Saturday, April 13, 2013

Laiza Muklum Hta Hka Jaw Poi (Tingyan) Galaw

(Kachinnet)


2013 April (13) ya shani hkying (4:00)pm aten hta Laiza Muklum, Munglai Hka mahkrai pawt kaw hka jaw poi (Tingyan) galaw hpang sai lam hpe chye lu ai.

Ndai Hka Jaw Poi hta Hpunau Jawngma Dap (ABSDF) hte kaga Amyu sha Dap hpawm ni mung sa du shang lawm nna 2013 April (13-16) du hkra galaw na re lam hpe chye lu ai.

လနားဇွပ်ဂျာ ဒုက္ခသည်စခန်း တွင် ရေခက်ခဲမှု နေ့စဉ် ရင်ဆိုင်နေရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် ၂၇၀၀ ကျော်ခိုလှုံနေသည့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် သုံးစွဲရန်ရေ အခက်ခဲပြဿနာ နေ့စဉ်ရင်နေရကြောင်းသိရသည်။

သုံးစွဲရန် ရေများခက်ခဲသောကြောင့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် အိမ်သာ ၈၀ ကျော်ရှိသည့်အနက် အိမ်သာ ၃၀ ပိတ်ထားရကြောင်း သိရသည်။

ထိုသို့သုံးစွဲရန်ရေမလုံလောက်ခြင်းကြောင့် လောလောဆယ်ဖျားနာမှုများမရှိသော်လည်း ဆက်လက်၍ ရေပြဿနာများဖြစ်နေလျင် တကိုယ်ရေ သန့်ရှင်းရေးအတွက် ကျန်းမာရေးများ စိုးရိမ်စရာရှိကြောင်း ဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ကချင် ဒုက္ခသည်များအတွက် ကုလ အကူအညီ အစိုးရ ခွင့်ပြုချက် မရသေး

(Mizzima)

တရုတ်-မြန်မာနယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပစ္စည်းများ သွားရောက်ကူညီမည့် အစီအစဉ်ကို အစိုးရခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ဌာနေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်း၍ ကချင်စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရန် အဆင့်ဆင့် တင်ပြထားမှု မကျသေး၍ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက မဇ္စျိမကို ပြောသည်။

Friday, April 12, 2013

ကချင်ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ကျားကွက်များ

(Kachinduwa)

တရုတ် အစိုးရ ဟာ ကမ္ဘာ့ စီးပွါးရေး လောကမှာ မျက်နှာပန်းလှလာတာနဲ့ အမျှ တိုးတက်မှု နှုန်းထားကို ထိန်းထားနိုင်ရန် အနောက်တောင်ဖက် တံခါးဖွင့်ဖို့ အရေးကြီးလာပါတယ်။

အနောက်တောင်ဖက်တံခါးစောင့် ဖြစ်နေတဲ့ ကေအိုင်အေ ဟာ လိုတမျိုး မလိုတမျိုး ဆက်ဆံ ခံနေရတာ တော်လှန်ရေး စလာကတည်းကပါ။

တရုတ်အစိုးရ အနေနဲ့ ကေအိုင်အေ ကို မြန်မာ အစိုးရ လက်အောက်မှ လုံးဝ ခွဲထွက်နိုင်ရင် ခွဲထွက်၊ ဒါမှ မဟုတ်ရင် မြန်မာ အစိုးရ သြဇာအောက် လုံးဝ နေထိုင်ဖို့ ပဲ လိုလားပါတယ်။ မြန်မာအစိုးရ နဲ့ ကချင်ပြည်နယ် အစိုးရကြား အာဏာခွဲဝေတဲ့ သဘောမျိုးကို မနှစ်မြို့ပါဘူး။ မြန်မာ နိုင်ငံနဲ့ စီးပွါးရေး လုပ်ရာမှာ အာဏာရှင်တခုထဲသာ သူတို့ အလိုရှိတာပါ။

KIA Masat Yan (5) Hpyen Du Shalat Jawng Yu Hpawng Galaw

(Kachinnet)

2013 April (11) ya shani Wunpawng Mungdan Shanglawt Hpyen Dap, Ninggawn Daju, Dai Lawn Rung a Masat Yan (5) Hpyen Du Shalat Jawng yu lamang hte Daru Magam Ahkang Aya ap ya ai hpawng hpe Hpyen Du Shalat Jawng, Woi Chyai Bum hta ngwipyaw awngdang ai hte galaw la lu sai lam hpe chye lu ai. 

