၀ ကျော် ချထားကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာနသို့ ပြောသည်။

Monday, July 1, 2013

အစိုးရတွင်း ပရိယာယ် အပြောင်းအလဲများ

(ရွှေဟင်္သာသတင်းဌာန)

ယခုရက်ပိုင်း တွင် အောက်လွှတ်တော် ဥက္ကဌက အရေးပေါ် လုံခြုံရေး ကောင်စီ ခေါ်ပေးရန် တင်ပြနေပြီး ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် နောက်ထပ် သက်တမ်း အတွက် ရွေးချယ်ခြင်း မပြုရန် ကြံ့ခိုင်ရေး ပါတီအား ဂတိပြု လက်မှတ် ထိုးပေး လိုက်သည့် အကြောင်း၊ ၀န်ကြီး ဦးအောင်မင်း နှုတ်ထွက်တော့မည့် သတင်း၊ အစိုးရအတွင်း တည်ငြိမ်မှု မရှိဘဲ အချင်းချင်း အုပ်စုတိုက် ပွဲများ ဖြစ်နေသလိုလို ကောလဟာ လများ ထွက်ပေါ်နေပါသည်။ 

ဤသည် အစိုးရ၏ နိုင်ငံရေး အကွေ့အလှည့် လုပ်ဆောင်သည့် အခါ ကျင်းသုံးနေကြ ပရိယာယ်များသာ ဖြစ်သည်ဟု KNU အရာရှိ တစ်ဦးက ဆိုပါသည်။ အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ၏ စခန်း နားတွင် ကပ်လျှက် နေရာ ချထားပြီးဖြစ်သည်။ နောက်ထပ် စစ်ဆင်ရေး အသစ်စနိုင်ရန် အဆင်သင့် ရှိနေပြီး ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ 

ကေအိုင်အို ဆက်ဆံရေးရုံး မြစ်ကြီးနားမှာ ရက်ပိုင်းအတွင်း ဖွင့်မည်

(RFA)

ကေအိုင်အိုအဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေးအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးဖို့ ကြားခံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလို့ အခုတစ်ရက်နှစ်ရက်အတွင်း မြစ်ကြီးနားမှာ ရုံးဖွင့်တော့မယ်လို့ သိရပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ လွန်ခဲ့တဲ့ ဇွန်လကတည်းက နှစ်ဖက် တွေ့ဆုံဆွေးနွေးရေးအတွက် ကြားခံညှိနှိုင်းရေးအဖွဲ့ Technical Team ကို ဖွဲ့စည်းပြင်ဆင်လာခဲ့ရာ အခုတော့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့လူတွေကို ရွေးချယ်ခဲ့ပြီး လာမယ့်တစ်ရက်နှစ်ရက်အတွင်းမှာ မြစ်ကြီးနားမှာ ရုံးဖွင့်တော့မယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

KIO အလုပ်အဖွဲ့ (Technical Team) မြစ်ကြီးနားမြို့တွင် ဖွဲ့စည်းတော့မည်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ပြည်သူလူထုနှင့် အစိုးရကြား လိုအပ်သောလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလုပ်အဖွဲ့ (Technical Team) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ဖွဲ့စည်း တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Technical Team ကိုဖွဲ့စည်းရန် ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် KIO ခေါင်းဆောင်ပိုင်းများမှ ဇွန်လ ၁၈-၁၉ ရက် နှစ်ရက်ကြာ အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောသည်။

ကချင်ရိုးရာနှင့် သမိုင်း ဘာသာရပ် ကျောင်းဆင်းပွဲ လိုင်ဇာ တွင်ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) မှ ကချင်ရိုးရာနှင့် သမိုင်းဘာသာရပ် ကျောင်းတခု ဖွင့်လှစ်ထားရာ ဇွန်လ ၂၉ ရက်နေ့တွင် ပထမကြိမ်မြောက် ကျောင်းဆင်းပွဲအဖြစ် လိုင်ဇာမြို့ မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘာသာရပ်များတွင် ရိုးရာအဝတ်အထည်၊ အစားအစာ၊ အနေအထိုင်၊ အမူအယာ၊ သံစဉ်တီးလုံး၊ အက၊ အတီးအမှုတ်တူရိယာစုံ၊ လက်မှုပညာ၊ ကချင်သမိုင်းကြောင်း၊ အခြားဘာသာစကားအဖြစ် တရုတ်စာများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း ကျောင်းသားများမှသိရသည်။

