Saturday, March 9, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ


2013-03-08 (RFA)


ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ အတွင်းကို ဝင်ရောက်လာစဉ်
photo: RFA/ Kyaw Myo Min

မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ  ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတယ်လို့ ခေါ်ယူ သတိပေးခဲ့ကြောင်း လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။

လာမည့် KIA နှင့် အစိုးရ ဆွေးနွေးပွဲသို့ UWSA လည်းတက်ရောက်


ရွှေဟင်္သာသတင်းဌာန မတ်ခ်ျလ ၈ ၊ ၂၀၁၃

လာမည့် မတ်လ (၁၁) ရက်နေ့တွင် ကျင်းပမည့် KIA နှင့် အစိုးရ တွေ့ဆုံ ဆွေးနွေးပွဲသို့ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မ တော် (UWSA) ၏ ကိုယ်စားလည်လည်း တက်ရောက် လေ့လာမည်ဟု KIA ထိပ်တန်း အရာရှိ တဦးက ရွှေဟင်္သာသတင်း ဌာနအား ပြောဆိုခဲ့ပါသည်။
 
ကချင် စစ်ပွဲကြောင့် တိုင်းရင်းသားတွေလည်း နိုးကြား လာခဲ့ပါပြီး၊ ကိုယ်နဲ့ မဆိုင်လို့ မပါတ်သက်ချင်လည်း မရဘူးဆို တာ ကချင် တိုက်ပွဲတွေက သက်သေဘဲလေ။ ဒီဆွေးနွေးပွဲမှာ UWSA ပါ တက်ရောက် လာတယ်လို့ကြားရတော့ ၀မ်းသာ စရာပါ။ တကယ်တော့ UWSA ဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေထဲမှာ လက်နက်ကိုင် အင်အား အကြီးဆုံးပါ။ သူတို့အ နေနဲ့ တိုင်းရင်းသား အရေးတွေမှာ ပါဝင် လက်တွဲ ဆောင်ရွက်သင့်ပါတယ်ဟုဆိုပါသည်။
 

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

(Mizzima)


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ် လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင် တဦးဖြစ်သူ အရပ်ဘက် အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်းတွင် ရေမလုံလောက်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဝိုင်းမော်မြို့ တရုတ်နယ်စပ် မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည် စခန်းတွင် ရေလှောင်ကန်နှင့် ရေပိုက်များအခက်ခဲဖြစ်နေသောကြောင့် ရေသုံးစွဲမှု မလုံမလောက်ဖြစ်နေကြောင်း သိရသည်။

၎င်းစခန်းတွင် အိမ်သာရေမှအစ အခက်ခဲရင်ဆိုင်နေရခြင်းကြောင့် ဒုက္ခသည်များ၏ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းများမှ ရောဂါလက္ခာ အမျိုးမျိုးဖြစ်ပွားလာမည်ကို  ကျန်းမာရေး ဌာနမှစိုးရိမ်နေကြောင်း ဒုက္ခသည်ကြည့်ရှုနေသူတစ်ဦးပြောသည်။

စီးပွားရေး စီမံကိန်း လုံခြုံရေး အတွက် တိုက်ပွဲများဖြစ်ပွားနေ


ရွှေဟသာင်္သတင်းဌာန

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့သည် ယနေ့နံက် (၉) နာရီ အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်းရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုး တာဘုန်း ကျော်က ဆိုပါသည်။

“ နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။” ဟု ဆိုပါသည်။

Friday, March 8, 2013

KIA ၏ နိုင်ငံရေး မျှော်မှန်းချက်နှင့် အစိုးရ၏ စစ်ရေး ပြင်ဆင်နေမှု

(ရွှေဟင်္သာသတင်းဌာန)


