Saturday, June 8, 2013

ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားဖြည့်



သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။

“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ”  ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောပါသည်။

လျှပ်စစ်ဝန်ကြီးစကားမတည် မိုးညှင်းမြို့ကြီးမှောင်နေဆဲပါ

(ဒေါန်းမာန်ဟုန်)


ကချင်ပြည်နယ်၊ မိုးညှင်းမြို့ သည် ရေခံမြေ ခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည်ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းပေးရန် ၈၈မျိုးဆက် တောင်းဆို

(ဒေါင်းမာန်ဟုန်)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ China Power Investment (CPI) ကုမ္ပ္ပ္ပဏီ သို့ ယမန်နေ့ ( ဇွန်လ၊ ၆ ရက် ) ဒေသစံတော်ချိန် ညနေ ၃း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးကြရာတွင် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီး ဆုံးရူံးမူ အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြ ခဲ့ကြသည်။

၎င်းနောက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက မြစ်ဆုံဒေသသည် ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသား တို့၏ အထင်ကရ၊ အမှတ်တရ (Landmark) နေရာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေး၊ တိုင်းရင်းသားအရေး နှင့် ပတ်သက်ပြီး မြစ်ဆုံသည် အရေးကြီးသည့်နေရာဖြစ်ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းပြယုဂ် ဖြစ်သဖြင့် မြန်မာ တစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊ ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံ အထက်အောက် ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရဆဲ ဖြစ်ကြောင်း၊ ဖော်ပြပါ အချက်အလက်များကြောင့် ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ ယဉ်ကျေးမူနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိက အရေးပါနေသည်ကို ထောက်ရှု့သောအားဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အလေးအနက် ပြောကြားသွားခဲ့သည်။

ယင်းနောက် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့လည်း ၄င်းတို့ လာရောက်ကြဦးမည် ဖြစ်ကြောင်း၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ပြောကြားသွားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုကို ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြသည်။ - See more at: http://www.dawnmanhon.com/2013/06/blog-post_6894.html#sthash.4Uh8oXrH.dpuf
တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ China Power Investment (CPI) ကုမ္ပ္ပ္ပဏီ သို့ ယမန်နေ့ ( ဇွန်လ၊ ၆ ရက် ) ဒေသစံတော်ချိန် ညနေ ၃း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးကြရာတွင် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီး ဆုံးရူံးမူ အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြ ခဲ့ကြသည်။

၎င်းနောက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက မြစ်ဆုံဒေသသည် ကချင်ပြည်နယ်၊ ကချင်တိုင်းရင်းသား တို့၏ အထင်ကရ၊ အမှတ်တရ (Landmark) နေရာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေး၊ တိုင်းရင်းသားအရေး နှင့် ပတ်သက်ပြီး မြစ်ဆုံသည် အရေးကြီးသည့်နေရာဖြစ်ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းပြယုဂ် ဖြစ်သဖြင့် မြန်မာ တစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊ ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံ အထက်အောက် ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရဆဲ ဖြစ်ကြောင်း၊ ဖော်ပြပါ အချက်အလက်များကြောင့် ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ ယဉ်ကျေးမူနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိက အရေးပါနေသည်ကို ထောက်ရှု့သောအားဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အလေးအနက် ပြောကြားသွားခဲ့သည်။

ယင်းနောက် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့လည်း ၄င်းတို့ လာရောက်ကြဦးမည် ဖြစ်ကြောင်း၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ပြောကြားသွားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုကို ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြသည်။ - See more at: http://www.dawnmanhon.com/2013/06/blog-post_6894.html#sthash.4Uh8oXrH.dpuf


တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ China Power Investment (CPI) ကုမ္ပ္ပ္ပဏီ သို့ ယမန်နေ့ ( ဇွန်လ၊ ၆ ရက်) ဒေသစံတော်ချိန် ညနေ ၃း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးကြရာတွင် CPI ကုမ္ပ္ပ္ပဏီမှ တာဝန်ရှိသူများက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီး ဆုံးရူံးမူ အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြ ခဲ့ကြသည်။

Hpunau SSPP/SSA Hpyen Hpung Ni Hte Myen Asuya Hpyen Dap Ts.K.Hk-16 Na Hpyen Hpung Ni Laja Lana Gasat Poi Byin

(Kachinnet)

2013 ning June shata praw (7) ya jahpawt hkying (5:00)am aten kaw nna shani hkying (11:00)pm aten du hkra KIA Masat (17) Dap Dung makawp maga ginra, Han Dau hte Dum Kyi lapran kaw dap jung shara jahkrat nga ai hpunau Sam SSPP/SSA Dap ni a shawnglam Post hpe Myen Asuya Hpyen Dap Ts.K.Hk-16 kata na hpyen hpung ni sa htim gasat ai majaw gasat poi byin wa ai lam hpe chye lu ai.

