Saturday, January 19, 2013

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား


(Eleven Media Group)

လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရပ်နားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့ သော်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။

"ခုနကတောင် လက်နက်ကြီးသံတွေ ကြားရသေးတယ်။ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်နေတုန်းပဲ"ဟု KIO မှ ဗိုလ်ကြီး ဂျိုးဇက် က Eleven Media Group သို့ ပြောပါသည်။

ထို့အပြင် လဂျားယန်မဟုတ်သော အခြားဒေသများတွင်လည်း တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။ 

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

(ဧရာဝတီ)


လဂျားယန် ဒေသတွင်သာ မက ကချင်ပြည်နယ် ဒေသအနှံ့တွင် မြန်မာ့ တပ်မတော်၏ စစ်ရေးထိုးစစ်ဆင်မှုကို လျှော့ချသင့်ကြောင်း ကချင်လွတ် မြောက်ရေး အဖွဲ့ (KIO) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် အမှတ် ၃/ ၂၀၁၂ တွင် တပ်မတော်အနေဖြင့် လဂျားယန် စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ် သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြာင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး လဂျားယန်ရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာ ခဲ့ပြီးနောက် KIO က အထက်ပါအတိုင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။

အပစ်ရပ် အစိုးရသတင်း ထုတ်ပြန်ချက်နဲ့ မြေပြင်တိုက်ပွဲများ အားပြိုင် လျက်ရှိ

(စည်းလုံးခြင်းရဲ့အင်အား)


အစိုးရက တပ်မတော်ကို (၁၈-၁-၂၀၁၃) ယနေ့မှစပြီး တစ်ဖက်သတ် အပစ်ရပ်ခိုင်း လိုက်ကြောင်း မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့မှ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်း ထုတ်ပြန်ခဲ့တာကို သိရှိရပါတယ်။ အစိုးရသတင်း ကြေငြာပြီးတာ သိလိုက်ရလို့ သာဓု ခေါ်လို့မှ မပြီးဆုံးသေး ပါ။ စိတ်မချမ်းမြေ့ဖွယ် တိုက်တိုက်ဆိုင်ဆိုင် ရှေ့တန်းစစ်မျက်နှာမှ သတင်း ဝင်လာပါတယ်။ ဒါကတော့ စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ် သို့ စစ်မြေပြင် တိုက်ပွဲဝင်နေတဲ့ KIA တပ်များထံမှ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဆက်လက် ဖြစ်ပွားလျက် ရှိနေသေးကြောင်း သတင်းဖြစ်ပါ တယ်။ KIA စစ်တပ်မှ တိုက်ပွဲဝင်နေတဲ့အရာရှိ စစ်သည်များက သတင်း ပေးပို့လာပါတယ်။

KIA အကြပ်။  ။ “ကျွန်တော်တို့ ယနေ့ စခန်းထိုင်နေတဲ့ Bum Re Bum စခန်းကို အစိုးရတပ်က လေကြောင်းပစ်ကူ သုံးပြီး ပြင်းပြင်းထန်ထန် တိုက်လာတယ် ဗျ။ တိုက်လေယာဉ် ဝမ်းဗိုက်မှာ အနီရောင်ဖြစ်ပြီး ကိုယ် ထည်က အဖြူရောင်ဖြစ်တယ်။ ဒီနေ့ နေ့လည် ၁၅း၄၅ နာရီမှာ တိုက် လေယာဉ် ရောက်လာပြီး စခန်းတစ်ခုလုံးကို ဗုံးကြဲချတော့တာပဲ ဗျာ။ ညနေ ၁၇း၀၀ နာရီထိ ဆက်တိုက်ဆိုသလို တိုက်လေယာဉ် သုံး ခေါက် ထက်မနည်း စိစိညှက်အောင် ဗုံးတွေ ကြဲချတာပဲဗျာ။”

ကချင်ထိုးစစ်မှာ အစိုးရအနေနဲ့ အရှုံးကြီးရှုံးခဲ့ပါတယ်။


အပစ်၇ပ်ကြောင်းသမ္မတရုံး ထုတ်ပြန်ချက်အပေါ် Ven Ravika ၏ သုံးသပ်ချက်
ကချင်နဲ့နောက်ဆုံးဆွေးနွေးတဲ့အခါ ကချင်ဘက်က စစ်ရေးကိုယ်စား လှယ်တွေ ပါမလာခဲ့ပါ။ နိုင်ငံရေး အဖြေကို ရှာနိုင်ရင် စစ်ရေးပြဿနာ လည်း အလိုအလျှောက် ဖြေရှင်းပြီသားဆိုတဲ့ ကချင်တို့ရဲ့ ရပ်တည် ချက်ဟာ တပ်နဲ့အစိုးရ အာဏာခွဲဝေရတဲ့ ၂၀၀၈ ဥပဒေကို ခြိမ်းခြောက် နေလို့ ဖြစ်တယ်။ ဒါကို ကာချုပ် မင်းအောင်လှိုင်က ဒေါသူပုန်ထခဲ့တယ်။ လိုင်ဇာကို လေကြောင်းအကူနဲ့ ကြည်းကြောင်း က အပြင်းအထန် ထိုးစစ် ဆင်ခဲ့တယ်။ အခု ဒီထိုးစစ်ကို တစ်ဖက်သတ်ရပ်စဲကြောင်း အစိုးရ က ကျေညာခဲ့ပါပြီ။ ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ထားတယ်။ နောင်အခါ ဆွေးနွေးပွဲလုပ်ရင်ကချင်ဘက်က စစ်ဖက်ဆိုင်ရာများ မလာ မနေရ။

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်

(ဧရာဝတီ)


သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလိုကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်း အနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေ အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

မြေဇာပင် တဖြစ်လဲ လိုင်ဇာမြို့

(ဧရာဝတီ)


လိုင်ဇာမြို့က နေခွာဖို့ဆိုတာ လိုင်ဇာမြို့ပေါ်မှာ နေထိုင်သူများအနေနဲ့ မစဉ်းစားဖူးတဲ့ အကြောင်းအရာသစ်တခု ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ – ၁၅ တုန်းက လဂျားယန်ဘက်မှာ လေယဉ်ပျံဝဲတော့ အိမ်တိုင်း ကတုတ်ကျင်းတွေ တူးပြီး ကြံကြံခံဖို့ ပြင်ဆင်ထားပေမယ့် မြို့ကို စွန့်ခွာပြေးဖို့ဆိုတာကတော့ မစဉ်းစားဖြစ်တဲ့အရာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ လိုင်ဇာက လူနေရပ်ကွက်ထဲကို လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲ၊ လူ ၃ ဦးသေ၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရပြီးနောက်ပိုင်းတော့ အရပ်ထဲမှာ ပြောင်းဖို့ရွေ့ဖို့ စဉ်းစားကြသလို တကယ် ပြောင်းသွားတဲ့ သူတွေလည်း ရှိလာပါတယ်။

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်


အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ပြီး နယ်မြေ ရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျှဉ်း၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။

