Saturday, March 16, 2013

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်း ကဒ် များကို ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု


Created on Saturday, 16 March 2013 (Eleven Media Group)

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ် ထောင်ဂဏန်းဝန်းကျင်ဖြင့် ရောင်းချမည်ဟု နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင် ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ် ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများ ကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့် မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည် ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ မေးမြန်း ချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

Dingdung Sam Mung Ginra Ni Hta Matut Manoi Gasat Poi Byin Nga


Written by KNET

KIA Masat (4) Dap Ba, Masat (8) Dap Dung ginra kata de shang chyinglau hkawm nga ai Nammatu Daju Myen Asuya Hpyen Dap Hk.L.Y (130) Dap kata na hpyen hpung ni hpe 2013 March (14) ya shani hta hpunau Sam SSPP/SSA hpyen hpung ni Mung Maw, Man Bung kaw ninghkap gasat poi byin ai lam hpe chye lu ai.

Dai shani Myen Asuya hpyen dap Hk.L.Y (33), Hk.L.Y (291),Hk.L.Y (326) na pawng hpawm hpyen hpung ni gaw hpunau Sam SSPP/SSA ni na Loi Lan Hpyen Dap a dingdung maga na Loi Zay hpyen dap hpe mung maja sa htim gasat ai lam hpe chye lu ai.

ကချင်ဒုက္ခသည်များ နိုင်ငံတကာ အကူအညီ မျှော်လင့်နေ

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများအတွင်းရှိ ဒုက္ခ သည်များအတွက် အစားအသောက်နှင့် အဆောက်အဦးများ အခက် အခဲရင်ဆိုင်နေရဆဲဖြစ်သောကြောင့် နိုင်ငံတကာ အဖွဲ့စည်းများ၏ အကူ အညီများ တိုက်ရိုက်ရရှိရေး မျှော်လင့်နေကြောင်း ဒုက္ခသည်စခန်း ကော်မတီမှ ပြောသည်။

ယခုချိန် ကချင်ဒုက္ခသည်များသို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့ အစည်းမှ အကူအညီနှောင့်နှေးနေခြင်းနှင့် ပိတ်ပင်မှုအချို့ရှိနေသေးသော ကြောင့် ဒုက္ခသည်များသည်ပို၍အခက်ခဲ ရင်ဆိုင်နေရပြီး နိုင်ငံတကာမှ အကူအညီကို မျှော်လင့်နေရကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ပြောသည်။

Friday, March 15, 2013

မြစ်ကြီးနား မိဘမဲ့ဂေယာ ဗုံးပေါက်ကွဲမှု ကြန့်ကြာနေ

(Mizzima)


မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် မိဘမဲ့ဂေဟာတခု တွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိမ်ရှင် ဦးဒယောင်တန်ဂွန်းနှင့် ဇနီး တို့အပါအဝင် အမှုတွဲ ၆ ဦးတို့အား မြစ်ကြီး နားမြို့ ခရိုင်တရားရုံးက စွဲချက်တင်သင့်ကြောင်း အမိန့်ချလိုက်မှုကို မကျေနပ်သဖြင့် ပြည်နယ်တရားလွှတ်တော်ရုံးသို အယူခံတင်ထားသည် ကို အမိန့်ချရန် ကြန့်ကြာနေသည်ဟု တရားစွဲခံရသူ ဦးဒေယောင်တန်ဂွန်း ၏ သမီး ဒေါ်ခေါင်ဘူက ပြောသည်။

မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းက တရားလိုအဖြစ် တရားစွဲခဲ့ပြီး အစိုးရ ဘက်မှ တရားလို သက်သေအဖြစ် လူပေါင်း ၂၀ ကျော်အား စစ်ဆေးခဲ့ပြီး နောက် ဖေဖော်ဝါရီလက မြစ်ကြီးနား ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေ က စွဲချက် တင်သင့်ကြောင်း အမိန့်ချခဲ့သည်။ ၎င်းကို မကျေနပ်၍ ပြည်နယ် တရားလွှတ်တော်ရုံးသို့ မတ်လ ၈ ရက်နေ့က အယူခံ လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

(Mizzima)


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလိုက်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသား ထားသည်။

ကချင်ဒေသငြိမ်းချမ်းရေး ကုလအတွင်းရေးမှုးချုပ် မျှော်လင့်


14.03.2013 (VOA)

