Saturday, June 15, 2013

မြစ်ဆုံ အနီးတစ်ဝိုက် ပြည်သူ့စစ်များမှ မြေယာများ သိမ်းဆီးကာ ရွှေတူးဖော်

(Jinghpawkasa)

လ၀ါယန်၊ ဂွေထုဌာနေပြည်သူ့စစ်အဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ဦးဗဒစ်ဂမ်အောင်သည် လ၀ါယန်နှင့် ဂွေထုဒေသရှိ နှေငင်းချိန်ကျေးရွာ၊ အင်ပေါန့်ကျေးရွာ၊ အင်ဂန်ကျေးရွာ၊ လဘန်ကျေးရွာ၊ မခေါသီကျေးရွာအစရှိ ဆင်းရဲသားပြည်သူပိုင် မြေယာများအား အဓမ္မသိမ်းဆီး ကာ လယ်၊ယာမြေများ လုပ်ကိုင်မှု မရှိကြောင်းသိရှိရပါသည်။ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်ဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ဦးဗဒစ်ဂမ်အောင်သည် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ပြည်သူများထံမှ မြေယာမြေ အများအပြားကို သိမ်းယူထားကြောင်းနှင့် မြေယာမြေ ပိုင်ဆိုင်မှုအများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ 
 

SLG. ZAHKUNG LUM AWNG HPE MYEN NI GAP SAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya KIA Dap Ba (4) n pu Dung (36) ginra rai nga ai Mung Baw Nawng Heng Makau kaw KIA myu tsaw share ning hkring ni hte Mung Shawa Hpyen Hpung (MHH) ni jawm pawng nna myen asuya hpyen hpung ni hte June (14) ya shan daw de gap gasat lai wa sai lam na chye lu ai. Myen hpyen hpung ni kawn lam madun na matu Nawng Heng Mare na Slg. Zahkung Lum Awng (Asak 52) ni hpe lam madun na matu woi mat wa ai hta Shanglawt ni hkap taw ai hku woi sa ai ngu mara shagun nna Slg. Zahkung Lum Awng hpe gat sat kau ai lam na chye lu ai.

ကချင် ဒုက္ခသည်စခန်းဆီ အကူအညီ သွားပေးခွင့်ရတာ ကုလကျေနပ်

(VOA)

ကချင်ပြည်နယ် အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတွေကို မြန်မာအစိုးရက ပို့ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကျေးဇူးတင် တယ်လို့ ကုလသမဂ္ဂက ပြောကြား လိုက်ပါတယ်။ မြန်မာအစိုးရက အခုလိုခွင့်ပြု လိုက်တာဟာ အပြု သဘောဆောင်တဲ့ခြေလှမ်း တရပ်ဖြစ်ပြီး၊ နောက်ထပ်လည်း အကူအညီတွေလည်း ပေးသွားဖို့ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်ပြီးတော့ ကြည့်ရအောင်ပါ။
ကချင်ပြည်နယ်အတွင်းက အိုးအိမ်းစွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီပေးရေး ယာဉ်တန်းကို သွားခွင့်ပြု တဲ့ မြန်မာ အစိုးရကရော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့က ပူးပေါင်းဆောင်ရွက်မှု ကို အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Ashok Nigam က ပြောလိုက်ပါတယ်။

မုန်းဂိုးဒေသတွင် အစိုးရတပ်နှင့် KIA တပ်ပွဲဖြစ်

(ကချင်သတင်းဌာန)

အဖွဲ့အတွင်း အစည်း အဝေးမှ ပြန်လာသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိအဖွဲ့ကို အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ ယနေ့ ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ဇွန်လ ၁၄ ယနေ့ မုန်ဂိုးဒေသ KIA တပ်ရင်း ၃၈ နယ်မြေ ဂေါန်ဆမ်ပါ (Gawn Sam Pa) နှင့် KIA တပ်ရင်း ၃၆ နယ်မြေ နမ်ဂွတ် (Nam Gut) ကျေးရွာအနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်ထိ မုန်ဂိုးဒေသမှ သက်ဆိုင်ရာ KIA အရာရှိများ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ၎င်းမှ နေရာအသီးသီးသို့ ယနေ့ပြန်လာသော အပြန်လမ်းတွင် အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

Friday, June 14, 2013

ကုလအကူအညီယာဉ်တန်း မိုင်ဂျာယန်ရောက်

(VOA)

အနည်းဆုံး ကုန်တင်ကား ၁၀စီးပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင် စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီဒေသကို တနှစ်နီးပါး ကာလအတွင်း ပထမဆုံးရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ ကူညီရေး ယာဉ်တန်းဖြစ်ပြီး  လူ၃၀၀၀ကျော်အတွက် တလစာ အခြေခံ စားနပ်ရိက္ခာတွေ အပါအ၀င် အိမ်ထောင်သုံးပစ္စည်းတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ ပါဝင်တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်အရေး ကူညီသူက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လွိုင်လောမ့်နှင့် လွိုင်ဆတ်ကြားတိုက်ပွဲပြင်းထန်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နှင့် (၃၈) ဒေသဖြစ်သော မုန်ဘော် နောင်းဟဲန် အနီး လွိုင်လောမ့်နှင့် လွိုင်ဆတ်ကြားတွင် ဇွန် (၁၄) ရက် ညနေပိုင်း (၂း၀၀) နာရီ အချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ ခလရ (၂၄၂)၊ (၅၀၇) ဟုယူဆရသော တပ်ရင်းများသည် ယင်းလှ ဘက်သို့ ထိုးစစ်ဆင်လာသောကြောင့် ယခုကဲ့သို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ဗမာစစ်ကြောင်းများသည် ဦးနောင်ဆိုင်း ဆိုသူကိုလည်း လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသောကြောင့် မိသားစုများ စိတ်ပူပန်လျှက်ရှိကြောင်း သိရှိရပါသည်။ တိုက်ပွဲသတင်း အသေးစိတ်ကို ဆက်လက်စုံစမ်းလျှက် ရှိပါသည်။

K.I.O Ginjaw Komiti Salang Ni Hpe Laiza Buga Hpung Shawa ni Magun Shat Lit Gun Jaw Ai Lam

(Kachinnet)

2013 June (14) ya jahpawt (8:00)am aten Laiza Buga Hpung shawa ni hku nna K.I.O Ginjaw Komit Salang ni hpe magun shat lit (4) hte Dumsu (1) jaw ai lamang hpe Laiza, Padang Hkrunlam Hpyen Majan Masing Woi Awn Rung Daju Gawknu hta galaw ai lam chye lu ai.

