Saturday, June 22, 2013

စစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့ကို TNLA နှင့် KIA တို့ ပူးပေါင်း တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)

ယနေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ပိန်းပွန် ကျေးရွာ အနီးတွင် စစ်ဆင်လာသည့် အစိုးရ တပ်ဖွဲ့အား တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) တို့က ပူး ပေါင်း တိုက်ခိုက်သဖြင့် နာရီဝက်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါ သည်။ 

“သူတို့ တက်အလာကို စောင့်ပစ်တယ်။ အထိနာတာပေါ့။ ဒါကြောင့် နာရီဝက်ဘဲ ခံတယ်။ ပြန်ဆုတ်သွားတယ်။ အဲဒီ တပ်က ဘယ်တပ်လဲ ဆိုတော့ လောလောဆယ် မသိရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မနေ့ညကလည်း တပ်ဖွဲ့အသစ်တွေ ထပ်ရောက် လာတယ်လေ။ ဆိုတော့ မသဲကွဲသေးဘူး။ ဒါပေမဲ့ သေချာတာကတော့ စစ်ဆင်ရေး လက္ခဏာက စိပ်လာတယ်။ ကျနော်တို့ကလည်း အဆိုးဆုံးကို ပြင်ထားပါတယ်” ဟု ဆိုပါသည်။

ဖားကန့် မြေပြိုမှု ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

(RFA)

ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ညနေ ၄ နာရီလောက်က ပုဂ္ဂလိက မှော်လုပ်ကွက်ဟောင်းတစ်ခုမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ လုပ်သားတွေ မြေတူးနေရင်း တွင်းပြိုကျမှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တစ်ဦးဖြစ်သူ ဦးဇော်မိုးထက်က RFA ကို အခုလို ပြောပါတယ်။

KIO စစ်ဗိုလ်အဖြစ် စွပ်စွဲချုပ်နောင်ခံထားရသူ ဦးဘရန်ရှောင် မလွှတ်နိုင်သေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng)ကို လွှတ်ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်တရားခွင်မှ အဆင်သင့်မဖြစ်သေးကြောင်း မိသားစုဝင်များကပြောသည်။

ဦးဘရန်ရှောင် (Slg. Brang Shawng) ၏ မိသားစုဘက်မှ ဇွန်လ ၁၃ ရက်နေ့တွင် အပြီးသတ်လျှောက်လွဲချက်တင်ခဲ့သော်လည်း မြို့နယ်တရားခွင်မှ ထပ်မံရက်ရွှေ့ထားကြောင်း ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်း တာဝန်ခံ ဆရာအောင်မြတ် (Sara Awng Myat) ပြောသည်။

Friday, June 21, 2013

ကချင် ဒေသခံများနှင့်တွေ့၍ မြစ်ဆုံ ဆက်လုပ်ရန် CPI ပြောခဲ့ဟုဆို

(Mizzima)

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်နှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က ၂၀၁၅ ခုနှစ်တွင်
မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည် စတင်နိုင်မည်ဟု ဒေသခံများအား ပြောဆိုခဲ့ကြောင်း ပြောင်းရွှေ့ခံ
အောင်မြင်သာ ကျေးရွာသားများနှင့် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ပြောသည်။

မြစ်ဆုံစီမံကိန်း နေရာများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့သည့် CPI ဒု-ဥက္ကဋ္ဌ Sha Ram နှင့် အင်ဂျင်နီယာများ အပါအဝင် ၆ ဦးသည် အောင်မြင်သာကျေးရွာရှိ နှစ်ခြင်းအသင်းတော် ကော်မတီ အဖွဲ့ဝင်များနှင့် ဇွန်လ ၁၄ ရက်နေ့က တွေ့ဆုံခဲ့သည်။

ကျည်ဆံဖြင့် ထုလုပ်ထားသည့် ငြိမ်းချမ်းရေးဆင်းတုတော် ကိန်းဝပ်မည့်နေရာ အခက်အခဲရှိနေ

(Mizzima)

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကောက်ယူလာသည့် ကျည်ဆံခွံများဖြင့် သွန်းလုပ်ထားသော မနောဝိမုတ္တိရသ (ငြိမ်းချမ်းရေး ဆင်းတုတော်)ကို လိုင်ဇာသို့ ပို့ဆောင်နေရာ ကိန်းဝပ်စံပယ်ရန် နေရာအခက်အခဲရှိပါက ဆင်းတု
တော်ကို ပြန်ပင့်လာမည် ဖြစ်သည်ဟု ဆင်းတုတော်ကို လိုက်ပါပို့ဆောင်နေသူ ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။

လိုင်ဇာတွင် ဗုဒ္ဒဘာသာဆိုင်ရာ သာသနိက အဆောက်အအုံများ မရှိသောကြောင့် ဆင်းတုတော်ကို ကိုးကွယ် ထားရန် နေရာမရှိ၍ ဗုဒ္ဒဘာသာဝင် လူနည်းစုများ အနေဖြင့် အခက်အခဲရှိနိုင်သည်ဟု ဦးဝင်းချိုက ပြောသည်။

မြစ်ဆုံရေကာတာ ဆက်လက်လုပ်ဆောင်ရန် စီပီအိုင် ပြင်ဆင်

(Jinghpawkasa)

