Saturday, June 29, 2013

KIA Masat (36) Ginra Hta Gasat Poi Byin Ai Majaw Mung Shawa Ni Miwa Hkran De Hprawng

(Kachinnet)

2013 ning June (26) ya shana hkying (8:00)pm kaw nna (9:00)pm aten daram du hkra Wunpawng Mungdan Shanglawt Hpyen Dap (K.I.A) Masat (4) Dap Ba, Masat (36) Dap Dung makawp maga ginra na Mung Shawa Hpyen Hpung (M.H.H) hte Myen Asuya Hpyen Dap Hk.L.Y (128) Dap ni Hpai Kawng mare, Kawng Sahte makau kaw laja lana gasat poi byin ai lam chye lu ai.

Friday, June 28, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရတပ်များ တင်းမာနေဆဲ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကိုးမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် အစိုးရစစ်တပ်များနှင့် တင်းမာမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံ ရွာသားများလည်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KIA ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဓမ္မဆရာတို့ထံမှ သိရသည်။

ယမန်နေ့က နံနက်ပိုင်း ၉ နာရီမှ နေ့လည် ၁၁ နာရီချိန်ထိ ၂ ကြိမ် ကွပ်ခိုင်မြို့နယ် ဦးခွန်မြတ် ပြည်သူ့ စစ်တပ်ဖွဲ့များနှင့် အစိုးရ၏ ခမရ ၅၀၇ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နှင့် KIO တပ်ရင်း ၃၆ တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း နှစ်ဖက် စောင့်ကြည့်နေသည်ဟု KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ခွဲမှူး ဇော်ဆိုင်း က ပြောသည်။

ဧရာဝတီမြစ်တွင်း စက်လှေသမားများထံမှ အစိုးရစစ်တပ် အဓမ္မငွေတောင်း



ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ဆင်ဘိုမြို့အကြား သွားလာနေသည့် စက်လှေသမား များထံမှ  အစိုးရစစ်တပ်က အဓမ္မငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း အဆိုပါနယ်ခံများ အဆိုအရ သိရသည် ။

ကျွန်းနှင့်ကျောက်စိမ်းသယ်ယူနေသည့် မှောင်ခိုစက်လှေများနှင့် ဒေသခံတောင်သူများ၏ ကိုင်းကျွန်းသွားလာနေသည့် စက် လှေသမားများထံမှ ငွေတောင်းယူနေခြင်း ဖြစ်ကြောင်း ဆင်ဘိုနယ်ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည် ။

မူစယ်ခရိုင်အတွင်း KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွား



၂၆ ရက်ည ၈ နာရီကျော်ခန့်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ်ခွဲ အတွင်း KIA နှင့် အစိုးရတပ်တို့အကြား နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းလာသည့် သတင်းများအရ သိရသည် ။

ကြူကုတ် - ပန်ဆိုင်းမြို့နယ် နမ့်ဟူးရွာအနီး ကောင်းဆထေးနေရာတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ် ကြောင်း ပန်ဆိုင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ဗုဒ္ဓဘာသာဝင် နိုင်ငံသား တမျိုးထဲအတွက် ဥပဒေ မလိုလား...

(Kachin Duwa)

ဦးဝီရသူ ရဲ့ ခြင်ထောင်စောင့်ဥပဒေကို ဒူဝါ က ဘာဖြစ်လို့ သဲသဲမဲမဲ လိုက်ဖဲ့နေသလဲ ဆိုတော့... ဗမာဗုဒ္ဓဘာသာရဲ့ ဘာသာခြားလို့ ပြောထားလို့ပါ။ မူဆလင် ကို ကြောက်တယ် ဆိုရင် မူဆလင် လို့ အသိအလင်း ရေးပေါ့။ အခုတော့ မဆီမဆိုင် ကချင်ခရစ်ယာန်တွေ၊ ချင်းခရစ်ယာန်တွေ၊ ကရင် ခရစ်ယာန်တွေကို ပြည်ထောင်စု ညီနောင်ပွါးများ ဆိုပြီး သူတို့ကြိုက်သလို ရမ်းတုတ်နေရင် ဘယ်ခံတော့မလဲ။ ၁၉၅၄ မှာ ပြဠာန်းတဲ့ ဗမာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ ထိန်းမြားခြင်းဆိုင်ရာ အမွေဆက်ခံ ဥပဒေ တောင် တော်တော် လွန်လှပါပြီ။

မြန်မာ့ သံသရာ တပတ်ပြန်လည်မလား?

(Kachin Duwa)

လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့က ခရစ်ယာန် တိုင်းရင်းသားများ ဖြစ်တဲ့ ကချင် နဲ့ ချင်း တွေကို မရမက ဗမာပြည်နဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူဖို့ စည်းရုံးခဲ့ပါတယ်။ အဲဒါကတော့ တန်းတူ အခွင့်အရေး ပါ။ တန်းတူ အခွင့်အရေး ဆိုတာ ဗမာဗုဒ္ဓဘာသာ တမျိုးထဲကို ကာကွယ်တဲ့ သီသန့် ဥပဒေ တွေ ထုတ်ဖို့ မဟုတ်ဘူး။ (မြန်မာနိုင်ငံသား အမျိုးသမီးထု အားလုံးကို ကာကွယ်တဲ့ ဥပဒေ ဆိုရင်တော့ တမျိုးစဉ်းစားရမှာပေါ့။)

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

(RFA)

ရှေ့တန်း စစ်စခန်းတစ်ခုတွင်တွေ့ရသော အစိုးရစစ်သားများပုံ
 
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ မနေ့ညကနေ ဒီမနက်အထိဖြစ်ပွားတဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Thursday, June 27, 2013

ပြည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲရေးနည်းဖြင့် မကုစားနိုင်

(ရွှေဟင်္သာသတင်းဌာန)

