Saturday, March 23, 2013

မြန်မာပြည်မှာ တကယ်ငြိမ်းချမ်းဖို့ ဘာသာရေးမဟုတ်၊ အစွန်းမရောက်တဲ့ ဘာသာတရားသာ လိုတယ်။

(Kachin Duwa)

ဒူဝါ အနေနဲ့ လေ့လာကြည့်သလောက်၊ ဗုဒ္ဓဘာသာ ဆိုတာလဲ ငြိမ်းချမ်းခြင်းကို သွန်သင်ပေးတယ်။ ဒါပေမယ့် မငြိမ်းချမ်းတဲ့ စကားတွေပဲ ကြားနေရတော့ စိတ်မချမ်းသာဘူး။

မြန်မာ နိုင်ငံက အထင်ကရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းကြီး တစ်ပါး ဆီက အခုလို အမြင်မျိုးဖတ်လိုက်ရတော့ မတုံ့ပြန်ပဲ မနေနိုင်တော့ဘူး။ အိမ်ရှင်နဲ့ ဧည့်သည် ဆိုတာ မှန်တယ်။ ဒါပေမယ့် နယ်မြေဒေသ ကို အသိအကျ ပြောရပါလိမ့်မယ်။

လမ်းပျောက်ငြိမ်းချမ်းရေး

(ဧရာဝတီ)


Friday, March 22, 2013

KIA တပ်ရင်း ၈ နယ်မြေသို့ အစိုးရစစ်တပ် လှုပ်ရှားလာသောကြောင့် KIA စတင်ပစ်ခတ်

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း ၈ နယ်မြေတွင် ယမန်နေ့ အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် KIA  စတင်ပစ်ခတ်ခဲ့ရာ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် မတ်လ ၂၁ ရက် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၂၅ မိနစ်မှ ၅ နာရီခွဲထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ်ဖတ်ကာ (Nampaka) ဒေသ မဂွေဘော်ဘွမ်တောင် (Magwi Baw Bum)တွင် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။

KIA Masat (5) Dup Dung Ginra Hte KIA Masat (4) Dap Ba Ginra Ni Kaw Gasat Poi Byin

(Kachinnet)


KIA Masat (2) Dap Ba, Masat (5) Dap Dung makawp maga ginra de 2013 March (21) ya shani hkying (12:35)pm aten ram hta Myen Asuya Hpyen Dap Hk.L.Y (93) hte Hk.M.Y (309) na pawng hpawm hpyen hpung ni gaw Pang Hkawn Yang maga de htim gasat shadut lung wa ai majaw KIA Masat (5) Dap Dung na hpyen hpung ni Wa Wang Bum lagaw kaw hkap shingla gasat poi byin ai lam chye lu ai.

2013 March (21) ya shana maga hkying (4:25)pm aten kaw na hkying (5:00)pm aten ram du hkra  KIA Masat (4) Dap Ba, Masat (8) Dap Dung ginra Magwi Baw Bum de htim gasat chyinglau hkawm nga ai Myen Asuya Hpyen Dap Hk.L.Y (130) hte Hk.M.Y (504) na pawng hpawm hpyen hpung ni hpe KIA Masat (8) Dap Dung kata na hpyen hpung ninghkap gasat poi byin ai lam hpe chye lu ai.

မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း


2013-03-21 (RFA)

ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီးအခြေချနေထိုင်မယ့် နေရာတွေ အနီးမှာ မြေမြှုပ်မှိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက် စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်း ရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ကနေ လိုင်ဇာမြို့ကိုသွားတဲ့ လမ်းတလျှောက်မှာ မြေမြှုပ် မိုင်းတွေ တွေ့ခဲ့ရတာကြောင့် အခုလို တိုက်တွန်းတာလို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုစည်သူက RFA ကို ပြောပြပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ

(Mizzima)


ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့်အဖွဲ့ သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မတ်လ ၁၈ ရက်နေ့က လမ်းလျှောက်အဖွဲ့မှ သံဃာ ၁၅ ပါးနှင့် လူ စုစုပေါင်း ၁၃၀ ကျော်သည် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။  

အပစ်ရပ်ရန် ညှိနှိုင်းနေစဉ် TNLF စခန်းအား တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)


 အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကွတ်ခိုင် အခြေစိုက် တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) နှင့် K.I.A တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့စခန်းကို ယမာန်နေ့ ညနေ (၅) နာရီတွင် ၀င်ရောက် တိုက်ခိုက် ခဲ့သည့်ဟု TNLA တပ်မှူး တဦးက ဆိုပါသည်။ 

ဒီလိုပါ ပထမတော့ ဒီနေရာ ကနေ ဖယ်ပေးဖို့ သူတို့စစ်ကြောင်းမှူးက ရွားသားတွေ လွတ်ပြီး ကျနော်တို့ကို လာပြော တယ်။ ဒီနမ့်လိတ်တောင်ကို သူတို့ မလာလို့မရဘူးပေါ့လို့ ပြောတယ်။ အဲဒီလိုဘဲ ပြီးခဲ့တဲ့ သုံးရက် လောက်တုန်းကလည်း ပန်းကန်ဖက်မှာ နေရာ ဖယ်ပေးပါလို့ ပြောခဲ့တယ်။  အဲဒီဖက်မှာကျတော့ ကျနော်တို့က ဖယ်ပေး ခဲ့တယ်။ အခု ဒီနမ့်လိတ်တောင်ကိုလည်း ထပ်ဖယ်ခိုင်း ပြန်တယ်ဆိုတော့ ကျနော်တို့ သံသယဖြစ်လာတယ်။ ဒါနဲ့ မဖယ်ဘူး ဆိုပြီး အကြောင်းပြန်လိုက်တယ်။ မကြာပါဘူး သူတို့ တက်လာတယ်˝ ဟု တအာင်းတပ်မှူး တဦးက ပြောပါသည်။

တိုက်ပွဲကြောင့် နေရပ်ပြန်သွားကြသော ကုန်သည်များ လိုင်ဇာသို့ ပြန်လည်နေရာယူလာ

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ကြား တင်း မာမှုကြောင့် လိုင်ဇာမြို့မှ နေရပ်ပြန်သွားခဲ့သော စီးပွားရေးကုန်သည် များ သည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ရွှေလီမြို့တွေ့ဆုံဆွေးနွေး ပွဲနောက်ပိုင်း တစတစ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

နှစ်ဖက်တင်းမာမှုကြောင့် နေရပ်ပြန်သွားခဲ့ရာမှ လတ်တလောဆွေး နွေးပွဲအပြီး အရောင်းအ၀ယ် စီးပွားရေးလုပ်ငန်းရှင်များ ပို၍သိသာစွာ ပြန်လည်နေရာယူလာခြင်းဖြစ်သည်ဟု လိုင်ဇာမြို့တွင် လက်ရှိအထည် ဆိုင်ဖွင့်ထားသော ဒေသခံအမျိုးသမီးတစ်ဦးပြောသည်။

အရင်က ဗန်းမော်၊ မြစ်ကြီးနား၊ မူဆယ် ဖက်ကနေ ဈေးဆိုင်လာ ဖွင့်စား ဈေးရောင်းပြီးလာနေတဲ့လူတွေ တိုက်ပွဲဖြစ်တုန်းမှာတော့ အကုန်ပြန်သွားတာလေ။ အခု ပြန်လာဖွင့်တာများလာတယ်။ ဒီ ၁၁ ရက်နေ့ ရွှေလီမှာဆွေးနွေးပြီးတဲ့နောက်ပိုင်း သိသိသာသာ များလာ တယ်။ 

