Saturday, May 18, 2013

ဟူးကောင်းချိုင့်ဝှမ်း မီးဘေးသင့် ဒုက္ခသည်များအတွက် အကူအညီ လိုအပ်နေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ်ကျေးရွာ မီးလောင်ခဲ့မှုကြောင့် မီးဘေးသင့် ဒုက္ခသည်များအတွက် ရေထိုင်စရာနေရာများနှင့် ကျောင်းသားများ၏ ကျောင်းသုံးကိရိယာများအတွက် အကူအညီလိုအပ်နေကြောင်း သွားရောက်ကူညီိခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev . Dr. Hkalam Sam Sun ပြောသည်။

“သူတို့လောင်သွားတဲ့ ကိုယ့်အိမ်ခြံနေရာမှာပဲ ယာယီဝါးတဲပြန်ဆောက်ပြီး နေကြတယ်။ တဲကတော့ သွပ်အိမ်နဲ့ လောင်သွားတဲ့သူတွေက အဲဒီသွပ်ဟောင်းကိုပြန်မိုးကြတယ်။ သက်ကယ်နဲ့လောင်သွားတဲ့သူတွေက သူများလာကူညီတဲ့ ပလတ်စတိတ်မိုးကာနဲ့မိုးပြီး နေကြတယ်။ အခုမိုးလဲရွာလာပြီဆိုတော့ အဓိက သူတို့ရဲ့ နေစရာနဲ့ ကျောင်းလဲဖွင့်လာပြီ ဆိုတော့ ကျောင်းသားတွေရဲ့ အ၀တ်အစား၊ စာအုပ်တွေအများကြီး လိုနေတယ်။”

မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ်လိုလား

(RFA)
တရုတ်နိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ပြန်လည်ရာက်လာတဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဝင်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးနဲ့အတူတွေ့ရပုံ

တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း တရုတ်အာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောဆိုတယ်လို့ ဒီကနေ့တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က RFA ကို ပြောပါတယ်။

နယ်စပ်၌ တရားမ၀င်သစ်ထုတ်ခြင်း တိုးလာ

(Myanmar Times)

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တောင်ပိုင်းတို့၌ တာရှည် ဖြစ်ပွားနေသည့် ပဋိပက္ခများ
ကြောင့် တရားမ၀င် သစ်ထုတ်ယူခြင်းနှင့် တင်ပို့မှုတို့မှာ သိသိသာသာ တိုးလာကြောင်း ဒေသခံများ
က ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကတည်းက မြန်မာနိုင်ငံတွင် တောပြုန်းခြင်းနှင့် မြေအခွင့်အရေးများ
ကို လေ့လာနေသူ သုတေသန တစ်ဦးက ဧပြီလဆန်း လောက်က တရုတ်နယ်စပ်မြို့ ရူလီအနီး၌
တွေ့ရှိခဲ့သည့် အဖြစ်ကြောင့် တုန်လှုပ်သွား ခဲ့ရကြောင်း ပြောသည်။

KIO ထိန်းချုပ်ရာ ဒေသရှိ ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာ လိုအပ်

(ဧရာဝတီ)



ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသရှိ စစ်ပြေး ဒုက္ခသည် ၇ သောင်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း သိရသည်။
ဒုက္ခသည်များကို ယခင်က ပုံမှန် ထောက်ပံ့ပေးနေသော အဖွဲ့တချို့တွင် အခက်အခဲရှိ၍ ကူညီမှု ရပ်တန့်ထားကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိက အလှူရှင်များ၊ ကချင်လူမှုရေး အဖွဲ့များနှင့် ကချင်ဒုက္ခသည်များဆိုင်ရာ ကော်မတီတို့က တာဝန်ယူ ဆောင်ရွက်ပေးနေရကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။

အစိုးရနှင့် KIA တပ်များ ကွတ်ခိုင်-မူဆယ် ကြား တိုက်ပွဲဖြစ်ပွား

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ် ကြား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ကြား ယနေ့ နံနက်ပိုင်းတွင် (16.5.2013) အချိန်တိုတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် ဒတ်နိုင်း (Daknai)၊ မန်ကန် (Mang Kang) ပလောင်ရွာဟောင်းတွင် တပ်ရင်းအမည်မသိရသော အစိုးရစစ်ကြောင်းနှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (Mungshawa Hpyen Hpung - MHH) ကြား ဖြစ်ပွားခြင်း ဖြစ်သည်။

Friday, May 17, 2013

တွေ့ဆုံပွဲရက် ရွေ့ဆိုင်းပြီးနောက်ပိုင်း ဖြစ်ပွားလာသော အစိုးရ တိုက်ခိုက်မှုများ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ တပ်ဖွဲ့များကို စစ်ဆင်လျှက် ရှိရာ ယမာန်နေ့လည်း ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း KIA  ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။  

