Saturday, March 30, 2013

မလေးရှားနိုင်ရောက် မြန်မာတိုင်းရင်းသားများ ကချင်ဒုက္ခသည်များအတွက် ရံပုံငွေရှာ ဈေးရောင်းပွဲတော် ပြုလုပ်

(ကချင်သတင်းဌာန)


မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ကချင်ပြည် နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲ တော်ကြီးကို ကွာလာလံပူမြို့ရှိ Chinese Assembly Hall တွင် ယနေ့ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့သည်။

မလေးရှားစံတော်ချိန် ၁ နာရီမှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါဝင်ဖွဲ့စည်းထားသည့် တိုင်းရင်းသားအဖွဲ့စည်းချုပ် (Coalition of Burma Ethnics Malaysia) မှ ဦးဆောင်ကာ ဒုက္ခသည် များအတွက် လူမျိုးအသီးသီးမှ မိမိတို့ရိုးရာဓလေ့ အကများ အစားအစာ များဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

Friday, March 29, 2013

နယ်မြေ သတ်မှတ်ချက် မရှိသော အပစ်ရပ်များ စစ်ဆင် ခံရနိုင်ဖွယ်ရှိနေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တိုက်ပွဲများ ဖြစ်ပွား နေရခြင်းသည် အပစ်အခတ် ရပ်စဲရာ တွင် နှစ်ဖက် တပ်တည်နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိခြင်း ကြောင့် ဖြစ်ခဲ့ရသည်ဟု အစိုးရ ပြောကြားချက် အပေါ် RCSS မှ လက် မခံပယ်ချကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင်က ဆိုပါသည်။ 

 “ဤစကားကိုတော့ ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့ မတ်လ(၂၀) ရက်နေ့က ရှမ်းပြည်နယ် လာရှိးမြို့မှာ ကျင်းပသွားတဲ့  ရှမ်း/ ကယား ငြိမ်းချမ်းရေး တည်ဆောက်မှု အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ သူတို့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခါတိုင်း လိုလိုမှာ ဒီတပ် ကိစ္စကို ကျနော်တို့ ဘက်က အမြဲ တင်ပြပါတယ်။ သူတို့ ဖက်ကဘဲ  ပြည်နယ် အဆင့် သဘော တူထားတဲ့ အချက် (၅) ချက် လောက်တောင် မလိုက်နာလို့ တိုက်ပွဲတွေ ဖြစ်နေရတာ” ဟု ဆို ပါသည်။

စစ်ပြေးဒုက္ခသည်များ ထောက်ပံ့ရေး လမ်းဖွင့်ရန် လူ့အခွင့်အရေး ကော်မရှင် တိုက်တွန်း

(Mizzima)

ကချင်ပြည်နယ်အတွင်း စစ်ပြေး ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု
ထောက်ပံ့နိုင်ရေးအတွက် လမ်းဖွင့်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက် သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပနေစဉ် ကာလအတွင်း စစ်ပြေးဒုက္ခသည်များ ခံစားနေရသည့် ဒုက္ခများ လျော့ပါးစေရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အထောက်အကူ ဖြစ်စေရေးအတွက် ကော်မရှင်၏ အကြံပြုချက်များကို ဦးစားပေး အကောင်အထည် ဖော်သင့်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောသည်။

တိုက်ပွဲပြီးနောက် ရှမ်းမြောက် KIA တပ်ရင်း (၁၇)သို့ ထိုးစစ်ဆင်လာသော အစိုးရတပ်များ ပြန်ဆုတ်

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်း (Gang Mying) ဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum)တွင် အစိုးရတပ်များ ထိုးစစ်ဆင်လာသောကြောင့် ယနေ့ နံနက် ၉ နာရီနာခွဲမှ ၁၂ နာရီထိ ပြင်းထန်သောပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၁၇) မှ အဖွဲ့အင်အား ၅၀ ကျော်ရှိသော MHH (Mungmasha Hpyen Hpung) ပြည်သူ့စစ်တပ် နှင့် ကွတ်ခိုင်အရှေ့ ဘက်ရှိ ကွန်လုံ (Kun Lung) နမ်ဂျရပ် (Nam Jarap) ရှိ မြန်မာအစိုးရ တပ် အင်အား ၁၀၀ ကျော်သည် KIA ရှိရာသို့ ထိုးစစ်လာခဲ့ရာ အတန် ကြာပစ်ခတ် တိုက်ခိုက်ခဲ့ရာ အစိုးရဖက်မှ ထိခိုက်မှုများမည်ဟု တပ်မ ဟာ (၄) မှ အမည်မဖော်လိုသူအရာရှိတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။

