Saturday, May 11, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အခြားဆောင်းပါးများ

(Jinghpawkasa)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုသည့်အကြောင်း မရဲတရဲ ပြောဆိုဆွေးနွေးလာကြတာ မြင်ရသည်။ ကောင်းပါပေ့ .. ကောင်းပါပေ့။ Something is better than nothing ဟုပင် ဆိုကြတာကိုး။

ကျနော်ကတော့ အရေးတကြီး ပြင်ဆင်စရာအချက် တစ်ချက်ကို သတိထားမိသည်။ နိုင်ငံတော်သမ္မတ၏

ဒုက္ခသည် ၇ ဦးကို အစိုးရ နယ်ခြားစောင့်တပ်မှ ဖမ်းဆီးသွား

(ကချင်သတင်းဌာန)

နယ်ခြားစောင့်တပ် (ယခင် NDA-K) များကို မြစ်ကြီးနားမြို့တွင် အစိုးရ၀န်ထန်းများ ကြိုဆိုနေပုံ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေ-လောခေါင်ဇုံနယ် မြန်မာ-တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၆) ဖရဲ (Hpare) စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၇ ဦးကို မေလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်ဝါအထူး နယ်ခြားစောင့်တပ် (Border Guard Force) မှ ဖမ်းဆီးသွားကြောင်းသိရသည်။

KIO ဒုက္ခသည်စခန်း အားလုံးအတွက် မူကြိုကျောင်း ဆရာဖြစ်သင်တန်း ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ကချင်ဒုက္ခသည် စခန်းတွင် KIO အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းအားလုံးမှ တက်ရောက်သော မူကြိုကျောင်းဆရာဖြစ် သင်တန်း တစ်ခု ပြုလုပ်နိုင်ခဲ့ကြောင်း သိသည်။

ယခုပြုလုပ်သော မူကြိုကျောင်းသင်တန်းသည် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီအဖွဲ့ချုပ် (MCC) မှ ကျပ် သိန်း ၃၀ အကူအညီဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း ပထမအကြိမ်မြောက် ပြုလုပ်သော သင်တန်းလည်း ဖြစ်ကြောင်း ဂျေယန့် မူကြိုကျောင်းတာဝန်ခံများက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးသည် နှစ်ဖက်စလုံး၏ အမှန်တကယ် ငြိမ်းချမ်းရေး ရလိုမှုအပေါ်မူတည်

(Eleven Media Group)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့အကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးသည် နှစ်ဖက်စလုံး၏ အမှန်တကယ် ငြိမ်းချမ်းရေးရလိုမှုအပေါ် မူတည်နေဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။     
                
အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု နှောင့်နှေးနေရခြင်းအပေါ် ဦးလမိုင်ခွန်ဂျာက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ နဲ့ ကချင်အမျိုးသားရေး

(VOA)

KIO နဲ့ မြန်မာအစိုးရ ဆွေးနွေးပွဲ

ကချင်ပြည်နယ်မှာ စစ်ဖြစ်တာ (၂) နှစ်နီးပါးရှိပေမယ့် ဦးသိန်းစိန်အစိုးရဟာ ချီးကျူးဂုဏ်ပြုခံရေပါတယ်။ ပြုပြင်ရေးကိုဆက်လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ထောက်ခံအားပေးကြပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရ မနိုင်မနင်းဖြစ်နေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်က ပဋိပက္ခဟာ အထင်ရှားဆုံးပါ။ ဒီအကြောင်းကို နယ်သာလန်အခြေစိုက် Transnational Institute က လွန်ခဲ့တဲ့ မတ်လက The Kachin Crisis စာတမ်းကို ထုတ်ဝေပါတယ်။ (၁၇) နှစ်လုံးလုံး အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရ တက်လာပြီး သုံးလအကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။

Friday, May 10, 2013

ဖားကန့်နယ်မှ မီးဘေးဒုက္ခသည်များ နေအိမ်ပြန်ဆောက်ရန် အကူအညီလို

(Mizzima)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာရှိ မီးဘေး ဒုက္ခသည်များအတွက်
ပြန်လည် နေရာချထားရေးများ လိုအပ်လျက်ရှိသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ
ဒေါ်ဘောက်ဂျာ က ပြောသည်။

ဧပြီလ ၂၆ ရက်နေ့က မီးကြောင့် နေအိမ် ၄၉ လုံး လောင်ကျွမ်းခဲ့ရပြီး အိုးအိမ်မဲ့များမှာ ထိုနေရာများတွင်ပင် မိုးကာတဲများထိုး၍ နေထိုင်ကြရသည်ဖြစ်ရာ မိုးရာသီ ဝင်ရောက်လာသည့်အတွက် လုံခြုံသည့်
နေအိမ်များ ပြန်တည်ဆောက်ရန် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

