Saturday, February 16, 2013

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်

(ဧရာဝတီ)


ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေးတောင်းယူမှုများ ရှိနေဖြင့် လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“စစ် စဖြစ်ကတည်းက ဒေသခံ ပြည်သူလူထုက စစ်တပ်ရော၊ ကေအိုင် အိုရော ၂ ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ခံခဲ့ရတယ်။ တပ်သားသစ် အစုဆောင်းခံရတာ၊ ရွာကို မီးတိုက်သွားတာတွေကို ကျနော် တို့ ပြည်နယ်အစိုးရနဲ့ လူ့အခွင့် အရေး ကော်မရှင်ကို တောက် လျှောက် တိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဘာတစ်ခုမှ အရေးယူလာတာ မရှိဘူး” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

(ဧရာဝတီ)


ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီရေးအတွက် စစ်အာဏာရှင် အဆက် ဆက်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့သော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်များထဲတွင် တဖွဲ့အပါအဝင်ဖြစ်သည့် ရှမ်းပြည် တပ်မ တော် (SSA) တောင်ပိုင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တွင် မဏာမ အပစ်အခတ် ရပ်စဲထားသည်။

SSA တောင်ပိုင်းအဖွဲ့သည် ယခင်က မူးယစ်ဆေးဝါး ကိစ္စနှင့် ဆက်နွယ် ကြောင်း စွပ်စွဲပြောဆိုခံရမှုများရှိခဲ့ပြီး ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကို စီမံကိန်းရေးဆွဲ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ယခင်က သတင်း မီဒီယာ ထိန်းချုပ်မှုများ ရှိခဲ့သော်လည်း ယခုနှစ် ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင် သတင်းမီဒီယာများကို တံခါးဖွင့် ပေးခဲ့ပြီး ရှမ်းတပ် ခေါင်းဆောင်များက လွတ်လပ်စွာ သတင်း မှတ်တမ်း ယူခွင့်၊ ထုတ်ဖော်ရေးသားခွင့်ပြုခဲ့သည်။

KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏  MHH ခေါ် အရပ်သားတပ်ဖွဲ့ တပ်ခွဲ (၅)နယ်မြေတွင် မြန်မာအစိုးရတပ်မှ လွှတ်ထားသည့် ထောက်လှမ်းရေး  ၂ ဦးကို KIA ဖမ်းဆီးလိုက်သည်။

အဆိုပါ အစိုးရတပ်မှလွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲချိန်တွင် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာရှိ ဈေး (Gat Pa)တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မိထ္ထီလာတပ်မ (၈၈)မှ တပ်ကြပ် ထွန်းမျိုးလှိုင် နှင့် ခလရ တပ်ရင်း (၆၉) မှ ဒု-တပ်ကြပ် ကိုငယ် ဆိုသူဖြစ်ကြောင်း MHH တပ်ခွဲ (၅) မှ အရာရှိပြောသည်။

Hpkant Ginwang Na Mung Shawa Dum Nta Ni Dingyang Mya Lu Mya Sha Hkrum Nga

(kachinnet)


Hpakant Ginwang, Seng Tawng Maw Shan Mare hte Ginsi Seng Ra mare na hpyen hprawng kau da ai mung shawa ni a dum n’ta, gat seng ni hpe Myen Asuya Hpyen hpung ni n’ta zaw sutdek zaw ni adup hpaw nna ra ai arung arai ni hpe la kau nhtawm nra ai arung arai ni hpe wan nat jahten kau ya ai lam hpe chye lu ai.

Hawng Ba Ja maw hkan mung Ja htu nga ai mung mare masha ni hpe Ja htu jak langai mi hta gum hpraw kyats (500,000)  Backhoe mawdaw langai mi hta gum hpraw kyats (1,000,000) njaw nmai ngu nna Myen Asuuya Hpyen hpung ni hpyi shagyeng sha nga ai lam hpe buga masha ni kaw nna chye lu ai.

ကချင်အခြေအနေမှန် ကင်တားနားသိနိုင်ဖွယ်မရှိ


Voanews
မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဒီကနေ့မှာတော့ မကြာသေး ခင်က လက်နက်ကို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ကို သွား ရောက်ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေ တွေကို လေ့လာ အကဲ ခတ်ဖို့ ရောက်လာတဲ့ ခရီးစဉ်အတွင်း ကချင်ပြည်နယ်က အခြေအနေ တွေ ကိုတော့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းနိုင်ပါ့မလား စိုးရိမ်မကင်း ဖြစ် တာတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ကို ရောက်လာခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံပါ တယ်။ ဒီနောက်မှာတော့ မကြာသေးခင် အချိန်အထိ လက်နက်ကိုင်

