Saturday, February 9, 2013

ကချင်လူမျိုး သတ်တဲ့ ဗမာ သူရဲကောင်း များ စာရင်း ထွက်ပြီ။

(Kachinduwa)

သမ္မတကြီးက ထိုးစစ်မဆင်ပါဘူး ဆိုပြီး တလျှောက်လုံး ဘူးခံနေလျှက် အခုတော့ သူရဲကောင်းဘွဲ့တွေတောင် တသီတတန်းကြီး ပေးနေပြီ။ ဘာအတွက် သူရဲကောင်းလဲတော့ မသိဘူး။ ကချင်ရွာ ၂၀၀ ကျော် နဲ့ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၆၆ ပါး ဖျက်ဆီး လိုက်နိုင်လို့ ထင်ပါတယ်။ (http://kachinduwa.blogspot.com/2013/01/blog-post_31.html) ကချင်အရပ်သား အများအပြားကိုလဲ သတ်နိုင်ခဲ့ပါတယ်။ မဒိမ်းကျင့်ခဲ့ကြတယ်။

ရွာ ပျက်စီး သွားလို့ နေစရာအိမ် မရှိပဲ အခုထိ စစ်ပြေးဒုက္ခသည်ဘ၀ အနေနဲ့ ခိုလုံ နေရတဲ့ ကချင်လူမျိုး တစ်သိန်းကျော် ရှိနေပါတယ်။ ကချင်ပြည်နယ်များ ကချင်တွေပဲ နေတာ မဟုတ်ဘူး ဆိုပေမယ့်၊ ဒုက္ခသည်ကျတော့ ကချင်လူမျိုးတွေပဲ ဖြစ်နေရတာလဲ တမျိုးပဲနော်။
ကေအိုင်အေ သာ ရွာဖျက် စစ်ကြောင်းများကို မခုခံနိုင်ခဲ့လျှင် ကချင်ရွာသားများ ပြေးချိန်တောင် ရလိုက်မှာ မဟုတ်ပါ။ Nam Lim Pa ရွာ ရဲ့ အဖြစ်အပျက်လေးက သာဓက တခု ဖြစ်သည်။ စစ်ကြောင်းများ ရွာထဲ ၀င်လာတော့ ခါတိုင်း လာနေကျ စစ်တပ်များ အထင်နဲ့ ငေးကြည့်နေကြတဲ့ ရွားသားများ လမ်းဘေး စော့နေတဲ့ ကလေးများပါ မကျန် သရစပ် ပစ်သတ်သွားကြောင်း၊ နော်ဝေ နိုင်ငံ အခြေစိုက် Partners Relief & Development အဖွဲ့ရဲ့ Crimes in Northern Burma အစီရင်ခံစာမှာ စုံစုံလင်လင် ဖေါ်ထုတ်ထားပါတယ်။ (http://www.burmacampaign.org.uk/images/uploads/Crimes_in_Northern_Burma.pdf)

သယံဇာတ ချုပ်ကိုင်ရေးစစ်ပွဲ နဲ့ ကချင်တိုင်းရင်းသားအရေး

08.02.2013 (VOA)

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဖေဖေါ်ဝါရီလ (၄) ရက်နေ့က ရွှေလီမြို့   မှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြပေမယ့် စစ်ပွဲရပ်စဲတဲ့အဆင့်ကို မရောက်သေးတာ တွေ့ရပါတယ်။ စစ်ပွဲစောင့်ကြည့်ဖို့၊ စစ်အရှိန်ကျဆင်းဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် ဂတိပြုကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အစိုးရက ဆွေးနွေးဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်အချို့ ကတော့ စစ်အင်အားသုံးပြီး နှိမ်နင်းဖို့သာ လိုလားကြပါတယ်။ ကချင်ပြည်နယ်မှာ သယံဇာတ ထုတ်ယူနေတဲ့ အခွင့်ထူးခံ အရင်းရှင် ဦးတေဇကလည်း ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်အတွက် နှစ်ဆန်းပိုင်းက ကျပ်သန်း (၇၀) လှူဒါန်းသွားပါတယ်။ ကချင်ပြည်နယ်စစ်ပွဲဟာ နယ်မြေလုပွဲလို ဖြစ်နေပါတယ်။

KIO/KIA မပေါ်ခင်ကတည်းက မြစ်ကြီးနား၊ ဗန်းမော်နဲ့ မီးရထားလမ်းတလျှောက်က မြို့ လေးတွေကို ဗမာအစိုးရအုပ်စိုးတာမို့ KIO/KIA ဟာ ကျေးလက်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ်ကိုသာ ချုပ်ကိုင်နိုင်ပါတယ်။ ဒါကြောင့် KIA ချုပ်ကိုင်တဲ့ နယ်မြေဟာ ကျယ်ဝန်းပေမယ့် ဟိုတကွက်ဒီတကွက် ဖြစ်နေပါတယ်။

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ


သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” (Za) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၀ ခန့် ဖျားနာနေသလို ဆေးဝါးများ ပြတ်လပ်နေသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

ဖျားနာသူ အယောက် ၃၀ ခန့် ဆေးခန်းသို့ နေ့စဉ် ရောက်ရှိနေသော်လည်း ဆေးဝါး ပြတ်လပ်နေသဖြင့် ရောဂါနှင့် သက်ဆိုင်သည့် ဆေးများ မပေးနိုင်ဘဲ ရောဂါနှင့် နီးစပ်သည့် ဆေးများကိုသာ စပ်ပြီးပေးနေရကြောင်း စခန်းအတွင်း ကျမ်းမာရေးစောင့်ရှောက် ပေးနေသည့် ဆရာဝန် ယော်ထုံကပြောသည်။

အစိုးရတပ်များ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားနေဆဲ


သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား စစ်ရေးတင်းမာမှုများလျှော့ချနိုင်ရေး အကောင်အထည်ဖော်ရန် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ပြီးနောက် ကချင်ဒေသအတွင်း ပြင်းထန်သည့်တိုက်ပွဲများ မရှိသေးသော်လည်း အစိုးရတပ်ဖွဲ့ဖက်မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီမှ ယနေ့မနက် ၃ နာရီထိ လ၀ါယန်နှင့် လဂျားယန် တောင်ကုန်းတွင် နေရာယူထားသော အစိုးရတပ်ဖွဲ့များက KIA ဌာနချုပ် လိုင်ဇာအနီး KIA တပ်စခန်းများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

Friday, February 8, 2013

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်


08.02.2013 (VOA)
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး အများစုက အခမ်းအနား တက်ရောက်ဖို့ကို လက်ခံထားပေမဲ့ KIA ဘက်တော့ တက်ရောက်ဖို့ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။  ဘာကြောင့် KIO အဖွဲ့က တက်ရောက်ဖို့ ငြင်းဆိုထားသလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါအ၀င် အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြား ထားတာဖြစ်ပါတယ်။

အခုလို ဖိတ်ကြားထားတဲ့အကြောင်းကို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် အခုလို အတည်ပြုပြောပါတယ်။

တိုက်ပွဲ ဆုံးသတ်ရေး အခမ်းအနားကို KIA ကပြုလုပ်

(ရွှေဟင်္သာသတင်းဌာန)


KIA တပ်ဖွဲ့သည်  အစိုးရ တပ်ဖွဲ့တို့နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို ပြန်လည် သုံးသပ်ရေး အခမ်းအနားတရပ်ကို KIA ဗဟို ဌာနချုပ် အနီးရှိ လဝါယန်စခန်းတွင် ယနေ့မနက် ပြုလုပ်သွားကြောင်း တက်ရောက်သူ ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်ကျော်က ပြောပါသည်။