ဗကသ မှ KIO နယ်မြေရှိ ဒုက္ခသည်များ ပညာရေးအတွက် ကူညီ

(ကချင်သတင်းဌာန)


တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေ လိုင်ဇာမြို့ရှိ ပညာရေးအခက်ခဲဖြစ်နေသော ဒုက္ခသည်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများ အဖွဲ့ချုပ်(ဗကသ) မှ လာ ရောက်အကူအညီပေးကာ ဆက်လက်ကူညီနိုင်ရန် လေ့လာ ကြည့်ရှုခဲ့ ကြသည်။

ယမန်နေ့ ရန်ကုန်မြို့မှရောက်ရှိလာသော ဗကသအဖွဲ့များအနေဖြင့် ဒုက္ခသည်များ၏ ပညာရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ထပ်မံကူ ညီ သွားနိုင်ရန် လိုအပ်ချက်များကိုလေ့လာကြည့်ရှုကာ ရန်ကုန်ရှိ ပြည် သူများထံမှ ကောက်ခံရရှိသော အလှူငွေကိုကူညီပေးရန်ဖြစ်သည်ဟု ဦးဆောင်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မကများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ကိုမိုးထက်နေ ကပြောသည်။

KIA Dap Dung (17) Ginra Kawng Wai Mayan Kaw Gasat Poi Naw Byin Nga


Written by KNET

KIA Masat (4) Dap Ba, Masat (17) Dap Dung makawp mag ginra hta 2013 March (28) ya jahpawt hkying (9:45) aten laman Myen Asuya Hpyen Dap Ts.K.Hk-16 kata na hpyen hpung ni gaw Kawng Wai mayan kaw shang shamu shamawt chyinglau hkawm nga ai kaw KIA MHH hpyen hpung ni hte gasat poi byin ai lam chye lu ai.

Myen Asuya Hpyen Dap hpyen hpung ni gaw duhkra ladaw hkrun hkraw nga ai ten hpe ginjang la nna Mali Yang hte Gang Dau Yang kaw shara jahkrat nga ai Myen Asuya Hpyen Dap Hk.L.Y (21) hte Dap Nu (33) dap kata na hpyen hpung ni gaw KIA Dap Nawng Daju ginra ni hta sharaw wan hkan nat hkawm nga ai lam hpe chye lu ai.

Nam San Yang Mare Na Hpyen Yen Ni, Nat Kau Hkrum Ai Dum N’ta Ni Hpe Wa Du Gawan


Written by KNET

2013 March (27) ya shani hkying (12:30)pm aten ram hta Nam San Yang Mare na Mare Komiti Salang wa hte Hpunggyi (2) woi awn nna Myitkyina Muklum de hpyen yen mat wa ai Nam San Yang mare na mung shawa marai (14) hpung ni gaw wan nat kau hkrum ai mare na mung shawa dum n’ta ni hpe sa du gawan yu hkawm ai lam hpe chye lu ai.

Thursday, March 28, 2013

ဝိုင်းမော်မြို့နယ် နှစ်ခြင်းဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များ ထမင်းချက်ရန် ရှို့ထင်းခက်ခဲနေ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား၊ မုန်နာ၊ ဝိုင်းမော် ကချင် နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးခြံများတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် များသည် ထမင်းချက်ရန်ထင်းနှင့် လျှပ်စစ်မီးများ အခက်ခဲဖြစ်နေ ကြောင်း သိရသည်။


၎င်းဒုက္ခသည်များတွင် ထင်းနှင့် မီးအခက်ခဲကြောင့် နေ့စဉ် ထမင်း ချက်ရန်အတွက် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။