ကချင်ဒုက္ခသည်တွေကို ကူညီဖို့ ၂၈ ဖွဲ့ တိုက်တွန်း

(RFA)

ကချင်စစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံတကာ အသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီကြဖို့ လူမှုအခြေပြု အဖွဲ့အစည်း ၂၈ ဖွဲ့က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကချင်စစ်ပွဲ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ Central Hotel မှာ ပြည်တွင်း ငြိမ်းချမ်းရေးလိုလားတဲ့ လူမူအဖွဲ့အစည်း ၂၈ ဖွဲ့ ပူးပေါင်းကျင်းပတဲ့ အခမ်းအနားမှာ အဖွဲ့အစည်းတွေက နိုင်ငံတကာ သံတမန်တွေထံ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။


Friday, June 7, 2013

ကချင်ဒေသ ငြိမ်းချမ်းရေး တိုက်တွန်းပေးဖို့ ဂျပန်မှာ ဆန္ဒပြတောင်းဆို

(RFA)

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အဖြေရှာရေးကို ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရစစ်တပ် လုံခြုံရေး တင်းကြပ်ထားဆဲ

(ကချင်သတင်းဌာန)

မန္တလေး-မြစ်ကြီးနားရထားလမ်းရှိ မြန်မာအစိုးရ တပ်စခန်းတခုမြင်ကွင်း။

ကချင်ပြည်နယ်သို့ ပြေးဆွဲနေသော မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရတပ်များ လုံခြုံရေးတင်းကြပ်စွာချထားဆဲဖြစ်သည်။

အစိုးရတပ်နှင့် KIA ကြားတိုက်ပွဲများဖြစ်ပွား ချိန်ကစ၍ နေရာယူထားခြင်းဖြစ်ပြီး ကချင်ပြည်နယ် တင်းမာမှုနေရာ ဒေသအလိုက် လုံခြုံရေးအဖွဲ့များကို ရထားလမ်းဘေးတွင် နေရာစိပ်ချထားခြင်းဖြစ်သည် ဟု ခရီးသွား ဒေသခံများမှပြောသည်။

အပစ်ရပ်သော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မရသေးဟု သမ္မတ ပြော

(Mizzima)

တနိုင်ငံလုံး နီးပါးတွင် အပစ်အခတ် ရပ်စဲနေပြီဖြစ်သော်လည်း ရည်ရှည်တည်တံ့သော ငြိမ်းချမ်းရေး မရှိသေးဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပနေသည့် အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ပြောကြားလိုက်သည်။

ဖိလစ်ပိုင် သမ္မတ Aquino III ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ Klaus Schwab တို့နှင့်အတူ “A Special Conversation” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကချင်စစ်ပွဲ ၂ နှစ်မြောက် သြစတြေးလျမှာ ဆန္ဒပြ

(RFA)
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး အဆောက်အဦးရှေ့မှာ မလေးရှားရောက် ကချင်အစည်းအရုံး KAA နဲ့ Burma Campaign (Australia) တို့က လူဦးရေ ၃ဝ ခန့် ပူးပေါင်းပြီး ကချင်ပြည်နယ်စစ်ပွဲ ပြန်လည်ဖြစ်ပွားမှု ၂ နှစ်မြောက်အဖြစ် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမပြုရေး၊ မြန်မာအစိုးရနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမပြုရေး၊ စစ်ပွဲကြောင့်ထွက်ပေါ်လာရတဲ့ သားကောင်များအပေါ် တရားမျှတမှုရှိရေးစတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တကမ္ဘာလုံးရှိ ကချင်လှုပ်ရှားမှု(ဂျပန်)။

၂၀၁၃ ခုနှစ် ဇွန်လ (၇)ရက်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရ တက်လာပြီး နောက်ပိုင်း ပြည်တွင်းစစ်မီးဟာ ကချင်ဒေသအပြင် တခြားတိုင်းရင်းသား ဒေသများဆီသို့ ကူးစက် တောက်လောင် လာခဲ့တာ ၂ နှစ် ရှိလာခဲ့ပြီဖြစ်သည်။
 

ကချင်ပြည်နယ် မနောကွင်းတွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များ နှင့် ကချင်ပြည်သူလူထုများတွေ့ဆုံစဉ် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်မှ ပြောကြားချက်များ။( စ-ဆုံး)

(Kachinwaves FB စာမျက်နှာမှ)

ဦးဆွမ်းလွတ်ဂမ် မှ ယခုကဲ့သို့ ကချင်ပြည်သူု လူထုများနှင့် တွေ့ဆုံရသည့် အတွက် ၀မ်းသာကြောင်းနှင့် ကချင် လူငယ်များ၊ ဒေသခံများ၊ ကချင်စစ်ရှောင်တိမ်းနေ ထိုင်သူများ သောင်းသောင်းဖြဖြ ကြိုဆိုသည် ကို အလွန်ဝမ်းမြောက် ၀မ်းသာ ဖြစ်ကြောင်းနှင့် ကျေးဇူးတင်ကြောင်းဦးစွာပြောကြားပါသည်။


ထို့နောက် ဗိုလ်ချုပ် ဦးဆွမ်လွတ်ဂွန်မော်က ပြည်သူများအား KIO ၏ရှေ့ဆက် လုပ်ငန်းစဉ်များကို ကချင်ပြည်သူလူထုများအား တင်ပြရှင်းလင်း ခြင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗိုလ်ချုပ်ဂွန်မော် က စစ်ဖြစ်နေသည့် ကာလအတွင်း မြစ်ကြီးနားရှိပြည်သူများ နှင့် တွေ့ဆုံခွင့် မရရှိသော် လည်း ကချင်ပြည်သူလူထု များနှင့် KIO တို့၏ နှလုံးသားမှာ အမြဲတမ်း ထပ်တူထပ်မျှ ရှိနေပါ တယ် ယခုကဲ့သို့ တွေ့ဆုံရခြင်းမှာ ဘုရားသခင် ရဲ့ ကျေးဇူးတော်ဖြစ်ပါတယ်။

မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ရန် CPI ကြိုးပမ်းနေမှု လူမှုကွန်ယက် ကန့်ကွက်

(Mizzima)

