Saturday, June 1, 2013

တိုင်းရင်းသား ညီလာခံတွင် ၈ ပြည်ထောင်စုမူ ကိစ္စ ဆွေးနွေးမည်

(ဧရာဝတီ)

လာမည့် ဇွန်လလယ်ပိုင်းတွင် ကျင်းပမည့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) ၏ ရှမ်းပြည်နယ် တောင်ကြီး ညီလာခံတွင် ဖက်ဒရယ်စနစ် ပေါ်ပေါက်ရန်အတွက် ၈ ပြည်ထောင်စုမူကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော် မေလ ၃ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တော့ ၈ ပြည်ထောင်စုပုံစံ စဉ်းစားသင့်ပြီလို့ ပြောခဲ့တယ်။ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မပြည်နယ် တခု အဖြစ် သတ်မှတ်ပေးဖို့ပါ” ဟု သူက ဆိုသည်။

ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် နာခံတယ်

(ဧရာဝတီ)

ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တာဝန်ရှိသူများတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် မေ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ယင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးအား ဧရာဝတီ သတင်းထောက် ရွှေစင်နှင့် မေခတို့က သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ထိုသို့ မေးမြန်းခွင့်ရခြင်းသည့် နှစ်ပေါင်း များစွာအတွင်း တပ်မတော် အရာရှိကြီး တဦးက မီဒီယာသို့ ပထမဆုံးအကြိမ် ပွင့်လင်းစွာ တွေ့မေးခွင့် ပြုခြင်း ဖြစ်သည်။ ယင်း တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါက တပ်မတော်က မည်သို့ ရပ်တည်မည်၊ တပ်မတော် စီးပွားရေးနှင့် စီးပွားရေး ဦးပိုင် ကျောထောက်နောက်ခံ ပြုမှု အစရှိသည်များကို ပွင့်လင်းစွာ ဖြေကြားသွားပါသည်။

မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး

(Eleven Media Group)

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံများအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်းထားသည့် Mungchying Rawt Jat (MRJ) အဖွဲ့မှ သိရှိရသည်။

ကချင်စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်းသွားမည်

(Eleven Media Group)

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။

ဦးအောင်မင်းသည် မြစ်ကြီးနား ဆွေးနွေးပွဲအပြီး မေ ၃၁ ရက်တွင် ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စ ခန်းများသို့ သွားရောက်ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကချင်ဆွေးနွေးပွဲရလဒ် ဘန်ကီမွန်းကြိုဆို

(VOA)

ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား သဘောတူညီမှု ရခဲ့တာအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ပြန်လည်သွေးစည်းရေးမှာ ပထမဆုံးခြေလှမ်းတရပ်အဖြစ် ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ၃ ရက်ကြာ ဆွေးနွေးပွဲတွေနောက်ပိုင်း၊ ရလာတဲ့ ရလဒ်အတွက်ကြိုဆိုကြောင်း  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ  အက်ဒွါဒို ဒူဘွေး (Eduardo del Buey) ကပြောပါတယ်။

Friday, May 31, 2013

KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်

(VOA)

သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး
တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေးအဖွဲ့
ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်

က တင်ပြထားပါတယ်။

၁၇ (၁) ဦးဘရန်ရှောင်အမှု စီရင်ချက်ချပြီး တပတ်အတွင်း လွှတ်ပေးမည်ဟု ဦးအောင်မင်း ပြော

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးခံထားရသော စစ်ပြေးဒုက္ခသည် ဦးဘရန်ရှောင်အား တရားလွှတ်တော်၏ စီရင်ချက်ချပြီးနောက် တပတ်အတွင်း လွှတ်ပေးမည်ဟု ဝန်ကြီး ဦးအောင်မင်း က ယနေ့ ပြောဆိုခဲ့ကြောင်း ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော်မှတဆင့် သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်တွင် ဝန်ကြီး ဦးအောင်မင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားတို့က မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းသို့ လာရောက်စဉ် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား စစ်မှန်သော နည်းလမ်းဖြင့် ပြန်လွှတ်ပေးရန် တင်ပြခဲ့သည့် အပေါ် ဝန်ကြီးက ပြန်လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIO နှင့် ကုလ ကိုယ်စားလှယ်များ စစ်ပြေးဒုက္ခသည်များထံ သွားရောက် အားပေး

(Mizzima)

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေး ဒုက္ခသည်များအား ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကုလမသဂ္ဂ အထူး ကိုယ်စားလှယ်တို့ ယနေ့ သွားရောက် အားပေး စကားပြောဆိုခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂမ်ဂျာ က ပြောသည်။

KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်းလွှတ်ဂွမ်မော်နှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့က နံနက် ၁၁ နာရီမှစတင်၍ ဝိုင်းမော်မြို့နယ် မုန်နာ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။

စစ်ပြေး ဒုက္ခသည်များကို ကူညီခွင့်ပြုရန် အမေရိကန် တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးသည် ကချင်  လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် အစိုးရတို့ တွေ့ဆုံဆွေး နွေးမှုရလာဒ်ကို ထောက်ခံသော်လည်း စစ်ပြေး ဒုက္ခသည် အရပ်သားများ၏ ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးကို များစွာ စိုးရိမ်ရကြောင်း ယနေ့ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ 

၎င်းတို့သည် ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခြ ဖစ်ပွားသော ဒေသများရှိ  ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး သူများနှင့် အကူအညီ လိုအပ်သော အခြား အရပ်သားများအား အကူအညီ ပေးခွင့် ပြုရန် တောင်းဆို ခဲ့ပါသည်။

ကြေညာချက်နှင့် အတူ KIO နှင့် အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ် များသည်လည်း ယနေ့ နံက်ပိုင်းတွင် မြစ်ကြီးနားနှင့် ၀ိုင်းမော် မြို့နယ်ထဲ၌ ရှိသော ကချင် စစ်ပြေးပြည်သူများအားသွားရောက်ကြည့်ရှု အားပေး ခဲ့ကြောင်းခရစ်ယာန်သင်းအုပ် ဆရာတော် တစ်ပါး ဖြစ်သူဆရာတူးဂျာက ဆိုပါသည်။

ကျေးလက်တိုင်းရင်းသားတွေကို မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုရပ်တန်းကရပ် ( ၇၀၁ စစ်ဒေသမှူး ၏ ရင်ဖွင့်စကား)



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြားဆက်ဆံရေး၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် မြန်မာအစိုးရ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့်သတင်းများအပေါ်  အမှတ် ၇၀၁ စစ်ဒေသမှ စစ်ဒေသမှူး ဒု ဗိုလ်မှူးကြီး စွမ်မိဏ်းက သျှမ်းသံတော်ဆင့်မှတဆင့် ဤကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ပါသည်။