ထင်းများအသုံးပြုရန်လိုအပ်နေသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ အဟာရအတွက် ၁ လလျင် ၁ ဦးကို ကျပ် ၆၀၀၀ ထောက်ပံ့ပေးထားသောငွေကို ဒုက္ခသည်များက ထင်းများဝယ်ယူ နေရကာ ထိုကဲ့သို့ ရေရှည် ခက်ခဲလာလျင် ဒုက္ခသည်စခန်းတွင် အခက် ခဲပိုမို ဆိုးရွားလာနိုင်ကြောင်း စခန်းမှဆရာတဦးပြောသည်။

MYEN HPYEN NI MALI YANG KAW NTA WAN NAT

(Jinghpawkasa)


Jinghpaw Mung, Wai Maw ninghtawn Mali Yang mare na mung shawa dum nta ni hpe myen hpyen hpung ni March (27) ya shani nat kau ya lai wa sai lam shiga na chye lu ai. Myen hpyen dap hk-l-y (21) na hpyen hpung ni gaw Mali Yang Mare na mung shawa dum nta (5) hpe March (27) ya shani hkying (2:00PM) ten ram hta wan nat kau ya lai wa ai re lam hpe matut chye lu ai.

Wednesday, March 27, 2013

လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမား များ အလုအယက် နေရာယူလာ

(ကချင်သတင်းဌာန)
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည်ကားလာပြီး တရုတ်ကုန်သည်စီးပွားရေး သမားများနှင့် ကချင် စီးပွားရေးသမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်းအတွက် နေရာများကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) ကပြောသည်။

“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကိုယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။

ကချင်စစ်ဘေးသင့် ကလေးများအတွက် ရံပုံငွေရှာပွဲ မူစယ်တွင် ကျင်းပ



ကချင်စစ်ဘေးသင့် ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ထောက်ပံ့ရန် ရံပုံငွေရှာဖွေပွဲ တစ်ခုကို မဇ္ဇျိမလှိုင်းတေးဂီတအဖွဲ့က ကမကထပြု၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖျော်ဖြေ ကျင်းပခဲ့ကြောင်း သိရသည် ။

မဇ္ဇျိမလှိုင်းနှင့် ငြိမ်းချမ်းရေးသံစဉ်များ ခေါင်းစဉ်ဖြင့် မတ်လ ၂၄ ရက်နေ့ ညပိုင်းက ကိုနေဝင်း ၊ ဂျေမောင်မောင် ၊ ကိုခိုင်ထူး ၊ ချစ်ကောင်း စသည့် နာမည် ကြီး အဆိုတော်များနှင့် တက်သစ်စ အဆိုတော်များပါဝင် သီဆိုဖျော်ဖြေခဲ့ကြောင်း မူစယ်မြို့ ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ပန်ဝါဖက်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေနှင့် တပ်ရင်း ၁၀ နယ်မြေ ပန်ဝါဘက်တို့တွင် ယမန်နေ့ အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် KIA  စတင်ပစ်ခတ်ခဲ့ခြင်းမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် မတ်လ ၂၅ ရက် ယမန်နေ့ ညနေပိုင်း ၃ နာရီခွဲတွင် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ နယ်မြေ ပန်ဝါဒေသ မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် ၅ အနီး KIA အထူးမူဘိုင်းတပ်ဖွဲ့များ တည်ရှိရာသို့ အစိုးရတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ပေါင်းစုတပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် KIA တပ်ဖွဲ့များ ဗုံးဖောက်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပန်ဝါဒေသရှိ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။

ပူတာအိုခရိုင် ဖွံ့ဖြိုးရေး အသုံးစားရိတ် သတ်မှတ်

(RFA)

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ဒေသခံပြည်သူတွေအတွက် လာမယ့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ အရေးပေါ်ဝမ်းစာဖူလုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ကျပ်သိန်းပေါင်း ၁ သောင်း ၅ ထောင်နီးပါး သုံးစွဲသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီနေ့မတ်လ ၂၆ ရက်နေ့မှာ အတည်ပြုပြောကြားပါတယ်။

