Saturday, February 23, 2013

ဒုက္ခသည် ကူညီရေး သြစတြေးလျ ဒေါ်လာ ၂ သန်းခွဲ ထပ်ပေးမည်


(RFA)
ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို လူမှုရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်းခွဲ တိုးမြှင့်ပေးအပ်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့၊ သြစတြေးလျသံရုံးမှာ မနေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လာမယ့်မိုးရာသီအတွင်း လိုအပ်လာမယ့် အမိုးအကာနဲ့ ရေသန့်ရရှိရေး၊ မိလ္လာသန့်ရှင်းရေး လုပ်ငန်းတွေအတွက် သုံးစွဲသွားမယ် လို့ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ကချင်ပြည်မှာလွတ်နေခဲ့တဲ့ ငရဲခွေး ရှမ်းပြည် ပြန်ရောက်။

(Kachinduwa)




 
ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေ မဂ္ဂဇင်းက ငရဲခွေးလွတ်နေသည် ဆိုတဲ့ အင်္ဂလိပ် ကဗျာလေးက အင်္ဂလိပ် အစိုးရ ကိုတော်တော်လေး အထိနာခဲ့ပါတယ်။

ကဗျာလေးရဲ့ ဆိုလိုရင်းကတော့....

ဒီနှစ်အတွက် စစ်တပ်ဘက်ဂျက်ထွက်ပြီ... ၂၁ ရာခိုင်နှုန်းတဲ့။ (အမေရိကန် ဒေါ်လာ သန်း နှစ်ထောင်လောက်)

(Kachinduwa)


စစ်တပ်ဘက်ဂျက်ကို နိုင်ငံတော် တခုလုံး အသုံးစရိတ်ရဲ့ ၂၁ ရာခိုင်နှုန်းတင်ပြထားတာ လွတ်တော်အမတ်တွေက ဘာတခုမှ မဆွေးနွေး (မဆွေးနွေးရဲ) ပဲ လက်ခံလိုက်ပြီတဲ့။ ပညာရေး နဲ့ ကျန်းမာရေး အတွက်တော့ ၃ ရာခိုင်နှုန်းတဲ့ကွာ... ကောင်းရော...

ဘီဘီစီမှာ ပြောကြ ဆိုကြတော့ ဒူဝါ လဲ နားထောင်ရင်းနဲ့ ကိုယ့်နိုင်ငံ အမတ်တွေရဲ့ အရည်အချင်း ကို ပိုပိုပြီး အော်ကလီဆန်လာတယ်။

စံတင်လောက်တဲ့ ဖွတ်အမတ် (ဘူးလက် လှဆွေ) ရဲ့ ဆွေးနွေးတင်ပြချက်ကိုလဲ နားထောင်နိုင်ပါတယ်။ သူပြောသွားတာက

Friday, February 22, 2013

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN ၊ US ကဲ့သို့ နိုင်ငံကြီးများ ပါဝင်သင့်


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN ၊ US ကဲ့သို့သော နိုင်ငံကြီး များမှလည်း ပါဝင်စေလိုကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ပြုလုပ်ခဲ့သော UNFC နှင့်အစိုးရတို့ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံပွဲတွင် ဆွေးနွေး ခဲ့သည်ဟု  UNFC ၏ဆွေးနွေး ရေးကော်မတီဝင်တဦးကပြောပါသည်။

“ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အတွက် Frame Work ရယ် Peace Roadmap ၆ ချက်ရယ် အဓိက ထားဆွေး နွေးခဲ့ပါတယ်။ ဒါ့ အပြင် ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN ၊ UK ၊ US ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကိုလဲ ပါဝင် စေချင် တယ် အစရှိသဖြင့်ဆွေးနွေး ခဲ့ကြ ပါတယ်။  ပင်လုံကဲ့သို့သော ညီလာခံနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်က ပွင့်ပွင့်လင်းလင်း အကျယ်တဝင့် မဆွေးနွေးခဲ့ပါဘူး” - ဟု အဆိုပါ ပုဂ္ဂိုလ် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

