Saturday, January 26, 2013

ခါယာဘွမ်ဟာ ပန်းပန်လျှက်ပါ

(ရွှေဟင်္သာသတင်းဌာန)


နေ့လည် တနာရီခန့်မှ စပြီး ဟော်ဝစ်ဇာ လက်နက်ကြီး အမြောက် ကျည်ဆံများ ထောင်နှင့်ချီ အပစ်ခတ် ခံနေရသည့် ခါယာတောင်သည် ညနေ (၃) နာရီခွဲ အပစ်ရပ်သည့် အချိန်ထိ ပန်းပန်လျှက်ရှိသည်ဟု KIA ရှေ့တန်း တပ်မှူးတဦး က ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ပါ သည်။

“ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကဗျာ မြေဆူမတတ်ကို ခံနေရပါတယ်။ ပစ်လိုက်တဲ့ ကျည်တွေ ထောင်နဲ့ချီပြီး ရှိမယ်။ မြေတုန်သလောက်ကို ဖြစ်သွားတယ်။ စက္ကန့်မလပ်အောင်ပါဘဲ။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ လက်နက်ကြီးလည်း ရပ် ရော မြေပြင်တပ်ကလဲ တခါထဲ ထိုးတက် လာတော့တာပါဘဲ။ တောင်ခြေကနေ ပတ်ပြီး တရစ်ချင်းကို တက်လာ တယ်။ အပြန်အလှန် ပစ်လိုက်တာဗျာ တက်သလောက်သေတယ်။ အဲဒါနဲ့ ညနေ (၃) နာရီခွဲမှာ တခါထဲ နှစ်ဖက်စလုံးက အပစ် ရပ်သွားကြ တယ်။” ဟု ဆိုပါသည်။

ကချင်အရေး ပြည်သူတွေကို ငဲ့ညှာပြီးဖြေရှင်းဖို့ ဝါးရှောင် ဆရာတော် တိုက်တွန်း


2013-01-26 (RFA)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ သီတလရံသီ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ (ဇန်နဝါရီ ၂၆ ရက်) ပြာသိုလပြည့် အမေနေ့မှာ အခုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူတွေကို ငဲ့ညာပြီး မေတ္တာနဲ့ ဖြေရှင်းကြဖို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက တိုက်တွန်း လိုက်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပတဲ့ ၁၀ ကြိမ် မြောက် အမေနေ့ အခမ်းအနားမှာ ဝါးရှောင်ဆရာတော်က အခုလို မိန့်ကြားလိုက်ပါတယ်။

ဗန်းမော် - မြစ်ကြီးနား ရေကြောင်းလမ်း ဖွင့်ပေးဖို့ ဒေသခံများတင်ပြ


2013-01-26 (RFA)

ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ KIO တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော်နဲ့ မြစ်ကြီးနား ကိုသွားတဲ့ ကားလမ်းကြောင်း တွေ ပြတ်တောက်နေတာ ကြာပြီဖြစ်တဲ့ အတွက် ဒေသခံတွေ အနေနဲ့ ရေကြောင်းကနေ တရားဝင်သွားလာခွင့် ရဖို့ ရေကြောင်း ဦးစီးဌာန အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်ကို ကူးသန်းသွား လာနေတဲ့ကားလမ်းတွေ ပိတ်နေတာ အခုဆိုရင် တနှစ်ခွဲကျော်နေပြီ ဆိုတဲ့အကြောင်းကို ဒေသခံ တစ်ယောက်က RFA ကိုအခုလို ပြောပါ တယ်။

ကချင်ပြည်နယ်အတွင်း လဂျားယန် ဒေသမှ လွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေ၊ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် တပ်စခန်း ကို တပ်မတော်မှ ဆက်လက်သိမ်းယူနိုင်ခဲ့ကြောင်း သိရ


(Eleven Media Group)

ကချင်ပြည်နယ် အတွင်း လဂျားယန် ဒေသမှလွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသ များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် (ခိုင်ယာဘွမ်တောင်ကုန်း) KIA တပ်စခန်းကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဆက်လက်သိမ်းယူ နိုင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

