Saturday, March 2, 2013

JARIT SHADAW (7) HTA LAJA LANA GASAT

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Dingdung Ginwang Dap Ba (1) up hkang ginra rai nga ai Jinghpaw Mung hte Miwa mung jarit shadaw masat (7) Lagai hte Mahtu lapran Wusuk makau na KIA post hpe myen hpyen asuya hpyen dap hk-l-y (37), (74) hte BGF hpung ni pawng nna February (28) ya shana de hkying (6:00PM) ten ram hta sa htim gap lai wa sai lam shiga na chye lu ai. Myen hpyen hpung ni hte BGF ni sa htim gap wa ai majaw gasat poi laja lana byin wa sai lam hpe na chye lu ai.

တိုက်ပွဲငြိမ်သော်လည်း ကချင်လူထု လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ


(ကေအိုင်စီ)
ကချင်ပြည်နယ်၌ တိုက်ပွဲအခြေအနေ ငြိမ်သွားသော် လည်း ကချင်ဒေသခံများအပေါ် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ဆက် လက် ချိုးဖောက်ခံနေရဆဲဖြစ် သည့် အပေါ် နိုင်ငံတကာမှ ရပ်တန့်သွားအောင် ကူညီပေးရန် ကချင်အမျိုးသမီးအဖွဲ့အစည်း (ထိုင်း နိုင်ငံ)-KWAT က ယနေ့ ကြေညာချက် ထုတ်ကာ တောင်းဆို လိုက်သည်။

လက်ရှိအချိန်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းသွားခြင်း မဟုတ် ပဲ တိုက်ပွဲငယ်များ ဖြစ်ပွားနေသေးသည့် အပြင် စစ်တပ်မှ ကချင်ပြည်နယ်အတွင်း စစ်တပ် အင်အားတိုးချဲ့ခြင်း၊ ဒေသခံ ကချင် လူထုအပေါ် ပေါ်တာဖမ်းခေါ်သွားခြင်းများလည်း ရှိနေသေးဟု KWAT မှ ပြောရေး ဆိုခွင့်ရှိသူ မွန်းနေလီက ကေအိုင်စီသို့ ပြော သည်။

မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး

(RFA)


မြန်မာပြည် မြောက်ပိုင်း မေခမြစ်ဒေသ ဆော့လော် လော့ခေါင်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့ကအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။ အဲဒီတိုက်ပွဲမှာ ဦးစခုံတိန့်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း အစိုးရ တပ်တွေဘက်က ပါဝင် ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ကေအိုင်အို ဗဟိုဒေသ၊ တပ်မဟာ ၄၊ တပ်မဟာ၃နဲ့ တပ်မဟာ၂ ဒေသတွေမှာ အခုတလော တိုက်ပွဲတွေ မဖြစ်ပေမယ့် မေခမြစ် အရှေ့ဖက်ခြမ်း လောခေါင်နဲ့ ဆော့လော်ကြားက တောင်ကြောတွေမှာ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့အကြောင်း ကေအိုင်အို စစ်မဟာဗျူဟာ လေ့လာရေး ဌာနမှုး ဗိုလ်မှုးကြီးဇော်တောင်က RFA ကို ခုလို ပြောပြပါတယ်။

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း တွင် ဆေးဝါးလိုအပ်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” ဒုက္ခသည်စခန်းတွင် အအေးမိ နှာစီးချောင်းဆိုး ဖြစ်ပွားနေပြီး အားဆေးများလိုအပ်နေကြောင်းသိရသည်။ 

နှာစီးချောင်းဆိုးသူများသည် ၁ ရက်လျင်  ၂၀ ယောက်ခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှောအရေပြား ရောဂါဖြစ်သူများ၊ သွေးတိုးဖြစ်သူများ နေ့စဉ် ဆေးခန်းသို့ ရောက်လာသောကြောင့် ဆေးမပြတ်သွားရန်လိုအပ်နေခြင်းဖြစ်သည်ဟု ကျန်းမာရေး ဆေးခန်းမှဆိုသည်။

ကချင် Vs မြန်မာအစိုးရ လဂျားယန်အတွင်း ၂ လ တိုက်ပွဲမှ အစိုးရတပ်မတော်မှစာရင်း

ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) နှင့်မြန်မာအစိုးရတို့ နှစ်လအတွင်းတိုက်ပွဲ၌ မြန်မာ့တပ်မတော် ဘက်မှကျဆုံးမှုနှင့် ဆုံးရှုံးကုန်ကျစာရင်းချုပ်မှာ အောက်ပါအတိုင်း တပ်တွင်းစာရင်းစာအုပ်မှ သိရှိရပါသည်။ ဤစာရင်းသည် ပြည်သူအကြားသတင်းဖြင့် ဖြန့်ဝေရန်မဟုတ်ပါ။ ဝန်ကြီးဌာနအတွင်း ဝန်ကြီးများရုံးသို့ ကုန်ကျသွားသည့်စာရင်းများကို သိရှိနိုင်ရန်အတွက် ပေးပို့ထားခြင်းသာဖြစ်သည်။