“အစိုးရ ကတော့ နိုင်ငံတကာကို မျက်လှည့် ပြဖို့ဘဲ ပြောနေတာပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ချင်နေတာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာဘဲ။ သူတို့က ရှမ်းကို တိုက်နေတဲ့ အချိန်မှာ ကျနော်တို့ ကချင်နဲ့ တွေ့ဖို့ ကမ်းလှမ်းတယ်။ ရှမ်းကို တွေ့ဖို့ ကမ်းလှမ်းတဲ့ အချိန်မှာ ကျနော်တို့ KIA ကို လာတိုက်ပြန်တယ်။ တိုက်ပွဲတွေက တနေရာ မဟုတ်ရင် တနေရာ နေ့တိုင်း ဖြစ်နေတာကို ကြည့်ပေတော့။” ဟု ဆိုပါသည်။

တအာင်း (ပလောင်) တို့၏ ဘိန်းစစ်ပွဲနှင့် အမျိုးသား လွတ်မြောက်ရေး တာဝန် (အပိုင်း ၂)

(ရွှေဟင်္သာသတင်းဌာန)

ဤတိုးတက်မှုများသည် တအာင်း လူမျိုးများကို မျိုးတုံး သွားစေရန် ဘိန်းစစ်ပွဲ ဆင်နွှဲ လိုက်ခြင်းဖြစ်သည်ဟု တအာင်း လူ မှုရေး အသင်းတစ်ခုက ဆိုပါသည်။  တိုးတက်မှု အရှိန်အဟုန်သည် မူလက အနည်းငယ်မျှ ခိုးစိုက်သည့် အဆင့်၌သာ ရှိခဲ့သော ဘိန်းစိုက်ပျိုးမှုသည် ယခုအချိန်တွင် မန်တုန်၊ ကွတ်ခိုင်၊ နမ့်ခမ်း( ပန်ဆေး)နှင့် လား ရှိုးမြို့နယ်များ၌ပင် ပိုမို စိုက်ပျိုး လာခဲ့ကြောင်း TNLA က စစ်တမ်း ကောက်ခံ ထားခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုး ထုတ်လုပ်မှုနှင့် အပြိုင် စားသုံးမှု၌လည်း ပိုမို များပြား လာနေပြီး ထိုအထဲမှ အမျိုးသမီးများ၏ ဘိန်းသုံးစွဲမှုနှုန်း မြင့်တက် လာနေခြင်းသည် အဆိုးဆုံးပင် ဖြစ်ကြောင်း ဆိုပါသည်။ 

Lahta Sam Mung, Mankawng Mayan Hta Hkrum Katut Gasat Poi Byin

(Kachinnet)

Lahta Sam Mung KIA Masat (4) Dap Ba, Masat (9) Dap Dung makawp maga ginra hta 2013 May (16) ya jahpawt hkying (10:30)am aten ram hta Daknai makau na Mankawng mare kaw Dap mying nchye Myen Asuya Hpyen Dap hpyen hpung ni hte KIA Masat (9) Dap Dung na hpyen hpung ni hkrum katut gasat poi byin ai lam hpe chye lu ai.

တအာင်း (ပလောင်) တို့၏ ဘိန်းစစ်ပွဲနှင့် အမျိုးသား လွတ်မြောက်ရေး တာဝန် (အပိုင်း ၁)

(ရွှေဟင်္သာသတင်းဌာန)


ပလောင် လူမျိုး ဆိုသည်မှာ မြန်မာနိုင်ငံ အစိုးရက နှစ်မျိုးနှစ်စား ရှိကြောင်း ရေးသား ထားပါသည်။ အစိုးရသည် ရွှေပလောင်၊ ငွေပလောင် ဆိုပြီး ၄င်းတို့ အသုံးအဆောင်နှင့် အဆောင်အယောင်များကို စံထားပြီး ခွဲခြား ထားကြပါသည်။ သို့သော် ဤကဲ့သို့ ခွဲခြားထားခြင်းကို ပလောင် လူမျိုးများက မနှစ်သက်ကြသဖြင့် ၄င်းတို့၏ လူမျိုး အမည်ကို တအာင်းသာ ဖြစ်သည်ဟု  အစားထိုး ခေါ်ဝေါ်လာခဲ့ကြပါသည်။

မြန်မာနိုင်ငံသည်လူမျိုးကြီး () မျိုးနှင့်လူမျိုးငယ် တစ်ရာကျော်မှီတင်းနေထိုင်ကြသောနိုင်ငံ ဖြစ်ပေသည်။ဤနိုင်ငံထဲ၌ရှိသည့် လူဦးရေ များပြားသော ဗမာ လူမျိုးတို့သည်မြန်မာနိုင်ငံကိုတစ်ခုတည်းသောအချုပ်အခြာ ပိုင်စိုးသည့်အုပ်ချုပ်မှုနစ် ပုံစံရရေးကိုပုံဖေါ်လာခဲ့ကြပါသည်။  ဤကဲ့သို့မဟာ လူမျိုးကြီး စိတ်ကိုအခြေခံပြီး တစ်ပြည်ထောင် စနစ်ကျင့်သုံးလာကြသဖြင့်လက်မခံနိုင်သည့်တိုင်းရင်းသား လူမျိုးများကမိမိတို့ လူမျိုးအတွက်လွတ်မြောက်ရေး စစ်ပွဲများဆင်နွှဲလာခဲ့ကြသည်မှာယနေ့အထိ ဖြစ်ပါသည်။

မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ် တဦး ပြန်လွတ်လာ

(Mizzima)

မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ ဒုဗိုလ်ညီညီ (ခေါ်) ကိုအောင်ညီလွင် အား မြစ်ကြီးနားမြို့နယ် တရားရုံးမှ ကြာသပတေးနေ့က ပြန်လွှတ်ပေးခဲ့ပြီး ၎င်းအမှုတွဲ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကိုမူ ခြောက်လှန့် တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထပ်မံတရားစွဲထားကြောင်း ၎င်း၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ စာ သွားပေးရာမှ ဖမ်းဆီးခံရသူ မောင်ဇော်ဆိုင်းအောင်ကို ဆက်လက် ထိန်းသိမ်း ထားပြီး စာပို့ရာမှာ လိုက်ခဲ့သူ အမှုတွဲ ကိုကို၏ အမွှာညီ ဖြစ်သူ အစိုးရ သစ်တောဌာနမှ ဒုဗိုလ်ညီညီအား ၅ လကြာ ရုံးထုတ် စစ်ဆေးပြီးနောက် ယမန်နေ့က လွတ်မြောက်လာခြင်း ဖြစ်သည်။

MAJAN WAN SHACHYI NA KUN? MAJAN WAN SHAZIM NA KUN?

(Jinghpawkasa)

Majan wan shachyi na kun? Majan wan shazim na kun? Ngu ai ndai GA SAN? Lahkawng gaw a-dingtawk PANGLUNG GA SADI hta sha madung rai nga ai. Panglung ga’sadi si taw nga dingsa majan wan gaw chyi taw nga chyalu sha re. Dai hte maren. Panglung ga’sadi hpe asak bai jahkrung lu jang majan wan hpe shazim lu na.

KIO လ၀က ကျောင်း လိုင်ဇာမြို့တွင် ပြန်ဖွင့်

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏  လိုအပ်သော လုပ်ငန်းဌာနများအတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

“သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်းသားတွေကို ဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးပေးထားတယ်။ နောက်ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆိုရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးကပြောသည်။

ဝတပ်ဖွဲ့ - တရုတ် - မြန်မာ ဆက်ဆံရေး

(VOA)

UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ က UWSA နဲ့ တရုတ်အစိုးရ ဆက်ဆံရေးက မြန်မာနိုင်ငံအပေါ် ဘယ်လိုဂယက်ရိုက်ခတ် လာနိုင်မလဲဆိုတာကို ဒေသရေးရာ လေ့လာစောင့်ကြည့်နေသူများဖြစ်တဲ့ သတင်းစာဆရာကြီး Bertil Lintner နဲ့ မြန်မာ့အရေးသုံးသပ်လေ့လာနေသူ ဦးအောင်ကျော်ဇော တို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။

ကန်ပိုင်တီလမ်း တွင် အစိုးရစစ်အင်အား ထပ်ဖြည့်

(ကချင်သတင်းဌာန)

KIA တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်း သို့ အင်အားဖြည့်လာတဲ့ မြန်မာစစ်တပ် တပ်မ ၃၃ စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်းတွင် ယခု မေလဆန်းပိုင်းမှစပြီး အစိုးရစစ်အင်အားများ ပိုမို အားဖြည့် လာကြောင်းသိရသည်။

ယမန်နေ့ နံနက်ပိုင်းက မြန်မာအစိုးရတပ် တပ်မ (၃၃) မှ အင်အား ၁၀၀ ကျော် စစ်ကြောင်းသည် ဆတုံရေတံခွန် အနီးတွင်ရောက်နေပြီး ၎င်းတွင် ဝိုင်းမော်နယ်မြေခံ ခလရ ၅၈ တပ်လည်း ပါကြောင်း ရှေ့တန်းမှ KIA စစ်ဗိုလ်တဦး ပြောသည်။

Thursday, May 16, 2013

ကချင်ဒုက္ခသည်စခန်းများ ရိက္ခာခေါင်းပါး

(VOA)

ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ကြုံနေရပါတယ်။ မိုးဦးကာလ စခန်းတွင်း နေစရာ အခက်အခဲတွေ လည်း ကြုံနေရ သလို ဒုက္ခသည်တွေထဲမှာ ဝမ်းပျက် ဝမ်းလျော၊ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်နေ ပြီး အကူအညီတွေဟာလည်း  မရသလောက် နည်းပါး လာနေပါတယ်။ ကချင် လက်နက်ကိုင်တပ် နဲ့ မြန်မာစစ်တပ်ကြားလည်း ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုးဘက်မှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

(2) NING HPRING GASAT MAJAN MASA

(Jinghpawkasa)