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်း အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့အစည်းအကြား အပစ်အခတ်ရပ်စဲရေး ယူနိုင်ဖို့ သဘောတူခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီ မွန်းက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ် အတွင်း က အရပ်သားဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှုးချုပ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ တို့အကြား ပြီးခဲ့တဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေကြောင့် အပစ်အခတ်ရပ်စဲရေး သဘာတူလိုက်ပြီလို့ မဆိုနိုင်ပေမယ့်၊ လပေါင်း များစွာ စစ်ရေးတင်းမာမှုတွေကတော့ အတော်လေး လျှော့ကျသွားပါ တယ်။ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးတဲ့ ဒုတိယအကြိမ် ဆွေး နွေးပွဲအတွင်းမှာတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက် နိုင်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြပါတယ်။ ဒီလို အခြေအနေကနေ အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအလားအလာကောင်းတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က မနေ့က ကြေညာ ချက် ထုတ်ပါတယ်။ ဒီအတွက်လည်း အခု ဆွေးနွေးရလဒ်အပေါ် ကြိုဆို တယ်လို့ အတွင်းရေးမှုးချုပ်က ပြောတဲ့အကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူက Eri Kaneko က ပြောပါတယ်။

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုအပြီး တိုက်ပွဲစ

2013, March 15 (ကချင်သတင်းဌာန)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေး ပြီး တစ်ရက်အကြာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO အောက် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် နှစ်ဖက်တပ်ကြား ၂ နာရီကြာ ပြင်းထန်သောတိုက်ပွဲတခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲစသောနေ့မှစ၍ အဆိုပါ အစိုးရတပ်များက ထိုးစစ် ဆင်လာခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့တွင်မူ ၄င်းကွတ်ခိုင်အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ (၂၄၁) တပ်ဖွဲ့များ နှင့် KIA တပ်မဟာ (၄) လက် အောက်ခံ ဗိုလ်ကြီး ဖောင်ဒါဒွတ် (Hpauda Dut) ဦးဆောင်သော ဇိုင်းလဒတ် (Zai Ladat) တပ်ဖွဲ့ (၃၀၁) တပ်ဖွဲ့တို့ ၁၀ နာရီမှ ၁၂ နာရီခွဲထိ အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော် လို သူ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။

မြင်းခြံငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာဒုက္ခသည်တွေကို သွားရောက်ကူညီ

(RFA)


ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် မနေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ကို ရောက်နေ တဲ့ မြင်းခြံမြို့က လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီနေ့ လိုင်ဇာ အနီးရှိ ဒုက္ခသည်စခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အလှူငွေတွေ ပေးအပ်ခဲ့ပါ တယ်။

ကိုသန့်ဇင် ဦးဆောင်တဲ့ မြင်းခြံမြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူတွေဟာ မနေ့ညနေပိုင်းမှာ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ လိုင်ဇာမြို့ကို ရောက်လာပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟောပြောမှု တွေ ကို  ကြိုဆိုကြတဲ့ လိုင်ဇာမြို့လူထုနဲ့အတူ ကြိုဆိုပွဲအခမ်းအနားမှာ ပြောဆိုခဲ့ကြပါတယ်။

ဧရာဝတီမြစ်ကိုဖျက်ဆီးနေသော စီမံကိန်းများရပ်ရန် တောင်းဆို


2013 March 14, ကချင်သတင်းဌာန

ယနေ့ မတ်လ (၁၄) ရက်နေ့ကျရောက်သည့် ‘နိုင်ငံတကာ မြစ်ချောင်း များဆိုင်ရာလှုပ်ရှားမှု အထိန်းအမှတ်နေ့ တွင်  ကချင်ပြည်နယ်အခြေ စိုက်လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ဦးဆောင်၍ မြစ်ဆုံဒေသခံလူထုများက ဧရာဝတီမြစ်ကို ဖျက်ဆီးနေသော စီမံကိန်းများရပ်ဆိုင်းပေးရန် တောင်း ဆိုမှုများပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ပေါ်တွင်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်း အပါအ၀င် အခြားသော ရေကာတာ စီမံကိန်း (၇) ခုအား လုံးဝရပ်တန့် ရေး နှင့် ဧရာဝတီမြစ်ကို ဖျက်ဆီးနေသော မြစ်တလျှောက်ရွှေတူးဖော်ရေး လုပ်ငန်းများအားလုံး ရပ်တန့်ရေးနှင့် ရေကာတာစီမံကိန်းကြောင့် ပြောင်း ရွှေ့ ခံရွာသားများ မိမိတို့ရွာနှင့် လယ်ယာမြေများ ပြန်လည်ရရှိကာ လုပ်ကိုင်စားသောက်နိုင်ရန်  တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Thursday, March 14, 2013