ဦးအောင်မင်း ရာထူးက ထွက်ခဲ့လျှင် …

(ဧရာဝတီ)

သမ္မတရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းဟာ ရာထူးက နုတ်ထွက်စာ တင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
အကယ်၍ ဦးအောင်မင်း လက်ရှိ ရာထူးက ထွက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ စဉ်းစားစရာပါ။ ဦးအောင်မင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အားထားရတဲ့သူ တဦးဖြစ်ပါတယ်။

ဒီ့အပြင် သမ္မတ ဦးသိန်းစိန် အားထားရသူတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ အပေါ် လွှတ်တော် အုပ်စု၊ ကြံ့ခိုင် ရေး ပါတီ အုပ်စုတွေနဲ့ စစ်တပ်တွင်း တွေမှာ မနာလိုမှု မကျေနပ်မှုတွေကြောင့် တိုက်ခိုက်မှု၊ ခြေထိုးမှုတွေ ရှိတယ် ဆိုတဲ့ ပြောဆို သံတွေလည်း ထွက်ပေါ်နေပါတယ်။

HKRUNLAM HTA JAMJAU AI GAW MAREN SHA

(Jinghpawkasa)

Laknak lang Rawt Malan taw nga ai Bawsang ni ma hkra a ntsa e myen asuya a shamu shamawt ai ladat masing hpe maram yu yang, Jet ai Munghpawm (federal) de sa ai hkrunlam hte Awmdawm de sa ai hkrunlam gaw maren sha rai na masa nga ai. Kaja wa hkrak teng sha tsun ga nga yang, Jet ai Munghpawm (Federal) hpe hpyi shawn taw nga ai gaw mungmasa manghkang hpe majan hte nhparan ai sha ku (saboi) ntsa kaw jawm hparan la na matu re. Raitim myen asuya gaw mungmasa manghkang hpe hpyen masa hte shawng dip gamyat tawn lu ai kata kaw she mungmasa jahta mayu ai.

LAWU TSANG UPHKANG DU MAJAT WUNKAT YU HPAWNG GALAW

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya, Ginjaw Ginra Ginwang Ginjaw a Masat Yan (1) Lawu Tsang Uphkang Du Majat Wunkat Yu Hpawng hpe, 2013 ning, July praw (1) ya jahpawt hkying (8:00 AM) ten, Ginjaw Ginra Ginwang Ginjaw, Masat (5) Dap Ba Daju, Padang Ninghkawng Gawk Nu hta galaw la lu sai lam chye lu ai.

Reuters သတင်းဌာန၌ ဖော်ပြသော(Special Report: Myanmar gives official blessing to anti-Muslim monks အထူးအစီရင်ခံစာ : မွတ်စလင်ဆန့်ကျင့်ရေး ဘုန်းကြီးတွေကို မြန်မာအစိုးရ ကောင်းချီးပေး) ဘာသာပြန်

(ဒေါန်းမာန်ဟုန်)



မြန်မာနိုင်ငံက ၉၆၉ လို့အမည်ရတဲ့ ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှု ဟာ အောက်ခြေ လူတန်းစား
ရဲ့ ယုံကြည်မှုဖြစ် တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှား မှုရဲ့ ထင်ရှား တဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဝီရသူဟာ စစ်အစိုးရ လက်ထက်က မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် မှုကြောင့် ထောင်ဒဏ် အပြစ်ပေးခံရ သူဖြစ်ပြီး သူ့ကိုယ် သူ ဗမာဘင်လာဒင် လို့ ခေါ်ဝေါ်ခဲ့သူလည်း ဖြစ်တယ်။

