Saturday, February 2, 2013
ဗမာစစ်တပ်မှ ဒေါ်နာ့ဖော့ခါန်တောင်အား မဒိမ်းကျင့် သတ်ဖြတ်
(Jinghpawkasa)
ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော် ကားလမ်း ဒဘတ်ကျေးရွာ နှင့် အင်ခရာမ်းကျေးရွာကြားတွင် ယခုရက်ပိုင်းအတွင်း ဗမာအစိုးရ တနိုင်း ခြေစိုက် စစ်တပ်များမှ ကလေးသည် မိခင် ဒေါ်နာ့ဖော့ခေါန်တောင် အား လူမဆန်စွာ မဒိမ်းကျင့် သတ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ရောက်ရာဒေသများ၌ အပြစ်မဲ့ ပြည်သူများ အား ဖမ်းဆီးနှိပ်စက်၊ အမျိုးသမီးများအား မဒိမ်းကျင့်သတ်ဖြတ်၊ ကချင် ရွာများကို မီးရှို့ဖက်ဆီးမှုများ အချိန်တိုင်း လုပ်ဆောင်နေလျက် ရှိကြောင်း လည်း သိရှိရပါသည်။
ဖားကန့်သို့ ဒုက္ခသည်များကို ကူညီရန်လာသော KBC ဓမ္မဆရာများကို အစိုးရဂိတ်မှ တားဆီးလိုက်
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ (Seng Ra) ဒေသခံ များ ကို ကူညီထောက်ပံ့မှုပေးရန် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာများကို ဖားကန့် ဆန်ခါ (Sang Hka) အစိုးရဂိတ်မှ တားဆီးလိုက်သည်။
KBC မှ တာဝန်ရှိသူ ဆရာများ ၁၂ ဦးသည် ဆိုင်းရာ (Seng Ra) ကျေးရွာ ရှိ ဒေသခံများ၏ အကူအညီပေးရန်ခေါ်ဖိတ်ခြင်းအရ ထွက်ခွာလာချိန် ဆန်ခါကျေးရွာရှိ အစိုးရဂိတ်မှ ဖြတ်သန်းခွင့်မပြုပဲ ဖေဖေါ်ဝါရီလ ၁ ရက် ယနေ့တွင် မြစ်ကြီးနားသို့ ပြန်လှည့်ပြန်သွားခဲ့ရကြောင်း ကချင်နှစ်ခြင်း ခရစ် ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။
“ကျနော်တို့ကို KBC ဆရာတွေဖြစ်လို့ မသွားခိုင်းတာနေမှာပေါ့။ အခုအဲဒီ ဆိုင်းရာ (Seng Ra) က လူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ခက်နေ တယ် တဲ့။ အစိုးရတွေ မထွက်ခိုင်းဘူးတဲ့။ အဲဒီမှာ တိုက်ပွဲဖြစ်လာရင် သူတို့
တိုင်းရင်းသားများအတွက် စိုးရိမ်စရာ Classical Democracy
(Kachin Duwa)
အကောင်းမြင်နေကြတာ ဖြစ်ပါတယ်။ အရင်ထက်စာရင်တော့ လုံးဝ မပြောင်းလဲ ဘူးလို့ ပြောလို့တော့ မရတာ အမှန်ပါ။ သို့သော် ဗမာ လူထု နဲ့ NLD လို Classical Democracy လမ်းကြောင်းဖက် သွားနေသူများ အတွက် မျော်လင့်စရာ ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တိုင်းရင်းသားများ လိုလားတောင့်တ နေတဲ့ နိုင်ငံရေး အာဏာခွဲဝေခြင်း နဲ့ ဆိုင်တဲ့ ဖက်ဒ ရယ် ဒီမိုကရေစီ စနစ်ကိုတော့ ဗမာ နိုင်ငံရေး သမားများ အနေနဲ့ လက် နက်မဲ့ တိုင်းရင်းသား နိုင်ငံရေး သမားများတောင်းဆိုသံကို စိုးစဉ်းမျှ စဉ်းစားပြီး လိုက်လျှောမှာ မဟုတ်ပါ။ Classical Democracy ဆိုတာ အရပ်စကားနဲ့ ပြောရရင် ရေများရေနိုင်၊ မီးများမီးနိုင် ဒီမိုကရေစီ စနစ်ကို ပြောတာပါ။
NLD ရဲ့ မူဝါဒ ဖြစ်တဲ့ Classical Democracy အတွက်တော့ ဖြစ်လာနိုင် စရာ ရှိပါတယ်။ သို့သော် Classical Democracy ဟာ လူနည်းစု တိုင်း ရင်း သားများအတွက် လက်တွေ့ အာမခံချက် မရှိပါဘူး။ ဘာလို့လဲ ဆို တော့ အဲဒီစနစ်ဟာ လူများစု အတွက်ပဲ အလုပ်လုပ်တဲ့ စနစ်ဖြစ်လို့ပါ။ နောက်ဆုံးတော့ တိုင်းရင်းသား ပြည်နယ်များ ဆက်လက် ရပ်တည်နိုင်ဖို့ တောင် မလွယ်ပါ။ လွတ်တော်မှာ ဗမာကိုယ်စားလှယ် လူများစုက လွမ်း မိုးပြီး တိုင်းရင်းသားများရဲ့ အခွင့်အရေးများ လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
Friday, February 1, 2013
ဖားကန့်မြို့နယ်တွင် KIA နှင့် အစိုးရ တပ်ဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်
(ရွှေဟင်္သာသတင်းဌာန)
ယနေ့ ၁၁ နာရီ အချိန်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့က ဖားကန့်မြို့နယ် ခါမော်ကြီးကုန်း၌ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။
“မနေ့က အစိုးရ တပ်ဖွဲ့တွေ ခါမော်ကြီးကုန်းမှာရှိတဲ့ ပြည်သူလူထုကို လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တယ်။ ရွာသားတွေ ထိခိုက် ဒဏ်ရာရတာ ရှိတယ် အဲဒီ သတင်းရတော့ ကျနော်တို့ တပ်ဖွဲ့က သွားရောက် အကူအညီပေးခဲ့တယ်။ ဒီသတင်း ကိုလည်းကြားရော အစိုးရတပ်တွေက အင်အား အလုံးအရင်းနဲ့ ဒီနေ့နေ့လည်ပိုင်းမှာ တက်လာတယ်။ ကျနော်တို့လည်း အပစ်မဲ့လူထုကို တိုက်နေမှတော့ မလွဲမရှောင်သာဘဲ တိုက်လိုက်တယ်။” ဟုဆိုပါသည်။
အစိုးရစစ်တပ်က ဖားကန့်မြို့နယ်ရှိ ချင်းရွာ အား လက်နက်ကြီးဖြင့် ပစ်ခတ် (၄) ဦးသေ
ဇန္န၀ါရီ ၂၃ ဗုဒ္ဒဟူးနေ့ နံနက် ၁၀ နာရီခန့် က နောင်ချိုအခြေစိုက် အစိုးရစစ်တပ် အင်အား ၅၀၀ ခန့်သည် ချင်းလူမျိုး များနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ အုပ် စု၊ မှော်ဖီ ရွာအား လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ် ခတ် သဖြင့် ရွာသား (၄) ဦးသေဆုံးပြီး အိမ်ငါးလုံး လက်နက်ကျည်ဆံထိ မီးလောင်သွားသည်ဟု သိရသည်။