သစ္စာတရား နဲ့ စီးပွါးရေး တိုးတက်မှု

(Kachin Duwa)

သစ္စာ တရား နဲ့ လူ့ကျင့်ဝတ် ကောင်းတဲ့ နိုင်ငံဟာ အလိုလို စီးပွါးတိုးတက် တတ်ပါတယ်။

မြန်မာ နိုင်ငံ ဘာဖြစ်လို့ ဆင်းရဲ နေသလဲ... အဖြေက ရှင်းရှင်းလေးပဲ.. သစ္စာမရှိလို့... လူ့ကျင့်ဝတ် သိက္ခာ ခေါင်းပါးလို့ ဆင်းရဲ ခြင်း ဖြစ်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရအပေါ်အဓိကမူတည်နေ RCSS ပြော (ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင်နှင့် ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ၇၀၁ စစ်ဒေသအခြေစိုက်ရာ နောင်မရွာကို ယမန်နေ့က အစိုးရတပ်မတော် စကခ ၁၆ က အင်အား ၅၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရဘက်က လက် နက်ကြီးနဲ့မပြတ် ပစ်ခတ်လို့ ရွာမီး လောင်မှာကိုစိုးရိမ်ပြီး စခန်းကနေ စွန့်ခွါခဲ့ရတယ်လို့ RCSS ရဲ့စစ် ဒေသမှူးကပြောပါတယ်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးတည်ဆောက်နေတယ်ဆိုပေမယ့် တဖက်က လည်း အပစ်မရပ်နိုင်သေးတာ ဘာကြောင့်လဲ။ ဒီတိုင်းဆက်သွားနေရင် နိုင်ငံရေးဆွေးနွေးဖို့ဘယ် အခြေအနေရှိနေလဲ။ RCSS/SSA ရဲ့အမြင်ကိုသိရအောင်လို့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင် ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

 အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်နှင့် RCSS/SSA ခေါင်းဆောင် တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်

လနားဇွပ်ဂျာ ဒုက္ခသည်စခန်း တွင် သောက်သုံးရေ ခက်ခဲနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ လနားဇွပ်ဂျာ (Lana Zup Ja) ကချင်ဒုက္ခသည်စခန်းတွင် သောက်သုံးရေခက်ခဲမှုပြဿနာ ဆက်လက်ကြုံနေရဆဲ ဖြစ်ကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် အိမ်ခြေ ၅၉၆၊ လူဦးရေ ၂၅၉၁ ဦးရှိပြီး ၎င်းတို့သည် ဒုက္ခသည်စခန်းအတွင်းရှိ ရေတွင်း ၃ ခုနှင့် ရေလောင်ကန် ၁ ခုဖြင့်သာ သုံးစွဲနေရကာ ယခုချိန် ရေများခန်းခြောက်သွားသောကြောင့် သောက်သုံးရေ အခက်အခဲ ကြုံနေရသည်ဟု ဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေးနေသော မ အမိုင်က ပြောသည်။

ရေများခန်းခြောက်လာခြင်းကြောင့် တောင်ကျချောင်းမှ သွယ်ယူသော ဒုက္ခသည်စခန်းမှ ၁ မိုင်ခန့်ဝေးသော ရေလောင်ကန်မှ ရေကို ၄ ရက်ခန့်စုထားပြီး သုံးစွဲခြင်းများပြုလုပ်သောကြောင့် အနံ့ဆိုးများထွက်သော ရေများကို သုံးစွဲနေရကာ စခန်းအတွင်းရှိ ရေတွင်းမှရေကိုမူ တနေ့လျှင် ၂ ကြိမ်သာ ခပ်ယူသုံးစွဲနေရကြောင်း သိရသည်။

ဖားကန့်၌ အလုပ်လာရှာသည့် ရခိုင်တိုင်းရင်းသားများ ပြန်ပို့ခံရ

(ဧရာဝတီ)

ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ် ဖားကန့်ဒေသသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်သည့် ရခိုင်တိုင်းရင်းသား မိသားစုများအား အာဏာပိုင်များက ဟိုပင်မြို့၌ တားဆီးကာ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင် လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသား ၆၀ ၀န်းကျင်သည် ဖားကန့်ဒေသို့ သွားစဉ် ဟိုပင်မြို့ ဘူတာ၌ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့တို့မှ တားဆီး၍ မိမိဒေသို့ ပြန်ရန် ပြောဆိုကြောင်း၊ သို့သော် ၎င်းတို့က ပြန်လိုခြင်း မရှိသော်လည်း ဖိအားပေးကာ မန္တလေးသို့ မီးရထားဖြင့် ယမန်နေ့က ပို့ဆောင်ပေးလိုက်ကြောင်း ရခိုင်မိသားစုဝင်များအား ကူညီဆောင်ရွက်ပေးခဲ့သူ ဟိုပင်ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