အစိုးရ တပ်ဖွဲ့များသည် လာမည့်KIA နှင့် တွေ့ဆုံပွဲတွင် အပေါ် စီးရရန် ရည်ရွယ်ပြီး ဖိအားပေးသည့် အနေဖြင့် စစ်ရေး တိုးချဲ့ လှုပ်ရှားမှုများ ဆောင်ရွက် နေကြောင်း KIA ရှေ့တန်း တပ်မှူး တဦးက ဆိုပါသည်။
ဖိအားပေး နေတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ တိုက်ပွဲက တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲလေ။ ဒီအခွင့်အရေး ရဖို့ တိုက်နေတာ အနှစ် (၆၀) ကျော် လာပြီး မဟုတ်လား။ ဒါကို စစ်ရေးနဲ့ ဖိအားပေးလို့ မရနိုင်ပါဘူး။ KIA က တော့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာတဲ့ နည်းကို အမြဲတမ်း တံခါး ဖွင့်ထား ပါတယ်။ အစိုးရက ဆွေးနွေးရင် KIA ကလည်း နိုင်ငံရေး အရ ဆက်ဆွေးနွေးနေမှာဘဲ။ တိုင်းရင်းသားတွေဟာ အဖွဲ့တွေ အများကြီးပါ။ တသံထဲဖြစ်ဖို့ ညှိနှိုင်းရ မယ်လေ။ ဆိုတော့ အချိန်တော့ ပေးရမှာပေါ့။ ဒါကို စစ်ရေးနဲ့ ဖိအားသုံးပြီး အပစ်အခတ် ရပ်စဲအောင် လုပ်တယ် ဆိုရင်တော့ မျှတလိမ့်မယ် မထင်ပါဘူးဟု ဆိုပါသည်။

ကချင် ဒုက္ခသည် ပြသနာသည် တွေ့ဆုံ ဆွေးနွေးရေးကို အခြေမခံသင့်


ရွှေဟသာင်္သတင်းဌာန

ကချင် စစ်ပြေး ဒုက္ခသည်များအား အကူအညီ ပေးတော့မည်ဟူသော အစိုးရ၏ ထုတ်ပြန်ချက်များသည် ယနေ့အထိ အကျိုး သက်ရောက်မှု များ မရှိသေးကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါ သည်။

“ အစိုးရကတော့ အပြော သက်သက်နဲ့ဘဲ အလုပ်လုပ်နေကြသလား တော့ မသိတော့ပါဘူး။ သူတို့ ပြောတဲ့ အတိုင်း ကချင် ဒုက္ခသည်တွေ အတွက် အကူအညီတွေ ပေးမယ် ဘာညာပေါ့ဗျာ။ လက်တွေ့ကတော့ ဘာမှ အကောင်အထည် ဖော်လုပ် ဆောင်ပေး သွားတာ မတွေ့ရသေး ဘူး။” ဟု ဆိုပါသည်။

လေးလပတ် အစည်းအဝေး အပြီး တပ်မများ အရွှေ့အပြောင်း သတင်း


(စည်းလုံးခြင်းရဲ့အင်အား)

ကက (ကြည်း) လေးလပတ် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်များ အရွေ့အပြောင်း လုပ်ဖို့ ညွှန်ကြားလာတဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူများမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်ကို အခုလို သတင်း ပေးပို့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  မင်းအောင် လှိုင်ဟာ ကချင်ပြည်နယ်မှာ KIA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မများကို အပူတပြင်း ဆွဲသွင်း နေရကြောင်း ဤဝက်ဘ်ဆိုဒ်မှ တပ် ချုပ်ခေါင်းကိုက်နေရတဲ့ သတင်းလို့ ဒီနေရာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မကြာမှီ ကာလကမှ ကင်တားနား ရောက်နေတဲ့အတွက် ရခိုင်ပြည် နယ်က  တပ်မများ ကိုလည်း ယခင်ကလို ဆွဲမထုတ်ရဲဘဲ အသင့်အနေ အထားသာ စောင့်နေခိုင်းရပါတယ်။ မမျှော်လင့်ဘဲ အိန္ဒိယ - မြန်မာနယ် စပ်ရှိ တမူးမြို့မှာလည်း ဗုံးကွဲပြန်ရာ နယ်စပ် လုံခြုံရေး ခြံစည်းရိုး ကျိုး ပေါက်မဲ့အနေအထားနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

ငြိမ်းချမ်းရေးထပ်မံတွေဆုံမှု UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များ တက်မည်

(Mizzima)

လာမည့် မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ် ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလား အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC ၊ ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလား ခေါ် အမျိုးသားဒီမို ကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) NDAAမှ ကိုယ်စားလှယ် များလည်း လေ့လာသူများအဖြစ် တက်ရောက် မည် ဖြစ်ကြောင်း ဦးလနန်က ပြောသည်။

ပန်ဝါနှင့် ချီဖွေ-လောခေါင်ဒေသသို့ အစိုးရတပ်များ ရဟတ်ယာဉ်ဖြင့် စစ်ရေးလှုပ်ရှားလာ

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ (၁) တပ်ရင်း (၁၀) နယ်မြေ ချီဖွေ-လောခေါင် နှင့် ပန်ဝါဒေသတွင် အစိုးရတပ်ဖွဲ့သည် ရဟတ်ယာဉ်များနေ့စဉ်အသုံးပြု၍ စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှသိရသည်။