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ကလေးငယ်များ အတွက် အရေးတကြီး ဆေးဝါးများလိုအပ်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းတွင် ဝမ်းပျက်ဝမ်းလျှော၊ နှာစေးချောင်းဆိုး ခြင်းနှင့် အရေပြားရောဂါများဖြစ်ပွားနေသောကြောင့် ကလေးငယ်များ၏ ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်းသိရသည်။

မတ်လဆန်းပိုင်းမှ ဖျားနာမှုပိုမိုများလာခြင်းဖြစ်ပြီး ယခုချိန်နှာစေးချောင်း ဆိုး ဖြစ်ပွားနေသူ အယောက် ၂၀ ကျော်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀ ယောက်ခန့်ရှိကာ ၅ နှစ်အောက်ကလေးများ ၁၁ ယောက်တွင် လည်း ဝက်သက်ဖြစ်ပွားနေကြောင်း ဆေးပေးခန်းမှသိရသည်။

နေ့စဉ် ဇိုင်းအောင် (Zai Awng) ဆေးပေးခန်းသို့  လူနာ အယောက် ၃၀ ကျော် ကုသမှုခံယူနေသော်လည်း ဆေးဝါးများမလုံလောက်မှုကြောင့် အခက်ကြုံနေကြောင်း ကျန်းမာရေးမှ တာဝန်ရှိသူ ဆရာ ယော်ထုံ KNG ကချင်သတင်းဌာန သို့ပြောသည်။

ရပ်နားထားသော တရုတ်သတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်စတင်


သျှမ်းသံတော်ဆင့်
 
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခမ်း ကျေးရွာအနီး တူးဖေါ်လုပ် ကိုင်နေသည့် တရုတ်  ကြေးနီနှင့် ခဲ တူး ဖေါ်ရေး လုပ်ငန်း များ နယ် မြေလုံခြုံရေး အခြေအနေကြောင့် ရပ်နားထားရာမှ ယခုအခါ  ပြန်လည် လုပ်ကိုင် နေပြီး ဓါတ်သတ္တုများကို ဗန်းမော်မှ လွယ်ဂျယ်မြို့သို့ မတ်လ ၁၈ ရက်နေ့က စတင်ပို့ဆောင်နေကြောင်း သိရသည် ။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံပွဲ နောက်ပိုင်း ၄င်း သတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်လာခြင်း ဖြစ်ပြီး တစ်ရက် လျှင် ကားအစီးရေ ၂၀ ခန့် တရုတ် နယ်စပ် လွယ်ဂျယ်မြို့သို့ ဓါတ် သတ္တုများ ပို့ဆောင်နေကြောင်း ၄င်း လုပ်ငန်းနှင့်နီးစပ်သူ ဗန်းမော်မြို့ခံ တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများ စစ်တပ်က ဖမ်းမိ

(ဧရာဝတီ)


ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အနီးက ရွှေမှော်များ တွင် တရားမဝင် ဝင်ရောက်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေ သည့် တရုတ်နိုင်ငံသား ၆၀ ကျော်ကို ဒေသခံ အစိုးရ စစ်တပ်က ဖမ်း ဆီး ခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့များ ကပြော သည်။

စစ်တပ်အနေဖြင့် တရားမဝင်နိုင်ငံခြားသားများကို ထိုသို့ဖမ်းမိသော် လည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန(လဝက) သို့ အပ်နှံခြင်းမရှိကြောင်း ယင်း အဖွဲ့များက ပြောဆိုသည်။

Wednesday, March 20, 2013

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများအား လိုင်ဇာလူထုမှ လှိုက်လှဲစွာကြိုဆို

(ကချင်သတင်းဌာန)


ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်း လျှောက် လာသူများ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) မြို့သို့ ယမန်နေ့ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရကြိုဆိုခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာ ခြင်း ဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာ တော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအ၀င် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ လိုင်ဇာပြည်သူလူထုအပြင် KIO များ၊ ကျောင်းသားတပ်မတော် (ABSDF) တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်းသိရသည်။