မြန်မာနိုင်ငံ၏ ပြည်တွင်း စစ် ပြသနာကို အပစ်အခတ် ရပ်စဲသည့် နည်းဖြင့် ဖြေရှင်းနိုင်လိမ်မည် မဟုတ်ကြောင်း နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာ သင့်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO  ဗဟိုကော်မတီဝင် တစ်ဦးက ဆိုပါသည်။ 

အပစ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကြည့်ပါ။ နှစ်ဖက် ခေါင်းဆောင်တွေ ဘယ်လိုဘဲ ဂတိတွေ ပေးကြ ပေးကြ ဖြစ်နေတဲ့ တိုက်ပွဲက ရပ်မသွားဘူး။ ဒီလိုဖြစ်လာ လိမ့်မယ် ဆိုတာ ကျွန်တော်တို့ KIO က သိနေလို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ တောင်းဆိုနေရတာဖြစ်တယ်၊ အဓိက ကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရရေးပါဘဲဟု ဆိုပါသည်။

KIO အဖြစ် သံသဖြင့် ဖမ်းဆီးခံရသူ ဦးဘရန်ရှောင်အမှု အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက် ထပ်မံရွှေ့ဆိုင်း

(Mizzima)

မတရားအသင်းဖြင့် ဖမ်းဆီးခံထားရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလထော် ဘရန်ရှောင်၏ အမှုကို ဇွန်လ ၁၇ ရက်တွင် အပြီးသတ် လျှောက်လဲချက်ပေးရန် ရုံးးချိန်းပေးလိုက်သော်လည်း အထက်အမိန့်အရဟုဆိုကာ လာမည့် ဇူလိုင်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန် ရွှေ့ဆိုင်းခဲ့ပြီး ယခုတစ်ဖန် မြို့နယ် တရားသူကြီးက အထက်မှ အမိန့်စောင့်နေသည်ဟုဆိုကာ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်တွင် ရေရှည်စီမံကိန်းရှိနေ



အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း
၂၇ ဂျွန်လ ၂၀၁၃

(ဤပြောကြားချက်သည် သျှမ်းသံတော်ဆင့်၏ အာဘော်မဟုတ်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောထားသာဖြစ်ပါ သည်။ (အယ်ဒီတာ))
ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အမှတ် ၇၀၁ စစ်ဒေသမှူးက  တိုင်းရင်းသားလူမျိုးများအပေါ် မြန်မာစစ်တပ်က ရေရှည်စီမံကိန်းဖြင့် ဖျက်ဆီးနေမှုကို တင်ပြချင်ပါ သည်။


၁- ကချင်တိုင်းရင်းသားတို့နေထိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမှ လိုင်ဇာအထိ၊ ဗန်းမော် မှ သျှမ်းပြည်မြောက်ပိုင်းနယ်စပ်အထိ ဒေသတို့တွင် ဒေသခံ ကချင်လူထု အေးချမ်းစွာ မနေနိုင်အောင် မြန်မာစစ်တပ်က စီမံကိန်းကျကျ ဖျက်ဆီးနှောင့်ယှက်နေပါသည်။

လာမည့် ၂၀၁၅ မှာ နိုင်ငံရေး ဇာတ်ခုံ ၃ ခုရှိလာမယ်။

(Kachin Duwa)


(၁) လူပြိန်းကြိုက် နိုင်ငံရေး သမားတွေက - ဗမာလူထု အများ အကြိုက် အမျိုး၊ ဘာသာ၊ သာသနာ စောင့် တရားဟောပြီး ဗမာလူထုကြားမှာ အနိုင်ယူဖို့ ကြံမယ်။ တကယ်တော့ ဒီလိုလုပ်ခြင်း ဟာ မြန်မာနိုင်ငံသား အားလုံးအတွက် ပုံရိပ်မကောင်းပါ။ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခြင်း ပျက်သုန်းပြီး လူတစ်စု ရဲ့ ခြိမ်းခြောက်ခြင်းကို အမြဲတစေ မလွဲ မသွေ တွေ့လာရမဲ့ နိုင်ငံရေး ဇာတ်လမ်း ဖြစ်ပါတယ်။ တနိုင်ငံလုံး စီးပွါးဖွံ့ဖြိုးမှု နှေးကွေးမယ်။ ဒါပေမယ့် ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့အတိုင်း ဒီလို တရားဟောတဲ့ နိုင်ငံရေး သမားကတော့ အမတ်ဖြစ်လာမယ်။
 

ရှမ်းမြောက် KIA တပ်ခွဲ (၅) နှင့် အစိုးရတပ်များ တပ်စခန်းနေရာလု တိုက်ပွဲဖြစ်ပွားနေဆဲ

(ကချင်သတင်းဌာန)


ယနေ့နံနက် ၉း၀၀ နာရီမှ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ  ပန်ဆိုင်း (ကြူကုတ်) မြို့ မုန်းကိုးဒေသတွင် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) မှ အခြေစိုက် ရန် ပြင်ဆင် ထားသော စခန်းနေရာ တခု ကို အစိုးရ တပ်ဖက်မှလည်း နေရာယူရန် လှုပ်ရှား လာခဲ့ သောကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွားသောနေရာ သည် မုန်းကိုးဒေသ KIA တပ်ရင်း (၃၆) နယ်မြေ ခလွမ်နှင့် ခိုင်ကောင်းရွာကြားရှိ ဆိုင်းထူခက် (သို့) ဂျန်ခန်ကောင် တွင် အစိုးရ စစ်ကြောင်း ခြေမြန်တပ် ခမရ (၅၀၇) သည် ယမန်နေ့ည ၉ နာရီမှ စတင်ထိုးစစ်ဆင်လာခြင်းကြောင့် KIA တပ်ခွဲ (၅) နှင့် ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင် နာရီ ၀က်ကြာ ထပ်မံ ပစ် ခတ်ခဲ့ခြင်းဖြစ် သည် ဟု တပ်ခွဲမှူးဇော်ဆိုင်း ကပြော သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေး

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေးဟု သမ္မတ ဦးသိန်းစိန်က ဇွန် ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စီမံကိန်း ကော်မရှင် အစည်းအဝေးတွင် အစိုးရအဖွဲ့ ခေါင်းဆောင်များအား ပြောကြားသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု အားလုံးနီးပါး ရပ်စဲသွားပြီဖြစ်၍ မကြာမီ ကာလအတွင်း လွှတ်တော်သို့ တင်ပြပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်တော့မည် ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

Wednesday, June 26, 2013

ကေအိုင်အေတပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းတွင် တိုက်ပွဲပြင်းထန်နေ

(Jinghpawkasa)

ကချင်ပြည် နယ်  ကေအိုင်အိုအစိုးရ  ထိန်းချုပ်နယ်မြေဖြစ်သော  ရှမ်းပြည်မြောက် ပိုင်း  ကေအိုင်အေ တပ်မဟာ (၄)  လက်အေက် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသတွင် ဗမာအစိုးရ ခလရ (၁၂၈)  တပ်များနှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိပါ သည်။  ကေအိုင်အေ တပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းကျေး ရွာရှိ ဘုရားရှိခိုးကျောင်း အောက်နား လယ်ကွင်းပြင်တွင် ယနေ့ည (၈း၀၀) နာရီအချိန်ခန့်မှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယခုစတင်ရေးသားချိန်အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်ဘက်မှာ (၁၂၀ မမ) လက်နက်ကြီးများကို အသုံးပြုပစ်ခတ် နေကြောင်းလည်း သတင်းရရှိပါသည်။

ကမ္ဘာ့မှုးယစ်ဆေးတိုက်ဖျက်ရေးနေ့တွင် KIO မှ မီးရှို့ရန်မလိုတော့ဟုဆို

(ကချင်သတင်းဌာန)

ဇွန်လ ၂၆ ရက် ယနေ့ကျရောက်သော ကမ္ဘာ့မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအထိန်းအမှတ်နေ့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တွင် ပြုလုပ်ရာ ယခုနှစ်အတွက် မှုးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပြရန်မလို တိုက်ဖျက်နိုင်ခဲ့ကြောင်း KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ (Dukaba Gam Ba) ပြောလိုက်သည်။

မူးယစ်တိုက်ဖျက်ရေး၌ အစိုးရသည်သာ ပျက်ကွက်ဟု တိုင်းရင်းသားများကဆို

(ရွှေဟင်္သာသတင်းဌာန)

အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက်ကြောင့် မူးယစ်ဆေးဝါးများ ထိန်းချုပ်ရန် အခက်အခဲ ရှိနေခြင်းသာ ဖြစ်ကြောင်း ယနေ့ ကျရောက်သော အပြည်ပြည် ဆိုင်ရာ မူးယစ် အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။ 

ကျနော်တို့ဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို ဒီနှစ်မှာ အခမ်းအနားနဲ့  ပြုလုပ်နိုင်တော့မှာ မဟုတ်တော့ဘူး ဘာကြောင့်လဲဆိုတော့ ဒီနှစ်မှာ ခုထိ အစိုးရဖက်က ပူးပေါင်းမှု အပိုင်း မရှိသေးတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဘာမှ အကောင်ထည် ဖော်လို့မရတဲ့ အတွက်ကြောင့်ဖြစ်တယ်။တပ်စခန်း လောက်မှာဘဲ အခမ်းအနားလုပ်မှာပါဟု ဆိုပါသည်။

KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

(Mizzima)

ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်ဟု KIO ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးဂမ်ဘား က ပြောသည်။

နံနက် ၈ နာရီမှ ၁၁ နာရီထိ လိုင်ဇာမြို့ အထက်တန်းကျောင်း ခန်းမတွင် KIO ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လိုင်ဇာမြို့ ကျောင်းသူ/ကျောင်းသားများ၊ ပြည်သူများ၊ စစ်ပြေး ဒုက္ခသည်များ စုစုပေါင်း လူ ၁,၂၀၀ ခန့် တက်ရောက်ခဲ့သည်။

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်ကလေးများ အခက်ခဲအမျိုးမျိုးကြောင့် စာမသင်နိုင်သေး

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသော ကျောင်းသူကျောင်း သားများအတွက် ကျောင်းဆောင် မလုံလောက်မှုနှင့် ဆရာများမှအစ လိုအပ်နေသောကြောင့် ကျောင်း ဖွင့်ရန် အခက်ခဲရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း KIO ထိန်းချုပ်နယ်မြေသို့ အစိုးရကျောင်းမှ လည်း ကျောင်းသားသစ်များ ၁၀၀ ကျော် ထပ်တိုး လာသောကြောင့် ကျောင်းဆောင်သစ်များတိုးချဲ့ရသည့်အပြင် ကျောင်းသားအားလုံးအတွက်လည်း သင်ထောက်ကူပစ္စည်းများ အရာရာ ခက်ခဲနေသည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

မြစ်ဆုံစီမံကိန်း ပြန်စရန် ကချင် ဘာသာရေး ခေါင်းဆောင်များကို စည်းရုံး

(ဧရာဝတီ)


သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည် နယ်ရှိ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) ကုမ္ပဏီက ကချင် ဘာသာရေး ခေါင်းဆောင်များကို စည်းရုံး ပြောဆိုမှုများရှိကြောင်း သိရ သည်။

ယခုလ ၁၄ ရက်နေ့က CPI ကုမ္ပဏီ ဒုတိယ ညွန်ကြားရေးမှူး တဦးအပါအ၀င် အင်ဂျင်နီယာ ၆ ဦးတို့က မြစ်ဆုံဒေသမှ ဘာသာ ရေး ခေါင်းဆောင် တချို့ကို သွားရောက်တွေ့ဆုံ၍ စည်းရုံး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG) က ပြောရေး ဆိုခွင့်ရှိသူ မဆိုင်းမိုင်က ဧရာဝတီသို့ ပြောသည်။

Tuesday, June 25, 2013

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်…. နှင့် ဆောင်းပါးများ စုစည်းမှု

(ကိုဇော်ဝမ်းမောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်….