Magun shat lit hpe Laiza Buga Hkalup Hpung, Rev. Lahpai Shing Rip kaw nna ap ya ai hta,  Laiza buga hpung shawa hku nna magun shat lit gun jaw ai lam gaw, rawt malan nnan hpang ai kaw nna dai ni na aten du hkra lam woi nga ai K.I.O Ningbaw Kaba hte Ginjaw Salang ni hpe grai hkungga ai hte kam hpa  nga ai lam, K.I.O kaw nna anhte hpe makawp maga la ai majaw grai kabu chyeju dum ai lam, saboi ntsa kaw Mung masa bawngban woi awn nga ai K.I.O Dat Kasa hpung ni hpe grai arawng la ai lam, matut nna mung myu sha ni hpe lam woi ningshawng na matu shatsam ai magun shat lit re lam hpe chye lu ai. 

KIO နယ်မြေတွင်း ဒုက္ခသည်များအတွက် ကုလ ကူညီမှုများ ဒုတိယအကြိမ် ရရှိလာ

(Mizzima)

ကုလသမဂ္ဂ အဖွဲ့အစည်းများမှ လူသားချင်း စာနာထောက်ပံ့မှုများကို တရုတ် နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းများသို့ ကူညီထောက်ပံ့နိုင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ က ယနေ့ ထုတ်ပြန်လိုက်သည်။

၂၀၁၃ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည်များအတွက် ပထမဆုံး အကြိမ် တရားဝင် သွားရောက်လှူဒါန်းနိုင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။

ဈေးမပြောင်းရရေး အလုပ်လက်မဲ့ ပျံကျဈေးသည်များ ဆန္ဒဖော်ထုတ်မည်

(DVB)

ကချင်ပြည်နယ် မိုးညှင်းမြို့လယ်မှာရှိတဲ့ ညောင်ပင်အခွန်လွတ်ဈေးကို ဖျက်သိမ်းလိုက် တာကြောင့် ပျံကျဈေးသည် ၂၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ဈေးမပြောင်းရွှေ့ရရေး ဇွန် ၁၈ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ခရိုင်ထွေအုပ်၊ မြို့နယ်ရုံးကို စာတင်ထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့လယ်က ညောင်ပင်အခွန်လွတ်ဈေးကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ မြို့နယ်စည်ပင်နဲ့ တာဝန်ရှိသူတွေက ဖျက်သိမ်းခိုင်းခဲ့တာပါ။

သမ္မတ သက်တမ်းအကုန် မြစ်ဆုံပြန်စရန် တရုတ်ကြိုးပမ်းနေ

(ကချင်သတင်းဌာန)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သက်တမ်း တလျှောက် ရပ်ဆိုင်းထားမည်ဟုဆိုသော  ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို တရုတ်အစိုးရဖက်မှ  သမ္မတသက်တမ်းမကုန်ဆုံးသေးခင်ကပင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဒေသခံနှင့် ကချင်လူမှုအဖွဲ့အစည်းများက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကိုတာဝန်ယူဆောင်ရွက်နေသော တရုတ်အစိုးရကုမ္ပဏီ လျှပ်စစ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း CPI နှင့် တရုတ်အန်ဂျီအိုအဖွဲ့အစည်းများက ဧပြီလဆန်းပိုင်းကတည်းက မြစ်ဆုံဒေသ တန်ဖရဲကျေးရွာဒေသခံများနှင့် ပြောင်းရွှေ့ခံ ဒေသခံများထံသို့  သိသိသာသာပြန်လည်စည်းရုံးလာခြင်းဖြစ်သည်ဟု တန်ဖရဲဒေသခံများပြောသည်။

စစ်ပွဲ ၂ နှစ်တာကာလ ကချင်ဒုက္ခသည် ကလေး ၄၀,၀၀၀ ကျော်၏ ပညာရေး ထိခိုက်ဆုံးရှုံး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား တကျော့ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲကြောင့် နယ်ရပ်စွန့်ခွာထွက်ပြေးလာသောဒုက္ခသည်များအတွက် ကြာရှည်ဒုက္ခသည်အဖြစ်ရှင်သန်နေရမည်ဆိုပါက ကလေး ၄၀,၀၀၀ ကျော်၏ ပညာရေးအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ကချင်လူမှုအဖွဲ့အစည်းများကဆိုသည်။

ဒုက္ခသည် ကလေးများ၏ ပညာရေးသည် ၂ နှစ်တာကာလအတွင်း ပညာသင်ယူမှုအခွင့်အရေးနည်းပါးပြီး ထောက်ပံ့မှုလိုအပ်ချက်များရှိနေခြင်းကြောင့် အဆိုပါကလေးများ၏ ဘ၀အနာဂတ်အတွက် ၀ိုင်းဝန်း၍စဉ်းစားသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN)မှ Coordinator ဒေါ်ခေါန်ဂျာပြောသည်။

အစိုးရနှင့် KIO တို့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နောက်ထပ်တိုးတက်မှုများ ဆက်လက်အကောင်အထည် မဖော်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း International Crisis Group သုံးသပ်

(Eleven Media Group)