၁။ ကျရှုံးသွားသည့်တပ်မတော်သား (Private) ---------------- ၂၁၈ ဦး
၂။ ဗိုလ်ကြီးအဆင့်နှင့်ဗိုလ်မှူးအဆင့် (အရာရှိ) အားလုံးပေါင်း----------၂၂ ဦး
၃။ ဒဏ်ရာရရှိသည့်တပ်သားနှင့် ခြေ၊လက်ကျိုးသွားသည့်တပ်မတော်သား-------၇၆၄ ဦး

Friday, March 1, 2013

KIA နှင့် အစိုးရတို့၏ ယုံကြည်မှု တည်ဆောက်ရေး အခြေအနေဆိုးရွားနေ


ရွှေဟသာင်္ သတင်းဌာန၊ မတ်လ (၁) ရက်နေ့

ကချင် လွတ်လပ်ရေး တပ်မတော် KIA စခန်းအား အစိုးရ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ကုန်ပိုင်းအထိ ဆက်လက် တိုက်ခိုက်လျက် ရှိနေသဖြင့် ယုံကြည်မှု တည်ဆောက်ရန် အခြေအနေ ဆိုးရွား နေဆဲ ဖြစ်သည်ဟု KIA တပ်မှူး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားခဲ့ပါသည်။

“ ဖားကန့်နှင့် လိုင်ဇာ တဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိပေမဲ့ တခြား တပ်မဟာ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ မနေ့ကဆို တပ်မဟာ (၁) တပ်ရင်း (၁၀) ဘက်မှာ မိနစ်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်။ ဒီနေ့ဆိုရင် လော့ခေါင်ဖက်မှာ စစ်ဆင်နေတယ်လို့ KIA တပ်မှူး တစ်ဦးက ဆိုပါသည်။

ပြေလည်စ ဖြစ်လာသော ကချင်စစ်ပြေး ဒုက္ခသည် ပြသနာ


မတ်လ (၁) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နယ်မြေမှ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် အကူအညီများ ပေးဆောင်ရန် အကူအညီပေးရေး ကိုယ်စားလှယ်များ လိုင်ဇာ ဌာနချုပ်ကို တဖွဲဖွဲ ရောက်ရှိနေကြပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ဆိုပါသည်။ 

“ ဒီလိုပါ ICRC ရယ်၊ ကိုနေမျိုးဇင်တို့ ငြိမ်းချမ်းရေး အဖွဲ့၊ ပြီးတော့ နောက်ထပ် ရောက်ဖို့ ရှိနေသေးတယ်။ အခု မိုးညှင်းကို ရောက်နေပြီး။ ဒီတော့ မနေ့ တနေ့ကဘဲ ICRC အကူအညီ ပေးရေး အဖွဲ့က လာရောက် သွားပါတယ်။ သူတို့အဖွဲ့ဆိုရင် ဒီမှာ ရှိတဲ့ဒုက္ခသည် ပေါင်း ၂၀၀၀၀ လောက်ကို ထပ်မံအကူအညီပေးဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားတာ ရှိပါတယ်။” ဟု  ဆိုပါသည်။ 

Yen Kau Da Ai KIA Shawng Lam Post Ni Hpe Bai Lu Zing Madu La

(Kachinnet)


KIA Masat (1) Dap Ba, Masat (10) Dap Dung, Lawk Hkawng Ginwang Sani Bum Mayan kaw 2013 February (27) ya shani hta Myen Asuya Hpyen Dap Hk.L.Y (29) na hpyen hpung ni hte B.G.F, P.T.Ts hpyen hpung ni pawng hpawm nna n’gun kaba hte KIA hpyen hpung ni shara la nga ai Lawhkawng Ginwang Sani Bum mayan shawng lam post shara masum de htim gasat lung wa ai majaw gan yen kau da ai shawng lam Post ni hpe KIA Padang Sector hpyen hpung ni gaw 2013 February (28) ya jahpawt hkying (9:00)am aten kaw nna hkying (2:00)pm aten ram du hkra  laja lana htim gasat ai majaw yen kau da ai shawng lam post ni hpe bai lu zing madu la ai lam hpe chye lu ai.

