Saturday, May 25, 2013

ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို

(RFA)

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ကြပါတယ်။

လာမယ့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲမှာ ကျန်တဲ့တိုင်းရင်းသားအရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ လက်မှတ်ရေးထိုးရာမှာပါဝင်တဲ့ ဦးစိုင်းထိန်လင်းက RFA ကို ပြောပါတယ်။

ဆွေးနွေးပွဲအကြို မြစ်ကြီးနား လုံခြုံရေး

(VOA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မကြာခင် ရက်ပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့  ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအတွက် ဒေသတွင်းမှာ မြန်မာစစ်တပ်ဘက် လုံခြုံရေးထူထူထပ်ထပ် ချထားပြီး ကချင်ကေအိုင်အိုဖက် ကလည်း ရှေ့ပြေးပွိုင့်တွေ ဝင်ရောက်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ နှစ်ဘက်ပြင်ဆင်နေကြချိန်မှာလည်း စစ်ရေးတင်းမာမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
အခုလာမယ့် မေလ ၂၈ရက်နေ့မှာ စတင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပမယ့်ပွဲဖြစ်ပါတယ်။  ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ပထမဆုံး တွေ့ဆုံကြမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တရုတ်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့က လာရောက် လေ့လာကြမှာလည်းဖြစ်တဲ့အတွက်လည်း ဒီဆွေးနွေးပွဲမှာ လုံခြုံရေးဟာ  သိပ်ကိုအရေးကြီးတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

ALD က ပင်လုံမူ၊ ဖက်ဒရယ် ပြည်ထောင်စုဖြင့် တိုင်းရင်းသားအရေး ဖြေရှင်းစေလို

(Mizzima)

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုရေးရာ ပြဿနာများကို ၁၉၄၇ ခုနှစ်၊ ပင်လုံမူကို အခြေခံကာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)က ပြောဆိုလိုက်သည်။

စနေနေ့ နံနက်ပိုင်းက စစ်တွေမြို့တွင်ပြုလုပ်သည့် မြို့မိမြို့ဖများနှင့် ALD တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်တွင်း၌ ပထမဆုံးအကြိမ်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုံခြုံရေး ကချင်လူငယ်များတာဝန်ယူ

အမွန်း (မြစ်မခ)

ပထမဆုံး အကြိမ်  ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး  ဆွေးနွေးပွဲအတွက် ကေအိုင်အိုမှ ရှေ့ပြေးသဘောမျိုးဖြင့် မြစ်ကြီးနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
 
ကေအိုင်အိုမှ ရှေ့ပြေး(၅)ဦးသည် နည်းပညာရှင်များဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် မနောကွင်းမဂျွယ်ခန်းမ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးညှို့နှိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

တရုတ်မျိုးဟေ့ ဒို့ဗမာ … အရေးတော်ပုံ အောင်ပါစီ

(မိုးမခ)

ကာတွန်း စောငို – တရုတ်မျိုးဟေ့ ဒို့ဗမာ … အရေးတော်ပုံ အောင်ပါစီ
မေ ၂၅၊ ၂၀၁၃

ပထမဆုံး ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO မှကြိုရောက်

(Mizzima)

ပထမဆုံးကြိမ် ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှု အတွက် (KIO) မှ တိုက်ပွဲကာလ ၂ နှစ်ပြည့်ရန် ရက်ပိုင်းအလို မေလ ၂၄  ရက် ညနေပိုင်းတွင် မြစ်ကြီးနား
မြို့သို့ ကြိုတင်ရောက်ရှိခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၈ မှ စ၍
ဆွေးနွေးပွဲစတင်မည်ဖြစ်ကြောင်း Peace Talk Creation Group ( PCG ) မှ အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

Friday, May 24, 2013

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့၏ သဘောထားထုတ်ပြန်ချက်

KIO/KIA DAT KASA NI HPE MYU SHA NI WU WU DI DI HKAP TAU NA HKYEN

(Jinghpawkasa)

May (28) ya shani Myitkyina Muklum, Manau Wang Majoi Gawknu kaw galaw na Wunpawng Mungdan Shanglawt Asuya KIO/KIA hte Myen asuya ni a hkrum zup bawngban hpawng de du sa wa na KIO Ningbaw Ningla, Dat Kasa ni hpe Myitkyina hte Waimaw ginra kaw na Jinghpaw Wunpawng mungshawa ni wu wu di di hkaptau hkalum la na lam shiga na lu ai. Ndau zawn  Wunpawng Mungdan Shanglawt Asuya KIO/KIA dat kasa ni hpe hkap tau na lam hta buga masha n kau mi kawn hkrit tsang ai lam ni nga ai lam na chye lu ai. N dai zawn hkrit tsang ai lam gaw buga masha ni KIO/KIA dat kasa ni hpe wu wu di di hkap tau hkalum la ai hpe myen hpyen ni kawn media kawn shanhte ra ai hku mungkan de bai gale ndau kau ya na hpe tsang ai lam re hpe na chye lu ai.

DUNG (36) GINRA HU NA KAW GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sam Mung daju KIA Dap Ba (4) npu Dung (36) ginra Hu Na mare kaw KIA myu tsaw share ninghkring ni hte myen tai hpyen ni May (23) ya shani gap gasat lai wa sai lam shiga na chye lu ai. Myen hpyen asuya a hk-l-y (126) ni hte KIA Dung (36) na myu tsaw share ninghkring ni gap gasat lai wa ai re lam hpe na chye lu ai.