၇၀၁ စစ်ဒေသမှူးဒု ဗိုလ်မှူးကြီး စွမ်မိဏ်း

(ဤပြောကြားချက်သည် သျှမ်းသံတော်ဆင့်၏ အာဘော်မဟုတ်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောထားသာဖြစ်ပါ သည်။ (အယ်ဒီတာ)

KIO မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်သွယ်မှုဖြင့် ဖမ်းထားသူများ လွှတ်ပေးမည်

(ဧရာဝတီ)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး တပတ်အတွင်း မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာမခံ ပြောဆိုသည်။

ဦးအောင်မင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် မြစ်ကြီးနားမြို့အနီးရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် လှည့်လည်ကြည့်ရှုစဉ် လက်ရှိတွင် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးရပြီးဖြစ်၍ မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း၊ ထို့နောက် မတရားအသင်း ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ “လုပ်ထုံးလုပ်နည်းအရ” လွှတ်မြောက်မည်ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။

ဝမ်းတွင်းရူးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်

(မိုးမခ)
ကာတွန်း - စောငို
မေ ၃၁၊ ၂၀၁၃

မြစ်ကြီးနားဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ်ဖြစ်

(BBC)

မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်က ပုံစံသစ် တမျိုး ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစောပိုင်းတုန်းက တိုင်းရင်းသား အဖွဲ့တွေကို ကမ်းလှမ်းခဲ့တုန်းက ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့် ၂ ခု ရှိပြီး တခြားအဖွဲ့တွေက တဆင့်ချင်းအလိုက် လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ကချင် KIO နဲ့ ဆွေးနွေးပွဲ ရလာဒ်မှာတော့ အဆင့် ၂ ဆင့်လုံး ပါဝင်တယ်လို့ ယူဆနိုင်ကြောင်း သူက ထောက်ပြပါတယ်။

အစိုးရကို '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား

(Eleven Media Group)

'၀'ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်း(ယာ)အား အစိုးရနှင့် KIO တို့၏ ဆွေးနွေးပွဲတွင် တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

ကချင်ဆွေးနွေးပွဲ လုံးဝအပစ်ရပ်ရေး သဘောတူညီချက်မရဘဲ ပြီးဆုံး

(VOA)

သုံးရက်ကြာ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲ မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူညီချက်တော့ မရခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ကြား နိုင်ငံရေးဆွေးနွေးပွဲတရပ်လုပ်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ အချက် ၇ချက်ပါတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့အကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အချက် ၇ချက်ပါ သဘော တူညီချက် ကို မေလ ၃၀ရက် ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးနိုင် လိုက်ကြတာပါ။

Thursday, May 30, 2013

မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ကြား ၃ ရက်ကြာဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့သည်။

၎င်းသဘောတူညီချက်တွင် အစိုးရနှင့် KIO တို့ကြား နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်၊ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန်၊ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနိုင်းဆောင်ရွက်သွား ရန်တို့ ပါဝင်သည်။

မြစ်ကြီးနား ဆွေးနွေးပွဲ အပစ်ရပ် အကြို သဘောတူ

(ဧရာဝတီ)

မြစ်ကြီးနားမြို့တွင် ၃ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်အပြီး ကချင်လွတ်မြောက်ရေးတပ် KIOနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ တို့ အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အခြေခံပဏာမ သဘောတူညီချက်အနေဖြင့် နှစ်ဖက်နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လျှော့ရေးနှင့် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ နှစ်ဖက်ကိုယ်စားလှယ်များပါသော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရန်၊ IDP ဒုက္ခသည်များ ကို ပြန်လည်ထူထောင်နိုင်ရေး နှစ်ဖက်ဆောင်ရွက်ရန်၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ဆက်လက်လုပ်ဆောင်ရန်၊ KIO ကိုယ်စားလှယ်များ မြစ်ကြီးနားတွင် ထားရှိရန်၊ နောက်တကြိမ်ဆွေးနွေးပွဲတွင် အခြားဖိတ်ကြားလိုသောအဖွဲ့များ ရှိလျှင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောက်တကြိမ် ဆွေးနွေးပွဲ၌ ယခုတက်ရောက်သည့်အဖွဲ့များ ပြန်လည်တက်ရောက်ရန် တို့ပါဝင်သည်။

အစိုးရနှင့် KIO တိုက်ပွဲမဖြစ်ရေး၊ ပူးတွဲစောင့်ကြပ်ကြည့်ရေး အပါအဝင် ၇ ချက် သဘောတူ

(Mizzima)

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တတိယနေ့
မြစ်ကြီးနား ဆွေးနွေးပွဲအပြီးတွင် အချက် ၇ ချက်ပါဝင်သော သဘောတူညီချက်များကို လက်မှတ်ရေးထိုး
နိုင်ခဲ့ကြသည်။

ထိုအထဲတွင် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်ရေး တည်ဆောက်ရေးကို အာမခံနိုင်သော နိုင်ငံရေး သဘောတူညီမှုများ ထွက်ပေါ်လာနိုင်ရေး ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့တခု (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူညီကြောင်း ပါဝင်သည်။

KIO Dat Kasa Hpung Hte Myen Asuya Datkasa Hpung Ni Myitkyina Muklum Kaw Hkrum Bawngban Ai Zuphpawng Galaw Ngut

(Kachinnet)
2013 May (30) ya shani hkying (9:00)am aten kaw nna hkying (4:00) aten du hkra KIO Ginjaw dinggrin salang Sara Kaba Sumlut Gam hte KIA Tau Dap Awn Dadu Du Daju Sumlut Gun Maw woi awn ai KIO dat kasa hpung ni hte Myen Asuya datkasa hpung U Aung Min ni woi awn ai datkasa hpung ni Myitkyina Muklum, Shitapru Manau wang, Majoi gawknu kaw May (28) ya shani kaw nna hkrum bawngban ai zuphpawng hpe galaw ngut sai lam hpe chye lu ai.

အစိုးရ နဲ့ KIA လက်မှတ်ထိုးကြတဲ့ သဘောတူညီချက် ၇ ချက်

(ဧရာဝတီ)

မြစ်ကြီးနားမြို့ ၃ ရက်ကြာ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ရာမှာ အချက် ၇ ချက်ကို လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ် တဲ့။

ဆွေးနွေးပွဲကို ကုလ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊  တရုတ်သံတမန် တဦး၊ မြို့မိမြို့ဖ ၁၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့က လေ့လာသူများအဖြစ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

၇ ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးကြမ်း နောက်ဆုံးရသတင်း

(စည်းလုံးခြင်းရဲ့အင်အား)