“တိုက်ခဲ့တဲ့တိုက်ပွဲကို ပြန်ပြီးတော့ သုံးသပ်တဲ့ အခမ်းအနားကို ဒီနေ့ လုပ်ဖြစ်တာပါ။ ဒီတိုက်ပွဲမှာ လေယာဉ်နဲ့ပစ်တယ်။ လက်နက်ကြီးသုံးပြီးပစ်တယ်အပါဝင်ပေါ့လေ လူအင်အားတွေလည်း များများ သုံးထားတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ တောင်ကုန်းတွေ ဆုတ်ပေးခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုဘဲ ဆုတ်ရဆုတ်ရ သော်လည်းဘဲ ကျနော်တို့ရဲ့ စိတ်ဓါတ်ဟာ ခိုင်မာ သထက်ခိုင်မာနေတယ် ဆိုတာတွေ့ရတဲ့အတွက် ဒါဟာ ဒီတိုက်ပွဲရဲ့ အဓိကအားသားချက်တွေလို့ သုံးသပ်ပါတယ်။” ဟုဆို ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအား လက်တွေ့ကျစေရန် ကုလ တွန်းအားပေးသင့်

(Mizzima)


အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအား အပြုသဘောဆောင်သည့် လက်တွေ့ လုပ်ငန်းစဉ်များအဖြစ်ပြောင်းလဲ လုပ်ကိုင်နိုင်စေရန်  ကုလသမဂ္ဂ အဖွဲ့  မှ တွန်းအားပေးသင့်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောသည်။

၎င်းက “ကုလသမဂ္ဂ အနေနဲ့ အစိုးရကို လက်တွေကျတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေလုပ်ဖို တွန်းအား
ပေးသင့်ပါတယ်။ တစ်ဖက်က တိုက်လို့ ပြန်တိုက်တယ် ဆိုတာမျိုး မလုပ်အောင် နှစ်ဖက်လုံးကိုလည်း တွန်းအားပေးရမယ်။” ပာု ဆိုသည်။

ယခုလက်ရှိတွင် ကချင်စစ်ပွဲများတွင် တစ်ဖက်နှင့် တစ်ဖက် ထိုးစစ်ဆင်မှုများသည် အလွန်ပင်နီးကပ်လျှက် ရှိကြောင်း ဦးဆန်အောင်၏ ပြောကြားချက်အရ သိရသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်



ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တရပ် ထုတ်ပြန်နိုင်ခဲ့သည်။ နှစ်ဖက်တွေ့ဆုံနိုင်ရန် တရုတ်အစိုးက ကြားဝင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ရွှေလီတွင် တွေ့ဆုံမှုအပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။ တွေ့ဆုံပွဲတွင် ကချင်ဘက်မှ ဦးဆောင်တက်ရောက်သူ တဦးဖြစ်သည့် အမြဲတမ်း ဗဟိုကော်မတီဝင်၊ KIO ပညာရေးဌာန တာဝန်ခံနှင့် KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဧရာဝတီ သတင်းထောက် လဖိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။     ။ အစောပိုင်းက “၀” နယ်မှာ တွေ့ဖို့ စီစဉ်ထားတာကနေ ဘယ်လိုကြောင့် ရွှေလီကို ရွှေ့သွားတာပါသလဲ။
ဖြေ ။     ။ “၀” မှာ စီစဉ်ထားတာက မဖြစ်တော့ဘူးလေ။ ဘာကြောင့်ပျက်သွားလဲဆိုတာ ကျနော်တို့လည်း တိတိကျကျမသိဘူး။ ရွှေလီမှာဖြစ်တာက ဗြုန်းဒိုင်းဖြစ်လာတာ။ ကျနော်တို့ အစီအစဉ် မရှိပေမဲ့ တရုတ်နိုင်ငံခြားရေးရုံးက အရာရှိတွေက ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ခေါ်ထားပြီ၊ ဦးအောင်မင်းတို့ တရုတ်ပြည်မှာ ရောက်နေပြီ၊ ဒါကြောင့် လာတွေ့ပါဆိုပြီး မရမက လာခေါ်တာကြောင့် ကမန်းကတန်း သွားလိုက်ရတာ။ တကူးတက လာပြောတာကို မသွားဘူးဆိုရင်လဲ မကောင်းတာကြောင့်ပါ။ အစည်းအဝေး အစီအစဉ်ဘာမှ မရှိဘူးတဲ့၊ တွေ့ရုံပဲ၊ အဲလိုပြောတာ။ ဒါကြောင့် သွားတွေ့တာဖြစ်တယ်။

ကချင် စစ်မြေပြင် ခရီးတခေါက်

(ဧရာဝတီ)


ရန်ကုန်ကနေ ရှမ်းပြည်နယ် လားရှိုးမြို့ မန်စီ အဝေးပြေးဝင်းကို ရောက်ခါနီးမှာ တရုတ် ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တွေ အများကြီးကို တွေ့လာရတယ်။ မူဆယ်ကိုရောက်တော့လည်း မြန်မာဖုန်းသုံးတာ တော်တော်နည်းတာကို တွေ့ရတယ်။ ရှိသမျှလူတွေ အားလုံးလိုလို လက်ထဲမှာ တရုတ် ဖုန်းကို ကိုင်ထားကြတယ်။

မိန်းကလေးတွေလည်း ပါဝင်တဲ့ ကျနော်တို့ သတင်းသမားတွေရဲ့ ဇန်န၀ါရီလလယ်က ခရီးစဉ်ပါ။ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ ကချင်ပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်ဝိန်းကြီးမြို့ကို အရင်ဆုံး သွား။ အဲဒီကနေမှ တရုတ်နိုင်ငံဘက်ကိုဖြတ်၊ မိုင်ဂျာယန်မြို့ကိုဝင်၊ ပြီးမှ လိုင်ဇာမြို့ကို ဆက်သွား။ အဲဒီ အစီအစဉ်အတိုင်း ကချင် ဒေသ ရှေ့တန်း စစ်မျက်နှာရှိရာကို ခရီးထွက်တာပါ။

မူဆယ်မြို့ကနေ မန်ဝိန်းကြီးကိုသွားဖို့က နမ့်ခမ်းမြို့ထဲကို ဖြတ်သွားရပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဖြတ်စီးတဲ့ ရွှေလီမြစ် ကို လည်း ဖြတ်သွားရတယ်။ အဲဒီနေရာကနေ နည်းနည်းကျော်လိုက်တာနဲ့ ကချင်ပြည်နယ်ထဲကို ရောက်ပြီ။

ကချင်လူမျိုးများ၏ စိတ်ဓါတ်နှင့် ရည်မှန်းချက်ပန်းတိုင်

(Jinghpawkasa)


၁။ သမ္မတဦးသိန်းစိန်နှင့် စစ်ခေါင်းဆောင်ပေါက်စ မင်းအောင်လှိုင်တို့ ဦးဆောင်ပြီး ကချင်လူမျိုးများကို အပြီးသတ်ချေမှုန်းနိုင်ရန် မီးကုန် ယမ်းကုန် လူအင်အားမျိုးစုံအသုံးချပြီး တိုက်ခိုက်လျှက်ရှိနေပါသည်။

၂။ သမ္မတဦးသိန်းစိန်နှင့် မင်းအောင်လှိုင်တို့နှစ်ဦးသည် အာဏာရှင် နေ၀င်းနှင့် သန်းရွှေတို့နှစ်ဦး၏ တပည့်ရင်းပီပီ အာဏာရှင်စနစ် အမွေဆိုးကို ထိန်းသိမ်းရင်းအားဖြင့် ရုရှားစစ်တိုက်လေယဉ်များ၊ မြောက်ကိုးရီးယား လက်နက်ကြီးမျိုးစုံနှင့် လူအင်အားရှိသမျှ သိမ်းကြုံး အသုံးချပြီး ကေအိုင်အေကို ဖိတိုက်နေခြင်း။

၃။ ကချင်လူမျိုးအမျိုးသမီးများ အဖွားအိုများပါမကျန် မုဒိန်းကျင့် သတ်ဖျက်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများအားလုံးကို မီးတင် ရှို့ဖျက်ဆီးပစ်ခြင်း၊ ရာဇ၀တ်မှုမှန်သမျှကျူးလွန်ပြီး စစ်ပြေးဒုက္ခသည် စခန်းထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေခြင်းများကို အဆုံးသတ်စေရန်။

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

(ကချင်သတင်းဌာန)


ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းအစိုးရတပ်များသည် နန့်ဖတ်ကာ အခြေစိုက်တပ်များဖြစ်ပြီး အင်အား ၈၀ ကျော်ဖြင့် KIA တပ်ရင်း (၉) နယ်မြေသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဘက်တပ်မှ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၄)မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်များသည် လမ်းမကြီးဘက်သို့ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

နှစ်ဘက်တပ်မှ ပစ်ခတ်တိုက်ခိုက်မှုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ထိခိုက်မှုမရှိဟု ပြောဆိုပြီး အစိုးရတပ်မှ ထိခိုက်မှုဒဏ်ရာရရှိမှုကို မသိရပါ။

ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း


07.02.2013 (VOA)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်ဆဲသွားဖို့ မြန်မာအစိုးရနဲ့ ကေအိုင်အေ အကြား တွေ့ဆုံဆွေးနွေးပြီး တဲ့နောက် အခြေအနေတွေ ပိုပြီး တိုးတက်ကောင်းမွန် လာဖို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှုးချုပ် က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်ဖက်ဆွေးနွေးပြီး ရလာတဲ့ ဒီသဘောတူညီချက်ကို အတွင်းရေးမှုးချုပ်က ကြိုဆိုတဲ့အကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မာတင် နာစကီး က မနေ့က ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ


2013-02-07 (RFA)
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့အဖွဲ့ဟာ မုံရွာမြို့က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မြင်းခြံမြို့က ငြိမ်းချမ်းရေး လိုလားသူတွေဟာလည်း မန္တလေးမြို့ရောက်နေတဲ့ ရန်ကုန်အဖွဲ့နဲ့ ပူးပေါင်းလမ်းလျှောက်နိုင်ဖို့ မြင်းခြံမြို့ကနေ မန္တလေးဖက်ကို စတင်ထွက်ခွာလာပြီလို့ သိရပါတယ်။

ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်


February 7, 2013 (DVB)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းက ရွှေလီမှာ ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက်ပိုင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားပုံကို ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “တိုက်ပွဲကပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် အစိုးရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။

မနေ့က တပ်မဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်းကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လိုမှ ရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ ဖြစ်သွားတယ်။

အဆမတန် ဈေးကြီးပေးလိုက်ရတဲ့ အောင်ပွဲ တဲ့။

(Kachinduwa)


ဇန်န၀ါရီလ အတွင်း လဂျားယန် တိုက်ပွဲတွင် ကေအိုင်အေမှ သိမ်းစည်းရမိသော ဗမာ စစ်တပ်ပိုင် ပစ္စည်းများ

ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Anthony Davis ရဲ့ Asia Times မှာ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဖေါ်ပြထားတဲ့ Pyrrhic victory in Myanmar ဆိုတဲ့ စာစု ကို ဒီနေ့ပဲ ကောင်းကောင်း ဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ တော်တော်ကောင်းလို့ အတိုချုံး ဝေငှလိုက်တာပါ။

(၁) လိုင်ဇာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲကို ၉ လ ကြိုတင် ပြင်ဆင်မှုတွေနဲ့ စတိုက်ခဲ့တယ်။

ကချင် စစ်ပြေး ဒုက္ခသည် ဘ၀နှင့် အစိုးရ သဘောထား


ရွှေဟင်္သာသတင်းဌာန ဖေဖော်ဝါရီလ (၇) ၂၀၁၃


အစိုးရ၏ ကချင် စစ်ပြေး ဒုက္ခသည်များအား ကူညီရန် ထုတ်ပြန်ချက်အပေါ် စစ်ပြေး ဒုက္ခသည် ကော်မီတီများက မကြေမနပ် ဖြစ်နေကြသည်ဟု ဖါးကန့်ဒေသ ဒုက္ခသည် ကော်မီတီဝင် တဦးက ဆိုပါသည်။
 
တနှစ်ကျော်ကြာရှိပြီးလေ၊ ကချင် စစ်ပြေး ဒုက္ခသည် တွေရဲ့ ပြသနာက အစိုးရရဲ့ ကူညီစောင့်ရှောက်မှုဆိုလို့  လုံးဝမရှိ ခဲ့ဘူးလေ။ တချို့ လာလှူတဲ့ အဖွဲ့တွေကိုတောင် ၀င်ခွင့် မပေးတာလည်း ရှိတယ်။ သက်သက် ညစ်ထားတဲ့ပုံစံပေါ့။ အခုမှ  ဖေဖေါ်ဝါရီ () ရက်နေ့ နောက်ပိုင်းကျမှ ကူညီဖို့ ထုတ်ပြန်တာကတော့ တရားလွန်ပါတယ်။ ဒီဒုက္ခသည် ဘ၀ရောက်အောင် အစိုးရ တပ်တွေကဘဲ တမင် ဖန်တီးထားတာလေ။ အခုမှ အသံကောင်း ဟစ်ပြနေတာကတော့ လွန်လွန်းပါတယ်ဟု ဆိုပါသည်။

Thursday, February 7, 2013

မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူ

(Mizzima)


တနှစ်ကျော်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံ စီမံကိန်းရှိ တရုတ်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု
ကော်ပိုရေးရှင်း( CPI) က စက်ပစ္စည်းများကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူနေ သည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ပြောသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားရန် ကြေငြာခဲ့သော်လည်း CPI ၀န်ထမ်းများမှ ဆက်လက် နေထိုင်ခဲ့သည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီလ လယ်ပိုင်းမှစတင်ကာ ဆထုံး - ကန်ပိုင်တီကားလမ်းမှ တရုတ်နိုင်ငံသို့ ပစ္စည်းများ သယ်ယူနေခြင်း ဖြစ်သည်။

ကုလကိုယ်စားလှယ်နှင့် ဆွေးနွေးပြော ဆိုခွင့်မရသဖြင့် ကချင်လူထု ဝေဖန်

(Mizzima)


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့
ရောက်ရှိစဉ် ကချင်လူထုနှင့် ပြောဆိုခွင့် မရသဖြင့် ဒေသခံ လူထုက ဝေဖန်ပြောဆိုနေကြသည်ဟု မြစ်ကြီးနားမြို့ခံ
များက ပြောသည်။

ယခုလ ဖေဖော်ဝါရီလ ၅ ရက်နေ့က မစ္စတာ ဗီဂျေးနမ်ဘီယား၊ ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ မြစ်ကြီးနားမြို့နေ ဌာနဆိုင်ရာများနှင့် လူမှုအခြေပြု အဖွဲ့အစည်းတချို့ နှင့်တွေ့ဆုံခဲ့သော်လည်း မေးမြန်းခွင့် မရခဲ့ခြင်း ဖြစ်သည်။

သေနတ်သံစဲပေမဲ့ သတ္ထုတူးခွင့်မရ


06.02.2013  (VOA)
ကချင်ပြည်နယ်တွင်းမှာ စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အစိုးရတပ်ဘက်ကနေ ထိုးစစ်ဆင်တာကို ရပ်ဆိုင်းလိုက်တဲ့အတွက် နယ်မြေအတွင်းမှာ အနည်းငယ် စစ်အေး သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း အာဏာပိုင်တွေက တပိုင်တနိုင် ကျောက်တူးခွင့်တွေကို ပိတ်ပင်လိုက်တာကြောင့် လက်လုပ်လက်စားသမား အများစုဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို ရှာဖွေစားသောက်ဖို့ အခက်အခဲတွေရှိလာတာနဲ့အမျှ တချိန်တည်းမှာပဲ ရာဇ၀တ်မှုတွေလည်း ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုမိုးဇော် က တင်ပြမှာဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်မှာ ကျောက်တူးသူ နဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ခိုင်းနေ


2013-02-06 (RFA)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ နမ့်ချီမှော်မှာ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေသူတွေနဲ့ ဈေးရောင်းချနေသူ အားလုံးကို အဲဒီဒေသတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ လှုပ်ရှားတပ်တွေ က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနေ့ကစပြီး ၄ ရက်အတွင်း အပြီးပြောင်းရွေ့ခိုင်းနေပါတယ်။


မိုးညှင်းမြို့ တည်နေရာပြ မြေပုံ

ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော


2013-02-06 (RFA)
ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာ လဲရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေနဲ့ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါ တယ်။ 