အစိုးရတပ်သည် ပန်ဝါ (Pangwa)နှင့် လုပီ (Lupi) စခန်းသို့ ရဟတ် ယာဉ် များဖြင့် စစ်လက်နက်အင်အားများ တိုးချလာခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့မှစ၍  ရဟတ်ယာဉ်အသုံးပြုမှု ပိုစိပ်လာသည်ဟု မျက်မြင် ဒေသခံများပြောသည်။

Thursday, March 7, 2013

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ


06.03.2013 (VOA)

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ ဆက်သွယ်မှု) ဥပဒေအရ ဖမ်းဆီးထား သူတွေကို လွှတ်ပေးသင့်ပြီ ဖြစ် ကြောင်း ကချင်ပြည်နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံ ရသူတွေ လွတ်မြောက်ရေးနဲ့ ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရ မှာပါ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအို အေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆက်သွယ်မှု (သို့မဟုတ်) ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ဖမ်းဆီးခံနေရသူဟာ အနည်းဆုံး ၅၀ ကျော်လောက် ရှိနေတာဖြစ်ပါ တယ်။

မြန်မာအစိုးရတပ်များ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်နေ


(Kachinnet)

(၁) မြန်မာ အစိုး၇တပ် တပ်မ(၁၀၁) လက်အောက်ခံတပ်ဖွဲ့ အင်အား (၄၀၀)ခန့် သည် စစ်ကြောင်းနှစ်ဖွဲ့ခွဲကာ ကေအိုင်အေ တပ်ရင်း(၁၁) နယ်မြေ ဘက်တွင် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်းသိရသည်။

(၂) မြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံတပ်ဖွဲ့ များ အင်အား (၂၀၀)ကျော်ခန့် မတ်လ(၃)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေ ၀ါးရှောင်ကျေးရွာတွင် ရောက်ရှိနေကြောင်း သိရသည်။

(၃) ရှမ်းပြည်အခြေစိုက် အစိုးရတပ် စခက (ရ)လက်အောက်ခံတပ်များ ကေအိုင်အေ တပ်မဟာ(၂) နယ်မြေ ဒွမ်ဘွမ် ၊ လွယ်လီယန် ကျေးရွာ ဘက်တွင် ကေအိုင်အေတပ်စခန်းများနှင့် နီးနီးကပ်ကပ် နေရာယူထား ကြောင်းသိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုဒါ စစ်ပွဲများကြားကစစ်ပွဲလား


သျှမ်းသံတော်ဆင့်
 
အခုချိန်မှာ အပစ်ရပ်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရှိသေး ပါဘူး။ အစိုးရရဲ့တပ်မတော်ဟာ အပစ်ရပ်တယ်သာ ပြောတာ ။ တကယ်တော့ နေ့လည်စာစား ခဏနားနေတာဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့အပတ်က အစိုးရဝန်ထမ်း ဟောင်းတဦးက ကျနော့်ကို ပြောပါ တယ်။

ယခုလက်ရှိ မြန်မာအစိုးရရဲ့ စစ်တပ်က ကျင့်သုံးနေတဲ့  ဝါဒ   က Total War ခေါ် အကြွင်းမဲ့စစ် ဖြစ်နေတယ်လို့ သူကပြောပါတယ်။

ကချင်ပြည်နယ်အတွင်း သျှမ်းနီပါတီရုံး ဆက်ဖွင့်မည်


သျှမ်းသံတော်ဆင့်
 
သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့် ဘဏ္ဍာငွေ အခက်အခဲများ ရှိနေသည့်တိုင် ယခုနှစ်အတွင်း ကချင် ပြည်နယ်၌ ပါတီရုံးများ ဆက်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ၄င်းပါတီ၏ ဗဟို အလုပ် အမှုဆောင်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောကြားသည် ။

ဖေဖေါ်ဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်း ဗန်းမောက် ၊ အင်းတော်မြို့နယ် များနှင့် မတ်လဆန်းပိုင်းတွင် ကချင်ပြည်နယ် မိုး ညှင်း ၊ မိုးကောင်းမြို့ နယ်များတွင် သျှမ်းနီပါတီရုံးခန်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။

ငြိမ်းချမ်းရေး လမ်းလျှောက်သူ တချို့ ဆေးရုံတင်ရ


2013-03-06 (RFA)

ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည်ချီတက် လမ်း လျှောက် တဲ့အဖွဲ့ဝင်တချို့ဟာ လမ်းခရီးမှာ ခြေထောက်ဒဏ်ရာတွေ ရရှိလာတဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို မြစ်ကြီးနား ဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ငြိမ်း ချမ်းရေးအတွက် ခရီးရှည်ချီတက်နေတဲ့အဖွဲ့ဟာ မတ်လ ၆ ရက် ဒီကနေ့ ဆိုရင် တစ်လခွဲကျော်အကြာမှာ ကချင်ပြည်နယ် မိုးကောင်းမြို့ကို ရောက် ရှိနေပါတယ်။

LAIZA HTA HPA-AWN DAP SHAWA ZUPHPAWNG GALAW

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya KIO/ KIA daju Laiza Mare hta March (4) ya shani Hpa-Awn Dap Shawa Zuphpawng hpe galaw lai wa sai lam shiga na chye lu ai. N dai Zuphpawng hpe Laiza Rawt Ninghkawng Gawknu kaw March (4) ya jahpawt hkying (10:00AM) ten hta galaw ai rai nna, Du Kaba Chyana Zau Awn kawn zuphpawng hpa-awn hku lit la woi galaw wa sai lam na chye lu ai. 

SADUNG GINWANG KATA KA-NI YI HKYEN

(Jinghpawkasa)

Mungdan Shanglawt Hpung, Ginjaw Ginra Ginwang Ginjaw, Sadung Ginwang Laksan Ka-ni Nang Hpam Pat Jasan Komiti a masing hte Sadung Ginwang kata masha shang n manu ai, N-Myen Hka, Hka Deng Pai Hkra, Krung Sin Wa kaw lagu chye hkai da ai Ka-ni Yi, Yi baw (28) (E-Ka – 20) hpe Sadung Ginwang Labu Pan Hpyen Hpung ni kaw nna, Ninghtoi;- 15-2-2013 to 4/3/2013 ya lapran atsai awai hkyen, baw shamyit kau lu sai lam shiga na chye lu ai.

ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် အစိုးရ လာမည့် တနင်္လာနေ့ တွေ့ဆုံမည်

(ကချင်သတင်းဌာန)


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ မတ်လ ၁၁ ရက်နေ့တွင် တရုတ် နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း KIO ပြောသည်။

ယခု ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံမည့်ဆွေးနွေးပွဲတွင်  သတ်မှတ်ထားသည့် နှစ်ဖက် ကိုယ်စားလှယ်များမှ ဦးဆောင်သွားမည်ဖြစ်ပြီး မည်သူမည်ဝါ ဖြစ်သည်ကို ကြိုတင် တရားဝင် မပြောပြနိုင်သေးကြောင်း KIO ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်ကပြောသည်။

KIA Masat (11) Dap Dung Ginra Ni Hta Matut Manoi Gasat Poi Byin Nga

(Kachinnet)


2013 March (5) ya jahpawt hkying (8:00)am aten ram hta Magui Pukku Daju ai Myen Asuya Hpyen Dap, Dap Nu (101) kata na Ni Byu Ha Mu Colonel Win Ko Ko woi awn ai hpyen hpung ni gaw hpyen n-gun (400) ram hte KIA Masat (11) Dap Dung , Masat (3) Dap Kung ni shara la nga ai Mali Sut Yang mare makau de htim shadut shang wa ai majaw KIA Masat (11) Dap Dung na hpyen hpung ni ninghkap shingla gasat poi byin ai lam chye lu ai.


Matut nna nadai Myen Asuya Hpyen Dap, Dap Nu (101) kata na hpyen hpung ni gaw Gat Shang Yang maga de matut shamu shamawt lung wa ai hpe Lai Hkau Bum kaw nga ai KIA hpyen hpung ni numdaw mi bai ninghkap shingla gasat ai hpang shana de hkying (6:05)pm aten ram hta Lai Hkau Pa makau kaw kalang bai ninghkap shingla gasat poi byin ai lam hpe chye lu ai.

Wednesday, March 6, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ကချင်ပြည်နယ် ဆားမှော်နှင့် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ

(Mizzima)


ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ ကိုရန်နိုင်ထွန်း ဦး ဆောင် သော ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် ယနေ့ မိုးကောင်း မြို့နယ် ဆားမှော်မြို့တွင် ရောက်ရှိနေပြီး တခြားအဖွဲ့သည် ဗန်းမော်မြို့ နယ် မိုးမောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များ က ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်မှ လမ်းလျှောက်အဖွဲ့သည် ယနေ့နံနက် မိုးကောင်း မြို့နယ် သောင်နီကျေးရွာမှ ထွက်ခွာလာပြီး ဆားမှော်မြို့တွင် တည ရပ်နားမည် ဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ကိုဝင်းချိုက မဇ္ဈိမသို့ပြော သည်။