မေလ ၂၉ ရက်နေ့က KIO က လူထု ဆန္ဒခံယူပွဲ လုပ်ရန် တောင်းဆိုလို့ အစိုးရ အငိုက်မိ အကြပ်ရိုက်သွားတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အစိုးရက ခွင့်မပြုသေးတဲ့ အချိန်မှာ ကချင်နှစ်ခြင်း အသင်းတော် ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Rev ခလာမ်ဆမ်ဆွန်နဲ့ ဘာသာရေး ခေါင်းဆောင်များက ဖိအားပေး တောင်းဆိုခဲ့လို့ ဆန္ဒခံယူပွဲ အစား ရပ်မိရပ်ဖ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ထုတ်နှုတ်စေပြီး ရှင်းလင်းပွဲ ပုံစံကို လိုက်လျော ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ စီတာပူ မနောကွင်းရှိ ကချင် ယဉ်ကျေးမှု ကော်မတီ ဗဟိုရုံးမှာ (၃) နာရီကြာ ကျင်းပပေးခဲ့ရပါတယ်။ ရှင်းလင်းပွဲနှင့် ဆန္ဒခံယူပွဲကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေါက်တာ တူးဂျာတို့ အပါအဝင် အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်သူလူထုရဲ့ သဘောထား တချို့ကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

မြစ်ချောင်းသည် နိုင်ငံ၏ အသက်



မြစ်ချောင်းပိုင်တဲ့လူဟာ နယ်မြေကိုပိုင်ဆိုင် တယ်။ မြစ်ချောင်း မပိုင်ရင်တော့ အဲဒီနယ်မြေဟာ အလကားဘဲ။ သုံးလို့မရတော့ဘူး ။ Who holds the water holds the range. Without water, the range is useless .  ဒီလိုဆိုရင် No water, No country မြစ်ချောင်းမရှိရင် နိုင်ငံမရှိတာနဲ့အတူတူဘဲပေါ့။

ရေထိန်းသိမ်းစောင့်ရှောက်ရေး ထိပ်သီးအစည်းအဝေး  Water Summit   ကိုမေလ ၁၄ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်သူများ ငြိမ်းချမ်းရေးအတွက် သဘောထားအမြင်ပေးနိုင်စေရန် Techincal Team ဖွဲ့မည်

အမွန်း (မြစ်မခ)

ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)သည် ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကချင်လူထု၏ သဘောထားအမြင်များကို ရယူနိုင်ရန် အမြဲထိတွေ့ဆက်ဆံနိုင်မည့် အဖွဲ့ (Technical Team) တခု ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။
 
Technical Team တခုပြုလုပ်ရန် အစီအစဉ်ရှိရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြည်သူများပါဝင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

အလံခိုးသူများအကြောင်း

(Lachid Kachin FB)

တစ်ချိန်ကသာ ဒီလိုအလံမျိုး လက်ဝယ်ထားမိလို့ ကတော့ ထောင်နန်းစံရဖို့ များတယ်..။
ခုတော့လဲနော် ဘယ်လွှတ်တော်ကမှ အတည်မပြုဘဲ ပြည်နယ်အလံငယ်ဖြစ်သွားရပြန်ပြီ...။ အပြာနုနောက်ခံပေါ်မှာ နှင်းတောင်တန်းပုံပါတဲ့ အလံက ဘယ်ရောက်သွားလဲ မသိဘူး..။

သေချာ စဉ်းစားကြည့်တော့လဲ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျေးဇူးတင်ရမယ်..။ တောင်နဲ့မြောက်၊ အလင်းနဲ့အမှောင်လို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောင်းလဲထွက်သွားတာ သူ့အရည်အချင်းတွေပေါ့..။

KIO နှင့် မြန်မာ အစိုးရ မြစ်ကြီးနား ဆွေးနွေးပွဲ မေလ ၃၀ ရက် ဆွေးနွေးပွဲမြင်ကွင်း

(Lachid Kachin FB စာမျက်နှာမှ)
(30.5.2013) ya shani KIO hte Myen asuya dat ka sa hpung ni a hkrum zup bawng ban hpawng sumla ni


MRTV ၏လုပ်ရပ်

(Jinghpawkasa)


ဗမာအစိုးရပိုင် ရုပ်မြင်သံကြားဖြစ်သော MRTV မှ မေလ (၂၉) ရက်နေ့တွင် ထုတ်လွင့်သွားသော ရုပ်မြင်သံကြား သတင်းတွေ မှားယွင်းမှုများစွာနှင့် ထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။ 
ဗမာအစိုးရ ကိုယ်စားလှယ်များနှင့် ကေအိုင်အိုအစိုးရ ကိုယ်စားလှယ်များ ပျဉ်းမနားမြို့တွင် တွေ့ဆုံ ဆွေးနွေးသွားကြောင်း သတင်းတွင်ဖော်ပြထားပါသည်။ 
ဗမာအစိုးရကိုယ်စားလှယ်များ၏ နာမည်များကို ချောချောချူချူရွတ်ဖတ်သွားပြီး ကေအိုင်အိုအစိုးရ ကိုယ်စာလှယ်များ၏ နာမည်များကို ထိန်ချန်ခဲ့ကြောင်း၊ ဗိုလ်ချုပ် ဆွမ်းလွတ်ဂမ် ဟုနာမည်အမှားကို လွှင့်ထုတ်သွားကာ၊ ထိုနာမည်အမှားကိုပင် ထစ်ထစ်ငေါ့ငါ့ဖြင့် သတင်းကြေငြာသွားကြောင်း တွေ့မြင်ရပါသည်။ 

တစ်နှစ်ပြည့် ပဋိပက္ခများ၏ နောက်ကွယ်

မေလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

၂၀၁၃ ခုနှစ် မေ ၂၈ ရက်တွင် လားရှိုးမြို့၌ အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့မှု ကျူးလွန်ခဲ့ပြီးနောက် မကျေနပ်သူများက အစ္စလာမ် ဘာသာရေး အဆောက်အအုံများကို မီးရှို့ခဲ့ကြပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ အဆိုပါ ကျူးလွန်သူနှင့် ကျူးလွန်ခံရသူသို့ တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ဖူးခြင်း မရှိ၊ ရန်ငြိုးရန်စ မရှိဟု သိရသည်။ လားရှိုးဖြစ်စဉ်သည် ရခိုင်ပဋိပက္ခ၊ မိတ္ထီလာ ပဋိပက္ခများအပြီး ဖြစ်ပေါ်လာခဲ့သည့် နောက်ထပ်ပြဿနာ တစ်ခုဖြစ်သည်။ ကျောက်နီမော်တွင် မသီတာထွေး အသတ်ခံရသည့်ဖြစ်စဉ် တစ်နှစ်ပြည့်သည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ယခုဖြစ်ပွားမှုသည် အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တိုက်ဆိုင်နေပြန်သည်။

အော်... မြန်မာ့မီဒီယာ ဘာတွေကြောက်နေလဲ..