အစိုးရတပ်များ ကချင်ထိုးစစ် ဆက်လက် ဆင်နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို

(ကချင်သတင်းဌာန)


မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေးလမ်းစဉ်သို့ ဆွေးနွေးမှုပြုလုပ်နေသော်လည်း လက်ရှိကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်လက်နက်အင်အားနှင့် ရိက္ခာများတိုးချနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသည့် လုပ်ရပ်အပေါ် နိုင်ငံတကာမှ ဖိအားပေး အရေးယူဆောင်ရွက်ပေးရန် ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) တောင်းဆိုလိုက်သည်။

KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီများ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်လည်း တဖက်တွင် ဆက်လက်ထိုးစစ်ဆင်မှုများရှိနေပြီး ဒုက္ခသည်များလည်း အခက်အခဲရင်ဆိုင်နေသည့်အခြေအနေများကို နိုင်ငံတကာမှ သိနားလည်ဆောင်ရွက်နိုင်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က KWAT မှ အစီရင်ခံစာဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက် ရွှေကျင်လုပ်သား ၃၀ ကျော် အာဏာပိုင်များဖမ်းဆီးခံရ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့လဘန်ကထောင် (Labang Kahtawng) တွင် ဧရာဝတီမြစ်တလျှောက်ရွှေကျင်နေသော လုပ်ငန်းပိုင်ရှင်အပါအ၀င် ရွှေလုပ်သား အမျိုးသား ၃၀ ကျော်ကို  ဝိုင်းမော်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ရွှေကျင်ရေးလုပ်ငန်းပိုင်ရှင် ဦးဆောင်သူ ဦးနော်တောင် (Salang Naw Tawng)၊ သန်းစိုး၊ တန်ဂွန်း (Salang Tang Gun) နှင့် သက်စိုး  တို့ဖြစ်ပြီး အခြား ၂၆ ယောက်သည် ကျင်းသားများဖြစ်ပြီး အာလမ် (Alam) ကျေးရွာတွင် ရွှေကျင်နေသော ဒေသခံလုပ်သား ၁၀၀၀ ကျော်ရှိသည့်ထဲမှ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ချီဖွေ-လောခေါင်နယ်မြေသို့ အစိုးရထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံနယ် နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့ ခလရ တပ်ရင်း ၂၆၀ ၊ ၂၉ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) တပ်ဖွဲ့နှင့် တပ်ပေါင်းစုတပ်ဖွဲ့ (၄) ဖွဲ့ဖြင့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ထိုးစစ်ဆင်လာသောကြောင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ပြီး တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်ကြောင်း KIA အရာရှိပြောသည်။

Myen Asuya Hpyen Hpung Ni Ka-Ni Yi Galaw Sha Ai Ni Hpe Gumhpraw Hkan Hpyi Sha Nga

(Kachinnet)


2013 February  (26) ya hta Lido Lam Mayan, Wa Ra Zup mare lahta Mogawng hka hte Mana Hka mazup mayan kaw Ka-Ni sun lagu galaw nga ai ni hpe Myen Asuay Hpyen Dap Hk.L.Y (86) Dap kata na hpyen hpung ni gumhpraw sa hpyi lahkawn nna gumhpraw lu jaw ai Ka-ni sun ni hpe ngam tawn kau nna gumhpraw n-lu jaw ai Ka-ni sun ni hpe gaw hkyen jahten kau ya ai lam hpe chye lu ai.

မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့

(KIC)
M. ထက်ခေါင်
(၁)
အပေါ်ယံကြော ခိုင်မာမှု မရှိသေးသော အပစ်အခတ်ရပ်စဲရေး ဆွေး နွေးညှိနှိုင်းမှု အချို့အကြား တော်လှန်ရေး အဖွဲ့အ စည်းတို့ လက်ထဲမှာ ကိုင်ထားသည့် သေနတ် အများအပြား တုတ်ချောင်းဖြစ်သွားကြသလိုမျိုး၊ မနေ့တနေ့ကအထိ ယုံကြည်ကိုးစား မျှော်လင့်အားထားခဲ့ကြသော လူထု ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်ကို လူထုအနေဖြင့် မည်သို့မျှ အား ကိုးအားထားပြု၍ မရနိုင်ကြောင်း၊ လူထုကို လွတ်မြောက်ရန် ဦးဆောင် ခေါ်ယူရမည့်အစား စစ်အုပ်စုတို့ ပြုသမျှ နုရမည့်ဘ၀၊ ကျားသနားမှ နွား ချမ်းသာမည့် ဘ၀သို့ တွန်းပို့ပေးနေကြောင်းများ ပီပြင်စွာ သိလာရသည့် အဖြစ်မှာ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ပြည်သူ တို့၏ စိတ်ဓာတ်အားမာန်များကို သဲထဲရေသွန် ယူကြုံးမရ ဖြစ်သွားစေ လေ သည်။ တိုင်းပြည်ကောင်းကျိုး လိုလားသူများအနေဖြင့် လူထုဒီမို ကရေစီခေါင်းဆောင်ကို ထိန်းကွပ် ဖေးမပေးကြရမည် ဖြစ်၏။


