Saturday, April 20, 2013

KIA Masat (27 ) Dap Dung, Manau Bum Lagaw Kaw Gasat Poi Byin

(Kachinnet)

2013 April (19) ya shani hkying (1:00)pm aten ram kaw nna shana hkying (4:30)pm aten ram du hkra KIA Masat (4) Dap Ba, Masat (27) Dap Dung makawp maga ginra maga de htu shadut lung wa ai Myen Asuya Hpyen Dap Hk.L.Y (129) dap na hpyen hpung ni hpe KIA Masat (27) Dap Dung na hpyen hpung ni Manau Bum Lagaw kaw ninghkap gasat poi byin ai lam hpe chye lu ai.

Friday, April 19, 2013

နိုင်ငံသား တိုင်း နိုင်ငံ့အရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ရှိမှ နိုင်ငံ တိုးတက်ပါမည်။

(Kachinduwa)

မြန်မာနိုင်ငံမှာ ဗမာ လူမျိုးကလွဲပြီး ဗမာ မဟုတ်တဲ့ တိုင်းရင်းသားများ အပါအ၀င် မြန်မာ ပြည်ပွါး တရုတ် နဲ့ ကုလားမျိုးနွယ်စု များဟာ မြန်မာ နိုင်ငံသား မှတ်ပုံတင် လက်မှတ် အစစ်များ ကိုင်ထားရင်းနဲ့တောင် ကိုယ့် နိုင်ငံ ကိုယ် ချစ်ပိုင်ခွင့်ကော ရှိပါသလား.... ဆိုတာ မသေမခြာ ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒီလို စိတ်ဓါတ်မျိုးကိန်းအောင်း နေတာကလဲ အတွေ့အကြုံအရ မြန်မာအစိုးရ အဆက်ဆက်ဟာ ဗမာ လူမျိုးကလွဲပြီး ကျန် တိုင်းရင်းသားများကို ဒီ နိုင်ငံရဲ့ ဧည့်သည် ပုံစံမျိုး (၀ါ) အစိုးရ ဆိုတာ ဗမာ မဟုတ်သူ အထက်ပါ လူမျိုးစု များ နဲ့ လားလားမျှ မဆိုင်သလို ဥပက္ခာ ပြုထားခြင်း ကြောင့် ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ် မလိယန်ဒုက္ခသည် စခန်းတွင် ချက်ပြုတ်ရန် ထင်းများခက်ခဲ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နယ် ဇီးလွန်ကျေးရွာ မလီယန် (Mali Yang) ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် တွင် ခိုလှုံနေသော ဒုက္ခသည်စခန်းတွင် ထမင်းဟင်းချက်ပြုတ်ရန် ထင်းများ အခက်ခဲဖြစ်နေကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးများ ထောက်ပံ့ပေးနေသော်လည်း ဒုက္ခသည်များ ချက်ပြုတ်စားသောက်ရန် ထင်းများဝယ်ယူဖို့ခက်ခဲနေသည်ဟု မလိယန်ဒုက္ခသည်စခန်းမှသိရသည်။

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား ယမန်နေ့ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် တပ်ရင်း ၁၇ နယ်မြေ မနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၄၅ တပ်ဖွဲ့များမှ KIA တပ်ဖွဲ့များရှိသည့်နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တပ်မဟာ ၄ KIA အထက်ပိုင်းအရာရှိ တစ်ဦးကပြောသည်။

ကေအိုင်အေ တပ်ရင်း (၁၇) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ်   ကေအိုင်အိုအစိုးရ  အုပ်ချုပ်နယ်မြေ  ရှမ်းပြည်မြောက်ပိုင်း  ကေအိုင်အေ  တပ်မဟာ (၄) နယ်မြေဖြစ်သော   ဆတ်ခုန်းချောင်အနီးတွင်  ဗိုလ်ကြီး လဟုန်ဒိုင်ဇောင်း ဦးဆောင်သော တပ်ရင်း (၁၇) မှ  ကေအိုင်အေ  မျိုးချစ်ရဲဘော်များနှင့်  ဗမာအစိုးရ  စစ်တပ်တို့ ဧပရယ်  (၁၈)  ရက်နေ့တွင်  တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  သတင်းရရှိပါသည်။