အစိုးရနှင့် KIO တို့ကြား မေ ၃၀ ရက်က ရရှိခဲ့သော သဘောတူညီချက်များသည် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာအောင် လုပ်ဆောင်သော လုပ်ငန်းစဉ်၏ အစသာ ဖြစ်ပြီး ပြီးဆုံးသွားခြင်း မရှိသေးကြောင်းနှင့် နောက်ထပ် တိုးတက်မှုများ ဆက်လက် မဖော်ဆောင်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း International Crisis Group က သုံးသပ်ခဲ့သည်။

တစ်ကမ္ဘာလုံးရှိ ပဋိပက္ခအခြေအနေများကို လေ့လာသုံးသပ်သော မူဝါဒရေးရာ အဖွဲ့ကြီးဖြစ်သည့် International Crisis Group က ဇွန် ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ကချင်ပဋိပက္ခမှ ယာယီ ငြိမ်းချမ်းရေး အစီရင်ခံစာတွင် ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

Thursday, June 13, 2013

တိုင်းရင်းသား အားလုံးအရေးကို ပါ ဆွေးနွေးသွားမယ်လို့ KIO ပြောကြား

(RFA)

အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပြီး၊ ဆွေးနွေးပွဲတိုင်းမှာ ကချင်တိုင်းရင်းသားတွေ အရေး တစ်ခုတည်း မဟုတ်ဘဲ ပြည်ထောင်စုတွင်းက တိုင်းရင်းသားအားလုံးအရေးကို အထူးအလေး ထား ဆွေးနွေးသွားမှာဖြစ်ကြောင်း KIO က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIO နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ မြစ်ကြီးနားမြို့ က ဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး KIO က မနေ့ကနေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ အခုလို ပြောကြားလိုက်တာဖြစ် ပါတယ်။ 

နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အစိုးရအား UNFC အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)

စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့်  နိုင်ငံရေးအရ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်းပီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြား ခဲ့ပြီး ဖြစ်သည်ဟုပြောရေး ဆိုခွင့်ရှိသူ ပဒို ဒေးဗစ်တာကပေါက ဆိုပါသည်။ 

အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီကလည်း တွေ့ဆုံမည်ဟု အကြောင်းပြန်ကြား ခဲ့သ်ာလည်းနေ့ရက်နှင့် နေရာကိုမူမသတ်မှတ် နိုင်သေးကြောင်းမြန်မာ့  ငြိမ်းချမ်းရေး စင်တာမှဒေါက်တာ ဇော်ဦးက ဆိုပါသည်။

ဇွန်လ (၁၂) ရက်နေ့၊ KIO ထုတ်ပြန်ကြေငြာချက်

ကချင်ပြည်နယ်အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေ

(Eleven Media Group)

ကချင်ပြည်နယ် အတွင်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေထံမှ သိရသည်။

"မိုင်းရှင်းလင်းဖို့အတွက် သင်တန်းပို့ချတာတွေ ပြီးစီးသွားပြီး။ ပူးပေါင်းလုပ်ဆောင်မယ့် ဆွစ်ဇာလန် နိုင်ငံနဲ့ အဓိကထား လုပ်ဆောင်သွားမယ်။ သူတို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှု များပြားလာ

(Eleven Media Group)

၂၀၁၃ ခုနှစ်အတွင်း နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာ ပြပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်းများ မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းမှု များပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"တရုတ်ပြည်ဘက်မှာ ကျောက်စိမ်းမြို့တော် ဆိုတာရှိတယ်။ အမှန်က သူတို့က အမွှမ်းတင်ထားတာ။ 
သူတို့ဆီမှာ ကျောက်စိမ်း တကယ်မထွက်ပါဘူး။ မြန်မာပြည်က ကျောက်စိမ်းတွေပဲ အကြီးအကျယ် တင်သွင်းတာပါ။ တစ်ရာမှာ ရာခိုင်နှုန်း ၈၀ က မှောင်ခိုလမ်းကြောင်း ကနေပြီး တရုတ်ပြည်ဘက်ကို သွားနေတယ်။ ပြပွဲမှာ ပြတယ်ဆိုတာတွေက

Wednesday, June 12, 2013

SHANGLAWT MASA GAT HKAI HPUNG NI A SHAMU SHAMAWT LAM

(Jinghpawkasa)

2013 June (1) kawn (11) ya laman Dingdung Ginwang Ginjaw Uphkang Du (Div-O) hte Ginwang Ginjaw Pati Komiti Shingtau Amu Madu yan woi awn nna, Masat (1) Dap Ba Shanglawt Masa Gat Hkai Ka manawt hpung ni hte rau, Putau Ginwang Masat (7) Dap Dung hte Mali Hka mayan na mare ni de sadu gawan let Majan a majaw myitru myit tsang, ru yak jam jau garen gari hkrum sha nga ai Mungshawa, Dap shawa ni hpe n'gun atsam jaw hkawm lai wa sai lam shiga na chye lu ai. Shanglawt Masa Gat Hkai Hpung ni kaw na Ka Manawt dan ai lamang hpe Masat (7) Dap Dung Daju, Nhtan Zup mare, Mali Yang mare, Mali Bum Run mare ni hta galaw la lai wa sai lam hpe mung na chye lu ai.