အောင်မြင်သာကျေးရွာ ရှိ နှစ်ခြင်းဘုရားကျောင်း ကော်မတီအဖွဲ့နှင့် ( CPI) က (ဇွန်လ၊ ၁၄ ရက်၊ ၂၀၁၃) ရက်နေ့  မြစ်ဆုံရေကာတာ တည်ဆောက်ရာနေရာတွင် အဆောက်အဦးများကြည့်ရှု့ ရန် CPI မှ ခေါ်ယူသွားရောက် လေ့လာကြသည်။

အသင်းတော်ကော်မတီဝင် ဆရာမရစ်ဘောက်ဆန့်က CPI နှင့် အစိုးရအကြား ချုပ်ဆိုးထားတဲ့ စာချုပ်နှင့်ပတ်သက်မေးမြန်းခဲ့သည်။ CPI မှ ယခုအချိန်တွင် အစိုးရအနေနဲ့ စာချုပ်အား ပယ်ဖက်လို့မရနိုင်ကြောင်း၊ အကယ်၍ စာချုပ်သဘောတူညီမှုကို ကတိဖျက်ခဲ့မည်ဆိုလျှင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအား ဖြင့်ပြန်လည် လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်။

Thursday, June 20, 2013

မိုင်ဂျာယန်ဒေသအတွင်း အစိုးရနှင့် KIA ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် အစိုးရတပ်ကြား ရှမ်းပြည်မြောက်ပိုင်းတွင် တင်းမာနေချိန်တဆက်တည်း ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ တပ်မဟာ (၃) ရှိရာ မိုင်ဂျာယန် (Mai Ja Yang) ဘက်သို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည်။

ဇွန်လ ၁၈- ၁၉ ရက်အတွင်း မိုင်ဂျာယန်မြို့နယ် ဗန်းမော်-ကိုင်ထိပ် ကြားရှိ KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေသို့  မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ ၂၄၀ အင်အား ၉၀ ကျော်နှင့် ထိပ်တိုက် အချိန်တို တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ပြောသည်။

KIA တပ်မဟာ (၄)ကို ချေမှုန်းရန် အစိုးရ တပ်ဖွဲ့ စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)

ပွိုင့် (၇၇၁)အစိုးရတပ်ဖွဲ့စခန်းအား KIA ၀င်စီးခဲ့သော တိုက်ပွဲ 

အစိုးရ တပ်ဖွဲ့များသည် ပြင်းထန်သော စစ်ဆင်ရေးများဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ () ကို မြစ်ဖြတ် စစ်ဆင်နေသည်ဟု KIA တပ်မဟာ (၄) မှ အရာရှိ တစ်ဦးမှ ဆိုပါသည်။ 

ကျနော် ကွပ်ကဲနေတဲ့ တပ်မဟာ (၄) ဒေသမှာဇွန်လ လဆန်းပိုင်းက စပြီး မနေ့က အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ရှိသွားပြီး ဖြစ်တယ်။ ပွဲတိုင်းလည်း ပြင်းပြင်း ထန်ထန်ကို စစ်ဆင်တယ်။ ရွာသားတွေကိုလည်း လမ်းပြခိုင်းရင်းနဲ့ သတ်တယ်။ ပြီးတော့ TNLA နဲ့ SSPP ကိုလည်း တိုက်နေတယ်။ ကြည့်ရတာက KIA ကို ဒီနေရာကနေ မောင်းထုတ်တဲ့ သဘောဘဲဖြစ်မယ်ဟု ဆိုပါသည်။ 

ဗုဒ္ဓဆင်းတုတော် နှင့် လက်ဝါးကားတိုင်အား လိုင်ဇာသို့ပင့်ရန် ပြည်သူများ သဘောမတူ

(Jinghpawkasa)

ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ လမ်းတစ်လျှောက်ကောက်ခဲ့သော ကျည်ခွံများဖြင့် ပြုလုပ်ထားသော မနောဝိမုတ္တိရသ ငြိမ်းချမ်းရေးဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်နှင့် လက်ဝါးကားတိုင်အား လိုင်ဇာမြို့သို့ပင့်ဆောင်ရန် ကချင်ဒေသခံ လူထုများ သဘောတူမတူကြကြောင်း သိရသည်။

ထိုဘုရားဆင်းတုတော်အား ကိုစည်သူနှင့် ဦးဝင်းချို ဦးဆောင်သော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့(၂၂ ယောက်အဖွဲ့) မှ ကျည်ခွံများကောက်ခဲ့ပြီး မန္တလေး ဘုရားကြီးတွင် ထုကာ မန္တလေးမှ ဇွန် (၁၆) ရက်နေ့ ထွက်ခဲ့ပြီး မြစ်ကြီးနားသို့ ဇွန်(၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။

မြစ်ကြီးနား စစ်ဘေးရှောင်ကျောင်းများသို့ အမျိုးသားပညာရေးဖောင်ဒေးရှင်း လှူဒါန်းမည်

(Mizzima)

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ စစ်ဘေးရှောင်ကျောင်းသားများ တက်ရောက်နေသော ကျောင်းငါးကျောင်းအား အမျိုးသားပညာရေး ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်ဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ပန်းတိုင် ဦးသန်းမောင်က ပြောသည်။

ဦးသန်းမောင်က ''အသင်းက လှူမယ့်ငွေ သိန်း ၂ဝ၊ ပန်းတိုင်စာပေက ဆယ်သိန်းအပြင် ဒီပြင်အလှူရှင်တွေက လှူဒါန်းမယ့်
အလှူငွေတွေနဲ့ပစ္စည်းတွေကို အဲဒီမြစ်ကြီးနားက စစ်ဘေးရှောင်ကျောင်းသားတွေ တက်နေတဲ့ ကျောင်းငါးကျောင်း ကို ခွဲဝေလှူဒါန်းသွားမှာပါ။ ဇူလိုင်လဆန်းပိုင်းမှာ သွားရောက်လှူဒါန်းမှာပါ'' ဟု မဇ္ဈိမကို ပြောသည်။

KIA Masat (36) Dap Dung hte Masat (27) Dap Dung ni hta gasat poi byin.