June 9,2013 ning hta gaw myen hpyen ni hte tinang KIA a lapran gasat majan kaba byin nga ai (2) ning ladaw hpring na sai. Ndai gasat majan ladaw aten na byin nga ai mung masa, hpyen masa, mung shawa ni a mabin hpe maram dinglik yu ga nga yang;

Mung masa mabyin hta, U Thein Sein a democracy asuya galai uphkang wa ai (2) ning rai wa sai zawn shi a myen hpyen dap ni tinang jinghpaw wunpawng myu sha ni hpe htim gasat majan baw taw nga ai mung (2) ning hpring sai. Teng man ai munghpawm, teng man ai majan jasim kau lu na matu tinang KIO kaw nna mung masa proposal hpe nyet kau ya nga ding yang rai nga ai. lahkawng maga na hpyen man ni hpe htingnut shagang tawn na hpe sha galaw na hkyen nga lam gaw majan prai mat na matu nre sha majan chying hkraw galu taw nga na matu mahkam galaw nga ai lam sha rai nga ai.

ထိုင်းနိုင်ငံသား လီဆူး ၁၆ ဦး ကို UWSA ပြန်လွှတ်ပေး



စနေနေ့မေလ ၁၂ ရက်နေ့ တွင် ဖမ်းဆီးမိခဲ့ သောထိုင်းနိုင်ငံသား  လီဆူး ၁၆ ဦး ကို “၀” ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော် UWSA မှ ပြန်လွှတ်ပေးခဲ့ကြောင်း နယ်စပ်ဒေသ သတင်းရပ်ကွက်မှ ဆိုသည်။

လွှတ်ပေးခဲ့သော လူများတွင် ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပိန်းလုံ မြို့နယ်ခွဲ၊ ပက်ဆဲမ်းကျေးရွာ  သူကြီး မာနတ်  အသက် ၄၀ လည်းပါဝင်သည်။ ပက်ဆဲမ်းကျေးရွာ  မှာ ထိုင်းမိဖုရား၏ တော်ဝင်စီမံကိန်း (Royal Project) တွင်ပါဝင်သောရွာတစ် ရွာ ဖြစ်သည်။

ကချင်ပြည်နယ် တိုးတက်ရေး ပါတီ အသစ်ပြန်ဖွဲ့မည်

(ဧရာဝတီ)

ပြည်နယ် ကိုယ်စားပြုပါတီ တခု အဖြစ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ပြန်လည် ဖွဲ့စည်းမည် ဆိုခြင်းကို ကချင် တိုင်းရင်းသားများက လက်ခံ ကြိုဆိုကြကြောင်း သတင်းရရှိသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံတင်ခွင့် မရခဲ့သော KSPP ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ယခုနှစ် မကုန်ခင် ပါတီသစ်တရပ် အဖြစ် ပြန်လည် ဖွဲ့စည်းသွားမည်ဟု သိရသည်။

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ၀မ်းပျက် ၀မ်းလျှောနှင့် နှာစေးချောင်းဆိုးသူ များနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ယခုလ မိုးရာသီဝင်လာချိန်မှစကာ ၀မ်းပျက်၊ ၀မ်းလျှောရောဂါနှင့် နှာစေးချောင်းဆိုးသူ များလာပြီး ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရေကို ကြိုချက်သောက်သုံးခြင်းမရှိခြင်း၊ လူများခြင်းနှင့် ရာသီဥတုအေးသောနေရာဖြစ်ပြီး ကလေးငယ်များတွင် အများပိုင်းဖြစ်နေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာမ လဂီထုလွမ် (Lagyi Htu Lum) က KNG ကချင်သတင်းဌာန သို့ပြောသည်။

Wednesday, May 15, 2013

အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ပဋိပက္ခ ဖြေရှင်းပုံကို UNFC လေ့လာခွင့်ရ

ရွှေဟင်္သာ သတင်းဌာန 
 
မြောက်အိုင်ယာလန် နိုင်ငံသည် အောင်မြင် ခဲ့ပြီးဖြစ်သော အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း ကို လေ့လာ စေလိုသဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ကို  ဖိတ်ကြားခဲ့သည်ဟု တာဝန်ရှိ အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။

“ မြောက်အိုင်ယာလန်က အင်္ဂလန်ကို နှစ်ပေါင်း ၂၀ ကျော် တော်လှန်ခဲ့တယ်။ လူပေါင်း ၆၀၀၀ ကျော် အသက် ဆုံးရှူံး ခဲ့ရတယ်။ ဒါတောင်မှ နှစ်ဖက် ငြိမ်းချမ်းရေး ရရှိတဲ့ အထိ စားပွဲပေါ်မှာ အဖြေရှာ နိုင်ခဲ့ကြတာဘဲ။ အဲဒီလို ငြိမ်းချမ်း သွားတော့ ယခုဆိုရင် သူတို့နိုင်ငံ ဘယ်လောက် တိုးတက်သွားခဲ့သလဲဆိုတာ လေ့လာစေချင်လို့ ကျနော်တို့ကို ဖိတ်ခေါ်လိုက်တာဖြစ်တယ်” ဟု ဆိုပါသည်။

Banma Kawng Gat Sa Lam Kaw Myen Asuya Balik (2) Gap Sat Hkrum

(Kachinnet)

2013 May (14) ya shana hkying (9:00)pm aten ram hta Lahta Sam Mung, Namhkam myo shinggan, lupwa kawng makaw na Banma kawng gat sa lam lahta kaw shara jahkrat nna laiwa laisa mung shawa ni hte hpun htaw mawdaw ni hpe gumhpraw hkap hta sha nga Myen Asuya Balik marai (2) hte shat shadu jaw ai Myen num (1), mawdaw sara (1) hpe sinat kaji hte gap sat tawn da ai lam hpe chye lu ai.