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွတ်စွဲ၍ မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံနေရသူ ဦးလထော် ဘရန်ရှောင် ထံမှ ဖြောင့်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်မေး ခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် တရားခံ ရှေ့နေ ဦးမာခါးက ယခင် ရက်သတ္တပတ်က တင်ပြခဲ့သည်ကို အင်္ဂါနေ့ မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဦးမြင့်ထူး က ပယ်ချလိုက်ခြင်း ဖြစ်သည်။

KA-NI YI EKA (7) RAM KIO ASUYA HKYEN KA

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya, Dingdung Ginwang Ginjaw, Mungchying Uphkang Dap, Daru Bum Ninghtawn Uphkang Rung magam gun ni kaw na Ginwang kata lagu hkai sha nga ai ka-ni yi ni hpe sa hkyen jahten kau ya lai wa sai lam shiga na chye lu ai. Sumpra Bum Modo lam sinna hkran Lung Hkat Bum lagaw grup yin ni hta lagu galaw tawn ai Ka-Ni sun Eka (7) ram hpe lai wa sai 2013 February (19- 21) ya laman sa du jep chyoi mu hkrup ai majaw hkyen jahten kau ai lam galaw lai wa ai re lam hpe mung na chye lu ai.

ကေအိုင်အိုအစိုးရမှ ဘိန်းခင်း (၇) ဧကခန့်ကို ဖျက်ဆီး

မတ် (၆) ဗုဒ္ဓဟူး

စစ်ပြေငြိမ်းရာတွင် တပ်တည် သတ်မှတ်ရန် လိုဟု KIA ကဆို

မတ်လ 06 ရက် 2013 ခုနှစ် ရွှေဟင်္သာသတင်းဌာန


ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ အဖွဲ့တို့ လာမည့် မတ်လ ဒုတိယ ပတ်တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု KIA စစ်ရုံးချုပ် အရာရှိတစ်ဦးက ပြောပါသည်။

“တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကျနော်တို့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တဖက်နဲ့တဖက် အပြန်အလှန် စာအဆက်အသွယ် တော့ ရှိပါတယ်။ အစိုးရဘက်က ဘယ်နေ့တွေ့ကြမယ် ဘယ်သူတွေ လာကြမယ်ဆိုတာ အကြောင်း ပြန်ကြားတာတော့ မရှိ သေးဘူး ဆိုတော့ ဘယ်လို ဆွေးနွေး ပွဲ မျိုးလဲ ဆိုတာ တိတိ ကျကျတော့ ပြောလို့ မရသေးဘူး။” ဟု ဆိုပါ သည်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်စေဖို့ HRW အဖွဲ့ တိုက်တွန်း


2013-03-05 (RFA)

မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ လူ့အခွင့်အရေး မူဝါဒတွေ ပြုပြင်ပြောင်း လဲရေးအတွက် သမ္မတ ဦးသိန်းစိန်ရဲ့ EU ဥရောပသမဂ္ဂ ချစ်ကြည်ရေး ခရီးစဉ်အတွင်း EU ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး တိုက်တွန်း သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မတ်လ ၅ ရက်နေ့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ EU အဖွဲ့ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ် ဆဲလ်မြို့မှာ ဒီကနေ့ EU ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီအထဲမှာ EU ပါလီမန် ဥက္ကဋ္ဌ Martin Shulz၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manual Barroso၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton တို့လည်း ပါဝင်ပါတယ်။

အစိုးရနဲ့ ကေအိုင်အို ရွှေလီမှာ ထပ်မံဆွေးနွေးမည်


2013-03-05 (RFA)
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုတို့ဟာ လာမည့်မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ထမ်မံတွေ့ ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဒီတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုမှာ အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ဖို့ရှိကြောင်း သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကို အတည်ပြုပြောကြားပါ တယ်။

Myen Asuya Hpyen Dap Ni KIA Shawng Lam Ginra Ni De Matut Manoi Shang Chying Lau Hkawm Nga

(Kachinnet)


Lahta Sammung, Sinli Daju Myen Asuya Hpyen Dap Ts.K.Hk-16 kata na Hk.L.Y (242), Hk.L.Y (568) Dap na pawnghpawm hpyen hpung ni gaw hpyen n-gun (100) ram hte 2013 March (4) ya shani KIA Masat (36), (38) ginra rai nga ai Hka Lum hte Mung Lum shara ni hta shang shamu shamawt chying lau hkawm nga ai lam hpe chye lu

Dai shani Mugaung Daju Myen Asuya Hpyen Dap Ts.K.Hk-3 kata na Hk.L.Y (40) Dap na hpyen hpung ni gaw KIA Masat (11) Dap Dung na hpyen hpung ni shara la nga ai Tai Lum Post grup yin de shang  shamu shamawt chyinglau hkawm nga ai lam hpe chye lu ai.

