Wednesday, December 11, 2013

မညှာမတာ ချိန်ခွင်လျှာ နှင့် စစ်တုရင် စွမ်းရည်ပြိုင်ပွဲ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ဒေသနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ () ဒေသများတွင် စစ်အင်အား သုံးဆကျော် တိုးမြှင့် ချထားနေကြောင်း (KIA) တပ်ရင်း (၁၂) မှူးနှင့် (TNLA) မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် တို့က ဆိုလာပါသည်။

နယ်မြေ စိုးမိုးရေးဖြစ်မယ်။ အပိုင်းလိုက် စစ်ဆင်တဲ့ ဆွယ်စစ်ဖြစ် မယ်။ ပြီးတော့ စစ်ဆင်မှုကလည်း ကြာလာ သလို ထိခိုက်ကျဆုံး မှုကလည်း များလာနေ တယ်။ ဆိုတော့ တပ်မှူးတဦးရဲ့ သဘော  သဘာဝ ကနာမည်ကောင်း မရှိဘူးပေါ့။ အဲဒါကြောင့် ကလဲ့စားချေ ချင်တဲ့ အရိပ် အရောင်လည်း ပါလာနေ တယ်လေ။ဟု KIA တပ်ရင်း(၁၂)မှူးဗိုလ်မှူး ဂျွန်းအောင်က  ဆိုပါသည်။
 
ထို့အပြင် အစိုးရ တပ်များသည် KIA တပ်မဟာ () ရှိတပ်ရင်း(၁၂) ဧရိယာသို့ နည်းဗျူဟာ ()ခုအထိ အင်အား တိုးချဲ့ထားပြီး ရိက္ခာများ ဖြည့်တင်း နေကြောင်း ဆိုပါသည်။ ဤအင်အားများ ဖြင့် KIA တပ်ရင်း (၁၂)ရှိသည့် ကချင်ပြည်နယ် ဗန်းမော် ခရိုင်  မံစီမြို့နယ် အောက်ပိုင်း စစ်ကိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နယ်အစပ် ထဲတွင် လှုပ်ရှားနေပြီး အင်အား တထောင် ခန့်ရှိနိုင် သည်ဟု ဒေသခံများက ဆိုသော တပ်ဖွဲ့ကို တိုက်ခိုက် မည်ဖြစ်ပါသည်။

ဤနယ်မြေ ကျဉ်းကျဉ်းထဲသို့ ဗန်းမော်  အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ)မှ  နည်းဗျူဟာ ()ခုမှ တပ်ရင်း() ရင်းဖြင့် လည်းကောင်း၊ (အစိုးရ တပ်ရင်း တရင်းတွင် အင်အား (၁၃၀)ခန့်ရှိပြီး ()ရင်းလျှင်နည်း ဗျူဟာတခု စနစ်ဖြစ်ပါသည်) ကချင်ပြည်နယ် မိုးကောင်းမှ အမှတ်() စကခမှ နည်းဗျူဟာများ၊ မြောက်ပိုင်းတိုင်း ဒေသခံ တပ်များနှင့်  အရှေ့မြောက်တိုင်းမှ ဧည့်ကူ စစ်ဗျူဟာ တပ်များ စုစုပေါင်း(၃၀၀၀) ကျော်နှင့် စစ်ဆင်နေ သည်ဟု ဗိုလ်မှူး ဂျွန်းအောင်က ဆိုပါသည်။

ယမာန်နေ့ ကလည်း KIA တပ်ရင်း (၁၂) နောက်ကျော  ဧရိယာထဲသို့ အရှေ့မြောက် တိုင်းဧည့် တပ်ကူ နည်းဗျူဟာ တခုမှ အင်အား (၄၀၀) ခန့်သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မံဝင်းကျီး ဖက်မှ ရွှေလီမြစ်ကို ကူးပြီဝင်ရောက် သွားခဲ့သည်ဟု ပလောင်ပြည် နယ်လွတ် မြောက်ရေး တပ်ဦးမှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ကဆိုပါသည်။

