Saturday, April 27, 2013

အကြောက်တရားဟာ လူတွေကို အချင်းချင်း ပိုပို ဝေးသွားစေတယ်။

(Kachin Duwa)

ဥပဒေ ဆိုတာ လူတွေရဲ့ အကြောက်တရားကနေ အခြေခံပြီး လူလူချင်းတရားမျှတမှု ကို ဆောင်ကျဉ်းနိုင်ဖို့ ဖွဲ့တည်လာရခြင်း ဖြစ်ပါတယ်။

လူတစ်ဦးချင်း သော်လည်းကောင်း၊ အိမ်ထောင်တစ်ခုချင်းသော်လည်းကောင်း၊ မိသားစု တစ်စုချင်းသော်လည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦး မတရားသဖြင့် နိုင်ထက်စီးနင်း လုပ်လို့ မရ အောင် ဥပဒေက အကာအကွယ် ပေးထားတယ်။ အဲဒီ ဥပဒေ ကို အစိုးရက ထိန်းကျောင်းတယ်။ ဒါပေမယ့် အဲဒီ ဥပဒေ ကို ပြုလုပ်သူဟာ အဲဒီ ဥပဒေ အကျိုးသက်ရောက်ခံမည့်သူများသာ ဖြစ်သင့်တယ်။ တမျိုးပြောရရင် ဥပဒေ ဆိုတာ ပြည်သူ့ကြားကအချင်းချင်း အကာအကွယ်ပေးနိုင်တဲ့ ပဠိညာဉ် စာချုပ်တစ်ရပ် ဖြစ်ပါတယ်။

မြစ်ကြီးနား ဇီးလွန်ဒုက္ခသည်စခန်းတွင် ရေ အခက်အခဲ ကြုံနေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် သုံးစွဲရန် ရေ အခက်အခဲ ကြုံနေရကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် လူဦးရေ ၇၀၀ ကျော်ရှိပြီး ၎င်းတို့သည် ရေဘုံဘိုင် ၃ ခုဖြင့်သာ သုံးစွဲနေရသောကြောင့် ယခု ဧပြီလမှ စကာ ရေ အခက်ခဲကြုံနေရသည်ဟု ၎င်းဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေးနေသော ဆရာ လဘန်အောင် (Sara Labang Awng) က ပြောသည်။

Friday, April 26, 2013

မြစ်ကြီးနား-လိုင်ဇာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အစိုးရတပ်များ တိုးချ

(ကချင်သတင်းဌာန)

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲကြောင့် တစ်နှစ်ကျော် ပိတ်သွားသော တရုတ်နယ်စပ်ကုန်သွယ်ရေး လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမ ပြန်ဖွင့်လာသော်လည်း အစိုးရတပ်များ ရုတ်သိမ်းခြင်းမရှိဘဲ ပိုမိုတိုးချဲ့ထားကြောင်း သိရသည်။

ဗဟိုလုံခြုံရေး KIA တပ်မဟာ (၅) နယ်မြေ ဘွမ်ရယ်ဘွမ် (Bum Re Bum)၊ နမ်ဆန်ယန် (Nam San Yang)၊ မဒီးယန် (Madi Yang)၊ ခယာဘွမ် (Hka Ya Bum)နှင့် ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) အစိုးရ တပ်စခန်းများတွင် တပ်အပြောင်းအလဲလုပ်ကာ စစ်အင်အားများ ယခင်ထက် ပိုချထားသည်ဟု ရှေ့တန်းမှ KIA စစ်ဗိုလ်များ ပြောသည်။  ယခုလတွင်လည်း အလော့ဘွမ် (Alaw Bum) ရှိ ခလရ (၁၄၂) တပ်ကို နွမ်လန့် (Num Lang) အခြေစိုက် ခမရ (၄၃၈) တပ်ဖြင့် အပြောင်းအလဲပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။

“ယုံကြည်မှု တည်ဆောက်ခြင်းဟာ ငြိမ်းချမ်းရေး အတွက် အလွန် အရေးကြီးတယ်”

(ဧရာဝတီ)