နောင်ချို တပ်သည် မိုးကောင်းဖက်မှ တက်လာ ကြပြီး တာမခန်အခြေစိုက် စစ်တပ်နှင့် ပူးပေါင်း စစ်ဆင်နေကြခြင်းဖြစ် ကြောင်း ရွာသားများသည် ဗုံးခိုကျင်းများ၊ ကျောက်ကျင်း မြေစာပုံများကို အကာ အကွယ်ယူ ပုန်းအောင်းနေ ရကြောင်း ဒေ သခံ ချင်းလူမျိုးတဦးက ပြောသည်။
စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စားပွဲပိုင်းမှာလာဆွေးနွေးဖို့ သမ္မတတိုက်တွန်း
(Democratic Voice of Burma)
စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ စားပွဲဝိုင်းမှာ အားလုံး ဆွေးနွေး ညှိနှိုင်းအဖြေရှာရမယ့် အချိန်ရောက်နေပြီဖြစ်လို့ သက်ဆိုင်တဲ့ခေါင်း ဆောင်တွေအားလုံး စားပွဲဝိုင်းကိုလာပြီး ဆွေးနွေးညှိနှိုင်းကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့အသံ၊ ပိတောက်မြေရေဒီယိုတွေနဲ့ FM ရေဒီယိုတွေကနေ ဖေဖော်ဝါရီလ ၁ ရက် ကစပြီး  တရက် ၄ ကြိမ်ထုတ် လွှင့်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး  ရေဒီယိုမိန့်ခွန်းမှာပြောကြား လိုက်တာပါ။
ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ
(ဧရာဝတီသတင်းဌာန)
လွှတ်တော်သစ်လက်ထက် ပြုပြင်ပြောင်းလဲ ရေးကာလ၊ အတိအကျ ပြောရမယ်ဆိုရင် ပြန်ကြားဝန်ကြီးအသစ်နဲ့ ဒုဝန်ကြီးအသစ်လက်ထက် မီဒီယာအသွင်ကူးပြောင်းရေး ကာလလို့ ကြွေးကြော်နေချိန်မှာ ပထမဆုံးကြုံလိုက်ရတဲ့ မီဒီယာ လွတ်လပ်ခွင့် စမ်းသပ်မှု တခုဖြစ်ပါ တယ်။
ဖဆပလ ခေတ်နဲ့ မဆလ ခေတ်အစောပိုင်းတွေမှာ သတင်းစာဆရာတွေ ကိုဖိတ်ပြီး စစ်မြေပြင်ကို ပြသတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပေမယ့် သူ ပုန်တွေဘက်အထိသွားပြီး သူပုန်တပ်တွေနဲ့အတူ ပြည်တွင်းသတင်း ထောက်တွေ ကိုယ်တိုင် သတင်းသွားယူတာကတော့ အခု ကချင်စစ်ပွဲ ဟာ ပထမဆုံးလို့ ကျနော်ထင် ပါတယ်။
ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
(မဇ္စျိမ)။   ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများအပေါ် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာ ချက်တစောင် ထုတ်ပြန် တုန့်ပြန်လိုက်သည်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းထုတ်ပြန်ချက်များတွင် KIO အား တဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနေနှင့် သဘောထား တင်းမာမှုများကို ရှောင်လွှဲလို၍ တိုက်ပွဲ သတင်းများအား ထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း အစိုးရဘက်မှ သတင်း ထုတ်ပြန်ချက်များသည် KIO အပေါ်သာ အပြစ်ပုံချထားသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။  
KIO နဲ့ အစိုးရ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်ဖို့ နီးစပ်လာ
(ဧရာဝတီသတင်းဌာန)
ကချင်ပြည်နယ်အတွင်း တိုက်ခိုက်နေကြသည့် စစ်ပွဲများနှင့် ပတ်သက်၍ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် နီးစပ်လာပြီဖြစ်ကြောင်း နှစ်ဖက် သဘော ထားများအရ သိရှိရသည်။
KIO က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော သဘောထားထုတ်ပြန် ချက် ၇ ချက်ထဲတွင် “KIO သည် နိုင်ငံရေး ပြဿနာများကို ဆွေးနွေး ခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း အစဉ်ပြောဆိုခဲ့သည့် အတိုင်း လိုအပ်သော ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု ပါရှိသည်။
KIO အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများ၊ နိုင်ငံများအား ကူညီဆောင်ရွက် ပေးနိုင်ရန်
KIO ၏ ၁-၂-၂၀၁၃ ထုတ်ပြန်ကြေညာချက်
(Myitkyina blog)
ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း
(Myitkyina Blog)
ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း
ကေအိုင်အေက မိုင်းခွဲသဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးကာ အရပ်သားသေဆုံးခဲ့သည် ဟူသော သတင်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ သတင်းဓါတ်ပုံ မှားယွင်း ဖော်ပြကြောင်း ပြည်သူတဦးက ဖေါ်ထုတ်လာသည့်အတွက် ဇန်န၀ါရီလ ၃၁ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန် လည်တောင်းပန်စာ ထည့်သွင်းခဲ့ရသည်။
အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြှစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ် (နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့်တွေ့ဆုံမေးမြန်းခန်း)
သျှမ်းသံတော်ဆင့်
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈  လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မြန်မာအစိုးရတပ် စခက(၃)လက်အောက်ခံတပ်များ ဂျန္နဝါရီလ ၅ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာအား မီးရှို့ဖျက်ဆီး စဉ် (ဓါတ်ပုံ- Jade Land)
