Saturday, April 6, 2013

အစိုးရနှင့် KIO ဆွေးနွေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်

(Mizzima)

ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်းလိုက်ရကြောင်း မြန်မာ ငြိမ်းချမ်း ရေးစင်တာ MPC မှ ပြောသည်။

“အစိုးရနဲ့ KIO အဖွဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်က သင်္ကြန်အပြီး ဧပြီ ၂၂ ရက် နောက်ပိုင်း၊ ၂၅ ရက်ဝန်းကျင် လောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု MPC မှ ဦိးလှမောင်ရွှေ က ပြော သည်။

Friday, April 5, 2013

KIO HTE MYEN MKA KAW HKRUM NA MUNG SHAWA MYIT N HKRUM

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya KIO/KIA hte Myen Hpyen Asuya ni April shata praw hta Myitkyina mare kaba kaw bawngban hpawng galaw na lam hte seng nna shiga amyu myu na lu ai. Ntsa lam na chye lu ai hku nga yang KIO gaw UN, USA, UK, China ni lapran salang tai ya jang gaw Myitkyina kaw hkrum na lam myit hkrum da ai hpe chy lu ai. Ndai lam hte seng nna Jinghpaw Wunpawng amyu sha ni tsun garu nga ai lam gaw Myen Asuya ngu ai hpe n mai kam ai, namnyan amyu myu hte gale galau di ai lam nau hpyau sai majaw Myitkyina kaw hkrum zup na lam hpe lachyi mung myit n hkrum ai lam mung shawa lapran kaw tsun garu nga sai lam chye lu ai.

ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း


2013-04-04 (RFA)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ ဆုံဆွေးနွေးဖို့အတွက် ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထား တာ ကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့ အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက် ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ် စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်မဖြစ်သေးတာ ကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။

အစိုးရ၏ စစ်ရေး တိုးမြှင့် မှုကြောင့် မြစ်ကြီးနား ဆွေးနွေးပွဲ ပျက်သွားနိုင်

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် မြစ်ကြီးနား မြို့ပေါ် တွေ့ဆုံ ဆွေးနွေးရန် လျာထား သော် လည်း KIA ထိန်းချုပ် နယ်မြေတွင်းသို့ အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ ချထားမှုနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမှုကြောင့် ဆွေးနွေး ...ပွဲကို ထိခိုက် နိုင်ကြောင်း KIA အရာရှိ တစ်ဦးက ပြော သည်။

“ဒီနေ့ တိုက်ပွဲ ၂ နေရာ ဖြစ်ပွား နေတယ်။ အစိုးရ တပ်ဖွဲ့တွေ့က ကျနော်တို့ ကချင်ပြည်နယ် မိုးညင်း ခရိုင်ဘက်မှာ ရှိတဲ့ တပ်ရင်း (၅) နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ တပ်မဟာ (၄) တပ်ဖွဲ့ တွေကို လာရောက် တိုက်ခိုက် နေတယ်လို့ သိရတယ်” ဟု ဆိုပါသည်။

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံတကာ အကဲခတ်များ တက်မည်


04.04.2013 (VOA)
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကမ်းလှမ်း ထားတဲ့ဒီလ ၆ရက်နေ့ မှာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးရေး အစီ အစဉ် ကို မြန်မာနှစ်သစ်ကူး ရက်နောက်ပိုင်းအထိ ရက်ရွှေ့ပြောင်းဖွယ် ရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ရဲ့ ပြော ခွင့်ရသူက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။ အခုလို ရက်ရွှေ့ဆိုင်းရတဲ့ အဓိက အချက်ကတော့ နိုင်ငံတကာလေ့လာသူတွေ စုံစုံညီညီတက် ရောက်နိုင်မယ့် အခြေအနေ မရှိတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုး ဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ဟာ ဒီလ ၁၀ရက်နေ့ မတိုင်ခင် နောက်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ကို မတ်လ ၁၀ရက်နေ့ က တရုတ်နိုင်ငံရွှေလီမြို့ဆွေးနွေးပွဲမှာ သဘောတူ ထား တာဖြစ် ပါတယ်။ ဒီသဘောတူညီချက်အရ အစိုးရကိုယ်စားလှယ် အဖွဲ့ဖက်က ဒီလ၆ရက်နေ့မှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲဒီရက်မှာတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ KIO ရဲ့ ပြော ရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