(Kachinnet)


2013 June 18 ya shani hkying (12:10)pm hte (1:00)pm ten laman KIA Masat (36) Dap Dung makawp maga ginra, Loi Sa mare kaw na rawt wa ai Myen hpyen Hk.L.Y (128) Dap, n-gun (60) daram hte KIA Masat (36) Dap Dung na (MHH) Mungshawa Hpyen Hpung Dap Kung (2) ni, Loi Sa hte Ying Seng mare lapran na Hu Bang mahkrai kaw gasat poi byin ai lam chye lu ai.


Gasat poi byin ai ten Myen asuya hpyen dap ni laknak kaba (60mm) hte Mungbaw Buga, Win Seng mare, Hting Nu Daw maga de gap bun ai majaw Salang Marip Brang, Salang Ndup Hkun Hpung, Salang Jinghpaw La ni a dum nta ni hkru lawm mat ai lam chye lu ai.

အစိုးရတပ် တိုက်ခိုက်မှုကြောင့် တပ်ပေါင်းစုစခန်းတခု နောက်ဆုတ်ပေး

(ကချင်သတင်းဌာန)
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂွတ်ခိုင်မြို့နယ် နမ်ဖတ်ကာ ကျေးရွာ (Nam Hpat Ka)ရှိ KIA နှင့် တအောင်း (ပလောင်) တပ်ဖွဲ့ (TNLA) တပ်ပေါင်းစု ရှိရာတပ်စခန်းအား အစိုးရတပ်မှ အင်အားတိုးချဲ့ တိုက်ခိုက်လာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့က နောက်ဆုတ်ထားလိုက်သည်။

အစိုးရတပ်ဘက်မှ ခလရ ၁၄၅၊ ၁၂၃ စုပေါင်းတပ်များသည် KIA တပ်ရင်း ၈ နယ်မြေတွင်းရှိ ငေါ့ငါး (Ngaw Nga) တပ်ပေါင်းစု စခန်းကို စစ်အင်အား ၁၀၀ ကျော်ဖြင့် ၂ ကြိမ် တိုက်ခိုက်လာခြင်းကြောင့် ည ၁၀ နာရီချိန်တွင် နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း တပ်မဟာ (၄) KIA အရာရှိ ဆလန်ကဘာ တဦးပြောသည်။

KIO အလယ်တန်းနှင့် အထက် တန်းကျောင်းများ အတွက် အကူညီလိုအပ်

(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ အလယ်တန်းနှင့် အထက်တန်းကျောင်း သားများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေကြောင်း ကျောင်းအုပ်ကြီးများထံမှ သိရသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ရှိအထက်တန်းကျောင်းတွင် မူလတန်းပိုင်းအတွက် ငြိမ်းဖောင်ဒေရှင်း (Shalom)မှ အကူအညီရရှိနေသော်လည်း အလယ်တန်းနှင့် အထက်တန်းအတွက် ကျောင်းသုံးကိရိယာ လွယ်အိတ်၊ စာအုပ်(Text book) ခဲတံ၊ ဘောပင် ပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်။

တိုင်းရင်းသားဒေသအပေါ် ကျင့်သုံးနေကြ အစိုးရတပ်များ၏ စရိုက်

(ရွှေဟင်္သာသတင်းဌာန)


လူ့အခွင့်အရေး ဆိုသည် မရှိ။ အနိုင်ရရေးသည်သာ ပဓါန။ ဘယ်သူသေသေ ငါတေမာရင်ပြီးရော။ ဖိနှိပ်ထားမှ တော် ကာကျမည်။ မြေလှန်ပစ်။ ငါးပါးမှောက်အောင် ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမထား။ မင်းအမေလားဆွဲဖျဲပစ်။ ထုံးစံအတိုင်း စီရင်လိုက်။ စသည့်စသည့်--- အစိုးရတပ်များ၏ ကျင့်စဉ်များသည် သာမာန်လူသား သဘောဟုမထင်ပါ။


မူဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ မဟာလူမျိုးကြီးဝါဒ၊ အမိန့်ပေးရေးဝါဒ၊ ရေဗူးပေါက်တာ မလိုချင်သည့်ဝါဒ၊ ဗိုက်ထဲကကလေးပါမကျန် လူမျိုးရေးညှင်းသတ်ဝါဒ၊ လူမျိုးရေးမှိုင်းတိုက်မှုဝါဒ၊ အပေါ်စီးဖြင့် အသားပေးမှုဝါဒ၊ ချိုးနှိမ်ထားမှုဝါဒ၊ ခြိမ်းခြောက်မှု ၀ါဒ၊ပညာမတတ်စေမှုဝါဒ၊ မှတ်ပုံတင်ဖြင့် ကန့်သတ်ချုပ်ချယ်မှုဝါဒ၊ လျစ်လျူရှုမှုဝါဒ စသည့် စသည့် -- နည်းဗျူဟာများဖြင့် လည်းကောင်း-