Tuesday, March 5, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့သို့ ထွက်ခွာ


သျှမ်းသံတော်ဆင့်
 
မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့ သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက် လက် ထွက်ခွာသွားကြောင်း သိရသည် ။

အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါဝင်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့ စတင်ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။

“အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ် တစ်ခုလှမ်းနိုင်ခဲ့ပြီ” လို့ ဆိုနေပြန်ပါလား


တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်) 

သမ္မတ (ဗိုလ်) ဦးသိန်းစိန်က  မတ်လ ၁ ရက် ရေဒီယိုမိန့် ခွန်းထဲမှာ (၆၆)နှစ်မြောက် “ပြည်ထောင်စုနေ့ညစာစားပွဲ” ကို သူက ဖိတ်ခေါ်ခဲ့ပေမယ့် KIO/KIA တစ်ဖွဲ့ပဲ မတက်ခဲ့လေသယောင် ပြောခဲ့ပါတယ်။ 

တကယ်တော့“ပြည်ထောင်စုနေ့ညစာစားပွဲ”သို့ ပဏာမ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၄) ဖွဲ့တက်ရောက်ခြင်းမရှိပါဘူး။ 

            ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၃) ဖွဲ့နှင့် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ အောက်ပါဇယားကိုကြည့်ပါ။ 

Future peace talks between the KIO and Myanmar Government not yet scheduled


Posted by: PNA
Post Date: 3 March 2013

After what was perceived by many as a leap in the direction of reconciliation, future discourse between the Kachin Independence Organization (KIO) and the Myanmar government is on hold. Senior officials of the KIO have expressed uncertainty in arranging the next round of peace talks that will help quell violence in Northern Kachin State and Eastern Shan state. 

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ


2013-03-04 (RFA)

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက် နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာ ဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

အဲဒီ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ကချင်ပြည်နယ်ကို ဦးတည်ပြီး စတင်ထွက် ခွာခဲ့တာ ဖြစ်ပါတယ်။

လိုင်ဇာအနီးတွင် အစိုးရတပ် လှုပ်ရှားမှုများ ရှိနေ

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ အနီးသို့ အစိုးရ စစ်တပ်အင်အား ယခု ရက်ပိုင်းအတွင်း သွားလာ လှုပ်ရှား မှုများ ရှိနေကြောင်း KIO နှင့် ကျောင်းသားတပ်ဖွဲ့က ပြောသည်။

မတ်လ ၁ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာသို့ အစိုးရ စစ်ကား အစီး ၄၀ ကျော် တက်လာပြီး မတ်လ ၂ ရက်နေ့တွင် ဗန်းမော် ကားလမ်းဘက်မှ ဒေါ့ဖုန်းယန်မြို့နယ် သို့ စစ်ကားအစီး ၂၀ ကျော် တက်လာသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။

မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်း ထားသော်လည်း ပြောင်းရွှေ့ခံဒေသခံများ နေရပ်ပြန်ခွင့် မရသေး

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို  နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထား သည်မှာ တနှစ်ကျော်ကြာပြီဖြစ်သော်လည်း စီမံကိန်းကြောင့် ပြောင်း ရွှေ့ခံထားရသော အောင်မြင်သာစံပြကျေးရွာဒေသခံများသည် မူရင်း နေရပ်သို့ ပြန်နေထိုင်ခွင့်မရသေးကြောင်း ဒေသခံများပြောသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဆိုင်းငံ့ထားသော ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းရှိ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ စက်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်န၀ါရီလပိုင်းမှ စတင်၍ ယနေ့ထိ နေ့စဉ် သယ်ယူနေသောကြောင့် အောင်မြင်သာ ဒေသခံများမှာ ၎င်းတို့၏ နဂိုနေရာသို့ ပြန်လည် အခြေ ချရန် မျှော်လင့်နေကြောင်း ဒေသခံများပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA ရှိရာသို့ အစိုးရတပ်များ အင်အား ဆက်တိုက်တိုးချဲ့လာသောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်

(ကချင်သတင်းဌာန)


မြန်မာအစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်းဒေသသို့ စစ်လက်နက် အင်အားများနေ့စဉ် တိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလာနိုင်ကြောင်း KIA ဖက်ကသုံးသပ်ပြောဆိုသည်။