မြန်မာနိုင်ငံ၏ လူမျိုးစုပေါင်းစည်းရေး လုပ်ငန်းတွင် အကူအညီ ပေးနိုင်ရန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယို့အိ ဆာဆာ ကာဝါ (Yohei Sasakawa) အား အထူးသံတမန် အဖြစ် ဂျပန်အစိုးရက ခန့်အပ်ခဲ့သည်။ ယင်းသို့ တာဝန်ပေး ခန့်အပ်မှုကြောင့် မစ္စတာ ဆာဆာကာဝါသည် ဂျပန်အစိုးရ ကိုယ်စားပြုကာ မြန်မာနိုင်ငံရှိ လူမျိုးစု များနှင့်လည်းကောင်း၊ မြန်မာ အစိုးရနှင့် လည်းကောင်း၊ တခြားနိုင်ငံ အစိုးရများနှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးနိုင်မည် ဖြစ်သည်။ လူမျိုးစု လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသ၊ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေသော နယ်စပ်ဒေသ တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ဒေသခံများအတွက် ၎င်းနှင့် အဖွဲ့ဝင်များသည် လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးရာ၌ တက်ကြွစွာ ပါဝင်ကူညီ လုပ်ဆောင်လျှက် ရှိသည်။ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ကိုစောရန်နိုင်က ဥက္ကဋ္ဌ မစ္စတာ ယို့အိ ဆာဆာ ကာဝါကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

KIA တပ်မဟာ ၄ နယ်မြေအတွင်း အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်



သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အရှေ့ဘက် နားတီးနှင့် နမ့်ဆလပ်ရွာ အကြားရှိ KIA တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၇ ထိန်းချုပ်ရာ လွယ်ကန်မုံးစခန်းအား  မြန်မာအစိုးရတပ်က ယနေ့နံနက် အစောပိုင်းမှစ၍ ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက် အဆိုအရ သိရသည် ။

ဧပြီလ ၁၉ ရက်နေ့မှစ၍ ၄င်းနယ်မြေများအတွင်း အစိုးရတပ်များ စတင် ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခွဲ ခန့်တွင် အဆိုပါ လွယ်ကန်မုံးစခန်းအား  တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တရုတ်နယ်စပ် အခြေစိုက် စစ်ရေး ၊ နိုင်ငံရေး လေ့ လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

KIA အပေါ် အစိုးရ၏ သဘောထား

(ရွှေဟင်္သာသတင်းဌာန)

အစိုးရတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) ၊ လက် အောက်ခံ တပ်ရင်း (၁၇) စခန်းဖြစ်သော မနောဘွမ်စခန်းကို (၃) ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ကြောင်း KIA အရာရှိ တစ်ဦးက ပြောပါသည်။

“အဲဒီစခန်းကို သူတို့က (၃) ရက်လောက် အပြင်းအထန် တိုက်ဖြစ်ပြီးတဲ့နောက် ကျနော်တို့ မနောဘွမ် စခန်းကျသွားခဲ့ တယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ကတည်းက ကျနော်တို့ ဆုတ်ခွာ ပေးခဲ့ရတယ်။  ဒီ သတင်းကို တမြန်နေ့က ကျနော်တို့ ထုတ်ပြန်ထား ပြီ ဖြစ်တယ်။” ဟု ဆိုပါသည်။

မိုးညှင်း ကျောက်လုပ်သားများ KIA တပ်သားသစ်အဖြစ် စုဆောင်းခံရ

(ဧရာဝတီ)

မိုးညှင်းမြို့နယ်အတွင်းရှိ ရွှေမှော်လုပ်ကွက်တခု မြင်ကွင်း (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ ကျောက်လုပ်ကွက်များမှ လုပ်သား ၁၀၀ နီးပါးကို ဧပြီလ ၂၂ ရက်နေ့ ညပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တပ်သားသစ် စုဆောင်းသည်ဟု ဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။

မြစ်ကြီးနားမှာ ဆင်းကတ် ၃,၀၅၀၊ မိုးညှင်းမှာ ၁,၄၅၀ မဲဖောက်

(MIzzima)

တန်ဖိုးနည်း ဆင်းကတ်များအတွက် မြစ်ကြီးနားမြို့နယ်အတွင်းမှ သာမန်ပြည်သူ ၉,၅၁၃ ဦး၏ လျှောက်လွှာများ လက်ခံရရှိခဲ့ပြီး ၎င်းတို့အနက် ၂,၀၅၀ ခုအတွက် ဗုဒ္ဓဟူးနေ့ ညနေမှစ၍ မဲနှိုက်ပေးနေသည်။