Friday, February 15, 2013

စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို


14.02.2013 (VOA)
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးမင်း အောင် လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော်KIA အနေနဲ့ အမှန် တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင် ကြောင်း  ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ KIA ဖက်က လက်ရှိ ဆွေးနွေးပွဲတွေ အတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက် ပါတယ်။ ညီ ညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တော့ ဒါကို ကြိုဆိုကြောင်းပြောဆိုထားပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအို အေသတင်း ထောက် ကိုမိုးဇော်က သတင်းအပြည့်အစုံ တင်ပြပေးထားပါ တယ်။

KIA ကို အခုလို ဖိတ်ခေါ်လိုက်တာကိုတော့ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင် လှိုင်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိ ကြီး များနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်း ပြောကြားရာမှာ ထည့်သွင်းပြောဆို သွားခဲ့တာဖြစ် ပါတယ်။ နိုင်ငံရေး လေ့လာ သူတွေက နိုင်ငံတော်သမ္မတက KIAအပေါ် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ လွန်ခဲ့တဲ့ နှစ်တွေက အမိန့်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက် လက်ဖြစ်နေခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်ဆိုင်း ဖို့ဟာ

KAHTAN YANG RAMMA NI HPE MYEN HPYEN NI A DUP ZINGRI

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Sinna Ginwang, Dap Ba (2) n pu, KIA Dung (6) up hkang ginra rai nga ai Uru Seng Maw, Hpakant ginwang, Kahtan Yang Maw na buga masha ni gaw KIO Asuya hte myen tai hpyen ni majan byin hpang wa ai kawn buga hpe tawn kau da nna hprawng yen htawt hkawm lai wa sai lam na chye lu ai. N dai zawn hprawng htawt hkawm nga ai kawn myen hpyen ni hku nna buga de bai wa mai nga sai lam tsun ai majaw Kahtan Yang mare na Jinghpaw ramma 2, 3 February (12) ya sha ni mare

KIA မျိုးချစ်ရဲဘော်များနဲ့“ချစ်သူများနေ့”

(ကချင်သတင်းဌာန)


ချစ်သူတွေအတွက် ရင်ခုန်စရာ နေ့ရက် တရက်ဖြစ်သော  ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ကျရောက်သည့် “ချစ်သူများနေ့” တွင် ချစ်သူရှိသူ မရှိသူ အသီး သီး လက်ဆောင်ပန်းစည်းများ ချော့ကလက်များ… စသဖြင့် အစီစဉ် အသီးသီးပြုလုပ်ပြီးပျော်နေကြချိန် အမျိုးမျိုးသောအကြောင်းကြောင့် မျိုးချစ်ရဲဘော်အဖြစ် ရှေ့တန်းတွင်ရောက်ရှိနေသော ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA) ရဲဘော်များကို ၄င်းတို့ချစ်သူများနှင့်ပတ်သက်၍ ချစ်သူများနေ့အမှတ်တရစကားများကို KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန် ဆက်သွယ်မေးမြန်းထားသည်။

ချစ်သူထံမှ အကြိမ်ကြိမ် အရိပ်အယောင်ပြ မေးမြန်းသော်လည်း သတိ မထားမိပဲ တာဝန်ကိုသာ ဦးစားပေးနေသော ခယာဘွမ် (Hka Ya Bum) တောင်ခြေတွင် နေရာယူထားသူ KIA အရာရှိ အားလ ကအခုလိုပြောပါ တယ်။

အကို ဒီနေ့ ဘာနေ့ဆိုတာ သိလား။
ဒီနေ့ ချစ်သူများနေ့ ဆိုတာ ကျွန်တော် ဒီမနက်မှ သိတာ။

မြစ်ကြီးနား ဇီးလွန်ကျောင်း မူလတန်းအဆောင် မီးလောင်ကျွမ်းသွားခြင်းကြောင့် စာသင်ရန် အခက်ခဲဖြစ်နေ

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလ တန်းအဆောင်ဟောင်းတွင် ယမန်နေ့ ဖေဖ၀ါရီ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန်အခက်ခဲရင်ဆိုင်နေရသည်။

ဖေဖော်ဝါရီလ ၂၁ နေ့မှစပြီး  နှစ်ဆုံး စာမေးပွဲများဖြေဆိုရတော့မည့် ကျောင်းသားများသည် ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဇီးလွန်ကျောင်းမှ ဆရာမ ဒေါ်အမာကြည်ပြောသည်။