ဧရာဝတီနှင့် သံလွင်မြစ် ရေကာတာများ ရပ်တန့်ရေး လှုပ်ရှားမှုလုပ်

(ဧရာဝတီ)


ဧရာဝတီနှင့် သံလွင်မြစ်များပေါ်တွင် တည်ဆောက်လျက်ရှိသော ရေကာ တာ စီမံကိန်းကြီးများ ရပ်ဆိုင်းရေးလှုပ်ရှားမှုကို ယနေ့ ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများ ဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် သဘာဝ ပတ်ဝန်းကျင် အဖွဲ့များနှင့် သက်ဆိုင် ရာ ဒေသခံများက ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ဒေသခံ ၁၀၀ ခန့်နှင့် ကချင်ပြည်နယ် အခြေစိုက် လူထုအခြေပြု ဖွံဖြိုးရေးအဖွဲ့(MRJ) တို့ ပူးပေါင်း ၍ ဧရာဝတီ မြစ်ဆုံစီမံကိန်း အပါအဝင် မေခနှင့် မေလိခ မြစ်ပေါ်တွင်တည်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၇ ခုအား ရပ်တန့်ရေး၊ ယင်းမြစ်ချောင်းများ ပေါ်က ရွှေတူးဖော်ရေး လုပ်ငန်းများ

ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ပျက်ကွက်ခဲ့ရမှု တရုတ်ပြည် ကြိုးနီစနစ်ကြောင့်ဟု UWSA က ဝေဖန်


သျှမ်းသံတော်ဆင့်
 
တရုတ်ပြည် ရွှေလီမြို့၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် ကချင်ပြည် လွတ် မြောက်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မတက်ရောက်နိုင်ခဲ့သည်မှာ တရုတ်ပြည် ဗျူရိုကရေစီစနစ်၏ နှေး ကွေးမှုကြောင့် ဖြစ်သည်ဟု UWSA ဘက်မှ ပြစ်တင်ဝေဖန်လိုက်သည်။

“တရုတ်ပြည်ရဲ့ ရုံးစနစ်က တဆင့်ပြီး တဆင့်သွားတယ်။ အချိန်ကြာပြီး နှေးကွေးတယ်။ အထက်အရာ ရှိနဲ့ လက်အောက်ဝန်ထမ်းတွေ ဆက် သွယ်တာလည်း နှေးတယ်။ နယ်စပ်မှာရှိတဲ့ မိုင်းငါ့က ဝန်ထမ်း တွေ မိုင်းလျမ်းကို အကြောင်းမကြားလို့ ဖြစ်မယ်။ ဒါကြောင့် နယ်စပ် ဖြတ် သန်းခွင့် အချိန်မှီ မရတာ” ဟု UWSA နှင့် နီးစပ်သူတစ်ဦးက ပြောပါ သည်။

UWSA ကို ဦးတည်လိုက်တဲ့ အစိုးရရဲ့ မဟာဗျူဟာ

(စည်းလုံးခြင်းရဲ့အင်အား)


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ရေးဆွဲ ထား ခဲ့ပေမဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်း  အများအပြား ရှိပါတယ်။ ဒေသခံ တိုင်းရင်းသားများ အနေနှင့် ရပ်တည်ရေးနဲ့ ဝမ်းစာ ဖူလုံရေး တို့အတွက် အစိုးရက လုံလုံလောက်လောက်  ဘိန်းအစားထိုး အခြေခံ သီးနှံများကို မပေးနိုင် တာကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဘိန်းမှရတဲ့ ဝင်ငွေတွေဟာ အခြားသီးနှံထက် ပိုကောင်းတာမို့ အချို့ တောင်သူများ အနေနဲ့ စွန့်လွှတ်ဖို့ ဝန်လေးနေဟန် တူပါတယ်။ အလား တူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအနေနဲ့ မှီခိုမိသားစုများ အပါအဝင် တပ်ဖွဲ့ဝင်အားလုံးရဲ့ စားဝတ်နေရေးကို ရှာဖွေ ဖန်တီးပေးရမှု ဝန်ထုတ် ဝန်ပိုးဟာလည်း ကြီးမားလှပါတယ်။