အစိုးရ ဝန်ထမ်းပေါင်း ၂,၀၀၀ ကျော်၏ လျှောက်လွှာများအနက် ဆင်းကတ် ၁,၀၀၀ ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့က မြို့နယ်ရုံးတွင် တာဝန်ရှိသူက လူထုအား ပြောဆိုခဲ့သည်။

တရုတ်ဝန်ထမ်း ၄၀ ကချင်အစိုးရ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေး

(RFA)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်-ဆဒုံး-ကန်ပိုက်တီလမ်း ပြုပြင်နေချိန်အတွင်း မြန်မာနိုင်ငံမှာ နေထိုင်နိုင်ဖို့အတွက်  တရုတ်နိုင်ငံ ထိန်ချုံးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား အယောက် ၄၀ ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုမိန့်နဲ့ သုံးလသက်တမ်း နေထိုင်ခွင့်လက်မှတ် Yellow Card(YC) ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီရဲ့ မြစ်ကြီးနား-ထိန်ချုံးကားလမ်း ပြုပြင်ရေးအဖွဲ့ဟာ   ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကုမ္ပဏီဝန်ထမ်းတွေကို သုံးလနေထိုင်ခွင့် Yellow Card ကို အခမဲ့ထုတ်ပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ ဦးစီးမှူး ဦးဝင်းလွင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။

KIA တပ်ရင်း (၁၇) အား ပြင်းထန်စွာ အစိုးရ စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အရှေ့ဘက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့ တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်လျက်ရှိကြောင်း KIA နိုင်ငံခြား ဆက်ဆံရေး ဒုတာဝန်ခံ ဂျိန်လွန်းတောင် က ပြောပါသည်။

“ဗမာ အစိုးရက ကတိတည်တဲ့ လူစားမျိုးမှ မဟုတ်တာ။ တွေ့ဆုံဆွေးနွေးရေး တွေ အကြိမ်ကြိမ် လုပ်တယ်။ ဂတိတွေလဲ အကြိမ်ကြိမ် ပေးထားတတယ်။ ဒါပေမဲ့ ကျနော်တို့ကို ဟို အကြောင်းပြ ဒီအကြောင်းပြပြီး တပ်ဆုတ်ပေးလို့ ပြောတယ်။ မဆုတ်ဘူးဆိုရင် တိုက်တယ်လေး။ အခုလဲ အဲဒီ တပ်မဟာ ၄ ဘက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြော လို့ရ တယ်။” ဟု ဆိုပါသည်။

လက်ရှိ မြန်မာအစိုးရနှင့် နိုင်ငံရေးအခြေအနေ KIO ပြည်သူလူထုအား ရှင်းပြ

(ကချင်သတင်းဌာန)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်ရှိ မြန်မာအစိုးရနှင့် KIO သွားနေသော နိုင်ငံရေးလမ်းကြောင်း အခြေအနေကိစ္စများနှင့် ပတ်သက်ပြီး ဧပြီ ၂၃၊ အင်္ဂါနေ့ မိုင်ဂျာယန်တွင် ပြည်သူလူထုထံ ရှင်းလင်း ပြောဆိုသည့် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ထိုအစီအစဉ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်မဟာ ၃ ဌာနချုပ်ရှိ ခန်းမဆောင်တွင် ဧပြီလ ၂၃ ရက် ယမန်နေ့ မနက် ၈ နာရီမှ နေ့လည် ၄ နာရီထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

Tuesday, April 23, 2013

ဖားကန့် တနိုင်တပိုင် ကျောက်တူးသမားများအား အစိုးရတပ် မောင်းထုတ်

(Mizzima)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များတွင် တနိုင်တပိုင် ရေမဆေးကျောက် တူးနေသူများ ဒေသခံ၏ တဲများ၊ စက်ပစ္စည်းများကို အစိုးရ စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ
ခြိန်းခြောက် နှင်ထုတ်လျက်ရှိကြောင်း ဖားကန့်မြို့ခံများက ပြောသည်။

ဖားကန့်မြို့နယ် ရှရော်ခ၊ မဲ့လင်ဂျောင်၊ မှော်စီဆာ၊ ဂွေခါ၊ မှော်လကင် စသည့် ကျောက်စိမ်း မှော်များတွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်ဟု ဖားကန့်မြို့ခံ ကျောက်တူးသမားတဦးက ပြောသည်။

KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်



သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

DUNG (34) GINRA HTA MATUT GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sam Mung Daju KIA Dap Ba (4) npu na Dung (34) Ginra rai nga ai Kangming Bum hta KIA myu tsaw share ninghkring ni hte myen tai hpyen ni laja lana gap gasat nga ai gaw dai hte rai yang (4) ya rai sai lam shiga na chye lu ai. Dung (34) na KIA myu tsaw share ninghkring ni hte Kunglung, Sinli hkan na myen hpyen dap ni hte Kutkai Pyithutsit ni pawng hpawng nna gap gasat nga ai re lam hpe mung na chye lu ai. Ndai zawn gasat hkat nga ai kaw na myen hpyen la marai (5) dap hprawng hprawng mat ai majaw myen hpyen hpung ni grau nna gaya pawt pawt nga ai lam shiga na chye lu ai.

သမီးဖြစ်သူ သေဆုံးမှုကို တိုင်ကြားသဖြင့် ဖခင်ဖြစ်သူ တရားရင်ဆိုင်နေရ

(Mizzima)

သမီးဖြစ်သူ သေဆုံးမှုအား စုံစမ်းစစ်ဆေး ပေးရန် တိုင်ကြားမှု အပေါ် စစ်ဗျူဟာမှူးက မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ ဖြင့် ပြန်လည်တရားစွဲ ခဲ့ရာ ရှေ့နေဌားခွင့်ပြုရန် တရားစွဲခံရသူ ဦးဘရန်ရှောင်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။

“ဒီနေ့က အမှုစစ်ဆေးခြင်း မရှိသေးဘူး၊ ဦးဘရန်ရှောင်က ရှေ့နေငှားဖို့ ရက်ချိန်းပေးဖို့ တောင်းဆိုတယ်”ဟုလ ဦးဘရန်ရှောင်၏ အမှုကူညီ ဆောင်ရွက်ပေးနေသူ ကချင်လူထုကော်မတီမှ လူငယ်တာဝန်ခံ ကိုလရိမ်က
ပြောသည်။

Monday, April 22, 2013

KIA တပ်ရင်း ၁၇ တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား စနေနေ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ဧပြီလ ၂၀ ရက်နေ့ တပ်ရင်း ၁၇ နယ်မြေမနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၂၉ တပ်ဖွဲ့နှင့် အခြားအမည်မသိရသော တပ်ဖွဲ့များလည်းပါဝင်ပြီး KIA တပ်ဖွဲ့များရှိသည့် နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ

(Mizzima)

ကျပ် နှစ်သိန်းဖြင့် ရောင်းချခဲ့သော CDMA 800 MHz မိုဘိုင်း ဆင်းကဒ်များကို ကျပ် ၁,၅၀၀ ဖြင့် ဝယ်ယူခွင့်ရရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ လျှောက်လွှာများ စတင်ဖြည့်သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။

ထို တန်ဖိုးနည်း ဆင်းကဒ် ဝယ်လိုသူများက ရပ်ကွက် အလိုက် မြို့နယ်ရုံးသို့ လျှောက်လွာများကို ဖြည့်တင်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် ဆင်းကဒ်များ ထုတ်ပေးမည် ဖြစ်ပြီး ယနေ့ တရက်တည်းတွင်
လျှောက်လွှာ ၃,၀၀၀ ခန့် တင်ပြီးကြောင်း မြို့ခံတဦးက ပြောသည်။

“ဒီနေ့ကစပြီး လျှောက်လွာတွေ ပေးနေပြီ။ ၂၄ ရက်နေ့မှ အဖြေရမယ်လို့ ပြောတယ်။ လျှောက်လွာကို ကိုယ့် ရပ်ကွက် လူကြီးကနေ ယူ၊ ဖြည့်ပြီးတော့ မြို့နယ်ရုံးကို သွားတင်ရတယ်”ဟု မြစ်ကြီးနားမြို့ခံ ကိုဂွမ်ဆန့်အောင် က မဇ္ဈိမကို ပြောသည်။

မိုက်မဲသောအစိုးရစစ်သား တစ်ချို့ကြောင့် ခရီးသည်များစိတ်ညစ်ရ

(Jinghpawkasa)