အတိအကျ စွပ်စွဲနေခြင်းမဟုတ်ပါတစ်ခါလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်မဟုတ်ပေမဲ့ အကြိမ်ကြိမ် အလိမ်ခံရရင်တော့ လိမ်သောသူ၏ အပြစ်ဟု မဆိုသာတော့ပါ။ယနေ့ဖြစ်ပျက်နေသော အခြေအနေနှင့် ယခင်ကဖြစ်ခဲ့သော အခြေအနေတို့ကို ယှဉ်တွဲပြီး လေ့လာသုံးသပ်သင့်ပါတယ်။ 

ကချင်နဲ့ ငြိမ်းချမ်းရေး အမြန်ရယူဖို့ တရုတ် တိုက်တွန်း

(VOA)

တရုတ်နဲ့မြန်မာအကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာဟာ နှစ်နိုင်ငံအကြား အဓိကကျတဲ့ စီမံကိန်းကြီးတွေကို ဘယ်လိုမျိုး ချောချောမောမော အကောင်အထည်ဖော်နိုင်ရေး သေချာအောင် လုပ်ကြမလဲဆိုတာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်း ဆက်ပြီး အကောင်အထည်ဖော်ရေးကိစ္စ ဆွေးနွေးမှု ရှိခဲ့သလား ဆိုတဲ့အပေါ် တရုတ်သံရုံး၊ နိုင်ငံရေးဌာန အကြီးအကဲက အဲဒီလိုပြောခဲ့တာပါ။

ကချင်နဲ့ ငြိမ်းချမ်းရေးရအောင် ဆက်ဆောင်ရွက်ဖို့ တရုတ်တိုက်တွန်း

ABC Radio Australia

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်နိုင်ငံ ကောင်စီဝင် ရန်ကျဲချိက မြန်မာအစိုးရနဲ့ ကချင်လွှတ်မြောက်ရေးတပ်အကြား အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်တဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့တုန်း တရုတ်ကောင်စီဝင် ရန်ကျဲချိက ပြောဆိုလိုက်တာဖြစ်ပြီး ကချင်နဲ့ ဆွေးနွေးမှုမှာ တရုတ်အနေနဲ့ ကူညီလိုကြောင်းလည်း ပြောလိုက်ပါတယ်။

KIO ငြိမ်းချမ်းရေး လုပ်ငန်း ပိုင်းဆိုင်ရာအဖွဲ့ကို ဇွန်လ အကုန်တွင် ဖွဲ့စည်းမည်

(ကေအိုင်စီ) (တော်ဝင်ပန်း)


ယခုဇွန်လကုန်ပိုင်းတွင် ကချင် လွတ်မြောက်ရေး အဖွဲ့(KIO)၏ ငြိမ်းချမ်းရေး လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ (Technical Team) ကို ဖွဲ့စည်းသွားရန် ရှိကြောင်း KIO ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ဒုဗိုလ်မှူးကြီး နော်ဘိုက ယမန်နေ့၌ ပြောကြားလိုက်သည်။

“Technical Team ကိုတော့ ဖွဲ့ဖို့ မူအားဖြင့် ချမှတ်ထား ပြီးပြီ။ လူကို ခန့်ပြီး တာဝန်ပေးထားတာတော့ မရှိသေးဘူး။ ဒီလ ကုန်ပိုင်းလောက် လူရွေးချယ် ပြီး ဖွဲ့စည်းသွားဖို့ ရှိတယ်”ဟု ဒုဗိုလ်မှူးကြီး နော်ဘိုက ပြောသည်။

ခေတ်မှီသော မြန်မာ့ တပ်မတော် ၂ နာရီ ကျော်ကြာ အချင်းချင်း မှားယွင်း ပစ်ခတ်

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ မနက်ပိုင်းတွင် ရှမ်းပြည် မြောက် ပိုင်း ကျေးသီးမြို့နှင့် မိုင်းယန်မြို့ကြားရှိ မန်ဝ ကျေးရွာတွင် အရှေ့ အလယ်ပိုင်းတိုင်း (ရလခ) လက်အောက်ခံ တပ်ဖွဲ့နှင့် အရှေ့မြောက်တိုင်း (ရမခ) လက်အောက်ခံ တပ်ဖွဲ့ အချင်းချင်း (၂) နာရီခန့် မှားယွင်းစွာ ပစ်ခတ်ခဲ့ကြ သည်ဟု SSPP/SSA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။ 

“ ၂၂ ရက်နေ့မှာ SSPP တပ်နဲ့ (ရလခ) က ခမရ (၅၂၅) နဲ့ ခမရ (၅၆၉) တို့ရဲ့ စစ်ကြောင်း နှစ်ကြောင်းနဲ့  မနက် (၁၀) နာရီ ကနေ ည အချိန်အထိ တိုက်ခိုက် ကြတယ်။ နှစ်ရက်လောက် တိုက်ခဲ့ကြတယ်။ ဇွန် (၂၄) ရက်နေ့ကျတော့ SSPP က မန်ဝ ကျေးရွာကနေ ဆုတ်ပေးတယ်။ ဒီတော့ ရွာထဲကို ခမရ (၅၂၅) တပ်ဖွဲ့တွေက နေရာ ယူလိုက်တယ်။ အဲဒါကို မသိလိုက်တဲ့ ရမခ တပ်တွေက စစ်ကူပေးတဲ့ အနေနဲ့ ရောက်လာပြီးတော့ မန်ဝမှာ နေရာ ယူထားတဲ့ (၅၂၅) တပ်ဖွဲ့ကို SSPP အထင်နဲ့ တွယ်လိုက်တော့ ၂နာရီ ကြာသွားတယ်” ဟုဆိုပါသည်။ 