လိုင်ဇာရောက် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အား မြန်မာ့တပ်မတော်က ဖမ်းဆီး


သျှမ်းသံတော်ဆင့်
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ရောက်ရှိလာသော ငြိမ်းချမ်းရေးလမ်း လျှောက်အဖွဲ့အား အစိုးရ၏ စစ်တပ်က ဖမ်းဆီးကာ နေပူလှမ်းထားကြောင်း သိရသည်။

ယခုလ ၂၁ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ မြို့ သို့ ရောက်ရှိလာသည့် ဦးနေမျိုးဇင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်း လျှောက်အဖွဲ့ ယနေ့လိုင်ဇာမြို့မှ ဗန်းမော်သို့ အပြန်တွင် လဂျားယန်ရှိ မြန်မာအစိုးရတပ်က ထိန်းသိမ်းခေါ်ဆောင်ကာ နေပူလှမ်းထားခြင်းဖြစ် သည် ဟုဆိုပါသည် ။

စာနာမှု အထောက်အပံ့ ကချင်ဒုက္ခသည်တွေ ဆီ ရောက်မလာသေး


21.02.2013 (VOA)
ကုလသမဂ္ဂကနေ ပေးပို့တဲ့ စားနပ်ရိက္ခာနဲ့ လူသုံးပစ္စည်းတွေ ဖားကန့်ဒေသက ဒုက္ခသည်စခန်းကို ရောက်ရှိလာပေမဲ့ ကူညီထောက်ပံ့မှုတွေဟာ အကြီးအကျယ် လိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ဒုက္ခသည်ဦးရေ ပိုမိုများပြားတဲ့ သူပုန်နယ်မြေထဲမှာ ပိုပြီးလိုအပ်နေတာပါ။ ဖားကန့်ဒေသမှာတော့ လောလောဆယ် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဒုက္ခသည်တချို့ကတော့ အခုချိန်ထိ အိမ်မပြန်ရဲဘဲ ရှိနေကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးမှာပါ။

ဒီလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေခဲ့သလို ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးဖို့ အစိုးရက ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ ရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို ရောက်လာခဲ့ပါတယ်။ လုံးခင်း၊ ဖားကန့်နဲ့ ဆိုင်းတောင်မှာရှိတဲ့ ဒုက္ခသည်စခန်း၃၀ကျော်၊ ဒုက္ခသည်ဦးရေ တသောင်းလောက် အတွက်ကို ဆန်၊ ဆီ၊ဆားနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို

ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ


2013-02-21 (RFA)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာ ရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ



မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ ကျတော့ တော်တော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Thursday, February 21, 2013

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက်


ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၊ ရွှေဟသာင်္ သတင်းဌာန။

ကချင် ဒုက္ခသည် များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

ဒီနေ့ (၁) နာရီ လောက်မှာ လိုင်ဇာ ဌာနချုပ်ကို သူတို့ အဖွဲ့ ရောက်ရှိ လာပါတယ်။ ဒုက္ခသည်တွေ ပေးဖို့ ပစ္စည်းတွေ ပါလာတယ် ဆိုတော့  ဂျေရ ဒုက္ခသည် စခန်းနဲ့ ခနွမ်ယန် ဒုက္ခသည် စခန်း ၂ ခု ကို လိုက်ပို့ ပေးနေ ပါတယ်ဟု ဆိုပါသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ကချင် ငြိမ်းချမ်းရေး ကြားဝင်ဆွေးနွေးမည့် အစီအစဉ် KIA လက်ခံနိုင် ဖွယ်မရှိသေး


တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် အစိုးရနှင့် KIAငြိမ်းချမ်းရေးဆွေး နွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်အား KIA ဘက်မှ လက်ခံနိုင်ဖွယ်မရှိသေးကြောင်း သိရှိရ သည်။
 