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု
ကော်ပိုရေးရှင်း (CPI) မှ ပြန်လည်စတင်ရန် ကြိုးစားနေမှုများအပေါ် ကချင် လူမှု ဖွံ့ဖြိုးကွန်ယက် (KDNG) က ကန့်ကွက်ရှုံ့ချလိုက်သည်။

ပီကင်းရုန်ဇီ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လူမှုရေးရာ တာဝန်ခံ အစီရင်ခံစာ (CSR) အတွက်
ပြောင်းရွှေ့ခံ ရွာသား ၄ ဦးအား တွေ့ဆုံ၍ မေးခွန်းများ ဖြည့်ခိုင်းခဲ့သည်ဟု KDNG က ဆို။  

တိုင်းရင်းသားအရေးမှာ နှုတ်ပိတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါ်စုပြော

ABC Radio Australia

သမ္မတမဖြစ်ချင်ဘူးလို့ ဟန်ဆောင်ရင် ပြည်သူတွေအပေါ် မရိုးသားရာကျမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ (Credit: AFP)

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံရဲ့ ပထမနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့တာဆိုတာ မဟုတ်သလို တိုင်းရင်းသားတွေကို ဘယ်တော့မှ လျော့မတွက်ခဲ့ဘူးလို့ ပြောပါတယ်။

GLOBAL DAY OF ACTION FOR KACHIN, SYDNEY

(Jinghpawkasa)

တရုတ် CPI မှ ဆန်ထောက်ပံ့မှု ရပ်မည်ကို အောင်မြင်သာ ရွာသားများ စိုးရိမ်

(Mizzima)

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာများအား တရုတ်(CPI) ကုမ္ပဏီမှ တနှစ်စာ ဆန်ထောက်ပံ့မှုကာလ ပြည့်တော့မည်ဖြစ်၍ ဆက်လက် မရရှိတော့မည်ကို စိုးရိမ်နေကြောင်း
နေရာသစ် ပြောင်းရွှေ့နေထိုင်ကြရသည့် အောင်မြင်သာရွာမှ ဒေသခံများ က ပြောသည်။

အဆိုပါ ဒေသခံများကို CPI ကုမ္ပဏီက ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ပြီး တဦး တလလျှင် ဆန် ၇ ပြည်နှင့် ၄ ဗူးနှုန်းဖြင့် ၆ လတခါ ထောက်ပံ့ပေးခဲ့သည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

(Kachin Duwa)

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

ကျနော် တို့ကသာ ဥပဒေ တွေ ပြောနေတာ... သူတို့က ဥပဒေ မှ မရှိပဲ... ဥပဒေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား တွေကို ကာကွယ်ဖို့ သာ ဖြစ်ပါတယ်။

တိုင်းရင်းသူ တွေကို မဒိမ်းကျင့်တာလဲ တရားဝင် ဖြစ်မှန်း အခုတလော ပိုသိလာတယ်။

UNFC အနေဖြင့် အစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများ ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်တစ်ရပ် ချမှတ်နိုင်ရန် ဆောင်ရွက်နေ

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် စိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သဘောထားများ ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်တစ်ရပ် ချမှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

''မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ ဆွေးနွေးတုန်းက UNFC နဲ့မကြာမီ တွေ့ဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောခဲ့တာ ရှိပါတယ်။ ဒီလအတွင်း တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်နေပါတယ်'' ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Thursday, June 6, 2013

ကချင်ငြိမ်းချမ်းရေး အလားအလာ အမေရိကန် သံတမန်များ မြစ်ကြီးနားသို့ သွားရောက်လေ့လာ

(Mizzima)

အမေရိကန် သံသမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး
ဆွေးနွေးမှုနှင့် ပတ်သက်၍ လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဆွေးနွေးမှုတွင် ပါဝင်သူ ကချင်ရှေ့နေများအဖွဲ့ Kachin Lawyers' Group မှ ရှေ့နေ မုန်ဆိုင်းတူး က ပြောသည်။

သံအမတ်ကြီး ဒဲရစ်မစ်ချယ်(Derek J.Mitchell) ၏ လက်ထောက် နှစ်ဦးတို့က ကချင် လူမှု အဖွဲ့အစည်းများအား တဖွဲ့ချင်းဆီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မုန်ဆိုင်းတူး က မဇ္စျိမကို ပြောသည်။  

မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်

(ဧရာဝတီ)

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မဖြင့် အဖမ်းခံနေရသော ဦးလထော် ဘရန်ရှောင်ကို ဂျာမိုင်ကောင်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် ၂၀၁၁ ခရစ္စမတ်နေ့က မိသားစုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – Hkamung pan)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဆုံရပ် မရှိသည့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ

(ရွှေဟင်္သာသတင်းဌာန)

အပစ်အခတ် ရပ်စဲရေးမှ တပါးကွဲပြားသော သဘော တူညီချက်များကို လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖေါ်ခြင်း မရှိသေးသည့် တိုင်းရင်းသား အဖွဲ့များအား ဇွန်လ အတွင်း တွေ့ဆုံရန် ရှိနေကြောင်း အစိုးရ တာဝန် ရှိသူများသည် မီဒီယာများအား ထုတ်ဖေါ်နေခြင်း ပြောဆို နေခြင်း အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုပါသည်။  

အစိုးရ ကိုယ်စားလှယ်တွေကတော့ ပြောနေတာဘဲလေ။ ဒါပေမဲ့ ကျနော်တို့ဆီ တရားဝင် ဘာမှပြောထားတာ မရှိဘူး။ ကျနော်တို့ ဘာမှ မသိသေးဘူးဟု ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ကဆိုပါသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ UNFC နှုတ်ထွက်



ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကော်စီ UNFC က တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ နှုတ်ထွက်လိုက်ကြောင်း သိရပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဂျွန်လ ၄ ရက်နှင့် ၅ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် WGEC အစည်းအဝေး၌ UNFC က နှုတ်ထွက်မည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင်များဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ(ANC)၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ ကချင် လွတ်လပ်ရေး အဖွဲ့ ချုပ်(KIO) ၊ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့အပြင် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် လူမှုအခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

SUMLA ASUYA

(Jinghpawkasa)

Myen Thein Sein asuya gaw sumla hte bung ai asuya langai sha re lam grau n’na dan dawng wa nga sai re. Dai ni [969 -786] Bukda hte Muslim ni a manghkang hpe asuya langai hku ahkyak la n’na atsawm mai shazim ai re. Dai ni pra pra sa sa n’hkrit n’tsang masha sat wan nat jahten sharum hkawm nga ai hpe asuya Balik hte up hkang masha ni hpyen dap chye nga ai hte shanhte man kaw na zingri jahten sharun sat nga tim mu nga ninglen n’mu ai zawn galaw dan nga ai gaw sumla hte bung ai asuya a majaw rai nga ai.

LAWU TSANG UPHKANG DU MAJAT WUNKAT HPAW HPAWNG

(Jinghpawkasa)

Ginjaw Ginra Ginwang Ginjaw a Masat Yan (1) Lawu Tsang Uphkang Du Majat Wunkat Hpaw Hpawng hpe, 2013 ning, June (6) ya jahpawt hkying 6:00 AM ten, Padang Ninghkawng Gawk Nu hta galaw la lu sai lam chye lu ai.

Dai hpawng hta Ginjaw Ginra Ginwang Ginjaw Uphkang Du (Div.O) Slgk. Maji Naw Mai Hpawng Hpaw Mungga shaga nna Masat Yan (1) Lawu Tsang Uphkang Du Majat Wunkat hpe hpaw hpang sai lam na chye lu ai. Dai hpawng hta du sa ai Ginwang Ginjaw Dinggrin Komiti Salang ni hte Wunkat Jawngma ni yawng marai (70) daram sa du shang lawm ai lam chye lu ai.

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တခုပါ

Popular Myanmar News Journal 

 ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး
Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။


ပထမဆုံးအနေနဲ့ အစိုးရနဲ့  KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။

ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။


ဒီ ၇ ချက်ထဲမှာ IDP  (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ UN ကရော ဘယ်လိုကူညီမှုတွေ ဆက်လက်လုပ်ဖို့ရှိပါမလဲ။

မကောင်းဆိုးဝါးမွှေတဲ့ ဒုက္ခ

(Kachin Duwa)

Old monsters stirring up trouble

Straits Times, Published on Jun 02, 2013
ယခင်အစိုးရဟောင်းအုပ်စုများထဲက မြေတောင်မြှောက်ပေးခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်ဂိုဏ်းက ဒီမိုကရေစီကို ဖြိုလဲပျက်ပြားစေဖို့လုပ်ဆောင်နေတယ်လို့ တချို့ကပြောနေကြတယ်။

အေးဆေးငြိမ်းချမ်းတဲ့ ရှမ်းပြည်နယ် လားရှိုးမှာ လွန်ခဲ့တဲ့ သီတင်းပတ်က (၂)ရက်ကြာ အကြမ်းဖက်မှုကြောင့် လူ ၈-ယောက်သေဆုံးခဲ့ပေမယ့် အစိုးရသတင်းက ၂-ယောက်သာ သေသည်ဟု သတင်းထုတ်ပြန်ခဲ့တယ်။ ဒီလို ယခင်နဲ့ပုံစံတူ တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေတဲ့ နောက်ထပ်သွေးမြေကျမှုပုံရိပ်များဟာ မြန်မာနိုင်ငံရဲ့ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်လူအုပ်စုဟာ မြို့ထဲဝင်ရောက်လာပြီး မွတ်စလင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

KWAT မှ ဇွန်လ ၅ရက်နေ့က ထုတ်ဝေသည့် စာမျက်နှာ ၂၈မျက်နှာပါ “ချောက်ကမ်းပါး သို့ တွန်းပို့ခံရခြင်း”အမည်ရှိ အစီရင်ခံစာအုပ်

(http://www.kachinwomen.com)

တိုက်ပွဲများကြောင့် လူကုန် ကူးခံရမှုကို တွန်းအားပေးသ လို ဖြစ်လာကြောင်း KWAT ပြော

(KIC)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ကာလအတွင်း ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးခံရအောင် တွန်းပို့ပေးသလိုဖြစ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) ယနေ့ ပြောကြားလိုက်သည်။

ကချင်ပြည်နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ နေရာဒေသများတွင် လူကုန်ကူးမှုများ တိုးပွားလာလျက်ရှိကြောင်း KWAT မှ ယနေ့ရက် ဇွန်လ ၅ရက်နေ့က ထုတ်ဝေသည့် စာမျက်နှာ ၂၈မျက်နှာပါ “ချောက်ကမ်းပါး သို့ တွန်းပို့ခံရခြင်း”အမည်ရှိ အစီရင်ခံစာအုပ်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ဆုံဆွေးနွေးမည်

(Eleven Media Group)


ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့နှင့် နေပြည်တော်၊ ရန်ကုန်မြို့များ၌ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်နေသည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။     
   