အစိုးရတပ်နှင့် KIO မုန်ဂိုးဒေသတွင် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ ၄ နယ်မြေ၊ တပ်ရင်း ၃၆ မုန်ဂိုးဒေသတွင် မြန်မာအစိုးရတပ်နှင့် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung-MHH) ကြား မေလ ၂၃ ယမန်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

အင်အား ၅၀ ကျော် အစိုးရတပ် ခလရ ၁၂၆ စစ်ကြောင်းသည် KIO ပြည်သူ့စစ် (MHH) တပ်များရှိရာ မုန်ဘော် အနီး ဝယုန် (Wa Yung) ရွာဟောင်းသို့ စစ်ဆင်လှုပ်ရှားလာစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KIA စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

အဆုံးမဲ့ ပွင့်လင်းလျှို့ဝှက်တဲ့ မူးယစ်မှောင်ခိုလောက

(ဧရာဝတီ)

အချိန်က ည ၇ နာရီ ခန့်။ နေ၀င်သွားပြီဖြစ်လို့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အမှောင်ထု ဖုံးလွှမ်းလာတယ်။ ချင်းမိုင် ပြည်နယ် ဖန်ခရိုင်ကို သွားတဲ့ လမ်းဘေးနားက  တောင်ပေါ် တိုင်းရင်းသား ကျေးရွာတခုမှာ ကျနော်တို့ကား ရပ်လိုက်တယ် ဆိုရင်ပဲ အသက် ၁၃ နှစ်ကနေ  ၁၇ နှစ်အရွယ်ရှိတဲ့ ဆယ်ကျော်သက် လူငယ်တစု ကားနားကို ရောက်လာကြတယ်။

ကားပြတင်းမှန်တံခါးကို ဆွဲချလိုက်တာနဲ့ ဆယ်ကျော်သက်လူငယ်တွေက တုံ့ဆိုင်းမနေဘဲ  “အစ်ကို ဘာလိုချင်လဲ” ၊ “ဘယ်လောက် လိုချင်လဲ”လို့  အဆက်မပြတ် မေးခွန်းထုတ်တယ်။

“ဘာရှိလဲ” ဟု ကျနော်မေးလိုက်ချိန်မှာတော့ လူငယ်တဦးက  ဒေသအခေါ်  ရာဘ လို့ လူသိများတဲ့ မက်သာအဖက်တမင်း (Methamphetamine) စိတ်ကြွဆေး အထုပ်ကလေးတထုပ်ကို ထုတ်ပြတယ်။

ကချင် ဒုက္ခသည် ကလေးများ ကျောင်းဆက်တက်ရန် ခက်ခဲနေ

(ဧရာဝတီ)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။

ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။

ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။

Thursday, May 23, 2013

KIO မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်း ဖွင့်လှစ်တော့မည်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်ပိုင် တက္ကသိုလ်ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

KIO မှ တိုက်ပွဲကြောင့် ထွက်ပြေးသိမ်းရှောင်နေသော ဒုက္ခသည်ကလေးများနှင့် KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းကျောင်း အောင်မြင်သူများအတွက် ရည်ရွယ်ပြီး ယခုနှစ်မှစကာ တက္ကသိုလ်ကျောင်းဖွင့်လှစ်သွားရန် ဗဟိုကော်မတီမှ အစည်းအဝေးပြုလုပ်နေကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ပြသနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော



(သျှမ်းသံတော်ဆင့်)


ဒီကနေ့ MPC ရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်၊ အစိုးရရယ် ဒီအဖွဲ့အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆနမရှိဘူး၊ လှည့်လိုက် ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်း စစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ 

မြန်မာ အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား လူမျိုးစုငယ်များအပေါ် သပ်လျှိုသွေးခွဲကာ အပေါ်စီးမှ ချုပ်ကိုင် အုပ်ချုပ်ခဲ့သလို လက်ရှိ သမတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း အဆိုပါ နည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ကြောင်း တရုတ် နယ်စပ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

ယခုလ ၁၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥကဌ ဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန်ဆန်းမြို့တွေ့ဆုံခဲ့စဉ် UWSA  က ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့် တောင်းဆိုလိုက်သည့်အပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇောအား သီးခြားတွေ့ဆုံ မေးမြန်းရာတွင် သူက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

အပစ်ရပ်ခြင်းသည် လယ်ယာမြေသိမ်းယူရန် ကူညီပံ့ပိုးရာရောက်



အပစ်ရပ်၍ ငြိမ်းချမ်းရေး   ဖော်ဆောင်ခြင်းသည် လယ်ယာမြေ သိမ်းယူရန် လွယ်ကူအောင် တွန်း အားပေး ကူညီပံ့ပိုးရာ ရောက်နေကြောင်း နယ်သာလန် အခြေပြု Transnational Institute (TNI)၊ Burma Centrum Nederland (BCN) အဖွဲ့အစည်းတို့က ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်သည့် လယ်ယာမြေကိစ္စ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ပါသည်။

“အပစ်မရပ်ခင် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အစိုးရက ကုမ္မဏီတွေကို အားပေးပေမဲ့ စီးပွားရေး မလုပ်နိုင်ဘူး။ အပစ်ရပ်ရင် တိုက်ပွဲတွေ မရှိတော့ ကုမ္မဏီတွေ စီးပွားရေးလုပ်ဖို့ ပိုလွယ်လာတယ်။ အစိုးရကလည်း ကူညီပံ့ပိုးတာကြောင့် ပိုပြီး အဆင်ပြေ ချောမွေ့လာတယ်။”

“မြန်မာပြည်မှာ ဘယ်သူ အာဏာရှိတယ်ဆိုတာ... အမေရိကန်က သိတယ်”