"ထိုးစစ်ကတော့ နေ့တိုင်းပဲ ရှိနေပါတယ်။ ဗဟို ဌာနရှိတဲ့ လိုင်ဇာအနီး ပွိုင့် ၁၀၁၂ ခိုင်ယာဘွမ် စခန်းကို နေ့တိုင်း လိုလို လက်နက်ကြီး လက် နက် ငယ် တွေနဲ့ပစ်တယ်။ ခြေလျင်စစ်ကြောင်း ထိုးတယ်။ ဒီနေ့ဆိုရင် မနက် ၁၀ နာရီလောက်ကအခု မွန်းလွဲ ၁ နာရီကျော်အထိ ထိုးစစ် ဆင်နေတယ်”ဟု KIO ဌာနချုပ်မှ ဗိုလ်ကြီး ဇော်တောင်က ဇန်နဝါရီလ ၂၆ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ပြောကြားခဲ့ပါသည်။

အမေရိကန် သံရုံး၏ သတင်းထုတ်ပြန်ချက်အား နိုင်ငံတော်အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ပယ်ချပြီး အသုံးအနှုံးများ အတွက် သတိပေး


ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ (၂၆) ၂၀၁၃

အမေရိကန် သံရုံးမှ ကေအိုင်အေ၏ အကြမ်းဖက် လုပ်ရပ်များကို ဖော်ပြ ခြင်း မရှိသည့် သတင်းဖော်ပြချက်များ အတွက် နိုင်ငံတကာမှ အထင် အမြင် လွဲမှားမှုများ ဖြစ်စေနိုင်သဖြင့် ထိုရေးသားဖော်ပြမှုများကို ပြင်းထန် စွာ ကန့်ကွက် ပယ်ချလိုက်သည်ဟု နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ သတင်း ထုတ်ပြန်လိုက်သည်။

ထို့အပြင် အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာဟု သုံးနှုံးခဲ့ သော်လည်း အမေရိကန် သံရုံးမှ Burma, Burmese government, Burmese military စသဖြင့် နိုင်ငံတကာ လိုက်နာကျင့်သုံးရမည့် ကျင့် ၀တ်နှင့် ညီညွှတ်မှု မရှိသည့် အသုံးအနှုံး များကိုလည်း ပြင်းထန်စွာကန့် ကွက်ကြောင်း၊ နောင်တွင် မပြုလုပ်ရန် မျှော်လင့်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။

အူဗျစ်ရွာ နှင့် အာလမ်ရွာ တို့မှ မြန်မာ့တပ်မတော်မှ စစ်မှုမထမ်းမနေရအမိန့်ဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသူများစာရင်း


Khantthura Thura အင်တာနက်စာမျက်နှာသတင်း

မြစ်ကြီးနား မြို့နယ် အတွင်းရှိ ကျေးရွာများမှ အရွယ် မရောက်သေး သူများ ကို စစ်မှုထမ်း ဆောင်ရန် မြန်မာ့တပ်မတော် တပ်မ (၉၉) မှ ဖမ်းဆီး ခေါ်ဆောင်သွားပါသည် ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် (၁၄)မိုင်ခန့် ကွာဝေးသော အူဗျစ်ရွာ (LJ 485255)နှင့် အာလံရွာ ခန့်မှန်း မြေပုံညွှန်း(LJ- 485267) ရွာများမှ အရွယ်မရောက်သေးသော တိုင်းရင်းသား လူငယ် (၄၅)ဦးအား (၁၅-၁-၂၀၁၃) ရက်နေ့ ညပိုင်းအချိန်တွင် မြန်မာ့တပ်မတော်မှ ရှေ့တန်း စစ်မျက် နှာသို့ မြေမြုတ်မိုင်း ရှာဖွေရန် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရှိရပါသည်။

ဝတပ်ကို တရုတ်လက်နက်ရောင်း


25.01.2013 (VOA)
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေး ဆိုင်ရာ လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီ ညွတ် ရေး တပ်မတော်ကို တရုတ်က လက်နက်တွေ တိတ်တဆိတ် ရောင်းချနေ တာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့က ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်း ထောက် Daniel Schearf ဘန်ကောက်က ပေးပို့တဲ့သတင်း အပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်း သိမ်းလုပ်ကြဖို့ တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချ နေ တယ်လို့

ကချင်အရေး ကြားလူက တဆင့် ဆွေးနွေးဖို့ NLD အဆိုပြု


25.01.2013 (VOA)
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး လွှတ်တော်တွင်း ဒုတိယနေ့ အဖြစ်ဆွေး နွေးရာမှာ တိုင်းရင်းသားတွေ အပါအ၀င် အရပ်ဖက် ကိုယ်စားလှယ်တွေ က သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တခုကနေ ကြားဝင်စေ့စပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ရပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးမှုအပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖက်က ဘယ်လို သဘောထားရှိနေပါသလဲ။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ မနေ့ကတင်သွင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရရှိမယ့်  ခိုင်မာတဲ့ အခြေခံမူတွေ ချမှတ်ပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေပါတယ်။