Masat Yan (5) Hpyen Du Shalat Jawng a Daru Magam Ahkang Aya ap hpawng hpe jahpawt hkying (8:00) am aten, Woi Chyai Bum,  Daru Magam Gawk Nu hta Hpyen Du Shalat Jawng, Ningtau Jawng Up, Du Up Lahtaw Myu Awng kaw nna Hpyen Du Jawngma ni hpe Daru Magam Ahkang Aya hte Lat Du shalun (Order) hti ndau ya ai hpang Hpyen Du Shalat Jawng Up, Lat Du Up Jum Labang Grawng kaw nna Hpyen Du Jawngma ni hpe  Daru Magam Ahkang Aya ap ya nna jawng yu shatsam mungga jaw ya ai lam hpe chye lu ai.

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ် (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး)



KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။

မေး - ပထမဆုံးမေးချင်တာက KIO နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ရက်ရွှေ့ရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။

ဖြေ - အခုလုပ်တဲ့ ဆွေးနွေးပွဲက ပိုအဆင့်မြင့်လာတယ် ဆိုလိုတာက တရုတ်အစိုးရပါလာတယ် ၊ ကြားအဖွဲ့အစည်းတွေပါ လာတယ်။ Stake Holder တွေက ၅ ဖွဲ့ ၆ ဖွဲ့ ဖြစ်လာတယ်။ Peace process မှာက Stake Holder တွေများလာတော့ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်းရှိလာတာပေါ့။ ကောင်းတာကတော့ နှစ်ဘက်ဆွေးနွေးမှု         Legitimate ဖြစ်ဖို့အတွက် ပိုပြီးကောင်းသလို ညှိနှိုင်းရတဲ့အခါ အခြေခံအားဖြင့် တူညီမှုတွေရဖို့အတွက် ခက်ခဲလာတာပေါ့ ဗျာ။  ဒါကြောင့်မို့ ဧပြီလ ၆ ရက်နေ့မှာ ကျင်းပမဲ့ ဆွေးနွေးပွဲဟာ နောက်ကို ရွှေ့ရတဲ့သဘောဖြစ်လာတယ် ။

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ

(ကချင်သတင်းဌာန)

ဆေးဝါးကုသခွင့် မျှော်လင့်နေတဲ့ TB ဝေဒနာရှင် အသက် ၈ နှစ်ကလေး Sut Ring Awng Tu၊ ဇိုင်းအောင်ဒုက္ခသည်စခန်း။

ဆောင်းလေညင်း တစ်ချက်တိုက်တိုင်း အသက် (၃၁) နှစ်ရှိ အမျိုးသမီးတစ်ယောက် မွေးကင်းစကလေးငယ်အား တင်းတင်းဖက်တွယ်ထားသည်။

သို့သော် ထိုမိခင်လက်နှစ်စုံဖြင့် ဖက်တွယ်ထားသော မွေးကင်းစ ကလေးငယ်သည် (၄) လ ပြည့်ပြီး ၁၀ ရက် လွန်တွင် မိခင်ရင်ခွင်မှ ထာဝရခွဲခွာသွားခဲ့ရသည်။ မွေးကင်းစကလေးငယ်သည် ဒီဇင်ဘာ အအေးဒဏ်ကို မလွန်ဆန်နိုင်သောကြောင့် အသက်ပျောက်သွားခဲ့ရခြင်း မဟုတ်ပေ။ ဆောင်းလေနှင်းထက်ဆိုးသည့် ရက်စက်ကြမ်းကြုတ်သော ရန်သူ ခုခံအားကျဆင်းရောဂါ HIV/ AIDS သည် ၄င်း၏ မိခင်ရင်ခွင်မှ ဆွဲထုတ်သွားခဲ့ခြင်းဖြစ်သည်။