(Mizzima) (စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် အင်တာဗျူး)

ရာစုနှစ် တဝက်ခန့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အဆက်ပြတ်ခဲ့ရသည့် မြန်မာနှင့် အမေရိကန်တို့ ဆက်ဆံရေးမှာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုလိုက်ပြီးနောက်ပိုင်း လှုပ်ရှားထကြွလာကာ သံတမန် ဆက်ဆံရေးမှသည် နိုင်ငံ့အကြီးအကဲချင်း အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်များအထိ
ခြေဆန့်လာနိုင်ခဲ့ပြီ ဖြစ်သည်။

သမ္မတ ဘားရက် အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ငါးရက်ကြာ သွားရောက်ခဲ့
သော သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံး ဝန်ကြီးနှစ်ဦးအပြင် အခြား အရေးပါလှသော ဝန်ကြီးများလည်း လိုက်ပါသွားခဲ့ကြသည်။

MAHTAI TAM AI KUN? HPAILA TAM AI KUN?

(Jinghpawkasa)

Daini ram ram galu mat wa nga ai myen mungdan a mungmasa dinghku majan manghkang gaw, ta’tut woi awn taw nga ai myen asuya ban hte ban RAP’RA ai ahkaw ahkang ngu ai a ntsa e madung tawn nna MAHTAI TAM na malai, mara tam nna hpyen n-gun hte hkrai hparan mayu taw nga ai majaw re.

ဦးတေဇ နဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ

(ဧရာဝတီ)

အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့၏ လာမည့် အင်္ဂါနေ့ မြစ်ကြီးနားမြို့ဆွေးနွေးပွဲသည် အေးအေးဆေးဆေး အခြေအနေများနှင့် အဆုံးသတ်နိုင်ဖွယ် ရှိနေသည်။

၂၀၀၇ နှစ်ကုန်ပိုင်းကတွေ့ရသော ဦးတေဇ နှင့် သားနှစ်ဦး (ဓာတ်ပုံများ - ဧရာဝတီ)

နှစ်ဘက်တွေ့မည့် စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် လေအေးစက်များ တပ်ဆင်ရန် အချမ်းသာဆုံး မြန်မာ့ လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးတေဇက အကူအညီပေးထားကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးစန်းအောင်ထံမှ သိရသည်။

ဗမာစစ်သားများ၏ မဒိမ်းကျင့်ခံရသော မချာဆီးဟဲ့၏ ထွက်ဆိုချက်

(Jinghpawkasa)

ကချင်ပြည်နယ် ပူတာအိုဒေသ အခြေစိုက် ဗမာစစ်တပ်မတော်မှ လီဆူးအမျိုးသမီး (၃) ဦးအား အဓမ္မဖမ်းဆီးခေါ်ဆောင်ကာ (၃) ည (၄) ရက် နေ့စဉ်ညဆက် စော်ကားပြုကျင့်ကြကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ပူတာအိုဒေသ၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံ ဘုရားပွဲကျင်းပစဉ် နိုင်ငံတော်အစိုးရ တပ်မတော် (မုဒိန်းတပ်မတော်) မှကျေးရွာသူ (၃) ဦးအား ၂၄.၂.၂၀၁၃ တနင်္ဂနွေ ညနေပိုင်းတွင် မူလာရှီးဒီးကျေးရွာသူ လီဆူအမျိုးသမီးများဖြစ်ကြသော မဆော်ဆာနာ၊ မချာဆီးဟဲ့၊ မလယ်မယ်နာတို့သုံးဦးသည် သုံးဘီးကားဖြင့် ကောင်းမှုလုံဘုရားပွဲသို့ သွားခဲ့ရာပွဲခင်းလှည့်ပြီး အပြန်ခရီးမှာ သုံးဘီးမရှိသဖြင့် ခြေကျင် လျှောက်ပြန်ခဲ့ကြကြောင်း၊ ထိုစဉ် ဗမာတပ်မတော်သားများဖြစ်ကြသော ဦးရင်တန်နှင့် ဦးအောင်မျိုးထိုက်၊ ဦးပြည့်ဖြို့နှင့် အဖော်တစ်ယောက်တို့မှ ဆိုင်ကယ်ဖြင့်ပို့ပေးမည်ဟု လိမ်လည်ခေါ်တင်ကာ တစ်တပ်လုံးမှ အဓ္မမ မုဒိန်းကျင့်မှုများ ပြုကျင့်ကြသောကြောင့်ဒေသခံများနှင့် လီဆူအမျိုးသားများက တပ်မတော်ကို အငြိုးအတေးဖွဲ့ မကြေနပ်မှုများ ပြင်းထန်နေကြကြောင်း သိရှိရပါသည်။ ၎င်းဖြစ်စဉ်အားလုံးကို မချာဆီးဟဲ့မှ ထွက်ဆို တိုင်ကြားထားခြင်းကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်ကန့်ကွက်၍ လေ့လာသူများအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်နိုင်

(Eleven Media Group)

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်၏ ကန့်ကွက်မှုကြောင့် အမေရိကန်နှင့် ဗြိတိန်တို့မှ ကိုယ်စားလှယ်များ ပါဝင်နိုင်ခြင်း မရှိဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။        

သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် တရုတ်အစိုးရတို့၏ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ "US  နဲ့ UK ပါရင် ခိုင်မာတဲ့ ကတိက၀တ်တွေ ရမယ်လို့ ကေအိုင်အိုဘက်ကလည်း အာမခံလို့ ရသလို ကျွန်တော်တို့ PCG အနေနဲ့လည်း အာမခံလို့ ရပါတယ်။ အခု UN နဲ့ တရုတ် ပါမယ်ဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ခရီးဆက်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့" ဟု ဦးဆန်းအောင်က ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲကြောင့် သေဆုံးခဲ့ရသည့် န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်၏ ဖခင်အား မမှန်မကန် တိုင်ကြားမှုဖြင့် ဖားကန့်တရားရုံးတွင် စစ်ဆေးနေ

(Eleven Media Group)

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲနှင့် လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပန်ကြားစာများ ပေးပို့ခဲ့သူ ဦးဘရန်ရှောင်အား ဖားကန့်မြို့ စစ်ဗျူဟာမှူးက မမှန်မကန် တိုင်ကြားမှုဖြင့် အမှုဖွင့် တရားစွဲဆိုမှုကို မေ ၂၀ ရက်က ခြောက်ကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဒေါ်လာသန်း ၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဘန်ကောက်တွင် ဖမ်းဆီးရမိ

(Eleven Media Group)

"၀" အဖွဲ့မှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ဘတ်သန်း ၁၅၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၁ ရက်က ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Wednesday, May 22, 2013

ပင်လုံ ကတိကဝတ်များ ထည့်သွင်းစဉ်းစားရန် ကချင်အတိုင်ပင်ခံ သဘောထားရှိ

(Mizzima)

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တွေ့ဆုံဆွေးနွေးရာတွင် ပင်လုံ ကတိကဝတ် များ ထည့်သွင်း ဆွေးနွေးရန် ကချင်အတိုင်ပင်ခံအဖွဲ့ (WMR) ၏ သဘောထားကို ယနေ့ ထုတ်ပြန်လိုက်သည်။

ကချင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ ကချင်တိုင်းရင်သား လူမျိုးပေါင်းစုံမှ ခေါင်းဆောင် အပါ အဝင် ၄၄ ဦးတို့ မြစ်ကြီးနားမြို့တွင် ဆွေးနွေး၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KIO နှင့် အစိုးရ ဆွေးနွေးပွဲ၌ ထိရောက်မှု ရှိစေရန် ကချင်အဖွဲ့များ လိုလား

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျင်းပရန် ရှိသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့၏   ဆွေးနွေးပွဲတွင် နိုင်ငံတကာ ကြားနေ အဖွဲ့ အစည်းများ တက်ရောက်ခွင့် ပေးရန် ကချင် အမျိုးသားများ အတိုင်ပင်ခံ ကောင်စီမှ တောင်းဆို လိုက်ကြောင်း အတွင်းရေးမှူး ဖြစ်သူ ဆရာ ဂမ်အောင်က ဆိုပါသည်။
  
“တစ်လျှောက်လုံးဘဲ အစိုးရနဲ့ တိုင်းရင်းသား တွေရဲ့ သဘော တူညီချက် စာချုပ် တွေက ပြီးရင် ပြီးသွား တာပဲ များတယ်၊ နောက်ပိုင်းမှာ ပျက်ပျက် သွားတာ ချည်းပဲ၊ အဲဒါကြောင့် နိုင်ငံကြီးတွေကနေ  ကြားနေ အဖွဲ့တွေ ပါရင်တော့ တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး အဖြေ တစ်ခု ရလိမ့်မယ်လို့ ကျွှန်တော်တို့ ရှူ့မြင်ပါတယ်” ဟု ဆိုပါသည်။

ယင်းတောင်းဆိုမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ကချင် အမျိုးသားများ အတိုင်ပင်ခံ ကောင်စီ ရုံး၌ ၁၉၉၀ ရွေးကောက်ပွဲဝင် ကချင် ကိုယ်စားလှယ်များ၊ ကချင် ရိုးရာ ယဉ်ကျေးမှု (ဗဟို) အဖွဲ့၊ ကချင်ပြည်နယ်တွင်းရှိ လူမျိုးစု အဖွဲ့များ၊ ဘာသာ ပေါင်းစုံမှ ကိုယ်စား လှယ်များက ကြေညာချက် ထုတ်ပြန်ပြီး ယနေ့ပင် တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။  

ကချင် စစ်ပြေး ဒုက္ခသည်များ ထောက်ပံ့မှု အခက်အခဲဖြင့် ရပ်တည်နေရဆဲ

(ရွှေဟင်္သာသတင်းဌာန)

ကချင် ပြည်နယ် အတွင်း  ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နှင့် အစိုးရ တပ်ဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြသော ကချင် စစ်ပြေး ဒုက္ခသည်များသည် ထောက်ပံ့မှု အကန့်အသတ် အခက်အခဲနှင့်သာ ရပ်တည် နေရဆဲ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆားက ဆိုပါသည်။ 

“ပြည်ပ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးဖို့က အစိုးရကို ဖြတ်ပြီးမှ လာရတယ် ဆိုတော့ အစိုးရဘက်က ခွင့်မပြု ဘဲနဲ့ ဘယ်လိုမှ လာလို့ မရဘူးလေ။ အဲဒါကြောင့် ယနေ့အထိ ပြည်တွင်းမှာ ရှိတဲ့ NGO အဖွဲ့တွေရော  ပြည်ပက NGO အဖွဲ့တွေကပါ ပေးတဲ့ အကူအညီတွေ ကနေ့ အထိ မရသေးဘူး၊ ဒါကြောင့် ၀မ်းမ၀ဘူး ဖြစ်နေတယ်” ဟု ဆိုပါသည်။