တိုင်းရင်းသား လူငယ်များ အတွက် နိုင်ငံသားနှင့် ဆိုင်သော သင်တန်း ပို့ချပေးနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် နှစ်ခြင်း ခရစ်ယာန်လူငယ်များ ဦးစီးကာ ယနေ့ခေတ်ကာလတွင် လူငယ်များ သိသင့် သိထိုက်သောပညာရပ်များဆိုင်ရာ (Civic Education) သင်တန်းတခုကို မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ပြုလုပ်နေကြောင်း သိရသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သောကာလတွင် တိုင်းရင်းသားလူငယ်များအနေဖြင့် သိသင့် သင်ထိုက်သော နိုင်ငံနှင့်ဆိုင်သော ပညာရပ်များကို ပို့ချပေးနေခြင်းဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဆရာ ဂျာယုံး ကပြောသည်။
 

KIO ဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ ဖွဲ့စည်းရေး ရှင်းလင်း

(Mizzima)

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား သဘောတူညီခဲ့သော အလုပ်အဖွဲ့ (Technical team) ဖွဲ့စည်းရေး မူကြမ်းကို ကချင် လူထုများ ရှင်းလင်းချပြခဲ့သည် ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ပြောသည်။

KIO ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ PCG နှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဇွန်လ ၁၈၊ ၁၉ ရက်နေ့ စည်းဝေး များက ဆုံးဖြတ်ချက်ခဲ့သည့် Technical team ဖွဲ့စည်းပုံ မူကြမ်းကို မြစ်ကြီးနားရှိ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ကချင်လူထုအား PCG က ဇွန်လ ၂၂ ရက်နေ့က ရှင်းပြခဲ့ခြင်း ဖြစ်သည်။

PYITUSIT NI NAWNG BAT KAW MASHA SAT

(Jinghpawkasa)

Lai wa sai June (18) ya jahpawt daw hkying (10:00AM) ten ram hta lahta Sam Mung Mungwui Buga, nta htinggaw (8) sha nga ai Nawng Bat kahtawng hpe U Kyaw Myit ngu ai wa woi awn ai Panse pyitusit hpung ni kawn sa du zingri zingrat adip arip ayai aya di kau ya lai wa sai lam shiga na chye lu ai. Mare masha ni a dum nta ni yawng hpe la hpa n nga hkra amyaw amya di kau da ya ai sha nnga, ramma (4) hpe mung adup zingri kau da ai lam, marai (2) hpe gaw gap sat kau da nna, (2) hpe gaw ya du hkra rim woi da ai lam na chye lu ai. U Kyaw Myit gaw ka-ni hpaga lau ban kaba rai nna, Miwa mung masha langai re lam hpe mung na chye lu ai. Ndai zawn galaw ai hta woi awn shang lawm ai gaw Nawng Bat Kahtawng na Jinghpaw num hpe la da ai myen la re lam hpe mung na chye lu ai.

KIO - မြန်မာအစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း အဖွဲ့ရုံး မြစ်ကြီးနားမှာဖွင့်မည်

(VOA)

ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် နှစ်ဘက်ပူးပေါင်းပြီး လုပ်ငန်းအဖွဲ့ရုံးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေသလို လာမယ့် ဇူလိုင်လအတွင်းမှာ နှစ်ဘက် ပြန်လည်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ တိုင်းရင်းသားရေးရာ လွှတ်တော်တာဝန်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေကို တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့နဲ့ ကချင့်အရေး လှုပ်ရှားသူတွေက သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နေမှု နောက်ဆုံးအခြေအနေကို အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန် ကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် က တင်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာကို အပြစ်အနာအဆာ များသည်ဟု နိုင်ငံတကာ ပညာရှင်များ ဝေဖန်

(Eleven Media Group)

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ရှစ်ဦးက ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA အဖွဲ့တွင် ဦးဆောင် ဆောင်ရွက်ခဲ့သူ ပါမောက္ခဦးညိုမောင်က ဆိုသည်။

''မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလအတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင်စီ တင်ပါတယ်။ 

Monday, June 24, 2013

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ

(Minmaha Bagan Fb စာမျက်နှာမှ)

ကဲအောင်သောင်း တို့ အောင်မင်းတို့
ငြင်းနိုင်ရင် ငြင်းစမ်း အမှန်တွေ ဖေါ်လိုက်ပြီ


အပိုင်း(၁)
 

ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။
ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင်လုပ်ပေးတော့မည်။
ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။ 

Technical Team ဖွဲ့စည်းရန် KIO အဆင်သင့်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့မြစ်ကြီးနား ဆွေးနွေးပွဲ သဘော တူညီချက်အရနှစ်ဖက် ကိစ္စများ တွေ့ ဆုံဆွေးနွေးနိုင်ရန် နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team)  အဖွဲ့ ဖွဲ့စည်း သွားရေးကိုKIO မှ မူအရ ချမှတ်ခဲ့ပြီး အကောင်အထည် ဖေါ်ရန် အဆင်သင့် ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။ 

“ ဒီလ အကုန်ပိုင်း လောက်မှာ ဆိုရင် အကောင်အထည် ဖေါ်တော့မှာပါ။  Technical Team ဖွဲ့ဖို့ကိုတော့မူအားဖြင့် ချမှတ်ထား ပြီးပြီ။ လူကို ခန့်ပြီး တာဝန် ပေးဖို့ဘဲ ကျန်တော့တယ်ကျနော်တို့က  Technical Team ကို အဆင့် ၄ ဆင့်ခွဲပြီး ဖွဲ့စည်း သွားမှာပါ” ဟု ဆိုပါသည်။ 