Myen Asuya Hpyen Dap, BGF Hpyen Hpung Ni Hpyen Yen Mung Shawa Hpe Rim Woi Mat

(Kachinnet)

2013 May (8) ya shani hkying (11:00)am aten ram hta KIA Masat (1) Dap Ba, Masat (10) Dap Dung makawp maga ginra, Lawkhkawng Ginwang kata na Hpare hpye yen dabang kaw shanu nga ai mung shawa marai (7) hpe Myen Asuya Hpyen Dap, Jarit Sin hpyen pung (BGF) ni rim woi mat wa ai lam hpe chye lu ai.

အစိုးရတပ်နှင့် KIA ရှမ်းမြောက် ဂျာဒိုင်ယန် တွင် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်ကြားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်ပေါင်းစုံနှင့် KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့ကြား မေ ၈ ရက် ယမန်နေ့ ညပိုင်းတွင် ရင်ဆိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် KIA တပ်ဖွဲ့များရှိနေသည့် ဟူးဖြတ် (Hu Hpyet) နယ် ဂျာဒိုင်ယန်ရွာ (Ja Dai Yang) အနီးသို့ ထိုးစစ်ဆင်လာသော အစိုးရတပ် ခလရ ၂၉၀ နှင့် ခမရ ၅၀၇ စုပေါင်းစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းမှ KIA စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူသူအား စစ်ဆေးရန် တင်ပြချက် ထပ်မံ ပယ်ချခံရ

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲ၍ တရားရင်ဆိုင်နေရသူ စစ်ပြေးဒုက္ခသည် ဦးလထော် ဘရန်ရှောင်ထံမှ ဖြောက်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်ကို မြစ်ကြီးနား ခရိုင်တရားရုံးက ထပ်မံ ပယ်ချခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် မတ်လ ၅ ရက်နေ့က ဦးဘရန်ရှောင်၏ ရှေ့နေက လျှောက်ထားခဲ့မှုကို မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြင့်ထူးက ပယ်ချခဲ့ပြီးနောက် ခရိုင်တရားရုံးသို့ ဆက်လက်
လျှောက်ထားခဲ့ရာ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ထပ်မံ ပယ်ချခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ တပ်မတော် မြန်မာ ပြည်သူတွေကို ကာကွယ်ပုံ အဆင့်ဆင့်...

(Kachin Duwa)

မဆလ ခေတ် နောက်ပိုင်းဟာ ကိုပဲ တွက်ကြည့်တာပေါ့..

ဦးပိုင် ကုမ္ပဏီ တည်ထောင်ပြီး မြန်မာ့ စီးပွါးရေး ဦးပိုင် လီမိတက် ဆိုတဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ပါတယ်။ ခြေကျိုး၊ လက်ကျိုး၊ အငြိမ်းစားယူတဲ့ တပ်မတော်သားတွေကိုလဲ ကူညီမယ် ဆိုတော့ အခွန်ဆောင်စရာ မလိုတော့ဘူး။ မြန်မာ့ မြေပေါ် မြေအောက် လုပ်ငန်း အားလုံးလဲ ဦးပိုင်က ခွစီးယူလိုက်တယ်။

မြန်မာ့ လုပ်ငန်းရှင် မှန်သမျှ ဦးပိုင် နဲ့ ပေါင်းရင် အခွန်လွတ်ပြန်တယ်။ ဒီတော့ အစိုးရ ဆိုတဲ့ ခန္ဓာကိုယ်ကြီးက အဲဒီ အခွန်တွေနဲ့ပဲ အသက်ရှင်ရတာလေ။ အရေးကြီးတဲ့ အခွန်ပေါက် အားလုံး ဦးပိုင်က ဂိတ်စောင့်လိုက်တော့ အစိုးရ ဆိုတာ ယဲ့ယဲ့ပဲ ကျန်တာပေါ့....

Thursday, May 9, 2013

ရခိုင်တွေ ကချင်က ပြန်ပို့

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်ပြည်နယ် သား ၅၀ကျော်ကို ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ဟိုပင်မြို့ကနေ ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုပြန်လွှတ်တာကတော့ ဒီလဆန်းပိုင်းက ဖားကန့်ဒေသက မူဆလင်တွေ ပိုင်ဆိုင်တဲ့ဈေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးတာတွေဖြစ် ခဲ့တဲ့နောက် ဒီဖျက်ဆီးမှုမှာ ရခိုင် အမျိုးသားတွေ ဦးဆောင်တယ်လို့ အာဏာပိုင်တွေက ယူဆတာကြောင့် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလပိုင်းတွေ အတွင်း မြို့ကြီးတချို့မှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး တဲ့နောက် ရခိုင်လူမျိုးတွေအပေါ် အခုလို ကန့်သတ်လိုက်တဲ့ အကြောင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်တွေလဲ မြန်မာ ပါတဲ့။