Friday, January 25, 2013

ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ်ရပ်စဲမှု မလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား


Friday, 25 January 2013 (Eleven Media Group)

ကေအိုင်အေ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ် အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့သည်။

“အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အိုနဲ့သာ အဆင်မပြေ သေးတာပါ။ ကေအိုင်အိုနဲ့ အဆင်မပြေ တာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ ဘက်က လုပ်နည်းလုပ်ဟန် မှားနေသလားလို့ ပြန်လည်သုံးသပ် ဆင်ခြင် မိ ပါတယ်။

KIA ကဖမ်းမိတဲ့ အစိုးရ ကလေးစစ်သားတွေ ကိစ္စ ILO ကြိုးပမ်း


2013-01-25 (RFA)
KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ က သူတို့စစ်သုံ့ပန်းအဖြစ် ဖမ်းမိထိန်းသိမ်းထားခဲ့တဲ့ မြန်မာအစိုးရ တပ်ဖွဲ့ဝင် ကလေးစစ်သား ၈ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီကိစ္စမှာ ILO နိုင်ငံတကာ အလုပ် သမားအဖွဲ့ချုပ် က အစိုးရနဲ့ KIA အကြား ဆက်သွယ်ဆောင်ရွက်ပေး ခဲ့ကြောင်း ရန်ကုန်မြို့ ILO ရုံး၊ ဆက်ဆံရေးအရာရှိ Mr. Steve Marshall က ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒါ့ပြင် ပြန်လွတ်လာကြတဲ့ ကလေးတွေ ကို မြန်မာစစ်တပ်ကနေ တရား ၀င်ထွက်ခွင့်ရဖို့ဆောင်ရွက်နေကြောင်း၊ သူတို့ ဟာ စစ်သုံ့ပန်းအဖြစ် KIA လက်ထဲမှာ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံခဲ့ရသလဲဆိုတာ မသိရသေးကြောင်းလည်း ILO အရာရှိက ပြောပါတယ်။ ဒီအတွင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ

ခါယာတောင်ကျော သိမ်းပိုက်ရေး စစ်ဆင်မှု ယနေ့ထိမအောင်မြင်


ရွှေဟင်္သာသတင်းဌာန၊ ဇန္နာဝါရီလ (၂၅) ရက်နေ့
 

အစိုးရတပ်များသည် လိုင်ဇာကို စိုးမိုးနိုင်ရန် (ပွိင့် ၁ဝ၁၂) ဖြစ်သော ခါယာဘွမ်ဟုခေါ်သော တောင်ကျောသိမ်းပိုက်ရန် အပြင်းထန်ဆုံး စစ်ဆင်နေသည့် ယနေ့တိုက်ပွဲတွင် မအောင်မြင်ဟု ခါယာတောင်ကျော၏ KIA တိုက်စစ်မှူး တဦး က ကဆိုပါသည်။

ခါယာဘွမ်ကတော့ လိုင်ဇာအတွက် နောက်ဆုံး ခံကတုတ်ဆိုရင် မမှားပါဘူး။ ဒါကြောင့်အစိုးရက တန်ဘိုးကြီးကြီး ပေပြီး ကြိုးစားနေတာပါ။ လက်နက်ကြီးဆိုရင်လည်း မြေဆူမတတ် ပစ်တယ်။ မြေပြင်တပ်ကိုလည်း အသေခံပြီး တက်တယ် ။ အသေခံတော့လဲ သေတာပေါ့ဗျာ။ ဒီနေ့ဆိုရင် မနက် () နာရီကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ။ မြေ ပြင်တပ်ဖွဲ့နဲ့လည်း () ဖက်သုံးတန် ကနေတက်တယ်။ ဒါတောင် တက်မရပါဘူး။ ဒီနေ့ကျတော့ လေယာဉ် မသုံးဘူးဗျ။ အဓိကကလက်နက်ကြီးတွေဘဲ တအားသုံးတယ်။ဟု ဆိုပါသည်။