Wednesday, June 19, 2013

ဗမာစစ်တပ်မှ အပြစ်မဲ့ယူသူများကို ဓါးစာခံအဖြစ် ဖမ်းဆီးအသုံးပြု

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ ကေအိုင်တပ်မဟာ (၄) နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) ဒေသ လွိုင်ဆာနှင့် ယိန်းဆိုင်ရွာကြားတွင် ဇွန် (၁၈) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီခန့် အချိန်မှ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ (၆၀မမ) လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင်း ၀င်းဆိုင်ရွာမှ ဦးမရစ်ဘရန်၊ ဦးအင်ဒုပ်ခွန်ဖုန်း၊ ဦးဂျိန်ဖော့လတို့၏ နေအိမ်များ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မီးလောင်ပြာကျသွားကြောင်း သိရှိရပါသည်။

ဗမာစစ်တပ်၏ ပစ်သတ်ခြင်းခံရသော ဦးဇခုံလွမ်းခေါင်

(Jinghpawkasa)

ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ် မူဆယ်မြို့နယ် မုန်ကူး နောင်းဆိုင် ကျေးရွာရှိ ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကို ဗမာအစိုးရ စစ်တပ် ခလရ (၁၂၈) မှ ဇွန် (၁၄) ရက်နေ့တွင် ရှေ့တန်းတစ်နေရာ၌ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဖြစ်စဉ်မှာ မုန်ကူး အခြေစိုက် ပတစတပ်များနှင့် ခလရ (၁၂၈) သို့သည် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသဖြစ်သော နောင်းဆိုင်ကျေးရွာသို့ ဇွန်လ (၁၄) ရက်နေ့ မနက် (၃း၃၀) နာရီခန့်တွင် တရုတ်လူမျိုး ဖြစ်သော လောရှန်ဂျိုင်းကို လမ်းပြအဖြစ်ခေါ်ဆောင်က ရောက်ရှိလာကြောင်း၊ နောင်းဆိုင် ကျေးရွာမှ ဥက္ကဌ ဦးဒဘန်ဘရန်နန် ကို လမ်းပြရှာပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

SLG. ZAHKUNG LUM HKAWNG

(Jinghpawkasa)

Myen asuya hpyen a hk-la-ya (128) hte (pa.ta.ts) Munggu ni pawng nna hkawm ai hpyen hpung (40) ram gaw, Lahta sammung Munggu ginwang dung (36) KIO/ KIA up hkang ginra Nawng Heng Mare hta shanu nga ai, Slg. Zahkung Lum Hkawng hpe June (14) ya jahpawt maga hkying (3:30AM) ten, Lam madun nga woi mat wa ai lam hpe na chye lu ai. Dai ten Slg. Zahkung Lum Hkawng gaw mare sin ang ai rai nhtawm (Lau Shang Jai) Miwa mare kaw na Miwa la asak (40) jan re wa gaw Nawng Heng mare du hkra myen hpyen hpung ni hpe wa sa da nna shi bai wa mat ai lam, Nawng Heng kaw na laga mare de bai sa na matu Mare salang Slg. Dabang Brang Nan kaw myen hpyen hpung ni du wa nna masha tam shangun ai lam hpe mare Salang wa kawn chye lu ai.

Tuesday, June 18, 2013

ကချင်စစ်ပြေး ဒုက္ခသည် ကလေးများအတွက် အထူးစာသင်ကျောင်း

(ရွှေဟင်္သာသတင်းဌာန)

လာမည့် ဇွန်လ (၂၄) ရက်နေ့တွင် ကချင် စစ်ပြေး ဒုက္ခသည် ကလေးများအတွက်  ရည်ရွယ်သည့် အထူး အထက်တန်း ကျောင်းတစ်ကျောင်းကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ်ဖွင့်လှစ်ရန် ရှိသည်ဟု KIO ပညာရေး ဌာနမှ အတွင်းရေးမှူးဖြစ်သူ ဆရာယောဆောင်က ဆိုပါသည်။ 

“free education စတိုင်ပါ။ တက်ချင်တဲ့သူတွေ တက်ခွင့်ရပါတယ်။ ဒါပေမဲ့ ရည်ရွယ်တာကတော့ စစ်ပြေး IDP ကလေးတွေ အတွက်ကို အဓိက ရည်ရွယ်ထားပါတယ်။ နေရာကတော့ လိုင်ဇာမြို့ရဲ့ အနောက်ဖက်က အလန်ဘွမ်ဆို့တဲ့ နေရာမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ IDP ကျောင်းအိပ်ကျောင်းစား ကလေးတွေ (၁၅၀၀) ကျော် ရှိတယ်။ နေရာတချို့တွေ မပြီးသေးတဲ့ အတွက် ဇွန်လ ၂၄ ရက်မှာမှ ဖွင့်နိုင်မှာပါ” ဟုဆိုပါသည်။ 

ရှမ်းပြည် မြောက်ပိုင်း၌ KIA နှင့် အစိုးရ တပ်များ တိုက်ပွဲ ပြင်းထန်နေဟုဆို

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးဒေသတွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် အစိုးရ တပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် KIA က ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန်တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆၊ ၃၈ တပ်ဖွဲ့များနှင့် အစိုးရ၏ လောက်ကိုင် လက်အောက်ခံ တပ်ရင်း ၁၂၈ တပ်ဖွဲ့များ မုန်းကိုးဒေသရှိ မုန်ဘော် ဝင်းဆိုင် ကျေးရွာအနား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု KIA ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

