Saturday, January 12, 2013

မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်


11.01.2013 (VOA)
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေကြောင့် မြန်မာ နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေး အင်အားတွေကို တိုးမြင့်ထားတယ် လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြ ထားပါတယ်။ ဒါ့အပြင် နယ်စပ် တိုက် ပွဲ အခြေအနေတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်း လေယာဉ်ခရီးစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရတယ် လို့လည်း ဖော်ပြပါတယ်။ တရုတ် မြန်မာနယ်စပ် အခြေအနေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေး မြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးမှာပါ။

"ကချင်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည် ဆန်တွေ ကျရောက် လာတဲ့ အပေါ်မှာ တရုတ်ဖက်က မြန်မာကို ကန့် ကွက်ပြောဆိုပြီးတဲ့နောက်၊ တရုတ် မြန်မာ နယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ ပို တိုးမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲကြောင့် ဒုက္ခသည်တွေ အလုံးအရင်းနဲ့

ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား


2013-01-12 (RFA)
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန် လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာ နယ်စပ်မှာ တရုတ် စစ်တပ်တွေ တိုးမြှင့် ချထားလိုက်တယ်လို့ အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေ တဲ့ Global Times တရုတ်အစိုးရ သတင်းစာက ဖေါ်ပြလိုက် ပါတယ်။ 

အခြေအနေတွေကို သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာ စစ်တပ် တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။

လိုင်ဇာတွင် စိုးရိမ်မှုနှင့် ရွှေ့ပြောင်း ရှောင်တိမ်းမှုများ ရှိနေ

(Mizzima)


အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ၍ KIA ဌာနချုပ် အနီးရှိ လိုင်ဇာမြို့ခံ ပြည်သူများ အကြားတွင် စိုးရိမ်စိတ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ရွှေ့ပြောင်းမှုများ ရှိနေကြောင်း သိရှိရသည်။

“ရှောင်တိမ်းတာလည်း ပါတယ်ပေါ့။ တချို့ကျတော့လည်း လုပ်ငန်းပိုင်း ရှိတယ်။ ဒီစစ်ရေး အခြေအနေပေါ် မူတည်ပြီး ဟိုဘက်လုပ်ငန်းပိုင်း ပြောင်းရွှေ့ လုပ်ကိုင်တာ ရှိတယ်။ ဒီမှာနေပြီး ဘယ်မှ ပြောင်းရွှေ့စရာ မရှိတဲ့သူ ကျတော့ လည်း ဒီမှာပဲနေကြတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်ဗျ။ တနေ့က ဆိုလို့ရှိရင် လက်နက်ကြီးပစ်တဲ့ အချိန်တို့၊
လေယာဉ်နဲ့ လာတဲ့အချိန်တို့ တကယ်စိတ်ကို ဂဏာမငြိမ် ဖြစ်တာကို တွေ့ရတယ်ဗျ။ သူတို့ တုန်လှုပ်ခြောက်ခြားနေတဲ့ အနေအထားပေါ့” ဟု လိုင်ဇာမြို့နေ ကိုဂျပ်စတင်း က မဇ္စျိမကို ပြောသည်။

တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် ပျက်ကျ သုံးဦးသေဆုံး

(Mizzima)


တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် MI35 တစ်စင်း အရေး တကြီး  မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၂၀ အကွာ တာလောကြီး ကျေးရွာအနီး ဇန်န၀ါရီ ၁၁ ရက်နေ့က ပျက်ကျရာက ဗိုလ်မှူးအဆင့်ရှိ လေသူရဲတစ်ဦး၊ ဗိုလ်ကြီး အဆင့်ရှိ လေသူရဲတစ်ဦးနှင့် တပ်ကြပ် အဆင့်ရှိသူတစ်ဦးတို့ သေဆုံးသွားခဲ့သည်။

ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော် လည်း စက်ချို့ယွင်းမှုဖြစ်ရာက အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု အစိုးရဘက်က ထုတ်ပြန်သည်။

မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး

(ကိုမိုးသီးဇွန် blog မှ)


လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊ အရှေ့အနောက် အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံ ရေး၊ မငြိမ်းချမ်းသေးသော မြန်မာပြည် မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေးအစရှိသည် တို့နှင့်ပတ် သက်ပြီး မော်ကွန်းမဂ္ဂဇင်းက မြန်မာ့ အရေးဝေဖန်သုံးသပ်သူ ဒေါက်တာ ဇာနည်ကိုအင်တာဗျူး ထားပါသည်။ ဒေါက်တာဇာနည်သည် ဗြိတိန်နိုင်ငံ London School of Economics and Political Science မှ visiting သုတေသီတစ်ဦးပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး ရာတို့နှင့် ပတ်သက်လာပါကပြတ်ပြတ်သားသား၊ ဒိုးဒိုးဒေါက်ဒေါက်၊ စူးစူးရှရှ ဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် လူသိများသူ ဖြစ် သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း ၄င်း၏အတွေးအမြင်၊ သုံးသပ်ချက်များကိုရေး သားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည် (maungzarni.com) သည် စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန် အစဉ် တစိုက်အရေးဆိုခဲ့သူအနည်းစုထဲ တွင်ပါဝင်ပြီး သူကိုယ်တိုင်ကလည်း ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ် သည်။ "Knowledge, Control and Power: The Politics of Military Rule in Burma Under General Ne Win (1962-88)." စာတမ်းဖြင့် အမေရိကန်ပြည်ထောင်စုရှိ Wisconsin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့် ဒေါက်တာဇာနည်သည် မြန်မာ နိုင်ငံ အတွင်း လူမျိုးရေးစိတ်ဓာတ် ပြင်းထန်နေသည့်အပေါ် အတော်ကို စိုးရိမ်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မြန်မာများ အကဲ့ရဲ့ မခံရစေရေး မည်သို့လုပ်သင့်သည်ကို ယခုအင်တာဗျူး၌ အကြံပြုဆွေး နွေးထားပါသည်။ 

ကချင်အရေးငြိမ်းချမ်းစွာ အဖြေရှာဖို့ ပြည်သူ့လွှတ်တော်တိုက်တွန်း


11.01.2013 (VOA)
ကချင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO/KIA ကို ပြည်သူ့လွှတ်တော်က တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်ကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အရေးကြီးအဆိုတရပ်ကို ဒီကနေ့ပဲ ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က တင်သွင်းခဲ့ပြီးတော့ လွှတ်တော်မှာ အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွှန့်က ခုလို ပြောပြပါတယ်။

လေယာဉ်ပစ်ချခံရသတင်း မြန်မာစစ်တပ် မီဒီယာတစ်ခုဖြစ်သော kachindailynews.com တွင် လိမ်ညာတင်ဆက်ထားပုံ


အစိုးရတပ်မှ MI 35 တစ်စီး ကေအိုင်အေနယ်မြေတွင် ပျက်ကျခဲ့

ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော် တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျ မှုဖြစ်ေ ပါ် ခဲ့ ပါတယ်။ ရန်သူ့ ကျည်ဆံ ထိလို့လား ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့လားဆိုတာကို ယခုထက်တိုင် မည် သူ မျှ မသိရသေးပါဘူး။ လေသူရဲကတော့ DSA အပတ်စဉ် ၄၁ နဲ့ ၄၇  မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက် ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ 