မတူကွဲပြားမှု နဲ့ ငြိမ်းချမ်းစွာ နေထိုင်ရေး

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲ ဆိုတာကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့ နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က လွတ်လပ်ရေးယူပြီးတော့ မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကြမယ်ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေ အဓိကထား စဉ်းစားခဲ့ကြ ရယူခဲ့ကြတဲ့ မူဝါဒသဘောတရားကတော့ Unity in Diversity ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေး ဆိုတဲ့စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် Unity ဆိုတဲ့ စည်းလုံးညီညွတ်မှုရှိရမယ်။ ဒါပေမယ့် မတူကွဲလွဲတဲ့ဟာတွေကို အကုန်လုံး ဖြတ်ပစ်ပြီးတော့ တစ်မျိုးတည်းဖြစ်ရမယ်ဆိုတဲ့ Unification မျိုး မဟုတ်သလို Diversity ဆိုတာကလည်း Fragmentation လို့ခေါ်တဲ့ အစိတ်စိတ်အမွှာမွှာ ကွဲလွဲခြင်းမရှိဘဲနှင့် မတူကွဲလွဲမှုကိုလက်ခံပြီးတော့ ညီညွတ်ရေးတည်ဆောက်မယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

Wednesday, June 5, 2013

ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာခင် ထပ်မံကျင်းပမည်

(VOA)

မကြာခင်သီတင်းပတ်တွေအတွင်းမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ မြစ်ကြီးနားမြို့မှာ ပြန်ပြီးတော့ ဆုံတွေ့ကြဖို့ ရှိတယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား နယ်မြေတွင်း စစ်တပ်အပြောင်းအလဲနဲ့ စစ်တပ်အင်အား တိုးချဲ့လာမှုတွေ ရှိနေပြီး ကချင်ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန် က ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ပြည်တွင်းမှာ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ပြီးနောက်ပိုင်းမှာပဲ ကချင်တပ်နဲ့ မြန်မာအစိုးရကြား ညှိနှိုင်းစရာတွေ ကျန်ရှိနေသေးတဲ့အတွက် KIO ဘက်က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး မြန်မာအစိုးရ ကိုယ်စားလှယ်တို့ မြစ်ကြီးနားမြို့မှာ လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ပြန်ပြီးတော့ ဆုံတွေ့ကြဖို့ စီစဉ်နေကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဒွမ်ဘုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် မေလမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး ဆေးဝါးများအရေးတကြီး လိုအပ်နေကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ကလေးငယ်များ အယောက် ၁၀၀ ကျော်ရှိသည့်အနက် ၅ နှစ်အောက် ကလေးငယ်များ အများဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း သိရသည်။

ဒွမ်ဘုန်ဂရွန် (Dum Bung Krung) ဒုက္ခသည်စခန်းတွင် ကျန်းမာရေးဆေးပေးခန်းများ ရှိသော်လည်း ဆေးဝါးများမရှိခြင်းကြောင့် ယခုချိန်ဆေးဝါများအရေးတကြီး လိုအပ်နေပြီး ခက်ခဲနေကြောင်း ဒုက္ခသည်ကြည့်ရှု့နေသူ ဆရာနော်ဂျာ (Sara Naw Ja) ပြောသည်။

စစ်ပွဲများမှာ လူကုန်ကူးမှု ပြဿနာ၏ အကြောင်းရင်းတခုဟု အစီရင်ခံစာဆို

(Mizzima)


ကချင်ပြည်နယ် အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက် လူကုန်ကူးမှု ပြဿနာများ ပိုမိုကြီးထွားလာစေကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအခြေစိုက်၊ ကချင်အမျိုးသမီးများ အစည်းအရုံး (KWAT) ၏ “ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခံရခြင်း”  (Pushed to the Brink) အမည်ရှိသော အစီရင်ခံစာအား ဘန်ကောက်မြို့ရှိ နိုင်ငံခြား စာနယ်ဇင်းကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်ခြင်း
ဖြစ်သည်။


နှစ်နှစ်ကြာ ကာလအတွင်း ပြည်သူလူထု ၁ သိန်းကျော်
နေရပ်မှ စွန့်ခွာ၍ ရွှေ့ပြောင်း နေထိုင်ရပြီး ကာကွယ်ပေးမှု ကင်းမဲ့ခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပြတ်လပ်ခြင်းတို့မှာ မဖြေရှင်းနိုင်သေးသည့် တရုတ်နိုင်ငံသို့ ကချင်အမျိုးသမီးများ လူကုန်ကူး ခံနေရမှု
ပြဿနာကို ပိုမိုအားမြှင့်ပေးနေကြောင်း အစီရင်ခံစာက
ထောက်ပြဝေဖန်ထားသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်

(ရွှေဟင်္သာသတင်းဌာန)


ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည်အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့်  ဒုတိယအကြိမ် အလွတ် သဘောတူ တွေ့ဆုံ ဆွေးနွေးသည့် အခါနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင်တစ်ရပ်ချမှတ် နိုင်ရေးအတွက် ဦးတည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ပြောခွင့်ရ ပုဂ္ဂိုလ်ဒေးဗစ်တာကပေါက ပြောသည်။ 

အစိုးရနဲ့ ကျနော်တို့ အလွတ် သဘောဘဲ တွေ့တာ ရှိခဲ့ ကြတယ်။ တွေ့တိုင်းမှာလည်း ဆွေးနွေး ရမယ့်မူဘောင်တွေ သတ်မှတ်တာမျိုး မရှိဘူး။ ဒီတစ်ကြိမ်အလွတ် သဘော ပြန်တွေ့ရင် တရားဝင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါ ဘယ်မူဘောင် ပေါ်မှာ ဆွေးနွေး ကြမှာလဲ ဒါနဲ့ စပြီး ဆွေးနွေး ကြရပါမယ်။ ဟု ဆိုပါသည်။