လက်နက်ခဲယမ်း စစ်ဝတ်တန်ဆာများ၊ ရိက္ခာများ၊ စက်သုံးဆီများ၊ အုပ် ချုပ် မှုကိစ္စရပ်များ စသည်တို့ အတွက် သုံးစွဲရမှု ငွေကြေး ကုန်ကျစရိတ် ဟာလည်း ကြီးမားလှတယ်။ ဒါကြောင့် တချို့ တိုင်းရင်းသား လက်နက် ကိုင်များဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှုတို့ လုပ်နေကြရခြင်းနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တချို့က မသိကျိုးကျွံ လွှတ်ထားပေမဲ့ နိုင်ငံတကာကတော့ သိရှိပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ UWSA ခေါင်းဆောင်များကို မူးယစ်ဆေးဝါး ရာဇာများအဖြစ် ဖမ်းဆီးဖို့ ဆုငွေထုတ် ကြေညာခဲ့ပါတယ်။

အစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့သော KIO ကိုယ်စား လှယ်များကို လိုင်ဇာလူထု ၂၀၀၀ ကျော် ကြိုဆို

(ကချင်သတင်းဌာန)


ကချင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာမှပြန်လာကြသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့များကို လိုင်ဇာရှိ ပြည်သူလူထုများက ယမန်နေ့ညနေတွင် နယ်စပ်တံတား တစ်လျှောက်ဝမ်းသာအား ရကြို ဆိုခဲ့ကြသည်။

KIOမှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့များအား တရုတ်နယ်စပ် လိုင်ဇာ တံတားမှ ဒေသခံပြည်သူလူထု ၂၀၀၀ ကျော် ကြိုဆိုခဲ့ခြင်းဖြစ်သည်။

KIO နယ်မြေရှိ ကျောင်းများ ဧပြီ ၁ ရက်နေ့မှ ၁၀ တန်းဖြေမည်

(Mizzima)


မြန်မာနိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ များကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စတင် ဖြေဆိုနေပြီ ဖြစ်သော် လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများ အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြ မည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင် ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန်နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်း ရေးမှူးက မဇ္စျိမကို ပြောသည်။

Wednesday, March 13, 2013

နှစ်လ နီးပါး ကြာမှ အခက်အခဲ ကြားက ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာ သို့ရောက်


ရွှေဟသာင်္သတင်းဌာန

မြင်းခြံ- မုံရွာ မှတဆင့် ငြိမ်းချမ်းရေး အတွက် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ ထိန်းချုပ် နယ်မြေသို့ လမ်းလျှောက် ထွက်ခွာ လာကြသည့် ကိုသန့်ဇင်ဦး ဦးဆောင်သည့် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်လာသည့် အဖွဲ့သည် မတ်လ (၁၃) ရက်နေ့ နေ့လည် နှစ်နာရီတွင် လိုင်ဇာ မြို့သို့ စတင် ရောက်ရှိ လာပြီ ဖြစ်ကြောင်း ကချင် ကြိုဆိုရေး အဖွဲ့များမှ ပြောပါသည်။

ဒီနေ့ ညနေ ၂ နာရီ လာက်မှာ သူတို့ အဖွဲ့တွေ ကျနော်တို့ လိုင်ဇာ မြို့ကို ရောက်ရှိ လာပါတယ်။ မနက် ၈ နာရီ အချိန်မှာ လဂျားယန် ဂိတ်ကနေ ဝင်ခွင့် ရပြီး တဖြည်းဖြည်း လမ်းလျှောက် ဝင်လာ ခဲ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်ဇာမြို့ကို ဝင်ခွင့် ရရှိရေး အတွက် သူတို့က () ရက်လောက် အစာ အငတ်ခံ ဆန္ဒပြခဲ့တဲ့ အတွက်ကြောင့် အားပြတ်လို့ပါဟု ကြိုဆိုရေး အဖွဲ့ ဥက္ကဌ ဆလန် ကဘာ ဒွဲပီဆာ က ပြောပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ KIO ရှင်းလင်း

(ဧရာဝတီ)


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ မတ် ၁၁၊ ၁၂ ရက်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးခဲ့ကြပြီး၊ ယင်း ဆွေးနွေးပွဲ အတွေ့အကြုံများကို KIO ဗိုလ်ချုပ်ဂွန်မော်နှင့် ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာမြို့ရှိ ကချင်ပြည်သူတို့အား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့တော်ဝန်က အခမ်းအနားမှူးလုပ်ပြီး ကေအိုင်အို ဒုတိယ အထွေထွေအတွင်းရေးမှူး လက်ရှိ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်၊ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်တို့က ပြည်သူတွေကို ပြန်လည်တင်ခြင်း ဖြစ်သည်။