Thursday, April 11, 2013

ပြင်းထန် လာနေသော အစိုးရနှင့် KIA တိုက်ပွဲများ

(ရွှေဟင်္သာသတင်းဌာန)

ကချင် ပြည်နယ် ဗန်းမော် ခရိုင် မန်စီ မြို့နယ်အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တပ်ဖွဲ့အား အစိုးရ တပ်ဖွဲ့တို့က ယမာန်နေ့က လာရောက် တိုက်ခိုက် လိုက်သဖြင့် မန်ဂျယ်ကျေးရွာ နှင့် နာဇ ရက်ကျေးရွာ ကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု KIA  ရာရှိတစ်ဦးက ပြောပါသည်။
 “တိုက်ပွဲက နံနက် ၁၀ နာရီ ကနေ ညနေ (၂) နာရီ အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ KIA တပ်ရင်း (၁) စခန်းချ ထားတဲ့ Hatamawk post နေရာကို သူတို့ စစ်ကြောင်းနဲ့ တက်လာတော့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ ရတယ်။ တိုက်ပွဲရဲ့ ထိခိုက်မှု အခြေအနေတွေကတော့  လောလောဆယ် မသိရသေးဘူး” ဟုဆိုပါသည်။

ဘာသာတရားဟာ ပြဿနာ မရှိပေမယ့် ဘာသာရေးဟာ ပြဿနာ ဖြစ်တယ်။

(Kachinduwa)


ဒီ ၀ါဒဖြန့်စာ ကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဒူဝါ တခါ ဖတ်ဖူးပါတယ်။ အဲဒီ တုန်းက သူငယ်ချင်း တစ်ယောက် နဲ့ သုံးသပ်ကြည့်တာက အဲဒီ မတိုင်ခင် ၁၀ နှစ်လောက်က ဖြန့်တာ ဖြစ်လိမ့်မယ် လို့ ယူဆခဲ့ဖူးတယ်။ ဒီတော့ ဒီ ကာလ နှစ်ခု ပေါင်းလိုက်ရင် ၂၂ နှစ် လောက်က လို့ ယူဆလို့ ရတာပေါ့။ အဓိက အချက်ကတော့ သုံးတဲ့ ငွေကြေး ပမာဏ ကို သုံးသပ်ကြည့်တာပါ။

ကျနော်တို့ မြန်မာ နိုင်ငံသားတွေက သူများနိုင်ငံ ကနေ ၀င်လာတဲ့ ဘာသာတရား တွေနဲ့ ရန်ဖြစ်နေကြတယ်။ ဘာသာတရား တိုင်းက မြန်မာပြည်မှာ အစ ဖြစ်ခဲ့တာ မရှိပါဘူး။ အားလုံးက အရှေ့ အာရှ က ရောက်လာတာပါ။ အချိန်ကုန်ခံပြီး ဘယ်ဘုရားမှ မကြိုက်တဲ့ အတင်းအဖင်း ပြော၊ ခိုက်ရန်တွေ ဖြစ်နေကြတယ်။


တကယ်တော့ ယုံကြည်မှု ဆိုင်ရာ ဘာသာတရား တိုင်းက လူတွေ စိတ်ဓါတ်ရေးရာ မြင့်မြတ်လာပြီး ကမ္ဘာကြီး ပိုမို သာယာလာဖို့ပါ။ ချစ်ခြင်း မေတ္တာ တရား နဲ့ ပြည့်ဝ တဲ့ ကမ္ဘာကြီး ဖြစ်လာဖို့ ဘာသာတရားကို လူတွေ လက်ခံယုံကြည်လာတယ်။ ဒါ့အပြင် နောင်ဘ၀ အတွက် စိတ်ချရတဲ့ ပန်းတိုင် တခုစီ ထားတတ်ကြပါတယ်။

ဘာသာတရားတိုင်းက တပါးသူကို ဒုက္ခ ရောက်စေမဲ့ အပြုအမူ လက်မခံ ပါဘူး။

KIA Masat (1) Dap Dung, Manje Hte Nazaret Mayan Kaw Gasat Poi Byin

(Kachinnet)

KIA Masat (3) Dap Ba, Masat (1) Dap Dung makawp maga ginra kata hta 2013 April (10) ya jahpawt hkying (9:00)am aten laman, Lahta Sam Mung, Simli Daju ai Myen Asuya Hpyen Dap Hk.M.Y (240) dap kata na hpyen hpung ni htim gasat lung wa ai majaw KIA Masat (1) Dap Dung kata na hpyen hpung ni Man Je hte Nazaret lapran kaw ninghkap shingla gasat poi byin ai lam hpe chye lu ai.