“ KIA တပ်ရင်း (၁၂)နဲ့  ကျနော်တို့နဲ့က နယ်မြေအရ ကျောချင်း ကပ်နေ တာလေ။ KiA မှာ တပ်တွေ တိုးချဲ့နေသလိုဘဲ ကျနော် တို့မှာလည်း အရင်ကအင်အား (၃၀၀၀ ကနေ ၅၀၀၀) အထိ တဖြည်းဖြည်း တိုးချဲ့ လာရာကနေ အခု (၆၀၀၀) လောက်ဖြစ် သွားပြီးဗျ။ တိုးလာတဲ့ တပ်ကတော့ ဘယ်ဧည့်တပ်တွေ လဲဆိုတာ မသိရသေး ဘူးပေါ့နော်။”  ဟုဆိုပါသည်။

အစိုးရ တပ်များသည် PSLF/TNLA ဧရိယာ တွင်ကွတ်ခိုင် ခရိုင်ရှိ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (လောက်ကိုင်မြို့) (ဒကစ) တပ်မှ တပ်ရင်း ()ရင်းဖြစ်သော နည်းဗျူဟာ ()ခုဖြစ် လည်းကောင်း၊ အမှတ် () စကခ (ကျောက်မဲမှ) နည်း ဗျူဟာ () မှအင်အား () ရင်းဖြင့် လည်းကောင်း၊ အရှေ့မြောက် တိုင်းတပ်ရင်း (၁၉) ရင်းဖြင့် စစ်ဗျူဟာ ()ခုလည်းကောင်း ဖြန့်ကျက် နေရာယူ ထားပါသည်။  စုစုပေါင်း အင်အား (၅၀၀၀) ကျော်ရှိ မည်ဖြစ်ပါ သည်။

ရှမ်းပြည် မြောက်ပိုင်း ဒေသတွင် PSLF SSPP RCSS နှင့် KIA တပ်ဖွဲ့များ လှုပ်ရှား နေကြပါသည်။ အစိုးရတပ်များ သည်လက်ရှိ အခြေအနေတွင် SSPP နှင့် RCSS တပ်ဖွဲ့များ အားတိုက် ခိုက်ခြင်း မရှိဘဲ PSLF  နှင့် KIA တပ်များအား ဖိအားပေး တိုက်ခိုက်နေ ပါသည်။ PSLF အနေဖြင့် ဤတိုက်ခိုက် မှုကိုတပ် ရင်း () ရင်းဖြစ်သော မိမိတို့ အင်အား (၁၅၀၀) ခန့်နှင့်ရင်ဆိုင်နေ ရသည်ဟုဒေသ ခံများက ဆိုပါသည်။

ဒီလိုမျိုး အစိုးရ ဖက်က  မတူကွဲပြားတဲ့ အခြေအနေတွေ အပေါ်မှာ အမြတ်ထုတ်နေ တာမျိုး  SSPP RCSS တို့ကလည်း အမြတ်ထုတ်လို့ ရပါတယ်။  ကိုယ့် တပ်ဖွဲ့ဝင်တွေကို ပလောင်နဲ့ ကချင်စစ်ဝတ်စုံတွေ ပြောင်းလဲ ၀တ်လိုက် ရင်ပြန်ပြီး တိုက်ပေါ့ရတာ ဘဲနော်။ စစ်ပမ်းလာရင် ကိုယ့်ယူ နီဖေါင်း ကိုယ်ပြန် ၀တ်ပြီးနားပေါ့  အဲဒီလိုဖြစ် လိုက်ရင်ဘယ် လောက်ကောင်း မလဲလို့ စဉ်းစား ကြည့်တာနော်။  (စာရေးသူ)

 ပလောင် တို့သည် အစိုးရ စစ်ဆင်ရေး ပြင်းထန် သဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ (၅) ရက်နေ့တွင် ရှမ်းပြည်မြောက် ပိုင်း ကွတ် ခိုင်မြို့နယ် နမ့် ဖက်ကာမှ ၊ နမ့်ဆောင် ကျဲ ကျေးရွာ အုပ်စု ရှိ နမ့်လိတ် တောင်စခန်မှ ဆုတ်ခွာပေး ခဲ့ရပါသည်။ အစိုးရ တပ်များသည် ဤစခန်း သို့  ဒီဇင်ဘာ ()ရက်နေ့ တွင် နေရာယူပြီး အခြေချ စခန်းတည် ဆောက် ရန်အတွက် အနီးအ နားရှိ ကျေးရွာများအား သစ်ဝါးများ ပို့ ပေးရန် အမိန့်ထုတ်ထားပါသည်။ 