Wunpawng Mungdan Shanglawt Asuya Tsang (10) Jawngma Ni San Poi Htai Nga


Written by KNET

Wunpawng Mungdan Shanglawt Asuya Tsang (10) san poi hpe 2013 March (1-8) du hkra 2012-2013 Hpaji ladaw san poi htai nga sai lam hpe chye lu ai.

Ndai 2012-2013 hpaji ladaw hta Wunpawng Mungdan Shanglawt Asuya Tsang (10) san poi htai ai jawngma yawng (270) re hte Dingdung Ginwang Ginjaw, N-Gum La Lahta Tsang Jawng hta marai (25), Ginjaw Ginra, Laiza Muklum Lahta Tsang Jawng hta marai (134) hte Sinpraw Ginwang Ginjaw Mai Ja Yang Muklum Lahta Tsang Jawng hta marai (111) san poi htai shang lawm ai lam hpe chye lu ai.  

မြစ်ကြီးနားမြို့လုံခြုံရေးများလျော့ကာ ပြန်စည်ကားလာ

(ကချင်သတင်းဌာန)


အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်ကြား တင်းမာမှုကြောင့် လုံခြုံရေး တင်းကြပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုချိန် တင်းကြပ်မှုများလျော့လာပြီး ညတွင်လွပ်လပ်စွာပြန်လည်သွားလာခွင့် ရနေပြီဖြစ်ကြောင်း မြစ်ကြီးနားဒေသခံများကပြောသည်။

အစိုးရတပ်ဖွဲ့နှင့် KIA တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် မြစ်ကြီးနားမြို့ရှိ ဒေသခံများကို အစိုးရက မသင်္ကာမှု နှင့်ဖမ်းဆီးခြင်း၊ လမ်းသွားလမ်း လာပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ပြုလုပ်ကာ ညမ ထွက်ရအမိန့်များသည်လည်း ဒေသခံများကြား သတင်းပျံ့နေသော ကြောင့် အပြင်သို့မထွက်ရဲပဲ စိုးရိမ်ကြောက်ရွံ့နေခဲ့ရာမှ ယခုပြန်လည် သွားလာနိုင်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

KIA တပ်ရင်း (၉)နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မ ဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေတွင် ယနေ့က မြန်မာအစိုးရ တပ်ဖွဲ့ထိုးစစ်ဆင်လာသောကြောင့် KIA နှင့် တိုက်ပွဲဆက်လက် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် တပ်ရင်း ၉ တပ်ဖွဲ့များ စခန်းချနေရာယူထားသော ဒတ် လက်ဘွမ် (Daklek Bum) တွင် ဖြစ်ပြီး ရှောင်ဟော် (Shaung Haw) နှင့် ဒီမာ (Dima) ဘက်မှ ထိုးစစ်ဆင်လာသောအစိုးရတပ်ကို KIA တပ်ဖွဲ့များပစ်ခတ်လိုက်ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အထက်ပိုင်း KIA အရှာရှိတစ်ဦးကပြောသည်။

Thursday, April 4, 2013

KIA Masat (9) Dap Dung Ginra, Dak Lek Bum Mayan Hta Hpyen Man (2) Hku Htim Gasat Hkrum

(Kachin Net)


KIA Masat (4) Dap Ba, Masat (9) Dap Dung makawp maga ginra hta 2013 April (3) ya jahpawt hkying (10:10)am aten laman KIA hpyen hpung ni shara la nga ai Daklek Bum maga de Myen Asuya Hpyen Dap Hk.L.Y (241) hte Hk.M.Y (568) na pawng hpawm hpye hpung ni htim gasat lung wa ai majaw KIA Masat (9) Dap Dung na hpyen hpung ni kawn ninghkap gasat poi byin ai lam hpe chye lu ai.