မုန်းဂိုးဒေသ အစိုးရနှင့် KIA တင်းမာမှုကြောင့် ရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေ မူဆယ်မြို့နယ် မုန်းဂိုးဒေသ တပ်ရင်း (၃၆) နယ်မြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ကျေးရွာ ၄ ခုမှ ဒေသခံများ ၁၀၀ ကျော်သည် လွတ်မြောက်ရာသို့အသီးသီးထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများသည် မုန်းဂိုးဒေသ ကျေးရွာ ၄ ရွာဖြစ်သော လွယ်လောမ် (Loi Lawm)၊ ကလီး (KaLi)၊ လွယ်ဟဲမ် (Loi Hem)၊ နမ်ဂွတ် (Nam Gut) ရွာမှ ဒေသခံ များဖြစ်ကြောင်းသိရသည်။

TNLA စစ်ဒေသနှင့် KIA တပ်မဟာ (၄)ဒေသတွင် တိုက်ပွဲပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)

ကွတ်ခိုင်မြို့နယ် အခြေစိုက်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက်အစိုးရ ခလရ ၁၄၅ အဖွဲ့တို့ ယနေ့ နေ့လည်ပိုင်း ၁၁ နာရီ အချိန်တွင်နမ့်ခမ်းမြို့နယ် နမ့်ဖက်ကာတွင် တစ်ကြိမ် နှင့် ကွတ်ခိုင် မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်းတွင် တစ်ကြိမ် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်ဆိုပါသည်။ 

ဖြစ်ပုံကတော့ကျနော်တို့တပ်ရင်း ၁၁၂ တို့ရဲ့ ပြောက်ကျား တပ်စခန်းရှိရာ တောင်ထိပ်ဆီကို  ခလရ၁၄၅ အင်အား ၁၂၀ ကျော်က လက်နက်ကြီး အင်အား သုံးပြီးတော့ () နာရီကျော်ကြာ တက်ရောက် တိုက်ခဲ့တာပေါ့။ ခလရ ၁၄၅ ဖက် ကတော့ ဗိုလ်မှူး စောယုနိုင် ဦးဆောင်တယ်။ ကျနော်တို့ ဖက်ကတော့ တပ်ရင်း ၁၁၂ က တပ်ရင်းမှူး တာဝိန်းမာနှ်က ဦးဆောင်နေပါတယ်။ အထိအခိုက်တော့ လောလောဆယ် မသိရသေးဘူး၊ လောလောဆယ်တွေမှာတော့ သဲကြီး မဲကြီးကို တိုက်ခိုက်နေပါတယ်ဟု ဆိုပါသည်။ 

ကချင် နှင့် သျှမ်း/မြောက်ကြား မူးယစ်ဆေးလွတ်လပ်စွာရောင်းဝယ်ဖောက်ကား

 

မူးယစ်ဆေးဝါးလွတ်လပ်စွာရောင်းဝယ်ဖောက်ကားနေသည့်တဲ

ကချင်ပြည်နယ်နှင့်သျှမ်းပြည်မြောက်ပိုင်းကြားရှိ မန့်ဝိန်းကြီး ကျေးရွာ တွင်မူးယစ်ဆေးဝါးများ လွတ်လပ်စွာရောင်းဝယ် ဖောက်ကားနေကြောင်းဒေသတွင်းသတင်းမှစုံစမ်းသိရှိရသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ကွယ်လွန်မှုအပေါ် ကေအိုင်အိုအစိုးရ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ


အစားအဆိပ်သင့်သူများကျန်းမာရေးအခြေအနေပြန်ကောင်းလာ

(Kachin Waves FB)

၂၀၁၃ ဇွန် ၁၆ ရက်နေ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် အိမ်ထောင်စည်းဝေး ၀တ်ပြုပွဲတွင် ကျွေးမွေးသော ကချင်ဒံပေါက် စားကာ အစားအဆိပ်သင့်ပြီး ဆေးရုံရောက်လာသူများ ယနေ့ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ကျန်းမာရေး ပြန်လည်သက်သာလာပြီး ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်သည်။

“အခုက လူနာ ၉ ယောက်ပဲကျန်တော့တယ်။ မနေ့ညက အစာအဆိပ့်သင့် (food poison) ဖြစ်တာပါ။ food poison ဆိုတာ အဆိပ်ခပ်ပြီး အဆပ်မိတဲ့ သဘောကို ပြောတာ မဟုတ်ပါဘူး။ အသားနဲ့ အသီးအရွက် နဲ့ ပေါင်းစပ်ထားပြီး မစားခင် ပြင်ဆင်ချိန် အနည်းငယ် ကြာသွားပြီး ရာသီဥတုလည်းပူတော့ bacteria ပိုး ၀င်သွားလို့ အစာအဆိပ် ဖြစ်သွားတဲ့ သဘောပါ။အစားမှာ အဆိပ်ခပ်ပြီး ဖြစ်တဲ့အဆိပ် မဟုတ်ပါဘူး။ ”ဟု မြစ်ကြီးနား ဆေးရုံအုပ်ကြီးမှ ဆိုသည်။

စစ်ဘေးသင့် ပြည်သူတွေကို ကူညီဖို့ မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော် ကျင်းပမယ်

(ဧရာဝတီ)

မစပ်စုတို့ တိုင်းပြည်ကြီးမှာ အရင် စစ်အစိုးရ လက်ထက်တုန်းကလို အစိုးရ အသုံးတော်ခံ အဖြစ် ခိုင်းတာပဲ လုပ်တတ်ခဲ့တဲ့ အနုပညာသည်တွေ မဟုတ်ဘူးဆိုတာ ပြသဖို့ ရည်ရွယ်ချက်နဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကို ရှေးရှုပြီး “မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်” ကို ကျင်းပမယ်လို့ သိရပါတယ်။
အဲဒီ “မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်” ကြီးကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပပြုလုပ်မှာပါ။