ကျည်ဆံခွံ လက်ဝါးကပ်တိုင်နှင့် ဆင်းတုတော် လိုင်ဇာမြို့သို့ ပင့်ဆောင်လာ

(ကချင်သတင်းဌာန)

ငြိမ်းချမ်းရေးလိုလားကာ ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်ခဲ့သောအဖွဲ့မှ လမ်းတွင်ကောက်ခဲ့သော ကျည်ခွံများဖြင့် အမှတ်တရထုလုပ်ထားသော ခရစ်ယာန်လက်ဝါးကပ်တိုင်နှင့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာသို့ ပင့်ဆောင်ခဲ့ရာ လိုင်ဇာလူထုက လက်ဝါးကပ်တိုင်ကိုလက်ခံပေးခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့တွင် ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်သောကြောင့် အဆိုပါငြိမ်းချမ်းရေးလမ်းလျှောက်သူများ၏ ကျည်ခွံဖြင့်ထုလုပ်ထားသော ‘မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်’ ကိုမူ လက်ခံရန်ခက်ခဲနေခြင်းဖြစ်ကြောင်း လမ်းလျှောက်ရာတွင်ဦးဆောင်သူ ဦးဝင်းချို ကပြောသည်။

မြစ်ဆုံရေကာတာ အမြန်ဆုံး တည်ဆောက်နိုင်ရန် တရုတ်အစိုးရ CPI ကြိုးစား

(ကချင်သတင်းဌာန)

အောင်မြင်သာစံပြ ရွှေ့ပြောင်း ကျေးရွာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် မေခ-မလိခပေါ်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်တည်ဆောက်နိုင်ရန် တရုတ်အစိုး၏ လျှပ်စစ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း CPI မှ တန်ဖရဲ ဒေသခံများကိုလိုက်လံစည်းရုံးနေကြောင်း ဒေသခံများပြောသည်။

Laiza Muklum Hta Ka-ni Nang Hpam Pat Jasan Lam Hpe Bawngban

(Kachinnet)

KIO Ginjaw Ka-ni Nang Hpam Pat Jasan Komiti (Drug Eradication Committee, KIO) kaw na woi awn let 2013 June (24) ya jahpawt hkying (8:00)am aten Laiza Muklum, Munglai Hotel, Zuphpawng Gawk hta “Mungkan Ka-ni Nang Hpam Ninghkap Masat Ninghtoi Ramma Bawngban Hpawng” ngu ai ga baw hte zuphpawng hpaw hpawng galaw ai lam chye lu ai. 

Wunpawng Mungdan Shanglawt Asuya, Shiga Magam Dap Ningtau Lithkam Du Kaba Nhpang Naw Bu kaw nna zuphpawng hpa-awn lit la let, Wa Jau Nbwi Naw kaw na hpawng ap kyu hpyi ya ai hpang saw shaga tawn ai dat kasa ni hpe shachyen ya ai lam hpe galaw ai. 

ဦးသိန်းစိန် နားရမယ့်အချိန်ကို တရုတ် CPI မျှော်လင့်နေ

(ဧရာဝတီ)

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို သူ သမ္မတသက်တမ်း ကုန်ချိန်အထိ ရပ်ဖို့ ပြောထားပါတယ်။
ဒါကြောင့် တရုတ် နိုင်ငံ CPI  ကုမ္မဏီကလည်း သမ္မတသက်တမ်း ကုန်အောင် စောင့်နေပါတယ် တဲ့။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ရောက်လာတဲ့ ပေးစာတစောင်မှာ ဖတ်ပါ -


CPI အရာရှိကြီးများသည်  (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့က  မြစ်ဆုံရေကာတာတည်ဆောက်ရာနေရာသို့ သွားရောက် လေ့လာကြသည်။
အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် အတူ သွားရောက်ကြည့်ရှုခြင်း ဖြစ်သည်။

အသင်းတော်ကော်မတီဝင် ဆရာမရစ်ဘောက်ဆန့်က CPI နှင့် အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

MAGAM GUN NI MUNG SHAWA MASHA HPE ZINGRI

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya KIA Dap Ba (5) npu, Dap Dung (3) kata na Gyi Hawng Hkawng kawn Saga Pa mare masha ni hpe June (23) ya shani sa adup zingri lai wa sai lam shiga na chye lu ai. Mabyin gaw, Saga Pa Mare hta nga ai mare masha ni gaw majan a majaw hprawng yen hkawn mat ai kawn Mare de bai nhtang wa ai nau nna shi ai lam, Saga Pa na mare Salang rai nga ai Slg. Dashi Nawng Hkum gaw mare kata hta ka-ni nanghpam hpe pat jasan let,

လိုင်ဇာက လက်မခံသည့် ဗုဒ္ဓရုပ်ပွားတော် ကာကွယ်ရေးဦးစီးချုပ်ကို လက်ဆောင်ပေးရန် စီစဉ်ဟုဆို

(The Voice Weekly)

လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က တိုက်ပွဲဖြစ်ရာ နယ်မြေမှ ကောက်ယူလာသည့် ကျည်ဆန်ခွံများနှင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာ သို့ ပင့်ဆောင်ခဲ့သော်လည်း KIA ခေါင်းဆောင်များက ဆန္ဒမရှိ၍ မန္တလေးမြို့ သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ထံ ဓမ္မလက်ဆောင် အဖြစ် ပေးဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း ပင့်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ ဦးဝင်းချိုက The Voice သို့ ပြောကြားသည်။