EU သံအဖွဲ့ မြစ်ကြီးနားရှိ ဒုက္ခသည်များနှင့် သာဘာရေးပုဂ္ဂိုလ်များကို တွေ့ဆုံ

(Mizzima)


ဥရောပ သမဂ္ဂ EU မှ ၁၅ ဦး ပါဝင်သော သံတမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့က ရောက်ရှိလာပြီး စစ်ပြေးဒုက္ခသည်စခန်းများသို့ ယနေ့ သွားရောက်လေ့လာခဲ့သည်ဟု စခန်းတာဝန်ရှိ တဦးက ပြောသည်။

နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်ရပ်ကွက် နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသော စစ်ပြေး ဒုက္ခသည်
စခန်းသို့ EU သံသမန်များ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပြီး စခန်းအတွင်း အသေးစိတ်လေ့လာကြည့်ရှုခဲ့သည်ဟု စခန်းတာဝန်ခံ သင်းထောက်ဆရာ ဦးတန်ဂွန်း က ပြောသည်။

လိုင်ဇာမြို့မှာ ရှင်းလင်းပွဲ လုပ်တဲ့ KIA ကိုယ်စားလှယ်အဖွဲ့


Wednesday, March 13, 2013 (ဧရာဝတီ)

  နယ်စပ် ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ ကချင်ပြည်နယ် လိုင်ဇာမြို့ ပြန်ရောက်သွားကြတဲ့ KIA/KIO ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံအများအပြားက ကြိုဆိုခဲ့ကြပါတယ်။
KIA  ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးပွဲ အခြေအနေကို လိုင်ဇာမှာ ပြန်လည် တင်ပြခဲ့ပါတယ်။


KIA/KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာပြန်ရောက်ချိန် မှတ်တမ်းဓာတ်ပုံတချို့ကို ဖော်ပြလိုက်ပါတယ်။
(ဓာတ်ပုံများ - Maran Naw)

လိုင်ဇာမြို့ရှင်းလင်းပွဲ လုပ်ချိန်မှာ KIA က ထူးထူးခြားခြား ဘာတွေ ပြောသလဲ ဆိုတာ မသိရသေးပါဘူး။ 

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

(Eleven Media Group)

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့သည့်မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်တွင် တွေ့ဆုံခဲ့ကာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

မတ်လ ၁၁ ရက်နေ့က ထိုသို့တွေ့ဆုံပြီး သုံးသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးပွဲကို ကမကထ ပြုပေးခဲ့သော အိမ်ရှင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲ ကြေညာချက်တွင် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိသော ကိစ္စရပ်များကို ဆက်လက် အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရပါသည်။

Tuesday, March 12, 2013

KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိ

(ကချင်သတင်းဌာန)


မကြာမီ ဖြေဆိုရမည့် ၂၀၁၂-၂၀၁၃ ခုနှစ် အစိုးရစစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ (၁၀) တန်းကျောင်းသူ/ သားများသည် လုံခြုံရေးကြောင့် သွားရောက်ဖြေဆိုနိုင်အုံးမည်မဟုတ်သေးကြောင်း ဒုက္ခသည်တာဝန်ရှိသူများကပြောသည်။

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားလာချိန်မှစ၍  KIO ထိန်းချုပ်နယ်မြေသို့ခိုလုံလာသော ဒုက္ခသည်အပါအ၀င် ဒေသခံကျောင်းသူ/သားများသည် အစိုးရအုပ်ချုပ်နယ်မြေသို့သွားရောက်ဖြေဆိုရန် လုံခြုံရေးစိုးရိမ်မှုကြောင့် ယမန်နှစ်မှ မဖြေဆိုနိုင်တော့ခြင်းဖြစ်သည် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

တွေ့ဆုံဆွေးနွေးပွဲ ရလာဒ်နှင့် စစ်ရေး ပြင်ဆင်မှုများ

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အစိုးရ လေတပ် စခန်းမှ စစ်သုံး ရဟတ်ယာဉ်ဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁) နယ်မြေဖြစ်သော ချီဖွေ-လောခေါင်- ပန်ဝါဒေသသို့  လူအင်အားအပြင် လက်နက် ရိက္ခာများ တင်ဆောင်ပြီး အကြိမ်ပေါင်းများစွာ ပို့ဆောင်ပေးခဲ့ကြောင်း မျက်မြင်မြို့ခံများက ဆိုကြောင်း KIA တပ်မှူးတဦးက ပြောပါသည်။