“တစ်ဆောင်လုံးလောင်သွားတယ်၊ ဝါယားကြိုးဘဲရှော့ဖြစ်တာပဲ နေမှာပေါ့နော် မနေ့ည ၂ နာရီကျော်မှ အားလုံးသိကြတာလေ။ ပြီးတော့မီးတွေက တစ်အားကောင်းနေတာ တစ်ခန်းပြီး တစ်ခန်း လောင်တာ မဟုတ်ဘူး။ အပြိုင်လိုက်ကိုလောင်တာ တစ်ဆောင်လုံးကို အပြိုင်လောင် တာ။ တစ်ခါထဲကို ကုန်သွားတာဘဲ။ ဆွယ်တော်ပင်တွေ ရှိလို့ တခြားကိုမီးမကူးတာ။” ဟု ဆရာမဒေါ် အမာကြည် ကချင်သတင်း ဌာနသို့ပြောသည်။

ငြိမ်းချမ်းရေး လမ်းလျောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်


2013-02-14 (RFA)
ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေအဖွဲ့ဟာ မန္တလေးမြို့မှာ ၂ ရက်ကြာ နားနေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကို ဆက်လက် ခရီးထွက်ခွာခဲ့ကြပါတယ်။ 

အဲဒီအဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့  မဟာမြတ်မုနိဘုရားကြီးမှာ အောင်မြေနင်းခဲ့ပြီး သံဃာတော်တွေနဲ့  နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့နဲ့အတူ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ လွတ်ခဲ့ပါတယ်။

Thursday, February 14, 2013

UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို


ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ကြားခံ အသိ သက်သေအဖြစ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်း အဖွဲ့အား အသိအမှတ်ပြုကြောင်း UNFC မှ ယမာန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု  သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါသည်။

“ ကျနော်တို့နဲ့ အစိုးရအဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ့ဆုံတဲ့အခါမှာ ဂျပန် နိပွန်ဖောင်ဒေရှင်းက ကြားခံ သက်သေ အဖြစ် ဆောင်ရွက်ပေးလိုကြောင်း ရန်ကုန်မြို့ကနေ မနေ့က ဖုန်းဖြင့် ပြောကြားလာတာကို ကျနော်တို့ဘက်က လက်ခံလိုက်တာပါ။” ဟုဆို ပါသည်။

အစိုးရ အဖွဲ့နှင့် တွေ့ဆုံမည့် ရက်ကို UNFC က ချမှတ်နိုင်ပြီး


အဲာပိုန် ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ရာ ယမာန်နေ့တွင် ပြီးဆုံးသွားကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

“အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အ စိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုပါသည်။

“အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”


အစိုးရနှင့်ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးအတွက် ဝင်လုပ်မည် ဆိုက မိမိကိုယ်ကိုအထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

''ကျွန်မကိုဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲမှာ မပါဝင်ဘူးလားဆိုပြီး မေးမြန်းကြ၊ ဝေဖန်ကြတာတွေရှိပါ တယ်။ ကျွန်မအမြဲပါဝင်ချင်ပါတယ်။ အချိန်မရွေးလိုလားတယ်ဆိုရင် ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြီးသားပါ။ ဘာလို့မပါလဲဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါဝင်နိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှဖြစ်မှာပါ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မကို ပါဝင်ဖို့ ကာယကံရှင်များ က လိုလားတယ်၊ ဖိတ်ဆိုတယ်ဆိုရင် ကျွန်မဘယ်တော့မှငြင်းမှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့


ချင်းမိုင်(မဇ္စျိမ)။   ။ ကမ္ဘာ့ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် စားနပ်ရိက္ခာများ စတင်ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းမှာ နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဆိုသည်။

ကုလမှ စားနပ်ရိက္ခာ သယ်ဆောင်လာသော ဆယ်ဘီးကား ၇ စီးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ရောက်ရှိလာမည်ဟု ဆိုသဖြင့် KIA တပ်ဖွဲ့များအား လုံခြုံရေး တာဝန်ယူရန် ညွန်ကြားထားသည်ဟု KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးဇော်ဒွဲက ပြောသည်။

စားပွဲဝိုင်းပေါ်တွေ့ဆုံမည်ဟု သမ္မတ၏ ပြောဆိုမှု အပေါ် KIO ကြိုဆို

(ကချင်သတင်းဌာန)


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကို ကြိုဆိုကြောင်း လူထုကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်၌ KIO ခေါင်းဆောင်များသို့ လိပ်မူသော သမ္မတ၏ လက်မှတ်ထိုးပေးပို့သည့် စာတွင် “ကျနော်တို့အားလုံး တနိုင်ငံတည်းမှာ တရေထဲသောက် တမြေထဲနေကြသူ တိုင်းရင်းသားများဖြစ်ကြပြီး အယူအဆ ကွဲလွဲနိုင်တာကို ကျနော့်အနေနဲ့ နားလည်စာနာပါတယ်။  ပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်။” 

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံရန် စီစဉ်နေ


Thursday, 14 February 2013 (Eleven Media Group)