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကချင် အရေးကိစ္စတွင်ကြားဝင် ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း လွန်ခဲ့သည့် တစ်နှစ်ကြာကတည်းက ကြေငြာထားပြီး ယခုလ အတွင်းကလည်း ဒေါ်ဆောင်ဆန်း စုကြည်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင် ပေးနိုင်ရန်   နှစ်ဖက်အဖွဲ့အစည်းများမှ သူမအား ဖိတ်ခေါ်ရန် လိုအပ်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော် KIA အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဦးလနန်းမှ ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင်စေ့စပ်ပေးရေးအတွက် ဖိတ်ခေါ်ရန် အစီအစဉ်မရှိကြောင်းပြောဆိုခဲ့သည်။

အစိုးရ ငြိမ်းအဖွဲ့နှင့် UNFC တို့ နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် သဘောတူ


ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ကိုယ်စား လှယ်များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ နိုင်ငံရေးဆွေးနွေးနိုင်ရေး ဆက်လက် ဆွေးနွေး ရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn ဟိုတယ်တွင် ယနေ့နံနက် ၉ နာရီမှ ၅ နာရီထိ နှစ်ဖက် ဆွေးနွေးခဲ့ပြီးနောက် ယခု ဆွေးနွေးမှုသည် ငြိမ်းချမ်း ရေး၏ လမ်းစ ဖြစ်သည်ဟု ဆွေးနွေးမှုအပြီးတွင် ဝန်ကြီး ဦးအောင်မင်း က သတင်းထောက်များအား ပြောကြားခဲ့သည်။  

ရှမ်းပြည်မြောက်ပိုင်းဒေသသို့ အစိုးရတပ် အင်အားတိုးချလာ

(ကချင်သတင်းဌာန)


မြန်မာစစ်အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်းဒေသ ကချင်ပြည်လွတ် မြောက်ရေးအဖွဲ့ (KIO) နယ်မြေ နေရာ (၃) ခုတွင် စစ်ကား အစင်း ၉၀ ကျော်ဖြင့် ဖေဖ၀ါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှ အင်အားတိုးချ လာကြောင်းသိရသည်။

ယခုတိုးချဲ့လာသော အစိုးရစစ်အင်အားများသည် မူဆယ် (Muse) ဘက်သို့ ၁၇ စင်း၊ မုန်ဂျီ (Mung Ji)  ဘက်သို့ ၁၇ စင်းနှင့် လားရှိုး အရှေ့ဘက် နမ်ဂျာရတ် (Nam Ja Rap) တွင် ၆၃ စင်း ဖြင့် အသီးသီး ပို့ဆောင်ထားကြောင်း KIA တပ်မဟာ (၄)နယ်မြေ မှ အမည်မဖော်လိုသူ ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ကုလကူညီရေးအဖွဲ့များ ဖားကန့်ရှိဒုက္ခသည်များကို ဆက်လက်၍ လာရောက်ကူညီပေးလိုကြောင်း ပြောဆို

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များကို ၁ လစာအတွက် အကူညီပေးရန်ရောက်ရှိလာသော ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် အခက်အခဲရင်ဆိုင်နေရသော ဒုက္ခသည်စခန်း အသီးသီးသို့ ကြည့်ရှုကာ ဆက်လက်၍ အကူအညီပေးချင်ကြောင်း ပြောဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ နိုင်ငံခြားသား Ashley Clements ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးတို့သည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်သို့ရောက်ရှိလာခြင်းဖြစ်ပြီး စခန်းအသီးသီးသို့ကူညီမှုပေးခဲ့ရာ ဒုက္ခသည်များ၏ အခက်အခဲပြသနာများကိုမြင်တွေ့ပြီး ၀မ်းနည်းကြောင်း  နှင့် ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများပေးသွားရန် စီစဉ်သွားမည် ဟု ပြောဆိုခဲ့ကြောင်း ၄င်းအဖွဲ့အား စခန်းများသို့ ဦးဆောင်ပေးနေသူ ဖားကန့် ဥရုဆိုင်းမှော်ဇုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခတော်ရဆရာ တိုင်လွမ့်တူးရော် က ပြောသည်။