“အဲဒီ ချီဖွေ- လောခေါင်- ပန်ဝါဒေသဘက်ကို တွေ့ဆုံ ဆွေးနွေးရေး မလုပ်ခင် မတ်လ (၃) ရက်နေ့ကတည်က စပြီး ရဟတ် ယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ပို့နေခဲ့တာပါ။ မနေ့ကလဲ စစ်သုံး ရဟတ်ယာဉ် (၅) စီးနဲ့ ခေါက်တုန့် ခေါက်ပြန် ဆက်ပို့နေတုန်း ပါဘဲ။ ဒီနေ့လဲ ဆက်ပို့နေတုန်းပါဘဲ။ အဲဒီထဲမှာ ရူရှားနိုင်ငံထုတ် လက်နက်ကြီးတွေလဲ တင်သွားတယ်။” ဟုဆိုပါသည်။

KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်ထိ ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ တလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့် ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် ရပ်နားပြီး ညပိုင်း ၉ နာရီကျော်မှ ဆက်လက်ဆွေးနွေးခဲ့ရာ ဧပြီလ ၁၀ ရက်မတိုင်မီ ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် ပူးတွဲ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လမ်းလျှောက်တဖွဲ့ မြစ်ကြီးနားမှ ကြိုဆို၊ တဖွဲ့ကို အစိုးရစစ်တပ် တားမြစ်ထား

(Mizzima)


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများထဲမှ တဖွဲ့သည် မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာ၍ ပြည်သူလူထုနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့များ ကချင်မနောကွင်းတွင် ကြိုဆိုခဲ့သည်ဟု လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကို က ပြောသည်။

တနင်္လာနေ့ညက မြစ်ကြီးနားမြို့ပြင် ပမ္မတီးကျေးရွာတွင် ညအိပ် ရပ်နားပြီး ယနေ့တွင် မြစ်ကြီးနားမြို့သို့ အဝင် လမ်းတလျှောက် ကချင်ပြည်သူလူထုက ပန်းစည်းများ၊ သောက်ရေဗူးများ ပေးကမ်း၍ ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

KIA နှင့် အစိုးရတို့၏ သဘောတူညီချက် တိုးတက်ဖွယ်ရှိ


ရွှေဟင်္သာသတင်းဌာန၊ မတ်လ ၁၂ ရက်နေ့

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရအဖွဲ့တို့သည် တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယမာန် နေ့နံနက် ဒေသစံတော်ချိန် ၉နာရီခွဲမှ နောက်နေ့ မနက် တနာရီထိ ဆွေးနွေးခဲ့ကြသည်ဟု KIA အရာရှိတဦက ပြောပါ သည်။
“ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ တချို့ကျတော့ ဗဟိုခေါင်းဆောင်တွေနဲ့ အပြန်အလှန် တင်ပြရ တယ်လေ။

ဒီတော့ နေ့လည်စာထမင်းစားပြီးတဲ့အချိန်၊ အနားယူချိန်ကနေစပြီး အချိန်ယူလိုက်တာ ည (၉)နာရီ လောက်မှ အစည်းအဝေးပြန်စကြရတယ်လေ။ ကျနော်တို့က (၂)ရက်လောက်ဆွေးနွေးမယ်လို့ ရာထားပါတယ်၊ ဒါပေမဲ့ အစိုးရဖက်ကတော့ တရက်ထဲအပြီး လုပ်မယ်ဆိုပြီး သဘောထားတော့ အချိန်နောက်ကျပြီးမှ ပြီးတာပေါ့” ဟုဆိုပါသည်။

ခိုင်မာတဲ့ အပစ်ရပ်အတွက် အစိုးရနဲ့ KIA ဆက်ဆွေးနွေးသွားမည်

(VOA)


မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလအတွင်း ပြုလုပ်တဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးပွဲ မနေ့က ပြီးဆုံးသွားပေမဲ့ ငြိမ်းချမ်းရေးအတွက် အပြီးသတ် လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်ထိတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။

စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးရတဲ့အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို နှစ်ဘက် စောင့်ကြည့်ရေး အတွက်တော့ သဘောတူညီခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ဆွေးနွေးပွဲ ကျင်းပ ရာ ရွှေလီမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဗမာစစ်တပ်မှ ကေအိုင်အေ စခန်းများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်း လဂျားယန် မဆဲန့်ဘွမ်တွင် တပ်စွဲထားသော ဗမာစစ်တပ် ခလရ (၂၂၃) မှ မတ်လ (၁၀) ရက်နေ့ မနက် (၁၂း၃၀) နာရီခန့်တွင် ကေအိုင်အေရှေ့တန်း စခန်းဖြစ်သော ခဘွမ်ပိုစ့်သို့ (၆၀မမ) လက်နက်ကြီးဖြင့် (၂) ကြိမ်ပစ်ခတ်ခဲ့ပြီး၊ ယိခူးပိုစ့် သို့လည်း (၄) ကြိမ် ပစ်ခတ်ခဲ့ယုံသာကမ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာစစ်တပ်များသည် ကေအိုင်အိုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ကေအိုင်အေ တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကေအိုင်အေ ထိမ်းချုပ်နယ်မြေများသို့ လက်နက်၊ ရိက္ခာနှင့် စစ်အင်းအားများ ပို့ဆောင်ခြင်းများကို အဆက် မပြတ် လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုအလှမ်းဝေးစေ ကြောင်း ဒေသခံပြည်သူများမှ စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

နယ်ခြားမှတ်တိုင် (၄၃) အနီး တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်ရင်း (၂၁) ဒေသ၊ ကချင်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၄၃) ဘက်သို့ ထိုးစစ်ဆင်လာသော မုဘွမ် အခြစိုက် ဗမာစစ်တပ် ခမရ (၄၃၇) နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ မတ်လ (၉) ရက်နေ့ မနက်ပိုင်း (၇း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများ ဖြင့် ကေအိုင်အေတပ်စခန်းရှိရာသို့ ပစ်ခတ်ခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလမ်းလျှောက်


မတ်လ (၁၁) ရက်နေ့ ၊ ရွှေဟသာင်္သတင်း ဌာန

မုံရွာ-မြင်ခြံမှ ကချင်ပြည်နယ် အထိ ကိုသန့်ဇင်ဦး ခေါင်းဆောင်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် အဖွဲ့ သည် ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် လဂျာယန်ရွာရှိ အစိုးရ တပ်ဖွဲ့တို့၏ သွားခွင့်ပြု ရရေးအတွက်  (၃) ရက်မြောက် စောင့်ဆိုင်းလျှက် ရှိကြောင်း လမ်းလျှောက်သူများ အဖွဲ့ ကြိုဆိုရေး ကော်မတီ အတွင်းရေးမှုး ကိုကျော်ကျော် က ပြောပါသည်။

“သူတို့ အဖွဲ့တွေ အဲဒီ လဂျာယန် စခန်း ကို မတ်လ ၉ ရက်နေ့ ကတည်က ရောက်ရှိတာပါ။ သူတို့ အဖွဲ့တွေကို ကြိုဆိုဖို့ ကျနော်တို့က အဖွဲ့တွေ ဖွဲ့ထားပြီး ပြင်ထားခဲ့တယ်။ အစိုးရ တပ်ဖွဲ့တွေက ဆက်သွားခွင့် မပြုတဲ့ အတွက်ကြောင့် တချို့က အစာ မစားကြဘဲ ဆန္ဒပြနေခဲ့တာ (၂) ရက်ရှိသွားပြီး ဖြစ်တယ်။” ဟု ဆိုပါသည်။

KIO/KIA နှင့် အစိုးရ တို့၏ ဆွေးနွေးပွဲ ထုတ်ပြန် ကြေညာချက်


ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ကိုယ်စားလှယ် နှင့် အစိုးရတို့၏ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့ပြီး ဒေသ စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ သွားခဲ့သည်ဟု KIA အရာရှိ တဦးက ဆိုပါသည်။

ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီဆွေးနွေးပွဲ မပြီးပြတ်သေး

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအကြား ၁၃ ကြိမ်မြောက် အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တနင်္လာနေ့ မနက်က ဆွေးနွေးခဲ့ကြသည်။

အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့်ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေလည်ပိုင်းတွင် ရပ်နားပြီး ညနေပိုင်းထိပြန်လည် ဆွေးနွေးနိုင်ခြင်း
မရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

Monday, March 11, 2013

KIA နှင့် အစိုးရတွေ့ဆုံဆွေးနွေးနေ


ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အစိုးရ အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီတွင် စတင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု KIA အရာရှိတဦက ပြောပါသည်။ 

ယင်းဆွေးနွေးပွဲတွင် ဦးစွန်လွတ်ဂံ ဦးဆောင်သည့် KIO ကိုယ်စားလှယ် အဖွဲ့ဝင် ၁၁ ဦးနှင့် ပြည်ထောင်စု လုံခြုံရေး ၀န် ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် (၁၉)ဦး တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ 