ကင်တားနား ရှေ့သီတင်းပတ် မြန်မာနိုင်ငံသွားမည်


ဗွီအိုအေ (မြန်မာပိုင်း)
06.02.2013 

ကချင်ပြည်နယ်ထဲက အစိုးရ ထိန်းချုပ်တဲ့နေရာတွေတင်မဟုတ်ဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေအတွက်ပါ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို ကုလသမဂ္ဂက မကြာခင်မှာ ပြန်ပေးတော့မှာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် KIA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂရဲ့ အကူအညီပေးမှုတွေကို အစိုးရက ခွင့်ပြုပေမဲ့ KIO ထိန်းချုပ်နယ်မြေတွေကို လုံခြုံရေးအတွက် အရင်က ခွင့်မပေးခဲ့ပါဘူး။
 

ဖားကန့်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့လှူဒါန်း


2013-02-06 (RFA)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာနတို့က ကျပ်သိန်း ၆၃၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။ 

စစ်ပြေးဒုက္ခသည်များ ကို အစိုးရတပ်များ ထပ်မံနှိပ်စက်

(Jinghpawkasa)


ဖားကန့် မြို့နယ်၊ လုံးခင်း ရွာအနီး၊ မော်စီဇာ မှ မော်မောင်းကုန်း ရွာ သို့တက်လာသော လမ်း၊ သင်္ချိုင်း ကုန်း မြေစာပုံ ပေါ်တွင် ယာယီစခန်းချ နေကြသော စစ်ပြေးဒုက္ခသည် စခန်းကို ဖေဖော်ဝါရီ (၆) ရက် မနက် ၁၀း၀၀ နာရီခန့် အချိန် ဗမာစစ်တပ်များ တက်ရောက်ဝိုင်းရံ ပိတ်ဆို့ပြီး ဒုက္ခသည်များကို နှိပ်စက် ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

စုဝေးနေကြသော လူစုမှာ အိမ်ခြေ (၁၅၆) အိမ် ဖြစ်ပြီး (၅၆) အိမ်အတွက် သာတဲထိုးနိုင် သေးသော အချိန်၊ အမြန်ဆုံး ပြောင်း ရွှေ့ရန်၊ မနက်ဖြန် ၁၀ နာရီ နောက်ဆုံးပြောင်းကြရန်၊ ၁၀ နာရီ နောက်ပိုင်းမြင်တွေ့ရပါက ပစ်သတ် မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ ကြောင်းသိရသည်။

KIO နယ်မြေသို့ တိုးလာနေဆဲဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီလိုအပ်


(Kachin News Group)

ကချင်ပြည်နယ်တွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေများတွင် ဒုက္ခ သည်များသည် တိုးလာနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုလသမဂ္ဂအဖွဲ့ အစည်း များ၏ အကူအညီ လိုအပ်နေကြောင်းသိရသည်။

ကချင်ဒေသသို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ စစ်ပြေး ဒုက္ခသည်များကို ကူညီပေးရေးကိစ္စ မြန်မာအစိုးရမှ တားမြစ်ထားခြင်း ကြောင့် အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် အကူအညီပို၍လိုအပ်လာခြင်းဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ပြောသည်။

Wednesday, February 6, 2013

KIA တပ်ရင်း (၆) အား စစ်ဆင်ရန် အစိုးရတပ်ဖွဲ့များ ပြင်ဆင်


ရွှေဟင်္သာသတင်းဌာန ဖေဖော်ဝါရီလ (၆) ၂၀၁၃


ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၆) နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့် ဒေသသို့ အစိုးရ တပ်ဖွဲ့ အင်အားများ ထပ်မံ တိုးချဲ့ ချထားခဲ့ကြောင်း တပ်ရင်း (၆) မှူး ဒုတိယ ဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။
“ဒီနေ့ ညနေပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာမှာ ရှိတဲ့ အစိုးရ တပ်ဖွဲ့တွေက ကျနော်တို့ တပ်ရင်း (၆)အနီးမှာ ရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို လာရောက် အင်အားဖြည့်ထားတယ်လို့ သိရပါတယ်။ ဒီ ၃/၄ ရက်အတွင်းမှာ သူတို့ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကို ကြည့်မယ်ဆိုရင် ဖါးကန့် ဒေသအတွက် အစိုးရဘက်က ချမှတ်ထားတဲ့ စစ်ဆင်ရေး စီမံချက်တွေ စတင်အကောင် အထည် ဖော်နေပြီးဆိုတာ ထင်ရှားစေပါတယ်။” ဟုဆိုပါသည်။

လိုင်ဇာသိမ်း တိုက်ပွဲ ဘယ်သူနိင်ပါသလဲ

(Mg Mg Sein) (hugaungkachin blog)


Pyrrhic victory in Myanmar
တပ်မတော် ရဲ့ လိုင်ဇာသိမ်း တိုက်ပွဲအပေါ် ဘန်ကောက်အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ Anthony David ရဲ့ စစ်ရေးသုံးသပ်ချက်ပါ၊ စစ်ရေးစိတ်ဝင်စားသူများ ဖတ်သင့်တဲ့ ဆောင်းပါးပါ စစ်ပွဲတစ်ပွဲမှာ လိုချင်တဲ့နယ်မြေကို ရတာနဲ့ အောင်နိင်တယ်လို့ ပြောလို့ရပါသလား၊ အဲဒီအတွက်ပေးဆပ်ခဲ့ရတာနဲ့ ပြန်ရတာ မကာမိရင် ဒီ အောင်ပွဲကို အချည်းနှီးအောင်ပွဲလို့ပဲ သတ်မှတ်ရမှာပါပဲ။ ဒီဆောင်းပါးမှာ အစိုးရတပ်တွေရဲ့ နိင်ငံတကာ စစ်တပ်တွေနဲ့ ရင်ပေါင်တန်းနိင်အောင် ခေတ်မှီဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ သံချပ်ကာတပ်တွေ၊ အမြောက်တပ်တွေ သုံးပြီး လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့တဲ့ မိုးကြိုးစစ်ဆင်ရေးဟာ တကယ့် တိုက်ပွဲမှာ တော့ ဟိုးကလီရှေးတုန်းကအတိုင်း ခြေလျင် တပ်တွေ နဲ့ အမြောက်တရကြမ်းပစ်ပြီးတော့မှပဲ တောင် ကုန်းတွေကို သိမ်းနိင်တာကို ဝေဖန်ထားပါတယ်။

မြစ်ကြီးနားဆေးရုံဝင်း ၀န်ထမ်းတန်းမီးလောင်မှု အိမ် ၁၁ လုံး ပါသွား

(ကချင်သတင်းဌာန)

ဖေဖေါ်ဝါရီလ ၆ ရက် ယနေ့မနက် ၃ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီးဝင်းရှိ ၀န်ထမ်းများနေထိုင်သည့်ဘက်တွင် ၀ါယာကြိုးရှော့ဖြစ်သောကြောင့်ဟု ယူဆရသောမီးလောင်ကျွမ်းမှုတခုဖြစ်ပွားခဲ့ပြီး မိသားစုများနေထိုင်သော အိမ် ၁၁ လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ဆေးရုံဝင်းရှိ အလုပ်သမား ၀န်ထမ်းများနေထိုင်သော အိမ်တန်းရှိ ဓါတ်ခွဲခန်းအကူဝန်ထမ်း ဦးဘောက်နော် (Salang Bawk Naw) ၏အိမ်မှ စတင်လောင်ကျွမ်းလာခြင်းဖြစ်သည်ဟု အိမ်မီးလောင်သွားသော ဆေးရုံ ၀န်ထမ်းတစ်ဦးပြောသည်။

မီးခိုးကြွက်လျှောက်ပေါ်သွားမှာ စိုးလို့လား....