ဟားဗတ် ပညာရှင်၏ မြစ်ဆုံ ပြန်စရေး သုတေသန စာတမ်းကို ကချင် NGO ဝေဖန်


မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၃ ခုနှစ်
ဟားဗတ် တက္ကသိုလ်၏ Ash Center for Democratic Governance and Innovation ဌာနမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်နိုင်မည့် နည်း လမ်း များကို အကြံပြုထားသည့် သုတေသန စာတမ်းအား ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က တနလာင်္နေ့ တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

“မကြာသေးမီက ဟားဗတ်တက္ကသိုလ်မှ ဉာဏ်ကြီးရှင်များသည် ကချင် ပြည်နယ်အတွင်း ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လည် စတင် လုပ်ဆောင်ရန် 'ငြိမ်းချမ်းရေးဖြစ်စဉ်၏ စွမ်းအား' (Power the peace process) ဟု အမည်ရသော အဆိုပြု စာတမ်း တရပ် ပြုစုရေး သားခဲ့သည်။ သို့သော် ထိုစာတမ်းသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား နေသည့် နိုင်ငံရေးပြဿနာ အရင်းအမြစ်အား ဖြေရှင်းနိုင်မည် မဟုတ် ပေ” ဟု KNDG ၏ ကြေညာချက်ထဲတွင် ရေးသားထားသည်။

လိုင်ဇာသွား ကုလအဖွဲ့များ လုံခြုံရေးကြောင့် ကြန့်ကြာနေ

(Mizzima)


ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြုံရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အကူအညီ ပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်
ရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေး တင်းမာမှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း လာရောက်ရန် လုံခြုံမှု မရှိသေး ခြင်း ဖြစ်သည်။

Wednesday, February 20, 2013

အများသဘောတူ ဆိုတိုင်း ဒီမိုကရေစီ မဟုတ်ပါ။

(Kachinduwa)


သာကေတ က မူဆလင် ကျောင်းတခုကို ဖျက်လိုက်တာဟာ အများ သဘောအရ ဆိုပြီးလုပ်တာ တွေ့ရပါတယ်။ အများသဘောတူ ဆန္ဒအရ မင်းမဲ့စရိုက်နဲ့ ဖြေရှင်းလို့ ဥပဒေအရ တရားဝင်တယ် ဆိုရင်တော့ ဗုဒ္ဓဘာ သာဝင် မရှိပဲ စေတီ ဆောက်ထားတဲ့ ချင်းတောင်တန်း နဲ့ ကချင်တောင် တန်း တွေက စေတီတွေ တခုမှ ရှိတော့မှာ မဟုတ်ဘူး။ (ကချင် နဲ့ ချင်းတွေကတော့ ဒီလောက် မသိတတ်တာ မရှိပါဘူး၊ သဘောကို ပြောတာပါ။)

ဒီတော့ အများသဘောတူပြီး ကြိုက်သလို လူသတ်လို့ မရသလို၊ ကြိုက်သလို သူများပစ္စည်း၊ ဘာသာတရား၊ ထုံးတမ်းစဉ်လာ ဖျက်ဆီး လို့လဲ မရပါ။ နိုင်ငံသား တစ်ယောက်ချင်းစီကို ကာကွယ်ထားတဲ့ ဥပဒေ ဆိုတာလဲ ရှိပါသေးတယ်။ အုပ်စုဖွဲ့ပြီး အများသဘောတူနဲ့ လူနည်းစုကို အနိုင်ကျင့်လို့ မရပါဘူး။ ဒါကို အစိုးရ က ကာကွယ်ပေးရမဲ့ တာဝန် ရှိနေတယ်။
ဒူဝါ အနေနဲ့ ရေး ရကောင်းမလား.. မကောင်းဘူးလား ဆိုပြီး ချီတုန် ချတုန် စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် အမှန်တရား ဆိုတာ အမုန်း ခံပြီးမှ ရေးရတယ် ဆိုတဲ့ ခံယူချက်နဲ့ ရေးလိုက်ပါတယ်။