မှန်ဂျပ်တွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ်   ကေအိုင်အိုအစိုးရ  ရှမ်းပြည်မြောက်ပိုင်း   ကေအိုင်အေ  တပ်မဟာ (၄)  လက်အောက်   တပ်ရင်း (၉)၊  နယ်မြေဖြစ်သော  မုန်းလီတောင် အနီး  မန်ဂျပ် ကျေးရွာတွင် ဗမာစစ်တပ်များနှင့် တပ်ခွဲ (၃) မှ  ကေအိုင်အေ မျိုးချစ်ရဲဘော်များ  ဧပရယ် (၁၇) ရက်နေ့  နေ့လည်ပိုင်းတွင်  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

Myen Asuya Hpyen Dap Ni KIA Dap Dung (3) Ginra Kata De 81MM Gap Bun

(Kachinnet)

KIA Masat (5) Dap Ba, Masat (3) Dap Dung makawp maga ginra de htim gasat shamu shamawt hkawm nga ai M.P.Hk npu na Myen Asuya Hpyen Dap Hk.L.Y (21) kata na hpyen hpung ni gaw 2013 April (15) yajahpawt hkying (7:30)am ahte ram hta Wu Htau hpa hka sun kawng kaw nna KIA Masat (3) Dap Dung na Mung Shawa Hpyen Hpung (MHH) ni shara la nga ai Law Hkum Post maga de Sinat Kaba 81MM hte gap sharu bun ai lam hpe chye lu ai.

လိုင်ဇာ-မြစ်ကြီးနားလမ်း ဆိုင်ကယ်သမား အချို့ ပြန်လည်ပြေးဆွဲ

(ကချင်သတင်းဌာန)

တိုက်ပွဲကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရသောကချင်ပြည်နယ် လိုင်ဇာ-မြစ်ကြီးနားကားလမ်းကို ယခုအခါ တချို့ ပြည်သူများသည် ဆိုင်ကယ်ဖြင့် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တရားဝင် မဖွင့်သေးသော်လည်း အချို့ဖြတ်သန်းသွားလာနေခြင်းဖြစ်ပြီး အများစုသည် ဆိုင်ကယ်ကယ်ရီသမားများဖြစ်ကာ ခရီးသည်များကို ၀ိုင်းမော်မြို့ထိ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း လိုင်ဇာဒေသခံများပြောသည်။

Thursday, April 18, 2013

သယံဇာတကျိန်စာ (ကချင်စစ်ပွဲများ) နှင့် ကချင်ငြိမ်းချမ်းရေး

(မိုးမခ)
နော်ဂွန်ဂျဝါ၊ ဧပြီ ၁၈၊ ၂၀၁၃

UK အင်္ဂလန်မှ လူတစ်ဦးက ကီလိုမီတာ ၆၀ လမ်းလျှောက်ပြီး၊ မြန်မာနိုင်ငံက လူအခွင့်အရေး ချိုးဖောက်မှုများအတွက် Fund Raise လုပ်မယ်။ စပွန်စာတောင်းတဲ့စာ ရရှိပါတယ်။ အထူးသဖြင့် မိထ္ထီလာမှာဖြစ်တဲ့ လူသောင်းနဲ့ချီပြီး အိမ်ခြေပျက်စီး၊ လူ၄၀ကျော် သေကြေ (အစိုးရထုတ်ပြန်ချက်) ကို မူဆလင်များအတွက် လှုံ့ဆော်နေပါတယ်။ သူရဲ့ကီလိုမီတာ ၆၀ လမ်းလျှောက်ခရီးထက်  ဒီထက် အဆပေါင်းများစွာ လူ့အခွင့်ရေးမဲ့ဖြစ်ရတဲ့ ကချင်ပြည်နယ်အတွက် ကီလိုမီတာ ၁၁၆၁ ခရီးရှည်ကြီး လူငယ်များစွာ ရန်ကုန်မှလိုင်ဇာသို့ လမ်းလျှောက်ခဲ့ရပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ မူးယစ်ဆေးဝါး ပြဿနာ

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး လုပ်ငန်းတရပ်အနေနဲ့ ဆောင်ရွက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုကြားလာခဲ့ရတာ အတော်ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ကမ္ဘာပေါ်က မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ ထိပ်တန်းက နေရာရထားဆဲ ဖြစ်ပါတယ်။ မူယစ်ရေးရာ ကျွမ်းကျင်သူ ရှမ်းသံတော်ဆင့် သတင်းဌာနအကြီးအကဲ ဦးခွန်းဆိုင်၊ ကချင်သတင်းအယ်ဒီတာ ဦးနော်ဒင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်းဆိုင် .. မြန်မာနိုင်ငံအနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံအာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမှန်တကယ် လုပ်လိုသော ဆန္ဒပြင်းပြင်းပြပြ ရှိကြပါသလား။ ရှိတယ်ထင်ပါသလား။