ကာလုံအကြီးကဲချုပ်ဖြစ်သူ မင်းအောင်လှိုင်မှ ပြည်ထောင်စုနေ့ဖြစ်သော ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မတိုင်ခင် လိုင်ဇာနှင့် ၄င်းဒေသအတွင်းမှ ကေအိုင်အိုများအား တိုက်ရမည်ဟု ကကကြပ်အား ညွန်ကြားထားကြောင်း ခိုင်လုံစွာသတင်းရရှိပါသည်။


အခု လက်၈ျားယန် စစ်မျက်နှာနှင့် ဖွန်ပြင်ဘွန် တ၀ိုက်မှာ ဘတပြန် ကျားတပြန် ချနေကြပါပြီ၊
ငြိမ်းချမ်းရေး လိုလားသူများ ၀ိုင်းကန့်ကွက်ပေးကြပါ။

မနေက ညနေ ၃ နာရီမှာ ရု၇ှားလုပ် MI 35 စစ်ရဟတ်ယဉ်တစီး ဆော်ခံ လိုက်ရပြီး ရဟတ်ယာဉ် မောင်းနှင်သူ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သူ လမ်းကြောင်းဆက်သွယ်ရေး ညွန်ကြားသူ နေပြည်တော် စစ်တပ် မှ အရာရှိ ၃ဦး သေဆုံးပြီး ဒေါ်လာ သန်း ၁၇ သန်းတန် ရဟတ်ယာဉ် မွမွကြေသွားပြီးဆုံးရှုံးခဲ့ရသည့်အပေါ်

ကချင်ပြည်နယ်ပေးတဲ့ သင်ခန်းစာ


11.01.2013 (VOA)

လွန်ခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့  သတင်းကြေညာချက်ကိုကြည့်ရင် ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာဟာ KIO-KIA မှာ တာဝန်ရှိကြောင်း အပြစ်တင်ထားတာကို တွေ့နိုင်ပါတယ်။ ကချင်ကလွဲပြီး အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသဘောတူချက် ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ KIO/KIA အဖွဲ့နဲ့ ပြည်တွင်းပြည်ပမှာ ဆွေးနွေးတာ (၁၁) ကြိမ် ရှိပေမယ့် သဘောတူချက် မရနိုင်သေးဘူးလို့ ဆိုပါတယ်။ KIO/KIA နဲ့ ဗမာအစိုးရဟာ (၁၇) နှစ်လုံးလုံး အပစ်အခတ်ရပ်စဲပြီးတော့မှ တဘက်နဲ့တဘက် ယုံကြည်ဖို့ ခက်ခဲနေတာကို ပြသရာရောက်ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲနိုင်တဲ့ အစိုးရဟာ အပြည်ပြည်ဆိုင်ရာမှာ မျက်နှာပန်းလှပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးလုပ်ခွင့်ပေးပြီး စည်းရုံးသိမ်းသွင်းတာကြောင့် တိုင်းရင်းသားအုပ်စုထဲမှာ သီးခြားအဖွဲ့ခွဲတွေ ပေါ်ထွက်လာပြီး အချင်းချင်းပြိုင်ဆိုင်တာဟာ အစိုးရနည်းပရိယာရ် အောင်မြင်ကြောင်း ပြသရာရောက်ပါတယ်။ KIO/KIA တဖွဲ့တည်း အစိုးရကို တုံ့ပြန်တိုက်ခိုက်နေတာမို့ ဗမာအစိုးရအနေနဲ့ ကချင်အရေးနိမ့်တဲ့အထိ ထိုးစစ်ဆင်မယ့် ပုံပေါ်နေပါတယ်။ ဒါပေမဲ့ တဘက်ကိုတဘက်က အပြုတ်တိုက်နိုင်တာ မဟုတ်ကြောင်း လွန်ခဲ့တဲ့ အနှစ် (၅၀) သမိုင်းက သက်သေပြနေပါတယ်။

Friday, January 11, 2013

ဗမာစစ်ရဟတ်ယာဉ် တစ်စီး ကေအိုင်အေမျိုးချစ်ရဲဘော်များ ပစ်ချ

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေသို့ စစ်ရဟတ်ယာဉ်ဖြင့် ထိုးစစ်ဆင်၊ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ပို့လာသော ဗမာစစ်တပ် စစ်ရဟတ်ယာဉ် တစ်စီးကို ဇန်န၀ါရီ (၁၁) ရက် နေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော် များ ပစ်ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ကေအိုင်မျိုးချစ်ရဲဘော် ဖြစ်သော ဘားအောင်မှ ဗမာအစိုးရ စစ်ရဟတ်ယာဉ် Mi 35  ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ် မောင်းနှင်းသော ပိုင်းလောဒ့်မှာ ဗမာစစ်တပ်၏ DSA အပါတ်စဉ် (၃၈) ကျောင်းဆင်း လေသူရဲ ဖြစ်ကြောင်းလည်း သိရှိရပါ သည်။ ရဟတ်ယာဉ်သည် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်းသို့ ပျက်ကျသွားခြင်းဖြစ်ကြောင်းကိုလည်း ဆက်လက်သိရှိ ရပါသည်။

ဇန်န၀ါရီ (၁၀) ရက်နေ့တိုက်ပွဲတွင် ဗမာစစ်ဗိုလ် နှစ်ဦးကျ

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ် သော မြစ်ကြီးနား - လိုင်ဇာလမ်း နန့်ဆန်ယန် နှင့် မဒီးယန် အနီးတစ်ဝိုက်တွင် ထိုးစစ်ဆင်လာသော ဗမာစစ်တပ်များကို ဇန်န၀ါရီ (၁၀) ရက်နေ့တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များ အဝေးထိန်း မိုင်းများဖြင့် တိုက်ခိုက်ရာ ဗမာစစ်တပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး နှင့် စစ်သား (၁၀) သေဆုံးကြောင်း သတင်းသိရှိရပါသည်။ ဗမာစစ်တပ်မှ အရာရှိကြီးများ ကျဆုံးသွားသောကြောင့် ဇန်န၀ါရီ (၁၁) ရက်နေ့ ပြန်လည် ထိုးစစ် လာသောကြောင့် တိုက်ပွဲများ ပြင်းပြင်းထန် ထန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)


ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ အစိုးရ၏ ဒေါ့ဖုန်းယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောပါသည်။  

“ဒေါ့ဖုန်းယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြနေပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ (၄) နာရီ အထိ မသိရသေးဘူး။” ဟု ဆိုပါသည်။ 

မြေပြင်တိုက်ပွဲများ နေ့စဉ်ဖြစ်နေဆဲဟု KIO ပြော

(mizzima)


အစိုးရစစ်တပ်နှင့် ကချင်လွတ်လတ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် အစိုးရဘက်မှ စစ်တိုက် လေယာဉ်များဖြင့် ပစ်ကူခြင်း မရှိသော်လည်း မြေပြင်တိုက်ပွဲများက KIO ဗဟိုဌာနချုပ် အနီးတဝိုက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကြာသပတေးနေ့က KIA ၏ လိုင်ဇာဌာနချုပ် တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲပေါင်း ခုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး သောကြာနေ့တွင် လည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ အနီးတဝိုက် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ယော်ထုံ က ပြောသည်။

ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ



ဂျန္နဝါရီလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ကအစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ်နဲ့တရားဝင်တွေ့ဆုံဖို့အတွက် ပြင်ဆင်တဲ့အစည်းအဝေးလို့သိရ ပါတယ်။ ဘာအကြောင်း တွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်လိုပြင်ဆင် ထားကြသလဲဆိုတာ သိရအောင် အစည်းအဝေးအပြီးမှာ သတင်းဌာန အသီးသီးက သတင်းထောက်တွေကနေ UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာကို မေးမြန်း ထားတာကို ပြန်လည်တင်ပြလိုက်ရပါတယ်။