ဝင်းဆိုင်တွင် တိုက်ပွဲပြင်းထန်လျက်ရှိ

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၃၆) ဒေသ မုန်ဘော်၊ ၀င်းဆိုင်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ ဇွန် (၁၈) ရက် ယခုသတင်းရေးသား ချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်မှ ကေအိုင်အေ ထန်းချုပ်နယ်မြေများသို့ စစ်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်များ၏ လက်နက်ကြီးများဖြင့် ပယမ်းပတာ ပစ်ခတ်မှု၊ တမင်ရှို့မှုတို့ကြောင့် ၀င်းဆိုင်ရွာရှိ ပြည်သူများ၏ အိုးအိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်း သိရှိရပါသည်။ ၀င်းဆိုင်ရွာကို မီးလောင်တိုက်သွင်းလိုက်မည်ဟု ကျုံးဝါးက ရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တအာင်း ဒေသသို့ အစိုးရ ဆက်လက်စစ်ဆင်- တိုင်းရင်းသားများစုပေါင်း ကာကွယ်တိုက်ခိုက်

ရွှေဟင်္သာ သတင်းဌာန 
 
တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေသော အစိုးရ တပ်များအား တအာင်း (TNLA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)  တို့ မှ စုပေါင်း တိုက်ခိုက် ခဲ့ကြသည်ဟု TNLA တပ်မှူး တစ်ဦးမှ ဆိုပါသည်။

“ဒေသ တူနေမှတော့ ပူးပေါင်းပြီး ပြန်တိုက်ကြတာပေါ့။ စစ်မဟာမိတ်လည်း ဖြစ်ကြတယ်လေ။ အစိုးရ ဖက်က ဆက်တိုက်ထိုး စစ်ဆင်နေတဲ့အတွက် အပစ်အခတ် ရပ်စဲရေးကို ထည့်တွက်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့ ဆိုရင် တစ်ချိန်လုံး ဖိတိုက်နေခဲ့တယ်။ လူထုတွေကိုလည်း သူတို့အကြောင်းမဲ့ သတ်ဖြတ်တာ  ပိုပိုဖြစ်လာနေတယ်။ ဒီတော့ မထူးတော့ပါဘူး ဂတိတည်တဲ့ အစိုးရမျိုးလည်း မဟုတ်ခဲ့ဘူးလေ” ဟု ဆိုပါသည်။

Monday, June 17, 2013

ဆွဲသူဆွဲ .. မျှော်သူမျှော်

(Cartoon.agga FB)

ကုလအဖွဲ့ မှ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ပထမအကြိမ် ကူညီခွင့်ရ

(ကချင်သတင်းဌာန)

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ ပါကထောင် ဒုက္ခသည်စခန်းတွင် ပထမကြိမ် လာရောက်ကူညီပေးခဲ့သည်။

ကုလသမဂ္ဂအဖွဲ့များမှ ပါကထောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ဇွန်လ ၁၄ ရက်နေ့ ကား ၁၁ စီးဖြင့်ရောက်ရှိလာပြီး  ဆန် တန်ချိန် ၆၅ ကျော်အပါအ၀င် အခြားအစားအသောက်၊ အသုံးအဆောင်ပစ္စည်းမျာနှင့် ဆေးဝါးများ  တစ်လစာအတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဇော်ဘောက်က ပြောသည်။

ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ဦးရွှေမန်းကို တောင်းဆို

(ဧရာဝတီ)

နိုင်ငံတ၀န်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဥပဒေများ ပြဋ္ဌာန်းရေးအတွက် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား ဆန်ဖရန် စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ တိုက်တွန်း တောင်းဆိုကြောင်း သတင်းရရှိသည်။

“ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးသာမက ပြည်လုံးကျွတ် ထာဝရ ငြိမ်း ချမ်းရေးကို တည်ဆောက်ဖို့အတွက် လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ရေးဆွဲပေးပါဆိုပြီး နံပတ် ၁ အနေနဲ့ ဆွေးနွေးတယ်”ဟု မြန်မာကျောင်းသားများအစည်းအရုံး ဆန်ဖရန်စ္စကို ဘေး ဧရိယာမှ ဦးကိုကိုလေး က ဧရာဝတီ ကို ပြောသည်။

ကျည်ဆံခွံ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် လိုင်ဇာသို့ ပို့ဆောင်

(Mizzima)

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ကချင်ပြည်နယ်မှ ကောက်ယူခဲ့သည့် ကျည်ဆံခွံများဖြင့် ပြုလုပ်ထားသည့် ဘုရားဆင်းတု တော်တဆူနှင့် လက်ဝါးကပ်တိုင်တစ်ခုကို ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ထဲတွင် လှည့်လည်ပူဇော်ခံပြီး လိုင်ဇာသို့ ပို့ ဆောင်ရန် ထွက်ခွာသွားသည်။

မန္တလေးမြို့တွင် လှည့်လည် ပူဇော်ခံခဲ့ခြင်းနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ  ဒေါ်ဝင်းဝင်းမြက ''မန္တလေးမြို့မှာ ဒီနေ့ပဲ လှည့်လည်ပူဇော်ခံပြီး လိုင်ဇာကို ပင့်ဆောင်သွားမှာပါ'' ဟု မဇ္ဈိမသို့ ပြောသည်။