အစိုးရနှင့် KIO ယခုလကုန်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်
ပြောကြားခဲ့သည်။


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ရွှေလီမြို့၌ နှစ်ဖက်တွေ့ဆုံမှု များ ပြုလုပ်ခဲ့ကြသည်။ 
ထိုသို့ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ တိုးတက်မှုရရှိခဲ့ပြီး ယခုကဲ့သို့ ထပ်မံတွေဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Wednesday, February 13, 2013

အစိုးရ တပ်ဖွဲ့မှ KIA တပ်ဖွဲ့အား နောက်ယောင်ခံ နှောင့်ယှက်နေ

(ရွှေဟင်္သာသတင်းဌာန)


ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှား နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အစိုးရ တပ်ဖွဲ့ မှ နယ် မြေစိုးမိုးရေး အတွက် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်သည် ဟု တပ်ရင်း (၆) ရင်းမှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲက ဆိုပါသည်။

“ကျနော်တို့ နဲ့ အစိုးရ အဖွဲ့တွေ တရုတ်မှာ ဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်း တနေ့က (၁၁) ရက်နေ့မှာလည်း အစိုးရတပ်နဲ့ ကျ နော်တို့ တပ်ရင်း (၆) တပ်ဖွဲ့တွေ တွေ့ဆုံမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ တပ်ဖွဲ့ဘက်က နယ်မြေ စိုးမိုးရေး အတွက် ဆိုပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေ တယ်။ ကျနော်တို့ ရှိတဲ့ နေရာအထိ ရောက်လာတတ်တယ် ဆိုတော့ အခန့်မသင့်ရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမဲ့ အနေအထားရှိနိုင်တယ်ဗျ။ ” ဟု ဆိုပါသည်။

အစိုးရတပ် နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်နေရာယူလိုက်

(ကချင်သတင်းဌာန)


မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်းတစ်ခုဖြစ်သော် ဂျော်မော် (Jaw Maw)စခန်းကို အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည်နေရာယူလိုက်ကြောင်း သိရသည်။

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) နယ်မြေရှိ (KIA) ဂျော်မော် (Jaw Maw) ရှေ့တန်းတပ်စခန်းကို အစိုးရတပ်ဖက်မှ ရိက္ခာပြတ်လပ်မှုကြောင့် ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု တပ်မဟာ (၅) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )


သျှမ်းသံတော်ဆင့်

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။ 

မေး - စစ်တပ်တွင်း သူရဘွဲ့တွေ ချီးမြှင့်တဲ့ အခြေအနေ အရင်ပြောပေးပါဦး။
ဖြေ - ဒီလ ၈ ရက်နေ့ကပဲ ဗမာတပ်တွင်း ပြန်တမ်းတစ်စောင်အရ သူရဘွဲ့ ၃ ယောက် အပါအဝင်  သူရဲကောင်း မှတ်တမ်းဝင်က ၇၈ ယောက် ၊  နောက်တစ်ခုက ဒုဗိုလ်ချုပ်ကြီး လှဌေး ၀င်းအပါအဝင် ဒုဗိုလ်ချုပ်ကြီးအဆင့်  ၃ ဦးနဲ့  စုစုပေါင်း ၁၅၀၀ ကျော်ကိုတော့ တပ်မတော်သားကောင်းဆုတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

မေး - ဘယ်တပ်တွေပါပြီးတော့ ဘယ်လိုလူတွေကို ဆုတံဆိပ်တွေပေးခဲ့သလဲဆိုတာလည်း သိပါရစေ။
ဖြေ -  ၉၉ ရာခိုင်နှုန်းက ကချင်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်က စစ်မှုထမ်းတွေ တပ်မ ၈၈ ၊ တပ်မ ၉၉ သက်ဆိုင်ရာ မပခအောက်ကတပ်တွေကို ပေးခဲ့တယ်။

လွတ်လပ်ရေးရပြီးမှ သူတောင်းစားဘ၀ရောက်


သျှမ်းသံတော်ဆင့်

ပြည်ထောင်စုနေ့အခါသမယမှာ ပြည်ထောင်စုသားတွေနဲ့ဆိုင်တဲ့ ပင်လုံညီလာခံ အကြောင်းသွားစဉ်းစားမိပါတယ်။ ပင်လုံ ညီလာခံဆိုတာနဲ့တပြိုင်နက် အခု နိုင်ငံရေးအခြေအနေမှာလဲ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒုတိယ ပင်လုံညီလာခံလုပ်မယ်လို့ ပြောနေကြတာကိုလဲတွေးမိပါတယ်။
ဒုတိယပင်လုံညီလာခံလုပ်တော့မယ်ဆိုရင် ပထမပင်လုံလောက် ကောင်းအောင်လုပ်နိုင်မလား။ အဲဒီထက်ပိုကောင်းလာ မလား သို့မဟုတ် အဲဒီထက်ပိုဆိုးနေမလား- စဉ်းစားစရာဖြစ်နေပါတယ်။