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် အိမ်သာ ခက်ခဲနေဆဲ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်သာများမလုံလောက်မှုကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။

ပြီးခဲ့သည့်မတ်လအတွင်း Health Unlimited (HU) မှ ဆောက်လုပ်ပေးထားသော အိမ်သာများသည် အိမ်သာ အခက်ခဲပိုများသည့် အိမ်ထောင်စုများအတွက် အိမ်ခြေ ၇ ခုလျင် အိမ်သာ ၁ လုံးစီပေါင်းသုံးရန် ဆောက်လုပ်ပေးထားသော်လည်း လိုအပ်နေဆဲဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

"လောလောဆယ်လိုနေတာပေါ့နော် တချို့တွေက အိမ်သာအဟောင်းက ခွက်တွေယူပြီးပြန်လုပ်ယူတယ်။ တချို့အိမ်သာတွေကျတော့ ပျက်စီးသွားတာတွေရှိတော့ ခက်ခဲနေတာပေါ့" ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုင်းရင်းသား လူနည်းစု အခွင့်အရေး များ ကို အလေးမထားပဲ နိုင်ငံ့တည်ငြိမ်အေးချမ်းရေး မရနိုင်ပါ။

(Kachinduwa)

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရန်ကုန်၊ မန္တလေး လို မြို့ကြီး ပြကြီးများမှာ နေထိုင်သူများက သူတို့ ဒေသ နဲ့ မဆိုင်၊ တိုင်းရင်းသား ဒေသမှာ ဖြစ်နေတာပဲ၊ ဖြစ်တဲ့လူခံပေါ့၊ ဆိုပြီး ထင်နေတဲ့ လူတွေ အများကြီးပါ။

ပြီးခဲ့တဲ့ ကချင်စစ်ပွဲသတင်းများ နှင့် ပတ်သက်ပြီး ဖစ်ဘွတ် စာမျက်နှာမှာ ကွန်မန့်ပေးသူ တော်တော်များများက ခင်များတို့ ကေအိုင်အေ ကြောင့် ခင်များတို့ ကချင်ပြည်သူတွေပဲ ဒုက္ခရောက်တာပဲလေ၊ ငါတို့နဲ့တော့ ဘာမှ ထိစရာ အကြောင်းမရှိဘူး ဆိုပြီး ပြောနေတာ တွေ့ရပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ ကျောင်းသား သူရဲကောင်းတွေ တော်တော်များများ ပေါ်လာတယ်။ သူတို့ အဓိက ဆန့်ကျင်နေတာ စစ်အာဏာရှင်ပါ။ ရန်ကုန်သားတွေက စစ်အာဏာရှင် ဖြုတ်ချရမယ် ဆိုတာလောက်ပဲ သိကြပါတယ်။ အဲဒီ စစ်အာဏာရှင် ဘာဖြစ်လို့ ပေါ်လာရတယ် ဆိုတဲ့ အရင်းအမြစ် ကို စဉ်းစားတဲ့လူ သိပ်မရှိပါဘူး။

Wednesday, April 17, 2013

ကချင်စစ်ပွဲများအပြီး လမ်းပန်းဆက်သွယ်ရေး

(ဧရာဝတီ)