မေး။    ။ အစိုးရနဲ့စစ်တပ်ရဲ့သဘောထား ကိုဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။ အစိုးရနဲ့စစ်တပ်မှာကွဲနေတဲ့အနေအထားရှိတယ် အစိုးရဘက် က ဆွေးနွေးချင်ပြီးတော့ တပ်ဖက်က ဖျက်လိုဖျက်ဆီးဆန္ဒနဲ့ တိုက်နေ သေးတာကိုတွေ့ရတယ်။

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

(ဧရာဝတီ)


ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအ၀င် ခေတ်မီ အီလက် ထရောနစ် နည်းပညာများ အသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန် ပြည်သူ့ လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုမှာ KIA နှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေးအတွက် တွေ့ဆုံ ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိ အခြေအနေများအရ နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်း ရေးအဖွဲ့များနှင့် KIA တို့အကြား တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့် အတွက် ဗီဒီယိုကွန်ဖရင့်၊ အီးမေးလ် အပါအ၀င် ခေတ်မီ အီလက်ထရော နစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန် တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော်က ပြောသည်။

သမ္မတကို လိပ်မူသည့် အိတ်ဖွင့် ပေးစာ ထိုင်းရဲ မှတဆင့် မြန်မာ သံရုံးသို့ ပေးအပ်ရ


ရွှေဟင်္သာသတင်းဌာန

ကချင် စစ်ပွဲ ရပ်ဆိုင်ရေး အပါအဝင် အချက် လေးချက် ပါသည့် အိတ်ဖွင့် ပေးစာအား ကချင်နှင့် အခြား တိုင်းရင်သား ညီအစ်ကို များမှ သမ္မတထံ လိပ်မူ၍ အိပ်ဖွင့် ပေးစာ ကမ်းသည့် အပေါ် ဗန်ကောက် မြန်မာ သံရုံးမှ အရာ ရှိများ လက်ခံ ယူခဲ့ခြင်း မရှိပဲ ထိုင်းရဲမှ တဆင့် ပေးအပ် ခဲ့ရ ကြောင်း အိတ်ဖွင့် ပေးစာ ကမ်းရာ၌ ပါဝင် တက်ရောက် ခဲ့သူ တစ်ဦး ဖြစ်သည့် ကို Slg.La Nu Nam မှ ပြောသည်။ 

 “အဓိက ကတော့ ကျွှန်တော်တို့ အိတ်ဖွင့်ပေးစာ သွားကမ်း တာပါ၊ အဲဒါကို သံရုံးက မြန်မာ အရာရှိတွေ တစ်ယောက်မှ ထွက်မလာ ပါဘူး၊ ကျွှန်တော်တို့ သံရုံး ရှေ့ကို ရောက်သွားတော့ လုံခြုံရေး ယူထားတဲ့ ထိုင်းရဲ တွေပဲ စောင့်နေတယ်၊ အဲဒီ ထိုင်းရဲ တွေက သူတို့ ကိုယ်တိုင် သံရုံးကို ပေးပေး မယ်ဆိုပြီး ယူသွား ပါတယ်” ဟု ကို Slg.La Nu Nam မှ ပြောသည်။

တိုက်ပွဲ ငြိမ်သက် နေရာမှ ဖါးကန့် ဒေသတွင် ပြန်ဖြစ်လာ

(ရွှေဟင်္သာသတင်းဌာန)


ယမန်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေး ရွာ အထွက် ကားမိုင်း ကျေးရွာ အ၀င် ကြားတွင် အစိုးရ စစ်ယာဉ်တန်းကို KIA တပ်မဟာ (၂) တပ်ရင်း (၆)မှ မိုင်းခွဲ တိုက်ခိုက် လိုက်သည်ဟု တပ်မဟာ (၂) မှ KIA စစ်အရာရှိ တဦးက ပြောပါသည်။
 
“ အစိုးရ တပ်တွေ မလှုပ်ရှားဘူး ဆိုရင်တော့ ကျနော်တို့လည်း မပစ်ပါ ဘူး။ အခုတက်လာတဲ့ ယာဉ်တန်းကတော့ စစ်ယာဉ် တန်းဆိုတော့ တိုက် ရတာပေါ့။ ကားတန်းကို မိုင်းနဲ့ ခွဲပစ်လိုက်တာပါ။ အစိုးရဖက်ကတော့ (၃) ယောက်လောက် ထိခိုက် တယ်လို့တော့ ကြားရပါတယ်။ ဒီလို တိုက်ခိုက် လိုက်တဲ့ အတွက် သူတို့က ရွာသားအိမ်တွေကို မီးလိုက်ရှို့တယ်ဗျ။” ဟု ဆိုပါသည်။

ကချင်ပြည်နယ် ဖြစ်ပေါ်လာပုံသမိုင်း

(KNG)


၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော် သည် ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့ သည့် လက်အောက်မှ လွတ်လပ် ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။

ထိုနေ့တွင် မြစ်ကြီးနားမြို့  စီတာပူမနောကွင်း၌ နံနက် ၈း၀၀ နာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်၍ မနော မဏ္ဍပ်ကြီး ဖွင့်လှစ်ကာ ပထမဆုံးသော ကချင် ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။

ကချင်ပြည်နယ်စစ်ပွဲမှာ ဓါတုလက်နက်တွေ သုံးစွဲနေတာမဟုတ်ကြောင်း အစိုးရငြင်းဆို


2013-01-11 (RFA)
ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေး ပဋိပက္ခ ပြင်းထန်နေချိန်အတွင်း အစိုးရတပ်ဖွဲ့ဘက်က ဓါတုဗေဒ လက်နက်တွေ သုံးစွဲနေတယ်ဆိုတဲ့ KIA ရဲ့ စွပ်စွဲချက် ကို အစိုးရက မနေ့က ငြင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က တပ်မ တော်ဟာ ဘယ်တုန်းကမှ ဓါတုဗေဒ လက်နက်မသုံးခဲ့ပါဘူး၊ သုံးစွဲဖို့ ရည်ရွယ်ချက်လည်း လုံးဝမရှိပါဘူး၊ KIA က မှားယွင်းစွပ်စွဲနေတာထင်ပါ တယ် လို့တုံ့ပြန်ဖြေရှင်းခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ဒဏ်ရာရ


2013-01-10 (RFA)
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီ လောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ လယ်ပြင်ကျေးရွာက ကလေးသုံးယောက် မိခင် ဒေါ်ခွန်တောင် ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်နှစ်ဖက်နဲ့ ညာဘက်လက်ဖျံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲ တွေဖြစ်ပွားမှုမရှိဘဲ အတန်ကြာ ငြိမ်သက်နေရာကနေ အခုလိုတိုက်ပွဲ သံပြန်ကြားရတာ ဖြစ်ပြီး၊ ဒဏ်ရာရတဲ့ အမျိုးသမီကတော့ လုံးခင်းတိုက် နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့

(Mizzima)


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်း အဖွဲ့ ၂၃ ဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သတ်၍ တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့်  နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ပထမဆုံးအနေနဲ့ ကျမတို့ ပို့လိုက်တဲ့စာအပေါ်မှာ သူ ဘယ်လို တစုံ တရာ သုံးသပ်ချက် ပေးချင်တယ်ဆိုတာ သိချင်တယ်။ ခုချိန် ကြောက် စရာ၊ စိုးရိမ်စရာ ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပြီ။ အစိုးရတွေကို သူ့အနေနဲ့ ပြောပေးနိုင်ဖို့ မျှော်လင့်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ
က ပြောသည်။