(Kachin duwa)


ဗမာ နိုင်ငံရေးသမားများအနေနဲ့ စစ်တပ်ကနေ တိုင်းရင်းသားလူနည်းစုများအပေါ် ဥပဒေမဲ့ သတ်ဖြတ်နေမှုများ နဲ့ ပတ်သက်ပြီး အခုလို ဥပဒေမဲ့လုပ်ရပ်များ ကို ခွင့်ပြုပေးခြင်းအားဖြင့် ဒီမိုကရေစီ ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

အင်ဒိုနီးရှား အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဂျာဗားကျွန်း နဲ့ အရှေ့တီမော လူမျိုးစု တိုင်းရင်းသားများကို နှိပ်ကွပ်ခဲ့တဲ့ စစ်တပ်အရာရှိတွေကို အရေးယူတာတွေ ရှိခဲ့ပါတယ်။ သီရိလင်္ကာမှာ လွတ်တော်က တရားဝင် ခွင့်ပြုပြီး စစ်တိုက်ခိုင်းတာတောင် ဥပဒေမဲ့ လုပ်ရပ်အတွက် ပြစ်မှုကျူးလွန်တဲ့ တပ်မှူးများကို ခုံရုံးတင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ စစ်တပ်အနေနဲ့ ဘုန်းကြီး နဲ့ ကျောင်းသား (ဗမာလူထု) သတ်တာကလွဲလို့ တိုင်းရင်းသားများသတ်ဖြတ်မှုကို ဗမာ နိုင်ငံရေး သမားများ အရေးသယူ ပြောတာ မရှိဘူး။ မနောစိတ်နဲ့ မကောင်းမှန်းသိနေတာ ရှိကောင်းရှိမယ်၊ လက်တွေ့ ထပြောတာ ရှားပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရန် KIA မျှော်လင့်

(Mizzima)


(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို နယူးဒေလီမြို့ Vikaspuri ရပ်ကွက်ရှိ မြန်မာရိပ်သာ ခန်းမတွင် ဖေဖော်ဝါရီ ၅ရက်နေ့ က ကျင်းပခဲ့သည်။
KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ မှ ဦးဇောင်းခရား ထံမှပေးပို့ သည့် ၅၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာကို ဖတ်ကြား ခဲ့သည်။

KIO ဥက္ကဌ ၏ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းလွှာတွင် “ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်တည်လာရေး ဆက်လက် တိုက်တွန်းပေးဖို့ရန် မျှော်လင့်နေပါတယ်” ဟု ဖော်ပြထားသည်။

အစိုးရနဲ့ KIO ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းစဉ်တွင် အဟန့်အတားဖြစ်နေဆဲဟု KIO ပြော


(Feb 5, 2013)  Kachin News Group
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရသည် စ စ်ရေးတင်းမာမှုအား ပြေငြိမ်းနိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု များ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း လက်တွေ့မှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးလမ်းစဉ်တွင် အဟန့်အတားဖြစ်နေသေးကြောင်း KIO ပြောသည်။

ယမန်နေ့ KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီများ တရုတ်ပြည်နယ်ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့စဉ် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသောနေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး ဆက်လက် သဘော တူညီခဲ့ခြင်းဖြစ်သည်။

အစိုးရနဲ့ KIO ဆွေးနွေးမှုအပေါ် သံအမတ်ကြီး Mitchell ကြိုဆို


05.02.2013 (VOA)
              
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကချင်လက်နက်ကိုင်တွေကြား ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Dereck Mitchell) က Twitter အင်တာနက် လူမှုကွန်ယက် ကတဆင့် ကြိုဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ မနေ့က တွေ့ဆုံမှုအတွင်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ။

ကချင်ပြည်နယ် လူ့အခွင့်အရေး ကုလ အထူး အာရုံစိုက်


05.02.2013 (VOA)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာ စောင့်ကြည့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဘက်ကို ရောက်နေသလို၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနား (Tomás Ojea Quintana) ဟာလည်း မကြာခင် မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အရေးတကြီး ဆွေးနွေးချက်တွေထဲမှာ မြန်မာနိုင်ငံကို ဆက်ထားဖို့ လိုဦးမယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလျက်ရှိပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အခု မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက ပဋိပက္ခ အခြေအနေတွေကို စိုးရိမ်နေတာကြောင့်၊ ကုလသမဂ္ဂအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲဆိုတာ လာရောက် ကြည့်ရှုတဲ့ ခရီးစဉ်ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မြစ်ကြီးဧရာ ထိန်းသိမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်မှာ အတည်ပြု


2013-02-05 (RFA)
ဧရာဝတီမြစ်ကြီးကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဧရာဝတီမြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။


မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံဖြစ်ပါသည်၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက် ရမည့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး အတွက် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုနေကြပါသည်။

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU ခေါင်းဆောင် တက်ရောက်



မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့-KIO တို့ အကြား ယမန်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မှုတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး KNU သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ခုဖြင့် ဖွဲ့ စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သောကြောင့် ထိုသို့ သွားရောက်ခြင်းဖြစ်ကြောင်း KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက အခုလို ပြောသည်။

ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လုံခြုံရေးကြောင့် လူထုများသာကျင်းပနိုင်


(Feb 5, 2013) (KNG)

ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်ကျသော (၅၃) ကြိမ်မြောက် “ကချင်တော်လှန်ရေးနေ့” အခမ်းအနားကို ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာတွင် လုံခြုံရေးယူကာ ပြည်သူလူထုများသာ သီးသန့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ယခင် တပ်ထုနှင့် လူထုပူးပေါင်း၍ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လိုင်ဇာမြို့နယ်မြေတ၀ိုက် အစိုးရတပ်များ တပ်ချထားခြင်းကြောင့် လုံခြုံရေးယူကာ  ဒေသခံများနှင့် ဒုက္ခသည်ပြည်သူလူထုများကသာ ဦးဆောင်ကျင်းပလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအစီစဉ်တွင် တိုက်ပွဲကြောင့် ရှေ့တန်းတွင် ရောက်ရှိနေသူများနှင့် ကျဆုံးသွားသော KIA အဖွဲ့ဝင်များအတွက် ဆုတောင်းပေးခြင်း၊ လူငယ်များနှင့် စစ်ပြေးဒုက္ခသည်များအတွက် ဆုတောင်းခြင်းများပြုလုပ်ခဲ့ပြီး KIO ဥက္ကဋ္ဌ ဇောင်းခရား၏ ကချင်တော်လှန်ရေး မိန့်ခွန်းကို ဖတ်ကြားမှုများဖြင့် ပြုလုပ်သွားခဲ့ကြောင်း KIA လိုင်ဇာအုပ်ချုပ်ရေးမှူး ကရဲန်နော်အောန်ပြောသည်။

အစိုးရနဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး အတွက် ခြေလှမ်းတစ်လှမ်းသာဖြစ်


2013-02-05 (RFA)
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မနေ့ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ပဋိပက္ခတွေ ကို ရှေ့ဆက်ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို အဖြေရှာဖို့ ခြေလှမ်းတစ်လှမ်းသာ ဖြစ်တယ်လို့ KIO အဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။

အခုဆွေးနွေးပွဲဟာ နောက်ထပ်တွေ့ဆုံဆွေးနွေးဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောသာဖြစ်တယ်လို့ KIO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ KIO ဗဟိုကော်မတီဝင် ဦးဆွန်လွတ်ဂမ် ကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေ ကို လေ့လာ


2013-02-05 (RFA)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့ဟာ ဖေဖေါ်ဝါရီလ ၅ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ လောက်က မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီး မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေး ဒုက္ခသည် စခန်း ၄ ခုကို လေ့လာခဲ့ကြပါတယ်။
နေ့လည်ပိုင်းမှာတော့ မြစ်ကြီးနား မြို့တော်ခန်းမမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့တွေ့ဆုံပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားက
"ကချင်ပြည်နယ်ခရီးစဉ်ဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လတ်တလော အခြေအနေမှာ ပဋိပက္ခတွေ ပြေလျော့စပြုနေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဆုံးကူညီပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်"လို့ မစ္စတာ ဗီဂျေးနမ်ဘီယား က ပြောခဲ့ပါတယ်။