ဘာပြုလို့လဲဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တချို့က မလုပ်ရသေးတဲ့ ဒုတိယပင်လုံကိုသိပ်ပြီးလက်မခံချင်ဘဲ ပထမပင်လုံကဘဲ အကောင်းဆုံးဖြစ်တယ်လို့ ပြောနေကြပါတယ်။
ပထမပင်လုံမှာကော ဘာတွေပါလို့လဲ။ ပြန်ကြည့်မယ်ဆိုရင် ပင်လုံမှာ သဘောတူညီချက် ၉ ချက်ရှိတယ်လို့ဆိုပေမယ့် ချုပ်ကြည့်ရင်တော့ အဓိကအချက်ကြီး ၅ ချက် တွေ့ရပါမယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော

(ဧရာဝတီ)


အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားသည့် ကချင်ပြည်နယ်၌ သေနတ်သံများရပ်စဲပြီး ငြိမ်းချမ်းရေးရောင်ခြည်သန်းတော့မည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော ၆၆ နှစ်မြောက် ပြည် ထောင်စုနေ့ အခမ်းအနား၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သည်။

“တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး KIA တဖွဲ့နှင့်သာ ဆွေးနွေး နေဆဲအဖြစ် ကျန်ရှိနေ ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိ ခဲ့သည့်အတွက် မကြာမီ ကချင်ပြည် နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတော့မည် ဖြစ်ကြောင်း၊ KIA နှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ် နောက်ပိုင်း မြန်မာ တနိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ကြောင်း”ဟု ဦးသိန်းစိန် က ပြောသည်။

သြစတြေးလျားတွင် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲပြုလုပ်


မြန်မာပြည် ဒီမိုကရေစီရရှိရေး တပ်ပေါင်းစု(JACDB)မှ ဦးဆောင်၍ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကို သြစတြေးလျားနိုင်ငံမြို့တော် ကန်ဘာရာ(Canberra)ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ နေ့လည် (၁၂)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ထိုငြိမ်းချမ်းရေးဆန္ဒပြပွဲသို့ ဒီမိုကရေစီအင်အားစုများဖြစ်သည့် ရဟန်းပျိုသမဂ္ဂ ဥက္ကဌ ဦးခေမာစာရ အပါအဝင် ABSDF ကျောင်း သားရဲဘော်များ၊ NLD(LA) ကိုယ်စားလှယ်များ၊ ဝါကာဝါကာမှ ကချင်အရေး တက်ကြွသူ များနှင့် ကန်ဘာရာရှိ အဝေးရောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ သျှမ်း တိုင်းရင်းသားပေါင်းစုံ စုစုပေါင်း ၁၀၀ကျော် ပါဝင်ခဲ့ကြသည်။

ပြည်ထောင်စုနေ့ ဆိုတာ တိုင်းရင်းသားတွေ အလိမ်ခံရတဲ့ နေ့လား....

(Kachinduwa)


ပင်လုံစာချုပ်- ဖေဖေါ်ဝါရီလ ၁၂ ၁၉၄၇


ဗမာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင် အချို့နှင့်စဝ်ဖများအားလုံးတို့အပြင်၊ ရှမ်းပြည်နယ်များ၊ ကချင်ပြည်နယ်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှကိုယ်စားလှယ်များတက်ရောက်သော ပင်လုံမြို့တွင် ကျင်းပသည့်အစည်းအဝေးကြီးတစ်ရပ်တွင်-
    ကြားဖြတ်ဗမာအစိုးရ နှင့်ချက်ချင်းပူးပေါင်းခြင်းဖြင့် ရှမ်းပြည်၊ကချင်နှင့်ချင်းတို့သည်လွတ်လပ်ရေးကိုပိုမို၍
    လျင်မြန်စွာ ရရှိလိမ့်မည်ဟုအစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိပဲ
    အောက်ပါအတိုင်းသဘောတူကြလေသည်။

    ၁။တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ)၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များက
    ထောက်ခံချက်အရတောင်တန်းသားများ၏ကိုယ်စားလှယ်တစ်ဦးကိုဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသ
    များကိစ္စနှင့်ပက်သက်၍ ဆောင်ရွက်ရန် အတွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်ထားမည်။

KIA HTE MYEN HPYEN NI N MYIT MADA HKRUM ZUP

(Jinghpawkasa)