ပခုက္ကူ အခြေစိုက် အစိုးရ အမှတ် (၁ဝ၁) တပ်မဖွဲ့စည်းပုံ ပျက်သွား


ရွှေဟင်္သာသတင်းဌာန၊ ဇန္နာဝါရီလ (၂၅) ရက်နေ့

ယနေ့မနက် () နာရီမှ စတင်ပြီး လဂျားယန်စစ်မျက်နှာမှ ခါယာတောင်ကျောကို စစ်ဆင်ခဲ့သော ပခုက္ကူအခြေစိုက် အ မှတ် (၁၀၁) တပ်မ ဌာနချုပ်တပ်ဖွဲ့များသည် နေ့လည် (၁၀) နာရီခန့်တွင် အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရသည်ဟု လဂျာယန် စစ်မျက်နှာကို ကွပ်ကဲနေသော KIA ရှေ့တန်း တပ်မှူးတဦးက ဆိုပါသည်။

ဒီတပ်မ (၁၀၁) ကတော့ပြုတ်ပြီးဗျ။ ဘယ်ခံနိုင်မလဲဗျာ။ တက်လာပုံက အသေခံပြီး တက်လာတာ။ မသေဘဲ နေမ လား။ ပြီးတော့ လက်နက်ကြီး အားကိုးနဲ့ ချေမှုန်းနိုင်တယ်လို့ ယူဆတယ်လေ။ တပ်သားတွေကလည်း တိုက်ပွဲ သ ဘောကိုလည်း သိပ်နားမလည်ဘူး ထင်ပါတယ်ဗျ။ လူသစ်များမယ် လူငယ်မယ် ထင်ပါတယ်။ အဲဒါကြောင့် သေတာ ထိတာပေါ့။ အခုတော့

ကချင် ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်

(ဧရာဝတီသတင်းဌာန)


ငြိမ်းချမ်းရေး ကြားဝင် ဆောင်ရွက်ရန် အတွက် ပဋိပက္ခ ဖြစ်ပွားနေသည့် ကချင်ဒေသသို့ သွားရောက်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ၅ ဦးကို လိုင်ဇာမြို့မှ ၁၅ မိုင်ခန့် အကွာသို့ အရောက် အစိုးရ စစ်တပ်က ဆက် လက် မသွားရန် တားမြစ်ခဲ့သည်။

မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်နှင့် အဖွဲ့ သည် တာဝန်ရှိသူများ တားမြစ်နေသည့်ကြားမှ လဂျားယန်မှတဆင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ သွား ရောက်လို သည်ဟု အကြောင်းပြ ထွက်ခွာလာရာ နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကြောင့် ကချင်ပြည်နယ် ဒေါ့ဖုန်းယန် မြို့နှင့် ၅ မိုင်ခန့် အကွာတွင် လာလမ်းသို့ ပြန်လည်စေလွှတ် ခဲ့သည်ဟု ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော

(ဧရာဝတီ)


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အပြုတ်တိုက် ချေမှုန်းနိုင် မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အာ ဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ပြောဆို ဆွေးနွေးကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “ကမ္ဘာပေါ်မှာ စစ်ပွဲတွေ ကြည့်လိုက်၊ ညှိမရလို့ တိုက်နေတာချည်းပဲ။ လက်ရှိဖြစ်နေတဲ့ မာလီမှာ ပြင်သစ်တွေ ၀င်တိုက်နေတာ ညှိမရလို့ပဲ။ ကိုလံဘီယာဆိုလည်း အဲဒီလိုပဲ” ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အင်တာဗျူးတွင်လည်း ဖြေဆိုထားသည်။

ဗမာစစ်တပ်မှ နန်ဆန်ယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ် နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း ပေါ်ရှိ နန်ဆန် ယန်  ကျေးရွားကို ဗမာအစိုးရ စစ်တပ်မှ မီးရှို့ဖျက်ဆီးလျက်ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် နန်ဆန်ယန်ကျေးရွာရှိ ပြည် သူများ၏ နေအိမ်များကို တစ်ဖြေးဖြေး မီးရှို့ဖျက်ဆီးလာရာ ယနေ့ နန်ဆန်ယန် တစ်ရွာလုံး မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း သိရှိရပါ သည်။ နန်ဆန်ယန်ကျေးရွာသည် အိမ်ခြေ (၁၀၀၀) ကျော်ရှိပြီး မြစ်ကြီး နား - လိုင်ဇာ၊ ဗန်းမော် သွားခရီးသွား ပြည်သူများ လမ်းတစ်ဝက် စား သောက် နားနေသောရွာကြီး တစ်ရွားဖြစ်ပါသည်။ ယခုအခါ နန်ဆန် ယန်ရွာတွင် ခရစ်ယာန် ဘုရားရှိခိုးကြောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း သာမီးမလောင်ပဲ ကျန်ရှိတော့ကြောင်း ဆက်လက်သိရှိရ ပါသည်။