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ ထိုးစစ်ဆင်လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်မြေများတွင် အစိုးရကုမ္ပဏီများနေရာယူသွားခဲ့သည်ဟု သိရသည်။

ကချင်ဒုက္ခသည်များကို ကူညီရန်လာသော ကုလသမဂ္ဂ ယာဉ်တန်းကို အစိုးရ တားမြစ်

(ကချင်သတင်းဌာန)

တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းသို့ ကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂအဖွဲ့များ၏ ပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းများအား ဗန်းမော်အစိုးရမှ ဆိုင်းငံ့ထားကြောင်းသိရသည်။

ကူညီပေးရန် လာနေသော ကုလသမဂ္ဂအဖွဲ့(၄)ဖွဲ့၏ မော်တော်ယာဉ် (၇) စင်းတွင် နိုင်ငံခြားသားတစ်ဦးပါလာခြင်းကြောင့် မြန်မာစစ်တပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန် (Mai Ja Yang) သို့ဖြတ်သန်းသွားလာခွင့်အတွက် အထက်ကိုပြန်လည်တင်ပြရမည်ဖြစ်၍ တားမြစ်လိုက်ဖြစ်ကြောင်း ဒုက္ခသည်ကော်မတီမှပြောသည်။

Wednesday, April 10, 2013

DUNG (1) GINRA PA BAW KAW GASAT NGA

(Jinghpawkasa)
Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang Dap Ba (3) ginra Manmaw - Manje makau na Dung (1) ni a ginra Lung Ja Post hpe myen hpyen ni madu la mayu ai majaw, dai hpawt April (10) ya jahpawt kawn sa htim gasat ai majaw KIA Mung Shawa Kanawn Mazum Hpung (MKM) ni hte gap gasat nga ai lam shiga na chye lu ai. Myen hpyen maga na n gun (80) jan hte htim gasat wa ai re lam na chye lu ai. Du Sumlut Bawk oi awn ai MKM hpung ni hte myen tai hpyen ni ya ten Ma Je makau na Pa Baw kaw laja lana gap gasat nga ai lam na chye lu ai.

ယခုနှစ်သင်္ကြန် လိုင်ဇာမြို့တွင်လည်း KIO မှ ကျင်းပမည်

(ကချင်သတင်းဌာန)
ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို လာမည့် ဧပြီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း လိုင်ဇာအုပ်ချုပ်းရေးမှူး ထံမှသိရသည်။

နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို လိုင်ဇာမြို့ရှိ မုန်လိုင်ချောင်းအနီး  golf လေ့ကျင့်ရေးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

အစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲ တရုတ်ကြောင့် ရွှေ့ဆိုင်းထားရ ဟု ကချင်အဖွဲ့များ ဆို

(ကချင်သတင်းဌာန)
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ဧပြီလ (၆) ရက်နေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် တရုတ်အစိုးရ ကန့်ကွက် ခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း ကချင် အဖွဲ့အစည်းများပြောသည်။

ရွှေ့လိုက်ရခြင်း၏ အကြောင်းရင်းမှာ တွေ့ဆုံမှုတွင် ကုလသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ၊ အမေရိန်ကန်နိုင်ငံများ ပါဝင်ဆွေးနွေးမည်ကို မလိုလားသောကြောင့် တရုတ်အစိုးရအနေဖြင့် ဆွေးနွေးပွဲတွင် ဆက်လက် ပါဝင်နိုင်မည်မဟုတ်ကြောင်းနှင့် တရုတ်အစိုးရမပါဝင်ပဲ ပြုလုပ်မည်ဆိုပါကလည်း ကန့်ကွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု လူထုအခြေပြုအဖွဲ့အစည်းက ထုတ်ပြန်ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