နိုင်ငံကျော် အဆိုတော်များ ကချင်ဒုက္ခသည်များ ကို ကူညီရန် ရံပုံငွေရှာ အစီစဉ်ကျင်းပမည်

(ကချင်သတင်းဌာန)


မြစ်ကြီးနား၊ ကချင်ပြည်နယ် — ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ စစ်ရှောင် ဒုက္ခသည်များအား အကူအညီပေးနိုင်ရန် နိုင်ငံကျော်အဆိုတော်များက မြစ်ကြီးနားမြို့ မိုးလုံလေလုံခမ်းမတွင် ဧပြီလ ၅ရက်ည ရန်ပုံငွေရှာ သီချင်းသီဆိုဖျော်ဖြေမှုအစီစဉ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီမှသိရသည်။

စစ်ရှောင်စခန်းများရှိ ဒုက္ခသည်များနှင့် စစ်ပွဲအတွင်းရှေ့တန်းက ရဲဘော်အချို့ မိုင်း၊ဗုံးနှင့်ကျည်ဆံများထိကာ ခြေလက်များကျိုး၍ နာမကျန်းထိခိုက် ဒဏ်ရာရသွားသောသူများအတွက် ရည်ရွယ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) မှ ရံပုံငွေရှာဖျော်ဖြေရေးအစီစဉ်ကို စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရတယ်။

မဂါးယန် ဒုက္ခသည်စခန်းတွင် ရေရှားခြင်း အခက်ခဲ ဆက်ကြုံနေဆဲ

(ကချင်သတင်းဌာန)


တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းတွင် သောက်သုံးရန် ရေများ ခက်ခဲခြင်းပြဿနာသည် နေ့စဉ်ရင်ဆိုင်နေရကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ရေလှောင်ကန်များနှင့် ရေပိုက်များလိုအပ်နေခြင်းဖြစ်ပြီး ယခုသုံးစွဲနေသော ရေသည်လည်း ယားယံခြင်း၊ အဖုများဖြစ်လာကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

ရေပိုက်များနှင့် တောင်ပေါ်မှသွယ်ယူရသည့် အနည်းငယ်သောရေများကိုသာ သုံးစွဲနေရသောခြင်းကြောင့် အိမ်သာရေပြဿနာသည်လည်း ရင်ဆိုင်နေရသည်။

ဘယ်သူထောင်ထားတဲ့ မိုင်းလဲ...

(Kachinduwa)


မသိတဲ့ လူတွေက ကေအိုင်အေ ထောင်ထားတဲ့ မိုင်းပဲ ရှင်း ပေးသလိုလို နဲ့ ကေအိုင်အေကို ဆဲနေတဲ့လူတွေလဲ အများကြီးပဲ။

လူစိတ်ရှိတဲ့ သာမန်လူတွေ အနေနဲ့ ဆက် စဉ်းစားလိုက်ပါ။

ဒီ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ မြစ်ကြီးနား မှ လိုင်ဇာ ကို ထွက် သွားတာ မြစ်ကြီးနား-ဗန်းမော် ကားလမ်း လမ်းလည်ခေါင်က သွား တာပါ။ မြစ်ကြီးနား မြို့ခံ ကချင်တွေလဲ ပါတယ်။

ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာ...


ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာပဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချုပ် အခြာအာဏာကို မတရားသိမ်းပိုက်ထားရင်၊ ကြီးနိုင်ငယ်ညှင်းလုပ် ထားကြရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရမှာလဲ။ ပြည်ထောင်စုကြီး ကြီးပွားစေချင်ရင် စိတ်စေတနာကောင်း ထားပေးကြပါ။