(Kachin Duwa)

ကချင်လူမျိုးတွေလဲ မြန်မာတွေပါ လို့ ပြောပြောနေတာ သတိထားမိပါတယ်။ ဟုတ်ကဲ့.... ကချင်တွေက မြန်မာ ဖြစ်ချင်လို့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်ကတည်းက ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့်... အဲဒီ စာချုပ်အတိုင်း မြန်မာဖြစ်ခွင့်မရခဲ့ဘူး။ ဒုတိယ နိုင်ငံသား ဖြစ်သွားတယ်။ ဘာလို့လဲ ဆိုတော့ ကချင်တွေဟာ ခရစ်ယာန် ဖြစ်လို့ပဲ။ ကျောင်းသားဘ၀ တုန်းက ပူတာအို မှာ ဘူတာရုံပိုင် အလိုရှိတယ်တဲ့ လို့ ပြောင်နောက်တာကို ယုံတဲ့ ဗမာငအ က မြို့နယ်မှူးတွေ တက်ဖြစ်။ သူနဲ့ အလုပ်အတူတူ ၀င်တဲ့ သူ့သူငယ်ချင်းကချင်တွေက ဘ၀ တစ်သက်တာ စာရေးဘ၀ က မတက်တော့ဘူး၊ တဲ့။ စစ်တပ်ထဲမှာ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး ပင်စင်ပေးခံရတာတွေလဲ ရှိတယ်။ ရန်ကုန် စက်မှုသက္ကသိုလ် က နည်းပြဆရာ ကချင်တစ်ယောက် (နာမည်မဖေါ်ပြတော့ပါ) လဲ ဗုဒ္ဓဘာသာ ပြောင်းခိုင်းတာ မပြောင်းလို့ ဆိုပြီး အသက် ၃၀ ကျော်မှာ အထုတ်ခံရတယ်။ နောက်တော့ စင်ကာပူမှာ နာနို နည်းပညာနဲ့ ပါရဂူဘွဲ့ ရပြီး မြန်မာပြည်မပြန်ပဲ အခု စင်ကာပူ မှာ အလုပ်ကောင်းရနေပြီ။

မြန်မာပြည်က လူမျိုး ၁၃၅ ဆိုတာ တကယ်မရှိတဲ့ ရှာကြံလူမျိုးများ ဖြစ်တယ်။

(Kachin Duwa)

မြန်မာပြည်မှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ် ဆိုတာ ခဏခဏ တွေ့နေရတယ်။ ၀န်ကြီးတွေ ကိုယ်တိုင်လဲ ပြောတာ သတိထားမိတယ်။ ဒါပေမယ့် ဘယ်မှာ ပြဌာန်းထားသလဲ။ ဘယ် သုတေသနအဖွဲ့က ဖေါ်ထုတ်ထားသလဲ။ ဘယ် စာအုပ်မှာဖေါ်ပြထားသလဲ။ အဲဒီဟာကို ဘယ် သက္ကသိုလ်တွေက အသိအမှတ်ပြုထားသလဲ ဆိုတာ မရှင်းလင်းပါ။

အဲဒီ ၁၃၅ မျိုးဆိုတဲ့ အထဲက ကချင်အုပ်စု ကို ခွဲထားတာတော့ တော်တော် တရားကျဖို့ ကောင်းတယ်။ ကျန်လူမျိုးတွေကိုလဲ ဒီလိုပဲ ကျန်ဖန်ပြီးခွဲထားတာ ဖြစ်လိမ့်မယ် လို့ယုံတယ်။

KIO ဒေသ ဒုက္ခသည်များထံ နိုင်ငံတကာကူညီမှု မရောက်နိုင်

(ဧရာဝတီ)

KIO/KIA ထိန်းချုပ်ရာ ဒေသရှိ  ဒုက္ခသည်များထံ နိုင်ငံတကာအကူအညီများ ရောက်ရှိနိုင်ရေးမှာ မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသ ဒုက္ခသည်စခန်းတခုရှိ ကျန်းမာရေးစောင့်ရှောက်မှု မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

တပ်ရင်း (၉) နမ့်မူကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ်  ကေအိုင်အိုအစိုးရ  ရှမ်းပြည်မြောက်ပိုင်း  ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၉) ဒေသဖြစ်သော  နမ့်မူကျေးရွာတွင် မေလ (၈) ရက်နေ့  ညနေ (၃း၃၀) နာရီအချိန်ခန့်တွင် တပ်ရင်း (၉) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ ကွတ်ခိုင်အခြေစိုက် ခလရ (၂၄၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ စစ်တပ်များသည် ကေအိုင်အိုအစိုးရ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေများသို့ စစ်အင်အားများ တိုးချဲ့မှုကြောင့် တိုက်ပွဲများ  နေ့စဉ်နေတိုင်း ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပါသည်။