KIA ကို စစ်ဆင်နေသမျှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုကို UNFC ရပ်ထားမည်

(ရွှေဟင်္သာသတင်းဌာန)


ဤသဘောထားကို ယနေ့ ကျင်းပပြုလုပ်သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ သတင်းစာ ရှင်းလင်းပွဲက ထုတ်ပြန် ကြေညာကြောင်း မွန်ပြည်သစ် ပါတီမှ ဒုတိယ စစ်ဦးစီးချုပ် နိုင်လယီဂကောင်း က ပြောပါသည်။ 

ထို့အတူ သမ္မတ အာဏာကို အသုံးပြု၍ ကချင် ထိုးစစ်အား ချက်ခြင်း ရပ်တန့် ပေးရန် အတွက်လည်း ကြေငြာချက်၌ တောင်းဆို ထုတ်ပြန် ထားပါသည်။

“ဒီ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မရပ်ဘူး ဆိုရင် UNFC အဖွဲ့ အနေနဲ့ ဦးအောင်မင်း ဖိတ်ကြားထားတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေး နွေးရေးကို လက်ခံမှာ မဟုတ် သေးပါဘူး ခင်ဗျ။ ဒါပေ မဲ့လည်း စစ်ပွဲ ရပ်သွားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ UNFC က ဦးအောင်မင်း ကိုသွားတွေ့မှာပါ။” ဟုဆိုပါသည်။

တရုတ်နိုင်ငံတွင်း ကချင်နွယ်များ ကချင်အရေး ဆန္ဒပြ

(VOA)


ကချင်ပြည် လိုင်ဇာမြို့နဲ့ကပ်လျက် မှာရှိတဲ့ တရုတ်ပြည်ဘက် နားပန်မြို့ နားမှာ တရုပ်ပြည်နယ် အသီးသီးကလာတဲ့ ကချင်အမျိုးသား ၈၀၀ကျော် လောက် တရုတ်မြန်မာနယ်စပ်မှာ စုဝေးပြီးတော့ ကား အစီး ၁၀၀ကျော်နဲ့ ရောက်လာပြီး မြန်မာအစိုးရဘက်က ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းရေး တောင်း ဆိုခဲ့ကြပါတယ်။ လိုင်ဇာမြို့ကိုဝင်ဖို့ကြိုးစားတာမှာ တရုတ်ရဲတွေ က သူတို့ကို ပိတ်ဆို့တားဆီးတာတွေရှိတယ်လို့ ကချင်အရေးဆောင်ရွက် သူတွေက ပြောပါတယ်။ ကချင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေ ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်း ထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန် နေတဲ့ အတွက် ကချင်ပြည်တွင်းစစ်ကို ရပ်ဆိုင်းရေးတောင်းဆိုတဲ့အနေနဲ့ တရုတ်ပြည်နယ် အသီးသီးမှာ ရောက်နေကြတဲ့ ရာနဲ့ချီတဲ့ ကချင်အမျိုး သားတွေဟာ လိုင်ဇာမြို့ကို ဝင်ဖို့အတွက် တရုတ်ပြည် နားပန်မြို့ကို ရောက်ရှိနေတယ်လို့ ကချင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ ဦးဒွဲပီဆက ပြောပါတယ်။

ကချင်ပြည်တိုက်ပွဲများ ရပ်ဆိုင်းရေး လက်နက်ကိုင်အဖွဲ့များ ၀ိုင်းဝန်းလုပ်ဆောင်သွားမည်

(KIC)


မြန်မာအစိုးရစစ်တပ်များမှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက် ခိုက်နေမှုများကို ရပ်ဆိုင်းမပေးပါက ညီညွှတ်သော တိုင်း ရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များနှင့် လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းများ စုပေါင်းပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် နည်းလမ်း များ ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ယနေ့ညနေ ၄မှစတင်၍ တစ်နာရီ ကြာ ပြုလုပ်ခဲ့သည့် UNFC သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ် တွင် အစိုးရစစ်တပ်မှ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်း ရန် ၀ိုင်းဝန်းလုပ်ဆောင်ကြရန် နည်း လမ်းရှာ ဆွေးနွေးခဲ့ကြကြောင်း UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ ဒီလကုန်ပိုင်းလောက် ဦးအောင်မင်းနဲ့တွေ့ဆုံပြီး ကချင် ပြည်နယ်မှာဖြစ်နေတဲ့ ထိုးစစ်ဆင်နေတာတွေကို ရပ် ဆိုင်းပေးဖို့ တောင်းဆိုမယ်။ ဒီလိုပြောတာမှ မရပ်ဘူး။ သမ္မတဆီ တင်ပြထားလို့ လည်း ဘာမှထူးမလာရင်တော့ တခြားနည်း လမ်းတွေနဲ့ ဆက်လုပ်သွားဖို့ ကျနော်တို့ကတော့ ပြင်ဆင်ထားကြတယ်”ဟု ပြောသည်။

Thursday, January 10, 2013

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။

(Kachin Duwa)


စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာဖက်ခြမ်းက ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး


ဦးကျော်ဇံသာ (VOA)


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်လို့ ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ်  လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က ပြောလိုက်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။

ဖွန်းပျန်ဘွမ် စခန်း ဌာနချုပ်ကို ထပ်မံ စစ်ဆင်ရန် အစိုးရ ပြင်ဆင်


(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်ဖွဲ့ဝင်များသည် ထိခိုက် ကျဆုံးမှုများ သဖြင့် KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း(၂၄) စခန်း ဌာနချုပ် ဖြစ်သော ဖွန်းပျန်ဘွမ် စခန်းကို ယနေ့ စစ်ဆင်နိုင်ခြင်း မရှိဘဲ ရပ်တန့် နေသည်ဟု KIA တပ်ရင်း (၂၄) မှ ရှေ့တန်း အရာ ရှိတဦးက ဆိုပါသည်။
  
“ ဒီလိုပါ။ မနေ့တုန်းက (၆)ကြိမ်လောက် တပ်ရင်း (၂၄) စခန်းကို တက်တိုက်ပါတယ်။ (၆) ကြိမ်စလုံး လန်ကျသွားတာ ပေါ့။ ဒီတိုက်ပွဲမှာ အကျအဆုံး များလိမ့်မယ်။ မျက်မြင် ရွာသားတွေပြောတာက ထမ်းစင်နဲ့ က (၃၀) လောက်၊ ကျိုင်း တောက်နဲ့က (၂၀) လောက်၊ တခြား ထိခိုက် မှုတွေလဲ ရှိသေးတယ်။ လမ်းလျှောက်နိုင်တဲ့လူတွေပေါ့။ သူတို့ ဗန်းမော် ဖက်ကို ဆင်းသွားကြတယ်ဗျ။ ဒါကြောင့် ထင်ပါတယ် ကနေ့ သူတို့ တိုက်ပွဲ ရပ်တယ်ဆိုတာက အဲဒါတွေကို စီစဉ် နေလို့ဖြစ်လိမ့်မယ်။ ပြီးတော့ အသေအပျောက်တွေကိုလဲ ရှင်းနေတဲ့ပုံလဲ ရပါတယ်။ အမြောက် (၈) လုံးလောက် ဟိုပစ် ဒီပစ် လုပ်တာဘဲ ရှိပါတယ်။” ဟုဆိုပါသည်။ 

လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့ဝင်တွေ အားလုံးကို ပြောချင်ပါတယ်။

(Hugawngkachin)

လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့ဝင်တွေ အားလုံးကို ပြော ချင်ပါတယ်။ လက်နက်ကိုင်ပြီး မိမိ တပ်သားတွေ သေကြေခဲ့ကြ မိမိ မျိုး ဆွေတွေ အသက်သွေးချွေးပေးဆပ်ခဲ့ရတာတွေ ဒီနေ့ စစ်ထွက်လူလိမ် အစိုးရနဲ့ မသေချာမရေရာတဲ့ ငြိမ်းချမ်းရေး၊ စစ်ထွက်လူလိမ်အစိုးရရဲ့ စစ်ကျွန်ဘ၀ ကို ပြန်ရောက်ရဖို့ ပဲလား။ ဒီစစ် အစိုးရ ဘယ်တစ်ကြိမ် တစ်ခါက မှ ကတိတည် သစ္စာတည်ကြည်ခဲ့ကြလို့ ယုံကြည် စွာဖြင့် ငြိမ်းချမ်းရေးယူနေကြတာလဲ။ ကချင်ကို စံပြသတ်ဖြတ်နေတာ အလ ကားမဟုတ်တာ သတိထားကြပါ။ ကချင်တွေ ပြို ရင် ကျန်တဲ့ အဖွဲ့တွေ ပို မနာပဲ ပျော်ရွှင်နိုင်ကြမယ်ဆို အေးအေးနေကြပါ။ ခုချိန်မှာ အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်သင့်တယ်။ စစ်ထွက်လူလိမ် အစိုးရ ဘယ်လောက် ရွံစရာကောင်းလောက်အောင် ရက် စက်တတ်တယ် ဆိုတာ လက်တွေ့ မြင်နေကြားနေကြရပြီ။ တစ်နိုင်ငံလုံး စစ်မှန်တဲ့ ဖယ် ဒရယ် ပြည်ထောင်စု စနစ်ပေါ်ပေါက်ဖို့ အမြန်ဆုံး တတ်နိုင်တဲ့ ဖက် ၊ တတ်နိုင်တဲ့ မှန်ကန်တဲ့ နည်းလမ်း နဲ့ တစ်နိုင်ငံလုံးပူးပေါင်းပါဝင်ရမယ့် အချိန်ရောက်နေပြီ။ နှောင့်နှေးတုန့်ဆိုင်းခြင်းဟာ အချိန်ရဲ့ သူခိုးဖြစ်သလို လူလိမ်၊ ခရိုနီတွေအတွက်

ဒေါ်အောင်ဆန်းစုကြည် ကြားမ၀င်လျှင် မြောင်းထဲဆင်းပေးပါ


ကချင်ဒေသ စစ်ပွဲသံများနိုင်ငံတကာတွင် ပိုပြီး အသံကျယ်လောင် လာပါသည်။

အမေရိကန်နိုင်ဆိုင်ရာ မြန်မာပြည်ထဲတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီ ဒဲရစ်မီချဲက ကချင်ဒေသ စစ်ပွဲအတွင်းသို့ ရောက်ရှိနေသော ဒု...က္ခသည်များအား ၀င်ရောက်အကူညီပေးနိုင်ရန်အတွက် မြန်မာ နိုင်ငံ နေပြည်တော်သို့ မိမိကိုယ်တိုင် သွားရောက်တောင်းခံခဲ့သည်ကို ခွင့်မပြု ပါ။

????? .... သစ္စာဖောက်သူနဲ့ ကျေးဇူးကန်းသူ ဘယ်သူလဲ ... ??????


Ven Ravika (pnsjapan blog)

၁။ လွတ်လပ်ရေး မရခင်က တန်းတူရေးကို ကတိကဝတ်ပြုပြီး (၁၀)နှစ် ပေါင်းကြည့်ပါ၊ အဆင်မပြေရင် ခွဲထွက်ပါလို့ ဆိုခဲ့တယ်။ လွတ်လပ်ရေးရတဲ့အခါ ကတိပေးသူက မရှိတော့လို့ တင်းပြည့် ဖက် ဒရယ် စနစ်ကို မပေးဘဲ တစ်မတ်သား ဖက်ဒရယ်ကိုသာ ပေးခဲ့တယ်။ (၁၀)နှစ် ကြာတဲ့အခါ အိမ်စောင့် အစိုးရအစိုးရ တက်လာတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာ သိမ်းခဲ့ပြီး တစ်မတ်သား ဖက်ဒရယ်ကိုပါ ဖျက်သိမ်း ခဲ့တယ်။ ဖက်ဒရယ်ကိုလည်း ခွဲထွက်ရေး အမည်တပ်ပြီး တပြည်ထောင် စနစ်ကို ကျင့်သုံး လာခဲ့သည်မှာ ဒီကနေ့အထိပါပဲ။ ဒါဟာ တိုင်းရင်းသား လူမျိုးများကို သစ္စာဖောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဂျန်မိုင်ကောင်း ရပ်ကွက် သိခါတော်ရ ဆရာ REV. လဖိုင်းဂျာနော် ကို သေနတ်ဖြင့် မတရား လိုက်လံ ပစ်ခတ်ခဲ့ ပါသည်။

(hugawngkachin)


မြို့ထဲမှာ သောင်းကျန်းသူလည်း မြန်မာ့တပ်မတော်ပါဘဲ.

နှစ်သစ်ကူး နေ့ ညနေ ၆း၀၀ တွင် ဂျန်မိုင်ကောင်း ရပ်ကွက် သိခါတော်ရ ဆရာ REV. လဖိုင်းဂျာနော် မှ နှစ်သစ်ကူးကျေးဇူးတော်ချီးမွမ်း
ဆုတောင်း အစီအစဉ် မှ အပြန်လမ်း တွင် ဗမာစစ်သားများမှ စစ်ဆေး ဖို့ရန် အတွက် ရပ်၊ လို့ပြောသောအသံ အား REV.လဖိုင်ဂျာနော် မကြား သဖြင့် ဆက်လက် လျှေက်နေစဉ် နှောက် မှ သေနတ်ဖြင့် မတရား လိုက်လံ ပစ်ခတ်ခဲ့ ပါညည်။ ယခင် က မြစ်ကြီးနား မြိုတွင်း လမ်းတွင် စစ်တပ် မှ စစ်ဆေးရေး ဂိတ် မရှိခဲ့ပါ။ ယခု ချိန်တွင် ဗမာစစ်တပ် မှ စစ်သားများ မြို့တွင် ပြည်သူ များ အား မတရား စစ်ဆေး မေးမြန်း နေပါသည်။

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင် အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံ လုပ်ကွက်များကို ခရိုနီများက ကူညီ လုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ


(Eleven Media Group)

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်း ခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့် အလမ်းများ ဆုံးရှုံး နေရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

KIO စစ်ဆင်ရေးနှင့် အနာဂါတ် နိုင်ငံရေး ပြသနာ


ရွှေဟင်္သာသတင်းဌာန

မြန်မာ အစိုးရဘက်က မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ လဂျာယန်-လိုင်ဇာလမ်းကြောင်းပေါ်မှာရှိနေတဲ့ KIA တပ်တွေ ဒီလမ်းကြောင်းကနေ ဆုတ်ခွာပေးဖို့ ရာဇသံပေးခဲ့ ပြီး နောက်ပိုင်းမှာ တိုက်ပွဲများ ခါတိုင်းထက် ပိုမို ပြင်းထန်လာပါတယ်။ အစိုးရတပ်တွေဟာ KIA စခန်းတွေကို တိုက် ခိုက် သိမ်းပိုက်လာတဲ့ အထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ 