ဗမာတွေ ကျွန်ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားရသလဲ။ ကိုယ်ချင်းစာစိတ် ရှိကြပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်ပြီး တိုင်းရင်း သားလူမျိုးတွေရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို မတရား ဖျောက် ဖျက်ချင်လို့ မရဘူး။ ဒါမျိုးကို ကမ္ဘာက လက်မခံဘူး။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းကို ယုံတယ်။ သူ့ကို ယုံလို့ ပင်လုံ စာချုပ်ကို လက်မှတ်ထိုးတာ။ ဗမာလူမျိုးတွေနဲ့ အတူတူ လွတ်လပ်ရေး ယူဖို့ ဆုံးဖြတ်ခဲ့တာ။ ကယားပြည်ဆိုရင် အရင်တုန်းက ဗမာပြည်ထဲမှာ မပါဘူး။ သီးသန့် တိုင်းပြည်တစ်ပြည်။ ကယားခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံတော့

TNLA,နှင့် တိုက်ပွဲတွင် အစိုးရစစ်သား(၈)ဦးကျ၊ (၄)ဦးအား (TNLA)မှ အရှင်ဖမ်းဆီးရမိ


ရှမ်းပြည်နယ် မြောက်ပိုင်း KIA, တပ်ရင်း(၃၄)ဒေသအနီးTNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ တို့လှုပ်ရှားရာ ဒေသများ ဖြစ်သော လွယ်လုံ၊ နမ့်ဆမ်၊ မာန်ဆိုင်းခေါင်ဘွမ်ဒေသ သို့ထိုးစစ်ဆင် ကျူးကျော်ဝင်ရောက်လာသော မြန်မာအစိုးရ စစ်ကြောင်း နှင့် (TNLA) တပ်ဖွဲ့ တို့ ၂၀၁၃၊ဧပြီလ၊ ၂၊ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရပါသည်။

 ဤကဲ့သို့ တိုက်ပွဲ ဖြစ်ရာတွင် မြန်မာ အစိုးရစစ်တပ်ဘက်မှ (၈)ဦးကျဆုံးပြီး (၄)ဦးအား TNLA, မှ အရှင် လက်ရဖမ်းဆီး ရမိကြောင်း သတင်းရရှိပါသည်။

Wednesday, April 3, 2013

KIO နှင့် အစိုးရ ငြိမ်းကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့မည်

(ဧရာဝတီ)


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေး နွေးမည်ဟု သတင်းရရှိသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် အဆို ပြုခဲ့ပြီး လာမည့် တပတ်အတွင်း တွေ့ဆုံရန် KIO ခေါင်းဆောင်များကို ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်ပိုင်း KIA တပ်ရှိရာသို့ အစိုးရတပ်များ အင်အားတိုးချဲ့ ထိုးစစ်ဆင်နေ

(ကချင်သတင်းဌာန)


အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) နယ်မြေသို့ ဆက်လက်၍ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက် ခိုက် နေကြောင်း သိရသည်။

ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသရှိ တရုတ်ရွာ တာဘန်ကုန်း (Tabang Kung)နှင့် ရှောင်ဘန်ကုန်း (Shaubang Kung) နေရာတွင် အစိုးရတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် KIAနှင့် တအောင်း (ပလောင်) လက်နက်ကိုင် တပ်ပေါင်း စုများဖြင့် မုန်ဝီ (Mung Wi) ဘက်မှ ထိုးစစ်လာသော အင်အား ၆၀ ခန့်ရှိသည့် အစိုးရတပ်နှင့် နံနက် ၉ နာရီခွဲမှ ၁၁ ခွဲထိ ရင်ဆိုင်တိုက်ပွဲ များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြောသည်။

မြစ်ကြီးနား KIO ဆက်ဆံရေးရုံး ဖွင့်ရန် အစီစဉ်မရှိ

(ကချင်သတင်းဌာန)



မြန်မာအစိုးရတပ်နှင့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှ တနှစ်ကျော်ကြာ  ပိတ်ထားခဲ့ရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးကို မကြာသေး ခင်က ခြံဝင်းအား ပြန်လည်ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ထားသော် လည်း KIO နှင့် ပတ်သက်မှုမရှိကြောင်း ပြောဆိုသည်။