သြစတြေးလျားသို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တိုင်းရင်းသားများ ဆက်တိုက် ကန့်ကွက် ဆန္ဒပြ

(ကချင်သတင်းဌာန)


သြစတြေးလျားနိုင်ငံသို့ ရောက်ရှိလာသော မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အား သြစတြေးလျားတွင်ရောက်ရှိနေသော ကချင်နှင့် အခြား မြန်မာတိုင်းရင်းသားတို့သည် ယမန်နေ့ မတ်လ ၁၈ မှ ၁၉ အတွင်း  သမ္မတသွားလာသောနေရာများ၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယနေ့တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိလာသော သမ္မတအား နိုင်ငံခြား ရေးဌာနနှင့် ကုန်သွယ်ရေး အဆောက်အအုံရှေ့တွင် ဆန္ဒပြခဲ့ကြရာ ရိုဟင်ဂျာများအပါအ၀င် ကချင်တိုင်းရင်းသားများအဖွဲ့ ၂ဖွဲ့က ဆုံ၍ ဆန္ဒပြ စုရုံးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIA နယ်မြေတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

(ကချင်သတင်းဌာန)


ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၄ နယ်မြေတွင် ယနေ့ ၁၁ နာရီခန့်တွင် အစိုးရနှင့် KIA ကြား ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည် မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးပေါ်လစီ KIA သံသယရှိနေ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မ ဟာ (၄) ဒေသဘက်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများ ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိနေသေးကြောင်း KIA အရာရှိကြီး တစ်ဦးက ပြောပါသည်။

“မတ်လ (၁၀) ရက်နေ့တုန်းက တရုတ်နိုင်ငံ ရွှေလီမှာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးကြတယ်။ ၁၁ ရက်နေ့မှာတော့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ တပ်မဟာ (၄) ဘက်မှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ် လိုက်တာ မတ်လ (၁၆) ရက်နေ့ အထိပါဘဲ။ ဒါကိုကြည့်ရင် KIA ကို အမြစ်ဖြတ်ဖို့ ဆိုတဲ့ သူတို့ ရည်ရွယ်ချက်က ရှိနေဆဲပါဘဲ” ဟု ဆိုပါ သည်။

Tuesday, March 19, 2013

ဗန်းမော်-မြစ်ကြီးနား ကားလမ်း ပြန်လည်ဖွင့်လှစ်

(ဧရာဝတီ)


မြစ်ကြီးနား – ဗန်းမော်ကားလမ်းပေါ်မှ မန်စီမြို့နယ် အတွင်းရှိ ရွာတရွာတွင် ကားလမ်း ပိတ်ထားစဉ်က ဤသို့ တွေ့ရသည် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

နယ်မြေမလုံခြုံမှုကြောင့် ၂ နှစ်နီးပါးမျှ သွားလာခွင့် ပိတ်ထားသည့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို မတ်လ ၁၈ ရက် တနင်္လာနေ့ မနက်က ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်တွင် မျက်နှာဖုံးစွပ် သေနတ်သမား တဦး ဈေးဆိုင်အတွင်း ၀င်ရောက် ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွါး

(သစ်ထူးလွင်)


သေဆုံးသူ ဦးအေးထွန်း

ဖမ်းဆီးထောင်ချခံ စစ်ဗိုလ်များ

(Jinghpawkasa)


ကချင်ကိုစစ်ဆင်ရေးမှာ အမိန်မနာခံလို့ ဖမ်းစီးထောင်ချလိုက်တဲ့ စစ်အစိုးရတပ်က အရာရှိများစာရင်း

ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန့် DSA 37 (၅) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်

ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြု


2013-03-18 (RFA)

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်ကစတင်ပြီး ပြန်လည် သွားလာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို ဒီကနေ့မနက် ၈ နာရီမှာ စတင်ထွက်ခွာခွင့်ပြုခဲ့တာလို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင် ရေး စီမံကိန်းဦးစီးဌာနက အမည်မဖော်လိုတဲ့ ပြည်နယ်အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ရန်ကုန်ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာရောက်