Sunday, June 30, 2013

ကချင်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်လျှင်လူရွှင်တော်အဖွဲ့က ငြိမ်းချမ်းရေးအောင်ပွဲကိုအောင်ဆန်းကွင်းတွင် ဖျော်ဖြေမည်



(ဒေါန်းမာန်ဟုန်)

ဇူလိုင်၂၇ရက်နေပြည်တော် ၌ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲပြီးလျှင် လူရွှင် တော်အဖွဲ့မှ ဦးဆောင်၍ ငြိမ်း ချမ်းရေးအောင်ပွဲအနေဖြင့်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာပွဲ ကို ရန်ကုန်မြို့အောင်ဆန်းကွင်း ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန် ၂၄ ရက်တွင် လူရွှင် တော် ဦးဇေယျကပြောသည်။
 

ဘင်လာဒင် လွှတ်တော်ထဲက စစ်သွေးကြွများ

(Minmaha Bagan FB Page)


မြန်မာ့နေပြည်တော် အကြောင်းပြောလျှင် အံ့မခန်းဖွယ် အတိနှင့်ပြည့်နေ၏၊ ယခင်က နေပူတော် ဟုသော်၎င်း လှိုင်ခေါင်းများ တည်ဆောက်နေခြင်းကြောင့် လှိုင်းခေါင်းမြို့တော်(သို့) ကမ္ဘာ့အကြီးဆုံး မြေအောက် သင်္ဂြိုင်းမြို့တော်ဟု၎င်း၊ခေါ်ဝှော်ကြသည်။

မည်သို့ပင်ခေါ်စေ ကာမူ ပြည်သူနှင့် အဝေးဆုံး တော်တော် ပင် သာမန် လူ တို့ လမ်းလျောက် သွားနိုင်ရန် ခက်ခဲသော အတားဆီး အစောင့်ကြပ် များဖြင့် ထိုနေရာတွင် အံ့ဘွယ်ဘနန်း လွှတ်တော် ခန်းကြီးများ ရှိနေလေသည်။ 


ထိုလွှတ်တော် တွင် သက်တော် မကြီးသော် လည်း နားမကောင်းသော အမတ် များ၊ မျုက်စေ့ မကောင်းသော အမတ်များ၊ တနေ့လျှင် ၁၅ မိနစ်မျှသာ ထိုင်ပြီး တလ တွင် ၇ ရက်ဖြစ်ပြီး တရက် ၁၅ မိနစ် စာမျှလောက် ဆွေးနွေးကြ သည်။

ငြိမ်းချမ်းရေး ကိစ္စ မကျေလည်မှု ရှိတယ်လို့ဆို

(BBC)


မြန်မာ အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော် အကြားမှာ တိုင်းရင်းသား အဖွဲ့ တွေနဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေလည် မှုတွေ ရှိနေနိုင် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောပါတယ်။

လွှတ်တော် ဥက္ကဌ က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခိျု့မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တဲ့ အတွက် အစိုးရရယ် စစ်တပ်ခေါင်းဆောင် တွေရယ် လွှတ်တော် ဥက္ကဌ တွေရယ် ပါဝင်ဖွဲ့စည်း ထားတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့ တိုက်တွန်း ထားတယ်လို့ မနေ့က လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

Laiza Kaw Htunghking Hte Labau Sharin Jawng Yu Hpawng Galaw

(Kachinnet)

June (29) ya jahpawt hkying (8:00)am aten, Laiza Muklum, Sinpraw Majoi Manau Gawknu hta Wunpawng Mungdan Shanglawt Asuya, Wunpawng Htunghking  hte Laili Laika Magam Dap kaw na hpaw masat ai shawng nnan lang ngu na Wunpawng htunghking hte labau sharin jawng yu hpawng lamang hpe galaw ai lam chye lu ai.