(၁) စစ်အစိုးရ၏ တပ်များသည် ကေအိုင်အေ တပ်များအား ကြီးကြီး မားမား စတင်ထိုးစစ်ဆင်သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၁၄) ရက်နေ့မှ စ၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်မျှ တွင် ကျဆုံး၊ ဒဏ်ရာရ၊ ထိခိုက် ဘ၀နစ်နာ ပျက်စီးသွားကြရသော ရဲဘော်များ၏ အရေအတွက်မှာ ထောင်ဂဏန်းချီမျှ ရှိသည်ဟု သိရသည်။ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယဉ်များ၊ ၁၂၀ နှင့် ၁၀၅ မီလီမီတာ အမြှောက်ကြီးများကိုပါ အသုံးပြု၍ ပြည်တွင်းစစ်သမိုင်း၌ အချိန်တို အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသဖြင့် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ ကုန်ကျခဲ့ရသည်။ ရရှိသည့် အကျိုးအမြတ်မှာ ပထ၀ီအရ ပွိုင့် (၇၇၁) အပါအ၀င် လဂျားယန်တ၀ိုက်ရှိ တောင်ကုန်းအချို့မျှသာ ဖြစ်သည်။

Friday, January 18, 2013

လေကြောင်းတိုက်ခိုက်မှုများမှာ အနာဟောင်း ကို ပြန်ဆွခြင်းလော

(ဒေါန်းမာန်ဟုန်)


ပြီးခဲ့သည့် သီတင်းပတ်များက ကေအိုင်အေအပေါ် ဆင်နွှဲခဲ့သော အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ကို ဆယ်စုနှစ် များစွာကြာညောင်းခဲ့ သည့် ပြည်တွင်းစစ်အတွင်း အပြင်း ထန်ဆုံးသော တိုက်ခိုက်မှုများအဖြစ် ရှုမြင်နိုင်ပါသည်။ ပထမဆုံး အကြိမ် အနေဖြင့် စစ်ရဟတ်ယာဉ်များနှင့် လေယာဉ်များသုံး၍ တိုက်ခိုက်ခဲ့ခြင်း လည်းဖြစ်သည်။ တိုက်ခိုက်မှု အများ စုက တရုတ်နိုင်ငံအနီး နယ်စပ်မြို့ ကလေးဖြစ်သည့် လိုင်ဇာရှိ ကေအိုင် အေဌာနချုပ်ဝန်းကျင်တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည်။ အစိုးရက ကချင် တော်လှန်ရေးကို ချေမှုန်း၍ ကေအိုင် အေစိုးမိုးရာဒေသကို ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ် ထားဟန်လည်း ရှိသည်။

တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ

(ဒေါန်းမာန်ဟုန်)

(17 January 2013 ရက်စွဲပါ the Diplomat မှ David Cohen ရေးသားသော China’s Myanmar Problem ကို ဘာသာပြန်ဆိုပါသည်)

နိုင်ငံခြားမှဝေဖန်သုံးသပ်သူများက ယုံကြည်နေသည်မှာ ကချင်ပြည်နယ်တွင် မြန်မာက စစ်ဆင်ရေးပြုလုပ်နေသည်မှာ အဆိုပြုထားသော ရေလှောင်တမံနေရာများကို ထိန်းချုပ်မှု ရရေးဖြစ်သည်ဟူသည့်အချက်ဖြစ်သည်။ ထိုရေလှောင်တမံများကို မြန်မာပြည်သူများက မလိုလားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအတွက်မူ အရေးကြီးနေပါသည်။
မြန်မာနိုင်ငံတွင် အသစ်တဖန်ဖြစ်ပွားသော တိုက်ပွဲများသည် ပြီးခဲ့သည့်အပတ်က တရုတ်နယ်စပ်အနီးသို့ ရောက်ရှိလာကာ အိမ်နီးချင်း ယူနန်အစိုးရသည် သက်ရောက်မှုများကို ခံရတော့မည်ဟု တရုတ်မီဒီယာများက သတင်းဖော်ပြကြပါသည်။ ယူနန်တွင် စစ်တပ်များ နယ်စပ်သို့ ရွှေ့ပြောင်းထားရပြီး ကချင်သူပုန်များ ထိန်းချုပ်ထားရာဒေသမှ ဒုက္ခသည်များကို လက်ခံရန် ဒုက္ခသည်စခန်းများ ပြင်ဆင်ထားရပါသည်။

ကချင်ထိုးစစ်ရပ်ဖို့ အစိုးရ ကြေညာ


ဗွီအိုအေ (မြန်မာပိုင်း)
18.01.2013
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် တပ်တွေအပေါ် ထိုးစစ်တွေ ဆင်နွှဲနေတာကို စနေနေ့ မနက်ကစပြီး ရပ်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုကြောင့် လက်တုန့်ပြန်တဲ့ အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အခုအခါ ရည်ရွယ်ထားတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့် ထိုးစစ်တွေ ရပ်မှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ကချင်လက်နက်ကိုင် တပ်တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီနှစ်ဆန်းပိုင်းအထိ မြန်မာစစ်တပ်ကို တိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို ပစ်ခတ် လုယက်တာတွေနဲ့ လမ်းတံတားတွေ ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ရန်လိုမုန်းတီးတတ်လာအောင် ဘယ်သူတွေ သင်ပေးသလဲ?

(Kachinduwa)


ကျနော် တနေ့တော့ ရှမ်းပြည် တောမြို့လေး တနေရာမှာ ဗမာ လက်သမား မိသားစု နဲ့ အနီးအနားက ရှမ်းလူမျိုးမိသားစု တွေကြားက ကလေးတွေရဲ့ ဆက်ဆံရေး ကို ရုတ်တရက် သတိထားမိသွားတယ်။

အသက် ၂ နှစ် ခွဲ အရွယ် ဗမာမိသားစုထဲက ကောင်လေးက အနီးအနား မှာ ဆော့နေတဲ့ အသက် ၅ နှစ် အရွယ် ကလေးတသိုက် ကို တုတ် တစ်ချောင်းနဲ့ လိုက်ရွယ်တော့ အားလုံးထွက်ပြေးသွားပြီး သူတို့ မိဘ တွေကို တိုင်ကြတယ်။ ရှမ်းမိသားစုတွေက သူတို့ ကလေးတွေ သူများနဲ့ ရန်ဖြစ်လာတယ် ထင်ပြီး သူတို့ ကလေးတွေကို ဆူကြတယ်။ တုတ် ကိုင်တဲ့ ကောင်လေးရဲ့ အဖေက အနားမှာ သူ့သားရဲ့ လုပ်ရပ်အပေါ် ချီးကျူးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့သားကို ဂုဏ်ပြုတဲ့ အနေနဲ့ အာပွားပေးပြီး ကောက်ချီလိုက်တယ်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း အပါအဝင် အချက် ၈ ချက်ပါ ထုတ်ပြန်ချက်ကို သတင်းထုတ်ပြန်ရေး အဖွဲ့မှ ယနေ့ည ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။


(Eleven Media Group)

ဇန်န၀ါရီလ ၁၉ ရက်နေ့နံနက် ၆ နာရီမှ စတင်ကာ လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း၊ တပ်မ တော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန်ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည် ဟူသည့် အချက် များ အပါအ၀င် အချက် ၈ချက်ပါ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန် ချက်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည၈နာရီသတင်းတွင် ကြေညာခဲ့သည်။

ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှ စတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာ ပို့ဆောင် သည့် တပ်မတော် စစ်ကြောင်းများကို ချုံခို တိုက်ခိုက်ခြင်း၊ မြစ်ကြီး နား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ

လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြင် စစ်ဆင်


ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၁၈) ရက်နေ့

မနက် () နာရီမှ ညနေ () ခန့်အထိ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်မှ လဂျားယန် စစ်ဆင်ရေးကို လူလှိုင်းဖြင့် အစိုရတပ်ဖွဲ့မှစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း လဂျားယန်စစ်ဆင်ရေး စစ်မျက်နှာမှ ဦးစီးကွပ်ကဲနေသူ KIA အရာရှိတဦးကဆို ပါသည်။

ဒီလိုပါဗျ။ ညကတည်းက သူတို့ဆိုင်ထားတာ။ မနက် () နာရီလည်းရောက်ရော စပြီးတိုက်လိုက်တာ ခေါင်းကို ဘီး ဖီးသလို ခပ်စိပ်စိပ်ပေါ့။ ဘဲအုပ် မောင်းသလိုမျိုး။ လူတွေကို တန်းစီပြီးကို တက်တိုက်လာတာပေါ့။ လက်နက်ကြီးတွေ ရော လေယာဉ်တွေရော တနေ့လုံး မနားတမ်းကို ပစ်တာပါဘဲ။ အဲဒါနဲ့ ညနေ () နာရီလောက်မှ ကျဲသွားတာ။ အဲဒီတော့ တန်းစီပြီးတက်လာ က တည်းကဆိုတော့ သေတာထိတာတွေက အတုံးအရုံး

KIA အဖွဲ့ တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား အစိုးရတပ် သိမ်းပိုက်


ရွှေဟင်္သာသတင်းဌာန၊ ဇန်နာဝါရီလ (၁၈) ရက်နေ့

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA တပ်ရင်း (၆)၊ စခန်း ဟောင်းအား တပ်မ (၆၆) တပ်ဖွဲ့များက ယမာန်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် သိမ်းပိုက်ခဲ့ကြောင်း သေခံတဦးက ဆိုပါသည်။

စခန်းကတော့ အရင်ကဆို တပ်ရင်း () စခန်း ပါဘဲ။ အခုကျတော့ KIA အောက်ပို့ တပ်နဲနဲဘဲ ရှိတယ်။ စခန်းပြောင်း နေတာ တလနီးပါး ရှိပါပြီး။ အစိုးရတပ်ဖွဲ့က ၀ါဒဖြန့်သလို အဲဒီစခန်းမှာ KIA အင်အား (၅၀၀) လောက်ရှိမယ် ဆိုရင် လွယ်လွယ်နဲ့ ဘယ်ရမလဲ၊ အခုတော့ အလွယ်လေးနဲ့ ရလိုက်တာပါ။ KIA မ် သိပ္မရွိတာ။ တပ်စုရုံးလောက် ဘဲရှိ တယ် လေ။ဟု ဆိုပါသည်။

လွှတ်တော်မှ ကချင်စစ်ပွဲအတွက် အရေးကြီးအဆိုတင်


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အပစ်အခတ် ရပ်စဲရေးအတွက် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ အရေးကြီးအဆိုကို ယနေ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ကချင်အရေးနှင့် ပတ်သတ်ပြီး ယခုကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးတွင် ဒုတိယကြိမ်မြောက် တင်သွင်းခြင်းဖြစ်သည်။ ယခင် သီတင်းပတ်က မြစ်ကြီးနား ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ ပထမအကြိမ် တင်သွင်းခဲ့ပြီးဖြစ်သည်။

အရပ်သား နေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်မှုသည် စစ်ဥပဒေချိုးဖောက်ရာရောက်

(Mizzima)


လိုင်ဇာမြို့ လူနေရပ်ကွက်များအတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးရခြင်းသည် စစ်ဥပဒေ ချိုးဖောက်ရာ ရောက်နေကြောင်း လူ့အခွင့်အရေး စောင့် ကြည့်ရေး အဖွဲ့မှကြေငြာချက်ထုတ် ဝေဖန်ခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့က လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ၁၅၀မမ တာဝေပစ် ဟော်ဝစ်ဇာ အမြောက် လက်နက်
ကြီးကြောင့် ခရစ်ယာန် သင်းအုပ် ဆရာတော်တစ်ပါး၊ အသက်၄၆နှစ် စစ်ပြေး ဒုက္ခသည် ယောက်ျား တစ်ဦးနှင့် ၁၄ နှစ်သား ယောက်ျားလေးတစ်ဦးတို့ သေဆုံးခဲ့ရပြီး အချို့ ဒဏ်ရာရခဲ့သည့်အပေါ် ရည်ရွယ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်
သည်။

ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ်တို့ လက်ခံမည်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)


လိုင်ဇာမြို့နှင့် အနီးအနား တ၀ိုက် ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များ အတွက် အရေးပေါ် လုံခြုံရေး အစီစဉ် တရပ်ကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က စီစဉ် ထားပြီးဖြစ်သည်ဟု ဒုက္ခသည်ရေးရာ စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါသည်။ 

“ပြည်တွင်းစစ် ဖြစ်ပြီး ကိုယ်နိုင်ငံသား တဖက်နိုင်ငံသို့ ထွက်ပြေး ရတယ် ဆိုတဲ့ အရေးဟာ နိုင်ငံတော်အတွက်လဲ သိက္ခါကျ တဲ့အဖြစ်ပါဘဲ။ လက်ခံပေးရတဲ့ နိုင်ငံအတွက်ကလဲ တာဝန်ကြီးတယ်။ ကမ္ဘာ အတွက်လဲ မြင်စရာ မကောင်းဘူးလေး။ ဒါကို တတ်နိုင်သလောက်တော့ KIA ဘက်က ကာကွယ်ပေးထားတုန်းဘဲလေ။ ဒါပေမဲ့ တဖက်က မထိမ်းဘူး ဆိုရင်တော့လဲ အ ရေးပေါ် အစီစဉ် ကတော့ စီစဉ်ထားပြီးသားပါ။” ဟု ဆိုပါသည်။ 

ဂျယ်ယန်း စစ်ပြေး ဒုက္ခသည်စခန်းအတွင်း ကလေးငယ်များ ဝမ်းပျက်ရောဂါ ဖြစ်ပွားနေ

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဂျယ်ယန်း စစ်ပြေးဒုက္ခသည်စခန်းတွင် ကလေးငယ်များ အဖျားတက်၊ အော့အန်ခြင်းနှင့် ဝမ်းလျောရောဂါ ဖြစ်ပွားနေသည်ဟု စစ်ပြေးဒုက္ခသည် များထံမှ သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့်  ဖြစ်ပွားရသည်ကို အသေးစိတ် မသိရသော်လည်း ထိုဒုက္ခသည်စခန်း၏ အထက်ပိုင်းရှိ စခန်းတချို့တွင် အိမ်သာ မလုံလောက်ခြင်းများ ရှိသဖြင့် ပတ်ဝန်းကျင် မသန့်ရှင်းသော ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဂျယ်ယန်းဒုက္ခသည် စခန်းမှ ဓမ္မဆရာ ဇော်အောင်က ပြောသည်။

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ



(အင်တာဗျူး) ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်း အောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင်  သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုက ရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့  ထုတ် ပြန်ခဲ့ပါ တယ်။ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး သျှမ်းသံတော် ဆင့် သတင်းဌာနက SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။    ။ ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိတဲ့အတွက် ကြောင့် တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုလို့ရှိရင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့  ငြိမ်းချမ်းစွာ ဖြေရှင်းကြရမယ်။ နိုင်ငံရေးစားပွဲဝိုင်းကို အမြန်သွားမှသာလျှင် တိုင်းရင်းသားပြည်သူတွေရဲ့ ဒုက္ခတွေ ကယ်တင် နိုင် မယ်။ ပြီးတော့မှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ကျနော်တို့ အာရုံစူးစိုက်နိုင်မယ်ဆိုတာ အဓိကထားပြီးမှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။

လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ

(Mizzima)


အစိုးရတပ်နှင့် KIO အကြား ဖြစ်ပွားသည့် တိုက်ပွဲ များကြောင့် ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမို နီးကပ်ကြားလာရသဖြင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ရန် နေရာ မရှိသဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရသည်ဟု  KIO မှ စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက် ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ် ကျေးရွာအနီးတွင် လည်း မြေပြင်တိုက်ပွဲများ ၄ ရက်ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် အခြားကျေးရွာတရွာဖြစ်သည့် လ၀ါယန်ကျေးရွာ အနီးတွင်မူ မြေပြင် တိုက်ပွဲများသာမက အစိုးရ စစ်တိုက်လေယာဉ်များပါ ယမန်နေ့ညပိုင်းက ကူညီပစ်ခတ်ပေးခဲ့သည်ဟု ဦးဒွဲပီဆားကပြောသည်။

“တိုက်ပွဲပြင်းထန်နေလို့ သတိနဲ့ နေနေရတယ်။ ကျနော်တို့က မပြောင်း ရွှေ့အောင် လုပ်နေတာ။ အစိုးရဘက်က လဂျားယန် လုန်ရောတ်ဆိုတဲ့ သူတို့စခန်းကနေ ဒီကျနော်တို့ဘက် မနေ့က ကတည်းက ထိုးစစ်ဆင် နေတယ်။ နောက် ခရာဘွမ်ဘက်တော့ ၄ ရက်ရှိပြီ လေကြောင်းနဲ့ နေ့တိုင်းပစ်ကူနေတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

(ဧရာဝတီ)


အစိုးရတပ်ဖွဲ့များ လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အထိ ရောက်ရှိလာပြီး လဂျားယန်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ကျန်ရှိနေသော လိုင်ဇာ ဒေသခံများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီး ကျည် ဆန်များ လိုင်ဇာမြို့ ခကျန်ရပ်ကွက်အတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံးပြီးနောက် လိုင်ဇာမြို့တွင်းရှိ ဒေသခံများကို လုံခြုံ စိတ်ချရ သည့် နေရာသို့ ရွှေ့ပြောင်းခဲ့သော်လည်း တိုက်ပွဲများ လိုင်ဇာသို့ နီးကပ် လာခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ ကိုယ်တိုင် အုပ်ချုပ်ရေး ကွာခြားပုံ။

(Kachin Duwa)


မဆလ ခေတ်ကတည်းက အခုထိ ဗမာ စစ်ခေါင်းဆောင်များ အာရုံသွင်းလာတာက ကိုယ်ပိုင်အုပ်ချုပ် ရေး ဆိုတာကို ဆင်တူရိုးမှား ဖြစ်အောင် ကိုယ်တိုင်အုပ်ချုပ်ရေး အစားထိုးလာခဲ့ပါတယ်။

တိုင်းရင်းသား တွေ ပြောနေတာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်တယ်။

ဗမာ စစ်ခေါင်းဆောင်တွေ လုပ်နေတာက ကိုယ်တိုင်အုပ်ချုပ်ရေး ပုံစံ.... သူတို့ အမြဲတမ်း ပြောတတ်တာက ခင်များတို့ ကချင်တွေလဲ အစိုးရ ၀န်ထမ်း အများကြီး ရှိတာပဲ၊ တပ်မတော်မှာလဲ ကချင်ရှိတာပဲ... ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးတောင် ကချင်လူမျိုးခန့်ထားတာပဲလေ... တဲ့။

ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်


17.01.2013 (VOA)
ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့မှာ ဒီပဋိပက္ခမှာ ပါဝင်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ တင်းမာမှု အရှိန်မြင့်လာတာကနေ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေကို ထိခိုက်တာမျိုး ဖြစ်မှာကို ကုလသမဂ္ဂအနေနဲ့ မလိုလားဘူးလို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။။

လတ်တလော ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်က အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်

ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ် ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးမှုရှိနေ

မဇ္ဈိမသတင်းဌာန


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံ သို့ ထွက်ပြေး ခိုလှုံနေထိုင်နေသော ကချင်စစ်ပြေး ဒုက္ခသည်အချို့ကို တရုတ် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်း သိရသည်။
မူဆယ်မြို့နယ်၊ ဝမ်ဒိန်ဂပ်နာ ကျေးရွာအုပ်စု ဖိုင်ကောင်ကျေးရွာမှ ရွာသား ၂၀၀ ကျော်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်၊ နောင်း လုန် ကျေးရွာမှ ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် ကျောင်းဝင်း အတွင်း ခိုလှုံနေရာ ၎င်းတို့အနက် ၁၂ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က ထိုကျေးရွာမှ တရုတ် ရဲတပ်ဖွဲ့ဝင်များက လက်ထိတ် ခတ်၍ ဖမ်းဆီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“တနေ့က တချို့ အိပ်ယာတောင် မထသေးဘူး။ မထသေးတဲ့ လူတွေကို ကန်ပြီး ထခိုင်းပြီးတော့ နှစ်ယောက်တတွဲ လက်ထိပ်ခတ်ပြီး သူတို့ စခန်း ထဲကို ခေါ်သွားတယ်။ ဟိုမှာ ၂ နာရီလောက် ထိုင်ထားခိုင်းပြီး မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတယ်။ ကျနော်တို့ ပြောင်းဖို့ တခြားနေရာ မရှိတော့ဘူး။

ကချင်စစ်ပွဲ အပစ်ရပ်ကြရန် တရုတ် တောင်းဆို၊ တရုတ်ဘက် ဗုံး လေးလုံးကျခဲ့

မဇ္ဈိမသတင်းဌာန


မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းကြရန်အတွက် မြန်မာအစိုးရနှင့် ကချင်လွတ်လပ် ရေးတပ် KIA တို့အား တရုတ်အစိုးရက တောင်းဆိုလိုက်သည်။

ကြာသပတေးနေ့က ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က မြန်မာပြည်စစ်ပွဲ များကြောင့် တရုတ်နယ်မြေတွင်း မီတာ ၅၀၀ အကွာတွင် အင်္ဂါနေ့က ဗုံးတလုံး ကျရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုလိုက်သည်။ ထိုဗုံးကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုဆိုသည်။

မော်ဝမ်းဆုတောင်းကုန်းအား ဗမာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်

(Jinghpawkasa)


ဇန်န၀ါရီလ ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ဖားကန့်မြို့၊ မော်ဝမ်း ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းရှိ ဆုတောင်းကုန်းသို့ ဗမာ စစ်တပ် ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော် လည်း မော်ဝမ်းအသင်းတော်၏ သိက္ခာတော်ရ အသင်းအုပ်ဆရာကြီး ထိန်နန်တက်နော် နှလုံးဖောက်ပြီး သွေးတက်ကာ ပုဂ္ဂလိကဆေးရုံတွင် တစ်ညတာ ကုသခဲ့ရကြောင်း အသင်းတော်နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းကပြောပြပါသည်။ အခင်းမဖြစ်ပွါးမှီ အသင်းတော် အမျိုးသမီး အဖွဲ့များက ထိုဆုတောင်းကုန်းတွင် ဆုတောင်းဝတ်ပြုအပြီး ညနေ ၃ နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ပစ်ခတ်မှု ကြောင့် ဆုတောင်းကုန်းရှိ အဆောက်အဦးတစ်ခု ပျက်စီး ခဲ့ပြီး  လက် ၀ါးကပ်တိုင်လည်း ထိခိုက်ခဲ့ရပါသည်။