တိုက်ပွဲတွေမှာလည်းဘဲ အစိုးရ တပ်ဘက်က လေကြောင်း ပစ်ကူတွေ အပါအဝင် တာဝေးပစ် ဟော်ဝစ်ဇာတွေ၊ လောင် ချာတွေ အသုံးပြုပြီး တော့ ရှေ့တန်းစစ်မြေပြင် တပ်တွေကို ပစ်ကူပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရဟာ KIO ဌာနချုပ်ကို ထိမ်းချုပ်နိုင်တဲ့ နေရာ တွေကိုပါ ရယူလာနေပါတယ်။ 

KIO ကတော့ နိုင်ငံရေးအရ ဆွေးနွေးကြရင် လက်ရှိ ဖြစ်ပွား နေတဲ့ စစ်ရေး ပြသနာတွေ အလိုလို ပြေလည်သွားလိမ့် မယ်လို့ပြော ကြား ချက်တွေ ရှိခဲ့ပေမဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ရွှေလီဆွေးနွေးမှာဘဲ ရပ်တန့်နေခဲ့ပြီးဖြစ်ပါတယ်။ 

ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း တစ်ဦး သေဆုံး


(Democratic Voice of Burma)


ကချင်ပြည်နယ် ဟိုပင်မြို့နယ်နဲ့ နန်းခွင်ဘူတာကြား ကြာကြီးကွင်းရွာနားမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး နဘား-မြစ်ကြီးနားကို သွားတဲ့ ကုန်တင်ရထား အမှတ် ၄၉ ကို ထိမှန်တဲ့အတွက် ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။


“ဟိုပင်နဲ့ မြစ်ကြီးနားသွားတဲ့ နဘားခေါက်ပြန်ဆိုတဲ့ ရထား ၅ တွဲ တွဲချော်တယ်။ ပါလာတဲ့ ရဲတပ်သား ကိုမြင့်နိုင် သေသွားတယ်။ ဒဏ်ရာရ စာရင်း အတိအကျ မသိဘူး။ စက်ခေါင်းရဲ့ အနောက် ၃ တွဲမြောက်က စကွဲတာ။ အဲမှာ လူစီးတွဲ ပါလာတယ်လေ၊ အဲက စကွဲတာပေါ့။”

အမေရိကန်သံ အမတ်ကြီး ဒဲရစ်မစ်ချဲမှ ကချင်ပြည်နယ်ရှိ စစ်ပွဲများနှင့် ပတ်သက်ပြီး အစိုးရအား ဝေဖန် ပြောကြား


Written by irrawaddy

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲသည် ကချင်ပြည်နယ်ရှိ စစ်ပွဲများ နှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ တစ်ဖက်သက် ကေအိုင်အေ တပ်များ အား ထိုးစစ်ဆင်နေသည့် သွေးချောင်းစီး စစ်ပွဲများကို ရပ်တပ်ရန် ပြော ကြားခဲ့ကြောင်း သိရသည်။

"ဒီစစ်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ နေပြည် တော်က အစိုးရအာဏာပိုင်တွေနဲ့လည်း ကျနော် စ ကားပြောခဲ့ပါတယ်။ အစိုးရရဲ့အခြေအနေကို ကျနော်နားလည်ပါတယ် ဒါပေမယ့် နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ အ တွက် လိုအပ်တယ်ဆိုတာကို နားလည်ရ ပါမယ်" ဟု အမေရိကန် သံအမတ်က ဧရာဝတီ သတင်းဌာနသို့ပြော ကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းမှစတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ စစ်ပွဲများသည် အခြေအနေဆိုးရွားလာ လျှက်ရှိ ပြီး အစိုးရစစ်တပ်များမှ တိုက်လေယဉ်များဖြင့် နေ့စဉ်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

ကချင်ပဋိပက္ခ လေကြောင်း ထိုးစစ်ရပ်ဆိုင်းရန် ကုလနှင့် အမေရိကန် တိုက်တွန်း


Written by Royal Hero Media

ကချင်ပြည်နယ် ပဋိပက္ခတွင် အစိုးရ၏လေကြောင်းထိုးစစ်ဆင်နွှဲခြင်းအား ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အမေရိကန်ပြည် ထောင်စုတို့က မြန်မာ အစိုးရ ကို တိုက်တွန်းပြောဆိုထားသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေးတပ်များ၏ တိုက် ပွဲများတွင် အစိုး ရက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမေရိကန် အစိုးရအနေနှင့် များစွာစိတ် အ နှောင့် အယှက်ဖြစ်နေပြီး တိုက်ပွဲ များ အဆုံးသတ်ရန်အတွက် တွေ့ ဆုံ ဆွေး နွေးမှုများ ပြုလုပ်ရန်တိုက် တွန်းကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန် ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က ဇန်နဝါရီ ၂ ရက် နေ့တွင် ပြောသည်။

''ဒီပဋိပက္ခတွေ အဆုံးသတ် ဖို့အတွက် မြန်မာအစိုးရနဲ့ ကေ အိုင်အို တို့ကို ကျွန်မတို့ စဉ်ဆက်မ ပြတ် တိုက်တွန်းပါ တယ်။ မြန်မာ အစိုးရအနေနဲ့ လည်း အခြား ပဋိ ပက္ခဒေသတွေမှာ လုပ်နိုင်ခဲ့သလို မျိုး တကယ့်နစ်နာ ချက် အပေါ် အခြေခံတဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ တိုက်တွန်းပါတယ်''ဟု သူမက ပြောသည်။

မြန်မာထိုးစစ်ကြောင့် ကချင်ဒုက္ခသည်ဦးရေတိုး

(VOA)

KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသကို မြန်မာ အစိုးရတပ်တွေဘက်က ဒီကနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေဆဲ ဖြစ်ပါတယ်။ စစ်ရေး ဗျူဟာအရ အရေးပါတဲ့ KIA ထိန်းချုပ်ရာ အမာခံရှေ့တန်းနေရာ တခုဖြစ်တဲ့ ဖွန်ပြန်ဘွမ်တောင် ကို မြန်မာတပ်တွေဘက်က သိမ်းပိုက်ဖို့ ကြိုးစား နေပေမဲ့ အခုထိတော့ မအောင်မြင်သေးဘူးလို့ KIA တပ်ဖွဲ့နဲ့အတူ ပူးပေါင်း စစ်ဆင်နေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ နောက်ဆုံး သိရတဲ့သတင်းတွေ အရ - ဖွန်ပြန်ဘွန်တောင်အနီးမှာရှိတဲ့ တိုက်ကြက်ကုန်းကနေတော့ KIA ရော၊ ABSDF မြောက် ပိုင်းတပ်တွေပါ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ ထူးခြားချက်မှာတော့ မြန်မာ စစ်တပ်ဘက် ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတယ်လို့ ABSDF က ပြောပါတယ်။ ဒီလိုနောက်ဆုံး အခြေအနေတွေကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။