မြစ်ကြီးနားတွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်

(ဧရာဝတီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်း ရပ်ကွက်ရှိ အိမ်တအိမ်တွင် ပြုလုပ်သော နေအိမ်ဝတ်ပြု ဆုတောင်းပွဲသို့ လာရောက်သူ ၁၅၀ ခန့် ယမန်နေ့က အစာအဆိပ်သင့်မှု ဖြစ်ပွား၍ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသခံယူနေရကြောင်း သတင်းရသည်။

ခရစ်ယာန်ဘာသာ ၀တ်ပြုဆုတောင်းပွဲတွင် ကျွေးမွေးသည့် ကချင် ကြက်သား ဒံပေါက် (Shat Jam) ကို စားသုံးသူများ အစာအဆိပ်သင့်ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ဈေးထဲက ကြက်သားကို ၀ယ်ပြီး မနေ့က တနင်္ဂနွေနေ့ဆိုတော့ ဆုတောင်းပွဲမှာ ကချင်ဒံပေါက် လုပ်တာ။ ကြက်သားစားတဲ့ လူတွေ အားလုံးဖြစ်တယ်။ သတ်သတ်လွတ်စားတဲ့ ဆရာတွေ ဘာမှ မဖြစ်ဘူး” ဟု ဦးစန်းအောင်က ဆိုသည်။

လိုင်ဇာ ဌာနချုပ်နယ်မြေတွင်း အစိုးရတပ်များ စစ်ရေးလှုပ်ရှားလာစဉ် မြေမြုပ်မိုင်းမိ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် လိုင်ဇာမြို့ ဂျာအိန်ယန် (Ja Ing Yang) အနီးရှိ KIA တပ်စခန်း တစ်ခုကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော အစိုးရတပ်သည် အင်တဲမ်ဘွမ် (Ntap Bum) တောင်ခြေတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းမိုင်းသည် ယခင်စစ်ပွဲဖြစ်ပွားခဲ့စဉ် ထောင်ထားခဲ့သော နေရာဟောင်းမှဖြစ်ပြီး စစ်အင်အား ၅၀ ကျော်ဖြင့် အစိုးရတပ်များ လှုပ်ရှားလာချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရှေ့တန်းမှ KIA အရာရှိတစ်ဦးပြောသည်။

KIA Masat (5) Ginra Hka Ú Kaw Myen Dap Ni Marai (4) Bawm Kapaw Si

(Lachid Kachin FB)

Jun 16, 2013 ya shani jahpawt maga daw 10:00am daram aten hta Jinghpaw mung KIA masat (5) dap ba uphkang ginra KIA dap dung (23) na share ninghkring ni shara la nga ai Mali hka a sinpraw hkran Talawgyi (Da Law) hte Sin Bu lawu Malihka makau Hka ngu ai shara de myen asuya dap ni shiga nshana ai shang wa ai majaw baila bawm gabye kapaw la nna myen hpyenla marai (4) kalang ta si mat ai hte marai (3) ram hkala hkrum mat ai lam na chye lu ai. Bawm gabye kapaw la ngut ai hpang myen dap ni masin pawt ai hte makau grupyin ni de sinat kaji kaba majoi gap shru bun ai lam na chye lu ai. 

LAIZA MUKLUM HTA K.I.C NINGBAW MALAI (II) A MATSUN HKAM LA HPAWNG GALAW

(Kachinnet)

2013 June (17) ya jahpawt hkying (8:00)am ten Laiza Muklum, Laiza lahta tsang jawng, Rawt Ninghkawng Gawknu hta KIC Ningbaw Malai (II) a matsun hkam la hpawng hpe galaw ai lam chye lu ai.

Zuphpawng hpe KIC Ningtau Amu Madu, Lat Du Up Jum Wa Na Yaw Htung kaw na zuphpawng tingnyang up lit la woi awn nna, Rev. Lahpai Shing Rip kaw na hpawng hpaw akyu hpyi ap ai lam chye lu ai.

KIA ဝင်ဖမ်းမှာ ကွတ်ခိုင်ဒေသခံများ စိုးရိမ်နေ

(ဧရာဝတီ)


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ထဲက ကျေးရွာအချို့မှာ သူတို့ရွာထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဝင်ဖမ်းမှာ စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ၊ မန်နိမ်း၊ လွယ်ကန် စတဲ့ကျေးရွာတွေထဲကို တပ်မဟာ (၄) လက်အောက်ခံ KIA တပ်ဖွဲ့တွေ ဝင်လာပြီး လူငယ်တွေကို ဖမ်းဆီးရာမှာ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် မိန်းကလေးတွေပါ ပါဝင်တဲ့အတွက် အမျိုးသားတွေသာမကဘဲ အမျိုးသမီးငယ်တွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လွိုင်လောမ့်နှင့် ယိန်းလားတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၃၆) ဒေသ လွိုင်လောမ့်နှင့် ယိန်းလားကျေးရွားကြားတွင် ဇွန်လ (၁၆) ရက်နေ့ မနက် (၁၀း၀၀) နာရီခန့်မှ ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။ ကေအိုင်အေ တပ်မဟာ (၃၆) မှ ကေအိုင်အေမျိုးချစ် ရဲဘော်များနှင့် ကေအိုင်အေ ပြည်သူ့စစ် ရဲဘော်များပူးပေါင်းကာ ဗမာအစိုးရစစ်တပ် ခလရ (၂၄၂) တို့နှင့်ဖြစ်ပွားခဲ့ကြောင်း၊ ဗမာစစ်တပ်များသည် ကေအိုင်အေ ထိန်းချုပ်ရာနယ်မြေများသို့ စစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး စစ်အင်အားများလည်း ဆက်လက် တိုးချဲ့လျှက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။