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) ဖြင့် မြန်မာ့ အနာဂါတ်ကို မျှော်ကြည့်ခြင်း အပိုင်း(၂)

(ရွှေဟင်္သာသတင်းဌာန)


လက်ရှိ ဖြစ်ရှိ နေတဲ့ လက်တွေ့ သင်ခန်းစာ တွေကို ထုတ်နှုတ် ကြည့်မယ် ဆိုရင် (ဥပမာ) အစိုးရအပေါ် KIA ကဘယ်လောက် ယုံကြည် ကြသလဲ။ အဲဒီလို ပါဘဲ အစိုးရက ပြုပြင် ပြောင်းလဲ နေပါတယ် ဆိုတဲ့ အချက်ကရော ဘယ်လောက် လေးနက် သလဲ ဆိုတာကို KIA နဲ့ အစိုးရ တို့ရဲ့ ဆွေးနွေးပွဲ အခြေ အနေက ပြဆို နေပါတယ်။

 KIA က ကြားလူ ရှိမှ မြစ်ကြီးနားမှာ အစိုးရနဲ့ ဆွေးနွေးမယ် ဆိုတဲ့ သဘောထားဟာ ဦးသိန်းစိန် အစိုးရ တွေကို ဘယ်လောက် ယုံကြည်မှု ရှိခဲ့သလဲ ဆိုတာ ရှင်းနေတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည် မှုတွေ မဲ့ခဲ့လို့ (သို့) နည်းပါး ခဲ့လို့ ပြည်တွင်း စစ်ဟာ ရှည်ကြာ ခဲ့ရတယ်လို့ ကောက်ချက် ချမယ် ဆိုရင်လည်း မလွဲ ပါဘူး။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) ဖြင့် မြန်မာ့ အနာဂါတ်ကို မျှော်ကြည့် ခြင်း အပိုင်း(၁)

(ရွှေဟင်္သာသတင်းဌာန)


လက်ရှိ မြန်မာ့ နိုင်ငံရေးရဲ့ အနေအထားဟာ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိစေဖို့ အကောင်းဆုံး နည်းလမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) အပေါ်မှာသာ  မူတည်နေလိမ့်မယ် ဆိုတာ ထင်ရှားနေပါတယ်။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် အတွက် မြန်မာ့ နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် မှုတွေနဲ့ ပတ်သက်ပြီးတော့အရှေ့ တောင် အာရှ စာနယ်ဇင်း မိတ်ဖက်များ မဟာမိတ် အဖွဲ့ (South East Asia Press Alliance) က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်ခု ထဲမှာတော့ နိုင်ငံတွင်းဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ တွေထဲ မှာတော့ နိုင်ငံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု တွေနဲ့မီဒီယာ ကဏ္ဍ ပြုပြင် ပြောင်းလဲမှု တွေဟာ မြန်မာနိုင်ငံ အပြောင်းအလဲရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်လို့ဆိုထား ပါတယ်။

Tuesday, May 14, 2013

ကချင် အဆိုတော်များ လိုင်ဇာဒုက္ခသည် စခန်းတွင် အခမဲ့ ဖျော်ဖြေ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတို့တွင် ကချင်အဆိုတော် ကြီးများနှင့် Shingni Nbat music အဖွဲ့မှ ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့် ရှိုးပွဲများ အခမဲ့ လိုက်လံဖျော်ဖြေနေကြောင်း သိရသည်။

၎င်းတို့အဖွဲ့သည် မေလ ၁၃ ရက် ယမန်နေ့ညတွင် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဖျော်ဖြေခဲ့ပြီး မတ်လ ၁၄ ရက် ယနေ့ညတွင် လိုင်ဇာမြို့ရှိ ၀ိုင်ကျိုင် (Woi Chyai) ဒုက္ခသည်စခန်းတွင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

အကူညီနည်းလာခြင်းကြောင့် ဇီးလွန် ဒုက္ခသည်ကလေးများအတွက် ပညာရေး စိုးရိမ်ရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် အကူအညီများ နည်းလာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကလေးများ ပညာရေးအတွက် မိဘများ စိတ်ဆင်းရဲနေရကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ယခင်က ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးအတွက်ကူညီပေးနေကာ အခြား အလှူရှင်များလည်း လာရောက်ကူညီနေခြင်းမှ ယခုနောက်ပိုင်း အကူအညီများပြတ်လတ်လာသည်ဟု သိရသည်။