ကချင်ပြည်သူ လူထု၏ လိုလားချက်များနှင့် အကြံဥာဏ်များ ရယူရန် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ကချင်လူထု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည်

(Eleven Media Group)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနား (KBC) ဒုက္ခသည် စခန်းရှိ စစ်ပြေးဒုက္ခသည်များအား မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် ကချင်ပြည်နယ် အတွင်းရှိ ပြည်သူလူထု၏ လိုလားချက်များနှင့် အကြံဥာဏ်များ ရယူရန်အတွက် ကချင်လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

Tuesday, June 11, 2013

ဖားကန့်တွင် တနိုင်တပိုင် ကျောက်တူးသူ ၂၀၀ ကျော် အဖမ်းခံရ

(DVB)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တနိုင်တပိုင် ကျောက်တူးနေ သူတွေကို ရဲနဲ့စစ်တပ်က  ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

ဖားကန့်ဒေသ ဆိတ်မူကျေးရွာအုပ်စုထဲမှာရှိတဲ့ မှော်တွေထဲကို တိုက်ခိုက်ရေးရဲနဲ့ စစ်တပ် စုစုပေါင်းအင်အား ၃၀ ကျော်က ဒီကနေ့မနက် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ဒေါင်းကော့၊ ဟင်းတင့်၊ ကရင်ချောင်နဲ့၊ ကောင်စံ  စတဲ့ မှော်တွင်းက တနိုင်တပိုင် ကျောက်တူးသူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

(ဧရာဝတီ)

၂၀၁၃ ခုနှစ်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့ရန် လိုငွေ ဒေါ်လာ ၄၄. ၂ သန်း ရှိကြောင်း သိရသည်။

ဗြိတိန် အစိုးရက ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၃ ဒဿမ ၅ မီလျံပေါင် (၅ ဒဿမ ၄ မီလျံဒေါ်လာ) လှူဒါန်းမည်ဟု မေလဆန်းပိုင်းက ကတိပြုခဲ့သော်လည်း စုစုပေါင်း လိုအပ်ငွေ ဒေါ်လာ သန်းဆယ်ဂဏန်းနှင့်ချီ၍ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

KIA နှင့် အစိုးရ တပ်တို့ကြား အောက်ခြေ ထိတွေ့ တိုက်ပွဲများ ရှိနေဆဲ

(ရွှေဟင်္သာသတင်းဌာန)

ရက်သတ္တ တစ်ပတ်ခန့်  KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့အကြား ထိတွေ့ တိုက်ပွဲများ ရပ်ဆိုင်း နေရာမှ  ယမန်နေ့တွင်တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံဗိုလ်မှူးကြီး ဂျိမ်းလွန်တောင်မှ ပြောသည်။ 

တိုက်ပွဲက ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့နှစ်ရက် ဖြစ်ပါတယ်၊ နေရာက တပ်မဟာ (၄) မှာပါ။ တိုက်ပွဲက () နာရီလောက် ကြာတယ်။ အဲဒီနေရာက အခြား နေရာ တွေထက် ထိတွေ့ဖို့ လွယ်တယ်၊ အဲဒီ နေရာမှာရှမ်းတပ်လည်း ရှိတယ်၊ ပလောင်တပ်လည်း ရှိတယ်၊ ကျွှန်တော်တို့ ကချင်တပ်လည်း ရှိတယ်၊နှစ်ဖက် ညှိနှိုင်းမှု မပြေလည် သေးတဲ့ ကာလမှာ အောက်ခြေ အဖွဲ့တွေ ကြားမှာ တိုက်ပွဲဖြစ်တာက မဆန်း ပါဘူးဟု ဆိုပါသည်။

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ညှိနှိုင်းရန် UNFC အဆင်သင့်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအတွက် မူဘောင် (Frame Work) ညှိနှိုင်းရန် ပဒို မန်းမန်း ဦးဆောင်သည့် လုပ်ငန်းအဖွဲ့ (Technical Team) အား အဆင်သင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း UNFC အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာမှ ဆိုပါသည်။ 

ဒီလတော့ အလု အယက် ဆိုတော့ ဒီလ ကုန်ပိုင်း မဟုတ်ရင် နောက်လ ဆန်းပိုင်းမှ တွေ့ဖြစ်တော့မယ်။ အဓိကဆွေးနွေး ရမှာ ကတော့ မူဘောင် ဆွေးနွေးတဲ့အခါ သမ္မတကြီး ဦးသိန်းစိန်ရဲ့ Agenda ကိုပဲ ယူမလား၊ အတိုက်ခံ တိုင်းရင်းသားတွေ တင်ထားတဲ့ Agenda ယူမလား ဘယ်ဟာကို အဓိက ထားပြီး ဆွေးနွေးမလဲ၊ ဒါတွေကို မဆွေးနွေး မညှိနှိုင်းဘူးဆိုရင် Frame Work မကျဘူး၊ ဒါဆိုရင် နိုင်ငံရေး အရ ဆက်လက်ဆွေးနွေး သွားဖို့လည်းမဖြစ်နိုင် ပါဘူးဟု ဆိုပါသည်။

မြန်မာတွေ ဘာလို့ ဆင်းရဲသလဲ?

(Kachin Duwa)

အင်းလေးကန်မှာ ဟိုတယ်ဇုံအတွက် လယ်သိမ်းတယ်တဲ့။
 ဂျပန် ဘာလို့ ချမ်းသာသလဲ...

ငြိမ်းချမ်းရေးကိုရှေးရှုသည့် ပန်းပွင့်လေးများ

(မိုးမခ)
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော စစ်ပွဲများ၊ မျိုးဖြုတ်သတ်ဖြတ်ခြင်းများ ရပ်ဆိုင်းကြစေရန်၊ သံဝေဂ ရကြစေ ရန်နှင့် မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေး ဖိနှိပ်မှုအရေး၌ သေဆုံးသွားကြရသော လူသားများ အတွက် ရည်ရွယ်ချက်၍ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ ရှေ့ မြက်ခင်းပြင်ကြီးတွင် အရိုးတုပေါင်း တစ်သန်းကျော်အား ခင်းကျင်းပြသထားသည့် သရုပ်ဖော်အနုပညာ လှုပ်ရှားမှုတစ်ရပ်အား ကျောင်းသား/သူများ၊ အနုပညာရှင်များ၊ လူသားချင်းစာနာမှု တက်ကြွလှုပ်ရှားသူ များတို့သည် ဇွန် (၈) ရက်နေ့မှ (၁ဝ) ရက်နေ့အထိ စုပေါင်းပြုလုပ် ပြသထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းလှုံ့ဆော်မှု အခမ်းအနားကြောင့် အရိုးစုတစ်ခုတိုင်းသည် လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါ လိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မည်။ အရိုးစုတစ်ခုတိုင်းသည် ဖိနှိပ်သူအာဏာပိုင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မည်။ အရိုးစုတစ်ခုတိုင်းသည် တရားမျှတမှုကို တောင်းဆိုတော့မည် ဖြစ်တော့သည်။