2013-03-18 (RFA)

ရန်ကုန်ကနေ လိုင်ဇာကို ခရီးရှည်လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ ငြိမ်း ချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ ဒီနေ့မှာ ကေအိုင်အို(ကချင် လွတ် မြောက်ရေးအဖွဲ့) ဌာနချုပ် လိုင်ဇာကို ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ လူဦးရေ ၁၅၀ လောက်ရှိပြီး ဒီနေ့ ညနေ ၄ နာရီခွဲ အချိန်မှာ လိုင်ဇာမြို့ကို ရောက်ရှိပြီး မြို့ခံ ပြည်သူလူထု အပြင် ကေအိုင်အို၊ အေဘီအက်စ်ဒီအက်ဖ်၊ ပလောင်အဖွဲ့နဲ့ ကိုးကန့် အဖွဲ့တွေက တာဝန်ရှိသူတွေကလည်း ပူးပေါင်း ကြိုဆိုခဲ့ကြပါတယ်။

Monday, March 18, 2013

နာမည်ကျော် Blood Diamond နောက်ဆက်တွဲ ဇတ်ကား ကချင်စစ်ပွဲ အခြေခံ၍ရိုက်မည်


၁၈.၃.၂၀၁၃ တနင်္ဂလာနေ့ N-GUN JA WA

သွေးစွန်းတဲ့ စိန်များ Blood Diamond ဇတ်ကား ၏ နောက်ဆက်တွဲ အနေဖြင့် ကချင် ကျောက်စိမ်းကို အခြေပြု၍ ဟောလီးဝုဒ်မှ ဇတ်ကားရိုက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

 ပြီးခဲ့တဲ့ အပတ်က ကချင်အမျိုးသား လွတ်လပ်ရေး (KIO) ထိန်းချုပ်ရာဒေသများဖြစ်တဲ့ လိုင်ဇာနှင့် မိုင်ဂျာယန်သို့ ဟောလီးဝုဒ်တွင် နာမည်ရှိတဲ့ ဇတ်ညွှန်းရေး
အဖွဲ့ တစ်ဖွဲ့ လာရောက်သွားကြောင်း ဒေသခံများက N-Gun Ja Wa ကို သတင်းပေးပို့ လာပါတယ်။

၂ဝဝ၆ ခုနှစ် က ရိုက်ကူးထုတ်ဝေခဲ့သည့် Blood Diamond ဇတ်ကား
ဟာ ကမ္ဘာကျော် တိုင်တန်းနစ် မင်းသား လီယိုနာဒို အဓိကပါဝင် ထားတဲ့ အာဖရိက နိုင်ငံတွေရှိ သယံဇာတပေါများပြီး ပဋိပက္ခ ပေါများတဲ့ နိုင်ငံတွေမှာ သံယံဇာတနှင့် ပြည်တွင်းစစ်ပွဲ ဆက်စပ်ပုံအကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ နာမည်ကျော် ဇာတ်ကား ဖြစ်ပါတယ်။

အောင်မြင်သာစံပြကျေးရွာ လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး

(Jinghpawkasa)