သိန်းစိန် ပြီးတော့ နိုဘယ်လ်ငြိမ်းဆုရှင်နှင့် ဒယိမ်းဒယိုင် သိုင်းကွက်များ




သိန်းစိန် ပြီးတော့ နိုဘယ်လ်ငြိမ်းဆုရှင်နှင့် ဒယိမ်းဒယိုင် သိုင်းကွက်များ
ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား တကျော့ပြန်လည်ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကြောင့် နယ်ရပ်စွန့်ခွာထွက်ပြေးလာသောဒုက္ခသည်များအတွက် ကြာရှည်ဒုက္ခသည်အဖြစ်ရှင်သန်နေရမည်ဆိုလျင် ကလေး ၄၀,၀၀၀ ကျော်၏ ပညာရေးအတွက် စိုးရိမ်နေကြကြောင်း ကချင်လူမှုအဖွဲ့အစည်းများကဆို ကျနော့ကို ပြောပြကြသည်။

ဒုက္ခသည် ကလေးများ၏ ပညာရေးသည် ၂ နှစ်တာကာလအတွင်း ပညာသင်ယူမှုအခွင့်အရေဆုံးရှုံးခဲ့ရပြီး ထောက်ပံ့မှုလိုအပ်ချက်များရှိနေခြင်းကြောင့် စစ်ပွဲဒေသကလေးများ၏ ဘ၀အနာဂတ်အတွက် ၀ိုင်းဝန်း၍စဉ်းစားသင့်ကြောင်း ကိစ္စအား မြန်မာ့ နိုင်ငံရေးခေါင်းဆောင် တဦးတယောက်မှ မဟမပြောကြသေးခင် ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN)မှ Coordinator ဒေါ်ခေါန်ဂျာပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူ ၁၅၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

(Eleven Media Group)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၀န်းကျင်ခန့်မှ စတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ လူ(၁၅၀) ခန့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက် နယ်မြေ (၁၀)၊ ရပ်ကွက် (၃) ရှိ ၊ ဦးလဘန်တန်နှင့် ဒေါ်မရန်ကော့တို့ နေအိမ်တွင် တက္ကသိုလ်ဝင်တန်းအောင် သမီးငယ် မလဘန်ထုနန်အတွက် တနင်္ဂနွေ အိမ်ထောင်ဆုတောင်းပွဲ ပြုလုပ်ရာတွင် ကျွေးမွေးသည့် ကချင်ဒံပေါက်ခေါ် (ကြက်သားနှင့် ထမင်းရော၍ နယ်ထားသော စားစရာ) စားရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Sunday, June 16, 2013

ရှမ်းမြောက် ကေအိုင်အေ တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲဖြစ်

(Jade Land)

ဇွန်(၁၅) မနက် အစောပိုင်းက ရှမ်း/မြောက် ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၉) နယ်မြေ သို့  စစ်ကြောင်းထိုး လှုပ်ရှားလာသော အင်အား(ရ၀) ခန့် ရှိ အစိုးရစစ်ကြောင်း ခလရ(၄၅) တပ်ဖွဲ့  နှင့် အဆိုပါဒေသ တွင် စခန်းထိုင်ထားသော ကေအိုင်အေ တပ်ဖွဲ့ ဝင် တို့  ဆိုင်ဟွမ်ကျေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အလားတူ ဇွန်(၁၅) နေ့ လည် ၁ နာရီခန့် တွင် ကေအိုင်အေ တပ်ရင်း (၁ရ) နယ်မြေ လွိုင်ကမ်မိန်း ကျေးရွာ အနီးရှိ မန်ဂျန်ဘွမ် ပါတ်ဝန်းကျင် တွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော မြန်မာအစိုးရတပ် ခလရ (၁၂၉) တပ်ဖွဲ့  နှင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင် များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းထပ်မံသိရှိရသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများ အား မသိရသေးပါ ။



KIA GINRA NI HTA MAJAN MATUT MANOI BYIN, JAHKRIT SHAMA LAM DING YANG GALAW NGA

(Kachinnet)

2013 June (15) ya shani hta KIA Makawp Maga Ginra ni de htu shadut lung wa ai hte chyinglau, jahkrit shama hkawm nga ai Myen Asuya Hpyen Dap hte KIA Hpyen Dap gasat poi byin ai lam chye lu ai. 

2013 June (15) jahpawt (11:05)am aten KIA Dap Dung(9) makawp maga ginra, Dap Kung (3) hte Kung (4) ni  dap jung shara jahkrat tawn ai Dak Lek de sa wa ai lam, Senghpawm mare maga de htu shadut lung wa ai Hk-L-Y(45) Dap n-gun (70) daram hte gasat poi byin ai lam chye lu ai.

Masat Yan (8) Immigration Jawng Yu Hpawng Galaw Ai Lam

(Kachinnet)

2013 June (15) ya shani Laiza Muklum, Alen Bum Hpung Wa Gawknu kaw Masat Yan (8) Immigration jawng yu hpawng hpe galaw la lu sai lam chye lu ai.

Mungchying Uphkang Dap (DGA) Lithkam Salang Kaba Lajawng Hkawng Lum kaw nna jawng yu shatsam mungga hpe matsun maroi ai hte Du Jum Lasi Naw Htoi Ja kaw na Magam Aming hti shalai nna, Du Up Chyinyu La Ring kaw nna zuphpawng hpu awn lit la woi awn ai hpe chye lu ai.