ဗျူဟာမှူး အောင်အောင် ဒဏ်ရာဖြင့် သေဆုံး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အို အစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဆဒုံး ဒေသဘက်တွင် သွားရောက်အခြေစိုက်သော ဗမာစစ် တပ် မြောက်ပိုင်းတိုင်း (မပခ) မှ ဗျူးဟာမှူး အောင်အောင် ဇန်န၀ါရီ (၂၂) ရက်နေ့တွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။
ဗျူဟာမှူးအောင်အောင်သည် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဖြစ် ပွားသော တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ၄င်းဒဏ်ရာဖြင့် ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။

အစိုးရတပ်မှ ဆန်ခါကျေးရွာ နေအိမ်များကိုဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ လုယက်သွား

(ကချင်သတင်းဌာန) (ဇန်န၀ါရီ ၂၄)


မြန်မာအစိုးရစစ်တပ်ဖွဲ့သည် ကချင်ပြည်နယ် ဖားကန့်မြို့ ဆန်ခါ (Sang Hka) ကျေးရွာရှိ ဒေသခံများ၏ နေအိမ်အသီးသီးကို အဓမဖျက်ဆီး၍ အဖိုးတန်ပစ္စည်းများရှာဖွေမွှေနှောက်ကာ ငွေနှင့် ကျောက်စိမ်းတုံးများကို လုယူသွားခဲ့ကြောင်း ဒေသခံမျက်မြင်များပြောသည်။

အစိုးရတပ်ဖွဲ့ အင်အား ၄၀ ခန့်သည် ယမန်နေ့ နံနက်ပိုင်းမှ ညမိုးချုပ် သည်ထိ

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး


“တစ်.. နေရာယူ၊
 နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊
လေး.. ကျည်ဆံထည့်၊
ငါး.. ဝပ်၊
ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”

ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန် မသေချာတော့သည့် အင်္ကျီတချို့ ဝတ် ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏ အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများ ထဲတွင်ဖြစ်သည်။ ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက် လုံခြုံရာဟု သဘောထားကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို  သာ ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင် လို့ရမှာမဟုတ်တော့ ဘူး။ သူတို့ သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့ သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက် ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွား ရောက်ခဲ့သော လူမှု ကူညီရေး

Thursday, January 24, 2013

မပခ စစ်ဆေးရုံမှ ဆရာဝန်ကြီးများ အပြင်ဆေးခန်းများသို့ မသွားနိုင်

(Jinghpawkasa)


ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် ဗမာအစိုးရ စစ်တပ် မြောက်ပိုင်း တိုင်း (မပခ) ရှိ စစ်ဆေးရုံတွင် အလုပ်လုပ်သော ဆရာဝန်ကြီးများ အပြင် ဆေးခန်းများသို့ သွားရောက်လုပ်ကိုင်နိုင် ခြင်းမရှိ ကြောင်း ဒေသခံ ပြည် သူများမှ တဆင့် သိရှိရပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ ကေအိုင်အို အစိုးရ နှင့် ဖြစ်သော တိုက်ပွဲများမှ တပ်ခေါက်လာသော ဗမာစစ်တပ် စစ်သား များ ဒဏ်ရာရရှိမှု များပြာသောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ မပခ စစ်ဆေးရုံးမှ ဆရာဝန်ကြီးအများပိုင်းသည် မြစ်ကြီးနားမြို့ပေါ်ရှိ ဆေးရုံး၊ ဆေးခန်းများတွင် အချိန်ပို ၀င်ရောက်လုပ်ကိုင်ကာ ၀င်ငွေရှာကြခြင်း ဖြစ်ကြောင်း ယခုအခါ စစ်တပ်ဆေးရုံ၌ ဒဏ်ရာရစစ်သားများ အလွန် များပြားလာသောကြောင့် အပြင်ဆေးရုံ ဆေးခန်းများတွင် လာရောက် လုပ်ကိုင် နိုင်ခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။ အထူးသဖြင့် ခွဲစိတ် ဆရာဝန်ကြီးများ လာရောက် လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း မြစ်ကြီးနား မြို့ခံများမှ စုံစမ်းသိရှိရပါသည်။