Dingda Ginwang, KIA Dap Dung (9) Ginra Hta Gasat Poi Byin

(Kachinnet)

KIA Masat (4) Dap Ba, Masat (9) Dap Dung makawp maga ginra hta 2013 May (8) ya shana de hkying (3:15)pm kaw nna hkying (3:30)pm aten ram du hkra Dima mare maga de shamu shamawt chyinglau hkawm nga ai Kuthkai daju Myen Asuya Hpyen Dap Hk.L.Y (241) Dap na hpyen hpung ni Namhpakka-Muse mawdaw lam mayan na Nam Mun mare kaw KIA Masat (9) Dap Dung na hpyen hpung ni hte hkrum katut gasat poi byin ai lam hpe chye lu ai.

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

ကေအိုင်စီ

ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။

ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ် စသဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါသည်။

ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အစိုးရစစ်တပ်များ အတင်းဝင်ရောက် နေရာယူလာမှုများ ကြောင့်ဖြစ်သည်။ အစိုးရစစ်တပ်သည် သူတို့ကိုယ်သူတို့ “နိုင်ငံတော်စစ်တပ်” ဖြစ်သည်။ သို့အတွက် မည်သည့်နေရာဒေသသို့မဆို အချုပ်အငင် မရှိ ဝင်ထွက်သွားလာမည်၊ တပ်စွဲနေရာချထားမည်၊ ယင်းသို့ မောက်မာလှသော သဘောထားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ထိန်းချုပ် တပ်စွဲ အခြေပြုထားသည့် နယ်မြေဒေသများသို့ ဇွတ်တိုးဝင်ရောက်လာသဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်သည်။

ဘွမ်စစ်ပါ ဒုက္ခသည်စခန်းတွင် စာသင်ကျောင်းဆောင် အခက်အခဲကြုံနေ

ကချင်သတင်းဌာန

၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ် အတွက်  ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်နီးလာပြီ ဖြစ်သော်လည်း ဗန်းမော်မြို့နယ် အတွင်းရှိ ဘွမ်စစ်ပါ (Bum Tsit Pa) ကချင်ဒုက္ခသည်စခန်းတွင် စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်းတွင် ယမန်နှစ် တရုတ်နိုင်ငံ နောင်တောင်း (Nongdao) မှ ဒုက္ခသည် ကလေးများ ရောက်ရှိလာချိန်မှစပြီး စာသင်ခန်း မလုံလောက်မှုကြောင့် စာသင်ချိန်ကို မနက်ညခွဲကာ အချိန် နှစ်ပိုင်းဖြင့် သင်ကြားအဆုံးသတ်ခဲ့ရ ခြင်းဖြစ်သည်။

Wednesday, May 8, 2013

KIA နှင့် အစိုးရ တပ်များ အဆက်မပြတ် တိုက်ပွဲ ဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့ များသည် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွား လာနေကြောင်း KIO နိုင်ငံခြားရေး ဒုတိယ တာဝန်ခံ ဂျိန်းလွန်းတောင်က ဆိုပါသည်။

အဓိက တိုက်ပွဲ နေရာ တွေကတော့ ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ထဲက KIA တပ်မဟာ (၄)နေရာ၊ ပြီးတော့ မေခ မေလိခ မြစ်ဆုံရဲ့ အောက်ပိုင်းက ဧရာဝတီမြစ်ရဲ့ အနောက်ဖက်က မိုးညှင်းမြို့နယ်မှာ လှုပ်ရှား နေတဲ့ ကျနော်တို့ တပ်မဟာ (၂) နယ်မြေ ထဲမှာပေါ့ နေ့တိုင်း လိုလို ဖြစ်လာနေတာ ရှိပါတယ်။” ဟုဆိုပါသည်။ 

 ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်နှင့် နမ်းဖက်ကာရှိ တပ်မဟာ (၄) ဧရိယာဖြစ်ပွားသော တိုက်ပွဲများမှာ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့ KIA နှင့် အစိုးရတို့ ဆွေးနွေးပွဲ နောက်ပိုင်း ရင်ဆိုင် တိုက်ပွဲများ တဖြည်းဖြည်း များပြား လာသည်ဟု ဆိုပါသည်။ 

KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် သင်ကြားသွားမည်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့ (Mai Ja Yang) ထွယ်နင်ရှောင် (Htoi Ning Shawng) အထက်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်မှစ၍ တရုတ်စာကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်အစိုးရရဲ့ အကူအညီနဲ့သင်ကြားသွားမှာပါ။ သူတို့ဘက်က လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်နဲ့ နည်းပြဆရာတွေကို ပံ့ပိုးမှုပေးသွားမှာဖြစ်တယ်” ဟု ကျောင်းအုပ်ကြီး ဦးဖုန်ဆန့် ကပြောသည်။

ထိုကျောင်းတွင် ၅ တန်းမှ ၁၀ တန်းထိ သင်ကြားသွားမည်ဖြစ်ပြီး ကျောင်းသားသစ်အနေဖြင့် မြန်မာအစိုးရနှင့် KIO မည်သည့် ကျောင်းမှလာသည်ဖြစ်စေ ပဉ္စမတန်းတက်ရောက်မည့် ကျောင်းသားသစ် ၂၅ ယောက်ကိုသာ လက်ခံသွားမည်ဖြစ်ပြီး တက်ရောက်သူများသည် ဘော်ဒါဆောင် နေရမည်ဖြစ်သည်။

ဝ တပ်ဖွဲ့ကို စစ်လက်နက် ပို့ပေးမှု တရုတ် ငြင်းဆို

(ရွှေဟင်္သာသတင်းဌာန)

မြန်မာနိုင်ငံ အခြေစိုက် တရုတ် သံရုံးက တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံထဲကို စစ်လက်နက်တွေ သယ်ပို့ ပြောင်းရွေ့ခဲ့တဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိဘူး ဆိုပြီး သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သတင်း ထုတ်ပြန်ချက် ထဲမှာ တရုတ်နိုင်ငံကနေ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို စစ်လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ ရောင်းချခဲ့တယ် ဆိုတဲ့ သတင်းကို မြန်မာ eleven news ကဖေါ်ပြခဲ့တဲ့ အကြောင်း၊ ဒီသတင်းမှာ တရုတ်နိုင်ငံကို စွပ်စွဲဖေါ်ပြထားတဲ့ အကြောင်း၊ ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ် သံရုံးကနေ ကျေနပ်မှု လုံးဝမရှိတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီ thinktank အဖွဲ့ ကဘဲ အလားတူ သတင်းတွေ ထုတ်ပြန်ခဲ့ တာတွေဟာ၊ အရင်းအမြစ် မရှိတဲ့ သတင်းတွေ ဖြစ်တဲ့ အကြောင်း၊ မြန်မာပြည်တွင်း နဲ့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ မြန်မာတွေကို ထင်ယောင် ထင်မှား ဖြစ်စေတာ ဖြစ်တဲ့ အကြောင်း၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ တတပ်တအား ကြိုးပမ်းပေး နေမှုတွေကို ပယ်ပျက်စေတယ် လို့လည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

Tuesday, May 7, 2013

မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်မှုရှိနေ

တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင်
တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူ အတုပြုလုပ်သည့်စက်(၇)လုံး၊ မြန်မာငွေအတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

"၀" သို့ တရုတ်မှ စစ်ရဟတ်ယာဉ်ရောင်းချခြင်း သတင်းဖော်ပြခဲ့သည့်အတွက် Eleven Media Group ကို ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း တရုတ်သံရုံးမှ ကြေညာချက်ထုတ်ပြန်

(Eleven Media Group)

မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေခဲ့သော The Daily Eleven သတင်းစာတွင် “၀”သို့ တရုတ်နိုင်ငံမှ စစ်ရ ဟတ် ယာဉ် ပေးပို့ခဲ့ခြင်းအား “၀”ဘက်မှ ငြင်းဆို သတင်းကို ဖော်ပြခဲ့သည့် အတွက် Eleven Media Gorup ကို ပြင်းပြင်း ထန်ထန် မကျေနပ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

KIO နှင့် အစိုးရ ပြန်တွေ့နိုင်ရန် ညှိနေကြဆဲ

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် နှစ်ဖက် ညှိနှိုင်းနေသဖြင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဧပြီလကုန်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်း က မေလ ပထမပတ်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ပြီးနောက် အပြန်အလှန် စာများ ပေးပို့ခဲ့၍ ညှိနှိုင်းနေသည်ဟု ဆိုသည်။

Myen Asuaya Hpyen Dap Ni KIA Masat (38) Dap Dung Makawp Maga Ginra, Na Sang De Htim Gasat

(Kachinnet)

Lahta Sam Mung, KIO Dingda Ginwang, KIA Masat (38) Dap Dung makawp maga ginra maga de Myen Asuya Hpyen Dap ni matut manoi naw htu gasat nga ai lam hpe chye lu ai.