ကချင်စစ်မျက်နှာငြိမ်းချမ်းရေးမှသည် တပြည်လုံးငြိမ်းချမ်းရေးသို့ 


ခိုင်အောင်ကျော် (နယူးယောက်)~ (ဧရာဝတီ)

မျက်မှောက်ကာလမှာ ကချင်ပြည်နယ် ဘက်က စစ်မျက်နာအကြောင်းကို စတင်ပြောလိုသည်။ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး အတွက် ဆက်ပြီး ကမ်းလှမ်းမည်ဟု သတင်းထွက်လာသည်။

ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း အစိုးရမှ တွေ့ ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်ထားသော် လည်း ကေအိုင်အိုဖက်မှ ဘာမှ မတုန့် ပြန်ပါ ဟု ထပ်ဆင့်ပြောလာသည်ကို သိရသည်။

Thursday, January 17, 2013

ရှေ့တိုးနိုင်ခြင်း မရှိသေးသော ဖွန်ပျန်ဘွမ် စခန်းကို အစိုးရက တိုးမြှင့် စစ်ဆင်


ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၇ ၂၀၁၃

ယနေ့တွင် ဗန်းမော်- လိုင်ဇာ လမ်းပိုင်း မှာရှိတဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၄) ဖွန်ပျန်ဘွမ် စခန်းကို အစိုးရ တပ်ဖွဲ့တို့က တပ်ရင်း (၄) ရင်းခန့်ဖြင့် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကျောင်းသား တပ်မတော် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

“ဒီနေ့ မနက် ၈ နာရီ မိနစ် ၂၀ မှာ လိုင်ဇာရဲ့ အမှတ် ၇၇၁ တောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဖွန်ပျန်ဘွမ်  KIA တပ် ရင်း (၂၄) တပ်စခန်းကို တပ်အင်အား (၄) ရင်းနဲ့ သူတို့ လာတိုက်တယ်။ တောင်ကုန်းအောက် တဝိုက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်။ လိုင်ဇာ အရှေ့ကာ ကင်းစခန်း ခါရာဘွမ်မှာလဲ ၄ နာရီ ၄၅ မိနစ် ချိန်မှာ လေယာဉ်နဲ့ လာပစ်နေ တယ်။ အခုချိန်အထိဘဲ။” ဟု ဆိုပါသည်။

ကချင်ပြည် ဖားကန့်မြို့နယ်၌ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)


ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် လုံးခင်း ကျေးရွာ အုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေ တစ်ဝိုက်တွင် ရှိသော KIA တပ်ရင်း (၆) တပ်စခန်းကို အစိုးရ တပ်များက ယနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောပါသည်။ 

“ဖားကန့် မြို့နယ်မှာ ရှိတဲ့ ကံစီ ကျေးရွာ အနီးရှိ နမ်မောဘွမ် (ဆန်ခါမောဘွမ်) မှာ ရှိတဲ့ တပ်ရင်း (၆) စခန်းကို မနေ့ (၁၁) နာရီ ကတည်းက တိုက်လာတာပါ။ ဒီနေ့ မနက် ၁၀ နာရီ အချိန်မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ပြီးတော့ ပန်ကြာမောဘွမ် တောင်ဖက်မှာလဲ ကြိုကြား ကြိုကြား ဖြစ်နေတယ်။” ဟု ဆိုပါသည်။ 

ဇန်န၀ါရီ (၁၇) ရက်နေ့ ညပိုင်း စစ်သတင်းများ

(Myitkyina blog)

၁၀၅ မမ ဟော်ဝင်ဇာလက်နက် တည်ရာပြောင်းရွှေ့

ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင်အခြေစိုက် အမြောက်တပ်ရင်းတွင်ထားရှိသော ၁၀၅ မမ အမြောက် ၂ လက် ဖြင့် KIA တပ်စခန်းတည်ရာဖက်သို့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ပစ်ခတ်ရာတွင် လိုင်ဇာမြို့ ကို ကျော်၍ တရုတ်နိုင်ငံဘက်သို့ အကြိမ်ကြိမ်ကျရောက်ပေါက်ကွဲမှုများဖြစ်ခဲ့ရသည်။ ဤသို့မှားယွင်းပစ်ခတ် (တမင်ရည်ရွယ်၍ ပစ်ခတ်သည်လည်းဖြစ်နိုင်သည်)မှုကြောင့် တရုတ်အစိုးရ၏ တင်းမာစွာသတိပေးခံခဲ့ရသည်။ ဇန်န၀ါရီလ(၁၅)ရက်နေ့တွင်လည်း တရုတ်ဘက်ခြမ်း နားဘမ်း(Na bang)မြို့အစပ်တွင် ထပ်မံကျရောက် ပေါက်ကွဲခဲ့သေးသည်။

တွေ့ဆုံဆွေးနွေးရန် KIO ကို ဝန်ကြီး ဦးအောင်မင်း ထပ်မံ ကမ်းလှမ်းမည်

(ဧရာဝတီ)


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရအကြား တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက မကြာခင် ရက်ပိုင်းတွင် ထပ်မံ ကမ်းလှမ်းမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က အစိုးရအနေနှင့် KIO အဖွဲ့မှ ခေါင်းဆောင်များထံ ကမ်းလှမ်းထားရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ထပ်မံ ကမ်းလှမ်းရန် စီစဉ်ထားသည်ဟု ၀န်ကြီး ဦးအောင်မင်းက ယမန်နေ့က နေပြည်တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center – MPC) တွင် ပြောကြားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ဖက်ဆစ် ၀ါဒ ကိုင်စွဲထားဆဲ...

(Kachinduwa)


"ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။

Crimes against humanity ဆိုတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဆိုတာ နိုင်ငံတကာ အတိုင်းအ၀ိုင်း နဲ့ ကင်းကွာ နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်တော့ စိမ်းနေအုံးမှာပါ။

လက်နက်ကိုင် မိသားစု အားလုံးကို ပစ်မှတ်ထားရေး၊ သုတ်သင် ရေး ဆိုတာ ဖက်ဆစ် ၀ါဒ ဖြစ်ပါတယ်။ အခုထိ မြန်မာ နိုင်ငံတော် အစိုးရ ရဲ့ ပြည်ထောင်စု ၀န်ကြီး အဆင့်မှာ တောင် ဒီလို စိတ်ထား ရှိနေသေး တယ် ဆိုတာ တော်တော် ကြောက်ဖို့ ကောင်းတဲ့ လူ့အဖွဲ့အစည်းပါ။