ယနေ့ညနေ ၅ နာရီခွဲချိန်တွင် နမ်ခမ်း (Nam Hkam) ဘက်မှ အစိုးရ စစ်တပ် ကား ၁၆ စင်းသည် မူဆယ် (Muse) သို့ရောက်ရှိလာပြီး အင် အား ၄၀ ကျော်နှင့် မြင်း ၅ ကောင် တင်လာကြောင်း ဒေသခံများပြော သည်။

Laiza Muklum Hta Dap Shawa Hpu-Awn Zuppawng Galaw

(Kachin Net)


Laiza Muklum, Rawt Ninghkawng Gawknu hta 2013 February (4) ya shani hkying (10:00)am aten hta Dap Shawa Hpu-Awn Zuphpawng galaw ai lam hpe chye lu ai.

Zuphpawng hpu-awn hpe Ninggawn Daju Pati Komiti Amu Madu Du Kaba Chayna Zau Awn kaw nna woi awn let, Rev. Sum Lut Gun Seng hpawng hpaw hkyu hpyi ap ya ai hpang Ginjaw Hpaji Dap Lit Hkam Sara Kaba Sumlut Gam kaw nna simsalam bawngban hpawng ni hte seng nna tsun sanglang dan ai.

Monday, March 4, 2013

ဖါးကန့်ပြည်သူများ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရဆဲ


မတ်လ (၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံစီ ဒေသတွင်းရှိ ဒေသခံ ကျေးရွာများ၏ ပိုင်ဆိုင်သော ပစ္စည်းအား အဓမ္မ သိမ်းပိုက်ပြီး မတန်တဆ ပြန်ရောင်းစား နေကြကြောင်း ပစ္စည်း အသိမ်းခံရသော ကံစီ ဒေသခံ တစ်ဦးက ပြောပါသည်။ 

“အစိုးရ တပ်ဖွဲ့တွေပေါ့ သူတို့က ဒီဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုမှာ ရှိတဲ့ မောရှမ်း၊ ကံစီ၊ မိုဇာကြီး ကျေးရွာတွေကို ကျေးရွာ လုံခြုံရေး ယူပေးမယ် ဆိုပြီးတော့ ညပိုင်းမှာ ကင်းစောင့်ပေးတယ် နေ့ခင်းပိုင်းဆိုရင် ရွာထဲမှာရှိတဲ့ အကောင်းစား အိမ်သုံး ပစ္စည်းတွေ လိုက်သိမ်းတယ်ပြီးတော့ တခြား တနေရာကို ကားနဲ့ သယ်တယ်။ ပြီးတော့ အဲဒီ ပစ္စည်းတွေကို ရောင်း စား လိုက်ကြတယ်။  သူတို့က စိတ်ထင်တိုင်း ကျဲနေတော့ ရွာသားတွေက ဘာမှ မပြောရဲကြဘူး။  ရွာထဲက ပြန်ရောင်စား လို့ရတဲ့ ပစ္စည်း မှန်သမျှ အားလုံးကို သယ် သွားခဲ့ကြတယ်လို့” ဆိုပါသည်။

စီးပွားရေး စီမံကိန်း နေရာများတွင် စစ်ရေး လှုပ်ရှားမှု ပိုများလာ


ရွှေဟသာင်္သတင်းဌာန၊ မတ်လ(၄) ရက်နေ့

ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရှမ်းပြည် တိုးတက်ရေး တပ်မတော် SSPP၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့၏ လှုပ်ရှား နယ်မြေ အတွင်းအစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ ချထား နေကြောင်း SSPP ပြောရေး ဆိုခွင့် ရှိသူ တဦးက ဆိုပါသည်။ 

“ကျနော်တို့ SSPP ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အစိုးရ ဘက်မှ ရာဇသံ ပေးထားတယ်။ အဲဒီ ရာဇသံ ပေးထားတဲ့  တပ်ရင်း (၁၉၂) လွယ်လန်းစခန်း ဘက်ကိုဘဲ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကတည်းက လက်နက်ကြီးတွေ တပ်အင်အားတွေ ထပ်ပြီး ချခဲ့တယ်။ ဒီနေ့လဲ  မိုင်းရှုးမြို့နယ် ဘက်မှာလဲ တပ်အင်အား အပါဝင်ပေါ့ လက်နက် ခဲယမ်းတွေ ထပ်ဖြည့် ထားပြန်တယ်။”ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှုးဆိုင်လက ပြောပါသည်။