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လဂျားယန်တွင် ပိတ်မိနေ

(ဧရာဝတီ)


ငြိမ်းချမ်းရေးအတွက် မုံရွာ – မြင်းခြံမှ ကချင်ပြည်နယ်အထိ လမ်းလျှောက်သူများသည် အစိုးရစစ်တပ် တားမြစ်မူကြောင့် လိုင်ဇာသို့ မ၀င်နိုင်သေးဘဲ လဂျားယန်တွင် စောင့်ဆိုင်းနေရသည်မှာ ၃ ရက်ကြာမြင့်ပြီ ဖြစ်သည်။

ဗန်းမော် – လိုင်ဇာလမ်းမှ လဂျားယန်သို့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရောက်ရှိလာသော်လည်း တံတားထိပ် ရောက်သည်အထိသာ ဖြတ်သန်းခွင့်ရပြီး ရှေ့ဆက်တိုးခွင့်မရဘဲ ရှိနေသည်။

ဗန်းမော် ဒေသခံတွေ ဘာပြောကြသလဲ

(ဧရာဝတီ)


ဖုန်ထူထူ မညီညာတဲ့ မြေလမ်းဝါ၀ါပေါ်မှာ သစ်ခွဲသားတွေ တင်ထားတဲ့ ဆိုင်ကယ်၊ ထော်လာဂျီတွေ အသံစုံပေးပြီး တ၀ုန်းဝုန်း မောင်းနှင်နေကြပါတယ်။ ဆိုင်ကယ်တစ်စီး ဖြတ်သွားတိုင်း ဂီယာချိန်းသံ၊ လီဗာ ဆွဲတင်သံတွေက လှိုက်ပြီး တုန်ခါနေတယ်။ ၃ ပေနဲ့ ၄ ပေအကြား အရှည်ရှိတဲ့ ငါးလက်မ ပတ်လည် သစ်ခွဲသား တုံး ၂၀ လောက်ကို တင်ထားရတဲ့ ဒီတရုတ်နိုင်ငံလုပ် ဆိုင်ကယ်တွေဟာ ဒီလို မညီမညာ လမ်းတွေပေါ်မှာ ရုန်းဖို့ ဒီလောက်တော့ အသံပေးရမှာ ဖြစ်ပါတယ်။ ဆောင်းတွင်းပေမယ့် နေပူပူအောက်မှာ အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်  မန်စီ မြို့နယ်လေးကတော့ သစ်ဆိုင်ကယ်၊ သစ်တင် ထော်လာဂျီတွေရဲ့ အသံကလွဲလို့ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။

ဗန်းမော်ခရိုင်ဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ တပ်မဟာ (၁၂) ထိန်းချုပ်တဲ့ဒေသ ဖြစ်ပြီးတော့ ဗန်းမော်မြို့ဟာလည်း အစိုးရတပ် ဗျူဟာမှူး ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး KIA နဲ့ အစိုးရစစ်တပ် အကြား ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူ ၁ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဗန်းမော်မြို့နယ်လို မြို့နယ်တွေက ပြည်သူတွေကတော့ တိုက်ပွဲဒဏ် အကြီးအကျယ် မခံရပေမယ့် KIA နဲ့ အစိုးရတပ်မတော် တပ်မတော် ၂ ခု အကြားမှာ အတိဒုက္ခရောက်ကြပါတယ်။

KIO HTE MYEN SHWELI KAW BAWNGBAN NGA

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya KIO/KIA magam Du Salang ni hte myen asuya Salang ni March (11) ya jahpawt hkying (9:30AM) te kawn Miwa Mung, Shweli Mare na Jing Cheng Hotel kaw hkrum zup bawngban nga sai lam shiga na chye lu ai. KIO Asuya kawn Sara Kaba Sumlut Gam woi awn nna, Du Kaba Gun Maw, Du Kaba Zau Raw, Slg. Kaba Hkun Nawng, Tara Salang Lahpai La, Du Kaba Hkun Nawng, Simsa Lam Bawngban Hpung Malawm ni sa du shang lawm nna, myen asuya maga na U Aung Min woi awn let Du Bomhu Chyuk Myit Soe hte laga salang ni sa du shang lawm bangban nga ai lam hpe na chye lu ai. N dai bawngban hpawng hta lahkawng maga na hpyen masa hte seng ai ni sa du shang lawm ai hpe chye lu nna, madung hku nna hpyen masa hte seng nna bawngban mat wa na re lam buga masha ni kawn tak sawm maram nga ma ai lam na chye lu ai.