၂၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အရည်အချင်းရှိတဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ များများ ပေါ်ထွက်ပါစေ
မနေ့က ဘီဘီစီ ညနေပိုင်း စကား ဆွေးနွေးဝိုင်းကို နားထောင်ပြီး စိတ်ထဲ "ကျလိ ကျလိ" ဖြစ်လာလို့။ "စစ်ပွဲကိစ္စ အပြုတ်တိုက်မယ် ဆိုတာကို လွှတ်တော်မှာ အဆိုသွင်းသူရှိလာတယ်။ ဒါကို ... ဘယ်လို ထင်ပါသလဲ" ဆိုတဲ့ စကားဝိုင်းပါ။
(ဝင်ပြောဖို့ စဉ်းစားပေမယ့် အခုအချိန်က နိုင်ငံရေးကိစ္စမှာ ပြောရဲ ဆိုရဲသူတွေ များလာနေလို့ အခြားသူတွေ ပြောနိုင်ဖို့အတွက် မပြောဖြစ် ခဲ့ပါဘူး။)
ဒီဆွေးနွေးဝိုင်းမှာ ကြံဖွတ်ပါတီက လွှတ်တော် အမတ် ဖြစ်တဲ့ အဆိုတင် သွင်းသူ ဦးမြင့်ဆွေ ဆိုသူက နိုင်ငံရေးကို နားမလည်ဘူးဆိုတာ အင်မ တန် ထင်ရှားတယ်။ ဒီလို နိုင်ငံရေး နားမလည်ဘဲ ပြည်သူ့ကိုယ်စား လှယ်ဆိုပြီး လွှတ်တော်ထဲ ရောက်နေတာ မရှက်ဘူးလားမသိဘူး။
နှစ်ခုထဲက တခုခုကို ရွေးပါ။
(Kachin duwa)
မြန်မာ လူမျိုးများအနေနဲ့ ဗမာမှု ပြုခြင်း နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို တပြိုင်ထဲ ရယူလို့ မရနိုင်ပါ။ နှစ်ခုထဲက တခုခု ကို စွန့်လွတ်ရမည်။
တိုင်းရင်းသား အခွင့်အရေး ကို ပေးပြီးမှ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံ ဖြစ်ပြီး ကြီးပွါးတိုးတက်မှု ကို အမှန်တကယ် ရယူ နိုင်မှာ ဖြစ်ပါတယ်။
အရာရာ အားလုံး ဗမာမှု ပြုခြင်း နဲ့အတူ စစ်ရဲ့အနိဌာရုံသည်လဲ ဆက် လိုက် လာမည်သာ ဖြစ်သည်။
ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးရဲ့ အစီရင်ခံစာ အရ၊ ပြီးခဲ့သော တစ်နှစ်ခွဲကြာလ ကြာ စစ်ပွဲအတွင်းတွင် ကချင်ရွာပေါင်း ၂၀၀ ကျော် ဖျက်ဆီးခဲ့သည့်အပြင်၊ ခရစ်ယာန် ဘုရားကျောင်း ၆၆ ခုကိုလဲ ဖျက်ဆီး ပေး လိုက်ကြောင်း စာရင်းတင်ပြထားသည်ကို တွေ့ရသည်။ (အသေး စိတ် သိလိုသူများ နှစ်ခြင်း အသင်းချုပ်ရုံးသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည်။)
KIA အထက်ပိုင်းခေါင်းဆောင်အချို့ ဌာနချုပ်မှ ခရီးပြုနေ
(ကချင်သတင်းဌာန)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နယ်မြေရှိ အရေးကြီး သော လုံခြုံရေးတပ်စခန်းများကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီးနောက် KIO အထက်ပိုင်း အရာရှိအချို့သည် လိုင်ဇာဌာနချုပ်မှ ခရီးပြုနေကြောင်း သိရသည်။
အဆိုပါ KIO အထက်ပိုင်းအရာရှိများ လိုင်ဇာဌာနချုပ်မှ ခရီးပြုနေခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအရနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးမှု ကိစ္စများ ကြောင့် ဖြစ်သည်ဟု KIA အရာရှိများပြောသည်။
ဌာနချုပ်နယ်မြေ လိုင်ဇာရှိ KIA ၏ အမာခံတပ်စခန်းများကို အစိုးရစစ် တပ်မှ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်သောကြောင့် အစိုးရစစ်တပ်မှ အချိန်မရွေး ၀င်ရောက်သိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်၍
ဒေသခံတွေထံက ပစ္စည်းတွေ လုံးခင်းရဲတပ်ဖွဲ့ဝင်တွေသိမ်းယူ
2013-01-31 (RFA)
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု လုံးခင်း နဲ့ မှော်စီစာရွာကြားမှာရှိတဲ့ လုံးခင်းဆက်သွယ်ရေး တာဝါတိုင် လုံခြုံရေးရဲကင်း နားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီခန့်က လုံခြုံ ရေး အင်အား ၂၀ လောက်က ဒေသခံပြည်သူ ၄၀ လောက်ကို တာဝန် အရ စစ်ဆေးတယ်ဆိုပြီး သူတို့မှာပါလာတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်း ဖုန်း ကအစ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ 
လုံးခင်းကနေ သာယာကုန်း ကျေးရွာဘက်အသွား လုံးခင်းကျေးရွာနဲ့ တစ်မိုင်အကွာ ဂေါက်ကွင်းအနီးမှာ ဒေသခံ ပြည်သူတွေကို အချိန်သုံး နာရီကြာတဲ့အထိ မြေပြင်မှာဝမ်းလျားမှောက် ရိုက်နှက်စစ်ဆေးပြီး ပစ္စည်း တွေ ယူသွားတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
Thursday, January 31, 2013
ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်
(Mizzima)
ကချင်ပြည်နယ် ဖားကန့်နှင့် လိုင်ဇာဌာနချုပ် အနီး တဝိုက်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေး KIO တပ်ဖွဲ့တို့ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားမှု နေသည်ဟု KIO နှင့် ကျောင်းသား တပ်မတော်က ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သော လဂျားယန်၊ ခရာဘွမ် တို့တွင် နှစ်ဖက် တိုက်ပွဲများ မဖြစ်ပွားတော့ ကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင် တဦးက ပြောသည်။
ကချင်စစ်ပွဲကြောင့် နိုင်ငံရေး ဆွေးနွေးမှု နှောင့်နှေး
(Mizzima)
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အစိုးရတို့အကြား နိုင်ငံရေး ဆွေးနွေးမှု မစတင်နိုင်ဘဲ နှောင့်နှေးနေရသည်မှာ ကချင်ပြည်နယ် စစ်ပွဲကြောင့် ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ကပြောသည်။