Tuesday, February 5, 2013

တွေ့ဆုံဆွေးနွေးပြီး ပြည်သူများဘဝ ငြိမ်းချမ်းလုံခြုံအောင် ကြိုးပမ်းမည်ဟု KIO ပြော


သျှမ်းသံတော်ဆင့်

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွေလီမြို့ ကျင်းချိန့်ဟော်တယ်တွင် ဖေဖေါ်ဝါ ရီလ ၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီမှ ညနေ ၄ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက်ဆွေးနွေးပွဲများမှ တဆင့် လူထုဘဝ ငြိမ်းချမ်းလုံခြုံသည် အထိ ကြိုးပမ်းသွားမည်ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။


တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုအရ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ၄င်းဆွေးနွေးပွဲအပြီးတွင် သတင်း မီဒီယာများကို ဗိုလ်ချုပ်ဂွမ်မော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

၅၃ ကြိမ်မြောက် KIO ကချင် တော်လှန်ရေးနေ့

(ရွှေဟင်္သာသတင်းဌာန)


ယနေ့ ကျရောက်သော (၅၃) ကြိမ်မြောက် KIO ကချင် တော်လှန်းရေးနေ့ အခမ်းအနားကို KIA တပ်ဖွဲ့ အသီးသီး ကျင်းပခဲ့ပါ သည်။ ဤအထဲ KIA ဖါးကန့်ဒေသမှ တပ်ရင်း(၆) တပ်စခန်းလည်း ကျင်းပ ခဲ့ကြောင်း တပ်ရင်းမှူး ဒုတိယ-ဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ပြောပါသည်။

“(၅၃) ကြိမ်မြောက် တော်လှန်နေ့ကို ကျနော်တို့ တပ်ရင်းမှာလဲလုပ်တယ်။ တပ်ခွဲအလိုက်မှာလဲ လုပ်ကြတယ်။ ကျနော်တို့ ကချင် တော်လှန်းရေးကြီးက (၅၃) နှစ်ရှိသွားပြီး ဖြစ်တယ်။ အဆက်ဆက် ခေါင်းဆောင် (၅) ဦးတို့က ဦးဆောင် လာခဲ့တယ်။ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး မရရှိသရွေ့တော့ ဒီကချင်ပြည် လွတ်လပ်ရေး တော်လှန်းရေးကြီးက ဆက်ရှိနေမှာပါ။” ဟုပြောသွားပါသည်။

ကုလအထူး ကိုယ်စားလှယ် မြစ်ကြီးနားသို့ ရောက်ရှိ

(ရွှေဟင်္သာသတင်းဌာန)


ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီးယားသည် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ လိုက်ပါလျှက် ယနေ့ မနက်ပိုင်းတွင် မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပါသည်။ သူသည် ဂျန်မိုင်ကောင်းနှစ်ခြင်း အသင်းတော်မှ ကူညီပံ့ပိုးထားသော ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။

ကချင် ဒုက္ခသည်တွေဟာ အရင်က ခက်ခက်ခဲခဲ၊ အကြပ်အတည်းအမျိုးမျိုးနဲ့ နေခဲ့ရတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မကြာခင် ငြိမ်းချမ်းလာတော့မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ကချင်ဒေသသို့ အကူအညီပေးရေး အဖွဲ့များ ပေးဝင်မည်

(ဧရာဝတီ)


သမ္မတ ဦးသိန်းစိန်က ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ INGO များအား သွားရောက်ခွင့်ပြုမည်ဟု သိရသည်။

သို့သော် အဆိုပါ INGO များ၏ လုံခြုံရေးအတွက်မူ  မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့မှ တာဝန်ယူရန် ညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ အစိုးရ တပ်ဖွဲ့များ၏ နှိပ်စက်မှုများ


ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၅) ရက်နေ့

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ပြည်သူလူထုများ အပေါ်  ပစ်သတ်ခြင်း၊ အဓမ္မ ပစ္စည်း သိမ်းယူခြင်း၊ မတရားသော အမိန့် ထုတ်ပြန်ခြင်းနှင့် တရွာဝင် တရွာ ထွက်ပြီး လူများ စစ်ဆေးခြင်း ပြုလုပ်နေသည်ဟု ဂွေခါဒေသခံ တဦးက ဆိုပါသည်။ 

“ ဘယ်လောက် ရက်စက်လဲလို့ ပြောရင်၊ ဇန္နာဝါရီလ (၃၁) ရက်နေ့မှာ KIA နဲ့ ခါမှော်ကြီးကုန်းရွာထဲကို လက်နက်ကြီးများနဲ့ ပစ်တယ်။ လူ(၄) ဦးသေဆုံးပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့တယ်။ အဲဒါကြောင့် နောက်နေ့ ဖေဖေါ်ဝါရီ(၁) ရင်နေ့မှာ KIA နဲ့ (၃) နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့တယ်။ ဖြစ်တော့ ဒီဒေသက လူထုတွေက ထွက်ပြေးကြပါတယ်။ တချို့က လွတ်တယ်၊ အများစု က အစိုးရ တပ်တွေ ၀ိုင်းထားတယ်။ ဘယ်သူနဲ့မှ တွေ့ခွင့် မပေးဘူး၊ ရိက္ခာလည်း မရှိဘူး၊ ဒါဏ်ရာရ လူနာလည်း ရှိတယ်။ ဒီဒုက္ခ သည်တွေကို လာကယ်တဲ့ KBC အဖွဲ့ကိုလည်း ၀င်ခွင့်မပေးဘူး၊ ဒီအတိုင်းပိတ်ထားတယ်ဆိုတော့ အစာငတ်ပြီး ဒုက္ခရောက် နေကြတယ်။” ဟု ဆိုပါသည်။ 

ပူးတွဲကြေငြာချက်


တပ်မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ


Monday, 04 February 2013 (စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက် ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူ များထံမှ သတင်း ရရှိပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ် တယ်လို့ တင်ပြကြပါတယ်။

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသောတိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်


Monday, February 04, 2013 Posted by သျှမ်းသံတော်ဆင့် 

ယနေ့ ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ (သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ တွေ့ဆုံရာ  ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း ကြား သိရပါသည်။
ယနေ့ ဖေဖေါ်ဝါရီ ၄ ရက် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ် လပ် ရေး တပ်မတော် KIO/KIA ကိုယ်စား လှယ်များဖြစ်သည့် ဗဟိုဦးဆောင် ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင် သည့်အဖွဲ့၊ မြန်မာအစိုးရဘက်မှာမူ သမ္မတရုံးဝန်ကြီး ငြိမ်းချမ်း ရေးဖေါ်ဆောင်ရေးကော်မတီ ဒု ဉက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မွေးမြူရေးဝန်ကြီးဦးအုန်းမြင့်၊ အကျိုးတော်ဆောင် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် ၈ ဦး တက်ရောက်သည်ဟု ဆိုသည်။

“ကေအဲန်ယူ က ဗိုလ်ချုပ်မူတူးဆေးဖိုးပါတယ်။ သျှမ်း RCSS/SSA က တော့ ဗိုလ်မှူးချုပ်စိုင်းလူးပါတယ်” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြော ပါသည်။

စစ်ပြေငြိမ်းရေး အကောင်အထည်ကြဖော်ရန် အစိုးရနှင့် KIO သဘောတူ



ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခိုင် မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း ပူးတွဲကြေညာချက် ထုတ်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် “အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်း ရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက် လက် ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်” ဟု ပါရှိ သည်။

Monday, February 4, 2013

တိုက်ပွဲ ဖြစ်နေသည့် ကြားမှ KIA နှင့် အစိုးရတို့၏ အလွတ်သဘော ဆွေးနွေးပွဲ


ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ဖားကန့်မြို့နယ်ရှိ KIA  တပ်ရင်း (၆) တပ်ခွဲ (၉)၏ ညောင်ထောက်စခန်းကို ယမာန်နေ့ ၁၀ နာရီခွဲ အချိန်တွင် ဝင် ရောက် သိမ်းပိုက်လိုက်ကြောင်း KIA တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ပြောပါသည်။