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက


ဦးကျော်ဇံသာ (VOA)
16.01.2013
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိ ဖြစ်ပွါးနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းသက်သက်နဲ့သာ ဖြေရှင်းမဲ့ သဘော အစိုးရဘက်က ပြသနေတယ်လို့ KIO အထွေထွေ အတွင်း ရေးမှူး ဒေါက်တာလဂျာ က ပြောဆိုပါတယ်။ ထိုးစစ်ကိုအရှိန်မြှင့် တိုက် ခိုက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ပြန်ကြားရ ခက်နေတယ်လို့လဲ ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလဂျာ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ KIA KIO ခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုနှင့် မြန်မာစစ်အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေးရယူခဲ့ကြ တာ ၁၇နှစ် ကြာခဲ့ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်တပ်ရဲ့ လက်အောက်ခံ နယ်ကြားစောင့်တပ်ဖွဲ့အဖြစ် အပြောင်းအလဲ ဖွဲ့စည်းရေး လုပ်လာတဲ့အတွက် အခြေအနေ ပြန်လည်းတင်းမာသွားခဲ့ပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့ မနက်ပိုင်း စစ်သတင်းများ

(Jinghpawkasa)


ကေအိုင်အေ ပြည်သူ့စစ်များ မိုင်ထောင်းရွာတွင် ခုခံတိုက်ခိုက်

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော မိုင်ထောင်း ကျေးရွာအထက်တွင် ဆူယန် ဘက်မှ စစ်ပစ္စည်းများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို လာကြို သော ဗမာစစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်အင်အား (၃၀) ခန့် ကို ဇန်န၀ါရီ (၁၅) ရက်နေ့ နေ့လည် (၁၁း၃၃) နာရီခန့်တွင် ကေအိုင်အေ အထူးပြည်သူ့စစ်တပ်ဖွဲ့မှ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာစစ်တပ်မှ မော်တော်ယာဉ် (၅၂) စီးဖြင့် စစ်လက်နက် ပစ္စည်းများ တင်ဆောင်ကာ  ကေအိုင်အေ တပ်မဟာ (၁) အုပ်ချုပ် နယ်မြေ သို့  ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ ပြည်သူ့စစ် တပ်ဖွဲ့ များ၏ တိုက်ခိုက်မှုကြောင့် ဗမာစစ်သား (၂) ဦးသေဆုံးပြီး၊ ကျန်ဗမာ စစ်သားများလည်း ခဂရန်းဘက်သို့ ပြန်လည်း တပ်ဆုတ်သွားကြောင်း ဆက်လက် သိရှိရပါသည်။

ကေအိုင်အေ တပ်ရင်း (၇) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဖြစ်သော ဆွမ်ပရာ ဘွမ် ကားလမ်း ဖုန်ကျန်ကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသော ဗမာ စစ်တပ် တပ်မ (၃၃) လက်အောက်မှ အင်အား (၄၀) ကျော်ပါဝင်သော စစ်ကြောင်းကို၊ ဇန်န၀ါရီ (၁၄) ရက်နေ့ မနက် (၇း၃၅) နာရီအချိန် တွင် ကေအိုင်အေ တပ်ရင်း (၇) မှ မျိုးချစ်ရဲဘော်များ

မော်ဝမ်း ဆုတောင်းကျောင်းဆောင်ပစ်ခတ်ဖျက်ဆီး

(Myitkyina Blog)


ဇန်န၀ါရီလ(၁၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ဖားကန့်မြို့ ဗျူဟာ ကုန်းမှ နေ၍ မော်ဝမ်းကျေးရွာရှိ နှစ်ခြင်းခရစ်ယန်အသင်းတော်၏ ဘုရား ရှိခိုး ဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။ ၎င်းအချိန်တွင် ယင်းဆုတောင်းကျောင်းဆောင်၌ မည်သူမျှမရှိခိုက်ဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယင်းကျောင်းဆောင်တွင် အသင်းသားများ ၂၄ နာရီမပြတ် ဆုတောင်း ခြင်းအစီအစဉ် ပြုလုပ်လေ့ရှိသည်ကို မနှစ်သက်သဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဘုရားရှိခိုးကျောင်းဆောင်သို့ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ရှိခဲ့သေး သည်။

ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း


ဗွီအိုအေ (မြန်မာဌာန)
16.01.2013
မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက် သေဆုံး တာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ မြန်မာအစိုးရ အနေနဲ့ လုပ်ဆောင် သင့်တာတွေ အားလုံးကို လုပ်သွားဖို့လိုတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၄ ရက်နေ့က အစိုးရတပ်တွေ ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေဆုံး သွားခဲ့ပြီးတဲ့နောက် အခုလို Amnesty International ကပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် KIA ကချင် လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေ နားမှာ အစိုးရတပ်တွေဘက်က ပစ်မှတ်ထားနိုင်တဲ့ စစ်စခန်းတွေ မထားမိအောင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့တိုက်တွန်းပါတယ်။

စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်က လက်ခံနိုင်ရန် စီစဉ်


Wednesday, 16 January 2013 (Eleven Media Group)

တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့် ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေးခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင် ဖော်ပြထားချက်အရ သိရသည်။ 

ဒေဟောင်ရှိ ယင်ကျန်းခရိုင် ပြည်သူ့ရေးရာဌာန လက်ထောက် ညွှန်ကြားရေးမှူး ဂေါင်ယိယန်ရွန်က သူတို့အနေဖြင့် ဒုက္ခသည်စခန်းများအတွက် အရေးပေါ် အထောက်အပံ့ များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် The Global Times သတင်းစာသို့ ပြောကြားခဲ့သည်။စခန်းများသည် ရှေ့တန်းရွာဖြစ်သော နဘန်းရွာ၏ အရှေ့ဘက်တွင်ရှိပြီး ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော်ကို လက်ခံနိုင်မည်ဟု ဂေါင်ယိယန်ရွန်က ပြောပါသည်။ 

ရန်ကုန်မှ မိုင်ရှစ်ရာကျော်ဝေးသည့်လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မည်


ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။

“ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မငြိမ်းချမ်းဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရလိုတဲ့အတွက် အခုလို
လမ်းလျှောက်ပြီး အလံတော်သယ်ဆောင်ဖို့ကို စိတ်ကူးဖြစ်ခဲ့တာပါ” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
ဝင်များက ပြောကြားသည်။

ကေအိုင်အိုဌာနချုပ်လိုင်ဇာအနီး အစိုးရတပ် တိုက်ခိုက်မှု အရှိန်မြှင့်


(16.1.2013) (DVB)

ကချင်ပြည်နယ် ကေအိုင်အိုဗဟိုဌာနချုပ် အပြင်စည်းဘက်က တပ်မဟာ ၅ လက်အောက်ခံ ကေအိုင်အေ ရှေ့တန်းမှာ မနေ့ကရော ဒီကနေ့မှာပါ တိုက်ပွဲတွေ အရှိန်မြင့်နေပြီး အစိုးရတပ်ဘက်က မြေပြင်ကရော လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားမှုအောက်မှာ ကြည်းတပ်ရယ် လေတပ်ရယ် ပေါင်းပြီး စစ်ဆင်ရေးလုပ်နေကြတယ်။ ဗုံးကြဲတယ်၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တယ်။ ၃၀ မမ မရှင်းဂန်းနဲ့ ပစ်တာမျိုး လုပ်တယ်။ ခါရာဘွန်မှာ မနက်ကလည်း တိုက်ပွဲပြင်းတယ်။ ခုနက ၂ နာရီမှာ ၁ ကြိမ်။ ၂ နာရီခွဲမှာ ၁ ကြိမ် လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်။ အခုလည်း ပစ်ခတ်နေတုန်းပဲ။”