Wunpawng Mungdan Shanglawt Asuya Sinna Ginwang Dap Ba (2) n pu, Hpakant Ginra Dap Dung (6) n pu na, kung (6) hte (9) Dujum Ju La Doi woi awn ai Lai Nawng Hku, Ja Ra Yang shara de myen hpyen ni a kajawng shang wa ai lam shiga na chye lu ai. Mabyin gaw lai wa sai Februay (11) ya shani hkying (1:00PM) ten ram hta myen hpyen dap Dujum Yan Naing hte Dujum Hkyin Maung Htwe woi awn ai masat (102) hpyen dap ni KIA myu tsaw share ninghkring ni nga ai Ja Ra Yang de a kajawng sha du shang wa ai re lam, n dai zawn n myit mada ai sha KIA myu tsaw share ninghkring ni hte myen hpyen hpung ni hkrum

N LU LA AI TSAW MYIT

(Jinghpawkasa)


Lahtaw Ja Roi

Nye a Mying gaw, anhte amyu mying hku Vasana ngu shaga ai re. Nu yan Wa gaw Thai mung e nga ai Miwa amyu re. 

Ngai kahpu 2, Kana 2, Kanau La kasha 1 hte Num kasha 1 lu nngai. Annau ni yawng marai 7 rai ga ai. Anhte gaw Bangkok mare kaba shingnawm kaw de da ai lawk langai kaw nga ga ai. 1968 ning hta ngai gaw, laika hpaji tsang 7 hta sharin la ngut nhtawm, Sara Tai Jawng lung nga ai ten re.

တန်ဖိုး

(Jinghpawkasa)


 ဒို့ကို BGF လက်ခံဖို့ (ဝါ) ကျွန်ခံစေဖို့၊ ကလေး ကလားဆန်ဆန် မြူဆွယ် ခဲ့ကြတယ်။ ဒို့ကလေးမှ မဟုတ်တော့တာ။

သူ့ကျွန် မခံချင်လို့ (ဝါ) အဖိနှိပ် မခံချင်လို့ ကိုယ်ပိုင် အုပ်ချုပ်မှု ရရှိဖို့ တော်လှန်ရေး လုပ်လာတာ အနှစ် ၅၀ ကျော်ပြီဘဲ။ အခုတောင် ၅၃ နှစ်ရှိသွားပြီ။

အဲဒီတော့ - မုန့်ကျွေးတာ မစားချင်ရင်၊ ဒုတ်ကျွေးရလိမ့် မယ်လို့ မင်းအောင်လှိုင်က ခြိမ်းခြောက်တယ်။

Tuesday, February 12, 2013

တိုက်ပွဲများ ဆက်လက်မဖြစ်ပွားစေရန် KIA မှ ရှေ့တန်းတပ်သို့ညွန်ကြားထား

(ကချင်သတင်းဌာန)


ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အစိုးရတပ်နှင့် တွေ့ဆုံဆွေးနွေး မှုလုပ် နေစဉ်အတွင်း ရှေ့တန်းသို့ ရောက်ရှိနေသည့် ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရသည်။

ယခုလ တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခင်ကတည်းက KIA ရှေ့တန်းသို့ ညွန်ကြားထားခြင်းဖြစ်ပြီး ယခုချိန် နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရပ်ဆိုင်းနေသည်ဟု ရှေ့တန်းမှ အရာရှိတဦးပြောသည်။

“ကိုယ့်ဘက်ကနေစပြီး သွားမပစ်ဖို့၊ တတ်နိုင်သမျှကိုယ့်ဘက်က မမှားဖို့ ပြဿနာမဖြစ်ဖို့ရန် ရှေ့တန်းမှာရှိနေတဲ့ သူများအားလုံးကို ညွှန်ကြားထားတယ်။ ဒါမဲ့ သူတို့ဘက်က တဇွတ်ထိုး ထိုးစစ်တိုက်လာရင်တော့ပစ်မယ်လို့ ပြောထားတယ်။” ဟု ရှေ့တန်းရှိ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ ပြောသည်။

ဘာကြောင့် ဖက်ဒရယ်မူတောင်းကြသလဲ ....


ပြည်ထောင်စုစနစ်တွင် အာဏာနှင့် အခွင့်အရေး ခွဲဝေပုံမှာ သုံးမျိုးသုံးစားသာရှိသည်။ ၄င်းတို့မှာ
(၁) ပြည်ထောင်စုစစ်စစ် နိုင်ငံများတွင် (extreme type of federal system) ဗဟို ပြည်ထောင်စုအား အများနှင့် ဆိုင်သော အာဏာနှင့် အခွင့်အရေးများသာ ပေးထားပြီး ကျန်အာဏာနှင့် အခွင့်အရေးများ အားလုံး (residuary powers) ကို ပြည်နယ်များတွင် အပ်နှင်းထားသည်။ ဥပမာ - ဆွစ်ဇာလန် ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေလျ။