ကချင်ပြည်နယ်တွင်း ကျူးကျော် ထိုးစစ်ဆင်မှုများ၊ လက်ပံတောင်း တောင် မီးလောင်ဗုံးကိစ္စများ၊ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒ ပြသူများကို နှောက်ယှက်ဟန့်တား ဖမ်းချုပ်မှုများ၊ လယ်သိမ်းခံ မြေသိမ်း ခံ လယ်သမားတို့၏ မကျေနပ်မှုများ ဖြင့် နေ့စဉ်နှင့်အမျှ အပူလုံးကြွနေ ကြချိန်၊ ဟိုနိုလူလူ၌ ဆုတစ်ဆုသွားယူပြီး ကိုရီးယားသို့ ခရီးတခေါက် ထွက်ခဲ့သော ဒေါ်အောင် ဆန်းစုကြည်မှာ ရန်ကုန်ကို ဘယ်နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်လိုပြန်ရောက်လာမှန်း ဘာသတင်းမျှ မကြားလိုက် ရပဲ ဗိုလ် ချုပ်မွေးနေ့ကျခါမှ ဗီဒီယိုဖိုင်ကလေးတခုတွင် ပေါ်လာခဲ့လေ သည်။

ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ဖို့ ကချင်ဒေသခံတွေ တိုက်တွန်း


2013-02-28 (RFA)

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ လက်ရှိအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ တွေ့ဆုံမှု ကို ဒေသခံ ပြည်သူတွေက ကြိုဆိုနေကြောင်း နဲ့ အမြန်ဆုံး ထာဝရ ငြိမ်းချမ်းရေး ရရှိလာဖို့ မျှော်လင့်နေကြောင်းကို  စစ်ဘေးဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရတဲ့ ကချင် ဒေသခံတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် စိန့်ပက်ထရစ် ဘုရား ရှိခိုးကျောင်းမှာ ကျင်းပတဲ့ စစ်မှန်ပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖယ်ဒရယ် စနစ်နဲ့သာ တည်ဆောက်နိုင်မည် ဆိုတဲ့ ခေါင်းစဉ်နဲ့  ဆွေးနွေးပွဲမှာ အခုလို ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်လာဖို့ ငြိမ်းချမ်းရေးကို မျှော်လင့် တယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ်နော်ဒင်းက  အခုလို ပြောပါတယ်။

Thursday, February 28, 2013

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ လိုင်ဇာမြို့ ဒုက္ခသည်စခန်းသို့ဝင်ရောက်ကာ ဆေးဝါးပစ္စည်းများ ကူညီပေး

(ကချင်သတင်းဌာန)


တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ ယမန်နေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ဆေးဝါးပစ္စည်းများ လာရောက် ကူညီပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ လိုင်ဇာမြို့အနီးတ၀ိုက်ရှိ စစ်ပြေးဒုက္ခသည်စခန်း အတွက် ဆေးဝါးပစ္စည်း ကိရိယာများများကို  ICRC ကား ၃ စီးဖြင့် သယ်ဆောင်ကာ ကူညီပေးဝင်ရောက်လာခြင်းဖြစ်သည်ဟု KIO ဒုက္ခသည် ကယ်ဆယ် ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

LAJA YANG MAJAN HTA MYEN NI SUM MACHYI AI LAM

(Jinghpawkasa)


Lai wa sai 2012 November (15) kaw nna 2013 January (15) ya laman Laja Yang, Hka Ya Bum mayan ni hta KIA hte gasat poi byin ai shata (2) laman, myen hpyen dap ni hkrat sum machyi ai jahpan hpe January (20) ya shani, ginchyum dat ai Myen hpyen dap ni a laika hta lawu na hte maren mu lu ai. Ndai laika gaw shi laika hku shapraw ai nre sha Wunji Rung kata salang ni hta rung matsing ningting hku sha shabra da ai re lam chye lu ai.

1. Si mat ai Dap ma (private) marai -------------------- 218.
2. Du kaji kaba yawng (aya shi) marai -------------------22.
3. Hkala hkrum daw hten ai marai -----------------------764.