အစိုးရနှင့် UNFC နိုင်ငံရေး ဆွေးနွေးရန် အကြိုတွေ့ဆုံ

(ဧရာဝတီ)


တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ် စား လှယ်များသည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ပြုလုပ်သည်။

အကြိုပြင်ဆင်ရေး ကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက် UNFC အဖွဲ့ အစည်းများ၏ နယ်မြေများအတွင်း လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ဖားကန့်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလအကူအညီ စတင်ရောက်ရှိ


2013-02-19 (RFA)
မြန်မာအစိုးရ စစ်တပ်နဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည် တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ ပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖားကန့်မြို့က ဒုက္ခသည်စခန်းတွေကို စတင် ရောက်ရှိလာပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသ ဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ် ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး ဟားဗတ်(ဒ်)၏ အကြံပြုချက်အပေါ် KDNG တုံ့ပြန်


ကေအိုင်စီ
ဖေဖော်ဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။

ကချင်ပြည်နယ်တွင် ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းများကို ပြန်လည်စတင်နိုင်ရန် ဟားဗတ်(ဒ်)တက္ကသိုလ်မှ ပညာ ရှင်ကြီးများက “ငြိမ်းချမ်းရေးဖြစ်စဉ်၏စွမ်းအား”(Power the Peace Process) အမည်ရှိ အဆိုပြုစာတမ်းထုတ်ပြန်သည့်အပေါ် လက်မ ခံနိုင် ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်-KDNG က ယမန်နေ့ ၌ ကြေညာ ချက်ထုတ်တုံ့ပြန်လိုက်သည်။

အဆိုပါ “ငြိမ်းချမ်းရေးဖြစ်စဉ်၏ စွမ်းအား”တွင် ဧရာဝတီမြစ်နှင့် မြစ်ဖျား တလျှောက်ရှိ ရေကာတာ ၇ခုကို တရုတ် အစိုးရ၊ မြန်မာ အစိုးရ အပါအ၀င် ကချင်ပြည်နယ် အစိုးရပါ အစုရှယ်ယာ အသစ်အနေဖြင့် သုံးပွင့်ဆိုင် စီးပွားရေး သဘောတူညီမှုတရပ် ပြန်လည်လုပ်ဆောင်ရန် အကြံပြုရေးသား ထားခြင်းဖြစ် သည်ဟု KDNG ကြေညာချက်၌ ဖော်ပြ ထားသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့က မြစ်ကြီးနားမှာ အိုးအိမ်တွေ အတင်းပြောင်းရွှေ့ခိုင်း


2013-02-19 (RFA)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ ၉ မှာ နေထိုင် တဲ့ အိမ်ထောင်စု ၂၃ ခုနဲ့ သူတို့ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို မြို့ပတ်လမ်းဖောက်ဖို့ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့က အခုရက်ပိုင်းအတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီလို ရုတ်တရက် ပြောင်းရွှေ့ခိုင်းနေရာမှာ နစ်နာကြေး တစ်စုံတစ်ရာ ပေးတာမရှိဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ် တရုတ်နယ်စပ် ဂျေယန့် ဒုက္ခသည်စခန်းတွင် ကလေးများ ၂၀ ကျော် ၀မ်းရောဂါဖြစ်ပွား

(ကချင်သတင်းဌာန)


ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၆ နှစ်အောက်ကလေးများ အယောက် ၂၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေကြောင်းသိရသည်။

ကလေးများသည် ၀မ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများ ဖြစ်ပွား နေခြင်းဖြစ်ပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ဂျေယန့်ကျမ်းမာရေး ဌာန မှသိရသည်။

ဝမ်းရောဂါပြန်လည်ဖြစ်ပွားခြင်းသည် ၄င်းဒုက္ခသည်များသော အိမ်သာ လုံလောက်မှုမရှိခြင်းနှင့် သောက်သုံးရေများ ခက်ခဲခြင်းကြောင့်ဖြစ် သည်ဟု ကျန်းမာရေးမှူး ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြော သည်။