ဂျပန် ၀န်ကြီး ချုပ်၏ မြန်မာ့ ငြိမ်းချမ်းရေး အပေါ် သဘောထား

(ရွှေဟင်္သာသတင်းဌာန)

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဂျပန် ၀န်ကြီး ချုပ်၏ ဖိတ်ကြားချက် အရ မတ်လ (၃၁) ရက်နေ့တွင် ဂျပန် နိုင်ငံသို့ ဒုတိယ အကြိမ် ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ ထိုခရီး စဉ်တွင် UNFC ကိုယ်စားလှယ် (၂၃) ဦး၊ သွားရောက် ခဲ့ပြီး၊ ခရီးစဉ်မှာ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ () ရက်နေ့ အထိ ဖြစ်ပါသည်။

 ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် UNFC အဖွဲ့ဝင် များကို နာရီ ဝက်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဤသို့ တွေ့ဆုံ ရာတွင် ၀န်ကြီး ချုပ်သည် မြန်မာ့ နိုင်ငံ ငြိမ်းချမ်းရေး ပဋိ ပက္ခ များ၌ တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ ကြရန် တိုက်တွန်း ခဲ့ပါသည်။ ထို့အပြင် ဆင်းရဲ မွဲတေမှု ပပျောက်ရေး နှင့် လူနေမှု ဘဝ မြင့်မားရေး ကဏ္ဍ များတွင်လည်း ပံ့ပိုး ကူညီ သွားမည် ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးမှ ကတိပြု ပြောကြား ခဲ့ကြောင်း UNFC ကိုယ်စားလှယ် တဦးက ဆိုပါသည်။

ဝိုင်းမော် စစ်ဘေးဒုက္ခသည်တွေ အတွက် သောက်သုံးရေသန့် လှူဒါန်း

(RFA)

ဒိန်းမတ် ကြက်ခြေနီအသင်းနဲ့  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄ က ဒုက္ခသည် ၅၀၀၀ အတွက် သောက်သုံးရေသန့်တွေကို ဒီနေ့မှာ စတင်ပေးဝေနေပါတယ်။

လာမယ့်နွေရာသီကာလမှာ ဒုက္ခသည်စခန်းတွေမှ သောက်သုံးရေ ပြတ်လပ်မှု ကြုံရမယ့်အခြေအနေကို ကြိုတင်ကာကွယ်နိုင်အောင် အခုလိုရေပေးဝေလှူဒါန်းတာဖြစ်ကြောင်း ဒိန်းမတ်ကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mariana Liptuga က RFA ကို ပြောပါတယ်။

Tuesday, April 9, 2013

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့တာ တရုတ်နိုင်ငံကြောင့်လား

(ဧရာဝတီ)


ပြီးခဲ့သောအပတ် သောကြာနေ့ ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ရမည့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံက ကန့်ကွက်သောကြောင့်ဟု ကချင်အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုခဲ့ကြသည်။

အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်လာမည်ကို တရုတ်နိုင်ငံက လက်မခံခြင်းကြောင့်ဖြစ်သည်ဟု ၎င်းတို့ကဆိုသော်လည်း ရန်ကုန်မြို့ရှိ တရုပ်နိုင်ငံသံရုံးကမူ ဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းသည် ထိုအချက်ကြောင့်မဟုတ်ဟု ငြင်းဆိုခဲ့သည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရက်အနည်းအငယ်မျှအလိုတွင် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နေရာတွင် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၄ နယ်မြေတွင် အစိုးရနှင့် ယနေ့ ၃ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့သည် KIA နှင့် တအောင်း (ပလောင်) စုပေါင်းတပ်တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၈ ရက် နံနက် ၇ နာရီ ၅၀ မိနစ်မှ ၈ နာရီ ၄၅ မိနစ်ထိ တပ်မဟာ ၄ လက်အောက် တပ်ရင်း ၂ နယ်မြေ မန်လောင်းရွာ အနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံသဏ္ဍာန်မဟုတ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့

(VOA)