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကေအိုင်အိုက ပြည်သူ့သဘောထား ရယူ

(DVB)


ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြည်သူ့ ဆန္ဒတွေ ပါဝင်ဖို့ လူထု ကိုယ်စားလှယ် တွေဆီက အကြံဥာဏ်နဲ့ သဘော ထားတွေ ရယူခဲ့တယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်က ဌာနချုပ်လိုင်ဇာမှာ ကေအိုင် အိုက လူထု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သဘောထား ရယူခဲ့ တာပါ။

လွတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်းကို ကချင်စီးပွါးရေး လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် ရဲ့ ဆွေးနွေးတင်ပြချက်

(Kachinduwa)


Jade Land Company Ltd. ဥက္ကဌ ဖြစ်တဲ့ ဦးယွပ်ဇော်ခေါင် ကချင်အရပ် သား တစ်ယောက် အနေနဲ့ လွတ်တော် ဥက္ကဌ သူရရွှေမန်း နဲ့ တွေ့စုံပွဲမှာ တင်ပြချက်များ ဖြစ်ပါတယ်။ 


သူ တင်ပြတဲ့ အချက်အချို့ကတော့...

(၁) ကေအိုင်အို ဟာ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး ကို ယုံကြည် တဲ့ နည်းတူ၊ ၁၉၉၄ ခုနှစ် အပစ်ရပ်ထားပြီး နောက်ပိုင်း နိုင်ငံရေး ဆွေး နွေး ဖို့ စောင့်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ လက်ထက် တလျှောက်လုံး နောင်တက်လာတဲ့ အစိုးရ နဲ့ နိုင်ငံရေး စကားပြောကြပါ၊ လို့ ပြောခဲ့တယ်။ ဒါကြောင့် အစိုးရ သစ်နဲ့ နိုင်ငံရေး အရ စကားပြောနိုင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေ ကိုတောင် အပြုသဘောဆောင်တဲ့ ထောက်ခံမှု ပေးခဲ့တယ်။ ပါတီလဲ ဖွဲ့ခဲ့တယ်။ အစိုးရသစ်မှာ ပါဝင်နိုင်ဖို့ စောင့်နေခဲ့ရင်းနဲ့ပဲ ကေအိုင် အို လုံးဝ မမျော်လင့်ထားတဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ်။ တပြိုင် ထဲမှာပဲ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းပါ ခံလိုက်ရပါတယ်။ ကချင်လူထုက အံ့သြခဲ့ရပါတယ်။

MIWA ASUYA MYEN HPE MAWDAW (600) GARUM

(Jinghpawkasa)


Miwa Mung Asuya kawn myen hpyen asuya ni hpang de hpyen mawdaw (600) tup garum mat wa na re lam hpe na chye lu ai. Ya yang Miwa Asuya ni garum ai hpyen mawdaw (100) Shwili kaw du nga sai lam hte, mawdaw sa gawt la na myen hpyen dap na mawdaw gawt sara (150) mung Shwili kaw du taw nga sai lam na chye lu ai. Miwa asuya ni gaw (2011) ning Wunpawng Mungdan Shanglawt Asuya KIO/KIA hte myen hpyen ni majan bai byin hpang wa ai hte myen hpyen asuya hpe hpyen mawdaw (500) tup hpe garum jaw lai wa sai lam hpe mung na chye lu ai. Ya yang mung Wunpawng Mungdan Shanglawt Asuya hpe myen hpyen ni hte Kuming kaw bawngban hpawng lawan galaw na matu Miwa asuya kawn shadut nga ai lam hpe na chye lu ai.

WUNPAWNG MYU NI HPA MAJAW MATSAN

(Jinghpawkasa)


Dai ni na tsaban (century) 21 hta mungkan gaw, mungkan mare (global village) nga nna, sut masa (economics), mung masa (politics), hpungtang hpaji (technology) ni grau grau she rawt jat nga wa sai re. Lai wa sai tsaban (20) laman hta, majan a majaw, alum ala atsai awai rai, baw sharawt na yak ai mungdan pyi, ya dai ni mungkan ntsa e sut su ai mungdan, hpaji chye ai mungdan byin taw nga sai re. Ga shadawn; Japan mungdan gaw, No. II Mungkan Majan (WW II) hta Atomic bomb a majaw, sharai la na n lu na daram, majan tsin-yam hkrum sha ai mungdan re.

