Friday, December 13, 2013

ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးတို့အဖွဲ့တွေ့ဆုံ

(Kachinwaves)

နိုင်ငံတော် သမ္မတ သက်တမ်းတွင် ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း သမ္မတ၏ သက် တမ်းကုန်ဆုံးခါနီး ဖြစ်တဲ့အတွက် စီမံကိန်းပြန်လည် အကောင်းအထည်ဖော်ရေး ပြန် လာပေါ်ပေါက် လာနိုင်ပြီး ပြည်သူ များအနေနဲ့ လည်း ဆက်လက်ကန့်ကွက်သွားရန် နည်းလမ်း ရှာရမည်ဖြစ်ကြောင်း ဒီဇင်ဘာ  ၁၁ နေ့တွင် ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း များ နှင့် ၈၈ မျိုးဆက်သစ်ကျောင်း သားများ ကိုမြအေး တို့အဖွဲ့ တို့မှ တွေ့ ဆုံ ဆွေးနွေးခဲ့ကြသည်။


ကိုမြအေးတို့အဖွဲ့သည် ကချင်ပြည်နယ်လူမှုအဖွဲ့အစည်းများ ပြုလုပ်ကျင်းပသည့် ၂၀၁၃ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲ တက်ရောက်ပြီး ဒီဇင်ဘာ ၁၁ နေ့တွင် ကချင်ပြည်နယ်လူမှုအ ဖွဲ့အစည်း များနှင့် မြစ်ကြီးနားမြို့မဒီရာ ဟိုတယ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“မြစ်ဆုံကိစ္စဟာလည်း မကြာခင် ၂၀၁၅ မတိုင်ခင်မှာ နိုင်ငံတော် သမ္မတရဲ့သက်တမ်းဟာကုန်တော့မယ်။ သူသက်တမ်း ကုန်တော့မယ်ဆိုတော့ မြစ်ဆုံအရေးပြန်တက်လာစရာရှိတယ်။ မြစ်ဆုံနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဘယ်နည်း ဘယ်ပုံ ဆက်လက်ကန့်ကွက်သွားမည်ဆိုတာကို ဆွေးနွေးကြတယ်။”ဟု ကိုမြအေးမှဆက်လက်ဆိုသည်။

ယနေ့တွေ့ဆုံပွဲတွေ မြစ်ဆုံစီမံကိန်းကိစ္စ၊ နိုင်ငံရေးဆွေးနွေးရေးကိစ္စများနှင့် အခြားပြသာနာ ကိစ္စများရပ်များကို ဆွေးနွေးခဲ့ကြသည်။

“ဒီနေ့အဓိကဆွေးနွေးဖြစ်တာက ကျွန်တော်တို့ဒီရန်ကုန်မန္တလေး အခြစိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံပါလို့။ကချင်ပြည်နယ်အရေးသည် ကချင်ပြည်နယ်တစ်ခုထဲ ကိစ္စမဟုတ်ဘူး။ပြည်ထောင်စု တစ်ခုလုံးရဲ့ကိစ္စဖြစ်တယ်။ ဆိုတဲ့အပေါ်မှာကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ အဓိက ဒါတွေ ဆွေးနွေးဖြစ်တယ်။”ဟု ကိုမြအေးမှဆိုသည်။

၂၀၁၃ နိုဝင်ဘာ ၂၉ ရက်.နေ့တွင်လည်း အောင်မြင်သာဒေသခံများ မြစ်ဆုံ(တန်ဖရဲ) ဒေသသို့ ပြန်လည်နေထိုင်ခြင်းရှိမရှိ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများမှလာရောက်စစ်ဆေးပြီး ပြန်လည်အခြေချနေထိုင်သူများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုနိုင်ကြောင်း တန်ဖရဲ(မြစ်ဆုံ)ကျေးရွာတွင် ပြန်လည်နေထိုင်ကာ လုပ်ကိုင်စားသောက်နေသည့် ဒေသခံများအား သွားရောက်ပြောဆိုခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။