“ကချင်ပြည်နယ်တွင် ပြင်းထန်နေသော စစ်ပွဲအခြေအနေကြောင့် ပြည်ထောင်စု အစိုးရနှင့် မိမိတို့ မွန်ပြည်သစ်ပါတီအကြား သဘောတူ ဆုံးဖြတ်ထားသည့် ၂၀၁၂ ခု မကုန်မီတွင် စုစည်းနိုင်သမျှသော အပစ်ရပ် အဖွဲ့အစည်းများနှင့်ပြည်ထောင်စု အစိုးရတို့အကြား နိုင်ငံရေးအရ စတင် ဆွေးနွေးရေးသည်လည်း နှောင့်နှေးနောက်ဆုတ်ခဲ့ရသည်” ဟု ဇန်နဝါ ရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် NMSP ဗဟို အလုပ်အမှုဆောင် ကော်မတီ သဘောထား ကြေညာချက်တွင် ပါရှိသည်။
KIA နှင့် အစိုးရတို့ ဆက်လက် တိုက်ပွဲဖြစ်နေဆဲ
(ရွှေဟင်္သာသတင်းဌာန)
ယမာန့်နေ့ ညနေ () နာရီ အချိန်တွင် အစိုးရ၏ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ဖွဲ့နှင့် KIA တပ်မဟာ () လက် အောက် ခံ တပ်ရင်း() တပ်ခွဲ အဖွဲ့နှင့် ဖါးကန့်မြို့နယ် ဂွေခါကျေးရွာ အနီး တွင် မိနစ်(၃၀)ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ တပ်များ နောက် ဆုတ် ပေးခဲ့ရသည်ဟု KIA တပ်ရင်း () တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်တွဲက ဆိုပါသည်။ 
အစိုးရတပ်က အမြဲတမ်း လိုက်တိုက်နေတာ့ ရှောင်လေ လာရှုပ်လေ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ဖက်က သီး မခံနိုင်တော့လို့ တပွဲခံ ချလိုက်တာပါ။ ဒီတော့ ဒီပွဲမှာ အထိနာ သွားပုံရပါတယ်။ အဝေးဆုံးကို နောက်ဆုတ်သွားလိုက်တာပါဘဲ။ဟုဆိုပါသည်။ 
နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံမှားယွင်းမှုအတွက် တောင်းပန်
(Mizzima)
ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရ သတင်းစာ များတွင် မိုင်းခွဲ သဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးခဲ့ကာ အရပ်သား သေဆုံး ခဲ့သည် ဟုသော သတင်းနှင့် ပတ်သတ်၍ သတင်းဓါတ်ပုံများ မှားယွင်း ဖော်ပြမှုအတွက် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည် တောင်းပန်စာ ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။
ကချင်ထိုးစစ် အရှိန်ကျသွားသော်လည်း အစိုးရတပ်များ ပြန်မရုပ်သေး
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေ သော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက်ပိုင်း ငြိမ်သက်စပြုလာသော်လည်း  လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရတပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။
ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ လေကြောင်းပစ်ကူ အပါအဝင် အင်အားအလုံးအရင်းဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက် ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
Hka Ya Bum စခန်းအား တပ်မတော်မှ အင်အား ဖြည့်တင်းလျက်ရှိ
(စည်းလုံးခြင်းရဲ့အင်အား)
တပ်မတော်မှ MA6 ၁၂၀ မမ စိန်ပြောင်းကြီး (ဓာတ်ပုံ - mmmilitary blog)
Hka Ya Bum တောင်ကုန်း စခန်းအား တပ်မတော်မှ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် လက်နက်ကြီးများဖြင့် အင်အား ဖြည့်တင်းလျက် ရှိကြောင်း KIA နှင့် နီးစပ်သူများထံမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်။ 
မြန်မာ့အလင်းသတင်းလိမ်ဆင် မြန်မာတိုင်းမ် ဖေါ်ထုတ်။
(Kachin Duwa)
မြန်မာ့ အလင်းသတင်းစာမှာ Air Bagan လေယဉ်တိုက်လို့ သေဆုံးတဲ့ သတင်းဓါတ်ပုံကို ကေအိုင်အေ ဗုံးခွဲလို့ သေကြောင်း သတင်းလွင့်ထားတဲ့ အကြောင်း မြန်မာတိုင်းမ် သတင်းစာက ဖေါ်ထုတ်ပြလိုက်ပါတယ်။
ဒီ သတင်းဖေါ်ထုတ်ချက်ကြောင့် ဒေါက်တာ တင်ထွန်းဦး (ကြံ့ဖွတ်အမတ် မဲရှုံး) ရဲ့ ဇနီး နဲ့ မြန်မာ တိုင်မ်း သတင်းစာ အမှုဆောင်အရာရှိချုပ် Australia နိုင်ငံသား ဒန်တလေ နဲ့ ပြဿနာ ဖြစ်သွားပုံ ရပါတယ်။
ကချင်ပြည်နယ်တိုက်ပွဲ အတွင်း အရပ်သားတချို့ ထိခိုက်သေဆုံး
30.01.2013 (VOA)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်က မရမ်းကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ အစိုးရတပ်ကြား မကြာသေးခင်က တိုက်ပွဲတွေအတွင်း ဗုံးခိုကျင်းထဲကို လက်နက်ကြီးကျည် ကျတာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြား အပြန်အလှန် အပြစ်ဖို့နေကြတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က စုံစမ်းတင်ပြထားပါတယ်။
ဒီလိုအရပ်သားတွေ သေဆုံးမှုဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO/KIA တို့ဟာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဖိတ်ခေါ်ချက်အရ ပန်ဆန်းမြို့မှာ နှစ်ဘက် တွေ့ ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့အဖြစ်အပျက်ကိုတော့ ဒေသခံတယောက်က အခုလို ပြောပြပါတယ်။