ဒီကနေ့တရက်တည်းမှာပဲ မြန်မာအစိုးရဘက်က KIA ထိန်းချုပ်ထားတဲ့ ဖွန်ပြန်ဘွမ်တောင် ကိုရော - အဲ့ဒီရဲ့ တဘက်မှာရှိနေတဲ့ လုံရော့ခ် တောင် ကိုပါ မြန်မာအစိုးရတပ်တွေဘက်က တနေကုန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါ တယ်။ လေကြောင်းနဲ့ လက်နက်ကြီး အကူမပါဘဲ မြေပြင်ကနေသာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အခုထိတော့ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း KIA တပ်မဟာ-၂ နဲ့ ABSDF လက်အောက်မှာ ရှိနေတဲ့ တိုက်ကြက်ကုန်းကနေတော့ ဒီညပိုင်းမှာ ဆုတ်ခွာပေးခဲ့ရပြီး - ဒီကနေ့ တိုက်ပွဲမှာ မြန်မာစစ်တပ်တွေ ဘက်ကနေ ပြည်သူ့စစ်တွေ ပါဝင်လာတာ သိရတယ်လို့ ABSDF မြောက်ပိုင်းရဲ့ နိုင်ငံရေးနဲ့ စည်းရုံးရေးတာဝန်ခံ ကိုကျော်ကျော် က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

Wednesday, January 9, 2013

KIA ၏ ဖွန်းပျဉ်ဘွမ် တပ်စခန်းအား သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်းနေ



ကချင်လွတ်မြောက်ရေးအဖွဲ(KIO)ဌာနချုပ် လိုင်ဇာအနီး ကချင်လွတ် မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၂၄ စခန်းချသည့် ဖွန်းပျဉ်ဘွမ် တောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၇ ရက်နေ့မှ စတင်ပြီး ယင်းတောင်ကုန်းအား အစိုးရမှ မြေပြင်နှင့် လေကြောင်း နှစ်မျိုးစလုံးဖြင့် ထိုး စစ်ဆင်တိုက် ခိုက်လာခဲ့ရာ ယနေ့အထိ တိုက်ပွဲများ  အဆက်မပြတ် ဖြစ်ပွားလျှက်ရှိ နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)မြောက်ပိုင်းမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေးက ယခုလိုပြောသည်။

၎င်းက “မနေ့ကဆိုရင် ရဟတ်ယာဉ်က ၃ စီးနဲ့ ၇၇၁ တောင်ကုန်းမှာ သူတို့ဆင်းပြီး ပစ်ကြတယ်။ တိုက်လေယာဉ် ၂ စီးနဲ့ အပေါ်က နေ ပျံဝဲပြီး ပစ်တယ်။ ဒီနေ့ကတော့ မနက်ကတည်းကနေစပြီး တိုက်ပွဲ တွေဖြစ်နေ တာ သူတို့က ကွင်းပြင်ပေါ်ကို တက်ထိုးတယ်။ တက်ထိုးလို့မရတော့ သူတို့ အခု ခဏရပ်နေကြတယ်” ဟုပြောသည်။

KIA အပေါ် မြန်မာစစ်တပ်က အပြင်းထန်ဆုံး စစ်ပွဲ ဆင်နွဲနေ



KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA တပ်စခန်းများအား မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူပေး၍ ထိုးစစ်ဆင်နေခြင်းသည် ပြည်တွင်းစစ်သမိုင်း တွင် အချိန်တိုအတွင်း အပြင်းထန်ဆုံး စစ်ပွဲများဖြစ်ကြောင်း တရုတ် နယ်စပ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင် ကျော်ဇောက သျှမ်းသံ တော်ဆင့်သို့ပြောသည်။

“အခုထိုးစစ်မှာ ဗမာတပ်ရဲ့ အင်အားသုံးစွဲမှု၊ ကြည်းတပ်၊ လေတပ်ပါဝင်မှု၊ အမြောက်သုံးစွဲမှုတွေကိုကြည့်ရင် ဗမာစစ် တပ်ရဲ့သမိုင်းမှာ အချိန်တို အတွင်း အရက်စက်ဆုံးနဲ့ အပြင်းထန်ဆုံးစစ်ပွဲဖြစ်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စ၍ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် (၇) မိုင်ခန့်အကွာ လဂျားယန်ရွာ နှင့် အနီးတစ်ဝိုက် စစ်ရေးအရ အချက်အခြာကျသည့် နေရာများအား မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာ နှစ်ဘက်တိုက် ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ပြောစရာရှိတာ ဆက်ပြောပါမည်

(Jinghpawkasa)


သူငယ်ချင်းကောင်း ပီသစွာ လိမ္မာယဉ်ကျေးဖို့အတွက် ပြောဆိုဆုံးမ သတိပေးတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်း အားလုံးကို အထူးကျေးဇူး တင်ပါတယ်။

ကချင်တွေ ရိုင်းတယ်လို့ သတ်မှတ်ရင်လည်း မတတ်နိုင်ပါဘူး။ ၁၉ လတာ ကာလအတွင်းမှာ လိမ္မာဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ ကြပါတယ်။ IDP စခန်းတွေကို ရောက်ဖူးတဲ့သူ။ တိုက်ပွဲ ကြားထဲ ရောက်ဖူးတဲ့သူများ ကိုယ်ချင်းစာနိုင်မယ် လို့ထင်ပါတယ်။

၁.၂ သန်းသော ကချင်လူမျိုးလူဦးရေနဲ့ ယှဉ်လိုက်ရင် KIA ဆိုတဲ့စစ် တပ်ဟာ ၃% ဘဲ ရှိပါလိမ့်မယ်။ တော်လှန်ရေး စိတ်ဓါတ်ကတော့ ကချင်တိုင်းရဲ့ အသဲနှလုံးထဲ၊ အသွေးထဲ အသားထဲမှာ ရှိနေပါတယ်။ ဒါကြောင့်လည်းဘဲ ၁ သိန်း သော IDP များဟာ ဆင်းရဲဒုက္ခခံပြီး စခန်း တွေမှာ မရရအောင် နေရင်း တော်လှန်ရေးကို သူတို့နည်း သူတို့ဟန်နဲ့ ပါဝင်နေသလူများ လို့ လက်မခံလို့ မရပါဘူး။ ပြီးတော့ပင်ပအကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ.. အသက်ရှင်ရပ်တည်နေတာကိုက ကျန်တဲ့ KIO အပါအ၀င် ကချင်များရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက် ရှိတယ် ဆိုတာကို ခန့်မှန်းလို့ ရပါတယ်။ 

KIA တပ်ရင်း (၂၄) စခန်းကို သိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်

(ရွှေဟင်္သာသတင်းဌာန)


ယမာန်နေ့တွင် KIA တပ်ရင်း (၂၄) စခန်း၏ အောက်ပို့စခန်း တခုကို သိမ်းထားသော အစိုးရ တပ်များသည် ဖွန်းပျန်ဘွမ် စခန်း ဌာနချုပ် သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ဟု တိုက်ပွဲကို ကြီးကြပ်နေသူ KIA အရာရှိ တဦးက ပြောပါသည်။ 

“ (၅) ကြိမ်တိတိ တက်ထိုးတယ်။ တက်လာတိုင်း လန်ကျသွားပါတယ်။ မနက်က (၁၀) နာရီ လောက်မှာ တိုက်ပွဲစပါ တယ်။ အပြန်အလှန် အနီးကပ် တိုက်လိုက် ပါတယ်။ တကြိမ်တက်တိုင်း လန်ကျတာနဲ့ ဆုတ်တယ်။ ပြီးတော့ တပ်ပြင် ပြီးတာနဲ့ ပြန်တိုက်တယ်။ အကျအဆုံးများ လိမ့်မယ် ထင်တယ်၊ နောက် (၅) ကြိမ်လဲ ပြည့်တော့ ဆုတ်သွားခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့က မနေ့က သူတို့ သိမ်းထားတဲ့ လကန်ဘွမ်ပိုစ့် ကာကင်းကို ပြန်တိုက်ပြီး ၀ိုင်းထားလိုက်တယ်။