2013 May (6) ya jahpawt hkying (8:35)am aten ram hta Myen Asuya Hpyen Dap Y.M.Hk  npu na Kung Chyan mare kaw daju ai Hk.L.Y (125) Dap na hpyen hpung ni gaw Mung Ya kaw nna KIA Masat (38) Dap Dung makawp maga ginra maga de htim gasat lung wa ai majaw KIA Masat (38) Dap Dung na hpyen hpung ni Na Sang mare mayan kaw ninghkap shingla gasat ai, gasat poi byin ai lam hpe chye lu ai.

Ndai gasat poi hta lahkawng maga na si hkala ai lam hpe tup hkrak nchye lu shi ai.

တရုတ်နယ်စပ် လွန်ဆွဲမှုများကြား ဝ ပါဝင်လာခြင်း

(ဧရာဝတီ)

မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍  Jane’s Intelligence Review က ဆိုသော်လည်း ၀ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ်မှန်ကြောင်း အခိုင်အမာ ပြောကြားသည်။

သို့သော်လည်း မြန်မာအစိုးရတပ်များက ရှမ်းပြည်နယ်တွင်းရှိ လက်နက်ကိုင်များကို ထိုးစစ်မြှင့်တင်နေခဲ့ခြင်းကဲ့သို့ ရွှေတြိဂံ ဒေသမှ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်လာသော တိုက်ပွဲများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး အတွက် စမ်းသပ်ချက်တခု ဖြစ်လာဖွယ်ရှိသည်။

မိုးသက်လေပြင်းကြောင့် တရုတ်နယ်စပ် ဒုက္ခသည် စခန်းများမှ အိမ်ခြေ ၄၀၀ ခန့် ပျက်စီး

(Mizzima)

မိုးနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် တရုတ်နယ်စပ်၊ မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်း ၄ ခုမှ အိမ် အလုံး ၄၀၀ ခန့် ပျက်ဆီးခဲ့သဖြင့် ပြန်လည် ပြုပြင်ရန် အကူအညီ လိုအပ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မေလ ၃ ရက်နေ့က ညနေပိုင်းက မိုင်ဂျာယန်အနီးရှိ လနာ့ဇွပ်၊ အင်ခေါင်းပါ၊ ဘွမ်ဇစ်ပါ၊ ခခရန်းဇွပ်စခန်းများရှိ လူဦးရေ ၅,၅၀၀ ကျော်၏ နေအိမ်နှင့် အိမ်သာများ ပျက်ဆီးခဲ့၍ ပြုပြင်ရန် သစ်၊ ဝါးနှင့် သွပ်များ လိုအပ်နေ သည်ဟု လနာ့ဇွပ် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတူးလွမ်း က ပြောသည်။

Monday, May 6, 2013

KIA Dap Dung (5) Ginra Hte Lahta Sam Mung Ginra Ni Hta Matut Manoi Gasat Poi Byin Nga

(Kachinnet)

KIA Masat (2) Dap Ba, Masat (5) Dap Dung makawp maga ginra hta 2013 May (5) ya shana maga hkying (3:15)pm kaw nna hkying (3:30)pm aten laman Nam Hkyi Maw maga kaw na htu shadut chyinglau hkawm nga ai Myen Asuya Hpyen Dap Hk.L.Y (93) Da[ ka hpyen hpung ni hpe KIA Masat (5) Dap Dung na hpyen hpung ni ninghkap gasat poi byin ai lam hpe chye lu ai.

ဦးဘရန်ရှောင် အမှု တရားလို စစ်ဗျူဟာမှူး မလာ၍ ရုံးချိန်း ပြန်ပေး

(Mizzima)

သမီးဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲသည်ဟုဆိုကာ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ အမှု တနင်္လာနေ့ ရုံးချိန်းသို့ တရားလို အစိုးရ စစ်ဗျူဟာမှူး တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့၍ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်ပေးခဲ့ရသည်ဟု ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။

ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုခဲ့သော တရားလို ဒု စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက် နယ်ပြောင်းရွှေ့သွားသဖြင့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ထပ်မံ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

မြစ်ကြီးနား - လိုင်ဇာလမ်း ကားများ ပြန်ပြေးဆွဲလာ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်သည် မြစ်ကြီးနား-လိုင်ဇာ လမ်းကို ဧပြီလမှ တချို့ ပြည်သူများ ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ပြီး ယခုချိန် ကားဖြင့်လည်း  ပြေးဆွဲလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် ဖွင့်လိုက်ခြင်းမဟုတ်ပဲ နားလည်မှုဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ် သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ် သွားသော ခရီးသည်များကို မြစ်ကြီးနားမှ နမ်ဆန်ယန် (Nam San Yang) ထိ ပို့ဆောင်ပြီး ထိုမှတဆင့် လိုင်ဇာထိ အခြားကားဖြင့် ပို့ဆောင်နေကြောင်း ခရီးသည်များ ပြောသည်။