(Kachin Duwa)


ဒီတခါ ကေအိုင်အို ကိုယ်စားလှယ် များ မြစ်ကြီးနားကို ရောက်လာတော့ သတင်းမီဒီယာ တွေက ဟာသလေးတွေ နဲ့ အကြောက်တရားလေးတွေ တချို့အကြောင်း ဖေါက်သည် ချ ချင်ပါတယ်။
ကေအိုင်အို ကိုယ်စားလှယ်များကို ကြိုဆိုတယ် ဆိုတာ ဘယ်သူ့ ဖိတ်ကြားချက်မှ မရှိပဲ မြစ်ကြီးနားမြို့ပေါ်နေ ကချင်ပြည်သူတွေ အင်တိုက်အားတိုက် ကေအိုင်အို အလံကိုင်ပြီး ကြိုကြတာပါ။

အဲဒါကို

(၁) မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွင့်သွားတာကတော့ ကေအိုင်အို အလံ လွင့်ပြီး ကြိုတာကို ကချင်ပြည်နယ် အလံ လို့ သုံးနှုန်းသွားတယ်။ နောက်ပြီး ကချင်ပြည်သူတွေ ကြိုဆိုတာ ဦးအောင်မင်း နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို ကြိုဆိုခဲ့ကြသယောင်နဲ့ ရောချသွားတယ်။

ကုလ အထူးကိုယ်စားလှယ် Vijay Nambiar နဲ့ အဖွဲ့ကို ကချင်လူထု ကြိုဆို

(Kachin Duwa)

အစိုးရ နဲ့ ကေအိုင်အို ကြား ငြိမ်းချမ်းရေး ဆွေနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်လာသော ကုလ အထူးကိုယ်စားလှယ် Vijay Nambiar နဲ့ အဖွဲ့ကို ကချင်လူထုက ရိုးရာအခန်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

(VOA)

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိကကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်းမျဉ်းပြောပါ ဆရာ။

စစ်မှန်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ထောက်ခံကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပွဲတွင် ကချင်လူထုက ပြောကြားခဲ့

(Eleven Media Group)

စစ်မှန်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ထောက်ခံကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ပွဲတွင် ကချင်လူထုက ပြောကြားခဲ့ကြောင်း သိရပါသည်။

KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လူထု တွေ့ဆုံပွဲကို မေ ၂၉ ရက်က မြစ်ကြီးနားမြို့၊ မနောကွင်း၌ ပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် စစ်မှန်သော ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ထောက်ခံကြောင်း ကချင်လူထုက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ KIO နှင့် ဗီဂျေနမ်ဘီးယားတို့ ကချင်လူထုနှင့် သီးခြားစီ တွေ့ဆုံ

(Eleven Media Group)

ကချင်လူထုနှင့် တွေ့ဆုံရန် မနောကွင်းသို့ ရောက်ရှိလာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန်အတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၊ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားတို့သည် မေ ၂၉ ရက်တွင် ကချင်လူထုနှင့် သီးခြားစီတွေ့ဆုံ ခဲ့ကြပါသည်။

ကချင် ငြိမ်းချမ်းရေး ဒုတိယနေ့ တံခါးပိတ် ဆွေးနွေး

(VOA)

ပြည်တွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးပွဲ ဒုတိယနေ့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း ကို မဆုမွန် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။          ။ ဒီနေ့ပေါ့နော် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အခြေအနေလေး ပြောပြပေးပါဦးရှင်။
 

အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး

(RFA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက် ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့  မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတကာရှေ့ အပစ်အခတ် ရပ်စဲမည်ဟု ကချင် ပြော

(ဧရာဝတီ)

ကေအိုင်အေနှင့် မြန်မာ စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ထပ်မံချုပ်ဆိုမည်ဆိုပါက ကုလသမဂ္ဂ၊ တရုတ်၊ ဗြိတိသျှအပါအ၀င် နိုင်ငံတကာက  ပါဝင် လက်မှတ်ရေးထိုးမှသာလျှင် ကေအိုင်အေက အပစ်အခတ်ရပ်စဲရန် သဘောတူညီ မည်ဖြစ်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်သည်။

ယနေ့ မြစ်ကြီးနား မြို့ မနောကွင်း တွင် ကျင်းပသော  ကချင်ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူများကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

Wednesday, May 29, 2013

ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တိုင်း အကြမ်းဖက်မှုများတိုက်ဆိုင်စွာပေါ်ပေါက်

 

ဆိုင်ဖောက်ဖျက်ခံရသည့် စိန်ကြယ်ဒန်ပေါက်ပိုင်ရှင် ကားဖြင့်ထွက်ပြေးရာ နောင်မွန်ရွာတွင် ကားမှောက်သဖြင့် ဆေးရုံကြီးသို့ပြန်လည်ရောက်ရှိ

ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နှင့်အစိုးရတို့ ငြိမ်းချမ်းရေးတည်ဆောက်ရန် ဆွေးနွေးနေချိန်နှင့်တိုက်ဆိုင်စွာ ဖြစ်ပေါ်သော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့  ပဋိပက္ခမှာ မလိုလားအပ်သောကိစ္စဖြစ်သဖြင့် ထိုကိစ္စ ဖြစ်အောင်လှုံ့ ဆော် သူများအား ရှုပ်ချကြောင်း SNLD သျှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ်ကပြောပါသည်။ 

KIO တောင်းဆိုချက် လူထု သဘောထားနှင့် ကိုက်ညီ

(DVB)

ပြည်ထောင်စု အစိုးရထံ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ တောင်းဆိုချက်တွေဟာ သူတို့ ဆန္ဒတွေနဲ့ တူညီတယ်လို့ ကချင်ပြည်သူတွေက ပြောပါတယ်။

မေ ၂၈ ရက်က စတင်တဲ့ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခြေအနေကို မြစ်ကြီးနား စီတာပူရပ်ကွက်က မနောကွင်းက မဂျွယ်ခန်းမမှာ ကေအိုင်အိုက မြို့မိမြို့ဖနဲ့ ခေါင်းဆောင်တွေကို တင်ပြရာမှာ လူထုက အခုလို ပြောဆိုလိုက်တာလို့ တက်ရောက်တဲ့သူတွေက ပြောပါတယ်။

စိန့်မေရီ ဘုရားကျောင်း တာဝန်ခံက ရဲတိုက်ကို စတိုက်ခိုက်ခြင်း မဟုတ်ဟု ငြင်းဆို

(ဧရာဝတီ)

ရဲတိုက်က စိန့်မေရီ ဘုရားကျောင်း ကိုယ်တော်မြတ် ဗိမ္မာန်တော်တွင် ပြောင်းပြန်ကျောပေး ဝတ်ပြုနေစဉ် (ဝဲ) ဆိုင်းဘုတ်ကိုင်၍ တကိုယ်တော် ဆန္ဒပြနေသည့် သရုပ်ဆောင် ရဲတိုက် (အလယ်) ဘုရားကျောင်း ဥက္ကဋ္ဌ ဦးရစ်ချက်က ရဲတိုက်ကို ရေတိုက်နေစဉ် (ယာ) (ဓာတ်ပုံ – စိန့်မေရီ ဘုရားကျောင်း)