အမေရိကန်ရောက် ချင်းအမျိုးသားများမှ ကချင်ဒုက္ခသည်များအတွက် ၁ လ စုဆောင်းထားသောငွေ လှူဒါန်း

(ကချင်သတင်းဌာန)


အမေရိကန်နိုင်ငံ မေရီလဲန်း (Mary Land) ရောက် ချင်းအမျိုးသားများမှ ကချင်စစ်ဘေးသင့် ဒုက္ခသည်များအတွက်ရည်ရွယ်၍ တစ်လအတွင်း စုဆောင်းထားသော ကျပ်သိန်း ၁၃၀ ကျော်ရှိသော အမေရိကန် ဒေါ်လာ $15,315 ကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ပေးအပ်လှူဒါန်းလိုက်သည်။

ချင်းအမျိုးသား ဦးထောင်းဇာလျန်း (Htawng Zalian) ဦးဆောင်ကာ သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းခေါင်းဆောင် လူကြီးများမှ လာရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငွေလက်ခံထားသော အမေရိကန်နိုင်ငံ အခြေစိုက် ကချင်မဟာမိတ် (Kachin Alliance) K.A. တာဝန်ခံ အင် ဆန်ဂွမ်ဆန် (Nsang Gum San) ပြောသည်။

Tuesday, February 19, 2013

ကချင် ဒုက္ခသည်များ အတွက် INGO အကူအညီ ကြန့်ကြာနိုင်ဟု ဆို

(ဧရာဝတီ)
 
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများသို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (INGOs) များကို ၀င်ရောက် ကူညီရန် ခွင့်ပြု ထားသော်လည်း ယင်းအဖွဲ့အစည်းများ၏ လုပ်ငန်း သဘောသဘာဝ အရ အမှန်တကယ် လိုအပ်သည့် နေရာ၊ လိုအပ်သည့် အတိုင်းအတာ ပြည့်ဝရန် အချိန် ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာ အကူအညီတော့ စောင့်ကြည့်ရမှာပေါ့။ ဖားကန့်ကို စပြီး ကူညီမယ်လို့ သတင်းထုတ်ပြန် ထားတယ်။ ပြီးတော့ သူတို့တတွေက တခါလာရင် ဒုက္ခသည် တထောင်လောက်ပဲ ကူညီတယ်။ မလုံလောက်ဘူး” ဟု ၎င်းက ဆိုသည်။

လီဆူးပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးရန် ဗမာစစ်တပ်ကြိုးပမ်း

(Jinghpawkasa)


ကေအိုင်အို၊ ကေအိုင်အေကို အမြစ်ပြတ်ချေမုန်းရန်အတွက်၊ ဗမာ့ တပ်မတော်၏ နောက်ဆုံး ကြိုးပမ်းချက်အနေဖြင့် ကချင်ပြည်နယ် အရှေ့ မြောက်ဖက် ဖီမော် ဒေသတွင် လီဆူးတိုင်းရင်းသားများအား အစိုးရ စစ်တပ်မှ လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ် တပ်ဖွဲ့ကို ဖွဲ့စည်း ပေးကာ အိမ်ကြက်ချင်း အိုးမဲသုတ် ခွတ်ခိုင်းမည့်အစီအစဉ်ကို ကာကွယ် ရေးဦးစီးချုပ်မှ စီစဉ်ဆောင်ရွက်နေသည်။

ပြည်သူ့စစ် (လီဆူး) ဖွဲ့စည်းရန် ကာကွယ် ရေးဦးစီးချုပ်မှ ခွင့်ပြုခဲ့ ကြောင်းသိရသည်။ ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် ဖေဖ၀ါရီလကုန်တွင် လက်နက်များ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရပါ သည်။

ကချင်ဒုက္ခသည်တွေအတွက် ကုလအကူအညီစတင်စေလွှတ်


18.02.2013 (VOA)
မကြာသေးခင်က လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာ
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဒုက္ခရောက်နေသူတွေကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ က အကူအညီတွေ ပေး အပ်တော့မှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ အရှိန် လျော့ကျလာတာနဲ့အမျှ ကုလသမဂ္ဂ က အကူအညီ ပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။