ဟန်ကိုင်းတောင် အစိုးရ လက်နက်ကြီးကုန်းအား KIA ၀င်စီးခဲ့

(ရွှေဟင်္သာသတင်းဌာန)


KIO ဌာနချုပ် လိုင်ဇာအပါဝင် KIA စခန်းများကို ပစ်ကူပေးနေသော ဒေါ့ဖုန်းယန်ရှိ ဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ကိုKIA တပ်ဖွဲ့မှ ယမန်နေ့က စစ်ဆင်တိုက်ခိုက်ရာ လက်နက်ကြီးများ ပျက်စီး ခဲ့သည်ဟု ၄င်းရှေ့တန်း စခန်းကို ကွပ်ကဲ နေသော KIA အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။ 

“ နေ့လည်ပိုင်း ၂ နာရီ လောက်မှာ တက်တိုက်ခဲ့တာပါ။ ကျနော်တို့လည်း လက်နက်ကြီး ပစ်အားကို တအားသုံးတော့ သူတို့ ဆင်ထားပြီးသား ရှိနေတဲ့ ၁၀၅ မမနဲ့ ၁၅၅ မမဟော်ဝစ်ဇာ အမြောက်တွေကို ထိသွားတယ်လေ။ (၂) လက်ပျက် တယ်လို့ သိရတယ်။ ဒီစခန်းမှာ ရှိနေတာက (၃) လက်လေ။ စခန်းကလည်း ပျက်စီး သလောက်ဖြစ်လို့ ကျန်တဲ့ လက်နက်ကြီးတွေ နေရာ ရွှေ့နေရတယ်လို့ ကြားရတယ်ဗျ။” ဟု ဆိုပါသည်။

ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်

(ဧရာဝတီ)

အစိုးရတပ်က သိမ်းပိုက်ထားပြီးဖြစ်သည့် ပွိုင့် ၇၇၁ တောင်ကုန်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာပြ မြေပုံ (ဓာတ်ပုံ – မြဝတီ)


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဖွန်းပျဉ်ဘွန် တောင်ကုန်းအောက်တွင် လှုပ်ရှားနေသော ရှေ့တန်းစခန်းတခုကို အစိုးရတပ်က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်က ယခုလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အစိုးရတပ်များက KIA တပ်ဖွဲ့ဝင်များ၏ထံမှ သိမ်းပိုက်ထားသည့် ယင်းရှေ့တန်းစခန်းတွင် နေရာယူထားပြီး ဖွန်းပျဉ်ဘွန် တောင်ကုန်းကို ရရှိရန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်းက ဧရာဝတီသို့ ပြောသည်။

ကချင်ငြိမ်းချမ်းရေး ချီတက်ပွဲ မြစ်ကြီးနား ရဲမှူးကြီး ခွင့်မပြု

(Mizzima)

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၆၅ ကြိမ်မြောက် 'ကချင်ပြည်နယ်နေ့'တွင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်ခွင့်ကို မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲမှူးက အခါကြီးရက်ကြီးဖြစ်၍ ခွင့်မပြုကြောင်း ချီတက်ပွဲ ဦးဆောင်သူ အင်ဂျားယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောသည်။

“ခွင့်တောင်းတာ ၁၀ ရက်နေ့ မရဘူး။ အဲဒီနောက်ပိုင်းမှ ပြန်တင်ပါတဲ့။ ကျမတို့ ဟောပြောပွဲလည်း လုပ်မယ်။ စီတန်းလှည့်လည်မယ်။ ကျမတို့က နည်းဥပဒေအတိုင်း မြို့နယ် ရဲတပ်ဖွဲ့မှူးဆီတင်တာပါ။ ကချင်ပြည်နယ်နေ့
ဖြစ်နေလို့ ခွင့်မပြုဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

လေကြောင်း ထိုးစစ်ကြောင့် ကချင်ဒုက္ခသည်များ လုံခြုံရေးစိုးရိမ်ရဟု WLB ပြော


(ကေအိုင်စီ)
ကချင်ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲတွင် မြန်မာအစိုးရစစ်တပ် ဘက်မှ လေကြောင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ကချင်စစ် ပြေးဒုက္ခ သည်များ လုံခြုံရေးအတွက် ပိုမို အခက်ကြုံနေရသည်ဟု အမျိုးသမီး များအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က ယနေ့ ပြော ကြားလိုက်သည်။

“အစိုးရတပ်က လေယာဉ်နဲ့ဗုံးကျဲရာမှာ KIA ကို မဟုတ်ဘဲ ရွာသားတွေ ရှိတဲ့ဘက်ကိုပါကျဲတော့ ရွာသားတွေဟာ ထွက်ပြေးရ တယ်။ အခုဆို ဒုက္ခသည်တွေဟာ ပုန်းအောင်းဖို့ ကတုတ်ကျင်းတူးရတဲ့အထိ ဖြစ်လာ တယ်။ ထိုးစစ်တွေ ပြင်းထန်လာလေလေ ဒုက္ခသည်လည်း ပိုများလာ တယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်လည်း ပိုစိုးရိမ်လာရတယ်”ဟု WLB သဘာပတိအဖွဲ့ဝင် ကချင်အ မျိုးသမီး မွန်းနေလီက ကေအိုင်စီသို့ ပြော သည်။

လကန်ဘွမ်တွင် တိုက်ပွဲပြင်းထန်

(Jinghpawkasa)


ဇန်န၀ါရီ (၉) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ကေ အိုင်အေ တပ်ရင်း (၂၄) သေဒဖြစ်သော ဖွန်းပျန်ဘွမ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်သို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွား ခဲ့သည်မှာ (၃) ရက်ကျော်လာပြီဖြစ်ကြောင်း သိရှိရပါသည်။
ဗမာစစ်တပ်မှ ဇန်န၀ါရီ (၈) ရက်နေ့တွင် ဖွန်းပျန်ဘွမ်သို့ မြေပြင်မှ စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်ရုံသာမက ဝေဟင်မှ လည်း စစ်တိုက်လေယာဉ် (၅) စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှု ကြောင့် ကေ အိုင်အေ တပ်ရင်း (၂၄) ၏ ရှေ့တန်းစခန်းဖြစ်သော လကန်ဘွမ်ပိုစ့်ကို လက်လွှတ်လိုက်ရကြောင်း သိရှိရပါသည်။ ဇန်န၀ါရီ (၉) ရက်နေ့ တွင် ကေ အိုင်အေ မျိုးချစ်ရဲဘော်များမှ လကန်ဘွမ်ပိုစ့်ကို ပြန်ရရေး အတွက် အပြင်းအထန်ထိုးစစ် ဆင်တိုက်ခိုက်ရာ ယခုအခါ လကန် ဘွမ်တွင် ရောက်ရှိနေသော ဗမာအစိုးရ စစ်တပ်များ ပိတ်မိနေပြီဖြစ် ကြောင်း၊ မြေပြင်မှ အစိုးရ စစ်တပ်များ (၅) ကြိမ်တိုင် ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကေအိုင်အေမျိုးချစ်ရဲဘော်များကို မထိုးဖောက်နိုင် သောကြောင့် တပ်ဆုတ်သွားကြောင်း သိရှိရပါသည်။