မတ်လ ၁၈၊ ၂၀၁၃ခုနှစ်၊ နံနက် ၅း၃၀ နာရီတွင် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းစခန်း (အောင်မြင်သာစံပြကျေးရွာ)မှာ ရိုးရိုးလေပြင်းတိုက်ခတ်သောကြောင့် လူနေအိမ်များပျက်စီးသွားသည်။   
အဆိုပါအောင်မြင်သာစံပြရှိ နေအိမ်များကို CPI နှင့် Asia World Company မှ နဂိုနေအိမ်ထက် ခိုင်ခန့်အောင် တည်ဆောက်ပေး ထားတယ်ဟု ပြောဆိုခဲ့သော်လည်း ယခုအောင်မြင်သာကျေးရွာကို တည်ဆောက်ခဲ့သော (၂)နှစ်သာအတောအတွင်းမှာပင် လေတိုက် ခတ်ခြင်းကြောင့် အိမ်ခေါင်မိုးလွင့်ပျံခြင်း။ ပျက်စီးခြင်း။ အိမ်၊ အဆောင် များ ယိုင်နေခြင်း၊ မိုးရွာသောအခါ အိမ်ခေါင်မိုးမလုံသောကြောင့် မိုး ရေစိမ့်ခြင်း၊ ရေကြီးသောကြောင့် လူနေအိမ် မြေအောက် ကြမ်းပြင် များတွင် ရေဖုံးလွမ်းနေသည်။ 

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်


17.03.2013 (VOA)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်း သားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ် သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ် မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ် သွား ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ့  ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့ သက်သေအဖြစ် တက် ရောက် ခဲ့တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားကောင်စီ ဖယ်ဒရယ် ကောင်စီရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရွှေလီမြို့ မှာ ကျမ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရနဲ့ ကေအိုင်အို တာဝန်ယူဆောင်ရွက်သင့်


2013-03-17 (RFA)

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ် စွန့်ခွာခဲ့ကြရတဲ့ ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အစိုးရနဲ့ KIO အဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ KIOဌာနချုပ် လိုင်ဇာမြို့ကို ရောက်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် က ပြောပါတယ်။

ဦးနေမျိုးဇင်နဲ့အဖွဲ့ဟာ ဂီတပညာရှင် ဦးရဲလွင်ခေါင်းဆောင်တဲ့ ပန်းရဲ့ လမ်းအဖွဲ့နဲ့ အတူ လိုင်ဇာမြို့ကို ရောက်ရှိနေတာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ခရီးရှည်လမ်းလျောက်ပြီး လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့အဖွဲ့တွေနဲ့ လိုင်ဇာဒေသခံတွေကို ဂီတနဲ့ဖျော်ဖြေနေကြပါတယ်။ ဦးနေမျိုးဇင်က ဒေသတွင်းမှာ သူတွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

KIA တပ်ရင်း (၃၄)နယ်မြေတွင် တိုက်ပွဲဖြစ်


KIA တပ်မဟာ(၄) နယ်မြေ တပ်ရင်း (၃၄)နယ်မြေ မန်တုံလွယ်ယာ ဒေသ တွင် စခန်းထိုင်နေသော KIA, တပ်ဖွဲ့ အား နမ္မတူ အခြေစိုက် မြန်မာအစိုးရတပ် ခလရ(၁၃၀) နှင့် ခမရ(၅၀၂) ပူးပေါင်းတပ်ဖွဲ့ များ မတ်လ(၁၆)ရက် မနေ့က နေ့လည် (၁း၀၀)အချိန်ခန့်တွင် လာရောက် တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွင် မြန်မာအစိုးရ တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ရွာအတွင်းမှ အရပ်သား နေအိမ်တစ်လုံး ထိမှန်ကာ မီးလောင်သွားကြောင်း သိရပြီး နောက်ထပ် နေအိမ် ၄ လုံးခန့်  အား မြန်မာစစ်တပ်မှ တမင်တကာ မီးရှို့ ဖျက်ဆီးသွားကြောင်း ထပ်မံသိ ရသည်။

Sunday, March 17, 2013

စစ်ပွဲတွေကြား ပညာရေး ခါးပြတ်တဲ့ ကချင်လူငယ်များ

(ဧရာဝတီ)