KIA Mung Shawa Hpyen Hpung (M.H.H) Hte Myen Asuya Hpyen Dap HK.L.Y (128) Dap Ni, Hpai Kawng Mayan Kaw Gasat Poi Byin

(Kachinnet)

KIA Masat (36) Dap Dung makawp maga ginra, Mung Shawa Hpyen Hpung (MHH) Masat (5) Dap Kung ni dap jung shara jahkrat nga ai Hpai Kawng maga de shamu shamawt chyinglau lung wa ai, Myen Asuya Hpyen Dap Hk.L.Y (128) Dap na hpyen hpung ni hpe KIA Masat (36) Dap Dung, Masat (5) Dap Kung (MHH) hpyen hpung ni 2013 June (10) ya hkying (2:30)pm ten kaw nna (3:20)pm du hkra ninghkap gasat ai gasat poi byin ai lam chye lu ai. 

မြန်မာအစိုးရတပ်နှင့် KIA ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်ဖြစ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်တွင် တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၆ နယ်မြေတွင် မြန်မာအစိုးရနှင့် KIA ကြား ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ဇွန်လ ၁၀ ယနေ့  KIA တပ်ရင်း ၃၆ နယ်မြေ KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့များရှိနေသည့် နေရာ ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအစွန်းတွင် ပန်ဆိုင်းနှင့် မုန်ဂိုးဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၁၀၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ကချင်စစ်ပွဲ ၂ နှစ်ပြည့် ဆုတောင်းပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်တွင်းစစ်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ဇွန်လ ၉ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကချင်လူမှုအသိုင်းအ၀ိုင်း (Kachin Community in Thailand) မှ ဦးဆောင်ကာဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ထိုနေ့တွင် ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အဂါင်္ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖွေသည့် အခမ်းအနားလည်းဖြစ်သည်။

ကချင်ပြည်နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက် ရှမ်းရွာများရှိ ပြည်သူ့စစ် အဖွဲ့များ

(Eleven Media Group)

တာလောကြီး ကျေးရွာ၌ ပြုလုပ်ခဲ့သော ပြည်သူ့စစ်သင်တန်း ဆင်းပွဲမှ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ထွန်းလင်းအောင်)

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ ရှမ်းရွာများတွင် ပြည်သူ့စစ် အဖွဲ့များ ပေါ်ပေါက်လာပြီး ရပ်ရွာလုံခြုံရေးကို တပ်မတော်နှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်စေခဲ့ ပါသည်။  

Monday, June 10, 2013

'ဝ' ဒေသရှိ စိုက်ခင်းများ ဘိန်းခင်းဟု စွပ်စွဲမှု စားတော်ပဲပင်သာဖြစ်ဟု ငြင်းဆို

(Mizzima)

'ဝ' ဒေသကို ဂြိုဟ်တုမှ ရိုက်ကူးကာ ဘိန်းခင်းအဖြစ် ဖေါ်ပြနေသည်မှာ မှားယွင်းနေသည်ဟု ဆိုလိုက်ပြီး အဆိုပါ စိုက်ခင်းများမှာ စားတော်ပဲပင်များသာ ဖြစ်သည်ဟု 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ပြင်ပ ဆက်ဆံရး တာဝန်ခံ ဒုဌာနမှူး ဦးဆမ်ခွန်း က မဇ္ဈိမကို ပြောသည်။

စစ်ဒဏ်ကို ကချင်ပြည်သူလူထုက ဆက်ပြီး မခံစားနိုင်တော့ဘူး

(Mizzima)

ကချင်တိုင်းရင်းသား အထက်လွှတ်တော်အမတ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ်က တကျော့ပြန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ အခုဆို နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို စစ်ကြောင့် လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိ ရှိလာပြီဖြစ်သည့်အတွက် တိုက်ပွဲများ ကြားတွင် ရုန်းကန်နေရသည့် ကချင်ပြည်သူတွေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) က အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်ကို မဇ္စျိမက တွေ့ဆုံမေးမြန်းထားပါသည်။

ကချင် ရေခဲတောင်ပေါ်သို့ ဦးတေဇ ဒုတိယအကြိမ် ထပ်မံကြိုးစားတက်ဦးမည်

(Mizzima)
ကချင်ပြည်နယ်အတွင်းရှိ မဂျွယ် ရေခဲတောင်ကြီးပေါ်တွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက် ရန် ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ အနေဖြင့် ယင်းရေခဲတောင်ပေါ်သို့ ဒုတိယမြောက် လေ့လာရေးခရီးအဖြစ် သွားရောက်ရန် ရည်ရွယ်ထားကြောင်း Htoo Group of Companies မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့ကိစ္စဆိုရင် ပူတာအိုဒေသ
ရေခဲတောင်ကြီးပေါ်မှာ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့
လေ့လာရေးသဘောမျိုး သွားတာပါ။ ဥက္ကဋ္ဌကတော့ အဲဒီမဂျွယ်တောင်ကို ဒုတိယတခေါက် ပြန်ပြီးတော့ နဂို ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် သွားပြီးလေ့လာဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီမှာ အဓိကလုပ်မှာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ဆိုကတည်းက ဟိုတယ်လုပ်ငန်းတွေပါ ဆက်တိုက် ပါပြီးသားပါ” ဟု ကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ကချင် စစ်ပွဲတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် ရန်ပုံငွေရှာ