(၂) ပြည်ထောင်စု မစစ်တစစ်နိုင်ငံများ တနည်းအားဖြင့် ပြည်ထောင်စု အပြော့စားနိုင်ငံများတွင် (weak type of federal system) ၊ ပြည်နယ်များအား အသင့်အတင့် အာဏာနှင့် အခွင့်အရေးများ ခွဲဝေပေးပြီး ကျန်အာဏာနှင့် အခွင့်အရေးအားလုံးကို ဗဟိုပြည်ထောင်စုက သိမ်းပိုက်ထားသည်။ ဥပမာ - ကနေဒါ ၊ တောင်အာဖရိက ပြည်ထောင်စု ၊ ပြည်ထောင်စု မြန်မာနိုင်ငံ။

မြစ်ကြီးနား 'ပြည်ထောင်စုနေ့အခမ်းအနား' အနှစ်သာရမရှိဟု ဒေါက်တာတူးဂျာပြော


ချင်းမိုင်(မဇ္စျိမ)။   ။ မြစ်ကြီးနားမြို့တွင် “ပြည်ထောင်စုနေ့” အခမ်းအနား ကျင်းပ ပြုလုပ်သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး မရသေး၍ အနှစ်သာရ မရရှိကြောင်း ကချင်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာတူးဂျာ က ပြောဆိုလိုက်သည်။

မြစ်ကြီးနားမြို့ လွှတ်တော် ရုံးရှေ့တွင် အင်္ဂါနေ့က ပြုလုပ်သည့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းဖတ်ကြားခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်း စသည်ဖြင့် အခမ်းအနား အကျဉ်းရုံး
သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ကျနော်တို့ နိုင်ငံအတွက် အရေးကြီးတဲ့ နေ့တနေ့ပါပဲ။ ဒါပေမယ့် ပြည်ထောင်စု စစ်စစ် မဟုတ်သေးတော့
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာလည်း အနှစ်သာရ အပြည့်အဝ မဟုတ်သေးဘူးလို့ ခံစားမိတယ်။ မြို့နယ် လူထုလောက်ပဲ တက်ရောက်နိုင်တာကိုး။ တောနေ လူထုက တက်ရောက်လာနိုင်တာ မရှိဘူး။ ခုချိန်ခါမှာ

မြစ်ဆုံအဓွန့်ရှည်ရေး ၁၆ ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မ ပွဲတော်


မြစ်ကြီးနား (မဇ္ဈိမ)။   ။ တိုင်းပြည်တဝှမ်း ငြိမ်းချမ်းကာ ကျမ်းမာပျော်ရွှင်သော နိုင်ငံ ဖြစ်ရန်အတွက် မြစ်ကြီးနား
မြို့နယ်၊ တန်ဖရဲကျေးရွာ (ဧရာဝတီ မြစ်ဆုံဘေး)ရှိ မာရိယာ ကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းဝင်းတွင် ၁၆ ကြိမ်မြောက် ပွဲတော်ကို တနင်္လာနေ့က ကျင်းပခဲ့ကြရာ ပရိသတ် ၂,၀၀၀ ကျော် တတ်ရောက်ခဲ့ကြသည်။

“ပွဲတော်ကျင်းပခွင့်ကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသလုံခြုံရေး တပ်ရင်းနှင့် ရဲစခန်းသို အကြောင်းကြားကာ အသင်းတော် ခေါင်းဆောင်များ၊ အစိုးရဝန်ထမ်း အချို့ နှင့် လူမူရေးအသင်းအဖွဲ့များ၏ ကူညီမူဖြင့် အစီအစဉ်များကို
ချောမွေ့စွာ ကျင်းပနိုင်ခဲ့တယ်။ အရင်ကဆိုရင် ဌာနဆိုင်ရာ ၁၀ ခုသို့ ကြိုတင်ခွင့်ပြုချက် ယူရတယ်” ဟု ပွဲတော်
ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ဂျာခေါန် က ပြောသည်။

ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျှင် ငြင်းမည်မဟုတ် ဒေါ်အောင်ဆန်းစုကြည် ပြော

(ဧရာဝတီ)


ကချင် အရေး၊ ရခိုင် အရေး အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကာယကံရှင်များက လိုလားစွာ ဖိတ်ခေါ်ပါလျှင် ငြင်းပယ် မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာဟာ ကာယကံရှင်တွေက လိုလားမှ ဖြစ်မှာပါ။ ကာယကံရှင် တွေရဲ့ လိုလားမှု တောင့်တမှု တောင်းဆိုမှု မရှိဘဲနဲ့ ၀င်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာ လည်း ရောက်ပါတယ်။ ကျမကို လိုလားတယ်။ လုပ်ပေးစေချင်တယ် ဆိုရင် တော့ အချိန်မရွေး လုပ်ပေးပါ့မယ်ဆိုတာ ဒါ တရား ၀င် ဒီနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဒါ ကျမ ပြောပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Laiza Muklum Na Mung Shawa Ni Jarit Hka Mayan Sanseng Lam Galaw

(Kachinnet)


2013 February (11) ya shani jahpawt hkying (10:00)am kaw nna hkying (02:00)pm aten ram du hkra Laiza hka mayan kaw shanu nga ai mung shawa ni gaw myit hkrum myit ra hte Laiza hka hpe san seng san pan lam galaw ai lam hpe chye lu ai.