ငြိမ်းချမ်းရေးလေ့လာရန် UK သို့ UNFC သွားမည်



ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က  ငြိမ်းချမ်းရေးလုပ်ငန်း စဉ်  လေ့လာဖို့ လာမည့် အပတ်၌ အင်္ဂလန်နိုင်ငံ အိုင်ယာလန် မြောက်ပိုင်းကို ထွက်ခွါ မည်ဖြစ်ကြောင်း ကြားသိရသည်။

ဥက္ကဌကြီး အဲန်ဘန်းလဦးဆောင်သည့်  အတွင်းရေးမှူး နိုင်ဟံသာ၊ ဒေါက်တာခင်မောင်၊ ချင်းအမျိုးသား တပ်ဦးမှ ဦးဆော်လမွန်၊ လားဟူအဖွဲ့မှ ဦးဆော်လမွန်နှင့် ကေအိုင်အိုမှ ဦးဘွမ်ဝမ်လာရော်တို့ လိုက် ပါကြမည်ဖြစ်ကြောင်း ဆိုပါသည်။

အစိုးရနှင့် KIO မေလ မကုန်မီ တွေ့ဆုံဖွယ်ရှိ၊ လေ့လာသူများကိစ္စ ညှိနှိုင်းနေရဆဲ

(Mizzima)

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မေလ နောက်ဆုံးပတ်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် ဝန်ကြီး ဦးအောင်မင်းနှင့် သဘောတူညီမှု ရရှိထားသည်ဟု ငြိမ်းချမ်ရေး အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ဝန်ကြီး ဦးအောင်မင်း က KIO နှင့် အချက် ၁၂ ချက် ညှိနှိုင်းနေရာမှ ယခုလ မကုန်မီ တွေ့ဆုံရန် မူအားဖြင့် သဘောတူညီမှု ထားသည်ဟု ၎င်း၏ အကြံပေးအလုပ်အဖွဲ့များအား တနင်္လာနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရတပ် လေးလပတ် အစည်းအဝေး စတင်

(ဧရာဝတီ)

မြန်မာ့တပ်မတော်၏  လေးလပတ် အစည်းအဝေး (တပ်မှူးများ ညီလာခံ) ကို  ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပသည်။

ဤအစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မမှူးများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းမှ သိရသည်။

“ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ SSA တောင်ပိုင်းတပ်တို့၊ KIA တပ်တို့ကို နယ်မြေအခိုင်အမာ မပေးဘဲ ရှင်းလင်းရေးကိစ္စတွေ ဆွေးနွေးဖို့များတယ်” ဟု စစ်ဘက်နှင့် နီးစပ်သူက တဦးက ဆိုသည်။

ဗမာစစ်တပ်မှ ဘုရားကျောင်းဝင်းအတွင်း ရွှေတူးဖော်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ် နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော် ကားလမ်းပေါ်ရှိ နမ်ဆန်ယန် လီဆူးနှစ်ခြင်း ဘုရားကျောင်းဝင်းအတွင် ဗမာအစိုးရ စစ်တပ်မှ  ရွှေတူးဖော်နေကြာင်း  သတင်းရရှိပါသည်။ နမ်ဆန်ယန်၊ ဒွမ်ဘန်ဘွမ်တွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ်များသည် မြကူးသွယ် ကုမ္မဏီနှင့်ပူးပေါင်းကာ ရွှေတူးစက် (၃) လုံးဖြင့် လီဆူး နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းအတွင်း ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို

(VOA)

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။ လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး ၀တပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ ကြား ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေ (မြန်မာပိုင်း) သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

ဗမာစစ်တပ်မှ ပြည်သူများ၏ အိုးအိမ်ဖျက်ကာ တပ်စခန်းတည်ဆောက်

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဂန်ဒေါင်ယန်  ကျေးရွာ အခြေစိုက် ဗမာအစိုးရ၏ တပ်မ (၃၃) လက်အောက်မှ စစ်ကြောင်းများသည် မေလ (၁၃) ရက် မနက် (၈း၃၀) နာရီ  အချိန်ခန့်တွင် အရပ်သားပြည်သူများ၏  အိုးအိမ်များကို ဖျက်ယူကာ၊ ဂန်ဒေါင်ယန် ဆုတောင်းတောင်ကုန်းပေါ်၌  စစ်တပ် စခန်းများကို တည်ဆောက်နေကြောင်း သိရှိရပါသည်။

ဗမာစစ်ကြောင်းမှ ရွာသားတစ်ဦးကို ခုတ်သတ်ပြီး ချောင်းထဲပစ်ချ

(Jinghpawkasa)