စခန်းသိမ်းချိန်မှစပြီး PSLF နှင့်ဖြစ်ပွားသော တိုက်ပွဲများ ရပ်တန့်နေ ပါသည်။ အစိုးရတပ်များ ကလည်း စခန်းချအနားယူပြီး ရိက္ခာ၊ခဲယမ်းနှင့် အင်အား များပြန် လည်ဖြည့်တင်း နေပါသည်။ အလားတူ PSLF တပ်များ သည်လည်း  နောက်ထပ်တိုက် ခိုက်မှုများ အတွက်ပြင် ဆင်နေကြ ပါသည်။

မံစီမြို့နယ် မှ KIA တပ်ရင်း(၁၂) တွင်လည်း တိုက်ပွဲများ ရပ်တန့်နေခဲ့ သည်မှာ ()ရက်ခန့်ရှိခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်မှူး ဂျွန်းအောင်  ကဆိုပါသည်။  ဤနှစ်ရက် အတွင်းတွင် အစိုးရတပ်များ ဖက်မှစစ်ကူ အင်အားဖြည့် တင်းနေခြင်း၊ ရိက္ခာ၊ ခဲယမ်းအပြင် လက်နက်ကြီး များရွှေ့ပြောင်း နေကြသည် ဟုဆိုပါသည်။ အလားတူ KIA ဖက်မှ လည်းပြောင်း လဲလာသည့်  အခြေအနေ အပေါ်အစီစဉ်သစ်  များပြန်လည်မွန်း မံနေသည့် တွက်  တိုက်ပွဲ မဖေါ်ဖြစ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

တိုက်ခိုက်မှု သာမရှိတာလေ။ ဗုံးကတော့အမြဲ တမ်းပေါက်နေတာဘဲ။ တဖက်နဲ့တဖက်က ဂိုက်တရာ လောက်ဘဲ ကွာတာလေ။ လှုပ်ရင်တော့တိုက် ပွဲဖြစ်တာဘဲ။ အခုတော့ သူတို့ဖက်က အနားယူနေတဲ့ ဟန်တော့ရှိနေတယ်။ ဒီအချိန်မှာပြင် ဆင်စ ရာတွေပြင်နေ လို့ကျနော်တို့လည်းဘဲ နည်းပရိယာယ်အ သစ်ပြင် ထား တာပေါ့နော်”  ဟုဆိုပါသည်။

ကချင်ပြည်နယ် မံစီမြို့နယ် အောက်ပိုင်း ရှိဒေသ၌ အစိုးရ တပ်အား (၃၀၀၀) ကျော်တပ်ဖြန့် ရလောက်အောင် KIA တပ်များသုံး ဆလျှင် တဆသာရှိ ပါသည်။ စစ်ဆင်ရေး များသည်လည်း (၂၀၁၁) ခုနှစ်ဇွန်လ ကတည်းက ဤဒေသ၌ တိုက်ခိုက်လာခဲ့ ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဆန်း၌ တိုးမြှင့် စစ်ဆင်သည့် အနေဖြင့် နေပြည်တော် ကကကြည်းမှ အထူးစစ်ဆင်ရေး အသွင်ဖြင့် ထပ်မံတိုက် ခိုက်လာပြန် ပါသည်။ အထိအခိုက် များစွာဖြစ် သည့်အပြင် ၀ိုင်းခံထား ရခြင်း၊ လမ်းကြောင်း ဖွင့်ပေးရန် တောင်းဆိုရခြင်း သည် အစိုးရတပ် အနေဖြင့် သိက္ခာ ကျစရာ ဖြစ်ခဲ့ သည်မှာ အမှန်ဖြစ်ပါ သည်။  
  