ICRC လိုင်ဇာဆေးရုံနှင့် ဒုက္ခသည်များကို သွားရောက် ကူညီ


(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အင်္ဂါနေ့က ရောက်ရှိလာသည့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် ICRC ကိုယ်စားလှယ်များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လိုင်ဇာ ပြည်သူ့ဆေးရုံသို့ သွားရောက် ကူညီခဲ့ပြီး စစ်ပြေးဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု KIO စစ်ပြေး ဒုက္ခသည်များကူညီရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“အဓိကတော့ ဆေးဝါးတွေ ပါတယ်။ ပြည်သူ့ဆေးရုံဘက် စစ်ဆေးရုံ ဘက်မှာ ဒဏ်ရာရသူတွေကို သွားကြည့်တယ်။ အများအားဖြင့် ဆေးဝါးနဲ့ ပတ်သက်လို့ အဖွဲ့တွေ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း


သျှမ်းသံတော်ဆင့်
 
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် မိုဘိုင်း အဖွဲ့များက တရုတ် နယ်စပ်မှ တင်သွင်းသည့် ကုန်စည်များအပေါ် ဂျူတီခွန် ဆောင်ခိုင်းလျှက်ရှိရာ အကျိုးဆက် အနေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းမှ တဆင့် တရုတ် ကုန်တင်သွင်းမှု ကျဆင်းလာကြောင်း သိရသည် ။

နယ်စပ်လွယ်ဂျယ်မှ သယ်လာသည့် တရုတ်ကုန်များ ဗန်းမော်မှ  မန္တ လေးသို့ တဆင့် ပြန်သယ်ရာတွင် ဂျူတီဆောင်ခိုင်း သည့် အကျိုးဆက် ကြောင့် ကုန်သည်များ အခက်အခဲ ဖြစ်လာကာ တရုတ်ကုန်တင်သွင်းမှု ကျဆင်းလာခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည် တစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည် ။

ကချင်ဒုက္ခသည် ကူညီရေး ICRC အတိအကျ မပြောနိုင်သေး

(ဧရာဝတီ)


နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) မှ အဖွဲ့ဝင် ၉ ဦးသည် မော်တော် ယာဉ် ၃ စီးဖြင့် လိုင်ဇာမြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ပြီး လိုင်ဇာဆေးရုံနှင့် ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုပြီး အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ပထမအကြိမ်က ဗန်းမော် – မြစ်ကြီးနား လမ်းအတိုင်း လိုင်ဇာသို့ လာ ရောက်ရန် စီစဉ်ခဲ့သော်လည်း လမ်းမပွင့်သေးသောကြောင့် ဒုတိယ အကြိမ်တွင် ဗန်းမော်- လွယ်ဂျယ်- မိုင်ဂျာယန် လမ်းမှ လိုင်ဇာသို့ ရောက် ရှိခဲ့ခြင်း ဖြစ်သည်။

Wednesday, February 27, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ မိုးညှင်းမြို့နယ် ရောက်ရှိ


2013-02-26 (RFA)

ရန်ကုန်ကနေ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေးအတွက်  ချီတက်လမ်းလျှောက်ကြသူတွေဟာ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲကို စတင်ရောက်ရှိလာနေပြီလို့ RFA ကို ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ဒီကနေ့ မနက်ကိုးနာရီမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာကို ရောက်ရှိတဲ့အခါ ဒေသခံတွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကဗျာရွတ်ဆိုပွဲတွေ ငြိမ်းချမ်းရေးသီချင်းတွေကို သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။

LAW HKAWNG LAHTA KIA POST KAW GASAT

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Dingdung Ginwang, Dap Ba (1) n pu, KIA Dap Dung (10) ginra rai nga ai Law Hkawng lahta na KIA Post hpe myen asuya hpyen dap hk-l-y (29) hte BGF Dap (1002) ni pawng nna February (25) ya shani hkying (11:00AM) ten ram hta sa htim gasat wa ai majaw majan poi byin lai wa sai lam shiga na chye lu ai. N dai majan hta KIA Padang Sector hpyen hpung ni kawn myen hpyen hpung ni a sinat, machyu pala, Phone, Camera ni hte a rung arai law law hpe lu zing la ai lam na chye lu ai.

Tuesday, February 26, 2013

ရှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

(ကချင်သတင်းဌာန)


မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား  စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာပြီး ယနေ့ နံနက် ပန်ဆိုင်း (Pangsai) မြို့ပတ်ဝန်းကျင် ရိခူး (Yi Hku) ကျေးရွာအနီးတွင် အစိုးရတပ်နှင့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နံနက် ၁၀ ချိန်တွင် အစိုးရတပ်အင်အား ၂၀၀ ခန့်ရှိသည့် အစိုးရတပ်များသည် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့များရှိသည့် နေရာသို့  ရုတ်တရက်ဝင် ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လာခြင်းကြောင့် နှစ်ဘက်တပ်မှ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု တပ်ခွဲ (၅) စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