အခုလာမယ့် ဧပြီ ၁ ရက်နေ့မှာ အကျုံးဝင်မယ့် ဒီဘဏ္ဍာရေး ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် မြန်မာနိုင်ငံအေဂျီ (ဧဝံဂေလိ) အသင်းတော်ခန်းမမှာပြုလုပ်တဲ့ ဒေသခံခရစ်ယာန်ဂိုဏ်းပေါင်းစုံက ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ ဆုံချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားခဲ့တာပါ။

ဂျေယန့် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါနှင့် နှာစေးချောင်းဆိုး အဖြစ်များနေ

(ကချင်သတင်းဌာန)

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၂ နှစ်အောက် ကလေးငယ်များ ၀မ်းရောဂါများဖြစ်ပွားနေကြောင်း သိရသည်။
ကလေးငယ်များတွင် ဝမ်းကိုက်ရောဂါများဖြစ်ပွားနေသူ ၃ ဦးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ ၂ ဦးသည် ယနေ့ ကျန်းမာရေး ဆေးခန့်သို့ ထပ်မံရောက်ရှိလာကြောင်းဆေးခန်းမှသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ဖုံပေါများ၍ လေကောင်းလေသန့်မရရှိခြင်းကြောင့် နှာစေးချောင်းဆိုးဖြစ်ပွားနေသူများလည်း နေ့စဉ် ဆေးပေးခန်းသို့ ၁၀ ဦးထက်မနည်း ဆေးတောင်းစားနေကြောင်း ဂျေယန့် (Je Yang) ကျန်းမာရေးမှူးတာဝန်ခံ ဆရာလဘန်နော်ဂျာ (Sara Labang Naw Ja) ပြောသည်။

Tuesday, March 26, 2013

ရွှေလီ တွေ့ဆုံမှု နောက်ပိုင်းက ကချင်နဲ့ အစိုးရ တပ်တို့၏ စစ်ရေး အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)


ကချင် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့ ရွှေလီမြို့၌ ယခုလ (၁၁) ရက်နေ့ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး နောက်ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လက် အောက်ခံ တပ်မဟာ (၅) ခု ရှိသည့် အနက် (၃) ခု တို့၌ အစိုးရ တပ် များ နှင့် စစ်ရေး အခြေအနေမှာ တည်ငြိမ်မှု မရသေးပဲ တိုက်ပွဲများ ဖြစ်ပွား နေဆဲ ရှိသည်ဟု သိရှိ ရပါသည်။

နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ် ပွား ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဦးလနန်းက ပြောပါသည်။

ကချင်ပြည်နယ်မှ သစ်ထုတ်လုပ်မှုများ နေ့ ည ရာချီနယ်စပ်သို့ထွက်နေ

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာနယ်စပ်နှင့် နောင်တောင်းတရုတ်နယ်စပ်မှ နေ့စဉ် သစ်ကားကြီးများသည် တိုက်ပွဲ များ လျှော့ကျသွားချိန် ယခုလလည်ပိုင်းမှစ၍ တရက်အတွင်း ကားအစီး ရာချီနယ်စပ်သို့ တင်ပို့နေကြောင်းသိရသည်။

ဧရာဝတီမြစ်အနောက်ဖက် ဆင်ဘို၊ ဂေါင်ဂွေပါ၊ ပန်ခေါန်ပါ စသည့် နယ်မြေများမှ သစ်များထုတ်ယူနေခြင်းဖြစ်ပြီး ကားများတွင် သစ်တန် ၂၀၀ ထက်မနည်းတင်ကာ အဆက်မပြတ် နယ်စပ်တံတားမှ တရုတ် ပြည်ဘက်သို့ တင်ပို့နေသည်ဟု လိုင်ဇာမြို့မှ သစ်လုပ်ငန်းနှင့်ဆက်စပ် သူ ဒေသခံ မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

လိုင်ဇာ ဒုက္ခသည်များထံ အရောက်သွား၍ ဗကသ ကူမည်

(Mizzima)