ကချင်ဒေသတွင် အဓမ္မုနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းကို ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) သည်
ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးဆုတောင်းခြင်းအစီစဉ်တွင် အစိုးရအား အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းထက် စစ်မှန်ပြီး တရားမျှတသောငြိမ်းချမ်းရေး ရရှိနိုင်ရန် “တိကျသောမူဝါဒများ၊ လုပ်ငန်းစဉ်များ” ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တောင်းဆိုလိုက်သည်။
ယနေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ မြန်မာပြည်တ၀ှမ်း အသင်းတော် ဇုံနယ် ၁၅ ခုမှ ဓမ္မဆရာများ ၁၅၀ ဦးဆောင်၍ မြစ်ကြီးနားမြို့ ဂျော်ဘွမ် (Jaw Bum) ဆုတောင်း တောင်တွင် ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်းပွဲအစီစဉ်ပြုလုပ်ခြင်းနှင့်အတူ အစိုးရကိုလည်း အချက် (၄) ချက်ဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်ဆရာများ ပြောသည်။
လေလှိုင်းထဲက ကချင်တိုက်ပွဲ
(ဧရာဝတီ)
မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲ ဖြစ်ပါတယ်။
လက်ရှိ မီဒီယာ တိုက်ပွဲကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အခြေစိုက် သဇင် FM နဲ့ လိုင်ဇာ အခြေစိုက် လိုင်ဇာ FM တို့ ကြားက တိုက်ပွဲပဲဖြစ်ပါတယ်။ မြေပြင်မှာ လက်နက်တွေနဲ့ တိုက်သလို ဝေဟင်မှာ အသံလှိုင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလိမ့်မယ်လို့ မထင်ပါနဲ့။ ဒီ FM တိုက်ပွဲမှာ လိုင်ဇာ FM က ခံနေရတာပါ။
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းသမားများ တုံ့ပြန်ငြင်းဆို
(ဧရာဝတီ)
ကာကွယ်ရေး ၀န်ကြီးဌာနက ဇန်န၀ါရီ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ချက် တွင် ပါရှိသော ပြည်တွင်းပြည်ပ မီဒီယာတချို့သည် ကချင်အရေး နှင့် ပတ်သက်၍ ဖော်ပြရာတွင် တဘက်စောင်းနင်း ဖြစ်နေသည်ဆိုသည့် အချက်ကို ပြည်တွင်းပြည်ပ သတင်းသမားများက ထိုသို့မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ကြသည်။
လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်း ထုတ်ပြန်မှု တချို့တွင်လည်း နှောင့်နှေး ကြန့်ကြာ မှုများ ရှိသည့်အတွက် သတင်းသမားများအနေဖြင့် ရသည့်ဘက်မှ ရေးသားရခြင်းမျိုးသာ ဖြစ် သည်ဟု 7Day News ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုအားမာန်က ပြောသည်။
Wednesday, January 30, 2013
ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ
(ဧရာဝတီ)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ အရပ်သားများနေထိုင်သည့် မရမ်းရွာသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပြီး သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ ၇ နာရီလောက်မှာ အမြောက်ကြီးနဲ့ တနာရီလောက် ပစ်ခတ်ခဲ့တယ်။ ဗုံးခိုကျင်းထဲမှာ ပုန်းဖို့လုပ်နေတဲ့ မိသားစုကို ထိသွား တော့ အမေဖြစ်သူနဲ့ ၈ နှစ်အရွယ် ကျောင်းသားလေး သေသွားတယ်။ နို့စို့ကလေးရယ်၊ သူ့ယောက်ျားကလည်း ဒဏ်ရာ ရသွားကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ကလေးမိခင် မလဘမ်လုသည် အသက် ၂၇ နှစ်ဝန်း ကျင်ရှိကြောင်း၊ ဒဏ်ရာရသူ ၃ ဦးတွင် မလဘမ်လု၏ လသားအရွယ် ကလေးငယ်နှင့် ခင်ပွန်း အပြင် ၎င်း၏ ယောက္ခမ အသက် ၉၅ နှစ်အရွယ် အဘိုးအိုလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို ယခုအခါ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မရမ်းကျေးရွာတွင် သေနတ်ကြီးကျည်ဆံကျကာ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
(Jinghpawkasa)
မြစ်ကြီးနားမှ ၂၄ မိုင်အကွာရှိ မရမ့်ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ် အတွင်း သို့ မနေ့ည ဇန်န၀ါရီ ၂၉ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ် ကြီးကျည်ဆံ ကျရောက်ကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အစိုးရ အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်းမသိရသေး သော် လည်း မြန်မာ အစိုးရမှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ အခင်ဖြစ်ပွားရာ အိမ်နှင့် မြန်မာ အစိုးရ အမြောက်တပ် အမတ (၃၇၂) နှင့် အနီးတွင်ရှိပြီး ထိုတပ်မှ ပစ် ခတ် လိုက်တာ ဖြစ်နိုင်ကြောင်းသိရသည်။ အခင်းဖြစ်ပွားရာ အိမ်မှ ၃ အိမ်ကျော် အထိ ကျည်ဆံများ ထိမှန်ခဲ့သော် လည်း ဒဏ်ရာရရှိသူများမှာ အိမ် တစ်အိမ်ထဲမှ မိသားစုများသာ ဖြစ်သည်။ မရမ့်ကျေးရွာတွင် အမတ (၃၇၂) မှ မကြာခဏ အမြောက်များ ဖြင့် ပစ်ခတ်လျှက်ရှိပြီး ကျေးရွာဒေ သ ခံများ ကြောက်ကာ ဗုံးခိုကျင်းများ တူးထားကာ သေနတ်သံကြားတိုင်း ထို ဗုံးခိုကျင်းသို့ ခိုလုံလျှက်ရှိကြောင်းသိရသည်။မနေ့ညက ည ၇ နာရီမှ ၉ နာရီအထိ သေနတ်သံများ ကြားနေ ဆဲ ဖြစ်ကြောင်းသိရသည်။ 
မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
(Mizzima)
အစိုးရ စစ်တပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်း၍ နိုင်ငံရေးဆွေးနွေးမှု အမြန်ဆုံးပြုလုပ် ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက် သည်။
တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏  သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ  “ရာပြည့်တောင်”  (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်ဟု KBC ၏ အထွေထွေ အတွင်းရေးမှူး
Hka Ya Bum စခန်းတိုက်ပွဲ ရလဒ်နှင့် စစ်မြေပြင် နောက်ဆုံး အခြေအနေ သတင်း
(စည်းလုံးခြင်းရဲ့အင်အား)
(ဓာတ်ပုံ burmadday.blogspot.com)
KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲ ရလဒ်နှင့် စစ်မြေပြင် နောက်ဆုံး အခြေအနေ သတင်းကို KIA နှင့် နီးစပ်သူများ ထံမှ စည်းလုံးခြင်းရဲ့ ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ အဆိုပါ စခန်းကို တပ်မတော်မှ ခြေကုပ်ယူထားသော Bum Re Bum၊ M Tnt Bum ၊ Htun Tyel Bum နဲ့ Wai Maw Bum စတဲ့ နေရာ လေးနေရာ စလုံးမှ အမြောက်ကြီးများနှင့် ပိုက်စိပ်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရက်ထဲမှာပင် အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။ အမြောက်များ ပစ်ခတ်ပြီးတဲ့နောက်
ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး အစိုးရဘက်ကပို၍တာဝန်ရှိဟု ဒေါက်တာမင်းစိုးလင်းပြော
မင်းလုံး၊ အေမီ – ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဘက်လုံးတွင် တာဝန်ရှိသော်လည်း နိုင်ငံတော်အစိုးရဘက်က ပို၍ တာဝန်ရှိသည်ဟု မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။
၎င်းက “ကချင်စစ်ပွဲပြဿနာဟာ နေ့ချင်းညချင်း နာရီပိုင်းတွေမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတယ်၊ ဒီလ ၁၈ ရက်နေ့ကနေစပြီး နိုင်ငံတော်သမ္မတရုံးက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲတယ်ဆိုပေမယ့် တကယ် တမ်းကျတော့ ဖြစ်မလာဘူး၊ တိုက်ပဲဆက်တိုက်နေတယ် ပိုတောင်ဆိုးလာသေးတယ်၊ တောင်ကုန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းယူနေတယ်၊ နိုင်ငံကိုအုပ်ချူပ်တဲ့ အစိုးရဟာ အင်အားကြီးမား သကဲ့သို့ သဘော ထားလည်းကြီးရမယ်” ဟု ပြောသည်။
ကာချုပ် ဗိုလ်မင်းအောင်လှိုင် နှင့် ကြံ့ဖွံ့အမတ်မင်း (ဗိုလ်) ဦးလှဆွေတို့၏ ကြောင်းတူသံကွဲများပြောဆိုချက်များ
တူမောင်ညို၊ ၂၉ ဇန်န၀ါရီ ၂၀၁၃
သတင်းရင်းမြစ် - မိုးမခ
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထူးဒေသ(၂) “ဝ” ပြည် နယ် အစိုးရသည် (KIO) နှင့် အစိုးရ၏ “ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ”တို့ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် တာဝန်သိသော စိတ်ထားဖြင့် အဆိုပြုချက်တစ်ရပ်ကို ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
နှစ်ဖက် ကိုယ်စားလှယ်များ “ပန်ဆန်း” တွင် တွေ့ဆုံ ဆွေးနွေး နိုင်ရန် စီစဉ်ပေးမည်ဟု နှစ်ဖက်စလုံးသို့ ဖိတ်ကြား အဆိုပြုလိုက် ပါ သည်။
လိုင်ဇာကို အစိုးရ ၀င်သိမ်းမည်ကို စိုးရိမ်နေချိန် သေနတ်သံများငြိမ်သက်နေ
(ကချင်သတင်းဌာန)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေး တပ်စခန်းတခုဖြစ်သည့် ခရာဘွမ်တောင်ကုန်း (Hka Ya Bum) ကို အစိုးရ တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIA ဌာနချုပ်လိုင်ဇာ (Laiza)ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်စွာဖြင့် အကဲ ခတ်စောင့်ကြည့်နေချိန်  သေနတ်သံများ ငြိမ်နေကြောင်း သိရသည်။
အစိုးရစစ်တပ်မှ လိုင်ဇာမြို့ (Laiza Muklum) အား ၀င်ရောက်သိမ်း ပိုက်မည်ကို ဒေသခံလူထုများ စိုးရိမ်ကြောက်လန့်နေသော်လည်း ၃ ရက်ခန့် ပြင်းထန်သော တိုက်ပွဲသံများမကြားရတော့ကြောင်း လိုင်ဇာ ဒေသခံများပြောသည်။
ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ
2013-01-29 (RFA)
ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင် အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက် လက် တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမ ဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆို တယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်ပွား