ဖားကန့်ဒေသ တိုက်ပွဲတွေဆက် ဒေသခံ အမြောက်အများ နယ်စပ်ပြေး


2013-01-16 (RFA)
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေတစ်ဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ ဒီကနေ့မနက်ပိုင်း ၁၁နာရီလောက်ကစပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရ တပ်တွေဟာ ကေအိုင်အေတပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင်ပတ်ဝန်းကျင်လောက် အထိ ရောက်ရှိနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ကြားနေရတဲ့အတွက် ကံစီးပတ်ဝန်းကျင်နားက လီးဆူးတိုင်ရင်းသားတွေ အခြေချနေထိုင်တဲ့ ဗော်ဇာဒီးကျေးရွာတစ်ရွာလုံးနီးပါး  ဒီကနေ့ ၁၂နာရီလောက်က လုံးခင်းကျေးရွာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောင်းရွှေ့တဲ့ထဲမှာပါတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

အစိုးရတပ်က ကာကွယ်စစ်ဆင်နွှဲနေတာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဆို


2013-01-16 (RFA)
ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်


 ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃

KIA တပ်ရင်း(၂၃) ဖြစ်သော ပွိုင့် (၇၇၁) စခန်းမှ အစိုးရ တပ်များသည် ၄င်းစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းရန် မနေ့က ထိုးစစ်ဆင် ခဲ့ရာ အကျအဆုံး များစွာ ရှိခဲ့သည်ဟု ကျောင်းသား တပ်မတော် ဒုတိယ စစ်ရေး တာဝန်ခံ ဗိုလ်မှူး ကိုပေါက်က ဆိုပါသည်။

 “ ခါရာဘွမ် ကို သူတို့ စစ်ထိုးဆင်နေတာ ၅ ရက် ရှိပြီး။ မနေ့က မနက် ၇ နာရီခွဲမှာ ဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။  လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေ တယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟု ဆိုပါ သည်။

Wednesday, January 16, 2013

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

(Mizzima)


ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံ နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်းမည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် MPC တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

“ဦးအောင်မင်းအနေနဲ့တော့ သူ့အနေနဲ့ တောက်လျှောက်ကမ်းလှမ်းနေ တယ်။ အခုလည်း ဒီလလယ်ကျော်လို့မှ ကျနော်တို့ တဖက် အဖွဲ့အစည်း ဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် သူ ထပ်ပြီးတော့ ကမ်းလှမ်းမယ်လို့ ဒီနေ့ မနက်ပဲ ကျနော်တို့ကို ရှင်းပြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

တကမ္ဘာလုံး အပစ်ရပ်ဖို့ တိုက်တွန်း နေသည့်ကြားက လဂျားယန် တိုက်ပွဲမှာ ပြင်းထန်ဆဲ


ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃ 

ယနေ့ မွန်းလွဲပိုင်း () နာရီခွဲ အချိန်တွင် ခါရာဘွမ်ရှိ KIA စခန်းကို လေယာ()ကြိမ် ပျံသန်းပြီး ဗုံးများ၊ ဒုံးများဖြင့် ပစ် ခတ် တိုက်ခိုက် ခဲ့သည်ဟု ခါရာဘွမ် စခန်း အနီးရှိ ABSDF ကျောင်းသား ခေါင်းဆောင် တဦးက ဆိုပါသည်။ 
 တိုက်လေယာဉ် ၂ စီးတွဲနဲ့  () ခေါက်ပေါ့ ခါရာဘွမ်ကို ဗုံးဝင်ကြဲခဲ့ တာပြီးတော့ လိုင်ဇာ ဌာနချုပ် အနောက်ဘက် တောင်ကုန်း တစ်ဝိုက် ကိုလည်း ရော့ကက်နဲ့ ပစ်သွား ပါသေးတယ်။ အခု ပြောနေတဲ့ အချိန်မှာ ကိုက ဆက်ချနေတုန်းဘဲ အခုလို ဗုံးကျဲ တာကတော့ မနေက ခါရာဘွမ် မြေပြင်တိုက်ပွဲမှာ သူတို့ထိနာပါတယ်။ ဒါကြောင့် ဒီနေ့ လေကြောင်းနဲ့ပင်းပြင်း ထန်ထန် ထပ်ပြီး တိုက်ခိုက် နေတာဖြစ်မယ်ဟုဆိုပါသည်။ 

KIA ဘက်သို့ ရောက်ရှိနေသည့် အစိုးရ တပ်သားများ ကို ပြန်လွှတ်ပေးပြီ

(ဧရာဝတီ)


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အစိုးရ တပ်မတော် သားများနှင့် ကလေးစစ်သားများကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် နေရပ်ရင်းသို့ပြန်နိုင် ရန် အတွက် စရိတ်ပေးကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နေရပ် ပြန်စေခဲ့ သူများထဲတွင် အသက်ပြည့် အစိုးရ တပ်မတော်သားနှင့် ရဲတပ်သား ၁၅ ဦး၊ ကလေးစစ်သား ၈ ဦးတို့ ပါဝင်သည်။

ကလေးစစ်သားများ အတွက်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တပ်ထွက်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးကာ မိဘများ လက်သို့ အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေး စစ်သားများကို မူဆယ်မြို့တွင် ILO ကိုယ်စားလှယ် နှစ်ဦးက လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။

KIA သို့ မြေပြင် ဝေဟင် တိုက်ခိုက်မှုများ ရှိနေဆဲဟု ကျောင်းသားတပ် ပြော

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့၏ အနောက်ဘက် တောင်ကုန်းများနှင့်ယင်းတို့၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စစ်စခန်းရှိရာ ခရာဘွမ်တွင် အစိုးရ စစ်တပ် ဘက်မှမြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် လေကြောင်းမှလည်း ပစ်ကူ နေသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၅ နာရီခွဲချိန်ထိ ဗဟိုဌာနချုပ် KIA တပ်မဟာ ၅ နယ်မြေ လိုင်ဇာမြို့၏ တောင်ဘက် ခရာဘွှမ် အနီးတဝိုက်အတွင်း အစိုးရဘက်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကျဲ ပစ်ကူနေသည်ဟု ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။

(Kachin Duwa)

ဒီနေ့မနက်က မကွေးမြသလွန်ဘုရားပေါ်မှာတွေ့ခဲ့ရတဲ့ ကန်တော့ပွဲပါ။ ရှေ့တန်းသွားသူများအတွက် ကျန်ခဲ့တဲ့မိသားစုများက ဆုတောင်း ကုသိုလ်ပြုပေးထားတာပါ။
ကျဆုံးသတင်းရောက်မလာပါစေနဲ့ ဆိုပြီးနေ့တိုင်း ဆုတောင်းရတဲ့ ဘဝကနေအမြန်ကင်းလွတ်ပါစေ။ အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။
(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်)

တိုင်းမှူးက ကချင်ဝန်ကြီးချုပ်ကို ခြိမ်းခြောက်...