ပထမဆုံးအကြိမ် အဖြစ် ကချင်ပြည်နယ်၊ လိုင်ဇာ မြို့ရှိ စစ်ပြေး ဒုက္ခသည်များဆီသို့ အရောက်သွား၍ ကူညီမှုများ လုပ်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်း သားခေါင်းဆောင် ၆ ဦး အင်္ဂါနေ့ တရုတ် နယ်စပ် ဂျယ်ဂေါင် တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ဒုက္ခသည် ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့် လူမှုရေးဆိုင်ရာ များ ကူညီရန် သွားရောက်ခြင်း ဖြစ်သည်ဟု ဗကသ မှ သတင်းပြန်ကြား ရေး ကော်မတီမှ ကိုသီဟဝင်းတင် က ပြောသည်။

“ကျနော့်တို့ အလှူခံထားတယ်။ အဲဒါကို သွားလှူကြတာပါ။ IDP စခန်းမှာရှိတဲ့ ကျောင်းသားတွေကို အဓိက ထားမယ်။ သူတို့ ဘာတွေ လိုအပ်တယ်ဆိုတာ။ သူတို့ အခက်အခဲတွေကို ဘယ်လို ပူးပေါင်း ဝင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး သွားတာပါ” ဟု မဇ္ဈိမကို ပြောသည်။

JARIT SHDAW (5) GRUP YIN GASAT

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Ding Dung Ginwang Dap Ba (1) n pu, KIA Dung (10) ginra rai nga ai Jinghpaw Mung hte Miwa Mung jarit masat shadaw (5) grup yin hta March (25) ya shana hkying (5:30PM) ten ram hta myen hpyen hpung ni hte KIA myu tsaw share ninghkring ni gap gasat lai wa sai lam shiga na chye lu ai. N dai zawn gap gasat ai hta myen hpyen ni maga de jarit sin hpyen dap (BGF) hpung ni mung shawng lawm ai lam hpe na chye lu ai.

အစွန်းရောက် ဆိုတာ ဘာအစွန်းရောက်မှ မကောင်း။

(Kachinduwa)


အမေရိကန် တွေ ဘင်လာဒင် ကို တိုက်တာ မူဆလင်ကို တိုက်တာ မဟုတ်ဘူးလို့ ငြေညာခဲ့ဖူးတာ မှတ်မိမှာပါ။ အစွန်းရောက် ဆိုရင် မူဆလင်လဲ မကောင်းသလို ဗုဒ္ဓ၊ ခရစ်ယာန် အစွန်းရောက်လဲ မကောင်း ဘူး။ မြန်မာ မူဆလင်တိုင်းလဲ အစွန်းရောက်တွေ မဟုတ်သလို၊ ဗမာ ဗုဒ္ဓ တိုင်းလဲ အစွန်းရောက်တွေ မဟုတ်ပါဘူး။ အခု ကျုပ်တို့ ဆန့်ကျင်နေ တာ အစွန်းရောက်သမား တွေကိုပါ။ အစွန်းရောက်သမားတိုင်းက ကိုယ့် ဟာကိုယ် အစွန်းရောက်သွားမှန်းလဲ မသိကြပါဘူး။

ဒါကို ဗုဒ္ဓဘာသာ ဖြစ်ဖြစ်၊ မူဆလင်ဖြစ်ဖြစ်၊ ရှင်းရှင်းလင်းလင်း သိသင့် တယ်။ ကိုယ့်ဘာသာရေး အသိုင်းအ၀ိုင်းထဲမှာ မူဆလင် အစွန်းရောက် ရှိနေရင် ဖေါ်ထုတ်ရမယ်။ အစွန်းရောက် ဆိုရင် ဘာသာရေး၊ လူမျိုးရေး ဘာတခုမှ မကောင်းဘူး။ အတ္တသမားတွေပါ။

အဲဒီ အစွန်းရောက်တွေက ကျုပ်တို့ အသိုင်းအ၀ိုင်း သိက္ခာကို ဖျက်စီး နေတာ။ ကချင်လဲ မြန်မာနိုင်ငံသား ဖြစ်နေတော့ သိက္ခာကျတာပဲ။

MYU SHAYI MUNG MASA WUNKAT

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya, Sadung Ginwang Amyu Shayi Hpung Komiti kaw nna woi awn ai, Mung Masa Myi Jahpaw ai Hka Ja Hpawng Wunkat hpaw hpawng lamang hpe March (24) ya shana hkying (7:00 PM kawn 8:30 PM) lapran galaw la lu sai lam na chye lu ai. Ndai hpawng hpaw lamang hta Ginwang Komiti Tingnyang Up Lat Du Up Jum  Hpauje La Tawng kaw nna, hpawng hpaw Mungga shaga ya lai wa sai lam the Wunkat hpe Ninghtoi;- 2013 March (25) kawn 2013 March (30) ya shani du hkra galaw na re lam hpe na chye lu ai.