ယခုဆိုရင် မြန်မာနိုင်ငံတဝန်း ၂၀၁၂-၁၃ ပညာသင်နှစ်ရဲ့ ဆယ်တန်း စာမေးပွဲတွေ ဖြေဆိုနေပြီဖြစ်ပေမယ့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အောက်မှာ ရှိတဲ့ မိုင်ဂျာယန်၊ လိုင်ဇာနဲ့ အဂွမ်လ စတဲ့ အထက်တန်းကျောင်း ၃ ခုက ဆယ်တန်း ကျောင်းသူကျောင်းသား တွေကတော့ ၂၀၁၁ ခုနှစ် KIO နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပြီး ကတည်းက အစိုးရ အသိမှတ်ပြု ကျောင်းတွေမှာ ဖြေဆိုဖို့ အခြေအနေ မပေးတော့ပါဘူး။

ဒီကျောင်းတွေဟာ ၁၉၉၃-၉၄ ပညာရေးနှစ်ကတည်းက  မြစ်ကြီးနား မြို့ပေါ်မှာ ရှိတဲ့ နိုင်ငံတော် အသိအမှတ်ပြု ကျောင်းတွေမှာ ၂၀၁၀-၁၁ ခုနှစ် ပညာသင်နှစ်အထိ ဖြေဆိုခွင့်ရခဲ့ကြပြီး အောင်မြင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ဒေသဆိုင်ရာ သက္ကသိုလ်တွေမှာ ပညာ ဆက် လက် သင်ယူနိုင်ခဲ့ကြပါတယ်။

တိုင်းရင်းသားများအတွက် အမျိုးသား ကျောင်းများ လိုတယ်။

(Kachin Duwa)


(ဓါတ်ပုံ = လိုင်ဇာ အထက်တန်းကျောင်း)

မြန်မာအစိုးရ ဟာ လူမျိုးတမျိုးထဲအတွက် ရပ်တည်တဲ့ အစိုးရ မဟုတ်ဘူး ဆိုရင် တိုင်းရင်းသားများကို သက်ဆိုင်ရာ အမျိုးသားကျောင်းများ ဖွင့်ခွင့် ပေးသင့်ပါတယ်။ အစိုးရ အနေနဲ့ ဘဏ္ဍာရေးအရ မကူညီချင်ရင်တောင်မှ ရှိနေပြီးသား အမျိုးသား ကျောင်းများကို တရားဝင် အသိအမှတ်ပြုပြီး သက်ဆိုင်ရာ သက္ကသိုလ်များမှာ ၀င်ခွင့်ရဖို့ နည်းလမ်းဖွင့်ပေးသင့် ပါ သည်။

တိုင်းရင်းသားတိုင်းလဲ ကိုယ့်နှစ်သက်ရာ အမျိုးသားကျောင်း ဖြစ်ဖြစ် အစိုးရ ကျောင်း ဖြစ်ဖြစ် လွတ်လပ်စွာ ရွေးချယ် ပညာသင်ခွင့်ရရန် အခြေအနေ ဖန်တီးပေးဖို့ အရေးကြီးသည်။

KIA Dap Dung (34) Ginra Loi Ya Hta Gasat Poi Byin


Written by KNET

2013 March (16) ya shani hkying (1:00)pm aten hta KIA Masat (4) Dap Ba, Masat (34) Dap Dung ginra kata na KIA hpyen hpung ni shara jahkrat tawn ai Man Dung, Loi Ya de Myen Asuya Hpyen Dap Nammatu Daju Hk.L.Y (130) hte Chyuk Me Daju ai Ts.K.Hk-1 kata na Hk.L.Y (502) na pawng hpawm hpyen hpung ni gaw KIA hpyen hpung ni shara la nga ai kaw sa wang gap ai kaw nna gasat poi byin wa ai lam hpe chye lu ai.

Ndai gasat poi hta KIA maga de na hkala hkrum ai lam n-nga ai rai tim Myen Asuya Hpyen Dap ni gap dat ai Sinat Kaba Si hkrat nna Mung shawa N’ta (1) hkru mat nna dum N’ta (4) hpe gaw da sang wan nat kau ya ai lam hpe chye lu ai.