(Kachin Duwa)


မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်က ကချင်ရွာတွေမှာ ကချင်ပြည်နယ် ၀န်ကြီးချုပ်မရှိခိုက် ညတိုင်း လူဖမ်းပွဲ ကျင်းပ နေကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို နေပြည်တော်မှာ တမင်တကာ မကြာကြာ အောင် အချိန်ဆွဲပြီး ထိန်းထားကြောင်းလဲ သိရပါတယ်။

ဒီရက် မတိုင်ခင် အရင်လအတွင်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူးထွန်းထွန်း နောင် ဟာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦး လဂျောန် ငန်ဆိုင်း ကို မြစ်ကြီးနားမှ အရပ်သား အထမ်းသမား တောင်းရာ မပေးနိုင်တဲ့ အကြောင်း နဲ့ မြစ်ကြီးနားမှာ ပေါ်တာ မဆွဲဖို့ ငြင်း နေခြင်းကြောင့်၊ နေပြည်တော် တံခါးပိတ် ဆွေးနွေးပွဲတွင် အပြင်းအထန် ခြိမ်းခြောက်ခဲ့ ကြောင်း မိသားစု ၀င်များမှ တဆင့် ကြားသိရပါတယ်။

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

(ဧရာဝတီ)


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကချင်အရေး ကိစ္စအပေါ် ထားရှိသော အမေရိကန် အစိုးရ၏ သဘောထား


ရွှေဟင်္သာသတင်းဌာန ဇန်န၀ါရီလ ၁၆ ၂၀၁၃

ယမန်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ နေ့စဉ် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အကြောင်း ထည့်သွင်း ရှင်းလင်း သွားခဲ့ပါတယ်။ ဗစ်တိုရီးယားနူလန်ရဲ့ ရှင်းလင်းပြောကြားချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်


မေး - အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခင်ဗျား ရဲ့ ထင်မြင်ယူဆချက်တွေ သိရှိလိုပါတယ်။ ဒီကချင်ဆန့်ကျင်သူတွေရဲ့ မြို့ကို ဗုံးထိမှန်တဲ့အခါ အရပ်သားတေါ သေဆုံးခဲ့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေမှာ ဝိုင်းဝန်း ရင်းနှီးမြုပ်နှံကြဖို့ ပေးထားတဲ့အတွက် ဒီကိစ္စ(ကချင်ပြည်နယ်ကိစ္စ)ဟာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာအနေအထား ရောက်နေပြီလား။

UWSA, SSPP/SSA, မိုင်းလားအဖွဲ့ တို့ ပူးတွဲ ထုတ်ပြန်ချက်

(Jinghpawkasa)

January 15 ya shani hpyen shiga

(Jinghpawkasa)


SUMPRA BUM LAM DE MHH NI GAP

Published on Tuesday, 15 January 2013
Wunpawng Mungdan Shanglawt Asuya, Dingdung Ginwang Dap Ba (1) rai nga ai Sumpra Bum lam Mai Htawng Mare lahta kaw laksan Mung Shawa Hpyen Hpung Dap Dung na Share Ninghkring ni gaw January (15) ya shani hkying (11:00AM ten kawn 11:33AM) ten du Su Yang Mare kawn hpyen rai ni htaw lung wa ai myen hpyen a yin tan mawdaw (52) hpe sa tau la ai tatma (33) n pu na hpyen n gun (30) ram nga ai myen hpyen hpung ni hpe hkap gasat lai wa sai lam shiga na chye lu ai. Myen maga nna marai (2) si hkrum lai wa nna, myen hpyen hpung ni gaw Hka Garan Mare maga de bai n htang yu mat wa sai lam hpe na chye lu ai.

DUNG (7) BAWM HTE GASAT MYEN (15) HKRAT

Published on Tuesday, 15 January 2013
Wunpawng Mungdan Shanglawt Asuya, Dingdung Ginwang Dap Ba (1) n pu, KIA Dung (7) ni a ginra ira nga ai Sumpra Bum mawdaw lam Hpung

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တရုတ်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျား

(ဒေါန်းမာန်ဟုန်)


(The New York Times မှ 14 Jan 2012 ရက်စွဲပါ Thomas Fuller ၏ Myanmar Fighting Edges Toward China ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်အုပ်စုနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှုများက အိမ်နီးချင်း တရုတ်နိုင်ငံ တွင်းသို့ ကူးစက်ပျံ့နှံ့မည့်အနေအထားသို့ ခြိမ်းခြောက်ရောက်ရှိနေကြောင်း လက်နက်ကိုင်အဖွဲ့များကပြောကြားသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရရှိသော သတင်းများအရ နယ်စပ်ဒေသ လိုင်ဇာမြို့တွင် အမြောက်များဖြင့်ပစ်ခတ်ခံရမှုကြောင့် လူသုံးဦးသေဆုံးကြောင်းသိရသည်။

Truth News about Myanmar Military Aircraft (မင်းအောင်လှိုင်တို့  ပြည်သူလူထုနှင့် တပ်မတော်အပေါ် လိမ်ညာမှု။)

(Hugawng Kachin)


မင်းအောင်လှိုင်တို့  ပြည်သူလူထုနှင့် တပ်မတော်အပေါ် လိမ်ညာမှု။

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် စက်ချို့ ယွင်း ပျက်ကျတာ မဟုတ်ဘဲ မြေပြင်မှ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ်သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ။

ကချင်ပြည်နယ်ဒေသကို မတရားသွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်လေယာဉ် စစ်ရဟတ်ယာဉ်တွေနဲ့  ပစ်ခတ်ခဲ့တဲ့ စစ်ရဟတ်ယာဉ်တစ်စီး မြေပြင်ပေါ်က ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာကို သတင်းအမှန်မဖေါ်ပြဘဲ ပြည်သူလူထုကို လိမ်ညာသတင်းထုတ်ပြန်တဲ့ မင်းအောင်လှိုင်တို့  စစ်အုပ်စုဝါဒဖြန့် သတင်းအမှားကို ယခုအခါမှာ တရုတ်သတင်းဌာနတွေက ဖေါ်ထုတ်လိုက်ပါပြီ။

Tuesday, January 15, 2013

လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ


2013-01-15 (RFA)
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။

မြစ်ကြီးနား-မန္တလေး ရထားလမ်း ပေါက်ကွဲမှုဖြစ်


15.01.2013 (VOA)
စစ်ကိုင်းတိုင်းဒေသကြီး နဘား ဘူတာအနီးက တံတား ၂ စင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြစ်ကြီးနား- မန္တလေး ရထားခရီးစဉ်တွေဟာ မနေ့ည ၈ နာရီကနေ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်ဆိုင်းထားရပါတယ်။ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ တံတားတွေဟာ မြစ်ကြီးနား - မန္တလေးနဲ့ နဘား - ကသာ ရထားလမ်းနှစ်ခု ဆုံမှတ်နေရာမှာ တည်ရှိတာဖြစ်ပြီး ကသာလမ်းပိုင်းက တံတားက ပိုမိုပျက်ဆီးသွားတာကြောင့် ကသာရထား အသွားအလာတွေ နောက်ရက် အနည်းငယ်အထိ ပြေးဆွဲနိုင်ဖွယ် မရှိသေးပါဘူး။ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တို့ကြား တကြော့ပြန် ကြီးထွားလာနေချိန်မှာ ပေါ်ပေါက်လာနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တချိန်တည်းမှာ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဆိုသလို မိုင်းခွဲ တိုက်ခံတာတွေ ခံနေရတာဖြစ်ပါတယ်။မနေ့ညဦးပိုင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်နဲ့ နဘားဘူတာအကြားက နဘားဘူတာအနီး ကသာလမ်းခွဲက တံတားတစင်း မိုင်းခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။