၂၀၁၁ ဇွန်လက စစ်ပွဲပြန်လည်ဖြစ်ပွားလာချိန် ပိတ်လိုက်ရသော အဆိုပါဆက်ဆံရေးရုံးကို ခြုံနွယ်များပိတ်စို့နေရာကနေ ယခုအချိန်မှ ရှင်းလင်းလာခြင်းကို KIO ရုံးထိုင်တော့မည်လား ဟု ဒေသခံများက စိတ်ဝင်တစားအကဲခတ်နေသည့်အပေါ် KIO ကငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

Tuesday, April 2, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO နယ်မြေမှာ ပြုလုပ်မည်

(VOA)


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ်အဖြစ်  ကချင်ပြည်နယ်ထဲမှာ တွေ့ဆုံကြဖို့ စီစဉ်နေတဲ့အကြောင်း နှစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးအတွက် အစောပိုင်း ဆွေးနွေးပွဲတွေ တရုတ်နိုင်ငံမှာ နှစ်ကြိမ်လုပ်ခဲ့ပြီးတဲ့နောက် အခုတခါမှာတော့ KIO ထိန်းချုပ်ရာ နယ်မြေမှာ ဆွေးနွေးဖို့ ပြင်ဆင်နေကြတာပါ။ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန်က တင်ပြပေးထားပါတယ်။
 

KIA Masat (5) Dap Dung, Si Sa Post hte Nam Hpai Hka Mayan Kaw Gasat Poi Byin

(Kachinnet)


KIA Masat (2) Dap Ba, Masat (5) Dap Dung makawp maga ginra hta 2013 April (1) ya shana de hkying (2:30)pm aten kaw nna hkying (6:30)pm aten du hkra Shwi Nyin Shan kaw nna Pang Hkawn Yang mare maga de shamu shamawt chyinglau lung wa ai Myen Asuya Hpyen Dap Hk.L.Y (93) hte Hk.L.Y (309) na pawng hpawm hpyen hpung ni hpe KIA Masat (5) Dap Dung na hpyen hpung ni Si Sa Post lawu kaw ninghkap shingla gasat poi byin ai lam hpe chye lu ai.

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံမည့် ကိစ္စ အဆင်သင့် မဖြစ်သေး

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဧပြီလ ၁၀ ရက်မတိုင်ခင် ပြန်လည်တွေ့ဆုံရန် ပြောဆိုထားသော်လည်း တွေ့ဆုံမည့်ကိစ္စကို ယခုချိန်ထိ အဆင်သင့် မဖြစ်သေးကြောင်း KIO ကပြောသည်။

KIO နှင့် အစိုးရ မတ်လ ၁၁ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့သဘောတူထားခြင်းဖြစ်သော်လည်း ညှိနှိုင်းစရာများရှိနေသေး သောကြောင့်ဖြစ်သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဒု-အထွေထွေ အတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

 “ဒီဧပြီလ ၁၀ ရက်အတောအတွင်း သင်္ကြန်မတိုင်ခင်မှာ တွေ့ရအောင် ဆိုပြီး သူတို့အနေနဲ့ပြောတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရက်အတိအကျမသတ်မှတ်သေးဘူး။ ဘယ်မှာတွေ့မယ်ဆိုတဲ့နေရာ လည်း မဆုံးဖြတ်ရသေးဘူး။ တခြားဆွေးနွေးတိုင်ပင်စရာ တွေရှိသေးတဲ့ အတွက်ကြောင့် အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးဘူး”

KIO ထိန်းချုပ်နယ်မြေရှိ ၁၀ တန်းကျောင်းသား များ ယနေ့ “ကချင်ဘာသာ” စဖြေ

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ (၁၀) တန်း ကျောင်းသူ/ သားများသည် ယနေ့မှစ၍ KIO ပညာရေးဌာနမှ မေးမြန်း စစ်ဆေးသည့် ၂၀၁၂ -၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေး ပွဲကို စတင်ဖြေဆိုရာတွင် “ကချင်ဘာသာ” ကို ပထမဦးဆုံးဖြေဆိုရ ကြောင်း သိရသည်။