အစိုးရနှင့် KIO မကြာခင် ထပ်တွေ့မည်

(ဧရာဝတီ) (2012 March 4)


ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့တို့သည် မကြာ ခင် ရက်ပိုင်း အတွင်း ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည်။


နှစ်ဖက်ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြုထားပြီး မတ်လ ဒုတိယ အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်  ကြောင်း သိရသည်။

ကချင်စစ်ပြေး ဒုက္ခသည်များအား မွေးမြူရေး ချေးငွေများ ပေးသွားမည်


ရန်ကုန် (မဇ္ဈိမ)။   ။ ကချင်စစ်ပြေး ဒုက္ခသည်များအား ပြန်လည်ထူ ထောင်ရေးအတွက် မွေးမြူရေး ချေးငွေများပေးသွားမည်ဟု မွေးမြူ ရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က မြန်မာ့ ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲတွင်  မဇ္ဈိမသို့ ပြောသည်။

စားဝတ်နေရေး အတွက် အဓိက စိုက်ပျိုးရေး မွေးမြူရေး တွေကို ဆက်စပ်ပြီး အကောင်အထည်ဖော်သွား မှာ ဖြစ်သည်။ ချေးငွေ သဘောမျိုးနှင့် ငွေကြေး သက်သက်ပေးမည် မဟုတ်ပဲ မွေးမြူလိုသည့် ဝက်၊ နွားများကို မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ဒေသခံများထံ အရောက်ပေးပို့သွားမည်ဟု သိရသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့ ကျန်းမာရေးချို့ယွင်းသူများလာ


2013-03-03 (RFA)

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်နေကြတဲ့ အဖွဲ့မှာ ကျန်းမာရေး ချို့ယွင်းသူတွေ ပိုများလာပြီး ဒီကနေ့ သံဃာတော် (၂) ပါး ခြေထောက်ဒဏ်ရာ ရရှိတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့ရ တယ်လို့ သိရပါတယ်။

သံဃာတော်တွေကို ဆေးရုံပို့ဆောင်ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုဇင်ကိုကိုက RFA ကို အခုလို ပြောပါတယ်။

Sunday, March 3, 2013

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်အဖွဲ့ မိုးကောင်းမြို့နယ် ရောက်ရှိ


2013-03-03 (RFA)

ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်သွားတဲ့အဖွဲ့ဟာ ဟိုပင်မြို့ကနေ  ၉ မိုင်ကွာဝေးတဲ့ မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက် က ရေကျောက်ပေါက်တဲ့ ဝေဒနာ ခံစားနေရပြီး ကျန်တစ်ယောက်ကတော့ အူကျဝေဒနာ ခံစားနေရတာ ကြောင့် ဒီကနေ့  မြစ်ကြီး နား ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူ နေရ တယ်လို့လဲသိရပါတယ်။
မြစ်ကြီးနားမြို့နဲ့ မိုင် ၁၀၀ လောက်ကွာဝေးတဲ့ မိုးညှင်းမြို့နယ် ဆေးရုံက တဆင့် မတ်လ ၁ ရက်မနေ့ည ၁၁ နာရီလောက်မှာ မြစ်ကြီးနားဆေးရုံကို သယ်ဆောင်ဆေးကုသ  ပေးနေရတာလို့ လူနာနှစ်ယောက်နဲ့ အတူ လိုက်ပါလာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ကျန်းမာ ရေးအခြေအနေနဲ့ ပတ်သက်ပြီး  RFA ကို အခုလို ပြောပြပါတယ်။

KIA နဲ့ အစိုးရတပ် ဆက်လက်တိုက်ခိုက်


02.03.2013 (VOA)
မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ စစ်အရှိန်လျော့ချဖို့ သဘောတူညီချက် ရရှိထားတဲ့ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က တပ် စခန်းတွေကို အစိုးရစစ်တပ်ကနေ တိုက်ခိုက်နေဆဲလို့ ကေအိုင်အိုဘက် က ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသခံကျေးရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့လည်းဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်တွေ ခံခဲ့ရသလို အခုလိုတွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေဆဲကာလမှာ စစ်အရှိန် တိုးမြင့်အောင်လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်စရာအနေအထားရှိနေတယ် လို့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့တွေကလည်း ပြောကြပါတယ်။ ဒီအခြေအနေတွေကို ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ချီဖွေနဲ့ လောခေါင်ဇုံနယ်မြေမှာရှိတဲ့ ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ တပ်စခန်းကို မြန်မာစစ်တပ် တွေက ထိုးစစ်ဆင် တိုက်ခိုက်နေလို့ တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ ရှိနေပါတယ်။