တိုက်ပွဲသည် ၂ နှစ်ခန့် ရှည်ကြာ လာခဲ့သဖြင့်  ကချင် စစ်ပြေး ဒုက္ခသည် ပေါင်း ၁ သိန်းကျော် ရှိလာပြီး ၃ ပုံ ၂ ပုံသည် KIO ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ နေထိုင်ကြပါသည်။ ကျန်ရှိသည့် ဒုက္ခသည် များမှာ အစိုးရ ထိမ်းချုပ်သည့် မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများ အတွင်း၌ နေထိုင် ကြပါသည်။

ရှမ်းမြောက် KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေ

(ကချင်သတင်းဌာန)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေး   တွေ့ဆုံဆွေးနွေးရန်ရှိသော် လည်း ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေဆဲ ဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ယမန်နေ့ မုန်ဂိုးဒေသ မုန်ဘော် (Mung Baw) ပြည်သူ့စစ်တပ်တွင် အစိုးရစစ်အင်အား ၅၀ ကျော်ရောက်ရှိနေပြီး ပန်ဆိုင်း(ကြူကုတ်)နှင့် မူဆယ်ဘက်သို့ အင်အား ၇၀ ကျော်ရောက်ရှိနေကြောင်း မျက်မြင် ဒေသခံများပြောသည်။

RAM AI NGU NA KUN?

(Jinghpawkasa)

LAGANG:- Lai wa sai 11-12 April 2013 shani KIO hte Myen gaw Miwa salang ni shang lawm ai hte Shweli kaw hkrum bawng wa ai rai yang, Miwa a lai hpe n ra sharawng ai lam Myen maga de aja awa tsun garu wa masai. Dai hpang ndai May 6 ya shani Myitkyina kaw hkrum bawngban na zuphpawng hta mung UN, USA, UK, Miwa ni shang madat lawm na matu myit hkrum nna hkyen lajang tawn masai. Raitim, amyu myu jahpai masu nna Myen maga na ni zuphpawng hpe dawm kau masai. Madung gaw Myen ni ra sharawng ai mahkrun de shang wa hkra jahtuk la ai ladat rai nga ai. Mungdan kaba ni a ntsa kaw ndai zawn galaw lu ai hpe “ram ai ngu na kun” Ngai gaw ndai lam hte seng nna myit ung-ang mat re sai. De a ntsa salang nan gaw gara hku mu ai law?

ဖားကန့်မှာ ကျောက်စိမ်းတွင်းပြို ၃ ဦး သေဆုံး

(RFA)

ကချင်ပြည်နယ်၊ဖားကန့်ဒေသကစိမ်းလဲ့အောင် ကျောက်စိမ်းလုပ်ကွက်မှာဒီကနေ့မနက်ပိုင်းက ကျောက်စိမ်းတွင်းတွေမှာ မြေပြိုမှုဖြစ်ပွားခဲ့တဲအတွက် ကျောက်စိမ်းတူးဖော်နေသူ ၃ ဦး သေဆုံးပြီး၊ ၁ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်စိမ်းတူးဖော်သူတွေဟာ တောင်ခြေကနေ လှိုဏ်ခေါင်းတူးပြီး ကျောက်စိမ်းရှာဖွေစဉ် တောင်ပေါ်ကမြေတွေက တဖြည်းဖြည်းနိမ့်ဆင်းလာပြီး ပြိုကျခဲ့တာလို့ ဒေသခံတစ်ဦးက RFA  ကို ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး

(ဧရာဝတီ)

အစိုးရနှင့်  ကေအိုင်အိုဆွေးနွေး ပွဲကို မေ ၂၈ ရက်တွင်  မြစ်ကြီးနားမြို့၌   တွေ့ဆုံရန် စီစဉ်ထားသော် လည်း နှစ်ဖက်တွေ့ဆုံမည့်သူနှင့် ဆွေးနွေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ တရားဝင် ပြောကြားနိုင်ခြင်း မရှိသေးသောကြောင့် ဆွေးနွေးပွဲအတွက် အားတက် စိတ်လှုပ်ရှားစရာ မမြင်ရသေးပေ။

ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆိုင်တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုအကြိမ်မှာ သတ္တမ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

(Eleven Media Group)

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း သိရသည်။

မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ" ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Tuesday, May 21, 2013

လက်နက်ကိုင် တိုင်းရင်းသားများ ပါဝင်နိုင်သည့် KIO နှင့် အစိုးရ ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

လာမည့် မေလ၂၈ ရက်နေ့ ကျင်းပရန် ရှိသော ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့၏ တွေ့ဆုံဆွေးနွေး ပွဲတွင် လက်နက်ကိုင် တိုင်းရင်းသား ပေါင်းစုံ ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကဆိုပါသည်။  

ဒီတွေ့ဆုံပွဲမှာ UNFC အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်တွေ မဟုတ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ တို့လို မိုင်းလား အဖွဲ့ ပြီးတော့ RCSS အဖွဲ့တွေ လိုမျိုးပေါ့ ပါကြမယ်လေ။ ဒီအဖွဲ့တွေလည်း ပါလာတယ် ဆိုတော့ မြစ်ကြီးနားမှာ တွေ့ဆုံ ကြမည့် ပွဲကို ကျနော်တို့ သဘောတူ လက်ခံ လိုက်ပါတယ်။ဟု ဆိုပါ သည်။

အစိုးရနှင့် KIO ဆွေးနွေးပွဲ ကုလ အထူးကိုယ်စားလှယ် တက်ရောက်မည်

(Mizzima)

မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း ကချင်အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