(Mizzima)
ကချင်ပြည်တွင်း စစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် စစ်ပွဲ နှစ်နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရန်ပုံငွေရှာဖွေရေး အစီစဉ်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။  

မိုင်းဒဏ်ကြောင့် ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူပေါင်း ၄၀ ရှိရာမှ လတ်တလော ၇ ဦးအတွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးရန် ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ကျင်းပရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကချင်လူမှုအသိုင်းအဝိုင်းမှ
ပြောရေးဆိုခွင့်ရှိသူ ကိုလနူးနန် က ပြောသည်။

Lahta Sam Mung KIA Masat (36)Dap Dung Ginra, Namhku Mare Hta Gasat Poi Byin

(Kachinnet)

2013 June (9) ya hkying (2:00)pm aten KIA Masat (4) Dap Ba, Masat (36) Dap Dung makawp maga ginra Nam Hku mare makau de Myen Atsuya  Hpyen Dap Hk.L.Y (128) Dap na hpyen hpung ni shang shamu shamawt chyinglau hkawm nga ai hpe KIA (MHH) hpyen hpung ni kaw nna ninghkap gasat ai gasat poi byin ai lam hpe chye lu ai.
 Gasat poi byin ai shara hta lahkawng maga na si hkala ai lam hpe tup hkrak nchye lu shi ai.

AWMDAWM SHANGLAWT ASAK

(Jinghpawkasa)

Rawt malan shanglawt asak gaw 54 ning de du kabye wa saga ai zawn asak gye u-gut gu ai de du shang wa saga ai raitim, shanglawt lu na myit jasat gaw ya she naw hkalung dik ai ma zawn byin nga ga ai kun? Shanglawt ai myit jasat, magam myit madu myit lit, la gwi ai, lit gun gwi ai ni annau ni byin tai nga sai kun? Kata lam myit ga garan shen ginhka dinglik dinglun yu ra dik nga sai.

လူပြိန်းတွေကြား ရေပန်းစားချင်ရင်....

(Kachin Duwa)

ဒီအချိန်မှာ....
ဗမာ လူပြိန်းတွေကြားရေပန်းစား ချင်ရင်။

ကုလား ကို ဆဲ ပြ.. .....
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင် ပြ...
ဖက်ဒရယ် ဆိုရင် ခါးခါးသီးသီး ငြင်း....
ဒေါ်အောင်ဆန်းစုကြည် ကို ဆဲ ပြ... ကုလားမစုကြည်လို့ ပြော...
အစိုးရကို အမွှန်းတင်....
သမ္မတကို ချီးမွှမ်း....

" ငြိမ်းချမ်းရေးအတွက်ရောင်နီလင်းတော့မယ့်လို့ တစ်ကယ်ပဲ ယုံကြည်ပါရစေတော့ . . . "

(ဒေါန်းမာန်ဟုန်)



ဒီနေ့ ကချင်ဒေသ  နိင်ငံသား  ကချင် တိုင်းရင်းသားတွေနဲ့ အတူ နိင်ငံသား ရန်ကုန်သားတွေ တစ်သားရှိတာကို ပြခဲ့ကြတယ် ။ အဲဒီပွဲမှာ ကချင်ဒေသ စစ်ဒဏ်သင့် ဒုက္ခသည်စခန်းက ကချင် ဒေါ်ဒေါ်တစ်ယောက်က ဒီလိုပြောသွားတာ ရင်ထဲမှာ နင့်ပြီး တစ်ခုခု လုပ်ပေးနိင်စွမ်းရှိရင်ဆိုပြီး တွေးမိတယ် ။ နောက် ကချင်နိင်ငံသား မိတ်ဆွေကို တွေးမိ တာလေးပြောခဲ့တယ် ။ ကချင်ဒေသမှာ ငြိမ်းချမ်း မျှတမှုတွေ ရစေဖို့ ကချင်ဒေသခံတွေက လိုအပ်လို့ ခေါ်ခိုင်းမယ်ဆို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်ဝင်များမှ အသင့်ရှိနေပါ့မယ်ဗျာ ။ အော် ကချင်ဒေါ်ဒေါ် ဘာပြောခဲ့တယ်ဆိုတာ တင်ပြပေးပါအုန်းမယ် ။

ကချင်ဒုက္ခသည်စခန်းများမှ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းမတက်နိုင်သေး

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးမှုများ ပြုနေပြီး သဘောတူညီမှုများ ရရှိထားသော်လည်း ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော ကလေးငယ်များ ယခုနှစ် ကျောင်းဖွင့်ရာသီရောက်နေသော်လည်း ကျောင်းမတက်နိုင်သေးကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ
ဒေါ်ခွန်ဂျာက မဇ္ဈိမကို ပြောကြားသည်။

ကချင်စစ်ပွဲ နှစ်နှစ်ပြည့်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း နှစ်ဆယ့်ရှစ်ဖွဲ့က သဘောထားထုတ်ပြန်ချက် ရှစ်ချက် ထုတ်ပြန်

(Mizzima)

ကချင်ငြိမ်းချမ်းရေးတောင်းဆိုသည့် အရပ်ဘက်လူမှု အဖွဲ့အစည်း ၂၈ ဖွဲ့က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ရန်ကုန်မြို့တွင် အခမ်းအနားကျင်းပပြီး ယင်းအခမ်းအနားတွင် ဆုတောင်းပွဲ ပြုလုပ်ကာ သဘောထားထုတ်ပြန်ချက် ရှစ်ချက်ကို ထုတ်ပြန်သည်။

Hopes Behind The War မှတ်တမ်းရုပ်ရှင်

(ဧရာဝတီ)


ံHopes Behind The War ဆိုတဲ့ စစ်ပွဲနောက်ကွယ်က မျှော်လင့်ချက်များဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ဧရာဝတီ က တင်ဆက်လိုက်ပါတယ်။ ကချင်ပြည်နယ်က စစ်မြေပြင်တွေက တကယ့် ပုံရိပ်စစ်တွေနဲ့ မှတ်တမ်းတခု လည်းဖြစ်ပါတယ်။  

KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အထူးသဖြင့် အပြစ်မဲ့ ဒေသခံ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဘယ်လို ဒုက္ခတွေ ခံစားခဲ့ရလဲ၊ သူတို့တွေ ရဲ့ မျှော်လင့်ချက်က ဘာလဲ ဆိုတာ ဧရာဝတီက ရိုက်ကူးတင်ဆက်ထားတာပါ။

မြစ်ဆုံစီမံကိန်းရပ်ဖို့ တရုတ်ကုမ္ပဏီကို ၈၈ တိုက်တွန်း

(VOA)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ဆုံဒေသက ရေအားလျှပ်စစ်စီမံကိန်းကို အဆုံးသတ်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တစ်ပတ်ကြာ ခရီးသွား ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီမံကိန်း အကောင်အထည်ဖော်ဆောင်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ တောင်းဆို လိုက်ကြပါတယ်။ လတ်တလော ရပ်ဆိုင်းထားတဲ့ စီမံကိန်းကို ရပ်တန့်ဖို့အတွက် အခုလို တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ အထိမ်းအမှတ်ပွဲ ကျင်းပ

(Eleven Media Group)

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ ပူးပေါင်း၍ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် နှစ်ဖက်စစ်သားများ၊ ဒေသခံ ပြည်သူများအတွက် ရည်စူးပြီး လွမ်းသူပန်းခွေချခြင်းနှင့် အထိမ်းအမှတ် လမ်းလျှောက်ဆုတောင်း ခြင်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စတင်ပြုလုပ်ခဲ့သည်။

အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ လွမ်းသူပန်းခွေ ပန်းခြင်းများ ကိုင်ဆောင်လျက် စစ်ပွဲအတွင်း သေဆုံးခဲ့သော နှစ်ဖက်စစ်သည်များ၏ ၀ိညာဉ်၊ စစ်ပွဲအတွင်း သေဆုံးခဲ့သော ပြည်သူများ၏ ၀ိညာဉ်များအသွင် သရုပ်ဆောင်ကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

Sunday, June 9, 2013

ငြိမ်းချမ်းရေးအတွက် ကချင်ဒုက္ခသည်တွေ ဆုတောင်း

 (RFA)

ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့ ကချင်စစ်ပွဲ ၂ နှစ်မြောက်တဲ့ ဒီကနေ့မှာ ငြိမ်းချမ်းရေးအတွက် တရုတ် မြန်မာနယ်စပ် စခန်းတွေက ဒုက္ခသည်တွေ ဆုတောင်းကြတယ်လို့ သိရပါတယ်။
ကချင်ဒုက္ခသည် ကူအညီရေးကော်မတီ ဥက္ကဌ ဦးဒွဲပီစက ဒီကနေ့ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

ကချင်စစ်ပွဲသေဆုံးခဲ့ရသူတွေအတွက် ရန်ကုန်မှာ လမ်းလျှောက်ဆုတောင်း

(RFA)

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ ပြန်လည်  ဖြစ်ပွားတဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သေဆုံးခဲ့သူတွေကို ရည်စူးပြီး လမ်းလျှောက် ချီတက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့အစည်းတွေက လူဦးရေ (၁၅၀) ကျော်ဟာ လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ကာ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ အလုံမြို့နယ်မှာရှိတဲ့ တေဇောရတနာရာမဘုန်းကြီးကျောင်းတိုက်အထိ လမ်းလျှောက်ကြပြီး ဆုတောင်းအမျှ ပေးဝေခဲ့ကြပါတယ်။

MAJAN (2) NING HPRING KYU HPYI HPAWNG YANGON KAW GALAW

(Jinghpawkasa)

Myanmar mungdan a mare daju rai nga ai Yangon Mare kaba kaw du nga ai Myusha ni kawn Jinghpaw Mung kata majan byin ai (2) ninghpring masat ninghtoi akyu hpyi hpawng hpe June (9) ya shana daw hkying (4:00 kawn 7:00 PM) du hkra galaw lai wa sai lam shiga na chye lu ai. Lamang hpe Pyaw Tim Yak Tim Rau Yungwi myit rum hpung ni hte Yangon YJH ramma ni kawn woi awn galaw ai re lam hte Yangon du myusha ni marai (800) ram sa du shang lawm lai wa sai lam hpe mung na chye lu ai.

HTARA HKA, KASHUN RAI HKRAI NOI HPAW POI

(Jinghpawkasa)

June (6) ya jahpawt hkying (11:00 Am-1:00 Pm) laman hta, Wunpawng Mungdan Dingdung daw, Sumpra Bum Ginwang, Chying Htawng Ninghtawn hte Nraw Kawng Ginwang daw, Lakawng Bum Ninghtawn yan a jarit rai nga ai, Htara Hka, Kashun Rai kaw galu de pe (393), nda de pe (6.5), tsaw de pe (43) re ai (masha hte cycle lai mai ai) Hkrai Noi hpaw hpawng hpe ngwi pyaw awng dang ai hte galaw la lu sai lam shiga na chye lu ai.