ရန်ကုန်မြို့ စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း တာဝန်ရှိသူများက သရုပ်ဆောင် ရဲတိုက်ကို စတင် ထိုးကြိတ်ခြင်း မဟုတ်ဘဲ ရဲတိုက်က စတင် တိုက်ခိုက်သည်ကို ပြန်လည် ခုခံခြင်းသာဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော် ဒေါမနစ် ဦးသက်တင်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး အာမခံချက်မရှိဘဲ အပစ်ရပ် လက်မှတ်မထိုးသေးရန် KIO ကို ကချင်အဖွဲ့များ အကြံပြု

(Mizzima)

အစိုးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိနေကြသော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များနှင့် မြစ်ကြီးနားရှိ ကချင်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နိုင်ငံရေးဆွေးနွေးမှုများ မရေရာ
သေးမီ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မပြုသေးရန် KIO အား အကြံပြုခဲ့ကြကြောင်း
တွေ့ဆုံပွဲ တက်ရောက်သူတဦးက မဇ္ဈိမကို ပြောသည်။

ကချင်အတိုင်ပင်ခံ အဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနား ရပ်မိရပ်ဖများ၊ သဘာရေးခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများတို့ အပါအဝင် လူထု ၂၀၀ ခန့်နှင့် မနောကွင်း ခန်းမဆောင်တွင် နှစ်နာရီခန့်ကြာ
တွေ့ဆုံဆွေးနွေး၍ KIO ခေါင်းဆောင်များက အကြံဉာဏ်များ တောင်းခံခဲ့ခြင်း ဖြစ်သည်။  

ယုံကြည်မူကြောင့် ခရစ်ယာန်ဘာသာဝင် (၁) သိန်း နှစ်စဉ် သေဆုံးနေရ

 (နိရဉ္စရာ- ၂၉ မေလ ၂၀၁၃)

ကမ္ဘာတလွှားက ခရစ်ယာန် ဘာသာဝင် (၁)သိန်းခန့်ဟာ သူတို့ရဲ့ ယုံကြည်မူကြောင့် နှစ်စဉ်လိုလို အသတ်ခံနေရတယ်လို့ ဘာတီကန် ( Vatican) က ထိပ်တန်း အရာရှိကြီး တစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ရေးသား ဖေါ်ပြပါတယ်။

ကမ္ဘာ တလွှားမှ ခရစ်ယာန် ဘာသာဝင်များ (ဓါတ်ပုံ- အင်တာနက်)

ခုလို အသတ်ခံနေကြရတာဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

KIO ၏ အပစ်အခတ် ရပ်စဲရေး သဘောထား အပေါ် ကချင်လူထု၏ ဆန္ဒ

(ရွှေဟင်္သာသတင်းဌာန)

ကချင် ပြည်သူများ၏ တောင်းဆို မှုကြောင့် ငြိမ်းချမ်းရေး ခရီးစဉ် နှင့် ပါတ်သက်ပြီး လူထု ရှင်းလင်းပွဲ တရပ် ကျင်းပ လိုကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို အစိုးရ ဖက်မှ ခွင့်မပြုခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ဆိုပါသည်။ 

“ လူထု တောင်းဆို ခဲ့တာ ကတော့ ကြိုတဲ့နေ့ (၂၇) ရက်နေ့ ကတည်းကဘဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပါတ်သက်တဲ့ KIO သဘောထားကို လူထုကို ရှင်းပြပေးဖို့ လူထု ရှင်းလင်းပွဲကို တောင်းဆို ခဲ့တာပါ။ ဒါကို လုပ်ပေးပါ့မယ်လို့ KIO ကိုယ်စားလှယ် တွေကလည်း လက်ခံ ထားပါတယ်။ ဒါပေမဲ့ အစိုးရ ဖက်ကတော့ လူထု ရှင်းလင်းပွဲ အစား ရပ်မိရပ်ဖ ရှင်းလင်းရေးဘဲ ခွင့်ပြုခဲ့တယ်” ဟု အကျိုးတော်ဆောင် တစ်ဦးက ဆိုပါသည်။ 

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

(ကချင်သတင်းဌာန)


မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ ကချင် သီးခြားလွတ်လပ်သောနိုင်ငံတည်ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေစိတ်ကူးထားတာနဲ့ လွှဲလာတာရှိတယ်။ အဲဒါကြောင့် မလွှဲဖို့ရန်အတွက် အမြဲတမ်းသတိရစေဖို့ ဆွေးနွေးတယ်။

Hpawt….. Ni ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဇာတ်ကား သြဂုတ်လတွင် ပြသမည်

(Mizzima)

ကချင်ပြည်နယ်၏ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး Hpawt….. Ni ဇာတ်ကားကို မြစ်ကြီးနားမြို့ပေါ်ရှိ မြို့ဂုဏ်ရောင်နှင့် ဧရာဂုဏ်တို့တွင် လာမညြ့်သဂုတ်လတွင် ပြသမည်
ဖြစ်ကြောင်း ကချင်ဒါရိုက်တာဖြစ်သည့် 'ဂျီဇုံးကိ' က မဇ္ဈိမ သို့ ပြောကြားခဲ့သည်။

ယင်းဇာတ်ကားနှင့်ပတ်သက်ပြီး ဒါရိုက်တာ 'ဂျီဇုံးကိ' က ကချင်ပြည်နယ်စပ်တစ်လျှောက် ဝေးလံခေါင်းဖျားတဲ့
နေရာတွေနဲ့ အရှေ့မြောက်ဘက်တောင်ပေါ်တွင်မှာရှိတဲ့ ဘိန်းအစားထိုးသီးနှံစိုက်ခင်းတွေမှာ သွားရောက် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေ၊ သီးနှံအစားထိုးအဖွဲ့တွေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်၊ ရပ်ကွက်အသီးသီးမှာ ပြသသွားမှာပါ။

ကေအိုင်အိုနှင့် အပစ်ရပ် သဘောတူညီမှုရလျှင် တိုင်းရင်းသားအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ဇွန်လကုန်တွင်ကျင်းပမည်

Popular Myanmar News Journal

ကေအိုင်အိုနှင့် အပစ်ရပ် သဘော တူညီမှု ပြုလုပ်နိုင်ပါက တိုင်းရင်းသား အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေး ပွဲကို ဇွန်လကုန်တွင် ပြုလုပ်မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက် သည်။ ကေအိုင်အိုနှင့် အစိုးရ အပစ်ရပ်ပျက်ပြားပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေး နွေးပွဲများကို ပြည်ပတွင်သာ ပြုလုပ်ခဲ့ရာ မှ ပထမဆုံးအဖြစ် မြစ်ကြီးနားတွင် မေ ၂၈ ရက်နေ့က ပြုလုပ်သည့် ပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခေတ်မီပြီး ဆင်းရဲတဲ့ လူမျိုးနဲ့ နိုင်ငံတွေ အကြောင်း တစေ့တစောင်း