အခုလဲ အာဏာရှင် ခေတ် ပါပဲ။

(Kachin Duwa)

မြန်မာပြည်ပြောင်းလဲ နေပြီ၊ ဒီမိုကရေစီ ရပြီ ဆိုပြီး ပျော်နေကြတဲ့ လူတွေလဲ တပုံကြီးပါ။ တကယ်တော့ မပြောင်းလဲသေးပါဘူး။ လူပဲ ပြောင်းတာ၊ မူမပြောင်းသေးဘူး။ ဗဟိုက ဗဟို စနစ်ပါပဲ။

အာဏာရှင် ဆိုတာ ဗဟိုအဆင့် (အမြင့်ဆုံးအဆင့်) ကနေ အာဏာကို စုပ်ကိုင်ထားတဲ့ လူတစ်ဦး တစ်ယောက် (သို့) လူတစ်စု (သို့) လူမျိုး တစ်မျိုး ကို ခေါ်ပါတယ်။

ကချင်ဒေသ ဒုက္ခသည်စခန်းများနဲ့ လေပြင်းဒဏ်

(ဧရာဝတီ)

စနေနေ့ မနက်အစောပိုင်းမှာ မိုးရွာ၊ လေပြင်းတိုက်တာကြောင့် ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နေရာ မိုင်ဂျာယန် ပတ်ဝန်းကျင်က
ဒုက္ခသည်စခန်း ၄ ခုမှာ အပျက်အစီးတွေ အတော်များများ ဖြစ်သွားပါတယ်။


၂ဝ၁၁ ဇွန်လက တွေ့ရသည့် လိုင်ဇာဒေသ ဒုက္ခသည်စခန်းတနေရာ (ဓာတ်ပုံ - ဧရာဝတီ)

“ဘုရားပေးတဲ့ အရင်းအနှီးနဲ့ တော်လှန်ရေးလုပ်နေတာ” အဆိုတော်မွန်းအောင်နဲ့ အင်တာဗျူး

(နေ့သစ်)

ကိုမွန်းအောင်ကို လူသိများတဲ့ အဆိုတော်ဘ၀ကနေ တော်လှန်သူတယောက်အဖြစ် တွန်းပို့လိုက်တဲ့ အရာတွေက ဘာလဲ..။

ကလေးဘ၀ကတည်းက ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရတဲ့ မတရားမှု ဖိနှိပ်မှုတွေပေါ့ဗျာ။ စစ်သားတွေ၊ သေနပ်တွေ၊ စစ် ထရပ်ကားတန်းရှညကြီးတွေ၊ ဟယ်လီကော်ပရာတွေ၊ သေနပ်ဒါဏ်ရာတွေ၊ ညမထွက်ရအမိန့်တွေနဲ့ ပေါ်တာဆွဲတာတွေ အိမ်တိုင်းမှာရှိတဲ့ ကတုတ်ကျင်းတွေက ကျနော့် ကလေးဘ၀ကတည်းက မြင်ကွင်းတွေ။ မြစကြီးနားမှာ ကျနော်နေတာ၊ မြို့ရဲ့ ၁၀ မိုင်အပြင်ဘက်ကိုတောင် မထွက်ရဲဘူးဗျ။ လုံခြုံမှုမရှိလို့ပါ။ အသက်လည်း အာမခံချက်မရှိဘူး၊ တကယ်လို့ ဖားကန့်သွားမယ်ဆို အချိန်မရွေး ပေါ်တာဆွဲမယ်၊ ဒါမှမဟုတ် KIA ကလည်း တပ်သားသစ်အဖြစ် ဆွဲခေါ်သွားမှာပဲ။ မြစ်ကြီးနားကနေ မြစ်ဆုံရောက်ဖို့ စစ်တပ်ဂိတ် ၃-၄ ခုလောက်ကို ဖြတ်ပြီးသွားရတာ။ စစ်အုပ်ချုပ်ရေးအောက်လူမှန်း မသိခင်ကတည်းက ရောက်နေတာ။ ငယ်ငယ်ကတည်းက ကာဖျူးနဲ့ နေလာတာ။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကို ဆန်းစစ်လေ့လာခြင်း

(မိုးမခ) (သန်းဝင်းလှိုင်)

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံဖြစ် ပေသည်။
 
            သို့သော် မြန်မာနိုင်ငံ၌ အဓိကလူမျိုးကြီး ရှစ် မျိုးရှိပြီး မျိုးနွယ်စုပေါင်း ( ၁၃၅ ) မျိုးရှိသည် ဟု ပြောဆိုသုံးနှုန်းနေမှု ကို တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စုဖွဲ့ထားသော “ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း” က ကန့်ကွက်ကြောင်း ၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်နှင့်  ၃ ရက်နေ့  က ပြုလုပ်ခဲ့သော နှစ်လတကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။