"KIA ခေါင်းဆောင်တွေက သူတို့အဖွဲ့ ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ လက်ဝါး ကပ်တိုင်ကိုတော့ လက်ခံထားပါတယ်။ ဆင်းတုတော်ကိုတော့ လက်မခံတဲ့ အတွက် ပြန်သယ်ခဲ့တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လိုင်ဇာ၌ထားရှိရန် ပင့်ဆောင်လာသည့် ဆင်းတုတော်အား ကချင်လူထုများ သဘောမတူသည့်အတွက် မန္တလေးသို့ ပြန်လည် ပင့်ဆောင့်သွား

(Kachin Waves)

ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လမ်းတစ်လျှောက်ကောက်ခဲ့သော ကျည်ခွံများဖြင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေးဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်နှင့် လက်ဝါးကားတိုင် အား လိုင်ဇာမြို့သို့ဇွန်၂၂ ရက်တွင် ပင့်ဆောင်ခဲ့ရာ ကချင်လူထုများ သဘောမတူကြသည့်အတွက် လက်ဝါးကားတိုင်ကိုလိုင်ဇာမှာချန်ခဲ့ပြီး ဆင်းတုတော်အား မန္တလေးသို့ ပြန်လည်ပင့်ဆောင် သွားပြီး ဖြစ်သည်။

Sunday, June 23, 2013

အရှောင်အတိမ်း ဂျက်စီဂျိမ်း

(နေ့သစ်)

တော်လိုက်တဲ့ကောင်တွေ ဘယ်လောက်တော်သလဲတောင် ချီးမွမ်းရခက်သပ။
- ၁၉၆၂ အာဏာ သိမ်းပြီးထဲက ဖမ်းလိုက် သတ်လိုက် တာကို ခံရတဲ့ လူသားတွေ တောရောမြို့ပါမကျန် သိန်းနဲ့ ချီရှိလောက်ပြီထင်ပါရဲ့။
- ၇၂ သတ်ပြန်တယ်။
- ၇၄ သတ်တာပဲ။
- ၈၈ ထပ်သတ်တယ်။ ၉၀ မှာ ဖမ်းပြီး ထောင်ထဲမှာ သတ်တယ်။
- ၉၆ သတ်တုန်းပဲ။
- ၂၀၀၃ ဒီပဲယင်း သတ်လျက်ပဲ ။
- ၂၀၀၇ သတ်ပြလိုက်တာ ဂျပန်တယောက်တောင် အပိုပါသေးတယ်။
- ၂၀၁၁ ပြည်တွင်းစစ် သေလိုက်တာ သောက်ကျိုးကို နဲလောက်တယ်။ အသက်တွေသေတာ ဘယ်လောက်လဲဆိုရင် မုန်တိုင်းဝင်လာပြီး
သပြေသီးမှည့်တွေ ကြွေကျသလိုမျိုး။

တိုက်ပွဲ ပြင်းထန် လာနေသော ကွတ်ခိုင်မြို့နယ် တအာင်းဒေသ

(ရွှေဟင်္သာသတင်းဌာန)

ကွမ်လုံ အခြေစိုက် အစိုးရ ခလရ ၁၄၅ နှင့် ကွတ်ခိုင် အခြေစိုက် ခလရ ၄၅ စစ်ကြောင်းတို့သည် မာန်နေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၈ နာရီကျော် အချိန်တွင် TNLA တပ်ရင်း ၁၀၁ တပ်ခွဲ ၂ နှင့် မိနစ် (၃၀) ခန့် တိုက်ပွဖြစ်ပွားခဲ့ပြီ နေ့လည်ပိုင် ၁၁ နာရီ ၄၅ မိနစ်တွင်လည်းTNLA တပ်ရင်း ၁၁၂ နှင့်  ထပ်မံ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးကဆို ပါသည်။
 
ယင်းမိနစ် (၃၀) တိုက်ပွဲတွင်အစိုးရ ခလရ  ၁၄၅ ဖက်မှ တပ်သား ၂ ဦး သေဆုံး သွားကြောင်း မျက်မြင် ဒေသခံများက ဆိုပါသည်။နေ့လည်ပိုင်၁၁ နာရီ ၄၅ မနစ် အချိန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် လွယ်ကျရမ်း ကျေးရွာ အနီးတွင် ဖြစ်ပြီး နစ် ၃၀ ခန့် ကြာပါသည်။ 

ခေတ်သစ် လူ့ယဉ်ကျေးမှု နားမလည်တဲ့ ဦးဝီရသူ

(Kachin Duwa)

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူ ကို မျက်နှဖုံးရှင် လုပ်ထားပြီး အကြမ်းဖက်သမား ဘင်လာဒင်နဲ့ ခိုင်းနှိုင်းထားတော့ မြန်မာနိုင်ငံသား တော်တော်များများအတွက် ဘ၀င် မကျ စရာ ဖြစ်လာရပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်နေတဲ့ ဒူဝါ တို့လဲ ငါးခုံးမ တစ်ကောင်ကြောင့် တလယ်လုံးပုပ်သွား တာပေါ့ကွာ။ ဘာပဲ ဖြစ်ဖြစ် ရှက်တတ်တဲ့လူတွေ အတွက်တော့ ရှက်စရာကြီးပေါ့ကွာ... မြန်မာ နိုင်ငံသားတွေ အရိုင်းအစိုင်းကောင် ဖြစ်သွားတာကိုး။
မိတ္ထီလာအဓိကရုဏ်းအပြီးမှာ တိုင်းမ် မဂ္ဂဇင်း သတင်းထောက်က ဦးဝီရသူ ကို သွားဗျူးတဲ့အခါ ဘာပြောလဲ ဆိုတော့၊ ၉၆၉ ကို လူတွေက အကြမ်းဖက်ဂိုဏ်းလိုလို အမျိုးမျိုးပြောကြတယ်။ ဗုဒ္ဓဘာသာလဲ သိက္ခာကျနေတယ်။ အဲဒါကြောင့် ကမ္ဘာက ဖြစ်ရပ်အမှန်သိရအောင် ပြောပြပေးပါ။ လို့ တောင်းဆိုသတဲ့။