ကချင်ပြည်နယ်က ဒုက္ခသည်အရေး နောက်ဆုံး အခြေအနေတွေကို
တော့ ဆက်သွယ်စုံစမ်း ထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။
 

အစိုးရနဲ့ UNFC နိုင်ငံရေး အကြိုဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်မည်


2013-02-18 (RFA)
ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ် လာဖို့အတွက် အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ စတင်မှာဖြစ်ကြောင်း UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေက RFA ကို ပြောပါတယ်။

လာမယ့် အကြိုညှိနှိုင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး UNFC တွဲဘက် အတွင်းရေးမှူး ဗိုလ်မူးကြီး ခွန်ဥက္ကာက ခုလိုပြောပါတယ်။

Monday, February 18, 2013

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် UNFC တွေ့ဆုံမည်

(ဧရာဝတီ)


တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ် များ ယခုလ ၂၀ ရက်နေ့တွင် ပထမဆုံး အကြိမ် တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည့်နေရာအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အဆိုပြုထားပြီး အစိုးရဘက်မှ ကိုယ်စားလှယ် တချို့ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း UNFC မှ တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာ က ဧရာဝတီသို့ ပြောသည်။

ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည် များအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တနင်္လာနေ့တွင် ဖားကန့်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုလ၏ စားနပ်ရိက္ခာသယ် ဆောင်လာသော ကားများ  ဖားကန့်မြို့သို့ သွားရောက် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသား နှစ်ဦး ပါဝင်နေသဖြင့် ဒေသအာဏာ ပိုင်များ ဆိုင်းငံ့ထားရာမှ ယခု သွားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သဘောထား မတိုက်ဆိုင်၍ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လမ်းကြောင်းနှစ်ခုခွဲ


စံခလပူရီ(မဇ္ဈိမ)။     ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာသို့ ခရီးရှည် ချီတက်လာသည့်အဖွဲ့တွင် သဘောထားချင်း မတိုက်ဆိုင်သဖြင့် လမ်းကြောင်းနှစ်ခု ခွဲကာ ချီတက်နေကြကြောင်း နှစ်ဘက် ဦးဆောင်
နေသူများက ပြောသည်။

ရန်ကုန်မှ ချီတက်လာသည့် ကိုရန်နိုင်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့် မြင်းခြံမှ ချီတက်လာသည့် ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တို့ မန္တလေး တိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် ပူးပေါင်းပြီးနောက် မန္တလေးမြို့မှ
ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်း ခွဲလိုက်ကြခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (ဆောင်းပါး)


(နိရဉ္စာရာ)


— တိုင်းရင်းသား တစ်ဦး
ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ  စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။

ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။

Sunday, February 17, 2013

တိုင်းပြည်ဖြင့် ပျက်နေတာ ကြာလှပြီ။ အခုထိ ပျက်မှာ ကြောက်နေတုန်း။

(Kachinduwa)


ဖက်ဒရယ် လုပ်ရင် တိုင်းပြည်ပဲ ပျက်မယောင် နဲ့ စစ်အာဏာ ထိန်းထားချင်တဲ့ လူတစ်စု ရှိသေးတယ် ဆိုတာ မြန်မာ နိုင်ငံသားများ နားလည်နိုင်ပါစေ။

လွတ်တော်ထဲမှာရော၊ လွတ်တော် အပြင်မှာရော ဖက်ဒရယ် ဆိုတာ ဂဃနဏ မသိတဲ့လူတွေလဲ တပုံကြီးပါ။