ကျွန်တော် ဒီညနေ မြစ်ကြီးနား ပြန်ရောက်သည်။ လွယ်ဂျယ်မှ ပြန်လာခဲ့သည်။ အစိုးရနှင့် KIO တို့ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့ မှစ၍ဗန်းမော်- မြစ်ကြီးနား ကားလမ်းပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိ၍ ပြန်လာခြင်း ဖြစ်သည်။ ဗန်းမော်-လွယ်ဂျယ်ခရီးကို ဗင်ကား နှင့် စီးခဲ့ရာ စစ်တပ်ဂိတ် များစွာ ဖြတ်ခဲ့ရသည်။ အချို့ဂိတ်များ တွင် ယာဉ်မောင်း သတင်းပို့ခြင်းမှ အပစစ်ဆေး မေးမြန်းခြင်းမရှိ၍ တိုးတက် ပြောင်းလဲလာသော အစိုးရတပ်ကိုချီးမွမ်းချင် စိတ်နှင့် မိုးမောက်မြို့သို့ ချဉ်းကပ်လာခဲ့သည်။ 
ပြသနာစပြီ။ မိုးမောက်မြို့ အ၀င်အောက်ချိုင့် ကဣိလ်ပင် ရိပ်တန်းအောက်တွင်အရပ်ဝ
တ်ဖြင့် လူ (၁၀) ဦးခန့် ကားတားသည်။ စွမ်းအားရှင်များလော၊ လက်ပါးစေများလော၊ သေချာမသိပါ၊ ခရီးသည် ပြည်သူတွေကို ကူညီသူများ မဟုတ်မှန်းတော့ သူတို့၏ မျက်နှာ၊ အမှုအရာများကြောင့် သိရသည်။ လူငယ်များ ဖြစ်ကြသည်။ အရပ်ကောင်းကောင်း နှင့် လူတစ်ယောက် ရုပ်ရှင်ထဲက ဓမြ ဗိုလ်စတိုင် နှင့် ကားရှေ့ခါးထောက်ရပ်ပြီး ခရီးသည်များ ကို သားကောင် ပမာ စူးစိုက် ကြည့်နေသည်။ တလောကလုံး သူ့ဆန်စား နေတဲ့ သူများ ဟုစိတ်ထင်နှင့် သွေးနားထင် ရောက်နေ တဲ့ ဂိုက်အပြည့်။ တပည့် လက်ပါးစေများ စတင်လှုပ်ရှား ကြသည်။ မှတ်ပုံတင် စစ်သည်။ လူကိုမေးသည်။ ကချင်ကို စပါယ်ရှယ် စစ်သည်။ လက်ဆွဲအိတ်များကို အစိတ်စိတ်အမွှာမွှာ စစ်သည်။ Glue Stick ဟုစာတန်းပါသော ကော်ချောင်းကို ပင်လျှာ နှင့် လျှက်ကြည့်သည်။ သနားစရာသကောင့် သားပေတည်း။ ပြည်သူကိုသရေခံ (တရားခံ) လိုဆက်ဆံသည်၊ ပြောဆိုဆက်ဆံခြင်းအရာမှာ စာသင်ကျောင်းနှင့် ကင်၊ ဝေးနေ ကြပုံများ။ ကိုယ့်မိဘ မောင်နှမများကို သူတို့လုပ်ပုံနဲ့များ ဆိုရင်နေသာပါ့မလား၊ ဒါတွေသူတို့ သိပုံမရ၊ အဏာပါးကွက်သား လုပ်ရာမှာ နေသား ကျပျော်မွေ့နေ ကြသည်၊ ပြုံးပျော်ချိန်ရှိ ပါ့မလား မပြောတတ်၊ ကျွန်အားရအောင် စစ်ပါသော်လည်း အပြစ်ရှာမတွေ့တော့ အီးနင်းမျက်နှာ နှင့် ပြန်လွတ်လိုက် ရသည်။ ခါးထောက်ရပ်နေသည့် သကောင့်သား ဂါမဏိ သဘောတွေ့ပုံမရ။

တရုတ်သံရုံးမှ ငြင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်ကန့်ကွက်၍ဖြစ်ကြောင်း မြန်မာအစိုးရ ၀န်ခံ

(Eleven Media Group)

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်ဖြစ်ပြီး ဥရောပနိုင်ငံများသို့ ငြိမ်းချမ်းရေး ကိစ္စများ သွားရောက်လေ့လာသည့် ခရီးစဉ်တွင် လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၁၉ ရက်က အဆိုပါသတင်းဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။