သမ္မတကြီး ကျန်းမာပါစေ

(Jinghpawkasa)

ခုချိန်ထိ ကြားရတာတွေက အမျိုးမျိုး အဖုံဖုံ…
မြစ်ဆုံ၊ ကြေးနီစီမံကိန်း၊ ၀ပြည်နယ်ကစလို့ ဘင်္ဂလီတွေ သားဆက်ခြားဖို့လိုတဲ့ အကြောင်း၊ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံထားတဲ့ ဒီဒေသန္တရအမိန့်ကို ပြည်နယ်အစိုးရက မထုတ်ပြန်ရသေးတဲ့ အကြောင်း၊ ဘာသာရေးအသွင်ဖြစ်နေတဲ့ အဖျက်အမှောင့်တွေ အကြောင်း၊ မလေးရှားရောက် ရွှေမြန်မာတို့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မြန်မာနဲ့ ဗမာ အကြောင်း၊ လိုင်ဇာမှာ ပင့်ဆောင်ပူဇော်မယ့် ကျည်ဆံရုပ်ပွားတော် (ကျည်ဆံခွံတွေနဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်) အကြောင်း၊ နောက်ဆုံး အပစ်ရပ်စာချုပ်က ကတိတွေ မတည်လို့ KNU က သမ္မတကြီးကို နေပြည်တော်အထိ လာတွေ့မယ့် အကြောင်း …

ကချင် စစ်ပွဲ ၂ နှစ်ပြည့်ပြီ။

(Kachin Duwa)

ဒီနေ့ ဇွန်လ ၉ ရက်နေ့ကတော့ ကချင် စစ်ပွဲ ၂ နှစ်ပြည့် အထိန်းအမှတ်နေ့ ပါ။

အိပ်ပျော် နေတဲ့ လိုင်ဇာ အနီးကို ဗမာ့ တပ်မတော် ထိုးစစ်ဆင်လာရာက စ ဖြစ်ခဲ့တဲ့ စစ်ပွဲဟာ ၂ နှစ် တိုင်ခဲ့ပါပြီ။

၁၇ နှစ်တိုင်တိုင် အပစ်ခတ်ရပ်စဲထားရာက အတင်းအကြပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီမျှ အခွင့်အရေး တွေကို လစ်လျူရှု့ပြီး တိုက်ခိုက်ခြေမှုန်းရေးကို လက်ကိုင်တုတ်ထားတဲ့ ဗမာ တပ်မတော်ရဲ့ ထိုးစစ်ဆင်ခြင်းကို ကြံ့ကြံ့ခံ တိုက်ခိုက်နေရတာပါ။

လူ့အခွင့်အရေး နဲ့ နိုင်ငံ့တိုးတက်မှု ဆက်စပ်ခြင်း။

(Kachin duwa)

လူ့အခွင့်အရေးကို အရေးမကြီးဘူးလို့ မြန်မာတချို့ ပြောကြပါတယ်။ တဖက်မှာလဲ တိုးတက်ချင်နေတာ တပိုင်းကို သေလို့။ စင်ကာပူကိုလဲ အားကျ တယ်တဲ့။ တချို့က စင်ကာပူကို လူ့အခွင့်အရေး မရှိဘူး လို့ ပြောကြတယ်။ ဒါပေမယ့် အဲဒီလို ပြောနေတဲ့ လူကိုယ်တိုင်က မြန်မာမှာ မွေးကြီးလာပြီး စင်ကာပူမှာ နိုင်ငံသား ခံယူထားသူ ဖြစ်ချင် ဖြစ်နေတယ်။ သူ့ကိုယ်သူ စင်ကာပူရဲ့ လူ့အခွင့်အရေးကို ခံစားရသူအဖြင့်တောင် မသိဘူး ဖြစ်နေတယ်။

လူ့အခွင့်အရေး ဆိုတာ ဥပဒေ စိုးမိုးရေး ပါ။ စင်ကာပူ မှာ တင်းကြပ်တဲ့ ဥပဒေ တွေ ရှိတယ်။ ဥပမာ ဆေးလိပ်ကို နေရာတိုင်း သောက်လို့မရပါ။ အဲဒါကိုမှ လူ့အခွင့်အရေး မရှိဘူးလို့ နားလည်သလားတော့ မသိပါ။ အဲဒါက သူတို့ နိုင်ငံ့လွတ်တော်က တရားဝင် ထုတ်ပြန်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။

Laissez-faire Economic နဲ့ တို့နိုင်ငံရဲ့ အနေအထား

(Kachinduwa)

Laissez-faire economic ဆိုတာ ဥရောပ နိုင်ငံတွေမှာ ၁၇ ရာစုကနေ စလာတဲ့ စီးပွါးရေး ပေါ်လစီ ဖြစ်ပါတယ်။ ၁၆၈၀ ခုနှစ်မှာ သြဇာတိကမ ကြီးမားတဲ့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး Jean-Baptiste Colbert နဲ့ ပြင်သစ် စီးပွါးရေး လုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲမှာ ၀န်ကြီးက စီးပွါးရေးသမားတွေကို အစိုးရ အနေနဲ့ ဘာတွေ ကူညီပေးရမလဲ... လို့ မေးတဲ့အခါ စီးပွါးရေးလုပ်ငန်းရှင်ကြီးများခေါင်းဆောင် M. Le Gendre က "Laissez-nous faire" လို့ ပြင်သစ်လို ပြန်ပြောလိုက်တယ်။ အဓိပ္ပါယ်ကတော့ "ကျနော်တို့ကို လွတ်ထားပေးပါ" ဆိုလိုချင်တာက အစိုးရ ၀င်မပါ နဲ့ "ကိုယ့်နည်းကိုယ့်ဟန် လုပ်ပါရစေ" ဆိုတဲ့ သဘော ပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည် နယ်တောင်းဆိုမှုနှင့် စပ် လျဉ်း၍

(KIC)

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”မှ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်”အဖြစ် အသိအမှတ်ပြုရန် “ဝ”အမျိုးသားသွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) က တောင်းဆို သံ ပေါ်ထွက်လာပါတယ်။


ယင်းသို့သော တောင်းဆိုမှုသည် လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရထံ တောင်းဆိုခြင်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”မှ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်”အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆို ခြင်းလည်း ဖြစ်ပါတယ်။ 
ရှမ်းပြည်နယ်မှ ခွဲထွက်ရန်မဟုတ်၊ သီးခြား တိုင်းပြည်ထူထောင်ရန်လည်း မဟုတ်ဟု အခိုင်အမာ ပြော ဆိုထားပါတယ်။