“မစ္စတာ နမ်ဘီးယားနဲ့ သူ့အောက်က Marian တို့ ပါမယ်။ အမေရိကန်တွေတော့ အစိုးရက မပါခိုင်းဘူး။ ခုတော့ စမ်းသပ်တဲ့သဘောပဲ။ ကုလ ပါတယ်ဆိုရင် အစိုးရဘက်က ဘယ်အတိုင်းအတာထိ လိုက်လျော
ပေးနိုင်မလဲ။ အဲဒီအပေါ် မူတည်မယ် ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနား တွင် တွေ့ဆုံမည်

(ကချင်သတင်းဌာန)

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့် မြစ်ကြီးနားမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ် ပြန်လည်တွေ့ဆုံမည့် အစိုးရနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် KIO ဘက်မှ ဖိတ်ခေါ်ထားသော နိုင်ငံတကာ လေ့လာသူအဖြစ် တရုတ်အစိုးရနှင့် US၊ UN၊ UK တို့မှ US နှင့် UK တို့ တက်ရောက်နိုင်မည် မဟုတ်သောကြောင့် ၎င်းတို့အစား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့တို့ကို KIO မှ ပြန်လည် ဖိတ်ခေါ်လိုက်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

ကျောင်းဖွင့်ချိန်နီး၍ ကချင်ဒုက္ခသည် ကလေးများအတွက် ကျောင်းနှင့် ဘော်ဒါဆောင်များ လိုအပ်

(Mizzima)

၂၀၁၃-၁၄ ပညာသင်ကာလ စတင်တော့မည်ဖြစ်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည် ကလေးများ၏ ပညာရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒုက္ခသည်များအား ကူညီနေသော အဖွဲ့များက ပြောသည်။

ဇွန်လမှာ ကျောင်းဖွင့်တော့မည် ဖြစ်၍ ကျောင်းအဆောက်အအုံနှင့် ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Wunpawng Ninghtoi-WPN)မှ တာဝန်ခံ ဒေါ်မေရီတောမ် က မဇ္စျိမကို ပြောသည်။

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ



ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ အခြေစိုက် ABSDF (မြောက်ပိုင်း) ကိုယ်စားလှယ်အား အစိုးရဘက်မှ  လမ်းခရီးကိစ္စ တာဝန်မယူနိုင်ဟု  အကြောင်းကြားခဲ့သဖြင့် ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် နှစ်ဘက်ဆွေးနွေးပွဲသို့ မြောက်ပိုင်းကိုယ်စားလှယ် လိုက်ပါ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည် ။

KIO နှင့် အစိုးရ ဆွေးနွေးပွဲ ကုလသမဂ္ဂကိုယ်စားလှယ် တက်မည်

(ဧရာဝတီ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယား တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအကြိမ် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်ပြည် ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပါဝင်လာမှုကို တရုတ်က စိုးရိမ်သောကြောင့် ဆွေးနွေးပွဲများ ခရီးမတွင်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ဝ တပ်ဖွဲ့  ၏ စစ်ရေးလှုပ်ရှားမှု သတင်း နှင့် ဓာတ်ပုံများ (Update)

(FNG)

ပြည် နယ် တောင်းဆို ထား သည့် ၀တပ် ဖွဲ့  (UWSA) ၏ စစ်ရေး မှတ်တမ်း နှင့်လှုပ်ရှား မှု များ မှ FNG က ရရှိ ထား သည် များ အနက် အချို့  ကို  ဖော်ပြ လိုက် ပါသည်။

ဓာတ်ပုံ များ ကို ယေဘုယျ ဖော်ပြထား မှု များ မှာ အောက်တွင် ဖြစ်သည်။  

 
လွန်ခဲ့ သည့် ငါး နှစ် ခန့်  က ဥရော ပ ၊ အမေရိကန် ၊ ဂျပန် မော်တော် ကား အချို့  (တရုတ် နိုင်ငံမှ) ကို ၀ နယ် မြေ မှ ဖြတ် သန်း ပြီး မြန်မာ စစ် ဗိုလ် ချုပ် များ သွင်း ယူခဲ့ သည့် မော်တော် ကားများ ။ 

Monday, May 20, 2013

မြန်မာအစိုးရနှင့် KIO တပ်များ ရှမ်းမြောက် မုန်ဂိုးဒေသသို့ တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

မြန်မာအစိုးရတပ် သည် ရှမ်းပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက် တိုးချဲ့နေသလို တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မတ်လ ၁၈ ရက် မနက်ပိုင်းတွင် KIO ပြည်သူ့စစ် (Mungshawa Hpyen Hpung - MHH) တပ်ခွဲ (၅) တပ်ဖွဲ့များ ရှိသည့် ပန်ဆိုင်း (ကြူကုတ်) ဘက်သို့ မုန်လုံ (Mung Lung) ဘက်မှ တက်လာသော အစိုးရစစ်အင်အား ၇၀ တို့နှင့် ဖိုင်ကောင်း (Hpai Kawng) နှင့် မံဂျေ (မံစီ)ကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြေင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်း က ပြောသည်။

စစ်ပြင်ဆင်မှု ကြားထဲက KIA နှင့် အစိုးရ ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့များသည် ကချင် လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ်  တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ ချထား လာနေသဖြင့် သဘော တူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက် သွားဖွယ်ရာ ရှိနေကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။
“တွေ့ဆုံပွဲက မေလ ၂၅ ရက်နေ့လဲ ပြောတယ်။ ၂၈ ရက်နေ့လဲ ပြောနေကြတယ်။ ကျနော့် အမြင်က ဖြစ်လာနိုင်ချေ နည်းလာနေတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရ ကားတန်းတွေ မန္တလေး ကနေ ကသာ- ဗန်မော် နဲ့ မြစ်ကြီးနား ဘက်ကို တက်လာနေတာ တွေ့နေရတယ်။ ဒါတောင် မကဘူး မြစ်ကြီးနား မြို့မှာလဲ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားတယ် ဆိုတော့ KIA ကို ဖိအားပေး သလို ဖြစ်နေမလားပေါ့” ဟု ဆိုပါသည်။