Monday, March 25, 2013

တရုတ် ရေနံ ပိုက်လိုင်း လုံခြုံရေးကြောင့် တိုက်ပွဲ ဆက်ဖြစ်နေ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်ဖွဲ့ နာမည် မသိရသေးတဲ့ အစိုးရ တပ်ဖွဲ့တို့ ယမာန်နေ့ ညနေပိုင်းတွင် ရင်ဆိုင် တိုက်ပွဲ တစ်ခု ဖြစ်ပွား ခဲ့သည်ဟု KIA အရာရှိ တစ်ဦးက ဆိုပါသည်။

“ကျနော်တို့ ရှိတဲ့ လွယ်ခေါင် ဒေသကို သူတို့ စစ်ကြောင်း (၃) ကြောင်း နဲ့ ဝင်လာတော့ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ ပြီး (၁) နာရီ ခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်စလုံး ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတော့ ကြားရပေမဲ့ အသေး စိပ်တော့ မရရှိသေးဘူး” ဟု ဆိုပါသည်။

ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ် လှုပ်ရှားမှုရှိ၊ ပလောင်၊ KIA တို့နှင့် တိုက်ပွဲဖြစ်

(Mizzima)


ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရ စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ၎င်းတို့တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော် က ပြောသည်။

မန်တုံ၊ ကုတ်ခိုင်၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များအတွင်း အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့နယ် စစ်ဆင်ရေးနှင့်ကွပ်ကဲရေး (စကခ) ၁ နှင့်သိန္နီ (စကခ) ၁၆ လက်အောက်ခံ တပ်ရင်းများမှ စစ်အင်အား အနည်းဆုံး ၂,၀၀၀ ကျော်မှ ၃,၀၀၀ ခန့်ထိ လှုပ်ရှားနေပြီး မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မိုင်ဘုန်းကျော် က မဇ္စျိမကို ပြောသည်။

KIA နှင့် အစိုးရတပ်များ တိုက်ပွဲပြန်ဖြစ်

(ဧရာဝတီ)

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ စစ်တပ်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေ၌ ယနေ့မနက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရသည်။

ယမန်နေ့ ညနေပိုင်းက KIA တပ်မဟာ ၄ ထိန်းချုပ်မှုအောက်ရှိ တပ်ရင်း ၁၇ ရှေ့တန်းတပ်များ တည်ရှိရာသို့ အစိုးရ အရှေ့မြောက် ပိုင်း တိုင်း (ရမခ) လက်အောက်ခံ ခလရ ၁၄၅ နှင့် ၂၉၀ တပ်ရင်းများက ချဉ်းကပ်လာရာမှ ၁ နာရီအကြာ ရင်ဆိုင် တိုက်ပွဲများ ဖြစ် ပွား ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် အဆိုပါ အစိုးရတပ်ရင်းများက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောပြသည်။

မြန်မာစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲ၊ KIA နှင့် တိုက်ပွဲဖြစ်

(Kachinnet)


၂၀၁၃ ခုနှစ် မတ်လ (၂၄) ရက်နေ့ ညနေပိုင်း (၄း၁၀) အချိန်ခန့်က KIA တပ်မဟာ (၄) ထိန်းချုပ် နယ်မြေ ဖြစ်သော မုန်မြစ် (Mung Myit) အထက်ပိုင်း ဂန်မင် (Gang Ming), ခူဆာ (Hkusa), မန်ကန် (Man Kang), လွယ်ဒေါင် (Loi Dau) နေရာများသို့ စစ်ကြောင်း ချီတက် လာသော မြန်မာစစ်တပ် ခလရ (၁၄၅) မှ စစ်အင်အား (၈၀) ခန့်နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်သားများနှင့် အနီးကပ် ရင်ဆိုင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။