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့နေရာမှာ အသွင်သဏ္ဍာန်ပဲဆောင်တဲ့ ငြိမ်းချမ်းရေးဆိုတာထက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရအောင် ဦးတည်ဆောင်ရွက်သွားရလိမ့်မယ်လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ မျိုးဆက်သစ် ရှမ်းလူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးညီညီမိုး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့  ဗွီအိုအေရုံးခွဲမှာ အယ်ဒီတာဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ လုပ်နေပါတယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များများနဲ့ အပစ်အခတ်ရပ်စဲရေးတွေလည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာပဲ ရှမ်းလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။ ကချင်နဲ့လည်း အခုဆွေးနွေးနေတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲဒီတော့ ဦးညီညီမိုးတို့ရဲ့  မျိုးဆက်သစ်ရှမ်းပြည်အဖွဲ့အစည်းအနေနဲ့ အခုလောလောဆယ် လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ သဘောရပါသလဲရှင့်။

KIO တိုင်း ဌာနချုပ် လုပ်ငန်းအတွက် ရုံးအုပ်ချုပ်နည်း သင်ကြားပို့ချပေး

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကချင်ဒေသ (ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း) KIO တိုင်း အုပ်ချုပ်ရေးဌာနချုပ် (Ginwang Ginjaw) တိုင်းတွင် လုပ်ငန်းများကို အောက်ခြေအဆင့်ထိ တညီတညွတ်တည်း လုပ်ဆောင်သွားနိုင်ရန် ရုံးအုပ်ချုပ်နည်းသင်တန်းတခု ပြုလုပ်ခဲ့သည်။

ထိုသင်တန်းကို KIO ဗဟိုဌာနချုပ် လိုင်ဇာ တွင် ၂၀၁၃ မတ်လ ၂၀ ရက်နေ့ စတင်ပို့ချခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတွင် KIO တိုင်းဒေသ ၅ တိုင်း (အရှေ့ပိုင်းတိုင်း/ တပ်မဟာ ၁၊ အနောက်ပိုင်းတိုင်း/ တပ်မဟာ ၂၊ မြောက်ပိုင်းတိုင်း/ တပ်မဟာ ၁၊ တောင်ပိုင်းတိုင်း/ တပ်မဟာ ၄၊ ဗဟိုလုံချုံရေးတပ်/ တပ်မဟာ ၅) မှ တိုင်းအဆင့် အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်ရာ ရုံးအုပ်ချုပ်ရေးမှူးများ အားလုံးပေါင်း ၅၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း KIO အရာရှိမှသိရသည်။

အစိုးရနှင့် ဆွေးနွေးရန် သတ်မှတ် ရက်ကို UNFC ရွှေ့ဆိုင်း

(ရွှေဟင်္သာသတင်းဌာန)


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့် မူလက သဘောတူ ထားသည့် နိုင်ငံရေး ဆွေးနွေး ပွဲရက်ကို ရွှေ့ဆိုင်း လိုက်ပြီ ဖြစ်သည်ဟု UNFC အတွင်း ရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။
 “အစီ အစဉ် အရ ကတော့ အစိုးရက ကေအိုင်အိုနဲ့ တွေ့ပြီးရင် UNFC နဲ့ တွေ့ဖို့ ဖြစ်ပါတယ်။ ပြီးရင် ကေအိုင်အိုနဲ့ ထပ်တွေ့၊ အဲဒီ လိုကို စီစဉ် ထားပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီ အခင်း အကျင်းက KIA နဲ့ အစိုးရက မြစ်ကြီးနားမှာ တွေ့မယ်ဟာ ရွှေ့သွားတော့ အဲဒီ အပေါ်မှာ အစီအစဉ် တွေက ပြောင်းသွား တာပေါ့” ဟု ဆိုပါသည်။

KIA နှင့် အစိုးရ ဆွေးနွေးပွဲ ပျက်ခြင်း အပေါ် တရုတ် ထုတ်ပြန်

(ရွှေဟင်္သာသတင်းဌာန)


ရန်ကုန်မြို့ရှိ တရုတ် သံရုံးသည် KIA နှင့် အစိုးရကြား မြစ်ကြီးနား မြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပျယ် သွားသည့် အပေါ် ယမာန်နေ့က ထုတ်ပြန်ချက် တစ်ရပ် ကြေညာ ခဲ့ပါသည်။