KIO နှင့်တွေ့ဆုံပွဲတွင် နိုင်ငံတကာ လေ့လာသူများ မဖိတ်ခေါ်နိုင်

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် လာမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့တွင်
တွေ့ဆုံမည့်ပွဲသို့ အစိုးရ နိုင်ငံတကာ လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ သတင်းရရှိသည်။

ငြိမ်းချမ်းရေးစင်တာမှ အဖွဲ့ဝင် ဦးလှမောင်ရွှေက “လေ့လာတဲ့သူတွေကတော့ တဖက်က အဖွဲ့အစည်းတွေဘက်က ဖိတ်တယ်လို့ ဝန်ကြီးအနေနဲ့ လက်ခံပါတယ်။ ကချင်ဘက်က ဖိတ်တဲ့လူတွေ ပါမှာဘဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဘက်ကတော့ လုံးဝ အတိအကျကြီး ဖိတ်ထားတာ မရှိပါဘူး”ဟု ပြောသည်။

မီးစတဘက် ရေမှုတ်တဘက်ပေါ်လစီကြောင့် ပြည်ထောင်စု တစစီ ပြိုကွဲနိုင်



သက္ကရာဇ် ၂၀၁၃ မေလ ၉ ရက်နေ့တွင်ဖြစ်ပွါးသော နမ့်ခမ်းမြို့နယ်အခြေစိုက် RCSS/SSA စစ်စခန်း ၇၀၁ အတိုက်ခံရခြင်းအပေါ် သုံးသပ်ခြင်း။

၁။ နမ့်ခမ်းမြို့နယ် အခြေစိုက် RCSS/SSA စစ်စခန်း ဘာကြောင့်တိုက်ခိုက်ခံရသလဲ ။

(က) SSA တပ်စခန်းအတိုက်ခံရခြင်းမတိုင်မှီ ပန်းဆေးပြည်သူ့စစ်၏ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်း ၃ ခုအား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခံလိုက်ရခြင်း။

ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ ဖဆပလ ပဏာမညီလာခံက လက်ခံအတည်ပြုခဲ့တဲ့ ပြည်နယ် ထူထောင်ခွင့်

အခန်း (၁)

ပုဒ်မ ၃။ ဆိုခဲ့ပြီးသော လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင် ရမည်။

(၁) အောက်ပါ ဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ပေးအပ်ရမည်။


၁။ ပထဝီ အနေအထားအရ-နယ်နမိတ် အထင်အရှားရှိခြင်း၊
၂။ မြန်မာစကားနှင့် မတူသော ဘာသာစကား တမျိုးတည်းရှိခြင်း၊
၃။ ယဉ်ကျေးမှု တမျိုးတည်းရှိခြင်း၊
၎။ ရာဇဝင် အစဉ်အလာ တမျိုးတည်းရှိသော လူစုရှိခြင်း၊
၅။ စီးပွါးရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွါးရေး လုံလောက်မှုတို့ရှိသော-လူစုရှိခြင်း၊
၆။ လူဦးရေ အတော်အတန်ရှိခြင်း၊
၇။ သီးခြား ပြည်ထောင်စု ဒေသတခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်

(ဧရာဝတီ)

မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တရုတ် အစိုးရက ပြန်လည် စတင်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ကိုယ်စားလှယ်များကို ပြောဆိုသည်ဟု သိရသည်။

တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီမှ ကိုယ်စားများသည် တရုတ်နိုင်ငံသို့ ယခု လဆန်းပိုင်းတွင် သွားရောက် လည်ပတ်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာတို့၏ စစ်ပွဲတစ်ရပ်

(The Voice Weekly)
 (အောင်ထွန်းရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်)


ယခုဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာအောင်ထွန်း ရေးသားသော A War of Many Interests in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဘာသာပြန် ရာတွင် မူရင်းရေးသားသူ၏ အာဘော်နှင့် ကိုက်ညီရေးအတွက် အသုံးအနှုန်းအချို့ကို တိုက်ရိုက်ပြန်ဆို ထားပါသည်။ ဥပမာ- Quasi Civilian Government - အရပ်သားအစိုးရ။ သို့သော် ထိုသို့သော အသုံးအနှုန်းသည် The Voice Weekly ၏ အာဘော် မဟုတ်ကြောင်း အထူး ဖော်ပြလိုပါသည်။
ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရစစ်တပ် အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်လျက် ရှိသော နိုင်ငံရေး အသွင်ကူးပြောင်းမှုများက အဆုံးသတ်တွင် ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်သည်အထိ ဦးတည်သွားနိုင် ခြင်း ရှိ၊ မရှိ ဟူသောကိစ္စအတွက် အရေးကြီးသည့် စမ်းသပ်ချက်ကြီးပင် ဖြစ်ပါသည်။
ကချင်ပြည်နယ်တွင်း အဆိုပါ တိုက်ခိုက်မှုများမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်သော တပ်မတော် ကျောထောက်နောက်ခံ အရပ်ဘက် အစိုးရ အာဏာရရှိလာပြီးနောက် လပိုင်းအကြာတွင် စတင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ 

DU MANAT NNA DARA LA GA

(Jinghpawkasa)

17/05/13 ya shani na Voice Journey kaw Awng Min (masu n dum) gaw “Anhpu annau ni shada bawng ban na re kadai maigan salang mung shang lawm madat na ahkang nnga ai” nga nna tsun shabrawng dat nu ai. Maigan lapran masam maram ya ai manam pyi n lawm jang gaw, bawng n bawng lachyum n pru na re gaw chye chyalu. N bawng ai wa mahtang kaja htum rai na re. Tset kawp n bawng saga ngu myu sha langai hku tang shawn mayu ai.

မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရမှ NLD အား ချဉ်းကပ်ခဲ့

(Eleven Media Group)

မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အား ချဉ်းကပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရာ အဆိုပါ ခရီးစဉ်အတွင်း တရုတ်အစိုးရမှ ယင်းသို့ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'၀'ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း '၀'တိုင်းဥက္ကဋ္ဌ ပြောကြားဟု စံတော်ချိန် သတင်းစာတွင် ဖော်ပြ

(Eleven Media Group)

၂၀၁၂ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော '၀'ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု(၂၃)နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ

'၀' ပြည်နယ်တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း'၀'တိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူက ပြောကြားခဲ့သည်ဟု မေ ၁၉ ရက်ထုတ် စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့ပါသည်။

Sunday, May 19, 2013

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကိုလိုနီ “မြန်မာပြည်နယ်”

(http://www.ex-absdf.net/)

မြန်မာနိုင်ငံက  တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်
ွဲ့က  အနာဂတ်မှာ သီးခြားပြည်နယ် တစ်ခုရရှိရေး အာမခံပေးဖို့  မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကို တောင်းဆို လိုက်ပါတယ်။ 
၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို ပြည်နယ်အဆင့် သတ်မှတ်ရေုး တောင်းဆိုလိုက်တာပါ။ သတိပြုရပါမယ်‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက် ပဲ ဖြစ်ပါတယ်။  တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု  ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေ ပါတယ်။ ၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်း နဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်း အထိရှိပါတယ်။   ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်း မှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။  

SHD. HPAU SHAU GUN HPE MYEN NI JAWM ADUP

(Jinghpawkasa)

Lahta Sam Mung, Lashio Muklum, Daw (7) Lung Law Daw kaw shanu nga ai  Shd. Hpau Shau Gun, gaw lai wa sai May (13) ya  shana (hkying (8:00PM) ten ram hta Se Myawng sin ai myen hpyen ni adip zingri ai hkrum lai wa sai lam shiga na chye lu ai. Shd. Hpau Shau Gun gaw, Lashio Muklum kaw na sinpraw maga de deng (2) ram tsan ai  Hu Gwi Hka mdim kaw nga tawn nga yang tsa nang nga ai Myen hpyenkawn n dum n dam  malap mat hkra jawm a dup gayat da ai re lam na chye lu ai. Shd. Hpau Shau Gun hte mare masha n kau mi gaw n dai hka madim hta nga tawn ai bungli hte kan bau bungli galaw sha nga ai re lam hpe mung matut chye lu ai. Ya yang e Shd. Hpau Shau Gun gaw myen hpyen ni gayat da aii ningma a majaw grai naw machyi sawng nga ai lam hpe mung na chye lu ai.

Htoi Ningshawng Hpaji Jawng Hpaw Hpang

(Kachinnet)

Sinpraw Ginwang Ginjaw, Wung Gau Bum lawu kaw KIO Ramma Woi Awn Komiti kaw nna hpaw ninghtan tawn da ai Htoi Ningshawng Boarder hpe 2013 May (18) ya jahpawt hkying (9:00)am aten hta Laksan Htoi Ningshawng Hpaji Jawng hku nna hpaw masat hpawng galaw la lu sai lam hpe chye lu ai. 

Jawng Hpaw hpawng hta KIO Ginjaw Komiti Salang, Ningtau Ninggawn Amu Madu Sara Kaba Kumhtat Hting Nan kaw nna Jawng hpaw hpawng hta sa du n-gun jaw ya ai hte Sinpraw Ginwang Ginjaw na Kanu Kawa myitsu salang law law mung jawng hpaw lamang hta sa du kabu lawm ai lam hpe chye lu ai. 

ဝ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော

by FNG on May 19, 2013 

တင်ကျော်ကျော်စိုး – တရုတ် အစိုးရ ၏ ကျောထောက် နောက် ခံ ဖြင့် စစ်လက်နက် မျိုးစုံ နှင့် သံချပ် ကာ ကား ၊  အမြောက် လက်နက် မျိုး စုံ တို့  ကို တရုတ် ပြည်မှ မှာယူ တင် သွင်း နေသည့် UWSA ခေါ် ၀တပ် ဖွဲ့  သည် မြန်မာ နိုင်ငံ တွင်းမှ ခွဲ ထွက် ပြီး ကိုယ်ပိုင် နိုင်ငံ ထူ ထောင် ရန် စီစဉ် နေသည် ဟု ရန်ကုန် နှင့် ထိုင်း အခြေ စိုက် အနောက် တိုင်း သံတမန် များ က ခန့် မှန်း ကြသည်။

ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

(RFA)

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ

(Eleven Media Group)

မိုင်းနား ဘက်စုံဖွံ့ဖြိုးရေးခြံ KBC ဒုက္ခသည် စခန်းအတွင်း မြင်ကွင်းကို မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)

မြန်မာနိုင်ငံ၏ မိုးဦးရာသီသည် လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် များမှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။