ကော့မှူးမဲရှုံး ဒေါက်တာဖွတ် အမတ် လဲ ဘီဘီစီ ဆွေးနွေးခန်းမှာ ပြောလိုက်သေးတယ်၊
ဘာတဲ့... လက်ရှိ အခြေခံဥပဒေ မူအတိုင်း ဆက်သွားရင် အကောင်းဆုံးပါ၊ တဲ့။
သူ့လို ဒေါက်တာ တစ်ယောက် တောင် ဒီ အတွေးအခေါ်မျိုးရှိသေးရင်၊ ကျန် သာမာန် ပြည်သူများကတော့ ပြောမနေနဲ့တော့။

စာနာမှုအထောက်အပံ့ ကချင်ဒုက္ခသည်တွေမျှော်


16.02.2013 (VOA)
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေက ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဒီရက်ပိုင်းအတွင်း ရောက်လာနိုင်တယ်လို့ ကေအိုင်အိုက ပြောကြားလိုက်ပါတယ်။ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ထိန်းချုပ်ရာ နယ်မြေတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ခုနှစ်သောင်းကျော်သွားပြီလို့ ပြောပါတယ်။ ကချင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး (UNOCHA) ရဲ့ အကူအညီပေးရေး ယာဉ်တန်းတွေဟာ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ ရောက်ရှိလာနိုင်တယ် ဆိုတဲ့ သတင်းစကားကို ကေအိုင်အိုက ရရှိထားတယ်လို့ ကေအိုင်အိုပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ လိုင်ဇာမြို့ထဲကို အကူအညီပေးရေး အဖွဲ့တွေ ဝင်ရောက်လာခြင်းတော့ မရှိသေးဘူးလို့ ကေအိုင်အိုပြောခွင့်ရ ဦးလာနန်က ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ပုံဖေါ်ခြင်း အစီရင်ခံစာ BNI အဖွဲ့ ထုတ်ပြန်


2013-02-16 (RFA)
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်း ဆိုတဲ့အမည် နဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက် မှုဖြစ်စဉ်နဲ့ အခြေအနေကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် တိုင်းရင်းသား သတင်းဌာနတွေ စုပေါင်းပါဝင်တဲ့ နိုင်ငံတကာ မြန်မာ့ သတင်း (BNI) အဖွဲ့ကြီးက ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။ 

အစီရင်ခံစာနဲ့အတူ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခု ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲကို  ဒီကနေ့ နေ့လည် ၂ နာရီက ချင်းမိုင်မြို့ Belle Villa ဟော်တယ်မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားနည်းချက၊် အခက်အခဲနဲ့ ဘယ်အဆင့် ရောက်နေပြီဆိုတာတွေကို အဓိကထားတင်ပြထားပါတယ်လို့ အစီရင်ခံစာဖြစ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်တဲ့ ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။

သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးထားသူတွေအတွက် စိုးရိမ်ကြောင်း ကင်တားနား ပြော



2013-02-16 (RFA)
ကချင်အမျိုးသားတွေကို သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးညှင်းပန်းတာကို အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မစ္စတာ တိုမတ်စ် အိုဟေး ကင်တားနားက ပြောကြားပြီး ရန်ဘက်ပြုနေတာ အဆုံးသတ်ဖို့ ဒီ့ထက်ပိုကြိုးစားပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ငါးရက်ကြာလာရောက်တဲ့ ခရီးစဉ်အပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ကျင်းပတဲ့

ပဋိပက္ခအဆုံးသတ်ရေး ကင်တားနားတိုက်တွန်း


ဗွီအိုအေ (မြန်မာဌာန)
16.02.2013
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီးစဉ် အဖြစ်လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ရဲ့နောက်ဆုံးနေ့က ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ကချင်အမျိုးသားတွေကို ကေအိုင်အေအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုပြီးတော့ မြန်မာစစ်တပ်က တရားဥပဒေမဲ့ ဖမ်းဆီးတာတွေ ဆက်ဖြစ်နေတာ၊ စစ်ဆေးမေးမြန်းနေစဉ်အတွင်းမှာ ညှင်းပန်းနှိပ်စက်တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ စိုးရိမ်မိပါတယ်။” - လို့ မစ္စတာ ကင်တားနား က သတင်းထောက်တွေကို ပြောသွားတာပါ။