ဖြေဆိုချိန် နံနက် ၉ နာရီမှ ၁၂ နာရီထိ စစ်ဆေးရာ ယနေ့ဖြေဆိုရသော ကချင်ဘာသာတွင် နိုင်ငံရေးနှင့်ဆိုင်သော မေးခွန်းများ၊ ကချင်ဘာသာ ရေးပုံရေးနည်း စကားပုံများ၊ ကချင်စကား ကချင်လူမျိုးအရေးကြီးပုံ မေးခွန်းများကို အဓိကမေးမြန်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ယနေ့မေးမြန်းသော ကချင်ဘာသာ ကိုဖြေဆိုရာတွင် အစိုးရ ကျောင်းနေပြီး စစ်ပွဲများဖြစ်ပွားချိန်မှ KIO ထိန်းချုပ်နယ်မြေသို့ထွက် ပြေးခိုလှုံလာသော ကျောင်းသားများအတွက်မူ ခက်ခဲမှုများရှိကြောင်း လိုင်ဇာအထက်တန်းကျောင်း ဆရာဦးခေါင်လွမ်း KNG ကချင်သတင်း ဌာနသို့ပြောသည်။

မြစ်ကြီးနား တပ်ကုန်း ဒုက္ခသည်များ နေ.စဉ် အသက်ရှင် နေထိုင်ရေး အခက်တွေ.

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ စစ်ရှောင်စခန်းမှ ဒုက္ခသည်များ နေ့စဉ်အသက်ရှင် နေထိုင်ရေးအတွက် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်း တာဝန်ခံ မှသိရသည်။

တပ်ကုန်းရပ်ကွက်ရှိ ဂါလီလဲစစ်ရှောင်စခန်းတွင် ရေတွင်းတစ်ခုကိုသာ အားလုံးပေါင်းပြီး အသုံးပြုနေရာ ထိုစခန်းတွင် လူဦးရေထပ် တိုးလာကာ ရေမလုံလောက်မှုဖြစ်နေကြောင်း သိရသည်။

Monday, April 1, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် – ဦးနေမျိုးဇင်

(မိုးမခ)

အင်ဂွန်ဂျာဝါ၊ ဧပြီ ၁၊ ၂၀၁၃
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော်မြို့များအထိ ရောက်ခဲ့တဲ့ ဦးနေမျိုးဇင်နဲ့ မေးမြန်းချက်ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့သားများနဲ့ လိုင်ဇာမှာတွေ့ခဲ့ပါတယ်။ ကချင် KIA ခေါင်းဆောင်နဲ့စစ်ဗိုလ်စစ်သားများ၊ အစိုးရစစ်ဗိုလ်၊စစ်သားများ (တချို့ မိမိတို့နဲ့ စစ်တပ်အတူနေခဲ့တဲ့ စစ်ဗိုလ်များအပါအ၀င်) အားလုံးဟာ စစ်မတိုက်ချင်တော့ပါဘူး။ ABSDF တပ်များ၊ ပြည်သူလူထုများ၊ ဒေသအားဏာပိုင်များနဲ့လည်း တွေ့ဆုံးတော့ အားလုံးငြိမ်းချမ်းရေး လိုချင်ပါတယ်။

စစ်တိုက်ခြင်းကြောင့် အားလုံးဒုက္ခရောက်၊ ဆင်းရဲ၊ သေကျေ၊ ဒဏ်ရာရ ပျက်စီးကြရတယ်။ တချို့ဆို သိန်း၂၀၀၀ လောက် တန်ဖိုးရှိတဲ့ ဆိုင်ကြီးများကို စွန့်ပစ်ပြီး ဒုက္ခသည်စခန်း လာရောက် ခိုလှုံနေရသူများလည်း တွေ့ရပါတယ်။ ပြည်သူလူထုနဲ့ မေးမြန်းတော့ ပိုပြီးငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ရွာပျက်၊ မြို့ငယ်များပျက်စီးပြီး ထွက်ပြေးလာရတဲ့ ဒုက္ခသည်များစွာပါ။ စစ်ဗိုလ်၊စစ်သားတွေလည်း အထက်က ခိုင်းလို့သာလုပ်ရပါတယ်။ 