ကချင်ပြည်နယ် စစ်ပွဲတွေ အပြီး အခုနှစ် မတ်လ ၁၈ ရက်နေ့က ပြန်ဖွင့်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော် လမ်းဟာ မိုင် ၁၂၀ လောက် ရှည်ပြီး ဗန်းမော်ကနေ မနက် ၉ နာရီခွဲထွက်မယ်ဆိုရင် မြစ်ကြီးနားကို ညနေ ၅ နာရီခွဲလောက် ရောက်ပါတယ်။ ဗန်းမော် – မြစ်ကြီးနားလမ်း စည်တယ်ဆိုတာ လိုင်ဇာကြောင့် ဖြစ်ပြီး လိုင်ဇာ “အ” သွားချိန်မှာတော့ ခရီးသည် အသွားအလာကျဲပြီး တနေ့ကိုကား အစီး ၂၀ လောက်ပဲ ထွက်နိုင်ပါတော့တယ်။ မြစ်ကြီးနား – ဗန်းမော်လမ်း ပြန်ဖွင့်ဖို့ကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲတွေမှာကတည်းက KIO (ကချင်လွတ်လပ်ရေး အဖွဲ့) က တိုက်တွန်းခဲ့တာပါ။
“လိုင်ဇာလမ်း ပွင့်စဉ်တုန်းကတော့ မရေမတွက်နိုင်အောင်ပေါ့။ မြစ်ကြီးနား – လိုင်ဇာ နေ့ချင်းပြန်၊ တချို့ဆို ၃ ခေါက်ပြန်ကြတာ။ မတ်လ ၁၈ ရက် စဆွဲတုန်းက ၆ စီးနဲ့ ပြန်စတာ အခုတော့ အစီး ၂၀ ၀န်းကျင်အထိ တိုးတက် ဆွဲနိုင်လာပါပြီ” လို့ မြစ်ကြီးနား မထသ မှ ဘဏ္ဍာရေးမှူး ဦးဉာဏ်လင်းက ပြောပါတယ်။

ဟိုင်းလတ်နဲ့ဆို အရင်က ၅ ထောင်ကျပ်ပဲ ကျပေမယ့် အခုတော့ ၈၀၀၀ ကျပ်လောက်ကုန်ပါတယ်။ ဗင်ကားဆိုရင်တော့ ၁ သောင်းခွဲလို့ သိရပါတယ်။

စစ်ရှောင်စခန်းမှ ခရစ်ယာန် အမှုတော်ဆောင်များအား ဥပဒေရေးရာ သင်တန်းပို့ချ

(ကချင်သတင်းဌာန)
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ နောင်အေခူး (Nawng E Hku) ကျေးရွာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာ သင်တန်းကို စစ်ရှောင်စခန်းရှိ ခရစ်ယာန်ဆရာ/မ များအား ဥပဒေအရာရှိများက ပို့ချပေးနေသည်။

ဧပြီ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လိုင်ဇာဝန်းကျင်စစ်ရှောင်စခန်းများမှ ခရစ်ယာန်ဘာသာ ဓမ္မအမှုတော်ဆောင်ဆရာနှင့်ဆရာမ များအားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းဖြစ်မြောက်ရေး တာဝန်ခံဆရာအောင်ရာ ကပြောသည်။

ကချင် မြေမှ စစ်သား တစ်ယောက်ရဲ့ တီးတိုး ရွတ်သံ

(ရွှေဟင်္သာသတင်းဌာန)

ကျွန်တော်က ရွာတစ်ခုမှာ လူလား မြောက်ခဲ့တဲ့ကောင်၊ အဖေက မရှိတော့ဘူး။ အမေရယ်၊ ညီ ၂ ယောက်နဲ့ ညီမ တစ်ယောက် ရှိတယ်။ တောမှာ နေပြီး လယ်လုပ်၊ စပါးထမ်း ထမင်းဝ ပေမယ့် မြို့တက်ပြီး အလုပ် လုပ်ချင်လို့ အသိဆိုင်မှာ စားပွဲထိုး ၀င်လုပ်တယ်။ စစ်သားတွေနဲ့ မိတ်ဆွေ ဖြစ်တယ်။ နောက်တော့ ကျွန်တော်လည်း စစ်သား ဖြစ်သွားတယ်။
ရဲဘော်သစ် သင်တန်း၊ လယ်လုပ် စပါးထမ်း လာတဲ့ ကျွန်တော့် အတွက် အဲလောက် မခက်ခဲဘူး။ ဇွန်းခရင်းနဲ့ ထမင်းစား ခိုင်းတာကို စိတ်အညစ် ဆုံးပဲ။ အဲဒီတော့ လစ်ရင် လက်နဲ့ စားတယ်။ ဆရာကြီးတွေ၊ အရာရှိတွေ ရှေ့ကျရင် ဇွန်းခရင်းနဲ့ စားတယ်။ ဘယ်ညာ ဘယ်ညာ စစ်ရေးပြနဲ့ လက်ချောင်းလေး ကွေးရင် ကျည်ဆံ ထွက်တာ၊ သေနတ် ဖြုတ်တာ၊ တပ်တာကို ကျွန်တော် တတ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် ဒို့တာဝန် အရေး () ပါးတွေ၊ နိုင်ငံတော် ကြီးကို ကာကွယ် တာတွေကို ကျွန်တော် အဲလောက် စိတ်မ၀င်စား ခဲ့တာတော့ အမှန် ပါပဲ။