KIA Masat (10), Masat (36) Dap Dung Ginra Ni Hta Laja Lana Gasat Poi Byin


Written by KNET

KIA Masat (1) Dap Ba, Masat (10) Dap Dung Law Hkawng Ginwang hta 2013 February (25) ya shani hkying (10:55)am kaw nna hkying (3:30)pm aten du hkra Law Hkawng lahta na KIA shawng lam post na hpyen hpung ni shara la nga ai de Myen Asuya Hpyen Dap Hk.L.Y (29), (260) , B.G.F (1002) hte P.T.Ts na pawng hpawm hpyen hpung ni htim gasat wa ai majaw KIA Padang Sector Hpyen Hpung ni ninghkap shingla gasat poi byin ai hta htim gasat lung wa ai hpyen hpung ni a Sinat, machyu pala, Phone, Camera hte kaga hpyen arung arai ni law law lu la ai lam hpe chye lu ai.

Dai shani hkying (11:00)am aten ram hta KIA Masat (36) Dap Dung ginra kata na Bang Sai, Hpai Kawng kaw nna Ying Hku de htim gasat lung wa ai Myen Asuya Hpyen Dap Hk.L.Y (242) na hpyen hpung ni hpe KIA Masat (36) Dap Dung na MHH hpyen hpung  ni ning hkap shingla gasat poi byin ai lam hpe chye lu ai.

ချီဖွေ-လော့ခေါင်တွင် တိုက်ပွဲပြန်ဖြစ်ဟု ကျောင်းသားတပ် ဆို

(Mizzima)


ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၁ တပ်ရင်း ၁၀ နယ်မြေ ချီဖွေ-လော့ခေါင် ဒေသတွင် အစိုးရတပ်ဖွဲ့ အင်အား ၇၀၀ နှင့် တနင်္လာနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO နှင့် ကျောင်း သား တပ်မတော် ABSDF က ပြောသည်။

KIA တပ်ရင်း ၁၀ စခန်း အခြေစိုက်ရာ လော့ခေါင်ကုန်းကို အစိုးရ တပ်မတော်အင်အား ၄၀၀ နှင့် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ် အင်အား ၃၀၀ တို့ ထိုနေ့က ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရ သည်ဟု ABSDF (မြန်မာပြည်မြောက်ပိုင်း) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေး က ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ပတ်သက်သူကို ထောင်ဒဏ် ၂ နှစ်ချ

(Democratic Voice of Burma)


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တရားရုံးက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးရုံးတင်ထားသူကို ထောင်ဒဏ် ၂ နှစ် စီရင်လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်စီရင်လိုက်တာ ဖြစ်ပါတယ်။

ဦးမနန်တူးဂျာဟာ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ ပတ်သက် တယ်၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ငြိစွန်းတယ်လို့ ဆုံးဖြတ်ပြီး စီရင်လိုက်တာလို့ ဇနီးဖြစ်သူ ဒေါ်ရွယ်ဘိုက ပြောပါတယ်။

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း

(RFA)


ကချင်ပြည်နယ် အစိုးရအဖွဲ့က မြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီး နားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီအနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။

“အခု ဘက်ဟိုးတွေနဲ့ တူးတာကတော့ ဒီဘက် ပိုးစာခြံလမ်းထိပ်အထိ ရောက်နေပါပြီ၊ အဲမှာကတော့ ရေမြောင်းအကြီးကြီးဖောက်တယ်၊ မြောင်း ဖောက်ပြီး တူးနေကြတယ်၊ ရွှေ့ရခက်တဲ့ဟာတွေကတော့ မရွှေ့နိုင်သေး ဘူးပေါ့၊ တချို့ကတော့ ရွှေ့ကုန်ပြီ၊

လိုင်ဇာမြို့ကို လမ်းလျှောက်သူများ အဖွဲ့ဝင်အင်အား ထပ်မံတိုးလာ

(RFA)


ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်ကြတဲ့ အမာခံလမ်းလျှောက် အဖွဲ့ဝင်တွေဟာ အခုဆိုရင် သံဃာတော်တွေအပါအဝင် အဖွဲ့ဝင်အင် အား ၅၀ နီးပါး ထပ်မံတိုးလာတာ အခုဆိုလမ်းလျှောက်တဲ့ အဖွဲ့ဝင်အင် အား တစ်ရာကျော် ရှိပြီဖြစ်ပြီလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်း ရေးလမ်းလျှောက်သူတွေဟာ ဒီကနေ့ညမှာ မော်လူးကျေးရွာမှာ ရပ်နား မှာဖြစ်ပြီး လမ်းလျှောက်သူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပေမယ့် ဆက်သွယ်ရေးမကောင်းတဲ့ ဒေသတွေရောက်ရှိနေတာကြောင့် သတင်း အချက်အလက်ပေးတဲ့နေရာမှာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကိုက RFA ကို ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း