ဖွံ့ဖြိုးမှု အကူအညီ ရရေး အတွက် UNFC အဖွဲ့ ဂျပန် ထွက်ခွာ


(ရွှေဟင်္သာသတင်းဌာန၊ ဧပြီလ (၁) ရက်နေ့ ၂၀၁၃)

သွေးစည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များသည် ဖွံ့ဖြိုးရေး အကူအညီ သစ်များ ရရှိရေး အတွက် ဂျပန် ဝန်ကြီးချုပ် သစ်နှင့် တွေ့ဆုံ နိုင်ရန် ယမာန်နေ့ည (၁၀) နာရီ ခန့်တွင် ဂျပန် နိုင်ငံသို့ ထွက်ခွာ မည်ဟု ခရီးစဉ် ထဲ၌ ပါသော အဖွဲ့ဝင် တဦးက ဆိုပါသည်။

“ဒီခရီးစဉ်ဟာ အဓိက ကတော့ ဂျပန် ဝန်ကြီးချုပ် သစ်နဲ့ တွေ့ဆုံ နိုင်ဖို့ပါပဲ၊ ၀န်ကြီးချုပ် အနေနဲ့ ကတော့ မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြား စေ့ရေးကို ပိုဦးစားပေး ချင်တယ်၊ ဒီတော့ သူက လက်ရှိ ကျွှန်တော်တို့ နိုင်ငံရဲ့ အခြေ အနေကို သိချင် နေတယ်။ ပြီးတော့ ဂျပန် ODA ကတဆင့် တိုင်းရင်းသား ဒေသတွေမှာ လိုအပ် နေတဲ့ ရိက္ခာ၊ ပညာ၊ ကျန်းမာ၊ ဆေးဝါး၊ စိုက်ပျိုးရေး စတဲ့ အကူအညီတွေ ဘယ်လို ထပ်ပေး ရမလဲ ဆိုတာ တွေကိုလည်း ဆွေးနွေး လိုတယ်ပေါ့။ ဒါကြောင့် ဒီခရီးစဉ် ဖြစ်သွား တာပါ” ဟု ဆိုပါသည်။

Myen Asuya Hpyen Hpung Ni KIO Ginjaw Hte Ni Ai Shara Hkan Shamu Shamawt Hkawm Nga


Written by KNET

Lai wa sai 2013 March (29) ya shana maga hkying (7:30)pm aten ram hta Myitkyina kaw na rawt wa ai Myen Asuya Hpyen Dap, dap mying nchye ai hpyen mawdaw (31) tup hpung ni gaw KIA Masat (5) Dap Ba makawp maga ginra N-Pawn mare hku nna Nam San Yang mare de wa du nga ai lam hpe chye lu ai.

Dai jahpawt hkying (9:00)am aten ram hta mung KIA Masat (5) Dap Ba makawp maga ginra kata hta Myen Asuya Hpyen Dap Ts.K.Hk-3 kata na hpyen n-gun (300) ram lawm ai hpyen hpung ni gaw, Miwa Lauban Lau Ying a Rubber sun kaw nna Shadan Pa lam hku Madi Yang mare de lai shang mat wa ai lam hpe chye lu ai. 

Sunday, March 31, 2013

ရှမ်းပြည်မြောက်ပိုင်း KIA နှင့် အစိုးရ တိုက်ပွဲ ဆက်ဖြစ်

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ နယ်မြေတွင် ယမန်နေ့ညပိုင်း KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့ကြား ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် မတ်လ ၂၉ ရက်နေ့ ညနေပိုင်း ၇ နာရီခွဲမှ ၈ နာရီခွဲထိ မူဆယ်မြို့နယ် နမ်ဂတ် (Nam Gat) ပလောင်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။