(Kachin Duwa)

မြန်မာအစိုးရ ဟာ နိုင်ငံတကာ အကူအညီ နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို အငန်းမရ ဖိတ်ခေါ်ပြီး အချိန်တို အတွင်းမှာ စီးပွါးရေး အင်အား မြင့်တက်လာအောင် လုပ်ဖို့ စိတ်ကူးယဉ်နေတာ သတိထားမိပါတယ်။

တဖက်မှာလဲ နိုင်ငံ့လူဦးရေး သန်း ၆၀ ရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ စာမတတ်၊ ပေမတတ်သူတွေကများ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နိမ့်ကျမှုတွေကလဲ ရှိနေတယ်။ ပိုဆိုးတာ အဲဒီ အခြေခံလူတန်းစားတွေရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံချက် မပေးနိုင်တဲ့ ပြဿနာရှိနေပါတယ်။ လယ်ယာမြေသိမ်းမှုတွေဟာ နေရာတကာ မှာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။

တိုင်းရင်းသားအားလုံး နဲ့ နိုင်ငံရေး ဆွေးနွေးတော့မည်

(RFA)


မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လာမယ့်ဇွန်လ (သို့မဟုတ်) ဇူလိုင်လအတွင်းကျင်းပဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကတိပြုပြောကြားလိုက်ပါတယ်။

အရင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံတွေမှာ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပရာကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ 

"ဝ"ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆို

(RFA)

ဝတိုင်းရင်းသားအဖွဲ့တွေက သူတို့အတွက် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကနေ "ဝ"ပြည်နယ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ လွှတ်တော်မှာ အမတ်နေရာတချို့ရထားတဲ့ "ဝ"ဒီမိုကရက်တစ်ပါတီတို့က တောင်းဆိုလိုက်ကြတာပါ။

UWSA လားရှိုးရုံးတာဝန်ခံ ဦးတုန်ဆန်းက မိမိတို့အတွက် ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုစေချင်တယ်လို့ ဘာသာရေးပွဲတစ်ခုမှာ လူထုကိုပြောဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

"ဝ"ဒီမိုကရက်တစ် ပါတီအမတ် ဦးစိုင်းပေါင်းနပ်ကလဲ "ဝ"ပြည်နယ်ဆိုတာ အင်္ဂလိပ်အုပ်ချုပ်တဲ့ ကာလကတည်းကရှိခဲ့တာလို့ ပြောပါတယ်။

“ဒီနေရာမှာရပ်နေမှာမဟုတ်ဘူး” (ကိုမွန်းအောင်နဲ့ စကားပြောကြည့်ခြင်း)

(နေ့သစ်)
အဆိုတော် မွန်းအောင်ဟာ ၁၉၈၁-၈၂ ကစပြီး ခေတ်ပေါ်တေးလောကမှာ ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်လာ ပြီး ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် သူရဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ကာ ကျောင်းသားတပ်မတော်ထဲ ၀င်ရောက်ခဲ့သူ ဖြစ်တယ်။ ပြည်တွင်းမှာ သူ့တကိုယ်တော်သီချင်းခွေ ၄ ခွေ၊ ပြည်ပမှာ ၂ ခွေ ထုတ်ဝေဖြန်ချိခဲ့တယ်။ ပြီး ခဲ့တဲ့ မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း (တတိယအပတ်မှလွဲပြီး) နော်ဝေးနိုင်ငံ အော်စလိုမြို့ ပါလီမန် အဆောက် အဦရှေ့မှာ အဆိုတော် ကိုမွန်းအောင်နဲ့ သူ့မိတ်ဆွေတွေဟာ မြန်မာ့နိုင်ငံရေးအဖြစ်မှန်ကို နော်ဝေးပြည်သူများသိရှိရေးနဲ့ သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ ခု နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းထားမှုကနေ နောက်ထပ် စကာတင်အ ဆင့်ထိ နာမည်မတက်လာဖို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လက်မှတ်ထိုးတောင်းဆိုမှု ကင်ပိန်းတခုကို လုပ်ခဲ့ ကြတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဆိုတော် မွန်းအောင်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

အစိုးရသတင်းစာတွင် ဖေါ်ပြ ထားသော အသုံးအနှုန်း များနှင့် ပတ်သက်၍

(KIC)
(မောင်ကျော်စွာ(ဆောင်းပါး))
၂၈ မေ၊ ၂၀၁၃။

မြန်မာ့အလင်း၊ ကြေးမုံနဲ့ NLM တို့ဆိုတာ အစိုးရပိုင်သတင်းစာတွေ ဖြစ်ပါတယ်။ တိတိကျကျပြောရရင် (နဝတ-နအဖ) စစ်အစိုးရလက်ထက် ကတည်းက စစ်အစိုးရပိုင်သတင်းစာတွေ ဖြစ်တယ်။ အဲဒီ (နဝတ-နအဖ) စစ်အစိုးရပိုင်သတင်းစာတွေကို ယခု ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်း စိန်အစိုးရက အမွေဆက်ခံထား တာ ဖြစ်ပါတယ်။
အစိုးရပိုင်သတင်းစာဖြစ်တော့ သဘာဝကျစွာပဲ အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို တိုက်ရိုက် ထင်ဟပ်ဖေါ်ပြပါတယ်။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ (နဝတ-နအဖ) စစ်အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို တိုက်ရိုက် ထင်ဟပ်ဖေါ်ပြခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရရဲ့ သဘောထားရပ်တည် ချက်ကို တိုက်ရိုက် ထင်ဟပ်ဖေါ်ပြပါတယ်။

Tuesday, May 28, 2013

ဓါးပြတိုက်သော အစိုးရရဲနှစ်ဦး ရွာလူကြီး အား ပြန်လည်တရားစွဲရန် ခြိမ်းခြောက်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ရှိ မုတ်ကြိတ်ကျေးရွာတွင် ဓါးပြလာတိုက်သော အစိုးရ ရဲနှစ်ဦးကို ၀ိုင်းမော်ရဲစခန်းသို့သွားအပ်ခဲ့သော ရွာလူကြီးအား ပြန်လည်တရားစွဲရန် ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့တွင် မုတ်ကြိတ်ကျေးရွာ ဒေါ်နုတ်မျှော်တို့အိမ်တွင် ဓါးပြလာတိုက်သော မြစ်ကြီးနားမြို့ အမှတ် (၃၃) ရဲစခန်းမှ ဦးအောင်အောင်နှင့် ဦးမိုးလွင်ဦးကို မုတ်ကြိတ်ကျေးရွာမှ ဒေသခံ ၄ ဦးက ဖမ်းစီးပြီး မုတ်ကြိတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းခေါထံအပ်ခဲ့ရာ အုပ်ချုပ်ရေးမှူးမှ ၀ိုင်းမော်မြို့ရဲစခန်းသို့ သွားအပ်ခဲ့ကြောင်း ဒေသခံများပြောသည်။