Laiza Hka gaw Miter (5) ram dam ai hka rai nna Jinghpaw Mung, KIO Ginjaw Laiza Muk Lum hte Miwa Gumsan Mungdan, Na Bang mare na jarit hka rai nga ai ndai hka gaw Mung Lai Hka kaw wa zup ai lam hpe chye lu ai. 

ဖားကန့်တွင် ကျောက်စိမ်းရိုင်းများကောက်နေသော ပြည်သူများကို အစိုးရတပ်မှ မောင်းထုတ်နေ

(ကချင်သတင်းဌာန)


မြေစာပုံတစ်ခုတွင် ရေမဆေး ကျောက်စိမ်းလုကောက်နေတဲ့ ပြည်သူများ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဒေသတွင် ကျောက်စိမ်းရိုင်းများ (ရေမဆေး) ကောက်နေသောအရပ်သား ပြည်သူများကို မြန်မာအစိုးရတပ်ဖွဲ့များမှ အဓ္ဓမမောင်းထုတ်နေကြောင်း သိရသည်။

နေပြည်တော် အခြေစိုက် လုံထိန်းရဲတပ်ဖွဲ့များနှင့် စစ်တပ်ဖွဲ့များပူးပေါင်း၍ ရေမဆေး ကောက်သူများနှင့် ကျောက်စိမ်းတူးနေသော ပြည်သူလူထုများကို ကျောက်စိမ်းမှော်များမှ ပြန်သွားရန် အသံချဲ့စက်များဖြင့် ပြောနေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Monday, February 11, 2013

လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများမှ တောင်းဆို


ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ကချင်ခရီးစဉ်တွင် ဒေသခံ ပြည်သူများက ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး မြစ်ကြီးနား၊ ပူတာအို၊ မိုးညှင်းတို့ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား များ စည်းလုံးညီညွတ်မှုရှိရန် လုပ်ငန်းများဆောင်ရွက်ရန် ကချင်ပြည် နယ်သို့ သွားရောက်ကာ ပြည်သူ့အသံနားထောင်ခြင်း ဖြစ်သည်ဟု မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံစဉ် ပြောကြောင်း မြစ်ကြီးနားဒေသခံ ဒေါ်ဂျာဆိုင်းခွန်က မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား မန္တလေးမှ ကချင်လူငယ်များ ကြိုဆို

ချင်းမိုင် (မဇ္စျိမ) ။ ။ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ် နေ သော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်း များနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့မှ ကချင်တိုင်းရင်းသား ၅၀ ဦးတို့ က ကချင်ရိုးရာဓလေ့ထုံးတန်းအရ ကြိုဆိုပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက် လာသူများအား ယနေ့ နံနက် ၁၁ နာရီကျော်တွင် သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့မုတ်တွင် ကြိုဆိုခဲ့သည်ဟု ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ချို့ ပင်ပန်းမှုဒဏ် ခံစားနေရ


2013-02-10 (RFA)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူ တွေ ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒီကနေ့ဆိုရင် မန္တလေးတိုင်း၊ ပလိပ်မြို့ ကို ရောက်ရှိနေပြီး လမ်းလျှောက်သူတွေထဲက သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် တချို့ဟာ ပင်ပန်းမှု ဒဏ်ခံစားနေရပါတယ်။ 

ရန်ကုန်က စတင်ထွက်ခွာခဲ့တဲ့ အဖွဲ့ဟာ အခုဆိုရင် ရက်သတ္တပတ်၃ ပတ်မြောက် ရှိလာပြီဖြစ်ပြီး လမ်းခရီး ပင်ပန်းလွန်းတဲ့အတွက် သံဃာ တော် (၁) ပါးဟာ ခြေထောက်အရိုး ထိခိုက်ထားပြီး နောက်ထပ် သံဃာ တော် (၂) ပါးကတော့ ခြေထောက်တွေ ယောင်ယမ်းလာတာကြောင့် သီတင်းသုံးရာ စစ်ကိုင်းကို ပြန်လည်ကြွသွားပြီလို့သိရပါတယ်။