Mungkan makau grupyin masat ninghtoi hpe madi shadaw ai hpun hkai ai lam galaw

(Kachinnet)


2013 ning June (5) ya dai ni hkying (10:00)am aten hta Wunpawng Mungdan Shanglawt Hpung, Ninggawn Daju Pati komiti woi awn ai masing kata Jahtu Bum, Dabang pati komiti kaw nna ta tut hkrang shapraw let Mungkan makau grupyin masat  ninghtoi (World Environment Day) hpe madi shadaw ai hpun hkai lamang hpe galaw ai lam chye lu ai.


Ginjaw Dabang Pati gaw 2013 June  (3) ya kaw nna Jahtu Bum makau grup yin ni hta hpun bawng 800 hpe hkai hpang wa sai hte dai ni mung Dai Lawn Rung magam gun ni yawng marai (40) daram sa du shanglawm let hpun bawng yawng (650) hpe Jahtu Kawng Golf Ginsup Wang hta hkai sai lam hpe chye lu ai.  Hkai mat wa ai hpun bawng ni gaw Lahkyang, Maisak, Maihting hte Hpun Sau hpun ni rai nga ai.

ပဋိပက္ခများ ဂယက်ကြောင့် ဗန်းမော်သားများ အထိတ်တလှန့်ဖြစ်နေ



ယခုတလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားသည့် မွတ်စလင် ပဋိပက္ခများ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ ဂယက် ရိုက်ခတ် လာပြီး မြို့ခံများ အနေဖြင့် စိုးရိမ်ထိတ်လှန့်နေကြောင်း စုံစမ်းသိရသည် ။

ယမန်နေ့ညပိုင်းက ဗန်းမော်မြို့ပေါ်ရှိ မွတ်စလင်ဈေးဆိုင်များအပါအဝင် ဈေးဆိုင်များ စောစီးစွာ ပိတ်ခဲ့ကြရာ  ယနေ့တွင် လူအသွား အလာများ ခြောက်ကပ်နေ သလို မြို့ခံအများစုမှာ အိမ်တွင်း၌သာ နေထိုင်နေကြောင်း သိရသည် ။

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်မည်

(Mizzima)

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များ တတိယနေ့ ဆွေးနွေးပွဲအပြီး မှတ်တမ်းဓာတ်ပုံ အရိုက်ခံနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေးနွေးမည် ဖြစ်သည့်အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

ကျားသနားမှ နွားချမ်းသာရ နိုင်ငံရေး

(Kachin Duwa)

ကျားသနားမှ နွားချမ်းသာရ ဆိုတဲ့စကား လက်ရှိ မြန်မာ့ နိုင်ငံရေး ပါပဲ။

မူဘောင်ပေါ်မှာ အခြေမခံပဲ လူပေါ်မှာ အခြေခံပြီး အလုပ်လုပ်တာကို ခေါ်တာပါ။

ဒီတော့ လူကောင်းရင် ခေတ်ကောင်းမယ်... လူဆိုးပေါ်လာရင် ခေတ်ဆိုးသွားတယ်... ဆိုတဲ့ သဘောပါ။

အခု လက်ရှိအနေအထားအရ... ဥပမာ ပြရရင်...

Tuesday, June 4, 2013

ပန်ဆိုင်း ဒေသတွင် အစိုးရတပ်နှင့် KIA ပစ်ခိုက်မှု ဖြစ်ပွား

(ကချင်သတင်းဌာန)

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့ ပတ်ဝန်းကျင်တွင် ဇွန် ၃ ရက် ယနေ့ညနေပိုင်းတွင် အချိန်တို တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အင်အား ၅၀ ကျော်ရှိသည့် တပ်ရင်းအမည်မသိရသော အစိုးရစစ်ကြောင်းသည် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၅) နယ်မြေသို့ ၀င်လာစဉ် MHH မှ မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ဂျေယန့် ဒုက္ခသည်စခန်းတွင် မူလတန်းကျောင်းသုံးပစ္စည်း လိုအပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် လိုင်ဇာမြို့ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အခြေခံမူလတန်းကျောင်း သားများ အတွက် ကျောင်းသုံးပစ္စည်းများ ထက်ဝက်ခန့် လိုအပ်နေသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများမှသိရသည်။

၎င်းကျောင်းသားများအတွက် အလှူရှင်များက အသုံးအဆောင်ပစ္စည်းအတွက် လှူဒါန်းမှုများရှိသော်လည်း ကျောင်းတိုင်းမလောက်ငှသောကြောင့် အားလုံးရရှိနိုင်ရေးအတွက် စီစဉ်ပေးဖို့ရန် စခန်းတာဝန်ရှိသူများက တရုတ်ငွေ ၂ ယွမ် (၃၀၄ ကျပ်) စီ ကောက်ခံနေရကြောင်း ဂျေယန့် (Je Yang) စခန်းအတွင်းရေးမှူးကပြောသည်။

ကချင်ပြည်တွင်းစစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ကျင်းပမည်

(မြစ်မခ)