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့ နှစ်ဘက်အားရ

(VOA)

မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၂၈ မေ ၂၀၁၃)

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရစစ်တပ်အကြား သေနတ်တစ်ချက်မှ မဖောက်ကြတော့ဘဲ အပစ်ရပ်တော့မယ်ဆိုတဲ့ သဘောတူညီချက်မျိုးထိ မရကြသေးပေမဲ့လည်း အခုအချိန်ထိ ဆွေးနွေးပြီးသမျှ ကျေနပ်မှု ရှိပါတယ်လို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ KIO/KIA တို့အကြား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့အပြီး အဲ့ဒီလို ပြောလိုက်တာပါ။ ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေရော၊ လေ့လာသူတွေကပါ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အတော်လေး အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ ပြောခဲ့ကြတာလည်း ဖြစ်ပါ တယ်။

မြစ်ကြီးနား ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နှင့် အကြံပြုချက်များ

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏
မြစ်ကြီးနား ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားပြီး တိုက်ပွဲများ ထောင်နှင့်ချီ၍ ပြန်လည် ဖြစ်ပွား  လာပြီးနောက် ပထမဆုံးအကြိမ် မိမိနိုင်ငံတွင်း ကျင်းပမည့် တွေ့ဆုံပွဲအတွက် မျှော်လင့်ချက်များနှင့် အကြံပြုလိုသည်များကို သိရှိနိုင်ရန် ကချင်ပြည်နယ်ရှိ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေး ခေါင်းဆောင် အချို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားရာ အလားအလာ ကောင်းသော တိုးတက်ဖြစ်ထွန်းမှုတရပ်အဖြစ် အများစုက ခြုံငုံ သုံးသပ်ကြသည်။

တရားဝင် ကျောက်စိမ်းဈေးကွက် ပေါ်ရေး၊ ဒေသခံများ ကြိုးပမ်းနေ

(Mizzima)

ကျောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် တရားဝင်ကျောက်စိမ်း ရောင်းဝယ်ရေး
ဈေးကွက်ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)အတွင်းရေးမှူး ဦးသောင်းကြည် ကပြောသည်။

၎င်းက “ကချင်ပြည်နယ်မှာရော ဖားကန့်မှာရော ကျောက်စိမ်း ထွက်တယ် ဒါပေမဲ့ အဲဒီဖားကန့်မှာ ထွက်တဲ
ကျောက်စိမ်းကို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို တရားဝင် သယ်ယူခွင့် မရသေးဘူး ၀မ်းနည်းဖို့
ကောင်းတာက ကိုယ့်ပြည်မှာ ထွက်ပြီး ကိုယ့်နိုင်ငံမှာ ဈေးကွက် မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ ကျင်းပသော ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ပထမရက် ဆွေးနွေးပွဲ၌ ဆွေးနွေးမှု မတင်မကျ ဖြစ်ကာ ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့တစ်ဝက်ဖြင့် ဆွေးနွေးပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦး အဖြစ်  တက်ရောက်  ခဲ့သူ ရှမ်းပြည်  တိုးတက်ရေး  ပါတီ  အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။   

“KIO ဖက် ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စကို အရင် ဆွေးနွေးပေးဖို့ တင်ပြခဲ့သလို အစိုးရ ကိုယ်စားလှယ် ဘက်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ပြုလုပ်သွားဖို့  ဆွေးနွေးခဲ့တာ တွေ့ရတယ်။ အဲဒါကြောင့် အမြင် မတူတဲ့အတွက် မတင် မကျနဲ့ နေ့တစ်ဝက်လောက်မှာ ဆွေးနွေးပွဲကို ရပ်ထား ခဲ့ရပါတယ်။ဟု ဆိုပါသည်။

မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကုလသမဂ္ဂ ကိုယ်စားလှယ် တက်ရောက်

(ဧရာဝတီ)

မြစ်ကြီးနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားကို KIO ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ – မေခ / ဧရာဝတီ)

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ယနေ့ စတင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ပထမဆုံးအကြိမ် တက်ရောက်လာပြီး တရုတ်နိုင်ငံမှ ကိုယ်စားလှယ်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သည်ကို မြင်တွေ့ရသည်။

ဝ၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ မွန် အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် နိုင်ငံခြား လေ့လာသူများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဖိတ်ကြားထားသူများဖြစ်သည်။

မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန် သမ္မတကို တောင်းဆိုမည်

(ဧရာဝတီ)

ကချင်ပြည်နယ်တွင်းရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ယုဇန ကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းများကို လုံးဝရပ်ဆိုင်းပေးရန် ဒေသခံ များက သမ္မတနှင့် ကချင်ပြည်နယ်အစိုးရသို့ တင်ပြတောင်းဆိုမည်ဟု Mungchying Rawt Jat(MRJ) ကွန်ရက်အဖွဲ့က ဧရာဝတီ သို့ ပြောသည်။

မြစ်ဆုံ စီမံကိန်းအပါအဝင် ရေကာတာစီမံကိန်း ၇ ခုအပြင် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေရှိ ယုဇနကုမ္ပဏီ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဒေသခံများကို ၂၀၁၀ ပြည့်နှစ်က စံပြကျေးရွာစခန်းများ တည်ဆောက်ပေးပြီး ပြောင်းရွှေ့စေခဲ့ သော်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သောက်သုံးရေနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ Excel Tower တွင်ပြုလုပ်သည့် MRJ အဖွဲ့၏ ရှင်းလင်းပွဲတွင် ဒေသခံများ ကိုယ်တိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြော ဆို ရှင်းလင်းသည်။

စံပြကျေးရွာ ပြောင်းသူများ အခက်ကြုံတွေ့

(DVB)

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ယုဇန ကုမဏီ ကနေ လုပ်ဆောင်နေတဲ့ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းတွေကြောင့် စံပြရွာတွေကို ပြောင်းရွှေ့ပေးရခဲ့သူတွေ အနေထိုင် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် မြစ်ဆုံဒေသက ကျေးရွာတွေကို မြစ်ကြီးနားမြို့နယ်က အောင်မြင်သာ၊ ၀ိုင်းမော်မြို့နယ်မှာ မလိယန်နဲ့ ဖားကန့်မြို့နယ်မှာ ရှထူးဇွပ် စံပြကျေးရွာတွေဆိုပြီး ပြန်လည် နေရာချထားခဲ့ပေမယ့် စံပြကျေးရွာနဲ့ မညီညွတ်ဘဲ နေရေးစားရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

ကိုယ်ပိုင်ချုပ်အုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်သက်ချက် မထားဟု ဆို

(Democratic Voice of Burma)

တိုင်းရင်းသားတွေ အားလုံးတောင်းဆိုတဲ့ တန်းတူ ရည်တူ အခွင့် အရေး ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြဌာန်းခွင့် ရရှိရေး၊ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ကန့်သက်ချက် မထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောဆို လိုက်ပါတယ်။

ဒီနေ့ မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုတို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဦးအောင်မင်းက အခုလို ပြောကြားလိုက်ပါတယ်။ 

ကချင် လူထု အပေါ် စော်ကားခြင်းလော ????