ရှမ်းပြည်မြောက်ပိုင်း ဘန်ခမ်းနယ် မန်ဆော်ကျေးရွာမှ ရှမ်းအမျိုးသား ဦးအောင်လ (အသက် ၄၁) နှစ်ကို ဗမာအစိုးရစစ်သားများမှ မေလ (၁၀) ရက်နေ့ ညနေပိုင်း (၃း၀၀) နာရီခန့်အချိန်တွင် ဓါးနှင့်ခုတ်သတ်ပြီး အင်မောင်ချောင်း အတွင်းသို့ ပစ်ချခဲ့ကြောင်း သတင်းရရှိပါသည်။ ဦးအောင်လ သည် မန်ဂွန်ရှိ စိုက်ချင်းသို့ အသွားတွင် အမည်မသိ ဗမာစစ်ကြောင်းမှ ဖမ်းဆီးသတ်ဖြတ်ပြီး ယခုကဲ့သို့ ချောင်းအတွင်းသို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Monday, May 13, 2013

အစိုးရတပ်နှင့် KIA မုန်ဂိုးဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

(ကချင်သတင်းဌာန)

မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ စစ်အင်အားများ ဆက်လက်တိုးချဲ့လာကာ  တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မေလ ၁၂ ရက် ယမန်နေ့ညတွင် မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူကုတ်) သို့ အစိုးရစစ်ကား ၁၀ စင်း၊ အင်အား ၂၀၀ ကျော်ဖြင့် ပို့ဆောင်လာကြောင်း ရှေ့တန်း စစ်ဗိုလ်များမှ သိရသည်။

၎င်းအစိုးရတပ်ဖွဲ့တို့သည် မေလ ၁၃ ယနေ့နံနက်တွင် ၎င်းပန်ဆိုင်းမှ  အထက်သို့ ခြေလျှင်ဖြင့် အသီးသီးထွက်ခွာသွားကြောင်း မျက်မြင်များ ပြောသည်။

လက်နက်စွန့်သွားတဲ့ မြန်မာပြည် ခေတ်အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကံကြမ္မာ

(Lachid Kachin)

ကျွန်တော်တို့ နိုင်ငံသမိုင်
း ဖြစ်စဉ်ထဲမှာ လက်နက် ချေမူန်းခံရ သလို့ ကြေပြုန်းသွားရတဲ့ အဖွဲ့အစည်းရယ်လို့ မကြားမိသေးဘူး။ ဒါပေမဲ့ လက်နက်ချတာပဲ ဆိုဆို။ အလင်းဝင်တာပဲပြောပြော လက်နက်စွန့် သွားတဲ့ အဖွဲ့တွေ ကြေပြုန်းသွားကြတာ များစွာရှိပါတယ်။

(၁၉၄၅)ခုနှစ်ထဲမှာ လက်နက်နဲ့ဒီမိုဂလဲလှယ် ဆိုပြီး ပြည်သူရဲဘော် ရှိပါတယ်။ ပါတီ၊ ဦးလှဖေ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊နိုင်အောင်ထွန်း ဦးဆောင်တဲ့ မွန်ပြည်သူ့တပ်၊ ဦးစိန္ဒာ ဦးဆောင် တဲ့ ရခိုင်ပြည်သူ လွတ်မြောက်ရေးပါတီတွေ လက်နက် ချသွားကြတယ်။

အစိုးရနှင့် KIO တွေ့ဆုံဦးမည်

(ဧရာဝတီ)

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် လာမည့် မေလ တတိယအပတ်၌ တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး ၂၀၁၂ ခု ဒီဇင်ဘာလဆန်းမှ စ၍ တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။ ယခုနှစ် မတ်လအတွင်း အထိ တိုက်ပွဲများ ဆက်ဖြစ်နေပြီး မတ်လနှင့် ဧပြီလအတွင်း အစိုးရနှင့် KIO အဖွဲ့တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း မတွေ့ဆုံဖြစ်ခဲ့ပေ။

ခေတ်အဆက်ဆက်... တမျိုးပြီး တမျိုး မရိုးရအောင်...

(Kachin Duwa)

မဆလ ခေတ်မှာ အစိုးရ ၀န်ထမ်းတွေရဲ့ လက်သုံးစကား ရှိတယ်...

မလုပ်... မရှုပ်... မပြုတ်.. တဲ့။
လုပ်ရင် ရှုပ်မယ်... ရှုပ်ရင် ပြုတ် နိုင်တယ်လေ....

ရွှေမြန်မာ ခေတ်မှာတော့...

Sunday, May 12, 2013

ဂျပန် အစိုးရ အကူအညီ ရရေး UNFC ညှိနှိုင်း

(ရွှေဟင်္သာသတင်းဌာန)

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဂျပန် အစိုးရထံ Project Proposal ရေးသား တင်ပြ နိုင်ရန် မေလ () ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ညှိနှိုင်း အစည်းအဝေး တရပ် ကျင်းပ ခဲ့သည်ဟု အစည်းအဝေး တက်ရောက် ခဲ့သူ နိုင်ရော့ဒ်ဂကောင်းက ဆိုပါသည်။