(ကချင်သတင်းဌာန)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းတွင် ၅ နှစ် အောက် ကလေး  ၅၀ ကျော်တွင် ဝမ်းပျက်ရောဂါဖြစ်ပွားနေကြောင်း မိုင်ဂျာယန် (Mai Ja Yang) ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များ ၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားမှုသည် ယခုလ ဇန်နဝါရီလကုန်ပိုင်းမှ ပိုများလာခြင်းဖြစ်ပြီး ယခုချိန် နေ့စဉ် ဆေးခန်းသို့ ၄ ယောက်မှ ၁၀ ယောက်ဝန်းကျင် လာရောက်ဆေးကုသမှု ခံယူနေ ကြောင်း ပါကထောင် (Pa Kahtawng) ကျန်းမာရေးဌာနမှ ဆရာမ ဘောက်တောင် KNG ကချင်သတင်းဌာန သို့ပြောသည်။
Tuesday, January 29, 2013
KIA အပေါ် တဖက်သတ် စွပ်စွဲချက်များ အစိုးရ ၀ါဒဖြန့်နေ
 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၉) ၂၀၁၃
ကချင် လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့က ဖားကန့်မြို့နယ်ရှိ ရတနာတောင်တန်း ကုမ္ပဏီအား ယမာန်နေ့တွင် မီးရှို့ဖျက် ဆီးခဲ့ကြောင်း အစိုးရ၏ပြန်ကြားရေး ဝန်ကြီးဌာနမှ စွတ်စွဲချက်အပေါ် မဟုတ်မှန်ကြောင်း တပ်ရင်းမှုးဒုတိယဗိုလ်မှုးကြီး အင် ခွန်ဇော်တွဲကဆိုပါသည်။
“ကျနော်တို့ကို စွပ်စွဲလို့ရအောင် သူတို့က ဖန်တီးတဲ့လုပ်ရပ်ဘဲဖြစ်မယ်။ ကျနော်တို့က ၁၉ ရက်နေ့ နောက်ပိုင်းမှာ သေနတ် သံတစ်ချက်မှ မဖောက်ရပါဘူး။ သူတို့တပ်ဖွဲ့က ကျနော်တို့တပ်ဖွဲ့တွေ လာတိုက်တော့မှ ပြန်လည်ပစ်ခတ်ခဲ့တာပါ။ အခုလဲ ကျနော်တို့ တပ်ခွဲ(၂) စခန်းရှိတဲ့ နေရာကို စစ်ကြောင်း(၂) ကြောင်းနဲ့ မနေ့ကတည်းက သူတို့က လိုက်ရှာနေတယ်။ ဒီလို အ ခြေအနေမှာ မိုင်းထောင်ဖို့ မီးရှို့ဖို့ ဆိုတာမပြောနဲ့ တိုက်ပွဲမဖြစ်ချင်လို့ ကျနော်တို့ တပ်ခွဲ (၂) က လိုက်ပြီး ရှောင်ပေးလိုက်သေး တယ်။” ဟုဆိုပါသည်။
ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား
(Mizzima)
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်း ပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။   
ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ်
29.01.2013 (VOA)
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းသွားစေဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေကို ၀ နယ်မြေတွင်းမှာ ပြုလုပ်ဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖိတ်ခေါ်ထားတာကို KIO ဘက်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရဘက်ကလည်း အရင်ရက်တွေကတည်းက လက်ခံထားပြီးဖြစ်တာကြောင့် ပထမ မကြာမှီ ရက်ပိုင်းတွေအတွင်းမှာ KIO နဲ့ အစိုးရကိုယ်စားလှယ်တို့ဟာ ၀ ဒေသရဲ့ မြို့တော် ပန်ဆန်းမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီအကြောင်းသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။
KIO နဲ့ အစိုးရတပ်တွေအကြားမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသလို ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်တန့် နေချိန်မှာ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့  UWSA ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ရက်တွေက  ဖိတ်ကြားထားတာ ဖြစ်ပါတယ်။
အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခသည်များသည်  မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံရန်ပြင်ဆင်နေကြသည်။
အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆက်လက်၍ လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် ဒုက္ခသည်လူထုများ ဆက်လက်၍ လုံခြုံရာသို့ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။
စစ်ရေးပဋိပက္ခ တွေ့ဆုံ ဆွေးနွေးရန် ၀ပြည်သွေးစည်းညီညွတ်ရေးက ဖိတ်ခေါ်
(Mizzima)
မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ စစ်ရေး ပဋိပက္ခ ဖြစ်ပွားမှု ရပ်ဆိုင်းရန် ဝ ပြည်သွေးစည်း ညီညွတ်ရေး UWSA က ဖိတ်ခေါ်လိုက်ကြောင်း UWSA ဝိန်ကောင်းခရိုင် အတွင်းရေး မှူး ဦးစောလွင်က ပြောသည်။
UWSA ဌာနချုပ် ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့တွင် နှစ်ဖွဲ့ တွေ့ဆွေး နွေးရန် ဖိတ်ခေါ်သည့် စာအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီနှင့် KIO တို့အား ယခုလ ၂၄ ရက်နေ့က ပေးပို့ လိုက် သော်လည်း ယနေ့ထိနှစ်ဖက် စလုံးဘက်မှ ပြန်လည် တုံ့ပြန်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူရောက်ပြီ
(ဧရာဝတီ)
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက် သည့် အဖွဲ့သည် ယနေ့ နေ့လယ် ၂ နာရီတွင် တောင်ငူမြို့ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့ကို တောင်ငူမြို့ပေါ်ရှိ အာဏာပိုင်များက ဖမ်းဆီးမည်ဟု အသံများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ တားမြစ် ဖမ်းဆီး ခြင်းများ မရှိသေးကြောင်း ယင်းအဖွဲ့တွင် ပါဝင်လမ်းလျှောက်သည့် ဆရာတော် ဦးရက္ခဝံသက ဆိုသည်။
ဒါဟာ အပြင်းထန်ဆုံး စစ်ဆင်ရေးပါ
ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၈) ၂၀၁၃
ကချင်ပြည်တွင်းစစ်နှင့် ပတ်သက်၍ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကရေးရာ လေ့လာရေးဌာနမှ သုသေသန အရာရှိ ဂိုင်းဟော်တန် နှင့် တွေ့ဆုံမေးမြန်းခြင်း
မေး - လိုင်ဇာနားက နောက်ဆုံး ခံတပ်ကုန်းတွေထဲက တစ်ခုကို လက် လွှတ် လိုက်ရတယ်လို့ သိရတယ်။ မြန်မာ စစ်တပ်အတွက် ကေအိုင်အို ဌာနချုပ်ဆီကို လမ်းပွင့်သွားသလို ဖြစ်သွားတာပေါ့။ ဘာတွေ ဆက်ဖြစ် လာနိုင်သလဲ။
ဖြေ - ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက ကေအိုင်အေဌာနချုပ် လိုင်ဇာကို အလုံးအရင်းနဲ့ ၀င်တိုက်နိုင်တယ်။ တကယ်လို့ ၀င်တိုက်ခဲ့ရင် လိုင်ဇာ မြို့နေ လူထုကလည်း ပြန်ခုခံကြလိမ့်မယ်။ ကျနော် တကယ်စိုးရိမ်တာက သွေးချောင်းစီး သတ်ဖြတ်မှုကြီး ဖြစ်လာမှာကိုပဲ။ လက်ရှိ တိုက်ခိုက်မှု တွေဟာ မြန်မာပြည်မှာ ကျနော်ကြုံခဲ့ဖူးတဲ့ တိုက်ခိုက်မှုတွေနဲ့ တော်တော် ကို ခြားနားပါတယ်။ ခြုံခို တိုက်ခိုက်မှု သက်သက် မဟုတ်သလို၊ ရွှေဝါ ရောင်တော်လှန်ရေးလိုလည်း မဟုတ်ဘူး၊ ၈၈ အရေးအခင်းနဲ့လည်း မတူဘူး။ ဒါဟာ အပြင်းထန်ဆုံး စစ်ဆင်ရေးပါ။ ပြည်သူတွေ နားလည် နိုင်ဖို့တော့ ခက်ပါတယ်။ ခံတပ် အခိုင်အမာတွေနဲ့ တိုက်ကြတဲ့ စစ်ပွဲဗျ။ 
အစိုးရ တပ်မတော်နှင့် KIA ကို ပူတာအို ဒေသခံများ ဆန္ဒပြ
(ဧရာဝတီသတင်းဌာန)
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော် အကြား ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ပြေငြိမ်းရေး၊ ဒေသတွင်း လုံခြုံမှု ရရှိရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တို့အတွက် မြန်မာအစိုးရ တပ်မတော်နှင့် KIA တို့ကို ပူတာအိုဒေသခံများက တောင်းဆို ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။
“KIA အနေနဲ့ လမ်းတံတားဖျက်တာတွေ၊ အကြမ်းဖက်မှုတွေ ထပ်မလုပ်ဖို့ လည်း ဆန္ဒထုတ်ဖော်ကြတယ်လို့ ပြောတယ်။ ကျနော်လည်း မြစ်ကြီးနား ရောက်နေလို့ အတိအကျတော့ မသိသေးဘူး” ဟု ကချင်ပြည်နယ် ပူတာအို မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရဲက ဧရာဝတီကို ပြောသည်။
ပူတာအို ဒေသခံ အင်အား ၃၀၀ နီးပါးခန့်သည် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး ဟိုခိုရပ်ကွက်မှ ပူတာအို မြို့မဈေး အနီးအထိ ချီတက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေပြည်တော် လေးလပတ် အစည်းအဝေး ကချင်အရေး ဆွေးနွေးမည်
(ဧရာဝတီ)
ကချင်ပြည်နယ်၌ တိုက်ပွဲများ ဆက်ဖြစ်နေစဉ်မှာပင် မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေး (တပ်မှူးများ ညီလာခံ) ကို ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းမှ သိရသည်။
ဤ လေးလပတ် အစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မမှူးများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို မသိရသေး သော်လည်း လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၊
နွားတွေလို....
(Kachinduwa)
တိုင်းရင်းသား တွေက တလှည့်စီ ရိုက်သတ်စားနေတာ ကို သိလျှက်နဲ့ ကိုယ့်အလှည့် မရောက်ခင် ကြောင် ကြည့်နေတတ် တဲ့ နွားတွေလိုပဲ ဖြစ်နေတယ်။ ၁၉၉၄ မှာ ကရင် ကို သတ်တုန်းကလဲ ကေအိုင်အို ခေါင်းဆောင်တွေ ဆင်ခြေအမျိုးမျိုးပေးပြီး မသိဟန်ဆောင်ခဲ့တယ်။ သို့သော်လည်း၊ စုပေါင်း တပ်မှာ တော့ ကေအိုင်အေ တွေ ပါခဲ့ပါသေးတယ်။ ကိုးကန့် ကို တိုက်တော့လဲ အားလုံး ကြောင်ကြည့်နေခဲ့တယ်။ အခု ကေအိုင်အေ အလှည့်။ နောက် ဘယ်သူ့အလှည့် လာအုံးမလဲ?????
လဂျားယန် အနီးတိုက်ပွဲဖြစ်ပွား
(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် တပ် ရင်း (၁၈) နယ်မြေဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်း လဂျားယန် အနီး ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေသော ဗမာစစ်တပ်နှင့် ကေအိုင် အေ မျိုးချစ်ရဲဘော်များ ဇန်န၀ါရီ (၂၈) ရက်နေ့ မနက် (၈း၄၀) နာရီခန့် အချိန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲ သတင်း အသေးစိတ်ကို ဆက်လက် စုံစမ်းလျက် ရှိပါသည်။
ဗမာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ်
(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) လက် အောက် တပ်ရင်း (၂၁) ဒေသ ဖြစ်သော ခရိန်မူဒန်ကျေးရွာ တွင် ရောက် ရှိနေသော ဗမာအစိုးရစစ်တပ် များသည် ဇန်န၀ါရီလ (၂၇) ရက် ညနေ (၅း၄၅) နာရီခန့်တွင် အချင်းချင်းမှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ ဗမာစစ်တပ် အချင်းချင်း မှားယွင်းပစ်ခတ် နေချိန်တွင် စိန်လုံ ကောင်းလောဒ့်တွင် နေရာယူထားသော ဗမာစစ်တပ်မှ အခင်းဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးခဲ့ကြောင်း လည်း သတင်းကြားသိရပါသည်။