ကချင်ပြည်နယ်စစ်ပွဲကြောင့် သေဆုံးခဲ့သည့် ပြည်သူများနှင့် နှစ်ဖက်စစ်တပ်မှ စစ်သည်များကို ရည်စူး၍ လာမည့် ဇွန်လ(၉)ရက်နေ့တွင် ကျရောက်သော ကချင်ပြည်တွင်းစစ်(၂)နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ဆုတောင်းအမျှဝေမှုကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ငြိမ်းချမ်းရေးလိုလားသော ပြည်သူများနှင့် လူမှုကွန်ယက်အဖွဲ့အစည်းများထံက သိရှိရသည်။
 
စစ်ပွဲကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေနဲ့ နှစ်ဖက်စစ်တပ်က စစ်သားတွေကိုရည်စူးပြီး ဆုတောင်းအမျှဝေ ပွဲလေး လုပ်ချင်တာရယ်၊ အခုရှိနေတဲ့အခြေအနေကနေ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်လာစေဖို့ရယ်၊ ပြည်သူတွေရဲ့အားနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မှုဖြစ်စဉ်မှာ ပါဝင်လာစေဖို့ကြောင့် ဒီပွဲလေးကို ၀ိုင်းလုပ်ကြဖို့ စီစဉ်တာပါ ဟု အဖြူရောင်တွဲလက် အဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။

ငြိမ်းချမ်းပါစေ ကချင်မြေ

(ဧရာဝတီ)

“မြစ်ကြီးနားမှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးလိုက်ပြီ”

အင်တာနက် သတင်းဖတ်နေသော သမီးကြီးက လှမ်းပြောခြင်းဖြစ်၏။

“ဟုတ်လား”

တခွန်းပဲပြောပြီး ကျမဆိုဖာပေါ် ပစ်လှဲလိုက်သည်။ ရင်တွေ တလှပ်လှပ်တုန်နေ၏။ မှိတ်ထားသော မျက်စိထဲမှာ ရုပ်ပုံတွေ ပြေးနေ၏။

ကချင်စစ်ပြေး ကိစ္စအား ဦးစားပေး အစီအစဉ် ဖြစ်သင့်ဟု UNFC ကဆို

(ရွှေဟင်္သာသတင်းဌာန)

ကချင် စစ်ပြေး ပြည်သူများ၏ အရေးသည် ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပထမ ဦးစားပေး ဆောင်ရွက် သင့်သော ကိစ္စဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ၏ အရေးပေါ် အစည်းအဝေးက အဆိုပြု ခဲ့သည်ဟုပြောခွင့်ရသူ ပဒို ဒေးဗစ်တာကပေါ်က ဆိုပါသည်။ 

KIO နဲ့ အစိုးရကို ပြောချင်တာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာက ရေရှည်ဦးမယ်လေ။ ကချင်စစ်ပြေး ဒုက္ခသည်တွေ ကျတော့ သူတို့က ၂ နှစ်လောက် ဒုက္ခသည် စခန်းထဲမှာ ဆင်းဆင်း ရဲရဲနဲ့ကြပ်ကြပ် တည်းတည်း နေနေ ခဲ့ကြရတယ်။ အဲဒါကြောင့် ကျနော်တို့ UNFC အနေနဲ့ သူတို့ အရေးကိုဘဲ ဦးစားပေးချင်တယ်။ဟု ဆိုပါသည်။

Monday, June 3, 2013

မငြိမ်းချမ်းသေးသော အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

(စည်းလုံးခြင်းရဲ့အင်အား)

ဗိုလ်ချုပ် ဂွမ်မော်နဲ့အတူ ဦးအောင်မင်း

မကြာသေးမှီကလေးကမှ KIO နှင့် အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမှာ ကျင်းပပြီးစီးခဲ့ရာ သဘောတူညီချက် (၇) ချက် ရရှိခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲဟာ အစိုးရ မျှော်လင့်ထားတဲ့ အပစ်ရပ် စာချုပ်ကိုတော့ ချုပ်ဆိုနိုင်ခြင်း မရှိဘဲ KIO နဲ့ မချိပြုံး လက်ဆွဲ နှုတ်ဆက်ကာ နေပြည်တော်ပြန် (အိမ်ပြန်) မျက်နှာပန်းမလှ ဖြစ်ခဲ့ရသူကတော့ ဦးအောင်မင်းဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

ကချင်စစ်ပွဲ ၂ နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံလှုပ်ရှားမှု ရန်ကုန်တွင် ကျင်းပမည်

(RFA)

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ကချင်ပြည်နယ်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဘာသာပေါင်းစုံ အောက်မေ့သတိရဆုတောင်းပွဲနဲ့ လှုပ်ရှားမှုတွေကို ငြိမ်းချမ်းရေးခေါ်သံ ခေါင်းစဉ်နဲ့ လာမယ့်သီတင်းပတ်အတွင်း ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် “အသိအမှတ်ပြု”ရန် UWSA တောင်းဆို

(Mizzima)

လက်ရှိ နိုင်ငံ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ်ထား
သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ထပ်လောင်းတောင်းဆိုလိုက်သည်။

၎င်းတို့တွင် အစိုးရတရပ် ယန္တရားများ ပြည့်စုံနေပြီး အသိအမှတ်ပြုရန် နိုင်ငံတော်အစိုးရထံ တောင်းဆိုထားသော် လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားချက် တစုံတရာ မရှိသေးကြောင်း သိရသည်။