ကျနော် ကတော့ မွန်လူမှု ကယ်ဆယ်ရေးနှင့် ဖွံဖြိုးရေး အဖွဲ့က ဒါရိုက်တာ နိုင်ရော့ဒ်ဂကောင်းပါ။ အစည်းအဝေးက Project Proposal ရေးနည်းတွေ ပြန်ညှိတာပါ။ ဂျပန် အစိုးရရဲ့ ဘောင်နဲ့ ကိုက်ညီအောင် ပြန်လည် ပြင်ဆင်တဲ့ အနေနဲ့ ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ ပြီးတော့ Project Proposal တင်ပုံ တင်နည်း အဆင့်ဆင့်တွေကိုလည်း ညှိကြပါတယ်။ဟုဆို ပါသည်။ 

Lahta Sam Mung, KIA Dap Ba (4) Ginra Ni Hta Matut Manoi Gasat Poi Byin Nga

(Kachinnet)

KIA Masat (4) Dap Ba, Masat (36) Dap Dung makawp maga ginra hta 2013 May (11) ya jahpawt hkying (8:30) ten ram hta Bang Sai mare kaw nna shamu shamawt chyinglau lung wa ai Kuthkai daju ai Myen Asuya Hpyen Hk.L.Y (242) Dap na hpyen hpung ni hpe KIA Masat (36) Dap Dung kata na Masat (5) Dap Kung MHH hpyen hpung ni Nam Hu mare kaw hkrum katut gasat poi byin ai lam hpe chye lu ai.

ခေတ်သစ် မြန်မာ့အရေး ပုံရိပ်လွှာ

(http://www.ex-absdf.net)

ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ဖုန်းနံပါတ်ဖြင့်  ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့သည်။ မိတ်ဆွေတဦး ထံမှ ဖြစ်သည်။ ကချင်စစ်ပွဲအတွင်း လက်ဖြောင့်တပ်သားတဦးမှ မြန်မာ့တပ်မတော်မှ စစ်သည် ၃၀ကျော်ကို Sniper ဖြင့်ပစ်သတ်နိုင်ခဲ့သည့်အတွက် မကြာမီဂုဏ်ပြုပွဲအခန်းအနားဖြင့် ကျင်းပမည်ဖြစ်ကြောင်း မိတ်ဆွေမှပြောပြခဲ့သည်။

ထိုသတင်းကို ကြားရသောအခါတုန်လှုပ်မိခဲ့သည်။ မှန်ပြောင်း၊ကျဉ်ဆန်၊ သေနတ်ပြောင်းတို့သည် တဦးချင်းချိန်ရွယ်ပစ်ခတ်ရန် အထူးပြုလုပ်ထားသဖြင့် ရန်သူ၃၀ ကျော်ကိုပစ်ခတ်နိုင်သည်ဆိုသော သတင်းမှာအထူးအဆန်းမဟုတ်။  မိမိတို့သွေးချင်းများအကြားအဘယ် အကြောင်းအရာများကြောင့် ပစ်ခတ်သတ်ဖြတ်နေကြသည်ကိုလည်း စဉ်းစားမိပြန်သည်။ 

မေ ၁၁ ရက်နေ့တွင် ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာ၊ မက်လင်ချောင်မှော်၌် ကျောက်စိမ်းတွင်း ပြိုကျရာ ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

(Eleven Media Group)

ဖားကန့်ဒေသရှိ ကျောက်စိမ်းမှော် လုပ်ကွက်တစ်ခုကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာ၊ မက်လင်ချောင်မှော်၊ ရွှေခေါင်ခေါင် ကုမ္ပဏီလုပ်ကွက်တွင် မေ ၁၁ ရက် နံနက် ၃ နာရီခန့်က ကျောက်စိမ်းတွင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဝါရာဇွတ် မီးဘေး ပြန်လည် ထူထောင်ရေး ကူညီရန် ပြည်နယ်လွှတ်တော် ဆုံးဖြတ်

(ဧရာဝတီ)

ဝါရာဇွပ်ကျေးရွာတွင် မီးလောင်နေသည့် အိမ်တလုံးကို ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – KDNG)

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ်ကျေးရွာ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးဘေးသင့် ဒုက္ခသည်များကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

နိုင်ငံရေး ကကြီး ခခွေး...

(Kachinduwa)

ဒူဝါက ဖက်ဒရယ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ ရေးရင် ဗဟိုအစိုးရ ဆိုတာ ခဏဏ တွေ့ပါလိမ့်မယ်။ တနေရာမှာတော့ စစ်အုပ်စုထဲက အထင်ကရ (အမြဲတမ်း စစ်တပ်ကို ထောက်ခံနေသူ) တစ်ယောက်က Comment ပေးလာတယ်။

ဗဟို.. ဗဟို... နဲ့ ခင်များတို့ ကေအိုင်အေ ဌာနချုပ်လို့များ အောက်မေ့နေလား မသိဘူး.... တဲ့။ ဒါနဲ့ သူ တစ်ယောက်ထဲလား ဆိုတော့ သူ့ကို Like ပေးထားတဲ့ နောက်လိုက်တွေကလဲ မနည်းဘူး ဖြစ်နေတယ်။