7 day daily သတင်းစာက ဖော်ပြချက်ဖြစ်ပါတယ်။
KIO ကို ကချင်လူထုက ကြိုဆိုပါတယ် ဆိုတဲ့ စကားလုံးကို သုံးရမှာ ၀န်လေးလို့ ဒီလို သုံးနှုန်းလိုက်တာလား ???

ကချင်ဒေသ ငြိမ်းချမ်းရေးခရီး

(ဧရာဝတီ)

ကချင်အရေး နောက်ဆုံးရ သတင်း သုံးသပ်ချက် - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးအောင်မင်း

နောက်ထပ် အစာမကြေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ KIO က မြန်မာနိုင်ငံအတွင်းမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ဆွေးနွေးပွဲတွေကို မကျင်းပလိုဘဲ ပြင်ပနိုင်ငံတွေမှာသာ ကျင်းပ ခိုင်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆိုးတာက ဆွေးနွေးပွဲ လေ့လာသူများအနေနဲ့ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့အား ထပ်ပြီး ထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဓိကတော့ KIO က ယုံကြည်မှု မရှိလို့ အဲဒီနိုင်ငံတွေကို အားကိုးခေါ်တာ ပေါ်လွင်တာကြောင့် အစိုးရအနေနဲ့ မကျေနပ်တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်ကို ခေါ်ရာမှာ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တယ်လို့ သတင်းများ ပေါ်ထွက်ခဲ့ပေမဲ့ တရုတ်အစိုးရက ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်။

THIS IS WE CALL KACHIN

(KBC MNK)

Hpa baw da aw...KIA/KIO gaw jinghpaw wunpawng myu sha ni yawng a Gawng malai nre ai nga ni..ya n dai zawn Myi hte hpra hpra mu sai n re ni..Pu Gang jang Sin Machyi chye dik ai kaw Kachin ngu ai ni lawm ai hpe prat tup dum nga mu yaw..


စစ်နှင့် ငြိမ်းချမ်းရေး ကချင်၏ အခန်းကဏ္ဍ

(Mizzima)

ကချင်ခေါင်းဆောင်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြသည့်အခါ၊ ဗဟိုအစိုးရက ဆက်လက်ဆောင်ရွက်နေ သည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်နိုင်မည် ဟု လူအများက မျှော်လင့်ချက် မြင့်မားနေကြပါသည်။ သို့သော် ဤကိစ္စအပေါ် ဝေဖန် ပြောဆိုနေကြသူ အများအပြားလည်း ရှိနေသေးသည်။

ပထမဆုံးအကြိမ်အဖြစ် မြန်မာပြည်တွင်း၌ ကျင်းပသော အစိုးရ ကိုယ်စားလှယ်များနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် စတင်ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှာ ဆွေးနွေးနေ

(RFA)

မြေမြုပ်မိုင်း ပြသနာသည် မည်သူ့ အပေါ်၌ တာဝန် ရှိသနည်း

(ရွှေဟင်္သာသတင်းဌာန)


နှစ်ရှည်လများ ဖြစ်ပွားနေသော ပြည်တွင်း စစ်ကြောင့် မြေမြုပ်မိုင်း ပြသနာသည် တိုင်းရင်းသား ဒေသလွယ်ကူစွာ ဖြေရှင်း၍ မရနိုင်သေးကြောင်း  Norwegian People’s Aid (NPA) အဖွဲ့မှ ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr.Andreas Indregard က ဆိုပါသည်။ 

“ မိုင်းရှင်းလင်းဖို့ အစိုးရနဲ့တော့ MOU စာချုပ် ချုပ်ထားပြီးပြီး။ ဒါပေမဲ့ မရှင်းနိုင်သေးဘူး။ ဒီကိစ္စမျိုးဟာ နှစ်ဖက် စလုံးဆီက ခွင့်ပြုမိန့်ရမှ

ဆွေးနွေးပွဲ မတိုင်ခင် မြင်ကွင်းများ

(RFA)

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မနောကွင်းတွင်ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သောဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အစည်းအဝေးခန်းမအတွင်း နေရာယူထားသည်ကို တွေ့ရစဉ်။


ကေအိုင်အိုခေါင်းဆောင်များ ဆွေးနွေးပွဲဆီသို့

(Jinghpawkasa)

အစိုးရနဲ့ KIO ဆွေးနွေးပွဲ အလားအလာ

(VOA)

မြစ်ကြီးနားမြို့မှာ ဒီကနေ့ အင်္ဂါနေ့မှာ စတင် ကျင်းပမယ့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ အစိုးရဘက်က မျှော်လင့်နေပေမဲ့ KIO ဘက်က ဆွေးနွေးလိုတဲ့ အချက်တွေနဲ့ မြန်မာအစိုးရဘက်က ဆွေးနွေးမယ့် အရာတွေဟာ တထပ်တည်း ကျပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း စောင့်ကြည်သူတွေအကြားမှာ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အစည်းအဝေးကျင်းပမယ့် မြစ်ကြီးနားမြို့က လုံခြုံရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေကို သိရအောင်လို့ အဲ့ဒီမှာ သတင်းယူဖို့အတွက် ရောက်နေတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း ကို မကြာသေးခင် အချိန်ပိုင်းက မေးမြန်းကြည့်ခဲ့ပါတယ်။
 

ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်လာသည့် KIO ကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်များ ကြိုဆို

(ကချင်သတင်းဌာန)


ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက်  မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကို ကြိုဆိုသည့် ပြည်သူလူထုအင်အားကို ကြည့်ခြင်းအားဖြင့် KIO သည်ပြည်သူလူထု အတွက် ကိုယ်စားမပြုဟု ပြောခဲ့သည့် အစိုးရတို့မှ အဖြေရသွားသည်ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

“အစိုးရတွေ အရမ်းအံ့သြတယ်။ ဒီပြည်သူလူထုတွေ မထက်မှတ်ပဲနဲ့ အောင်မြေသစ် ကနေ စီတာပူ ထိ ဆီးကြိုလို့ အရမ်းအံ့ကြတာဟုတ်တယ်။ KIO က ပြည်သူလူထုအတွက် ကိုယ်စားမပြုဘူးလို့ပြောတာ ဒီနေ့တော့ သူတို့အဖြေရသွားတဲ့သဘောပဲ။”