တရုတ် အစိုးရ၏ ကန့်ကွက် မှုကြောင့် KIA နှင့် မြန်မာ အစိုးရ တို့၏ ဆွေးနွေး ပွဲကို မြန်မာ အစိုးရ ဖက်က ရက်ရွှေ့ဆိုင်း လိုက်သည့် သဘောမျိုး မြန်မာ မီဒီယာ များက ထုတ်ပြန် ရေးသား နေသည်မှာ အခြေ အနေမှန်နှင့် လွဲချော် နေသည့် အတွက် တရုတ် သံရုံး အနေနှင့်  စိတ်မကောင်း ဖြစ်ရ သည်ဟု  ကြေညာ ချက်တွင်ဖေါ်ပြ ထားပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား

(VOA)


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူလူထုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ တောင်းဆိုနေကြပါတယ်။ မိုးရာသီ နီးလာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက်လည်း နေစရာ အခက်အခဲနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့အရေး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးကြဖို့ ပထမဆုံးအကြိမ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံကြဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဦးဘရန်ရှောင် အာမခံရ


2013-04-08 (RFA)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ရာမှာ မမှန်မကန် လိမ်လည်စွပ်စွဲတယ်ဆိုပြီး ပုဒ်မ ၂၁၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်မြို့နယ် တရားရုံးက ဒီကနေ့မှာ ငွေကျပ် ၆ သိန်းနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ဖားကန့်မြို့နယ် မှော်ဝမ်းအုပ်စု (၁)၊ ဆွတ်ငိုင်ယန်ရပ်ကွက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ရာမှာ ဦးဘရန်ရှောင်ရဲ့ သမီး နဝမတန်းကျောင်းသူ မဂျာဆိုင်းအိမ်ဟာ လက်နက်ကြီးကျည် အစိတ်အပိုင်းထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ကုလသမဂ္ဂ ယာဉ်တန်း ခရီးစဉ် ဆိုင်းငံ့ခံရ


2013-04-09 (RFA)

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေဝေငှဖို့ ဗန်းမော်မြို့ကနေ လိုင်ဇာမြို့ကိုလာရောက်တဲ့ ကုလသမဂ္ဂ မော်တော်ယာဉ်တန်းကို အစိုးရတပ်ကသွားလာခွင့် ဆိုင်းငံထားတယ်လို့ သတင်းရရှိပါတယ်။

အဲဒီယာဉ်တန်းမှာ နိုင်ငံခြားသားတစ်ဦး လိုက်ပါလာမယ်လို့ သိရတာကြောင့် ဆိုင်းငံ့ထားတာဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့(၄) ဖွဲ့ရဲ့ မော်တော်ယာဉ် (၇) စီးပါ ယာဉ်တန်းဟာ ဧပြီလ (၉) ရက်နေ့မှာ လိုင်ဇာကိုရောက်ရှိမှာဖြစ်ပေမယ့်၊ လိုင်ဇာမြို့အနီး မိုင်ဂျာယန်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က နိုင်ငံခြားသား ဖြတ်သန်းခွင့်အတွက် အထက်ကိုပြန်လည်တင်ပြဖို့ရှိတယ်ဆိုပြီး တားဆီးတာဖြစ်ပါတယ်။

Sunday, April 7, 2013

MyenAsuya Hpyen Dap, Hpyen Hpung Ni Laiza-Manmaw Lam Mayan Na Mung Shawa Arung Arai Ni Hpe Kam Mara Htaw La Nga

(KACHINNET)


KIA Masat (5) Dap Ba, Masat (24) makawp maga ginra hta 2013 April (6) ya shani, Daw Hpum Yang Daju, Myen Asuya Hpyen Dap Hk.L.Y (142) na hpyen hpung ni gaw Laiza-Manmaw lam mayan na Dingga mare, Hka La mare, Loi Mawk mare hte Dung Hung mare hkan na mung shawa ni a dum nta hkan na Cycle, Htaw La Gyi, hte shan hte ra ai arung arai ni hpe htaw la mat wa ai lam hpe chye lu ai.