KIO အဖွဲ့မှ ပထမအကြိမ် ၃ လကြာ အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဌာနချုပ်ရုံး (Dai Lawn Rung) မှ ကြီးမှူး၍ ပထမအကြိမ် ရက်ပေါင်း (၉၀) အခြေခံစစ်သင်တန်းဆင်းပွဲတခုကို မုန်းဆိုင်ယန် (Mung Seng Yang) ရှိ စစ်သင်တန်းပို့ချရေး (Hpyen Sharin Shakyang gawknu) ခမ်းမတွင် မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံ စစ်သင်တန်းကို ယခင်က သင်ကြားမှုကာလ ရက်ပေါင်း ၆၀ ကန့်သတ်ထားရာမှ ယခုအခါ ရက်ပေါင်း ၉၀ အထိ တိုးမြှင့်၍ ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်များကပြောသည်။

KIA စစ်ဗိုလ် မသင်္ကာမှုဖြစ် အဖမ်းခံရသော ဦးဘရန်ရှောင် ကို လွှတ်ပေးမည်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်ကြီးဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင် (Salang Lahtaw Brang Shawng) ကို တစ်ပတ်အတွင်း လွှတ်ပေးမည်ဟု  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ပြောခဲ့ကြောင်း သိရသည်။

အစိုးရနှင့် KIO အဖွဲ့များ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး နောက်ရက် မေလ ၃၁ ရက် နေ့တွင် ဦးအောင်မင်းအဖွဲ့တို့ ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းသို့ လာရောက်ကြည့်ရှုစဉ် ဦးဘရန်ရှောင်အား အမှန်အတိုင်း လွှတ်ပေးရန် တင်ပြခဲ့ချိန် ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းဒုက္ခသည်စခန်း တာဝန်ခံ ဆရာအောင်မြတ် က ပြောသည်။

Facebook ကာတွန်းများ

ကေအိုင်အိုအစိုးရကိုယ်စားလှယ်များ လိုင်ဇာအပြန်လမ်း

(Jinghpawkasa)

KIO ကိုယ်စားလှယ်များအား လိုင်ဇာဒေသခံများ (၄) ထောင်ခန့်ကြိုဆို

(Jinghpawkasa)

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ်များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆိုခဲ့ကြသည်။

KIO ကိုယ်စားလှယ်များမှ လည်း ဒေသခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲရလာဒ်များအား ရှင်းလင်းပြောပြခဲ့သည်။

ရှမ်းတိုင်းရင်းသားများ KIO ကိုယ်စားလှယ်များအားကြိုဆို နှုတ်ဆက်ရင်း တောင်းဆိုမှုအချို့ပြုလုပ်

(Jinghpawkasa)

ဗမာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးကာ မြစ်ကြီးနားမှ လိုင်ဇာသို့ ထွက်ခွာခဲ့သော KIO ကိုယ်စားလှယ်များအား ၀ိုင်းမော်မြို့နယ်တွင် အယောက် ၈၀ ခန့်ရှိ သော ရှမ်းတိုင်းရင်းသားများ ရှမ်းဝတ်စုံ ၀တ်ဆင်ပြီး ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ KIO ကိုယ်စားလှယ်များအား စောင့် ကြိုနှုတ်ဆက်ခဲ့ရင်း နှစ်ဖက်အစိုးရအား တောင်းဆိုမှု အချို့ပြုလုပ်ခဲ့ ကြသည်။

Sunday, June 2, 2013

မြစ်ကြီးနားက ပြန်လာ တဲ့ ကေအိုင်အိုခေါင်းဆောင်တွေ လိုင်ဇာမှာ ရှင်းလင်းပွဲလုပ်

(RFA)

မြစ်ကြီးနားကနေ လိုင်ဇာဌာနချုပ် ကို ပြန်ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ လိုင်ဇာပြည်သူလူထု၊ ဒုက္ခသည်နဲ့ ဌာနဆိုင်ရာအပါအ၀င် မဟာမိတ်တပ်ဖွဲ့တွေကို အစိုးရနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲလုပ်တယ်လို့ သိရပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့နေ့လည် နှစ်နာရီမှာ မြစ်ကြီးနားကနေ လိုင်ဇာကိုရောက်လာပြီး ချက်ခြင်းဆိုသလို မြစ်ကြီးနားမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ နဲ့ ဆွေးနွေးခဲ့တာတွေကို ကေအိုင်အိုအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂန်က ရှင်းပြတဲ့အကြောင်း အစည်းအဝေးမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဦးဒွဲပီစ က ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ကို ဆန္ဒပြတောင်းဆို

(1.6.2013)(RFA)

ငြိမ်ချမ်းရေးဆွေးနွေးပွဲမှပြန်လာသော KIO ကိုယ်စားလှယ် အဖွဲ့ကို ဆန္ဒပြနေကြတဲ့ ရှမ်းတိုင်းရင်းသားများကို တွေ့ရစဉ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး လိုင်ဇာမြို့ အပြန်လမ်းမှာ ကေအိုင်အိုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကို ဒေသခံ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၀၀ လောက်က အမြန်ဆုံးအပစ်ခတ်ရပ်စဲဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

MYITKYINA ZUPHPAWNG A N-TSA NINGMU

(Jinghpawkasa)

Myen asuya hte Wunpawng Mungdan Shanglawt Asuya KIO/KIA a mungdan simsa lam bawngban lamang hpe a’tsawm sha galaw la lu ai majaw,..

(1) Karai Kasang a bausin makawp maga lam madun ai hpe chyeju shakawn ga ai.

(2) Myit galu kaba ai hte Kachin Wunpawng Sha ni hpe ta’tut woi’awn taw nga ai KIO/KIA ningbaw ningla ni yawng hpe kabu gara kamhpa ai hte matut nna lu ging ai Pandung shadaw du hkra woi’awn na matu shatsam dat mayu ga ai.