(RFA)


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော် ၀ါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြား ထားတယ်လို့ KIO က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က တရုတ်နိုင်ငံ ရွှေလီ မြို့ တွေ့ဆုံဆွေး နွေးပွဲမှာ ဖေဖော်ဝါရီလ မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူခဲ့ကြပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။  ရက်ရွှေ့ ဆိုင်းမှု နဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်း က အခုလိုပြောပါတယ်။

KIA တပ်ရင်း (၆) ဌာနချုပ်တွင် အစိုးရတပ်များအလံစိုက်ထူကာ စခန်းချထား

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) ဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ မြန်မာအစိုးရ အလံကို စိုက်ထူထား၍ စခန်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့် ဂင်စီကျေးရွာတွင်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နောက်ဆုတ်ထားသော တပ်ရင်း (၆) ဌာနချုပ်ကုန်းတွင် အစိုးရစစ်တပ်မှ မြန်မာအလံကို စိုက်ထူထားကာ စခန်းချနေရာယူထားခြင်းကြောင်း ဖားကန့်ဒေသခံများပြောသည်။

အစိုးရတပ်ဖွဲ့များသည် ထိုတပ်ရင်း (၆) ၏ ခန်းမတွင်ရှိသော ထိုင်ခုံများ နှင့် KIA တပ်များ၏ ကျန်ရှိနေသော အသုံးအဆောင်ပစ္စည်းများကို ကား အစီး ၃၀ ကျော်ဖြင့် ဖားကန့်သို့ သယ်ယူသွားကြောင်း မျက်မြင်သက် သေတစ်ဦးပြောသည်။

ကချင်ဒုက္ခသည်စခန်းသို့ အကူညီပေးရာမှအပြန် နေမျိုးဇင်အဖွဲ့အား အစိုးရရမှ အနှောက်ယှက်ပေးခဲ့

(ကချင်သတင်းဌာန)


ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေး ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ ကို ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ဒုက္ခသည်များကိုကူညီရာမှအပြန် လဂျားယန်ရှိ မြန်မာ အစိုးရ ဂိတ်က တားမြစ်၍အနှောက်အယှက်ပေးခဲ့သောကြောင့် အပြန် ခရီးအခက်ခဲရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့ (Laiza Muklum) ရှိဒုက္ခသည်များကို အကူအညီပစ္စည်းများပေးခဲ့ပြီးနောက် ဖေဖ၀ါရီ ၂၂ ရက်နေ့က အဆိုပါ အယောက် ၃၀ ကျော်ပါ သည့် ဦးနေမျိုးဇင်ဦးဆောင် သောအဖွဲ့သည် လိုင်ဇာမြို့မှ ဗန်မော်သို့အပြန် လဂျားယန်ရှိ အစိုးရဂိတ်မှ တားမြစ်၍ နေပူထဲ လှမ်းထားခဲ့သည်ဟုမြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရတ်တစ် တပ်ဦး (ABSDF)  ပြောရေးဆိုခွင့်ရှိသူ ဦးလ ဆိုင်း ကပြောသည်။

အစိုးရတပ်ဖွဲ့မှ အရပ်သားများကို အကြောင်းမဲ့ သတ်ဖြတ်မှုရှိဟု တပ်ရင်း (၆) ကဆို

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့အကြား ဖြစ်ပွား သော တလခွဲကြာ ပိပက္ခ အတွင်း၌ အစိုးရ တပ်ဖွဲ့ဘက်မှ ပြည်သူလူထု (၄၀) ကျော် သတ်ဖြတ်ခဲ့သည်ဟု တပ်ရင်း (၆) တပ်ရင်းမှုး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောပါသည်။

“တိုက်ပွဲကတော့ ဇန္နာဝါရီလ (၁၃) ရက်နေ့မှာ စဖြစ်ပွားခဲ့တယ်။ ကျနော် တို့က ပြည်သူလူထုကို ငြဲ့ညာသော အားဖြင့် တချို့နေရာတွေ ရှောင် ပေး ခဲ့ရတာ ရှိသလို တချို့နေရာကျတော့ ပြန်တိုက်ခိုက် တာတော့ ရှိပါ တယ်။ သူတို့ကတော့ ထုံစံ အတိုင်းဘဲ ပြည်သူတွေကို ဖမ်းဆီတယ်၊ ညှင်ပမ်းနှိပ်စက်မှုတွေ ဆက်လုပ်နေတယ်။ အခုဆို ပြည်သူတွေ အယောက် (၄၀) ခန့် သတ်ဖြတ်လိုက်ပြီး ဖြစ်တယ်။” ဟု ဆိုပါသည်။