KIA တပ်မဟာ ၄ နယ်မြေတွင် အစိုးရတပ် နှင့် KIA ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား


23 June 2013 post by eedy News

ဇွန် ၂၂ ရက်နေ့ မနက် ၈ နာရီ အချိန်ခန့် တွင် ကေအိုင်အေ တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေ မန်ဆဲ( Man Se ) နှင့် Byeng Bum ကြား ကေအိုင်အေ လက်အောက်ခံ ပြည်သူ့ စစ်များ နေရာချထားရာ နယ်မြေ သို့  မြန်မာအစိုးရတပ် ခလရ (၁၁၁) တပ်ဖွဲ့ ဝင်အင်အား (၁၀၀)ကျော် စစ်ကြောင်းထိုး လှုပ်ရှားဝင်ရောက်လာသော ကြောင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြေ
ာင်းသိရသည်။

Miwa Ga/Laika College Jawngma Ni A Ga Tsun Atsam Madun Lamang Laiza Kaw Galaw

(Kachinnet)

Miwa Ga/Laika College jawng ma ni a ga tsun atsam madun lamang hpe Laiza Muklum, Lahta Tsang Jawng, Rawt Ninghkawng Gawk Nu hta shana (6:30)am aten galaw ai lam chye lu ai.

Lamang hpe Ginjaw Hkamja Dap Ningtau Lithkam Lat Du Up Jum Lahpai Hing Wawm gaw hpawng tingnyang up lit la nna, Rev. Nba Zau Awn hpawng hpaw kyu hpyi ap ya ai. Ginjaw Hpaji Dap Ningtau Lithkam Sara Kaba Chyin Yu Hkun Nawng ( Miwa ga/ laika College Jawng Up) kaw na Jawng hte seng ai labau hpe tsun shana ai. Miwa Gumsan Mungdan, Kunming Dakkasu Jawng kaw na Sara Kaba Maran Sharoi kaw nna mung Kunming Dakkasu de hpaji matut sharin hkaja mai ai lam ni hpe tsun shana sang lang ai lam chye lu ai.

Sam Mung Hta K.I.A, SSPP/SSA Hpyen Hpung Ni A Ginra De Myen Asuya Hpyen Dap Ni Sa Htim Gap Gasat

(Kachinnet)

Myen Asuya Hpyen Dap gaw Sam Mung, KIA Masat (8) Dap Dung makawp maga ginra hte SSPP/SSA ni a ginra kata de sa htim gasat ai lam hpe chye lu ai.

2013 ning June (22) ya jahpawt hkying (8:00)am aten Masat (8) Dap Dung makawp maga ginra de Myen Asuya Hpyen Dap Hk-L-Y (111) Dap, n-gun marai (100) daram gaw tinang Mung Shawa Hpyen Hpung (MHH) hpyen hpung ni shara jahkrat nga ai Man Seng hte Pyeng Bum lapran de wa htim gap ai majaw gasat poi byin ai lam chye lu ai. 

ကေအိုင်အိုအဖွဲ့မှ သဘောတူညီချက် (၇) ချက်တွင် ပါဝင်သော အလုပ်အဖွဲ့ (Technical Team) ကို လိုင်ဇာမြို့တွင် ဖွဲ့စည်း

(Eleven Media Group)

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG နှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ စုပေါင်းပြီး ဇွန် ၁၉ ရက်က အစိုးရနှင့် မေလဆွေးနွေးပွဲတွင် သဘောတူလက်မှတ် ရေးထိုးခဲ့သော အချက် (၇) ချက်တွင် ပါဝင်သည့် အလုပ်အဖွဲ့ (Technical Team) ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ 

၎င်းအဖွဲ့ ပေါ်ပေါက်နိုင်ရန်အတွက် မြစ်ကြီးနားအခြေစိုက် PCG အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့မှ ရပ်မိရပ်ဖ ၂၈ ဦးနှင့် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့ သုံးရက်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်အဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦး ပါဝင်မည်ဖြစ်ပြီး ကေအိုင်အို၊ ကေအိုင်အေဘက်မှ ခြောက်ဦး၊ မြစ်ကြီးနားမြို့ ရပ်မိရပ်ဖဘက်မှ လေးဦးပါဝင်ရန် ဆုံးဖြတ်ထားကြောင်း PCG အဖွဲ့ဝင် ဦးဆန်းအောင်က ဆိုသည်။

ကချင်ပြည်နယ် အတွင်းရှိ အသေးစားမွေးမြူရေး လုပ်ငန်းများ တရုတ်မှောင်ခို ပစ္စည်းများကြောင့် အများစု ရပ်ဆိုင်းသွား

(Eleven Media Group)

ကချင်ပြည်နယ် အတွင်းရှိ မြို့ကျေးရွာများတွင် ဆယ်စုနှစ်ကျော်ကြာ ရပ်တည်ခဲ့သော အသေးစားမွေးမြူရေး လုပ်ငန်းများ တရုတ်မှောင်ခို ပစ္စည်းများကြောင့် အများစုမှာ ရပ်ဆိုင်းသွားကြောင်း စုံစမ်းသိရသည်။         

တရုတ်နိုင်ငံမှ ကြက်ဥ၊ ကြက်သားပေါင်း၊ နို့ထွက်ကလေးစားစရာ ပစ္စည်းများ ဈေးပေါပေါဖြင့် တင်သွင်းလာခြင်းကြောင့် ဒေသထွက်ကုန် ပစ္စည်းများမှာ ဈေးကွက်အတွင်း ပျောက်ကွယ်သွားကြောင်း အသေးစားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။