“ ကျနော်တို့ တပ်ခွဲ (၉) စခန်းကို သွားရောက် မီးရှို့လိုက်တာပါ။ ဒီနေ့ လည်း ဖားကန့်ကနေ ညောင်ထောက်စခန်းဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်နေတုန်း ပါဘဲ။ ဒီစခန်းကနေ ကျနော်တို့လူတွေ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စွန့်ခဲ့ပြီးသား ဘယ်သူမှ မရှိဘူးလေ။  အဲဒါကို အစိုးရ တပ်က လက်နက်ကြီးငယ်တွေနဲ့ မနေ့ကအပြင်းအထန် ပစ်တယ်။ ပြီးတော့ဝင်သိမ်း ပြီးမီးရှို့လိုက်တာပါဘဲ” ဟု ဆိုပါသည်။ 

ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ အနီးရှိ ဂွေခါနယ်မြေ၌ အခြေချထား သည့် အစိုးရတပ်ဖွဲ့တို့သည် ယမာန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လူမရှိသည့် KIA တပ်ခွဲ (၉) စခန်းကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ် ခတ် နေခဲ့ပါသည်။ 

ဤစခန်းကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇)မှ အင်အား (၁၀၀) ကျော်ရှိသည့် အစိုးရ တပ်ဖွဲ့တို့က ၀င်ရောက်သိမ်း ပိုက်ခြင်းဖြစ်ပါသည်။ ဤတပ်ဖွဲ့သည် ပြီးခဲ့တဲ့ သောကြာနေ့တွင် KIA တပ်ဖွဲ့နှင့် ခါးမော်ကြီး ကုန်း (၃)နာရီကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့ပြီး နောက်ဆုတ် သွားခဲ့ရ သော တပ်ဖွဲ့ဖြစ်ပါသည်။ 

ငြိမ်းချမ်းရေးအတွက် ဆက်ဆွေးနွေးဖို့ အစိုးရနဲ့ KIO သဘောတူ


04.02.2013 (VOA)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ပြေလည်ရေး တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့ ဆွေးနွေး ပြီးတော့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆက်လက် တွေ့ဆုံသွား ကြဖို့ သဘောတူ ညီခဲ့ကြပါတယ်။ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အလားအလာတွေ ဘယ်လောက်ရှိမလဲ ဆိုတာကို တော့ ရွှေလီမြို့မှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးရော်နီငြိမ်းကို မေးကြည့်မှာ ဖြစ်ပါတယ်။
 
 မေး။         ။ ဦးရော်နီရေ ဒီကနေ့ ဆွေးနွေးပွဲက တရက်ထဲနဲ့ အဆုံး သတ်သွားတယ်ဆိုတော့ ထူးထူးခြားခြား ရလဒ်တွေ ဘာတွေများ ရခဲ့သလဲရှင့် ပြောပါဦး။

ဖြေ။         ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ပွဲထက်တော့ ထူးခြားပါ တယ်။ ဘာကြောင့်လဲဆိုတော့ အသိသက်သေ သဘောမျိုးနဲ့ ပေါ့နော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က  မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ (Luo Zhaohui) တို့၊ နောက်တခါ ကရင် အမျိုးသားအစည်းရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ နောက်တခါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က ဗိုလ်မှူးချုပ် စိုင်းလူနဲ့ ဗိုလ်မှူးကြီး နှစ်ယောက်တို့လည်း တက်ပါတယ်။ နောက်တခါ Euro-Burma Office က ဦးဟန်ညောင်ဝေ တို့ ဦး ဗစ်တာ ဘျတ် လျံ (Victor Biak Lian) တို့လည်း တက်တာကြောင့် ထူးခြားတယ်လို့ ကျနော်တို့ ပြောလို့ရပါ တယ်။

ရှမ်းပြည်မြောက်ပိုင်း KIO တပ်များ ရှိရာနယ်မြေသို့ အစိုးရတပ်များ အင်အားတိုးချ


February 4, 2013 (ကချင်သတင်းဌာန)

ရှမ်းပြည်နယ်ေ မြာက်ပိုင်း ကချင်လွပ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် ယခုချိန် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေး သော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများ ပြောသည်။

ယမန်နေ့တွင် အစိုးရ ခြေလျင်တပ် ခရလ (၁၃၆)မှ အင်အား ၁၀၀ ကျော် ဖြင့် မုန်ဂျီ (Mung Ji) ကျေးရွာသို့ ညနေ ၄ နာရီ ချိန်ခန့်တွင် ရောက်ရှိ လာ ခြင်း ဖြစ်ကြောင်း တပ်မဟာ(၄) အရာရှိ ကချင်သတင်းဌာန KNG သို့ပြောသည်။ အင်အားတိုးချဲ့လာသော အစိုးရတပ်သည် လားရှိုးဖက်မှ တိုးချဲ့လာခြင်း ဖြစ်ပြီး ယမန်နေ့ ကွတ်ခိုင်မှ တပ်မဟာ(၄) နယ်မြေသို့ ကား ၄ စင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

စစ်ရှိန်လျော့ရန်နှင့် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူ

(Mizzima)


ယခုလအတွင်း KIOနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ရွှေလီမြို့ Jing Cheng ဟိုတယ် တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေး သဘောတူညီခဲ့သည်ဟု KIO မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောသည်။
KIO နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC တို့ ကြိုတင် ဆွေးနွေး ညှိနှိုင်းပြီးနောက်  အစိုးရ နှင့် KIO တို့အကြား နိုင်ငံ ရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့တော့ များများဆွေးနွေးတာ မရှိဘူး။ နောက် UNFC နဲ့ ကျနော်တို့ ပြန်ဆွေးနွေးမယ် ဆိုတဲ့အကြောင်းရယ်၊ စစ်ရှိန် လျော့ဖို့ သဘောတူထား တယ်။ နောက်လုပ်မဲ့ ဆွေးနွေးပွဲကို ပြင်ဆင်ရေးအဆင့် ပါဘဲ” ဟု ဦးဆွမ်လွတ်ဂမ် က  မဇ္စျိမကို ပြောသည်။

နှစ်ဖက်ထပ်မံ တွေ့ဆုံနိုင်ရေး ဆွေးနွေးခဲ့သဖြင့် အားရကျေနပ်မှု ရှိသည် ဟု ဦးဆွမ်းလွတ်ဂမ်က ပြောသည်။

ကျောက်စိမ်းတူးကွက်တွင် နေထိုင်သူများကို ပြောင်းရွှေ့ရန် ညွှန်ကြား


Democratic Voice of Burma (Feb 4, 2013)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးကွက် အနီးအနားမှာ ထောင်နဲ့ချီတဲ့ နေထိုင်ကြသူတွေကို နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေကနေ ညွှန်ကြား ထားတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်စိုးက ပြောပါတယ်။

“နိုင်ငံတော်ရဲ့ လုပ်ကွက်တွေမှာ ကုမ္ပဏီတွေ ၀င်လုပ်တော့ သာမန် အရပ်သား ပြည်သူတွေက တပိုင်တနိုင်ကျင်းလေးတွေ တူးနေကြတာ လေ။ သူတို့တွေက ကျင်းဘေးမှာ တဲလေးတွေထိုးပြီး လုပ်ရကိုင်ရလွယ် အောင် နေတာလေ။ အဲဒါကို တဲတွေ ဖယ်ရှားရှင်းလင်းဖို့၊ တူးတာကို ရပ်ဆိုင်းပေးဖို့ အမိန့်ထုတ်တာပါ။”

အဲဒီလို ပြောင်းရွှေ့ရမယ့် သူတွေဟာ ထောင်နဲ့ချီရှိနေပြီး သူတို့ကို မှီခို စားသောက်နေရတဲ့ မိသားစုဝင်တွေလည်း အကျပ်အတည်း ဖြစ်စေမယ် လို့ ဦးတင်စိုးက ဆိုပါတယ်။

ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲ တရုတ် ကြားဝင်ဆောင်ရွက်ပေး

(DVB)


တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေတယ်လို့ ကေအိုင်အိုက အတည်ပြုပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ ရွှေလီမြို့မှာ  တွေ့ဆုံဖို့ရှိနေတာပါ။

 ဒီတွေ့ဆုံပွဲဖြစ်မြောက်အောင် တရုတ်ဗဟိုအစိုးရအဖွဲ့က ကြားဝင် စီစဉ်ခဲ့တာဖြစ်ပြီး လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အလွတ်သဘော အကြိုညှိနှိုင်းတဲ့

စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီးနောက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO အဖွဲ့တို့၏ အလွတ်သဘော ဆွေးနွေးမှု စတင်


Monday, 04 February 2013 (Eleven Media Group)

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ စစ်ရေး အရှိန် မြင့်တက်ခဲ့ပြီးနောက် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် စတင်ပြုလုပ် နေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို တရုတ်အစိုးရမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး KIO အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လ တို့အပြင် ဒုတိယတန်း အရာရှိများ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွင် ဦးအောင်မင်းနှင့် ဦး အုန်းမြင့်တို့ ပါဝင်ကြောင်း သိရသည်။

Sunday, February 3, 2013

ကချင်ပြည်စစ်ပွဲနှင့် ပေးရမည့် အဖိုးအခ


(Democratic Voice of Burma)
ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က အပစ်အခတ်ရပ်စဲရေး ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ တပ်မတော်ဟာ ကေအိုင်အေကို ထိုးစစ် ဆင်ပါတယ်။ နောက်ရက်တွေမှာ ရာနဲ့ချီတဲ့ အစိုးရတပ်တွေက လိုင်ဇာမြို့ နဲ့ သုံးမိုင်လောက်အကွာမှာ ရှိတဲ့ ကေအိုင်အေ (ကချင်လွတ် လပ်ရေးတပ်မတော်) ဌာနချုပ်ကို ချီတက်တိုက်ခိုက်ပါတယ်။ ကေအိုင် အေ တပ်သားတွေကလည်း ရှိသလောက် လက်နက်တွေနဲ့ ပြန်ခုခံပါ တယ်။

ရက်အတန်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာတော့ အစိုးရ တပ်က လိုင်ဇာတ၀ိုက်က တောင်ကုန်းတွေအားလုံးကို သိမ်း ထားလိုက်ပါပြီ။ အခုတော့ လိုင်ဇာမြို့ရဲ့ အခြေအနေက မြန်မာစစ်တပ်က နောက်ထပ် ဘာလုပ်ဦးမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့် နေရတဲ့ အနေအထားမျိုးပါ။


ကေအိုင်အေနဲ့ အစိုးရတို့ကြားမှာ ၁၇ နှစ်ကြာအောင် အပစ်အခတ် ရပ်စဲ ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အကယ် ကေအိုင်အေရဲ့လိုင်ဇာဌာနချုပ်သာ ကျသွားခဲ့ရင် သွေးထွက်သံယို သမိုင်းမှာ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

အစိုးရနဲ့ ကေအိုင်အို ရွှေလီမြို့မှာ မနက်ဖြန် ဆွေးနွေးမည်


2013-02-03 (RFA)
KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့ မှာ တွေ့ဆုံ ဆွေးနွေး မယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက RFA ကို ပြောပါတယ်။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်အောင် တရုတ် အစိုးရက ကြားဝင်ဆောင်ရွက် ပေးတာဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော်ဆောင် တစ်ဦးဖြစ်သူ ဦးဂွမ်ဂျာက ပြောပါတယ်။

“ကျနော်တို့တော့ မသိရဘူး။ ဒါပေမယ့် မနက်ဖြန်ဆွေးနွေးမယ် ဆိုတာ တော့ သိရတယ်ဗျ။ ကျနော်တို့မသိရဘူးဆိုတာက မေးကြည့်တော့ ကေအိုင်အိုကလဲပဲ တရုတ်အစိုးရ ကနေပြီးတော့ ခေါ်တာပေါ့။ ကေအိုင် အိုနဲ့ နိုင်ငံတော်အစိုးရတို့ ကိုခေါ်ပြီးမှ ဆွေးနွေးမယ်လို့ပဲသိရတယ်ဗျ။ အဲဒီမှာ သူတို့ အလွတ်သဘောနဲ့တွေ့ဆုံမှာဖြစ်တဲ့အတွက်ကြောင့်မို့ မီဒီယာတွေ တခြား လူဘယ်သူမှ မပါပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးမှ ဆက်လက်ဆွေးနွေးဖို့အတွက် ဘယ်လိုလုပ်ကြမယ်ဆိုတာ အကြံပြုပြီး တော့ခေါ်တာ ဖြစ်တဲ့အတွက် ဘယ်သူမှ မပါပဲ တွေ့ဆုံဖို့ ခေါ်တာဖြစ် တယ်လို့ သိရပါတယ်။”

အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်


ဗွီအိုအေ (မြန်မာဌာန)
02.02.2013
အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။

နယ်စပ်တည်ငြိမ်ရေး နဲ့ ဗမာစစ်တပ် ကြီးစိုးရေး

(VOA)


တရုတ်-မြန်မာနယ်စပ်မှာ ဗမာအစိုးရတပ်နဲ့ KIA ကချင်တပ်တွေ တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းကြဖို့ တရုတ်အစိုးရက လွန်ခဲ့တဲ့လမှာ နှစ်ကြိမ်တိုက်တွန်းပါတယ်။ နယ်စပ်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲတာဝန်ယူကြဖို့လည်း ပန်ကြားပါတယ်။ အနောက်တောင် နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ပြီး အိမ်နီးချင်းနဲ့ သဟဇာနဖြစ်မှသာ ငြိမ်းချမ်းစွာ တိုးတက်နိုင်မယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက ယုံကြည်ပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သဘောတူညီချက်ယူပြီး ညှိနှိုင်းဆွေးနွေးရင်း ပြဿနာရှင်းနိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးလမ်းစဉ်ဟာ 'ဟားပင်ကွန့်ချောင်' (ခေါ်) ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေ မကြာခဏ ပြောလေ့ရှိပါတယ်။ နိုင်ငံခြားရောက် တရုတ်တွေရဲ့  အသက်အိုးအိမ်၊ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ မြန်မာပြည်ရောက် တရုတ်တွေကို ဂရုစိုက်ဖို့ တရုတ်ပြည်ကိုလာတဲ့ ဗမာအစိုးရ ကိုယ်စားလှယ်ကို တရုတ်ခေါင်းဆောင်ပိုင်းက မှာကြားလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်မျှော်လင့်သလို ဖြစ်မလာတာကို ၂၀၀၉ ခုနှစ် ကိုးကန့်ထိုးစစ်၊ မြစ်ဆုံဆည်နဲ့ ကချင်ပြည်နယ် ထိုးစစ်က

မြန်မာအစိုးရနဲ့ မဆွေးနွေးခင် ဒါလေး ဖတ်ပါဦး


 Ven Ravika

၁။ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကချင်ကို တိုက်ခဲ့တာမဟုတ်ဘူး။ ကချင်ဟာ နိုင်ငံရေးအရ အဖြေရှာနိုင်ရင် လက်ခံတဲ့ အဖွဲ့အစည်းဖြစ်လို့ပါပဲ။ ကချင်ကို စစ်တပ်က ရန်ရှာချင်လို့ သွားရှာခြင်းမှာ သူ့အကြောင်းနဲ့သူ ဖြစ်တယ်။

၂။ တိုင်းရင်းသားတွေဟာ တစ်စုတစ်စည်းထဲ နေသင့်ကြတယ်။ အစိုးရနဲ့ ဆွေးနွေးတဲ့ေ နရာမှာလည်း တစ်စုတစ်စည်းထဲသာ ဆွေးနွေးသင့်ကြပါတယ်။ တစ်ဖွဲ့ချင်းအနေနဲ့ သီးခြား မဆွေးနွေးသင့်ပါ။

၃။ မြန်မာအစိုးရဟာ ကတိအခါခါ ပျက်ကွက်ခဲ့သူဖြစ်လို့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ တတိယနိုင်ငံ တစ်နိုင်ငံမှာ ဆွေးနွေးသင့်ပါတယ်။ ဒိုင်လူကြီး ထားသင့်ရင် ထားရပါ့မယ်။ သဘောတူညီချက်ကို ဖျောက်ဖျက်ပါက အရေးယူလို့ရအောင် ကုလသမဂ္ဂလို အဖွဲ့အစည်း တစ်ရပ်လည်း တာဝန်ယူ ကြီးကြပ်သင့်ပါတယ်။