ဧရာဝတီ မြစ်ကမ်းတစ်လျှောက် သဲကျောက်များ တူးဖော်ရောင်းချမှု ဒေသခံများ အိမ်ခြံထိ ရောက်လာ

(ကချင်သတင်းဌာန)

မြစ်ကြီးနားအထက် ၁၀ မိုင်အကွာ လမြန်ကျေးရွာ မလိခ (ဧရာဝတီ) မြစ်ကမ်း။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက် ၁၀ မိုင်အကွာရှိ ဧရာဝတီမြစ်ကမ်းစပ်တလျှောက်မှ သဲကျောက်များကို ရွာလူကြီး၏ခွင့်ပြုချက်ဖြင့် လေလံဆွဲ တူးဖော် ရောင်းချနေရာ ဒေသခံများ၏ ခြံအနီးသို့ရောက်လာသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

Tuesday, April 16, 2013

Laiza Muklum Hta, Ningpawt Ninghpang Gaw Da Ai Tara (Upade) Sharin Hkaja Hpawng Galaw

(Kachinnet)

2013 April (15-18) ya shani du hkra Laiza Muklum, Nawng E Hku Buga Hkalup Hpung nawku jawng wang hta Ninghpawt Ninghpang Gaw Da Ai Tara (Upade) hte seng nna sharin hpawng galaw ai lam hpe chye lu ai.

Ndai sharin hpawng hta Hpyenyen Dabang shagu na mu gun salang ni hte Laiza Ginwang kata na mung shawa ni hpe Ningpawt ninghpang gaw da ai tara kanu (Upade) hte seng nna hpungjat hpaji jaw ai sharin hpawng re hpe chye lu ai.

Sunday, April 14, 2013

ဖက်ဒရယ် ဆိုတာ ရွာ တရွာထဲက အိမ်ထောင်စု လေးတွေလို ကိုယ့် အိမ်ကိုယ် လွတ်လပ်စွာ စီမံ ပိုင်ခွင့်သာ ဖြစ်ပါတယ်။

(Kachinduwa)

ရွာ တရွာမှာ အိမ်ထောင်တိုင်းက ကိုယ့် အိမ်ကိုယ် လွတ်လွတ်လပ်လပ် စီမံ ခန့်ခွဲခွင့်ရတာ ခေတ်သစ် ကမ္ဘာမှာပါ။

သမိုင်းဦး ဘုံမြေ စနစ်ခေတ်တုန်းက အိမ်ထောင်တိုင်းက လွတ်လပ်ခွင့် မရကြပါဘူး။ နောက်ပြီး အကြွင်းမဲ့ အာဏာရှင် ဘုရင် စနစ်မှာလဲ အိမ်ထောင်တိုင်းရဲ့ ကံ ကြမ္မာဟာ အုပ်ချုပ်သူ ရွာ အာဏာပိုင်တွေရဲ့ အာဏာစက်အောက်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။

လိုင်ဇာသင်္ကြန်

(ဧရာဝတီ)

လိုင်ဇာမြို့တွင် နှစ်သစ် ကူး အတာသင်္ကြန်ပွဲတော်ကို ယနေ့ သင်္ကြန်အကျနေ့မှစတင်ပြီး ၃ ရက်ကြာ ပြုလုပ်မည် ဖြစ်ပါသည်။

လိုင်ဇာမြို့တော်ဝန်က ကမကထ ပြုလုပ်ကာ ကျင်းပသော ပွဲတော်တွင်  လာရောက် ရေပက်ကစားသူများကို  အလှူရှင်များက
ဒန်ပေါက် ကြာဆံဟင်းခါး ထမင်းနှင့်ဟင်းများဖြင့် ဧည့်ခံမည်ဖြစ်ပြီး စတိတ်ရှိုးများလည်း ပါဝင်မည်ဖြစ်သည်။

မဏ္ဍပ်ကို လိုင်ဇာမြို့အ၀င် လေ့ကျင့်ရေး  ဂေါက်ကွင်းတွင် ပြုလုပ်ထားသည်။
သင်္ကြန်ရေပက်သည့်အခါ ချောင်းရေနှင့် မပက်ဘဲ တောင်ကျရေနှင့် ပက်မည်ဖြစ်သည်။