ဤသို့သော အခြေအနေကြောင့် လူအင်အား၊ လက်နက်ကြီး အင်အားဖြည့် တင်းပြီးဆက် လက် တိုက်ခိုက် ရန်ပြန် လည်ပြင် ဆင်ရခြင်းသည် စစ်ရေးစွမ်းရည်များ ကျဆင်းမှု၏ သရုပ် ကို ပေါ်လွင် စေခဲ့ပါသည်။ ဤကဲ့သို့စစ်ရေး စွမ်းရည်များကျ လာသဖြင့် လူအင်အား လက်နက်ကြီး အင်အားလေ ယာဉ်များကို အားကိုးလာခဲ့ ရသည့်သာဓ က ရှိခဲ့ပြီးဖြစ် ပါသည်။

လေးဆ တဆမကအင် အား သာနေသော ဒေသရှိအစိုးရ တပ်များသည် ချေမှုန်းရေး အသွင်ဆောင်သည့် စစ်ဆင်ရေး မျိုးကိုထပ်မံ ကျင့်သုံးလာပြန် ပါသည်။ စစ်ဆင်ရာ တွင်လည်း တခြားနယ် များရှိ KIA တပ်များကို မတိုက်ဘဲ တပ်ရင်း (၁၂)ကို သာကွက်ပြီး ချေမှုန်း တော့သည်။ စကခ (၂၁) မှနည်းဗျူဟာ ()ခုနှင့် မြောက်ပိုင်း တိုင်း စစ်ဗျူဟာ  () ခုဖြင့် () လတာ တိုက်နေသော KIA တပ်ရင်း (၁၂) စစ်ဆင်ရေးသည် အခုထပ်မံအင် အားဖြည့်ပြီး တပိုင်းပြီး တပိုင်းချေမှုန်းရေး နည်းဗျူ ဟာဖြင့် ထပ်မံစစ်ပြင်ပြန် ပါသည်။

ဤနေရာတွင် စစ်ရေး စွမ်းရည် ကွာဟ မှုသည် အထင်းသားမြင် ဖွယ်ရှိပါ သည်။ တပ်အင်အား ကွာခြားမှု၊ လက် နက်ကြီး အရေအတွက် ကွာခြားမှု၊ လက်နက် ခဲယမ်း မီးကျောက်များ အရေအတွက် အပေါ်စီးရထား သည့်အပြင် အချိန် များစွာ ယူခြင်း၊ စိတ်ဓါတ် စစ်ဆင်ရေး အရ လူထုအား ဒုက္ခဘ၀ အဖြစ်ညှင်း ပမ်း ထားနိုင်ခြင်း ၊နိုင်ငံတကာ နှင့် ဆက်ဆံခွင့် (အထူးသဖြင့်တရုတ်) ရထား ပါလျှက်နှင့် စစ်ဆင်ရေးရှုံး နိမ့်နေခြင်း ပင်ဖြစ်သည်။ ဤကဲ့သို့ တိုက်ခိုက်မှု စွမ်းရည် ကျဆင်း နေခြင်းသည် ဦးဆောင်  စစ်ခေါင်းဆောင် များအတွက် စိတ်ဆိုးစ ရာဖြစ်စေပြီး  ကလဲ့စားချေ မှု အသွင်များ အရိပ်အရောင်ဖြစ် လာခဲ့သည် ဟုKIA တပ်ရင်း (၁၂)မှ မှတ်ချက်ချ ခဲ့ရပါသည်။

အင်အား အချိုးတူမယ် ဆိုရင်ဘယ်လို နေမလဲလို့ ကိုယ်ချင်း စာတရား စိတ်ဖြင့် တွေးကြည့်သော်” 

ဤဆောင်းပါး သည် အခြေအနေ အချက်အလက် များကို နောက်ခံ ထားပြီး  ရေးသား တင်ပြခြင်းဖြစ် ပါသည်။ မည်သို့မှ မည့်သူ့ကိုမှ မရည်ရွယ်ပေ ။အရှိကို အရှိတိုင်း လက်ခံနိုင်သူ တို့အဖို့  စိတ်ဆိုးစရာ မဟုတ်သော် လည်း  စိတ်တို စိတ်ကောက် မာနကြီး သူများအဖို့ ကိုယ် စိတ်နှစ်ဖြာရွှင် လန်းချမ်းမြေ့ ပါစေ။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။